• English
Thursday, June 19, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ကြင်ရာတော်ကို ထိုင်းဘုရင် ဘာကြောင့် ဘွဲ့ပြန်သိမ်းသလဲ

by ဧရာဝတီ
29 October 2019
in ဆောင်းပါး
A A
ထိုင်းနိုင်ငံ၏ ဘုရင် မဟာ ဗာဂျီရာလောင်ကွန်း / Reuters

ထိုင်းနိုင်ငံ၏ ဘုရင် မဟာ ဗာဂျီရာလောင်ကွန်း / Reuters

88k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံ၏ ဘုရင် မဟာ ဗာဂျီရာလောင်ကွန်းက သူ၏ တော်ဝင် ကြင်ရာတော်ကို ရာထူးမှ ပြန်လည်ရုပ်သိမ်းလိုက်ပြီး ရက် အနည်းငယ် အကြာတွင် နောက်ထပ် အပြောင်းအလဲတခု အနေဖြင့် နန်းတော်မှ အရာရှိ ၆ ဦးကို ထုတ်ပယ်လိုက်သည်။ သူတို့၏ “အလွန်ဆိုးရွားသော အပြုအမူများကြောင့်” ရာထူးမှ ထုတ်ပယ်လိုက်ခြင်း ဖြစ်ကြောင်း အောက်တိုဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ဘုရင့် နန်းတော်၏ ကြေညာချက်တခုက ဆိုသည်။

ထို ၆ ဦးထဲတွင် အမျိုးသမီးတဦး၊ အကြီးတန်း ရဲ အရာရှိတဦး နှင့် တော်ဝင် အစောင့် ၂ ဦးတို့ ပါဝင်ပြီး အားလုံးမှာ နန်း တော်တွင် အလုပ်လုပ်သူများဖြစ်သည်။

RelatedPosts

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

19 June 2025
1k
ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

19 June 2025
929
ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

18 June 2025
5.5k

အောက်တိုဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အလွန်ထူးခြားသော ကြေညာချက်တစောင်တွင် တော်ဝင်ကြင်ရာ တော် ဆီနီးနတ် ဝုန်ဗာဂျီရာပက်ဒီ Sineenat Wongvajirapakdi ကို သူ၏ ဘွဲ့ထူးဂုဏ်ထူး အားလုံးပြန်လည် ရုပ်သိမ်းခဲ့သည်။ ရာစုနှစ် တခုနီးပါး ကာလတခုအတွင်းတွင် ပထမဦးဆုံး အနေဖြင့် ဘုရင်က သူ၏ တော်ဝင်ကြင်ရာတော်အဖြစ် အပ်နှင်းခဲ့ပြီး လအနည်းငယ် အကြာမှာပင် ပြန်လည်ဖယ်ရှား ခံခဲ့ရခြင်းဖြစ်သည်။

ကြင်ရာတော်အဖြစ် ခန့်အပ်ပြီးမှ ပြန်ရုပ်သိမ်းသွားခဲ့သူ ဆီနီးနတ် ဝုန်ဗာဂျီရာပက်ဒီနှင့် ထိုင်းဘုရင်/Reuters

မိုးကြိုးသွားကို ပိုင်ဆိုင်သူ

ရာမ ၁၀ ဟု တရားဝင်သိကြသည့် ဘုရင် မဟာ ဗာဂျီရာလောင်ကွန်းက သူ၏ ဖခင်ဖြစ်သူ နတ်ရွာစံ ဘုရင် ဘူမိဘော အဒူလယာဒတ် နတ်ရွာစံခဲ့ပြီး ၃ နှစ် နီးပါးကြာမြင့်ခဲ့သည့် ၂၀၁၉ ခုနှစ် မေလတွင် နန်းတက်ခဲ့သည်။

ထိုင်းနိုင်ငံမှ စာနယ်ဇင်း သတင်းမီဒီယာများအပေါ် ကန့်သတ်ထားမှုများ၏ ကျေးဇူးကြောင့် ဘုရင်သစ်နှင့် ပတ်သက်၍ ပို၍ အသိနည်းကြသည်။

ထိုင်းနိုင်ငံ၏ တော်ဝင် မိသားစုကို ကာကွယ်ပေးသည့် တင်းကျပ်သော ဥပဒေများက ဘုရင် သို့မဟုတ် တော်ဝင်မိသား စု ကို လူသိရှင်ကြား ဝေဖန်ခြင်းကို တားမြစ်ထားသည်။ ဘုရင်ကို စော်ကားပုတ်ခတ်သည့် အတွက် ထောင်ဒဏ် ၁၅ နှစ် အထိ ချမှတ်နိုင်သည်။

၂၀၁၆ ခုနှစ်တွင် ဖခင် ဘုရင် နတ်ရွာစံခဲ့ပြီးနောက် ထီးနန်းကို ဆက်ခံခဲ့သည့် အချိန်မှ စ၍ မဟာဗာဂျီရာလောင်ကွန်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသော စည်းမျဉ်းခံ ဘုရင်ဖြစ်ကြောင်း သက်သေပြခဲ့ပြီး ဖြစ်သည်။ တော်ဝင် ရေးရာ ကိစ္စများနှင့် ဘုရင်၏ ကြီးမားသော ဥစ္စာဓန အပေါ် တိုက်ရိုက်ထိန်းချုပ်မှုကို ပိုမိုရယူခဲ့သည်။ တော်ဝင် ထိုင်းတပ်မ တော်မှ တပ်ဖွဲ့ ၂ ခုကို သူ၏ ပုဂ္ဂိုလ်ရေးအရ ထိန်းချုပ်မှုအောက်သို့ ပြောင်းရွှေ့ခဲ့သည်။

မဟာဗာဂျီရာလောင်ကွန်းကို ၁၉၅၂ ခုနှစ်တွင် ဒုတိယမြောက် ရင်သွေး အနေဖြင့် မွေးဖွားခဲ့ သည်။ သူက ဘုရင်ဘူမိဘောနှင့် မိဖုရား ဆီရိခေတ် တို့၏ တဦးတည်းသော သားလည်းဖြစ်သည်။ သူ၏အမည်မှာ ထိုင်းဘာသာစကားဖြင့် “မိုးကြိုးသွားကို ပိုင်ဆိုင်သူ” ဟု အဓိပ္ပါယ်ရသည်။

ဆီနီးနတ် ဝုန်ဗာဂျီရာပက်ဒီ၏ တရားဝင်ဝက်ဆိုက်ပါ ဓာတ်ပုံများ/Reuters

၁၉၇၂ ခုနှစ် သူ့အသက် ၁၅ နှစ် တွင် အိမ်ရှေ့မင်းသားအဖြစ် အပ်နှင်းခြင်းခံခဲ့ရသော်လည်း အမှန်တကယ်အားဖြင့်မူ သူ၏ ကလေးဘဝ အချိန်အများစုကို ထိုင်းနိုင်ငံ အပြင်ဘက်တွင် ကုန်ဆုံးခဲ့ရသည်။ အသက် ၁၃ နှစ်မှ ၁၇ နှစ် အထိ အင်္ဂလန်တွင် ကျောင်းတက်ရန် စေလွှတ်ခြင်းခံခဲ့ရသည်။ ထို့နောက် သြစတြေးလျနိုင်ငံမှ စစ်တက္ကသိုလ်တွင် ၁၉၇၆ ခုနှစ် အထိတက် ရောက်ခဲ့သည်။

သြစတြေးလျနိုင်ငံ ကင်ဘာရာရှိ Duntroon တော်ဝင် စစ်ကောလိပ်မှ ကျောင်းဆင်းခဲ့ပြီးနောက် ထိုင်းတပ်မတော်သို့ ဝင်ရောက်ခဲ့ပြီး အရာရှိ တဦးအဖြစ်တာဝန်ထမ်း ဆောင်ခဲ့သည်။ သူ့ဘဝ၏ အချိန်အများစုတွင် စစ်အရာရှိ အဖြစ် လုပ်ကိုင်ခဲ့သည်။ သူက စစ်ဘက်နှင့် အရပ်ဘက် လေယာဉ် ၂ မျိုးလုံးကို မောင်းနှင်ရန် အရည်အချင်းပြည့်မီသော လေယာဉ်မှူးတဦး ဖြစ်သည်။ နိုင်ငံခြားသို့ ခရီးသွားသည့် အချိန်တွင် ကိုယ်ပိုင် ဘိုးအင်း ၇၃၇ လေယာဉ်ဖြင့် သွားသည်ဟု BBC သတင်းကပြောသည်။

ဖခင်ဖြစ်သူ ဘုရင် ဘူမိဘော၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် နတ်ရွာစံခဲ့ပြီးနောက် မဟာဗာဂျီရာလောင်ကွန်း က ရာမ ၁၀ ဘုရင် အဖြစ် ထီးနန်းကို ဆက်ခံခဲ့သည်။  သို့သော်လည်း နန်းတက်ပွဲကို နောက် ၃ နှစ်ကြာမှ သာ ကျင်းပပြုလုပ်ခဲ့သည်။ အဘယ့် ကြောင့်ဆိုသော် တိုင်းပြည်က သူ၏ ဖခင်အတွက် ဝမ်းနည်းပူဆွေးပြီး နောက်မှသာ နန်းတက်ရန် သူက ဆန္ဒရှိခဲ့သော ကြောင့် ဖြစ်သည်။

၂၀၁၉ ခုနှစ် မေလတွင် ပြုလုပ်ခဲ့သည့် ကာလရှည်ကြာစွာ စောင့်ဆိုင်းခဲ့ရသော နန်းတက်ပွဲက အလွန်ကြီးကျယ် သော အခမ်းအနားတခု ဖြစ်ခဲ့သည်။ လူ ၁၃၀၀ ခန့်နှင့် ဆင်များက ထိုင်းဘုရင့် နန်းတော်အနီးတွင်  ၆ နာရီခွဲကြာ စီတန်းချီတက်ခဲ့သည်။

အခမ်းအနားတခုလုံးက အစိုးရ အတွက် ဒေါ်လာ ၃၁ သန်း ကုန်ကျခဲ့သည်ဟု သိရသည်။ ထိုနေ့ အစောပိုင်းတွင် ဘုရင်သစ်က ထိပ်တွင် အိန္ဒိယနိုင်ငံမှ စိန်ဖြင့် တန်ဆာဆင်ထားသော ၇.၃ ကီလိုဂရမ် (၁၆ပေါင်)လေးသည့် သရ ဖူ တခုကို လည်းဆောင်းခဲ့သည်ဟု South China Morning Post သတင်းစာက ရေးသည်။

ဘုရင်က မိဖုရားတင်မြှောက်ခဲ့သူ စုသီတာနှင့် လက်ထပ်ထိမ်းမြားပွဲ/Reuters

ဘုရင်နှင့် သူ၏ မိန်းမများ

နန်းတက်ပွဲ မတိုင်မီ ၃ ရက်အလိုတွင် အံ့အားသင့်ဖွယ်ရာ အခမ်းအနားတခု အနေဖြင့် သူ၏ ကာလရှည်လက်တွဲဖော်နှင့် ပုဂ္ဂိုလ်ရေး သက်တော်စောင့် ဖြစ်သူနှင့် လက်ထပ်ခဲ့သည်။ မင်္ဂလာပွဲက အံ့အားသင့်စရာတခု ဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဗိုလ်ချုပ် စုသီတာ ဗာဂျီရာလောင်ကွန်း Suthida Vajiralongkorn နှင့် ဘုရင်၏ ရိုမန်းတစ် ဆက်ဆံရေးကို နန်းတော်က မည်သည့် အချိန်တွင်မှ အသိအမှတ် မပြုခဲ့သောကြောင့် ဖြစ်သည်။

မင်္ဂလာပွဲမှတ်တမ်းများတွင် ဘုရင့်ဘေးတွင်ထိုင်၍ ထိမ်းမြား လက်ထပ်သည့် စာရွက်စာတမ်းများကို လက်မှတ်ရေးထိုးခြင်း မပြုမီ စုသီတာက ဘုရင်၏ ရှေ့တွင် ဒူးထောက် ဦးညွတ် နေသည်ကို မြင်တွေ့ရသည်။ ထိုသို့ လက်ထပ်ခြင်းက မဟာဗာဂျီရာလောင်ကွန်းအတွက် ၄ ကြိမ်မြောက် ဖြစ်သည်။

ဘုရင်က လက်ထပ်လိုက်ခြင်းကြောင့် စုသီတာ အတွက် မိဖုရားနေရာက သေချာသွားခဲ့သည်။ နန်းတက်ပွဲ၏ ပျော်ပွဲရွှင်ပွဲများအတွင်း သူက ဘုရင်နှင့် အတူ နန်းတော်၏ လေသာဆောင်တွင် ရှိနေခဲ့သည်။

ဇူလိုင်လအတွင်း ဘုရင်က မြင့်မြတ်သော တော်ဝင် ကြင်ရာတော်ဘွဲ့ကို စစ်သူနာပြုဟောင်းတဦး ဖြစ်ပြီး သူ၏ ကာလရှည် အမျိုးသမီးမိတ်ဆွေ နောက်တယောက်အဖြစ် ယူဆကြသည့် ဆီနီးနတ် ဝုန်ဗာဂျီရာပက်ဒီကို အပ်နှင်းခဲ့သည်။ ဆီနီးနတ်သည် ၁၉၂၁ ခုနှစ်နောက်ပိုင်းတွင် ကြင်ရာတော်နေရာ၌ ပထမဆုံး တရားဝင် ပေးအပ်ခံရသူ ဖြစ်လာသည်။ အဆိုပါ အခမ်းအနားတွင် မိဖုရား စုသီတာက ခင်ပွန်းသည်၏ ဘေးတွင် ရှိနေခဲ့သည်။

တရားဝင် ထုတ်ပြန်ပေးခဲ့သော ဆီနီးနတ်၏ ဓာတ်ပုံတပုံ/Reuters

သြဂုတ်လ အတွင်း ဗိုက်ပေါ်ချက်ပေါ် အဝတ်အစားဖြင့် လေယာဉ်တစီးကို မောင်းနှင်နေသော ဆီနီးနတ်၏ ရှားပါး ဓာတ်ပုံများကို တရားဝင်ထုတ်ပေးခြင်းအားဖြင့် ထိုနေရာတွင် ဘဝက မည်သို့ ရှိသည်ကို ထိုင်းတော်ဝင် နန်းတော်က  တစွန်းတစ ထုတ်ပြခဲ့သည်။ အဆိုပါ ဓာတ်ပုံများ ထုတ်ပြန်ခဲ့ပြီးနောက်တွင် ထိုင်းဘုရင့်နန်းတော်၏ တရားဝင် ဝက်ဘ်ဆိုက်မှာ (ဝင်ရောက်ကြည့်ရှုသူ များလွန်းသည့်အတွက်) ရပ်ဆိုင်းသွားခဲ့ရကြောင်း ရိုက်တာသတင်းက ပြောသည်။

သို့သော်လည်း ဆီနီးနတ်က မိဖုရား စုသီတာကို ဆန့်ကျင်ရန် စီစဉ်နေသည်ဟု အောက်တိုဘာလအတွင်း ပေါ်ထွက်လာသည့် ဘုရင်၏ စွပ်စွဲချက်က ကြင်ရာတော်နှင့် မိဖုရားတို့ကြားမှ တင်းမာမှုကို အတည်ပြု ဖော်ထုတ်ခဲ့သည်။ ဆီနီးနတ်က သူကိုယ်တိုင် မိဖုရားဖြစ်ချင်ခဲ့ပြီး ဘုရင်က စုသီတာအား လက်ထပ်ခြင်းကို တားဆီးရန် ကြိုးစားခဲ့သည်ဟု နန်းတော်၏ ကြေညာချက်တစောင်က ပြောသည်။

ဘုရင်က ဆီနီးနတ် ဝုန်ဗာဂျီရာပက်ဒီကို တော်ဝင် ကြင်ယာတော် ဘွဲ့ပေးခြင်းအားဖြင့် အမျိုးသမီး ၂ ဦးကြားမှ တင်းမာမှုများကို ဖြေ လျှော့ရန် ကြိုးစားခဲ့သည်။ အလုပ်မဖြစ်ခဲ့သည့် အသွင်ရှိသည်။

ရာထူးအသစ် ရရှိခဲ့သည့်တိုင် ဆီနီးနတ်က သူ့ကိုယ်သူ မိဖုရား စုသီတာနှင့် တန်းတူ ဖြစ်စေမည့်အရာမှန်သမျှကို လုပ်ခဲ့ပြီး ဘုရင်နှင့် မိဖုရား တို့အပေါ် ရိုသေခြင်းမရှိခဲ့ဟု နန်းတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘုရင့်နန်းတက်ပွဲအပြီး လေသာဆောင်သို့ ဘုရင်နှင့် မိဖုရားအတူ ထွက်လာစဉ်/Reuters

သစ္စာဖောက်ဖျက်ခြင်းကြောင့် သူ့ကိုပေးအပ်ထားသည့် တော်ဝင်နှင့် စစ်ဘက်ဆိုင်ရာ ဘွဲ့ထူးဂုဏ်ထူးများ အားလုံးကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း ဘုရင်က လူသိရှင်ကြား ထုတ်ပြန်လာခဲ့သည်။

သို့သော် အောက်တိုဘာလ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်များတွင် အရာရှိ ၆ ဦးထုတ်ပယ် ခံရခြင်းနှင့် ဆီနီးနတ် ဖယ်ရှားခံရခြင်းကို တိုက်ရိုက် ဆက်စပ်ဖော်ပြထားခြင်း မရှိပါ။

ဘုရင်က မိန်းမ လိုက်စားသည့်နေရာတွင် ဂုဏ်သတင်းကျော်စောသည်။ သူသည် ယခင် လက်ထပ်ခဲ့သော အမျိုးသမီး ၃ ယောက်မှ မွေးဖွားသည့် ကလေး ၇ ယောက်၏ ဖခင်လည်း ဖြစ်သည်။ မကျေမလည် အဖုအထစ်များဖြင့် ကွာရှင်းခဲ့ရမှုများကလည်း အတိတ်တွင် ရှိနေသည်။

ဆရီရတ်စမီ Srirasmi အမည်ရှိ တတိယဇနီး၏ မိဘများကိုပင် သူက ဘုရင်ကို ဝေဖန်ပုတ်ခတ်မှုဆိုင်ရာ ဥပဒေများဖြင့် ထောင်ချခဲ့သည်။ ဘုရင်နှင့် ဆက်နွယ်မှုရှိ ခြင်းကို တတိယဇနီး၏ မိဘများက အလွဲသုံးစား ပြုလုပ်ခဲ့သည်ဟု သူက စွပ်စွဲခဲ့ကြောင်း BBC က ဆိုသည်။

You may also like these stories:

ထိုင်းဘုရင်တို့၏ နန်းတက်ပွဲ အစဉ်အလာများ

ဝန်ကြီးချုပ် ပရာရွတ်ဆီက ရွှေ့ပြောင်းနေတဲ့ ထိုင်းစစ်အာဏာ

လိပ်ကျွန်းအမှုမှ မြန်မာ ၂ ဦး အတွက် ထိုင်းဘုရင်ထံ အသနားခံစာတင်

Your Thoughts …
Tags: ကြင်ရာတော်ထိုင်းဘုရင်ဘွဲ့ပြန်သိမ်းမဟာဗာဂျီရာလောင်ကွန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဗြိတိနိုင်ငံသား ၂ ဦးအား သတ်မှုဖြင့် ထောင်ဒဏ် တသက် တကျွန်းကျနေသည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်း

ထိုင်းဘုရင် လွတ်ငြိမ်းချမ်းသာခွင့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့ မပါသေး

by ဧရာဝတီ
29 August 2022
11.9k

ဝင်းဇော်ထွန်းနှင့် ဇော်လင်း တို့ ၂ ဦးမှာ သေဒဏ်မှ ထောင်ဒဏ် တသက်တကျွန်းထိ လျှော့ပေးခံထား ရခြင်းမှာ မကြာသေးကြောင်း၊ ထောင်ကျနေသည်မှာ ၈ နှစ် မပြည့်ခြင်းတို့ကြောင့် ယခုတခေါက် လွတ်ငြိမ်းချမ်းသာ ခွင့်တွင် အကျုံးမဝင်ကြောင်း

ဗုဒ္ဓဟူးနေ့ တော်ဝင်ထိမ်းမြားပွဲတွင် တွေ့ရသော ထိုင်းဘုရင်မင်းမြတ်နှင့် စုသီတာမိဖုရား/Reuters / Reuters

နန်းတော်လုံခြုံရေးမှူးချုပ်ကို ထိုင်းဘုရင်က မိဖုရားမြှောက်

by ဧရာဝတီ
3 May 2019
26.5k

ရုပ်သံထုတ်လွှင့်မှုတွင် ဘုရင်သည် အဖြူရောင် ဝတ်စုံနှင့် မင်းမြှောက်တန်ဆာတို့ကို ဆင်မြန်းထားပြီး သတို့သမီးမှာ ပန်းရောင် ထိုင်းရိုးရာဝတ်စုံဖြင့် တွေ့ရသည်။

ထိုင်းဘုရင် မဟာဝိဇယ လောင်ကွန်း / File

ထိုင်းဘုရင်သစ် Siam Commercial Bank ၏ အဓိက ရှယ်ယာရှင်ဖြစ်လာ

by ဧရာဝတီ
10 October 2017
8.1k

ထိုင်းဘုရင် မဟာဝိဇယ လောင်ကွန်းသည် ဘုရင့်နန်းတော် ဘဏ္ဍာတော်ထိန်းဌာနက ထိုင်းကူးသန်း ရောင်းဝယ်ရေး ဘဏ် (SCB)၌ ထည့်ဝင်ထားသည့် အစုရှယ်ယာ အမေရိကန်ဒေါ်လာ သန်း၅၀၀ဖိုး လက်ခံရရှိပြီးနောက်၊ ယင်းဘဏ်၏ အဓိကကျ သည့် ရှယ်ယာရှင်တဦးဖြစ်လာကြောင်း Nikkei Asian...

အသက် ၆၇ နှစ်အရွယ် မင်းသမီး Ubolratana Rajakanya Sirivadhana Barnavadi / Reuters

ထိုင်းမင်းသမီး ဝန်ကြီးချုပ်လောင်း စာရင်းတင်မှု ထိုင်းဘုရင် သဘောမတူ

by ဧရာဝတီ
9 February 2019
36.5k

တော်ဝင်မိသားစုဝင်များ နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခြင်းသည် "မသင့်တော်"ဘဲ အခြေခံဥပဒေနှင့်လည်း မကိုက်ညီဟု ထိုင်းဘုရင် ရုပ်သံမှတဆင့် မိန့်ခွန်းပြောခဲ့သည်။

ထိုင်းဘုရင် ဂျာမနီ၌ အရုပ်သေနတ်ဖြင့် ပစ်ခံရ

ထိုင်းဘုရင် ဂျာမနီ၌ အရုပ်သေနတ်ဖြင့် ပစ်ခံရ

by ဧရာဝတီ
22 June 2017
15.1k

ဂျာမနီနိုင်ငံမှာ ရောက်ရှိနေတဲ့ ထိုင်းဘုရင် ဝဇီရာ လောင်ကွန်ဟာ မြူးနစ်မြို့အနီးရှိ အားဒင်းမှာ စက်ဘီးစီးနေစဉ် လူငယ် ၂ဦးက အရုပ်သေနတ်ဖြင့် ပန်းခြံအတွင်းမှ ပစ်ခတ်ခဲ့ကြောင်း၊ သို့သော် ထိခိုက် ဒဏ်ရမှုမရှိကြောင်း သိရပါတယ်။

၂၀၁၉ မေလ ၆ ရက်နေ့က  တော်ဝင်နန်းတော် ဝရံတာမှထွက်၍ လက်ပြ နှုတ်ဆက်ခဲ့သော ထိုင်းဘုရင်နှင့် မိဖုရား / Reuters

ရာဇဘိသိက်ခံယူပွဲ ထိုင်းဘုရင် ကျေနပ်

by ဧရာဝတီ
8 May 2019
8.7k

ထိုင်းဘုရင်သည် ထောင်နှင့်ချီသော ပြည်သူများကို ၎င်း၏ ရာဇဘိသိက် ခံယူပွဲ နောက်ဆုံးနေ့က တော်ဝင်နန်းတော် ဝရံတာမှထွက်၍ လက်ပြ နှုတ်ဆက်ခဲ့သည်။

Next Post
မင်းသားကြီး အာနိုးနဲ့ ဂျက်ကီချန်း

ဓာတ်ပုံ တပုံတည်းမှာ အတူတွဲမြင်တွေ့ရတဲ့ အက်ရှင် မင်းသားကြီး အာနိုးနဲ့ ဂျက်ကီချန်း

"Kingdom" စီးရီး Season 2

"Kingdom" စီးရီး Season 2 ကို လာမယ့်နှစ်အတွင်း Netflix တွင် ပြသမည်

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

5 days ago
5.7k
ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

1 day ago
5.5k

Most Read

  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

    shares
    Share 0 Tweet 0
  • ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate