ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီရဲ့ လုပ်ငန်းတွေကို တပ်မတော် ဘာကြောင့် ကန့်ကွက်သလဲ
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ နည်းမကျသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို မဆန့်ကျင်ကြောင်း တပ်မတော်နှင့် ဗိုလ်ချုပ်ဟောင်းများဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့
ထိုကိစ္စအားလုံးသည် NLD က ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆောင်ရွက် နိုင်ရန်အတွက်ဟုဆိုကာ ပူးပေါင်းကော်မတီတရပ် ဖွဲ့စည်းနိုင်ရေး တင်သွင်းခဲ့သည့် အရေးကြီးအဆိုက စတင်ခဲ့သည်။
ယခင်စစ်အစိုးရက ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် ညီညွတ်စေရန် ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ဖို့ ပူးပေါင်းကော်မတီကို လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီ ၁၄ ခု၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်များနှင့် တပ်မတော်သား ကိုယ်စားလှယ်များပါဝင်သည့် အဖွဲ့ဝင် ၄၅ ဦးဖြင့် ဖေဖော်ဝါရီလက ဖွဲ့စည်းခဲ့သည်။
ထိုကော်မတီဖွဲ့စည်းမှုကို တပ်မတော်နှင့် USDP ကိုယ်စားလှယ်များက တညီတညွတ်တည်း ကန့်ကွက်ခဲ့သည်။ သို့သော် NLD နှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် အများစုဖြစ်နေသည့် လွှတ်တော်က ကော်မတီဖွဲ့စည်းမှုကို အတည်ပြုခဲ့သည်။
ဤသို့ဖြင့် ပြီးခဲ့သည့် တနှစ်တာလုံးတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်သည် ကော်မတီကို ထောက်ခံသူများက တဖက်၊ တပ်မတော်နှင့် USDP ကိုယ်စားလှယ်များက တဖက်ဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းစဉ်အပေါ် ဆွေးနွေးမှုများဖြင့် ဆူညံခဲ့သည်။
မကြာခဏဆိုသလို လွှတ်တော်တွင်း ဆွေးနွေးမှုများသည် တင်းမာလာပြီး အပြန်အလှန် ထ၍ကန့်ကွက်မှုများအထိ ရှိခဲ့သဖြင့် လွှတ်တော်နာယကက သတိပေးခဲ့ရသည်များအထိ ရှိသည်။ လွှတ်တော်နာယက၏ ဆုံးဖြတ်ချက်အချို့ကို တပ်မတော်သားကိုယ်စားလှယ်များက မကျေနပ်မှုများလည်း ရှိခဲ့သည်။
လက်ရှိအချိန်တွင် ထိုကော်မတီသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေတရပ်လုံးကို လေ့လာသုံးသပ်ပြီးနောက် နိုင်ငံရေးပါတီအစုအဖွဲ့ အသီးသီး၏ အဆိုပြုချက်များကို စုစည်းကာ ဖွဲ့စည်းပုံပြင်ဆင်သည့် ဥပဒေကြမ်းတခုကို ရေးဆွဲနေသည်။
တပ်မတော်နှင့် ၎င်းနှင့်နီးစပ်မှုရှိသည့် USDP တို့က အထက်ပါကော်မတီ ဖွဲ့စည်းခြင်းကို ဆန့်ကျင်ခဲ့ပြီးနောက် ကော်မတီ၏ လုပ်ငန်းအားလုံးကို ဖွဲ့စည်းပုံအခြေခံဥပဒေအား ချိုးဖောက်နေသည်၊ ထိုလုပ်ရပ်များကြောင့် တိုင်းပြည်မတည်မငြိမ် ဖြစ်သွားနိုင်သည်ဟု ပြောသည်။ သို့သော် ထိုကော်မတီကို ယခင် USDP ဦးဆောင်သည့် အစိုးရလက်ထက်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီ ဖွဲ့စည်းသည့် လုပ်ထုံးလုပ်နည်းအတိုင်း ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ယခင်လွှတ်တော်က ပြင်ဆင်ရေး ကော်မတီသည် သိသာသည့် မည်သည့်ပြင်ဆင်ချက်မှ ဖြစ်စေခဲ့ခြင်း မရှိပေ။
ထို့ကြောင့် တပ်မတော်နှင့် USDP သည် ယခု လွှတ်တော်ကဖွဲ့စည်းသည့် ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီတွင် မပူးပေါင်းဘဲ သီးခြားအဆိုပြုပြင်ဆင်ချက်များ
ထိုမေးခွန်းကို မဖြေမီ တပ်မတော်က ဖွဲ့စည်းပုံတွင် မည်သည့်အချက်များ ပြင်ဆင်ရန် အဆိုပြုထားသည်ကိုသိလျှင် အထောက်အကူ ဖြစ်စေနိုင်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ဖေဖော်ဝါရီလက ဖွဲ့စည်းလိုက်ပြီးနောက် တပ်မတော်နှင့် USDP သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ တွင် ပြင်ဆင်ရန် တခုတည်းသော အဆိုပြုချက်ကို ပူးတွဲတင်သွင်းသည်။ ထိုပြင်ဆင်ရန် အဆိုပြုချက်အရ ဆိုလျှင် ပြည်နယ်နှင့်တိုင်းများ၏ ဝန်ကြီးချုပ်များကို သမ္မတက မခန့်ဘဲ ပြည်နယ်နှင့် တိုင်းလွှတ်တော်က ရွေးချယ်ရန်ဖြစ်သည်။ ထိုအဆိုပြုချက်သည် တိုင်းရင်းသားအခွင့်အရေးများကို မြှင့်တင်ရန်အတွက်ဖြစ်ကြောင်း သူတို့က ပြောသည်။
သို့သော် တိုင်းရင်းသားနိုင်ငံရေးသမားမျာ
“ပြည်နယ်တိုင်း ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာလွှတ်တော်က ရွေးရင် အခုလောလောဆယ် ဝန်ကြီးချုပ်ခန့်အပ်တဲ့ ကိစ္စမှာ ဘာမှ ပြောခွင့်မရတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေက ပြောခွင့် ရသွားမယ်။ လွှတ်တော်ရဲ့ ၂၅ ရာခိုင်နှုန်းကို ယူထားတဲ့ သူတို့က ဝန်ကြီးချုပ်ခန့်တဲ့ကိစ္စမှာ ပါဝင်ပတ်သက်လာလိမ့်မယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က ဧရာဝတီသတင်းဌာနသို့ မတ်လက ပြောကြားခဲ့သည်။
ပုဒ်မ ၂၆၁ ကို ပြင်လိုက်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေရှိ ဆက်စပ် ပုဒ်မများကိုပါ ရှေ့နောက်ညီညွတ်စေရန်အတွက် ပြင်ဆင်ရန် သုံးသပ်ရမည် ဖြစ်သည်။ ထို့ကြောင့် တပ်မတော်နှင့် USDP တို့၏ ပြင်ဆင်ရန် အဆိုပြုချက်ကို ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်တွင်သာ ထည့်သွင်းရန် ဆုံးဖြတ်ခဲ့ကြသည်။
၎င်းတို့၏ ပထမအဆိုပြုပြင်ဆင်ချက်ကို ပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်တွင် တပါတည်း ထည့်သွင်းမည်ကို တားဆီးရန် အားထုတ်မှု မအောင်မမြင်ဖြစ်ပြီးနောက် တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဥပဒေကြမ်း နှစ်ခုနှင့် USDP ကိုယ်စားလှယ်များနှင့်လည်း ပူးတွဲပြီး နောက်ထပ် ဥပဒေကြမ်းနှစ်ခုတို့ကို တခုပြီးတခု ဆက်တိုက်တင်ခဲ့သည်။
ထိုဥပဒေကြမ်းများတွင် သမ္မတ၏ အုပ်ချုပ်ရေးအာဏာကို လျှော့ချရန် ကြိုးပမ်းပြီး တပ်မတော်က လွှမ်းမိုးထားသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ လွှတ်တော်ကို ဖျက်သိမ်းရန်တင်ပြခွင့်အပါအဝင် အာဏာပိုမို ကျယ်ပြန့်စွာပေးရန် အားထုတ်ချက်များပါဝင်သည်။ မိသားစုတွင် ပြည်ပနိုင်ငံသားရှိလျှင် ပြည်ထောင်စု ဝန်ကြီး သို့မဟုတ် ဝန်ကြီးအဖြစ် ခန့်အပ်ခြင်းကို တားမြစ်သည့် အချက်လည်း ပါသည်။ ထိုအချက်သည် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း မြင်ကြသည်။
ထိုအဆိုပြုချက်များကို ကြည့်လျှင် တပ်မတော်သည် ၎င်းတို့၏ အကျိုးစီးပွားကို မထိခိုက်နိုင်သော ပြုပြင်ပြောင်းလဲမှု အနည်းငယ်ကိုသာ လုပ်ရန် ကြိုးပမ်းသည့်ပုံရှိပြီး တဖက်တွင် NLD နှင့် တိုင်းရင်းသားပါတီများက ဖွဲ့စည်းပုံရှိ ပုဒ်မအများစုကို ပြင်ဆင်ပြောင်းလဲရန် ကြိုးပမ်းလျှက် ရှိသည်ကို တွေ့ရသည်။
NLD နှင့်တိုင်းရင်းသားပါတီများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်အမျိုးမျိုးကို ပြ
“ပူးပေါင်းကော်မတီကိုဖွဲ့တာရဲ့ မူလရည်ရွယ်ချက်က ဖွဲ့စည်းပုံပြင်ဆင်ရေးကို အားလုံးပါဝင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ပါ။ ဒါပေမယ့်လို့ သူတို့က ကော်မတီမှာ ဆန္ဒမပြုကြဘူး။ အစည်းအဝေးတော့ တက်တယ်။ ဒါပေမယ့် ဘာမှ သဘောထားမှတ်ချက်မပြုဘူး။ သီးခြားတင်ထားတာတွေ ရှိတယ်။ ဘာကြောင့် အဲဒီလိုလုပ်လဲ၊ သူတို့ရဲ့ရည်ရွယ်ချက်နဲ့ ဦးတည်ချက်ဘယ်လိုရှိလဲ ဆိုတာတော့ သူတို့ပဲသိမှာလေ” ဟု ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေ
တပ်မတော်နှင့် USDP တို့က ယခုကဲ့သို့ ပူးပေါင်းကော်မတီတွင် မပူးပေါင်းဘဲ စင်ပြိုင်ပြီး သီးသန့်ဥပဒေကြမ်းများ တင်သွင်းခြင်းက လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ကသိကအောက်ဖြစ်စေကြောင်း NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်လည်းဖြစ်သူ ဦးအောင်ကြည်ညွှန့်က ပြောသည်။
ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အကြံပြုချက်များတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ နိုင်ငံတော် အခြေခံမူများတွင် ပြင်ဆင်ရန် အဆိုပြုချက် ရာနှင့်ချီ ပါဝင်သည်။ နိုင်ငံတော်အခြေခံမူများတွင် တပ်မတော်ကို နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်ထမ်းဆောင်ခွင့်၊ တပ်ပိုင်းဆိုင်ရာ ကိစ္စအားလုံးနှင့် လက်နက်ကိုင်တပ်ဖွဲ့များကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင်ခွင့် တပ်မတော်ကို ရစေသည့် ပြဋ္ဌာန်းချက်များနှင့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေး အပါအဝင် တပ်မတော်နှင့် တိုက်ရိုက်ပတ်သက်သည့် ပြဋ္ဌာန်းချက်များပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အနှစ်သာရ သို့မဟုတ် အခန်း ၁ မှ နိုင်ငံတော်၏ အခြေခံမူ ၄၈ ချက်ကို ထိခိုက်စေမည့် မည်သည့်ပြင်ဆင်ချက်မျှ လက်ခံမည်မဟုတ်ကြောင်း တပ်မတော်က သတိပေးထားသည်။
မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ရွေးကောက်ခံ ကိုယ်စားလှယ်အားလုံးက ပြင်ဆင်ရန်ထောက်ခံသည့်တိုင် တပ်မတော်၏ သဘောတူညီမှုကို လိုသောကြောင့် ကမာ္ဘတွင် ပြင်ဆင်ရန်အခက်ဆုံး အခြေခံဥပဒေဟု ဆိုကြသည်။
မည်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်ကိုမဆို လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံရန်လိုသည်ဟု ပုဒ်မ ၄၃၆ တွင် ပြဋ္ဌာန်းထားသည်။ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရှိနေသောကြောင့် တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးတွင် ဗီတိုအာဏာရရှိနေသည်။
တပ်မတော်နှင့် USDP တို့၏ အဆိုပြုချက်များနှင့်မတူဘဲ ယခုလအတွင်း တင်သွင်းမည်ဟု မျှော်လင့်ရသည့် ကော်မတီ၏ ဥပဒေကြမ်းတွင် တပ်မတော်က ပြင်ဆင်ရန် လက်သင့်မခံနိုင်သေးသည့်၊ ၎င်းတို့ကို အခွင့်ထူးများ ပေးအပ်ထားသည့် ပြဋ္ဌာန်းချက်များကို ပြင်ဆင်ရန် အဆိုပြုချက်များ ပါဝင်နိုင်သည်။
“တပ်မတော်က သဘောတူညီချက်မရှိရင် ဘယ်လိုမှပြင်လို့ရတဲ့ အခြေအနေမရှိဘူး။ ပြင်ဆင်ဖို့ ကြိုးပမ်းချက်တွေရှိပေမယ့်လည်း ရလဒ်က နည်းလိမ့်မယ်လို့ ကျနော်ထင်တယ်။ ကျနော်ထင်တာ ဒီသက်တမ်းအတွင်းမှာ ပြင်လို့ရရင်တောင်မှ ရနိုင်တာက ကျနော်တို့လိုချင်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို သွားနိုင်တဲ့ အခြေအနေမျိုးတော့ ရောက်လိမ့်ဦးမယ်မထင်ဘူး” ဟု ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူနှင့် ဖက်ဒရယ် ဒီမိုကရက်တစ် အင်အားစုဝင် ကိုမြအေးက ပြောသည်။
(San Yamin Aung ၏ Why Does the Myanmar Military Rebuff the Work of the Constitutional Amendment Committee? ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ဖွဲ့စည်းပုံပြင်ဆင်ရေး ကော်မတီ “နိုင်ထက်စီးနင်း” လုပ်ဟု တပ်မတော်ပြော
အမေရိကန် အရေးယူ ပိတ်ဆို့မှု နိုင်ငံရေး ဖိအားဟု တပ်မတော်ဆို
ကာ/လုံ အစည်းအဝေးခေါ်ရန် တပ်မတော်သား ကိုယ်စားလှယ် လွှတ်တော်တွင် တောင်းဆို