၂၀၁၉ တနှစ်တာကာလအတွင်း ဖြစ်ပွားပေါ်ပေါက်ခဲ့သော ဖြစ်ရပ်များစွာကို ဧရာဝတီဓာတ်ပုံဆရာများ မှတ်တမ်းတင်ထားသည့် ဓာတ်ပုံများထဲမှ အကောင်းဆုံးဟု အယ်ဒီတာအဖွဲ့က သတ်မှတ်ယူဆသောပုံများကို ရွေးထုတ်ဖော်ပြလိုက်ပါသည်။
၇၁ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအဖြစ် ဗဟန်းဈေးတွင် အုန်းသီးလုနေသည့် ကလေးငယ်များ။
၂၀၁၉ ခုနှစ် တရုတ်နှစ်သစ်ကူး ကာလ လမ်းမတော်မြို့နယ်အတွင်း မီးပုံးများဖြင့် အလှဆင်ထားသည်ကို တွေ့ရစဉ်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း စစ်ကိုင်းကောင်းမှုတော်စေတီအား ထုံးသင်္ကန်းပြန်လည်ကပ်လှူနေမှုမြင်ကွင်း
ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဟုမ္မလင်းမြို့နယ်ရှိ တပ်မဟာ ၇၅၃ ၏ လွတ်မြောက်နယ်မြေ တနေရာတွင် ရှမ်းနီတပ်မတော် (SNA)၏ အခြေခံ စစ်ရေးနှင့် နိုင်ငံရေ မွန်းမံသင်တန်း ဆင်းပွဲတခုတွင် စစ်ရေးပြနေသော ရှမ်းနီတပ်ဖွဲ့ဝင်များ
မတ်လ ၂၇ ရက်နေ့တွင် ကျင်းပသော ၇၄ ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနားသို့ လေကြောင်းမှ လေယာဉ်များဖြင့် အလေးပြုစဉ်။
ရန်ကုန်မဟာသင်္ကြန်ဖွင့်ပွဲနေ့၊ မဟာဗန္ဓုလပန်းခြံဘေးရှိ လမ်းလေ ျှာက်သင်္ကြန်သို့ လာရောက်ရေကစားနေကြသူများ။
၂၀၁၉ ဧပြီလတွင် မြို့သာစက်မှုဥယျာဉ်မြို့တော်အတွင်းရှိဆေးခြောက်လျော်ပင်စီမံကိန်းအား ရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီးပြီး စောင့်ကြပ်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်တဦး။
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၏ ငြိမ်းချမ်းရေးနှစ် ၃၀ ပြည့်အခမ်းအနား ကျင်းပရန်အတွက် တပ်ဖွဲ့ဝင်များ စီတန်းနေစဉ်
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၏ ငြိမ်းချမ်းရေးနှစ် ၃၀ ပြည့်အခမ်းအနားတွင် ချီတက်အလေးပြုနေကြသော တပ်ဖွဲ့ဝင်များ
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၏ ငြိမ်းချမ်းရေးနှစ် ၃၀ ပြည့်အခမ်းအနားတွင် စီတန်းအလေးပြုနေကြသော တပ်ဖွဲ့ဝင်များ
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၏ ငြိမ်းချမ်းရေးနှစ် ၃၀ ပြည့်အခမ်းအနား ဖွင့်လှစ်သစ်ညတွင် မီးရှူးမီးပန်းများဖြင့် ပစ်ဖောက်အလေးပြု
ပုဒ်မ ၅၉ (စ) ကာကွယ်ရေးနှင့် ပုဒ်မ ၂၆၁ အား ပြင်ဆင်ရေးအတွက် အမျိုးဘာသာသာသနာစောင့်ရှောက်ရေး အင်အားစုများက မေလ ၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ချီတက်ဆန္ဒပြခဲ့ကြသည်။
၂၀၁၉ ခုနှစ် မေလတွင် ဘိလပ်မြေစက်ရုံစီမံကိန်းကြောင့် ဒေသခံများနှင့် ရဲတပ်ဖွဲအကြား ပဋိပက္ခဖြစ်ပွားခဲ့သည့် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာတွင် တဖက်စီမြင်တွေ့ရသော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများ
ဇွန်လ ၁ ရက်နေ့ ဖျက်သိမ်းခဲ့သော ပါရမီလမ်းနှင့် သံသုမာလမ်းထောင့်မှ ကျူးကျော်အိမ်များ။
ကလေးငယ်တစ်ဦးနှင့် နှုတ်ဆက်နေကြသည့် DKBA လက်ဖြောင့်စစ်သားတစ်ဦး
ဇွန်၃၀ရက်နေ့တွင်ကျင်းပသော မိုင်းလားနှစ် ၃၀ ပြည့်ပွဲတွင်မြင်တွေ့ရသည့် မိုင်းလားစစ်သည်များ
ရန်ကုန်တက္ကသိုလ်၊ ကံ့ကော်ဥယျာဉ်သို့ ရောက်ရှိလာသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အား ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ကျောင်းသားများက ဇူလိုင် ၂၀ ရက်နေ့တွင် ဆန္ဒပြနေစဉ်။
အာဇာနည်နေ့ အခမ်းအနားတွင် ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်သို့ လာရောက်ဂါရဝပြုရန် စောင့်ဆိုင်းနေသူ များပြားလျက်ရှိသောကြောင့် လူအချို့ တိုးဝှေ့နေရာမှ မူးလဲသူတဦးအား ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ အကူအညီပေးနေစဉ်။
အေအေအဖွဲ့က ဖမ်းဆီးခံထားသည့် ချင်းတိုင်းရင်းသားများကိုအြမန်ဆုံးပြန်လွှတ်ပေးအပါအဝင် တိုက်ပွဲများရပ် တန့်ရေးအတွက် ချင်းတိုင်းရင်းသား သုံးရာခန့်သည့် ဇူလိုင် ၁၃ရက် ရန်ကုန်မြို့ ဘူတာကြီးမှ မြို့တော်ခန်းမရှေ့ထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဇူလိုင် ၂၈ရက်နေ့ မန္တလေးမြို့ ကန်တော်ကြီးပတ်လမ်းအနီးရှိ ၉ အိမ်တန်း နေအိမ်အချို့အား ကျုးကျော်ဟုရှင်းလင်းဖယ်ရှားရာမှ ဖခင်ဖြစ်သူနှင့် အဖွားဖြစ်သူ အဖမ်းခံရသည့် အတွက် ငိုကြွေးနေသည့် ကလေးငယ်
၂၀၁၉ ဇူလိုင်လ ၈ရက်နေ့တွင်ပြုလုပ်ခဲ့သည့် မန္တလေးမြို့က ဗစ်တိုးရီးယားအမှုမှန်ဖော်ထုတ်ပေးရေးဆန္ဒပြပွဲ
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အခြေစိုက် နယ်ခြားစောင့်တပ်(BGF)များ၏ ၉ နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားအား သြဂုတ် ၂၀ ရက်နေ့တွင် မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်၌ ကျင်းပပြုလုပ်စဉ် ချီတက်အလေးပြုကြသော နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ
၂၀၁၉ ခုနှစ် သြဂုတ်လအတွင် ကမ္ဘာ့မွေနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံခဲ့ရသည့် ပုဂံမြို့ရှိ စေတီပုထိုးများ
သြဂုတ်လ ၁၅ရက်နေ့က ဖြစ်ပွားခဲ့သည့် မြောက်ပိုင်းမဟာမိတ်တို့ ဂုတ်တွင်းသို့လာရောက် တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့သည့် စစ်သည်များ
သြဂုတ်လ ၁၇ရက်နေ့ နိုင်ငံတော်အတိုင်ပင်ခံပဂ္ဂိုလ်တက်ရောက်ခဲ့သည့် မန္တလေးမြို့တွင်ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံအစားအစာပြပွဲ
သြဂုတ်လ ၉ ရက်နေ့မနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်မြေများ ပြိုကျကာ မြေသားအောက် ပိကျနေသူများ၏ ရုပ်အလောင်းများကို လူမှုကယ်ဆယ်ရေးအဖွဲ့များ မီးသတ်တပ်ဖွဲ့ဝင်များ တပ်မတော်သားများ ရဲတပ်ဖွဲ့ဝင်များ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ စုပေါင်းရှာဖွေ
သြဂုတ်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီးသွားသော သံဖြူဇရပ်နှင့် ရေးမြို့သို့သွားသည့် ကားလမ်းပိုင်းရှိ ဝဲဝင်္ကရာကျေးရွာ ချောင်းကူးတံတားလမ်းပိုင်း လတ်တလော အများပြည်သူ သွားလာနိုင်ရန်အတွက် တာဝန်ရှိသူများမှ ယာယီပြင်ဆင်
စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် TLNA နှင့် မြန်မာ့တပ်မတော် တိုက်ပွဲအတွင်း အတွင်းမြင်တွေ့ရသည့် TNLA တပ်ဖွဲ့ဝင်များ
စက်တင်ဘာလတွင် မြန်မာနိုင်ငံ၌ ကျင်းပခဲ့သည့် Myanmar International Series 2019 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာကြက်တောင်မယ် သက်ထားသူဇာ
စက်တင်ဘာလတွင် ဝင်္ဂဘောဆင်စခန်းသို့ ရောက်ရှိလာသော မိဘမဲ့ဆင်လြေးဖစ်သည့် ဧရာစိန် တွင် ရရှိထားသည့် ဒဏ်ရာအား ဆင်စခန်းမှ ဆရာဝန်နှင့် ဝန်ထမ်းများက ကုသပေးနေစဉ်
တောင်ကိုးရီးယား သမ္မတနှင့် ဇနီး စက်တင်ဘာလအတွင်း ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမျှော်
စက်တင်ဘာလအတွင်း ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းကျေးရွာအုပ်စု အထက်မြက်လဲရွာအနီးရှိ စစ်ဘေးရှောင်စခန်းတစ်ခုအတွင်းေနထိုင်သော ကလေးငယ်များ ဆော့ကစားနေစဉ်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရရှိရေးနှင့် လွတ်လပ်သည့် တရားစီရင်ရေး ရရှိရေးဟု ဆိုကာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်တွင် စက်တင်ဘာ ၉ ရက် မနက်ပိုင်းက စစ်ဘေးရှောင် ဒုက္ခသည်များ ဆန္ဒပြနေစဉ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ သံချပ်ကာယာဉ်များနှင့် လက်နက် အပြည့်အစုံ တပ်ဆင်ထားသော တပ်မတော်သားများကို သယ်ဆောင်လာသော စစ်ကားများက လှည့်ပတ်နေခဲ့စဉ်။
ကမ္ဘာ့မွေနှစ်စာရင်းဝင်ရန်ကြိုးစားခဲ့သော ရခိုင်ပြည်နယ် မြောက်ဦးဒေသအတွင်းရှိ ရှေးဟောင်းဘုရားများအား ၂၀၁၉ ခုနှစ်အတွင်း တိုက်ပွဲများဖြစ်ပွားနေချိန်တွင် ရိုက်ကူးမှတ်တမ်းတင်ခဲ့သည်။
အောက်တိုဘာတွင် ရှည်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင်ရှိသော ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ ဖွင့်လှစ်ထားသည့် စစ်ရှောင်ပညာရိပ်မွန်တစ်ခု၌ ပညာသင်ကြားနေသူတစ်ဦး။
ရန်ကုန်မြို့ ကြည့်မြင်တိုင် ကမ်းနားတွင် အောက်တိုဘာလ ၈ရက်နေ့က ပြုလုပ်ခဲ့သည့် ၂၅ ကြိမ်မြောက် သျှရီသျှရီ စန္ဒီမယ်တော် ရုပ်တုတော်များ ရေချပူဇော်ပွဲ
မန္တလေးမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် Myanmar Motocross လမ်းကြမ်းဆိုင်ကယ်စီးပြိုင်ပွဲမြင်ကွင်း
မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် ယနေ့မွန်းလွဲပိုင်းက မိုးသဲထန်မှုကြောင့် နတ်မောက်မြို့နှင့် လေးအိမ်ကျေးရွာ အကြားရှိ ကျွဲမကျချောင်းတွင် ရေကြီးမှု ဖြစ်ပွားနေစဉ် မော်တော်ဆိုင်ကယ်အား သယ်ယူပြီးဖြတ်သန်းနေကြသူများ။
နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်၌ ဆေးခြောက်တရားဝင်ဖြစ်မြောက်ရေး NJ မှ ဆေးခြောက်တရားဝင်အသုံးပြုရေးလူထုလှုပ်ရှားမှုကိုပြုလုပ်နေစဉ်။
နိုဝင်ဘာလတွင်ကျင်းပသော ၄၇ ကြိမ်မြောက် မဒေါက်ဒေသ တန်ဆောင်တိုင် မီးမျှောပွဲတော်
တောင်ကြီး တန်ဆောင်တိုင်တွင် လွှတ်တင်နေသော နေ့လွှတ်အရုပ်မီးပုံးတစ်လုံး
ကလောမြို့တွင် ကျင်းပသော မီးရှော်တိုင်ပွဲတော်
ICJ တွင် သွားရောက်ဖြေရှင်းသော ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲ
ဗစ်တိုးရီးရားအမှု အမှန်တရားပေါ်ပေါက်ရေးအတွက် ရန်ကုန်တွင် စုရုံးဆန္ဒပြချီတက်နေစဉ် တွေ့ရသော ဆန္ဒပြသူတဦး။
ခရစ်စမတ်ညတွင် ရန်ကုန်မြို့ရှိ စိန့်မေရီ ဘုရားရှိခိုးကျောင်းသို့ လာရောက်ဝတ်ပြုနေသည့် ယုံကြည်သူဘာသာဝင်တဦး။