• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

တပ်တွင်းရာထူး အပြောင်းအလဲ၏ နောက်ကွယ်

by အောင်ဇော်
23 July 2019
in ဆောင်းပါး
A A
တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လက်ရှိရာထူးတွင် ၂၀၂၁ ခုနှစ် နှစ်လယ်အထိ ဆက်လက် တာဝန်ယူမည့် ပုံရှိသည် / မျိုးမင်းစိုး

တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လက်ရှိရာထူးတွင် ၂၀၂၁ ခုနှစ် နှစ်လယ်အထိ ဆက်လက် တာဝန်ယူမည့် ပုံရှိသည် / မျိုးမင်းစိုး

322.4k
VIEWS
Share on FacebookShare on Twitter

မကြာသေးမီက တပ်တွင်းရာထူး အပြောင်းအလဲနှင့် ထပ်မံဖြစ်ပေါ်လာမည့် အပြောင်းအလဲများသည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲနှင့် ပတ်သက်နေပြီး တပ်မတော်သည် ယခုနှစ် မကုန်မီတွင် ပြောင်းလဲမှုများ ထပ်မံ လုပ်ဆောင်နိုင်သည်။

အသက် ၆၀ တွင်းသို့ရောက်နေပြီး လွန်ခဲ့သော ၅ နှစ်အတွင်း အပြည့်အ၀ တာဝန်ထမ်းဆောင်ခဲ့သော ဒုတိယ ဗိုလ်ချုပ်ကြီးများ အငြိမ်းစားယူပြီး ၎င်းတို့နေရာတွင် စစ်တိုင်းမှူးများ အစားထိုး ဝင်ရောက်လာသည်ကို မကြာခင် တွေ့ရနိုင်သည်။

RelatedPosts

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
256
မြို့ ၅ မြို့  ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

16 May 2025
505
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

16 May 2025
932

၂၀၁၁ ခုနှစ် မတ်လက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရာထူးကို ရယူခဲ့သော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် သူ့နေရာကို ဆက်ခံနိုင်ဖွယ်ရှိသူများကို ပြုစု ပျိုးထောင်နေသော်လည်း ထိုသူသည် မည်သူဖြစ်မည်ကို မေးခွန်းထုတ်နေရသည်။

သူသည် ၂၀၁၆ ခုနှစ်တွင် အသက် ၆၀ ပြည့် အငြိမ်းစားယူရမည့် ဥပဒေစည်းကမ်းကို ၅ နှစ် သက်တမ်း တိုးခဲ့ပြီး လက်ရှိရာထူးတွင် ၂၀၂၁ ခုနှစ် နှစ်လယ်အထိ ဆက်လက် တာဝန်ယူရန် စီစဉ်ထားသည်။ သို့သော် ယခုအချိန်မှစ၍ ထိုအချိန်အတွင်း မည်သည့်အပြောင်းအလဲမဆို ဖြစ်ပေါ်လာနိုင်သည်။

လွန်ခဲ့သော ရက်များက တပ်တွင်းရာထူး အပြောင်းအလဲသည် လက်နက်ကိုင်တပ်များတွင် ထိပ်တန်း တပ်မှူးများဖြစ်လာနိုင်သည့် အလားအလာရှိသော ဆက်ခံသူနှစ်ဦးကို မီးမောင်း ထိုးပြလိုက်သည်။ ရာထူး အတက်မြန်သော ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းတို့သည် 
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်ရှိ သူ၏ ရုံးတွင် အနီးကပ် တာဝန်ထမ်းဆောင် နေသူများဖြစ်ပြီး ပြည်ပ ခရီးစဉ်များတွင်လည်း လိုက်ပါသွားလေ့ ရှိသူများဖြစ်သည်။ ယခု ၎င်းတို့သည် ထိပ်တန်းရာထူးများကို
ရယူ လိုက်ကြသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နေရာကို မည်သူဆက်ခံမည်နည်း

ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် နေပြည်တော် အခြေစိုက် အထူး စစ်ဆင်ရေးအဖွဲ့ ၆ ၏ အကြီးအကဲ ဖြစ်လာသည်။

စိတ်ဝင်စားစရာ ကောင်းသည်မှာ စစ်တက္ကသိုလ် အပတ်စဉ် ၃၀ ဆင်း ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် အသက် ၅၀ အလယ်ပိုင်းဖြစ်ပြီး ယခင်က နေပြည်တော်တွင် တိုင်းမှူး ဖြစ်ခဲ့သောကြောင့် နေပြည်တော်တွင်
နှစ်အတန်ကြာ တာဝန်ထမ်းဆောင်နေပြီဟု ဆိုရမည် ဖြစ်သည်။

လက်တွေ့တွင်လည်း အထူးစစ်ဆင်ရေးအဖွဲ့ ၆ သည် နေပြည်တော်ကိုသာ ကြီးကြပ်ရသောကြောင့် ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် နေပြည်တော်မှ ထိပ်တန်း ဗိုလ်ချုပ်ကြီးများနှင့် အနီးကပ် ဆက်လက် တာဝန်ထမ်းဆောင်နေမည် ဖြစ်သည်။

သူသည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာမည်ဟု ပြောရန် စောသေးသော်လည်း အလားအလာ ရှိနေသည်။ သူ့ကို ထိပ်ပိုင်းအရာရှိကြီးများက ပြုစုပျိုးထောင်ပြီး အနီးကပ် စောင့်ကြည့်နေလိမ့်မည် ဖြစ်သည်။ ထို ထိပ်ဆုံးရာထူးကို မရမီ သူ့ကို ဗိုလ်ချုပ်ကြီး မြထွန်းဦး၏အောက် တတိယ သြဇာအကြီးဆုံး ရာထူးဖြစ်သည့် စစ်ဦးစီးအရာရှိချုပ် (ကြည်း၊ ရေ၊ လေ) အဖြစ် ရာထူးတိုးမြှင့်နိုင်ခြေလည်း ရှိသည်။

ယခင် ရန်ကုန်တိုင်း တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းသည် သမ္မတ ဦးသိန်းစိန် စစ်ရုံးတွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသည့် စစ်ရေးချုပ် ဖြစ်လာသည်။ ထိုရာထူးကို မရမီက သမ္မတဦးသိန်းစိန်သည်
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ လက်အောက်တွင် စစ်ဦးစီးအရာရှိချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုရာထူးက သူ့ကို အုပ်ချုပ်ရေးနှင့် စစ်ရေး စီမံခန့်ခွဲမှု အတွေ့အကြုံများ ပေးခဲ့သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အာရုံစိုက် ခံရသူဖြစ်ကြောင်း ကျော်ကြားသည်။

သူသည် ရန်ကုန်တိုင်းကို ကွပ်ကဲသည့် အထူးစစ်ဆင်ရေးအဖွဲ့ ၅ တွင် အသက် အငယ်ဆုံး အကြီးအကဲ ဖြစ်ခဲ့သည်။

ထို တောက်ပလာသော ကြယ်ပွင့်များသည် အနာဂတ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာရေး လမ်းတွင် ယှဉ်ပြိုင်မှုများစွာကို ရင်ဆိုင်ကြရမည် ဖြစ်သော်လည်း သူတို့ကို စောင့်ကြည့်သင့်သည်။ ဥပမာဆိုရပါက ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် ထိပ်တန်း တပ်မတော် အကြီးအကဲနှင့် ပူးပေါင်း ဆောင်ရွက်ရင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးသို့ ရောက်နေပြီး ဖြစ်သည်။

ထိပ်တန်း ဗိုလ်ချုပ်ကြီးများလည်း နေရာယူနိုင်

ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန် ထမ်းဆောင်နေသည့် စစ်တက္ကသိုလ်
အပတ်စဉ် ၂၂ ဆင်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အသက် ၆၀ အစောပိုင်းသို့ ရောက်နေပြီဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၁ တွင် ရာထူးစွန့်လွှတ်သောအခါ သူလည်း အစားထိုး နေရာယူနိုင်သည်။

အလားအလာ နည်းသည်ဟု တချို့ လေ့လာသူများက မြင်သည့်တိုင် စစ်တက္ကသိုလ် အပတ်စဉ်
၂၅ ဆင်း စစ်ဦးစီးအရာရှိချုပ် (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး သည်လည်း အလားအလာရှိသော ဆက်ခံသူဖြစ်သည်။ ၂၀၁၆ ခုနှစ် သြဂုတ်လမှ စတင်ပြီး ဗိုလ်ချုပ်ကြီး ဖြစ်လာသောသူသည် လက်ရှိ တပ်မတော်တွင် တတိယ သြဇာ အကြီးမားဆုံးဖြစ်ကာ ယခင်က စစ်တက္ကသိုလ် ကျောင်းအုပ်လည်း လုပ်ခဲ့ဖူးသည်။

အနာဂတ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် မည်သူဖြစ်လာသည် ဖြစ်စေ ထိုသူသည် အဓိက အားဖြင့် ခြေလျင်တပ် အတွေ့အကြုံ ရှိရမည်ဖြစ်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာ စစ်ရေးစစ်ရာများ၊
မြန်မာနိုင်ငံနှင့် တိုက်ရိုက်ပတ်သက်သည့် ပထဝီ နိုင်ငံရေး ရှုပ်ထွေးမှုတို့ကို နားလည်မှုနှင့်အတူ လက်နက်ကိုင် တပ်များကို ဦးဆောင်ကွပ်ကဲရာတွင် အောင်မြင်မှု ရှိကြောင်း ပြသနိုင်ရမည် ဖြစ်သည်။

ပြည်တွင်း နိုင်ငံရေးတွင်မူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သစ်သည် စစ်တပ်၏ သဘောကို အပြည့်အ၀ လိုက်နာပြီး အမျိုးသားနိုင်ငံရေးတွင် ဆက်လက် ပါဝင်နေရန်ဆုံးဖြတ်ကာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဆက်လက် သစ္စာခံနေမည် ဖြစ်သည်။ ထို့ကြောင့် မြန်မာ့တပ်မတော်၏ ထိပ်တန်းအဆင့်တွင် ကြီးမားသော အပြောင်းအလဲများကို မိမိတို့ မျှော်လင့်နိုင်မည် မဟုတ်ပေ။

မည်သည့် အပြောင်းအလဲမဆို တပ်မတော်နှင့် ၎င်း၏ အမျိုးသား နိုင်ငံရေး အခန်းကဏ္ဍ၏ အာဏာနှင့် တည်ငြိမ်မှုအတွက် ကောင်းစွာ တွက်ချက်ထားသော အပြောင်းအလဲများသာ ဖြစ်လိမ့်မည်။

သူ့ထက်မည်မျှ ငယ်ရွယ်သူကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရွေးချယ်မည်ကိုလည်း ပြောရန် စောနေသေးသည်။ ၂၀၁၁ ခုနှစ်၊ အသက် ၇၀ ကျော် အရွယ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည်
ရာထူးကို စွန့်လွှတ်စဉ်က သူ့နေရာကို အစားထိုး ဝင်ရောက်လာသူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အသက် ၅၅ နှစ်သာ ရှိသေးသည်။

မကြာသေးမီက တပ်တွင်းရာထူး အပြောင်းအလဲနှင့် ရှေ့လာမည့် ကာလတိုအတွင်း စစ်ဘက် ပြန်လည် ဖွဲ့စည်း တည်ဆောက်မှုများသည် လာမည့်ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲလွန် ပြည်တွင်း နိုင်ငံရေးပြဿနာများနှင့် ဆက်စပ်နေသည်ကို သံသယရှိရန်မလိုပေ။ သို့သော် ထိုအပြောင်းအလဲများသည် ရိုဟင်ဂျာများကို
လူမျိုးတုံး သတ်ဖြတ်ခြင်းကို ဦးဆောင်ခြင်းအတွက် နိုင်ငံတကာ ရာဇဝတ် တရားရုံးတွင် အရေးယူရန်အပါအဝင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတကာ အသိုင်းအဝန်းက ပြစ်တင်ရှုတ်ချခြင်းနှင့် တိုက်ရိုက်ပတ်သက်သည်ဟု ပြောရန် ခက်သည်။

မြန်မာနိုင်ငံသည် ထိုစွပ်စွဲချက်များကို ပယ်ချထားပြီး သည်ဟိဂ်အခြေစိုက် ထိုတရားရုံးကို တည်ထောင်သည့် ရောမ စာချုပ်ကိုလည်း လက်မှတ် ရေးထိုးထားသည့် အဖွဲ့ဝင်မဟုတ်ပေ။

၂၀၂၀ ရွေးကောက်ပွဲ ဘယ်လိုလဲ။ အကယ်၍ လုပ်ဖြစ်လျှင် မည်သည့်အချိန်တွင် မည်သို့လုပ်မည်နည်း

သမားရိုးကျ အသိအရဆိုရလျှင် ၂၀၂၀ ရွေးကောက်ပွဲသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပြတ်အသတ် အနိုင်ရသည့် ၂၀၁၅ ခုနှစ်ကကဲ့သို့ပင် နိုဝင်ဘာလတွင် ကျင်းပမည်ဟု သုံးသပ်ထားကြသည်။

လာမည့် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး တရားဝင် ကြေညာချက် မထွက်သေးသော်လည်း သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က ၎င်းတို့ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း တရားဝင် ကြေညာထားပြီး ထိုအချိန်မှ စတင်ကာ တနိုင်ငံလုံးသည် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြသည်။

ရွေးကောက်ပွဲဝင်ရန် ၎င်းတို့၏ ဇွန်လက ကြေညာချက်သည် စောနေသဖြင့် စစ်ဘက်ခေါင်းဆောင်များ အပါအဝင် လေ့လာသူ တချို့ကို အံ့အားသင့်သွားစေခဲ့သည်။

အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ကြိုးစားနေသော်လည်း တပ်မတော်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့၏ ပြင်းထန်သော ဆန့်ကျင်မှုကို ရင်ဆိုင်နေရသည်။ ထို့ကြောင့်လည်း တပ်မတော်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အကြား တင်းမာမှုများ မြင့်မားလာသည်။

ဂျပန်သတင်းဌာန အဆာဟိရှင်ဘွန်းနှင့် ဖေဖော်ဝါရီလက ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို ကျနော် မူအားဖြင့် သဘောတူတယ်။ ဒါပေမယ့် အရေးကြီးတာက ဘယ်ပြင်ဆင်ချက်ကမှ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အနှစ်သာရကို မပျက်စီး စေသင့်ဘူး” ဟု ပြောခဲ့သည်။

ယခုနှစ် တပ်မတော်နေ့တွင်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား တက်ရောက်သည့် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက “ဒီလုပ်ရပ်ဟာ လုပ်ထုံးလုပ်နည်း ချိုးဖောက်တော့ အခက်အခဲတွေ ဖြစ်စေရုံသာမက၊ ဒီမိုကရေစီ ကျင့်ဝတ်တွေကို စနစ်တကျ ကျင့်သုံးသူတွေရဲ့ တည်ငြိမ်မှုကိုပါ အန္တရာယ် ကျရောက်စေတယ်” ဟု သတိပေးခဲ့သည်။

သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရှေ့ဆက် တွန်းအားပေးလျှင် ရွေးကောက်ပွဲမတိုင်မီ
တနိုင်ငံလုံး ဆန္ဒခံယူပွဲ ကျင်းပရမည်ဟု မျှော်လင့်နိုင်သည်။ နိုင်ငံသည် နိုင်ငံရေးအရ ထိပ်တိုက်တွေ့မှုကို ရင်ဆိုင်ရနိုင်ပြီး မတည်ငြိမ်မှုများကို ပိုမိုရင်ဆိုင်ရမည် သို့မဟုတ် လုံး၀ မမျှော်လင့်ထားသော ရလဒ်များလည်း
ထွက်ပေါ်လာနိုင်သည်။

စစ်ဘက် ခေါင်းဆောင်များသည် ၂၀၂၀ တွင် ဖြစ်နိုင်ခြေရှိသော ထိပ်တိုက်တွေ့မှု အပါအဝင် နိုင်ငံရေးအတက်အကျများ အတွက် ပြင်ဆင်ထားကြလိမ့်မည်။ ထို မုန်တိုင်းထန်သော နိုင်ငံရေးရာသီဥတုကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် စစ်ဘက် ထိပ်တန်းအရာရှိများ မည်သို့
ဖြတ်သန်း ကြမည်ကို စောင့်ကြည့်ရန်သာ ရှိတော့သည်။

သို့သော် သေချာသောအချက် တခုရှိနေသည်။ မြန်မာစစ်ဘက် ထိပ်တန်းအရာရှိများသည် လက်ရှိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နောက်ဆုံး အနားယူရမည်ကို မျှော်မှန်းပြီး စစ်ခေါင်းဆောင် မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ရန် ပြင်ဆင်နေကြပြီး ၂၀၂၀ သို့မဟုတ် ရွေးကောက်ပွဲအပြီးတွင် ထိုစစ်ခေါင်းဆောင် မျိုးဆက်သစ်များနှင့် ရှင်းလင်းပြတ်သားသော ရုပ်ပုံလွှာကို တွေ့ရမည်ဟု လေ့လာသူအချို့က ဆိုကြသည်။

(Aung Zaw ၏ What the Recent Military Shake-Ups Really Mean  ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

ဆက်စပ်ဖတ်ရှုရန်

တပ်မတော် စစ်ဆင်ရေး အထူးအဖွဲ့ မှူး ရာထူးများ အပြောင်းအလဲ ဖြစ်

အိန္ဒိယလုပ် တော်ပီဒိုများဖြင့် မြန်မာရေတပ် အဆင်မြှင့်တင်

အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှု ဂုဏ်သိက္ခာ ထိခိုက်ရဟု တပ်မတော် ပြေ

Your Thoughts …
Tags: တပ်တွင်းရာထူး အပြောင်းအလဲ၏ နောက်ကွယ်
အောင်ဇော်

အောင်ဇော်

အောင်ဇော်သည် ဧရာဝတီ သတင်းဌာနကို တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။

Similar Picks:

No Content Available
Next Post
တက္ကသိုလ် တက်ခွင့်မရကြတဲ့ မိုင်းလားက ကျောင်းသားများ (ရုပ်/သံ)

တက္ကသိုလ် တက်ခွင့်မရကြတဲ့ မိုင်းလားက ကျောင်းသားများ (ရုပ်/သံ)

KBZ ဘဏ်ရဲ့ Deputy CEO ဒေါ်နန်းလိုင်ခမ်း

ဒေါ်နန်းလိုင်ခမ်း အကြောင်း စိတ်ဝင်စားစရာ ကောင်းတဲ့ အချက် ၅ ချက်

No Result
View All Result

Recommended

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate