အမေဇုန်သစ်တောကို စံချိန်တင် ဖျက်ဆီးနေသည့် မီးက နိုင်ငံတကာကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။ အဘယ်ကြောင့် ဆိုသော် အဆိုပါ သစ်တော၏ ကမ္ဘာ့ သဘာဝပတ်ဝန်းကျင်အပေါ် အရေးပါမှုကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘရာဇီးသမ္မ တ Jair Bolsonaro အနေဖြင့် မီးသတ်ရာတွင် ကူညီပေးရေးအတွက် စစ်တပ်ကိုပါ စေလွှတ်ရန် ဖြစ်လာခဲ့ရ၏။
အမေဇုန်ကပ်ဘေးနှင့် ပတ်သက်၍ သိသင့်သည့် အချက်များကို ဖော်ပြပေးလိုက်ပါသည်။
အမေဇုန်က ဘာကြောင့် အရေးပါသလဲ။
အမေဇုန်သစ်တော (၆၀ ရာခိုင်နှုန်းက ဘရာဇီးတွင် ရှိသည်) က ကမ္ဘာပေါ်တွင် အကြီးဆုံးသော အပူပိုင်း မိုးသစ်တော ဖြစ် သည်။ ထူးခြားရှားပါသည့် အပင်နှင့် တိရိစ္ဆာန် မျိုးစိတ်ပေါင်းများစွာနှင့် အတူ ဇီဝမျိုးကွဲများ၏ အဓိကနေရာတခု အဖြစ်ယူ ဆထားကြသည်။
ထူထပ်သိပ်သည်းသည့် သစ်တောက ကမ္ဘာ၏ ကာဘွန်ဒိုင်အောက်ဆိုက် ကြီးမားသော ပမာဏ ကိုစုပ်ယူပေးသည်။ ဖန်လုံအိမ် ဓာတ်ငွေ့တခု ဖြစ်သည့် ကာဗွန်ဒိုင်အောက်ဆိုဒ်က ရာသီဥတု ပြောင်းလဲခြင်းတွင်အကြီးဆုံး အကြောင်းရင်း အဖြစ်ယူဆထားကြ၏။ ထို့ကြောင့် ကမ္ဘာပူနွေးလာခြင်းကို တိုက်ဖျက်ရာတွင် အမေဇုန်သစ်တောကို ထိန်းသိမ်းစောင့် ရှောက်ခြင်းက အရေးပါသည်ဟု သိပ္ပံပညာရှင်များက ဆိုကြသည်။
မီးက ဘယ်လောက်အထိ ဆိုးသလဲ။
ဘရာဇီး တနိုင်ငံလုံးတွင် တောမီးလောင်ကျွမ်းမှုက ၂၀၁၃ ခုနှစ် နောက်ပိုင်းတွင် အမြင့်ဆုံး အဆင့်သို့ ရောက်ရှိခဲ့သည်။ ယခုနှစ်အတွင်းတွင် သြဂုတ်လ ၂၃ ရက်နေ့အထိ ဆိုလျှင်ပင် လွန်ခဲ့သည့် နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၈၄ ရာ ခိုင်နှုန်းမြင့်တက်လာခဲ့သည်ဟု ဘရာဇီး အာကာသ သုတေသနအေဂျင်စီဖြစ်သည့် INPE ၏ အဆိုအရသိရသည်။ ယခုနှစ် တွင် လက်ရှိအချိန်အထိ ၇၈၃၈၃ ကြိမ် လောင်ကျွမ်းခဲ့ပြီး ဖြစ်ကာ တဝက်ခန့်မှ သြဂုတ်လ ၁ လတည်းအတွင်းမှာပင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။
ဘရာဇီးနိုင်ငံ၏ အမေဇုန်ပြည်နယ် ၉ခုထဲမှ ၈ ခုတွင် တောမီးလောင်ကျွမ်းမှု တိုးလာသည်ကို မြင်တွေ့ခဲ့ရပြီး အကြီးဆုံး ပြည်နယ်ဖြစ်သည့် Amazonas တွင် ၁၄၆ ရာခိုင်နှုန်းအထိမြင့်တက်သွားခဲ့သည်။ Rondonia နှင့် Amazonas ပြည်နယ် များ တွင်နေထိုင်ကြသူများက တောမီးလောက်ကျွမ်းမှုများ နှစ်စဉ်ရှိခဲ့သော်လည်း ယခုလောက်ဆိုးသည်ကို သူတို့လုံးဝ မမြင်ခဲ့ဖူးကြောင်း နှင့် မီးခိုးတိမ်တိုက်များက ဒေသတခုလုံးကို ဖုံးအုပ်ထားကြောင်းပြောကြသည်။
ဘာကြောင့် မီးလောင်သလဲ။
အမေဇုန်တွင် မီးလောင်ကျွမ်းခြင်းများက မြေရှင်းရန် ရည်ရွယ်ချက်ဖြင့် မီးရှို့ခြင်း ကြောင့် ဖြစ်တတ်သည်။ သစ်ထုတ်လုပ် သူများ သစ်လုံးများထုတ်လုပ်ပြီးသည့် အချိန်တွင် စီးပွားရေးသမားများက ထိုမြေကို လယ်သမားများနှင့် မွေးမြူရေးသမား များသို့ ရောင်းချရန် မျှော်လင့်ချက်ဖြင့် မြေရှင်းရန် ကျန်ရှိနေသော သဘာဝပေါက်ပင်များကို မီးရှို့ပစ်တတ်ကြသည်။ အမေ ဇုန်တွင် ၎င်း၏ ခြောက်သွေ့ရာသီက လအများအပြားကြာမြင့်တတ်ခြင်းက အဆိုပါမီးများက ထိန်းချုပ်ရခက် အောင် ပိုမို၍ လွယ်ကူစွာ ပြန့်နှံ့သွားစေနိုင်ပါသည်။
ထိုသို့ မီးရှို့သူများက ပိုမိုရဲတင်းလာခဲ့သည်မှာ ဘရာဇီးသမ္မတ Jair Bolsonaro က အမေဇုန် ပိုမိုဖွံ့ဖြိုးရေးအတွက် တောင်း ဆိုသည်ကို သူတို့ကြားကြပြီး အပြစ်ဒဏ်ပေးခံရလိမ့်မည်မဟုတ်ဟု ထင်ကြ၍ ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းစောင့်ရှောက်သူများက ပြောကြသည်။
သစ်တောပြုန်းတီးမှုက ၂၀၁၉ ခုနှစ် ပထမ ၇လ အတွင်းမှာပင် ယမန်နှစ်ကထက် ၆၇ ရာခိုင်နှုန်းတိုးလာခဲ့သည်။ ဇူလိုင် တလတည်းမှာပင် ၃ဆ ကျော်ခဲ့၏။ ထိုသို့ သစ်တောပြုန်းတီးရခြင်းမှာ မီးရှို့သူများကြောင့်ပင် ဖြစ်သည်ဟု သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူများက ယုံကြည်ကြသည်။
ဘရာဇီး အစိုးရက ဘယ်လိုတုန့်ပြန်ခဲ့ပြီးပြီလဲ
အစောပိုင်းတွင် ဘရာဇီးသမ္မတ Jair Bolsonaro က တောမီးများက ပုံမှန်ဖြစ်လေ့ဖြစ်ထသာ ဖြစ်သည်ဟု ဆိုခဲ့သည်။ ထို့ နောက် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများက သူ၏ အစိုးရထိခိုက်နစ်နာစေရန် အတွက် မီးရှို့ခြင်း ဖြစ်သည်ဟု ပြောပြန် သည်။ သို့သော်လည်း သူက သက်သေအထောက်အထားမပြုခဲ့ပါ။ နောက်ပိုင်းတွင် ထိုသို့ပြောဆိုခြင်းကို ပြန်လည်ရုပ် သိမ်းသွားခဲ့သည်။
အမေဇုန်တောကဲ့သို့ ကျယ်ပြန့်သည့် ဧရိယာမှ မီးကို ငြိမ်းသတ်ရန် တိုင်းပြည်တွင် အရင်းအမြစ်မရှိဟု သမ္မတ Jair Bolsonaro က ပြောခဲ့သည်။ သို့သော်လည်း အခြားသောတိုင်းပြည်များကို ဝင်ရောက် စွက်ဖက်ခြင်း မပြုရန်လည်း သ တိပေးခဲ့သည်။ နိုင်ငံခြားငွေက ဘရာဇီးနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးတိုက်ခိုက်ရန် ရည်ရွယ်ချက်နှင့် ဖြစ်သည် ဟု သူက ဆို၏။
ယခုအခါ မီးငြိမ်းသတ်ရန်အတွက် စစ်တပ်ကို စုစည်းရန် အစိုးရက ဆုံးဖြတ်ခဲ့သည်။ အကူအညီပေးရန်အတွက် အမေဇုန် ပြည်နယ် အများအပြားသို့ နောက်ပိုင်းတွင် မေတ္တာရပ်ခံခဲ့သည်။ တပ်ဖွဲ့ဝင်မည်မျှချထားသည်၊ သူတို့က မည်မျှထိရောက်မှု ရှိလိမ့်မည်ဆိုသည်ကို အတိအကျမသိရသေးပါ။
ကမ္ဘာ့ခေါင်းဆောင်တွေက ဘာပြောကြသလဲ
ပြင်သစ်သမ္မတ Emmanuel Macron အမေဇုန်တောမီးကို နိုင်ငံတကာ အရေးပေါ်အခြေအနေတခု၊ သဘာဝပတ်ဝန်းကျင် ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်းဟု ခေါ်ဝေါ်ခဲ့သည်။ မိုးသစ်တော ကာကွယ်ရေးကို ပိုမိုဆောင်ရွက်ခြင်း မရှိသည့်အတွက် ဘရာဇီး အစိုးရကို သူက ဝေဖန်ခဲ့သည်။
ပြင်သစ်သမ္မတ Emmanuel Macron ၏ ရုံးက ထုတ်ပြန်ခဲ့သည့် ကျေညာချက်တစောင်တွင် ဥရောပ သမဂ္ဂနှင့် တောင် အမေရိက ကုန်သွယ်ရေး အဖွဲ့ Mercosur (တောင်ပိုင်းဘုံဈေးကွက်) ကြားမှ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီ ချက် နောက်ဆုံးအတည်ပြုရေးကို ဆန့်ကျင်သွားမည် ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ပထမဆုံး သဘောတူ ခဲ့သည့် ဇွန်လ G20 ထိပ်သီး အစည်းအဝေးပွဲတွင် ဘရာဇီးသမ္မတ Jair Bolsonaro က သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုများ နှင့် ပတ်သက်၍ လိမ်ညာခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဖော်ပြထားသည်။
ဗြိတိန် ဝန်ကြီးချုပ် Boris Johnson နှင့် ဂျာမန် အဓိပတိ Angela Merkel တို့ကလည်း အမေဇုန်သစ်တော ပျက်စီးမှုနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ပြောကြားခဲ့ကြသည်။ သို့သော်လည်း ကုန်သွယ်ရေး သဘောတူညီချက်ပို တားဆီးခြင်းက မှန် ကန်သော တုန့်ပြန်မှုမဟုတ်ဟု သူတို့က ဆိုသည်။
ဘရာဇီး အပါအဝင် တောမီးသင့် နိုင်ငံများအတွက် ဘဏ္ဍာရေးနှင့် နည်းပညာ အကူအညီပေးရန် ဖြစ်နိုင်သော သဘောတူညီချက်တခုကို အမေရိကန်၊ ဂျပန်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ဗြိတိန် နှင့် ကနေဒါ ခေါင်းဆောင်များက သူတို့၏ နှစ်ပတ်လည် အစည်းအဝေး၌ အပြီးသတ်နေခဲ့ကြသည်ဟု သြဂုတ်လ ၂၅ ရက်နေ့တွင် ပြင်သစ် သမ္မတ Emmanuel Macron က ပြေားကြားခဲ့သည်။
အမေရိကန် သမ္မတ Donald Trump က အမေရိကန်၏ အကူအညီကို ဘရာဇီးသမ္မတ Jair Bolsonaro ထံ ဖုန်းဆက် ကမ်းလှမ်းခဲ့သော်လည်း နောက်ပိုင်းတွင် ဘရာဇီးတာဝန်ရှိသူများက မီးငြိမ်းသတ်ရန် အမေရိကန်နှင့် အတူ အလုပ် လုပ်နေခဲ့ ခြင်း မရှိကြောင်း ပြောကြားခဲ့ကြသည်။
ပြည်သူလူထုက ဘယ်လို တုန့်ပြန်ခဲ့သလဲ
မြို့ပေါင်း ၁ ဒါဇင်ကျော်တွင် ဘရာဇီးနိုင်ငံသားများက လမ်းများပေါ်သို့ ထွက်၍ မီးနှင့် ပတ်သက်၍ အစိုးရက မလှုပ်ရှား ခြင်းကို ဆန္ဒပြခဲ့ကြသည်။ Brasilia နှင့် Sao Paulo မြို့များတွင် အဓိက လမ်းများကို ပိတ်ဆို့ခဲ့ကြသည်။ ပါရီနှင့် လန်ဒန် မြို့များရှိ ဘရာဇီး သံရုံးများ၏ အပြင်ဘက်တွင် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။
ဆိုရှယ်မီဒီယာတွင် #PrayForAmazonas နှင့် Twitter တွင် အလားတူ # (hashtag) လှုပ်ရှားမှုများ ရေပန်းစားနေသည်။
သမ္မတ Jair Bolsonaro ကို ထောက်ခံသူများကလည်း “TheAmazonWithoutNGOs” ဟု အဓိပ္ပါယ်ရသည့် #( hashtag) စာသား များကို ဆိုရှယ်မီဒီယာပေါ်မှာ လူကြိုက်များသည့် ခေါင်းစဉ်များတွင် တင်နေကြသည်။
ရာသီဥတု ပြောင်းလဲခြင်းအတွက် ဘယ်လို အဓိပ္ပါယ်ရှိသလဲ
အမေဇုန်သစ်တောများဆက်လက်၍ ပြုန်းတီးနေခြင်းက (ရာသီဥတုတွင်) အရေးပါသောအပြောင်းအလဲတခု ဖြစ်နိုင်သည့် အနေအထား တရပ်ဆီသို့ ရောက်ရှိသွားနိုင်သည့် အပေါ်တွင် သိပ္ပံပညာရှင်များက စိုးရိမ်နေကြသည်။ ထို့နောက် မိုးသစ် တောများကို မြက်ခင်းနှင့် အပင် ငယ်များသာရှိသည့် လွင် ပြင်အဖြစ်သို့ ပြောင်းလဲ ပစ်လိုက်သည့် အတွက် သစ်တောများ ခြောက်သွေ့သေဆုံးခြင်းမှ ပြင်ပအကူမပါဘဲ မိမိဖာသာ ပြန်လည် ရှင်သန်ရသည့် စက်ဝန်း တခုအ တွင်းသို့ ဒေသက ရောက်ရှိသွား လိမ့်မည် ဖြစ်သည်။
ဘရာဇီးနိုင်ငံသား ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင် Carlos Nobre က အမေဇုန်တော တခုလုံး၏ ၁၅ ရာခိုင်နှုန်းမှ ၁၇ ရာ ခိုင်နှုန်းသည် ဖျက်ဆီးခံခဲ့ရပြီး ဖြစ်သည်ဟု ယုံကြည်ထားသည်။ အစောပိုင်းတွင် သုတေသီများက (အမေဇုန်သစ်တော) ၄၀ ရာခိုင်နှုန်း ပျက်စီး မှု က အရေးပါသော အပြောင်းအလဲတခုကို ဖြစ်စေလိမ့်မည်ဟု ယူဆခဲ့ကြသည်။ သို့သော်လည်း ကမ္ဘာမြေပူနွေးလာခြင်း ကြောင့် အမေဇုန်တောအတွင်းတွင် အပူချိန်မြင့်တက်လာခြင်းနှင့် တောမီးလောင် ကျွမ်းမှု များပြားလာခြင်းတို့ကြောင့် သူ တို့၏ အယူအဆလည်း ပြောင်းလဲလာခဲ့သည်။ အရေးပါသည့် အပြောင်း အလဲတရပ်ကို ဖြစ်စေနိုင်သည့် အမှတ်မှာ (အမေဇုန်သစ်တော) ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအတွင်း ပျက်စီးသွားသည့် အချိန် ပို၍ ဖြစ်နိုင်ဖွယ်ရှိသည်ဟု Carlos Nobre ကပြောသည်။
အကယ်၍ အပြောင်းအလဲ ဖြစ်သည့် အခြေအနေရောက်သွားခဲ့လျှင် သစ်တောများခြောက်သွေ့သေဆုံးခြင်းက နှစ် ၃၀ မှ ၅၀ အထိကြာမြင့်နိုင်ပြီး ထိုအချိန်အတွင်းတွင် လေထုအတွင်းသို့ ကာဗွန်ဒိုင်အောက်ဆိုဒ် တန်ချိန် ၂၀၀ ဘီလီယံ အထိ ရောက် ရှိသွားလိမ့်မည်ဟု Carlos Nobre ကပြောသည်။ ထိုသို့ ဖြစ်ခြင်းက ရာသီဥတု ပြောင်းလဲခြင်း၏ အဆိုးရွားဆုံး သက် ရောက်မှုများကို ရှောင်ရှားနိုင်ရေးအတွက် ပန်းတိုင်အဖြစ်သတ်မှတ်ထားသည့် အတိုင်း ကမ္ဘာ့ အပူချိန်မြင့်တက်မှုကို ၁.၅ စင်တီဂရိတ်မှ ၂ စင် တီဂရိတ် အတွင်း ထိန်းထားနိုင်ရေးကို အခက်တွေ့စေလိမ့်မည် ဖြစ်သည်။
(Reuters သတင်းဌာန၏ Why are the Amazon Fires Sparking a Crisis for Brazil – and the World? ကို ဘာသာပြန်ဆိုဖော်ပြသည်။)
ဆက်စပ်ဖတ်ရှုရန်
မလတ်တောင် အဖြစ်ဆိုးမျိုး နောက်ထပ်မဖြစ်ရလေအောင်
ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတဲ့အတွက် စင်ကာပူအစိုးရ စိုးရိမ်နေ
ဆည်များ တည်ဆောက်ခြင်းသည် မဲခေါင်မြစ်ကို ခြိမ်းခြောက်နေ