အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံအတွက် ရေငုပ်သင်္ဘောတစင်းပေးပို့ရန် ပြင်ဆင်နေသော်လည်း နယူးဒေလီသည် မြန်မာနိုင်ငံသို့လက်နက်အများဆုံးတင်ပို့သည့် ဘေဂျင်း၏နေရာကို အစားထိုး နိုင်ခြင်းမရှိသေးပေ။
၂၀၁၉ ခုနှစ်အကုန် အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံသို့ ကီလိုအမျိုးအစား ရေငုပ်သင်္ဘောတစင်း ပေးပို့ ရန်စီစဉ်ထား သည်။ ထိုရေငုပ်သင်္ဘော ပေးပို့ခြင်းသည် မြန်မာနိုင်ငံနှင့် သေနင်္ဂဗျူဟာ စစ်ရေး ပူးပေါင်းဆာင်ရွက်မှု တိုးချဲ့ရန် အိန္ဒိယ အကြွေးဖြင့်ရောင်းချပေးခြင်းဖြစ်သည်။
ထိုဖြစ်ရပ်မှာ အိန္ဒိယ-မြန်မာ သေနင်္ဂဗျူဟာနှင့် လုံခြုံရေးရာ ဆက်ဆံရေးတွင် မြင့်မားမှု အသစ်များကို ပြသလိုက် ခြင်းပင်ဖြစ်သကဲ့သို့ အိန္ဒိယသမုဒ္ဒရာ၏ အရှေ့မြောက်ပိုင်းက ဘင်္ဂလားပင်လယ်အော် ကမ်းခြေနိုင်ငံများသို့ ရေတပ် လက်နက်များတင်ပို့မှုတွင် တရုတ်နှင့်အိန္ဒိယတို့၏ အားပြိုင်မှုကိုလည်း ပြသနေသည်။
စစ်အေးခေတ်အတွင်းကမူ ကီလိုအမျိုးအစားရေငုပ်သင်္ဘောတစင်းသည် ဒီဇယ်နှင့်လျှပ်စစ်သုံးသည့် ကြောက်စရာ အကောင်းဆုံးလက်နက်ဖြစ်ပြီး ရေတိမ်ပိုင်းဒေသများ အတွက်လည်း ခြိမ်းခြောက်မှု ဖြစ်သည်။
လျှို့ဝှက်ဝင်ရောက်ခြင်းကို အားထားလျှင် ကီလိုအမျိုးအစား ရေငုပ်သင်္ဘောသည် သင့်တော်သည်။ ထို့အပြင် ၎င်းသည် လက်နက်ပိုင်းတွင်လည်း ရေပြင်မှ ဝေဟင်ပစ် ဒုံးကျည်တပ်ဆင်ထားသည့် ဒီဇယ် လျှပ်စစ်ရေငုပ်သင်္ဘော အနည်းငယ်တွင် ပါဝင်သည်။ သို့သော် ၎င်းတွင် ပိုမိုကြာရှည်စွာ ရေငုပ်နေနိုင် ပြီး လျှို့ဝှက်လှုပ်ရှားမှုကို ပိုမိုအထောက်အကူပြုသည့် အမှီ အခိုကင်းသော တွန်းအားစနစ် (AIP) ကဲ့သို့သော အရေးပါသည့် ခေတ်မီအစိတ်အပိုင်းများမရှိပေ။
ထိုအချက်ကို အားနည်းချက်အဖြစ် သတ်မှတ်ပါက AIP စနစ်တပ်ဆင်ထားသော တရုတ်လုပ် မင့် အမျိုးအစား ပုံစံ ၀၃၅၆ ရေငုပ်သင်္ဘောသည် ဘင်္ဂလားပင်လယ်အော်ရေတိမ်ပိုင်းတွင် မည်သည့် လျှို့ဝှက်လှုပ်ရှားမှု မဆို အသာစီးရနေသည်။ ထိုရေငုပ်သင်္ဘောမျိုးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၂၀၁၆ ခုနှစ်တွင် စတင်အသုံးပြုခဲ့သည်။
အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံသို့ ကီလိုအတန်းအစားရေငုပ်သင်္ဘောလွှဲပြောင်းပေးရသည့် အကြောင်း များလည်းရှိနေသည်။ ထိုကိစ္စသည် ဘင်္ဂလားပင်လယ်အော်မှ ပထဝီ သေနင်္ဂဗျူဟာနှင့် စစ်ရေးသြဇာ အခြေအနေကို မည်သို့သက်ရောက်စေ မည်ဆိုသော ထင်မြင်ချက်များမှာလည်း အမျိုးမျိုးဖြစ်နေသည်။
အိန္ဒိယသည် ၎င်း၏ အရှေ့ဖက်သို့မျက်နှာမူ ဆောင်ရွက်ရေးမူတွင် မြန်မာနိုင်ငံကို ခြေလှမ်းတခုအဖြစ် မြင်သည်။
ထိုမူဝါဒသည် ဘင်္ဂလားပင်လယ်အော်တွင် တရုတ်သြဇာကြီးထွားလာခြင်းကို တန်ပြန်ရန် အိန္ဒိယ နိုင်ငံ ၏ ဒေသတွင်း လုံခြုံရေးနှင့် နိုင်ငံရေးမူဝါဒဖြစ်သည်။ အိန္ဒိယသည် အရှေ့တောင်အာရှ နိုင်ငံများနှင့် ဆက်ဆံရေးတွင် မီလန်စစ်ရေး လေ့ကျင့်မှုနှင့် အိန္ဒိယသမုဒ္ဒရာ စစ်ဖက်ရေကြောင်း ဆွေးနွေးပွဲများမှ တဆင့် လုံခြုံရေးကိုလည်းထည့်သွင်းထားသည်။
မြန်မာနိုင်ငံသို့ ရေပြင်သုံး စစ်လက်နက်ကိရိယာများ တင်ပို့သည့် အိန္ဒိယ၏ လုပ်ရပ်သည် ကမ်းရိုး တန်းနိုင်ငံများသို့ တရုတ်နိုင်ငံက လက်နက်တင်ပို့မှုကို ထိခိုက်စေရန်နှင့် ဘင်္ဂလားပင်လယ်အော်ရှိ ကမ်းရိုးတမ်းနိုင်ငံများတွင် တရုတ် စစ်ရေး သြဇာကြီးထွားမှုကို တန်ပြန်ရန် ရည်ရွယ်သည်။
လက်တွေ့တွင် ထိုအစီအစဉ်သည် ဘင်္ဂလားပင်လယ်အော်တွင် အိန္ဒိယ၏ စစ်ရေးသြဇာ ခိုင်မာစေရန် လည်း အထောက် အကူပြုနေသည်။ ထို့အပြင် ၎င်းသည် ဘင်္ဂလားပင်လယ်အော်တွင် အိန္ဒိယနိုင်ငံ၏ ရေကြောင်းပထဝီ သေနင်္ဂဗျူဟာ အရေးပါမှု ရရှိရေး လုပ်ဆောင်မှုကိုလည်း ထင်ဟပ်နေသည်။
ဘင်္ဂလားပင်လယ်အော်တွင် ဒီဇယ်လျှပ်စစ်ရေငုပ်သင်္ဘော ဝယ်ယူမှုပြိုင်ပွဲသည် ၂၀၁၆ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်မှ BNS Joyjatra နှင့် BNS Nabajatra အမည်ရှိ မင့်အမျိုးအစား တရုတ်လုပ် ရေငုပ်သင်္ဘောနှစ်စင်း တရားဝင်ရယူလိုက်ချိန်မှ စတင်သည်။
မြန်မာနိုင်ငံသည်လည်း အိန္ဒိယနိုင်ငံက ပြည်တွင်းတွင် ပြန်လည်ပြင်ဆင်ထားသည့် ကီလိုအတန်း အစား ရေငုပ်သင်္ဘော ဝယ်ရန် အားထုတ်ခြင်း ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနိုင်ငံတို့၏ တရုတ်ထံမှ ရေငုပ် သင်္ဘောများဝယ်ယူခြင်းကို ချိန်ခွင်လျှာ ညှိခြင်းဖြစ်ကြောင်း သိနိုင်သည်။
မည်သို့ဆိုစေကာမူ ထောင်ချောက်များလည်းရှိနေသည်။ မြန်မာနိုင်ငံ၏ ရေငုပ်သင်္ဘောဝယ်ယူမည့် ကြေညာချက်သည် အဝေးမှ ဥသြဆွဲသံကဲ့သို့ ခရီးရောက်သည့် သက်ရောက်မှုများရှိပြီး အိန္ဒိယသည် ထိုအကျိုးဆက်များ၏ ပြင်ပတွင် ရှိမနေပေ။
ဘင်္ဂလားပင်လယ်အော်တွင် မြန်မာနိုင်ငံ၏ အရေးပါသော ပထဝီသေနင်္ဂဗျူဟာအရ မြန်မာနိုင်ငံသို့ ရေငုပ်သင်္ဘော လွှဲပြောင်းပေးခြင်းသည် သင့်တော်ပြီး ကြိုးကြောင်းဆီလျှော်သည်ဟု သုံးသပ်ရမည်။
သို့သော် တရုတ်နှင့် မြန်မာအကြား ရှုပ်ထွေးသော စစ်ရေးနှင့် စီးပွားရေးဆက်ဆံမှုများကို အကဲဖြတ် သောအခါ အခြေ အနေမှာ ပိုမိုရှုပ်ထွေးလာသည်။ လွတ်လပ်ရေးရရှိချိန်မှစတင်ပြီး မြန်မာနိုင်ငံသည် တရုတ်နှင့် ရှုပ်ထွေးသော ဆက်ဆံရေး များရှိပြီး သံတမန်ဆက်ဆံရေး အတက်အကျများစွာ ရှိသကဲ့သို့ စစ်ရေးအကူအညီနှင့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု တွင် အကြီးအကျယ်ပူးပေါင်းဆောင်ရွက် မှုရှိသည်။
ထို့ကြောင့်မြန်မာနိုင်ငံသည် တရုတ်နှင့် စစ်ရေးနှင့် စီးပွားရေးဆက်ဆံရေးကို ချိန်ညှိရာတွင် ကျွမ်းကျင် သည်။ ၂၀၁၄ ခုနှစ်မှ ၂၀၁၈ အတွင်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်း အဓိက တင်ပို့သောနိုင်ငံဖြစ်ကြောင်း စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေး သုတေသနဋ္ဌာနကဖေါ်ပြသည်။
ထို့အတွက် ကီလိုရေငုပ်သင်္ဘောကြောင့် မြန်မာနိုင်ငံအပေါ်တရုတ်စစ်ရေးသြဇာတွင် ရုတ်တရက်လှုပ်ခါ မှုဖြစ်သွားမည်ဟု မျှော်လင့်ခြင်းသည် အခြေအမြစ်မရှိပေ။
သို့သော် ရေငုပ်သင်္ဘောလွှဲပြောင်းပေးရန် အိန္ဒိယ၏ ဆုံးဖြတ်ချက်သည် ဆိုးကျိုးများဖြစ်လာနိုင်ပြီး ပြန်လည်ပြုပြင်ထား သော ကီလိုအတန်းအစား၏ နည်းပညာဆိုင်ရာ အသေးစိတ်များသည် မြန်မာမှတဆင့် တရုတ်နိုင်ငံသို့ရောက်ရှိ သွားနိုင်သည်။ အိန္ဒိယနိုင်ငံအနေဖြင့် သတိရှိနေသင့်သည်။
The Diplomat မဂ္ဂဇင်းပါ Kilo Impact in the Bay of Bengalကို ဆီလျော်အောင် ဘာသာပြန်ဆို သည်။