• English
Wednesday, December 6, 2023
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

    အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

    စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

    စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

    ကြာပိုင်ရွာ သတ်ဖြတ်မှုကြောင့် စစ်ရှောင်များ ရွာပြန်မဝင်ရဲ

    ကြာပိုင်ရွာ သတ်ဖြတ်မှုကြောင့် စစ်ရှောင်များ ရွာပြန်မဝင်ရဲ

    မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

    မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

    စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍  ဒေသခံ သောင်းချီထွက်ပြေးနေရ

    စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍ ဒေသခံ သောင်းချီထွက်ပြေးနေရ

    စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

    စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

    ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

    ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

    မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

    မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

    စစ်ကိုင်းနှင့်ကချင် ထိစပ်နေသည့် မြို့များ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာကြ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      လောင်စာ

      လောင်စာ

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home ဆောင်းပါး

          ထိုးတက်နေတဲ့ ရွှေဈေး ဘဏ်ချေးငွေ ဂယက်ကြောင့်လား

          by မျိုးပပစန်း
          5 September 2019
          in ဆောင်းပါး
          Reading Time: 1 min read
          A A
          ဈေးကွက်အတွင်းမှ ရွှေထည်များ  / အောင်ကျော်ထက် / ဧရာဝတီ

          ဈေးကွက်အတွင်းမှ ရွှေထည်များ / အောင်ကျော်ထက် / ဧရာဝတီ

          32.8k
          VIEWS
          Share on FacebookShare on Twitter

          မြန်မာ့ရွှေဈေးသည် တရိပ်ရိပ်မြင့်တက်နေလျက်ရှိပြီး ယနေ့ သြဂုတ်လ ၅ ရက်ဈေးတွင် အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ် သားလျှင် ငွေကျပ် ၁၃ သိန်းကျော်ဈေးအထိ ရောက်ရှိလာခဲ့သည်။

          ပြီးခဲ့သည့် ဇွန်၊ ဇူလိုင်လတို့တွင် ရွှေဈေးသည် ကျပ် ၁၀ သိန်းကျော် ၁၁ သိန်းဝန်းကျင်တွင် ရှိနေရာမှ သြဂုတ်လဆန်းပိုင်းမှ စတင်၍ တဖြည်းဖြည်းမြင့်တက်ခဲ့ရာ ယခု စက်တင်ဘာလ ၅ ရက် နေ့လယ်ပိုင်းတွင် ငွေကျပ် ၁၃ သိန်း ၇ ထောင်ခန့်အထိ ရှိလာခဲ့သည်။

          RelatedPosts

          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          5 December 2023
          9.2k
          စက်မှုဇုန်များအတွက် စက်သုံးဆီ မပေးတော့သဖြင့် ကုန်ထုတ်လုပ်မှု ပိုခက်လာနိုင်

          စက်မှုဇုန်များအတွက် စက်သုံးဆီ မပေးတော့သဖြင့် ကုန်ထုတ်လုပ်မှု ပိုခက်လာနိုင်

          4 December 2023
          1.6k
          စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

          စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

          4 December 2023
          32.3k

          ထိုသို့ ရွှေဈေးနှုန်း တဟုန်ထိုး တက်နေရခြင်း အကြောင်းအရင်းများတွင် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ၊ ကမ္ဘာ့ရွှေ ဈေးမြင့်တက်နေမှု၊ ရွှေတွင်းလုပ်ကွက်များ ချထားပေးမှု မရှိခြင်း၊ ဒေါ်လာဈေးမြင့်တက်နေမှုနှင့် ဗဟိုဘဏ်၊ ပုဂ္ဂလိက ဘဏ် ဂယက်များကြောင့်လည်း ပါဝင်နေကြောင်း ရွှေလုပ်ငန်းရှင်များထံက သိရသည်။

          မန္တလေးတိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးတင်ထွန်း က “ပစ္စည်းရှားပါးမှုကလည်း ရှိတယ်။ နောက်တ ချက်က ပြည်သူတွေက အခု ဘဏ်တွေက ငွေထုတ်ပြီးတော့ အရမ်းဝယ်ကြတယ်။ အမှန်ကတော့ ဘဏ်ဂယက်ကြောင့်ပဲ။ တကယ်တမ်း ဘဏ်က ဘာမှ မဖြစ်နိုင်ဘူး။ ဒါကို ကြောက်လန့်ပြီး ငွေထုတ်ပြီးတော့မှ တွန်းဝယ်ကြတာ။ ဝယ်နိုင်လှ ၁ ပတ်ပေါ့။ ဒါပြီးရင် ပြီးသွားမှာပဲ” ဟု ဧရာဝတီသို့ ပြောသည်။

          ရွှေဝယ်သူများ အနေနှင့် အများအပြား ဝယ်ယူသည် မဟုတ်သော်လည်း တဦးလျှင် ၁ ပိုင်း၊ ၃ ပိုင်း၊ ၅ ပိုင်း အစရှိသဖြင့် ဝယ်ယူရင်းမှ ဝယ်လိုအားများပြီး ဈေးမြင့်တက်လာခြင်းလည်း ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

          ဆက်လက်၍ ဦးတင်ထွန်း က “အခုက ရေကြီးလို့ ရွှေထွက်တာ နည်းနေတယ်။ တချို့လိုင်စင်ချ မချထားပေးတာတွေ လည်း ရှိတယ်။ တချို့ခိုးတူးတာတွေလည်း ဖမ်းတာတွေ ဖမ်းတယ်။ ရွှေက ထွက်ရှိမှု တအားနည်းနေတယ်။ အမှန်တော့ ဝယ်လိုအားထက် ရောင်းလိုအားက မမျှဘူး ဖြစ်နေတယ်” ဟု မန္တလေး ဈေးကွက် အခြေအနေကို ရှင်းပြသည်။

          ဈေးကွက်အတွင်းမှ ရွှေထည်များ (ဓာတ်ပုံ – အောင်ကျော်ထက်၊ ဧရာဝတီ)

          ရွှေဆိုင်များအနေနှင့် ရှိသလောက် ရောင်းပေးသော်လည်း ဝယ်လိုအားကို မလိုက်နိုင်ဖြစ်နေသည့် အပြင် ကမ္ဘာ့ရွှေဈေးမှာ လည်း စက်တင်ဘာလ ၃ ရက်နှင့် စက်တင်ဘာ ၄ ရက် နှိုင်းယှဉ်ပါက ၂၅ ဒေါ်လာအထိ မြင့်တက်သွားသောကြောင့်လည်း ရွှေဈေးမြင့်နေခြင်းလည်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

          ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့် က “ကမ္ဘာ့ရွှေဈေးရယ်၊ ပြည်တွင်း ဒေါ်လာဈေးရယ် မြှောက်ပြီးတော့ ၁ ဒသမ ၈၇၅ နဲ့ စားလိုက်တယ်။ ဒီကရတဲ့ဟာနဲ့ ဈေးကွက်ဖွင့်တဲ့ အခြေအနေပေါ့။ ဒီအပေါ်မှာမှ ဝယ်လို အားများရင် ဖွင့်တဲ့ဈေးထက် နည်းနည်းပိုတက်သွားမယ်။ ဝယ်လိုအားနည်းရင် ဖွင့်တဲ့ဈေးထက် နည်းနည်း ပိုကျသွားမယ်။ ဒါက ဈေးကွက် အခြေအနေပေါ့။ ဝယ်အားများရင် ချက်ချင်းပဲ ခုန်ခုန်တက်သွားတာပါပဲ” ဟု ပြောသည်။

          ရွှေဈေးကွက်အတွင်း ဖြစ်နေသောဈေးသည် ကမ္ဘာ့ရွှေဈေး အတက်၊ အကျ အပြင် ပြည်တွင်းဒေါ်လာဈေး အတက်၊ အကျ နှင့် ဈေးကွက်၏ ဝယ်လိုအား၊ ရောင်းလိုအားပေါ် မူတည်၍ ချိတ်ဆက်ထားကြောင်း ၎င်းက ဆိုသည်။

          ယနေ့ ရွှေဈေးသည် အကယ်ဒမီ အခေါက်ရွှေ ၁၆ ပဲရည်ပြည့် ၁ ကျပ်သားလျှင် ကျပ် ၁၃ သိန်း ၇ ထောင်ဝန်းကျင်၊ ၁၅ ပဲ ရည်ပြည့် ရွှေ ၁ ကျပ်သားလျှင် ကျပ် ၁၂ သိန်းဝန်းကျင်နှင့် အရောင်းအဝယ် ဖြစ်နေကြောင်း ရန်ကုန်မြို့ရွှေဆိုင်များမှ သိရ သည်။

          ထိုဈေးနှုန်းသည် မြန်မာနိုင်ငံတွင် တခါမှ မဖြစ်ပေါ်ဖူးသော ဈေးနှုန်းများလည်း ဖြစ်သည်။

          ရွှေဈေး မြင့်တက်နေခြင်းနှင့် ပတ်သက်ပြီး ဦးမျိုးမြင့် က “ကျနော်တို့ အသင်းအနေနဲ့ကတော့ လောလောဆယ် ဝိတ်တန်း လျှော့တဲ့အနေနဲ့ပဲ  ထိန်းသိမ်းလို့ ရပါတယ်။ အရင်တုန်းကဆိုရင် ၁၀ ပိုင်း (၁ ပိဿာ) ဝယ်ယူမယ်ဆိုရင် အခု ဒီနေ့ကနေ စပြီး ၁၀ ပိုင်းလုံး မရောင်းတော့ဘဲ ၃ ပိုင်းပဲ ဝယ်။ ဒါဆိုရင် ဆိုင်အားလုံးလည်း ကျနော်တို့ တညီတညာတည်း ရသွားမယ်။ အပြင်က ကုန်သည်အားလုံးလည်း တညီတညာတည်း ရသွားမယ်။ ဒီနည်းနဲ့ပဲ ကျနော်တို့ ထိန်းပေးမယ့် အစီအစဉ် ရှိပါ တယ်” ဟု ရှင်းပြသည်။

          လက်ရှိ အချိန်တွင် ဗဟိုဘဏ် ဒေါ်လာပေါက်ဈေးမှာလည်း နေ့စဉ် အတက်ဘက်သို့သာ သွားနေသဖြင့် ရွှေဈေးအနေနှင့် လည်း ဈေးချ၍ မရဖြစ်ကြောင်း ၎င်းက ဆိုသည်။

          ထို့ပြင် ရွှေဈေးနှုန်း တည်ငြိမ်စေရန် အတွက်လည်း ရွှေကို ကုန်စည်တခု အနေနှင့် တင်သွင်း၊ တင်ပို့ခွင့်ကို ပြုလုပ်သင့် ကြောင်း ရွှေကုန်သည်လည်း ဖြစ်သူ ဦးမျိုးမြင့်က ဆိုသည်။

          ပြည်တွင်း၌ ရွှေများ ရှားပါးလာခြင်းမှာ အိန္ဒိယသို့ နယ်စပ်မှ ရွှေများထွက်နေခြင်း၊ လက်ရှိတွင် ရွှေလုပ်ကွက်များကို အစိုးရမှ ကမ္ဘာ့အဆင့်မီ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်း အစရှိသည့် EITI အချက်အလက်များနှင့်အညီ လုပ်ကိုင်ခွင့်များ စိစစ်ချထားပေးခြင်းတို့ကြောင့်လည်း ရွှေတွင်းတူးသည့် လုပ်ငန်းတော်တော်များများ ရပ်ဆိုင်းထားရကြောင်းလည်း ရန်ကုန် တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းက သိရသည်။

          ဈေးကွက်အတွင်းမှ ရွှေထည်များ (ဓာတ်ပုံ – အောင်ကျော်ထက်၊ ဧရာဝတီ)

          အခုအချိန်သည်လည်း စီးပွားရေး လုပ်ငန်းရှင်များ၊ ငွေပိုငွေလျှံရှိသူများ အနေနှင့် ဘဏ်သို့ ပိုက်ဆံသွားအပ်ပါက ၁ ဒသမ ၂ ရာခိုင်နှုန်းသာ လစဉ် အတိုးရနိုင်သော်လည်း ရွှေဝယ်စုပြီး အရောင်းအဝယ် ပြုလုပ်မည်ဆိုလျှင် ၆ ဒသမ ၅ ရာခိုင်နှုန်း အထိ အမြတ်ရနိုင်သဖြင့် ရွှေ စုဆောင်းရင်းနှီးမြှုပ်နှံထားရန် လူအများ စိတ်ဝင်စား၍ အတုံးအခဲလေးများ အဝယ်များကာ ဈေးတက်လာခြင်းလည်း ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များက ဆိုသည်။

          ယင်းပြင် နယ်စပ် လမ်းကြောင်းများမှ ရွှေများ တရားမဝင်ထွက်ရှိနေသဖြင့် ရွှေကုန်စည်ဒိုင်ဖြစ်သော ရန်ကုန်တိုင်း ရွှေလုပ် ငန်းရှင်များ အသင်း အနေနှင့် အဝေးမှ လာဝယ်သည့် ဝယ်လက်များကို ရောင်းချမည် မဟုတ်ကြောင်း ဆုံးဖြတ်ထားခြင်း ဖြစ်ကြောင်း ရွှေအသင်း ဦးမျိုးမြင့်က ပြောသည်။

          လက်ရှိတွင် ရွှေကို ဝယ်လှောင်ထားသူ မရှိသော်လည်း အပိုင်းလိုက် ဝယ်ယူခြင်း ပြန်ရောင်းခြင်းတို့ကို လုပ်ကိုင်သူများပြား ကြောင်း ဈေးကွက်အတွင်းက သိရသည်။

          တိတ်စိန် ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင် က “ကမ္ဘာ့ရွှေဈေးမြင့်တက်တာ ပါသလို ဘဏ်တွေ ရုတ်ရုတ်ဖြစ်နေတာလည်း ပါတယ်။ အခု ရွှေဈေး အတက်၊ အကျကတော့ ဒီကာလပေါ် မူတည်ပါတယ်။ အရောင်းအဝယ် အနေနဲ့ကတော့ လက်ဝတ် ရတနာအထည်က ခပ်ပါးပါး ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

          ထို့ပြင် ဈေးကွက် အတွင်းသို့ ဘဏ်များမှလည်း အကယ်ဒမီ အခေါက်ရွှေများ လိုက်လံ ဝယ်ယူစုဆောင်းမှုများ ရှိနေ ကြောင်းလည်း ၎င်းက ဆိုသည်။

          ကောင်းစံ ရွှေဆိုင်ပိုင်ရှင် ကိုမျိုးကျော်ကျော် က “အခု ရွှေဈေးက ကျပ် ၁၃ သိန်း ဝန်းကျင်နား ရှိနေပြီ။ ထပ်ပြီးတော့တက် မယ့် အလားအလာတော့ ရှိနေတယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ တင်းမာမှုလည်း ပါတယ်။ ကျနော့် အမြင်ရဆိုရင် ရွှေထက် ဒေါ်လာ ဝယ်စုတဲ့သူက အခု ပိုများမယ် ထင်တယ်။ ဘာလို့လဲဆိုတော့ ရွှေဈေး က အရမ်းမြင့်နေလို့ ရွှေကို ကျွမ်းကျင်တဲ့သူလောက်ပဲ ကစားတတ်တယ်။ ရွှေဈေးတက်တယ်ဆိုရင် ဒေါ်လာက ကျပေးရ မှာ၊ အခုက ဒီမှာက အခြေခံအဆောက်အုံ လိုအပ်ချက်တွေများတော့ ဒေါ်လာက မကျဘဲ လိုက်တက်နေတာ” ဟု ပြော သည်။

          ယနေ့ ဗဟိုဘဏ်၏ ဒေါ်လာပေါက်ဈေးမှာ ၁ ဒေါ်လာလဲလှယ်နှုန်း ကျပ် ၁၅၃၅ ကျပ်နှုန်းဖြင့် သတ်မှတ်ထားသည်။

          ယခင်က တရုတ်ဈေး၊ ရွှေဈေး၊ ဗဟိုဘဏ်ဈေးကို မူတည်၍ ပြင်ပ ဒေါ်လာ ဈေးဖွင့်သော်လည်း ယခုအခါ ပြည်တွင်း ဂယက် ကြောင့် ဈေးကစားခြင်းလည်း ပါလာကြောင်း လက်ရှိ အခြေအနေကို ကိုမျိုးကျော်ကျော်က ရှင်းပြသည်။

          ကိုမျိုးကျော်ကျော်က “ပြည်တွင်းဈေးမှာ စိတ်မချရတဲ့ အပေါ်မှာ မူတည်ပြီးတော့ ကစားတာပေါ့။ ဝယ်တဲ့သူတွေကလည်း ဘဏ်တွေမှာ ငွေ မအပ်ချင်ဘူး။ အစိမ်း (ဒေါ်လာ) ဝယ်ထားတယ်။ ဒါမျိုးတွေ ရှိတယ်” ဟု ဈေးကွက် အခြေအနေကို ရှင်းပြသည်။

          လက်ရှိတွင် ဗဟိုဘဏ် ညွှန်ကြားချက်ကြောင့် ဟုဆိုကာ ပုဂ္ဂလိကဘဏ်များမှ စီးပွားရေး လုပ်ငန်းရှင်များထံသို့ ချေးပေး ထားသော ကြွေးမြီများကို ပြန်ဆပ်ရန်အတွက် ထုတ်ပြန်ချက်များရှိနေပြီး နိုင်ငံ၏ စီးပွားရေးအခြေအနေ ကောင်းမွန်မှု မရှိ သေးသည့် အချိန်၌ ထိုသို့ ဘဏ်ချေးငွေ ကိစ္စရပ်မှာ လုပ်ငန်းရှင်များ အတွက် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။

          ထိုသို့ အခြေအနေများကြောင့်လည်း ဘဏ်များမှ အပ်နှံငွေများ ပြန်လည်ထုတ်ယူသူများလည်း ရှိနေကြောင်းလည်း သိရ သည်။

          ယနေ့ (စက်တင်ဘာ ၅ ရက်)ညနေပိုင်းတွင်မူ ရန်ကုန်မြို့၏ အကြီးဆုံး လက်ကား ဈေးကွက်ဖြစ်သည့် ရွှေဘုံသာလမ်း ရှိ ရွှေဆိုင်များ၊ ရွှေ လက်ကားဈေးကွက်မှ လေပတ်ကားလုပ်သူများ (နှုတ်ရောင်း နှုတ်ဝယ်လုပ်သူများ) ကို အထူးစုံစမ်းစစ် ဆေးရေး ဌာန(စ သုံးလုံး)က ဝင်ရောက် စစ်ဆေးမှုများရှိနေကြောင်း ရွှေနှင့်ဒေါ်လာ ရောင်းဝယ်သူများက ပြောဆိုသည်။

          ရွှေအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က “ဒီနေ့ ညနေလောက် စ သုံးလုံးက ရွှေဈေးနဲ့ ဒေါ်လာဈေးကစားသူတွေ ဝင်စစ်တဲ့သဘော မျိုး လာရောက်သွားတာရှိတယ်။ လတ်တလောမှာ ရွှေအရောင်းအဝယ် ဈေးကွက် ပိတ်ထားပါတယ်” ဟု ဧရာဝတီသို့ ပြော သည်။

          ရွှေဈေးနှုန်း ၁၃ သိန်းကျော်အထိ မြင့်တက်လာမှုနှင့် ပတ်သက်၍ ပြန်လည် ကျဆင်းရန် အခြေအနေ ရှိမရှိကို ရွှေလုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် မှန်းဆ၍ မရသေးကြောင်း သို့သော် ပြည်တွင်းဘဏ်များ တည်ငြိမ်ရေး၊ ပြည်တွင်း စီးပွားရေး အလားအလာများ ကောင်းမွန်စေရန် ဖန်တီးပေးခြင်း၊ ဒေါ်လာဈေးနှုန်းပါ တည်ငြိမ်လာပါက ရွှေဈေးမှာလည်း ပြန်လည် ကျဆင်းနိုင်သည်ဟု ရွှေလုပ်ငန်းရှင်များက သုံးသပ်ပြောဆိုထားကြသည်။

          ဆက်စပ်ဖတ်ရှူှရန်

          ဒေါ်လာဈေးကစားသူ လှလေးစိန်ကို စသုံးလုံး ဖမ်း

          ရွှေဈေးကစားသူများကို ခေါ်ယူ စစ်ဆေးမှုများ ဆက်လက် ပြုလုပ်နေ

          ဘဏ်ချေးငွေကိစ္စ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဖြေရှင်းချက်သည် ဗဟိုဘဏ် ရပ်တည်ချက် မဟုတ် ဟုဆို

          လုပ်ငန်းရှင်များ၏ ဘဏ်ချေးငွေ စက်တင်ဘာလ နောက်ဆုံး ပြန်ဆပ်ရမည်ဟု ဆို

          Your Thoughts …
          Tags: ဒေါ်လာဘဏ်မြင့်တက်မြန်မာ့ရွှေဈေး
          မျိုးပပစန်း

          မျိုးပပစန်း

          ဧရာဝတီ

          Similar Picks:

          နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

          နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

          by ဧရာဝတီ
          21 August 2023
          39.9k

          စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

          စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

          စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

          by ဧရာဝတီ
          11 September 2023
          22.4k

          အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ညွှန်ချုပ်အဖြစ် ပြောင်းရွှေ့ကြောင်း ထုတ်ပြန်ပြီးနောက် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး (စရခ) မှ ဗိုလ်မှူးကြီး အောင်ဇော်လင်းမှာ စ သုံးလုံး...

          စက်သုံးဆီသင်္ဘောများ ဆိုက်ကပ်သော်လည်း ငွေမချေနိုင်၍ ကြန့်ကြာနေ

          စက်သုံးဆီသင်္ဘောများ ဆိုက်ကပ်သော်လည်း ငွေမချေနိုင်၍ ကြန့်ကြာနေ

          by ဧရာတီ
          15 November 2023
          7.7k

          နိုဝင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် စက်သုံးဆီတင် သင်္ဘော ၄ စင်းဆိုက်ကပ်ထားပြီး ထပ်မံရောက် ရှိလာမည့် သင်္ဘော ၁၅ စင်း ရှိကြောင်း စစ်ကောင်စီ၏ လက်အောက်ခံ စက်သုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း...

          ဒေါ်လာရောင်းဝယ်သူများကို အသွင်ယူ ဖမ်းဆီးနေမှုကြောင့် ပြင်ပဈေးကွက်ရပ်ဆိုင်း

          ဒေါ်လာရောင်းဝယ်သူများကို အသွင်ယူ ဖမ်းဆီးနေမှုကြောင့် ပြင်ပဈေးကွက်ရပ်ဆိုင်း

          by ဧရာဝတီ
          1 September 2023
          4.6k

          လူမှုကွန်ရက်စာမျက်နှာတွင် ဂရုဖွဲ့ပြီး အမေရိကန်ဒေါ်လာ၊ ယူရိုငွေရောင်းဝယ်မှု ပြုလုပ်နေသူများကို စစ်ကောင်စီ လက်အောက်ခံဗဟိုဘဏ်က အသွင်ယူပြီး စစ်ဆေးဖမ်းဆီးနေကြောင်း ဩဂုတ် ၃၁ ရက်၌ ထုတ်ပြန်ချက်ထွက်လာ ပြီးနောက် ပြင်ပဒေါ်လာဈေးကွက်အတွင်း အရောင်းအဝယ်ရပ်ဆိုင်းနေကြောင်း သိရသည်။

          သူတို့လုပ်နေတဲ့ နည်းလမ်းက ပြဿနာကို ဖြေရှင်းတဲ့ နည်းလမ်းမဟုတ်ဘူး

          သူတို့လုပ်နေတဲ့ နည်းလမ်းက ပြဿနာကို ဖြေရှင်းတဲ့ နည်းလမ်းမဟုတ်ဘူး

          by ဧရာဝတီ
          23 August 2023
          4.5k

          စစ်ကောင်စီ ပြောရေးဆိုခွင့်ရသူက "အခု နိုင်ငံခြားငွေဈေးနှုန်း မြင့်တက်မှုတွေအပေါ် ဘဏ်တွေရယ်၊ UMFCCI ရယ် သူတို့ လုပ်ဆောင်ချက်တွေကို ကျနော်တို့ စောင့်ကြည့်မယ်” ဟု သတိပေးပြောဆိုသွားသည်။

          မြန်မာ့စီးပွားရေးဘဏ်များတွင် စစ်တပ်အရာရှိများကို ခန့်

          မြန်မာ့စီးပွားရေးဘဏ်များတွင် စစ်တပ်အရာရှိများကို ခန့်

          by ဧရာဝတီ
          4 August 2023
          4.2k

          စစ်ကောင်စီသည် နိုင်ငံတကာ ငွေပေးငွေယူကိစ္စ အရေးယူပိတ်ဆို့မှုများကို ကျော်လွှားရန် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းနှင့် မြန်မာ့သစ်လုပ်ငန်းအတွက် မြန်မာ့စီးပွားရေးဘဏ်တွင် လျှို့ဝှက်ငွေစာရင်းများ ဖွင့်သည်။

          Next Post
          ရန်ကုန်မြို့တွင်းရှိ ပျံကျ လမ်းဘေးဈေးသည်အချို့ / ဧရာဝတီ

          လမ်းဘေးဈေးသည်အား အခွန်မကောက်နိုင်၍ နိုင်ငံ့ဘဏ္ဍာ ဘီလျံ ချီဆုံးရှုံးနေဟု ဆို

          စက်တင်ဘာ ၃ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ဒေါ်အောင်ဆန်းစုကြည် နှင့် သမ္မတ မွန်းဂျေအင်းတို့၏ ဂုဏ်ပြုညစာစားပွဲ(Blue House)

          တောင်ကိုရီးယား- မြန်မာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန် သဘောတူ

          No Result
          View All Result

          Recommended

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          3 days ago
          12.5k
          စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

          စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

          6 days ago
          10.8k

          Most Read

          • စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

            စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

            shares
            Share 0 Tweet 0
          • စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

            shares
            Share 0 Tweet 0
          • မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

            shares
            Share 0 Tweet 0
          • အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

            shares
            Share 0 Tweet 0
          • စက်မှုဇုန်များအတွက် စက်သုံးဆီ မပေးတော့သဖြင့် ကုန်ထုတ်လုပ်မှု ပိုခက်လာနိုင်

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved