• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ထိုင်ဝမ်တွင် ဆိုင်းအင်ဝမ်း ပြန်နိုင်ခြင်းက တရုတ်ကို စိန်ခေါ်ချက်ဖြစ်

by ဧရာဝတီ
15 January 2020
in ဆောင်းပါး
A A
ဒုတိယအကြိမ် ရွေးကောက်ပွဲနိုင်အပြီ ဆိုင်းအင်ဝမ်း ကျေးဇူးတင်စကား ပြောစဉ် / Reuters

ဒုတိယအကြိမ် ရွေးကောက်ပွဲနိုင်အပြီ ဆိုင်းအင်ဝမ်း ကျေးဇူးတင်စကား ပြောစဉ် / Reuters

3.7k
VIEWS
Share on FacebookShare on Twitter

ထိုင်ဝမ်သမ္မတရွေးကောက်ပွဲတွင် ဆိုင်းအင်ဝမ်း Tsai Ing-wen  အနိုင်ရရှိသွားခြင်းက တရုတ်နိုင်ငံနှင့် ပတ်သက်၍ သူ၏ ပြင်းထန်သော ရပ်တည်ချက်ကို လူထုက ထောက်ခံကြောင်း သက်သေပြချက် ဖြစ်သည်။ သို့သော်လည်း ထိန်းချုပ် ခန့်မှန်းရန် ခက်ခဲသော ပြည်နယ်တခုအဖြစ် တရုတ်အစိုးရက ဖိအားပေးမှုများ တိုးမြှင့်လာအောင် လှုံ့ဆော်သလို ဖြစ်လာနိုင်သည့် အန္တရာယ်လည်း ရှိနေသည်။

ထိုင်ဝမ် ဒီမိုကရေစီကို အကောင်းဆုံးကာကွယ်ပေးသူ အဖြစ် သူ့ကိုယ်သူ သရုပ်ဖော်ထားသော ဆိုင်းအင်ဝမ်းက ၁၉၉၆ ခုနှစ်တွင် ကျင်းပခဲ့သည့် ထိုင်ဝမ်နိုင်ငံ၏ ပထမဆုံးအကြိမ် သမ္မတကို တိုက်ရိုက် ရွေးချယ်သော ရွေးကောက်ပွဲ နောက်ပိုင်းတွင် ကိုယ်စားလှယ်လောင်းများထဲ၌ မဲအများဆုံးရရှိသူ ဖြစ်လာခဲ့သည်။ သူ၏ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုတွင် သူက ဟောင်ကောင်ဆန္ဒပြသူများအား တရုတ်အစိုးရ၏ နှိမ်နင်းဖြိုခွဲမှုနှင့် ထိုင်ဝမ်တွင် ကြိုးစား ထူထောင် နေသော ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှု တို့ကို ပြောဆိုခဲ့သည်။

RelatedPosts

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

14 May 2025
7k
ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

14 May 2025
1.6k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13.2k

“ထိုင်ဝမ်နဲ့ ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံ အစိုးရက ခြိမ်းခြောက်မှုတွေကို လက်ခံမှာ မဟုတ်ဘူး ဆိုတာကို ဘေဂျင်း အာဏာပိုင်တွေ နားလည်မယ်လို့ မျှော်လင့်ပါတယ်” ဟု သူက စနေ့နေ့တွင် ပြန်လည်ရွေးချယ်တင်မြှောက်ခံခဲ့ရပြီး နောက် ပြုလုပ်ခဲ့သော နိုင်ငံတကာ သတင်းစာရှင်းလင်းပွဲတခုတွင် ပြောကြားခဲ့သည်။ “လေးစားမှုတွေပေါ်မှာ အခြေခံတဲ့ အပြုသဘောဆောင်တဲ့ ရေလက်ကြားဖြတ်ကျော် အပြန်အလှန်ဆက်ဆံမှုတွေက ကျမတို့ ပြည်သူတွေအပေါ် ဆက်ဆံဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲရဲ့ ရလဒ်က အဲဒီအဖြေကို အလွန်ပဲ ရှင်းလင်း ထင်ရှားအောင် ပြုလုပ်ပေးခဲ့ပါပြီ”

ရွေးကောက်ပွဲရလဒ်က ထိုင်ဝမ်နိုင်ငံသား အများစုက တရုတ်အစိုးရနှင့် အတိုက်အခံ ကူမင်တန် ပါတီတို့က ကိုင်စွဲထားသည့် နားလည်မှုတခုဖြစ်သော “၁၉၉၂ ခုနှစ် သဘောတူညီချက်”ကို နားယောင်ကြတော့မည် မဟုတ်ကြောင်း တရုတ်အစိုးရထံ ခိုင်မာသော သတင်းစကားတခု ပေးပို့ခဲ့သည်ဟု လေ့လာသုံးသပ်သူများက ပြောသည်။ အဆိုပါ ဝေါဟာရသည် ထိုင်ဝမ်ရေလက်ကြား၏ နှစ်ဖက်စလုံးက “တရုတ်တနိုင်ငံတည်း” ၏ အစိတ်အပိုင်းများ ဖြစ်သည်ဆိုသော အယူအဆကို ရည်ညွှန်းသော်လည်း ၂ ဘက်လုံးက အဓိပ္ပာယ်ကို ဖွင့်ဆိုခြင်းမရှိဘဲ ချန်ထားခဲ့သည်။

ထိုင်ဝမ်ရှိ Tunghai  တက္ကသိုလ်၏ Graduate Institute of Political Science မှ ပါမောက္ခ Pan Chao-min က ယခုအခါ တရုတ်နိုင်ငံက သံတမန်ရေး၊ စီးပွားရေးနှင့် စစ်ရေးမျက်နှာစာများတွင် ထိုင်ဝမ်နိုင်ငံအပေါ် ဖိအားပေးမှု များ တိုးမြှင့် လာဖွယ်ရှိသည်ဟု ပြောသည်။

“၂ ဘက်လုံးက နိုင်ငံရေးအရ ယုံကြည်မှု မရှိသလောက် ကင်းမဲ့နေခြင်းနဲ့ ဆက်သွယ်ရေးလမ်းကြောင်းများ မရှိခြင်းတို့ကြောင့် ဆိုင်းအင်ဝမ်း  ပြန်လည်ရွေးကောက်ခံရပြီးနောက်ပိုင်း ရေလက်ကြားဖြတ်ကျော် အပြန်အလှန်ဆက်ဆံရေးမှာ တင်းမာမှု မြင့်တက်လာနိုင်စရာရှိပါတယ်” ဟု Pan Chao-min က ပြောသည်။

“တရုတ်နိုင်ငံက ထိုင်ဝမ်ရဲ့ ကျန်ရှိနေသေးတဲ့ သံတမန်ရေးမဟာမိတ်တွေကို ဖယ်ရှားတဲ့ နေရာနဲ့ နိုင်ငံတကာ အဖွဲ့ အစည်းများနဲ့ အဖြစ်အပျက်တွေမှာ ပါဝင်ခြင်းကနေ ထိုင်ဝမ်နိုင်ငံကို တားဆီးရေး အားထုတ်မှုတွေကို ပိုပြီးခိုင်မာအောင် လုပ်လိမ့်မယ်ဆိုတာ ကျနော်တို့ ကြိုတင်ခန့်မှန်းလို့ ရပါတယ်” ဟု ပါမောက္ခက ပြောသည်။ “တရုတ် အစိုးရက ထိုင်ဝမ်စက်မှုလုပ်ငန်းနှင့် ကျွမ်းကျင်မှု အရည်အချင်း တွေကို ဖယ်ရှားပစ်ဖို့ မက်လုံးတွေ ပိုမိုပေးလာပါလိမ့်မယ်”

ဆိုင်းအင်ဝမ်း၏ ရွေးကောက်ပွဲအနိုင်ရရှိမှု အပေါ် တရုတ်နိုင်ငံက ပြင်းထန်စွာ အလျှင်အမြန် တုန့်ပြန်ခဲ့သည်။

“နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ တခုတည်းသောတရုတ်နိုင်ငံ မူဝါဒကို ဆက်လက်ကိုင်စွဲထားမယ်၊ “ထိုင်ဝမ် လွတ်လပ်ရေး” အတွက် ခွဲထွက်ရေး လှုပ်ရှားမှုတွေကို တရုတ် ပြည်သူတွေက ဆန့်ကျင်ရတဲ့ အကြောင်းရင်းကို နားလည် သဘောပေါက် ထောက်ခံကြမယ်၊ အမျိုးသားပြန်လည်ပေါင်းစည်းရေးကို နားလည် ကြလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ယုံကြည်ပါတယ် ” ဟု တရုတ်နိုင်ငံ ခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့် ရှိသူ Geng Shuang  က ပြောသည်။

တရုတ်ပြည်မကြီး နိုင်ငံတော် ကောင်စီ၏ ထိုင်ဝမ်ရေးရာရုံး မှ ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်သည့် Ma Xiaoguang ကလည်း “ ငြိမ်းချမ်းသော ပြန်လည်ပေါင်းစည်းရေး၊ ‘နိုင်ငံတနိုင်ငံ၊ စနစ် ၂မျိုး’ နဲ့ တခုတည်းသော တရုတ်နိုင်ငံ သဘောတရားတွေရဲ့ အခြေခံမူတွေကို ကျနော်တို့က ထိန်းသိမ်းထားပါတယ်”ဟု ပြောသည်။

ပြီးခဲ့သည့်နှစ်အစောပိုင်းတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က ထိုင်ဝမ်နှင့် ပြည်မကြီး ကြားမှ ပေါင်းစည်းမှု ပြီးမြောက်စေရေး အင်အားသုံးခြင်း လမ်းကြောင်းကို ပယ်လိမ့်မည်မဟုတ်ဟု ထပ်ပြောခဲ့သည်။

သို့သော်လည်း လွတ်လပ်ရေးကို ထောက်ခံသည့် Democratic Progressive ပါတီ(DPP )ကို ဦးဆောင်နေသော ဆိုင်းအင်ဝမ်းက တရုတ်နိုင်ငံက ထိုင်ဝမ်ကို ထိန်းချုပ်ရေး စစ်အင်အား အသုံးပြုခွင့်ရသွားနိုင်သည့် အခြေအနေမျိုး ဖန်တီးပေးမိခြင်းမှ ရှောင်ရှားရန် သတိပြုလုပ်ဆောင်ခဲ့သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ အချို့က ပြောသည်။

“အချုပ်အခြာအာဏာနဲ့ ပတ်သက်ရင် ကျော်လွှားလို့ မရတဲ့ တရုတ်အစိုးရရဲ့ အနီရောင်မျဉ်းကို DPP က တကယ်သိတယ်” ဟု Gavekal Research မှ အာရှရေးရာ လေ့လာသူ Vincent Tsui က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအပေါ်ထားရှိသော ဆိုင်းအင်ဝမ်း၏ သဘောထားက အနုနည်းဖြင့် တက်တက်ကြွကြွ တုန့်ပြန်မှုရှိခဲ့သည်ဟု သူက ဆိုသည်။

အနိုင်ရရှိပြီးနောက် ဆိုင်းအင်ဝမ်းက ဆွေးနွေးမှုများ စတင်ရန် စိတ်အားထက်သန်မှုကို ထပ်မံ ပြသခြင်းအားဖြင့် တရုတ်အစိုးရကို သံလွင်ခက်တခု ကမ်းခဲ့ပြီး ဖြစ်သည်။

“ ငြိမ်းချမ်းပြီး တည်ငြိမ်တဲ့ ရေလက်ကြားဖြတ်ကျော် ဆက်ဆံရေးက မပြောင်းလဲဘဲ ဆက်လက်ရှိနေဖို့ ကျမရဲ့ ကတိကို အလေးအနက်ပြောကြားလိုပါတယ်” ဟု ဆိုင်းအင်ဝမ်းက ပြောကြားခဲ့သည်။ ” ငြိမ်းချမ်းရေး၊ တန်းတူညီမျှမှု၊ ဒီမိုကရေစီ နဲ့ တွေ့ဆုံဆွေးနွေးမှုတွေက အပြုသဘောဆောင်တဲ့ ရေလက်ကြား ဖြတ်ကျော် အပြန်အလှန် ဆက်ဆံရေးများနဲ့ ရေရှည်တည်ငြိမ်တဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွက် သော့ချက်ဖြစ်ပါတယ်”ဟု သူက ဆက်ပြောသည်။

Virginia တက္ကသိုလ်နှင့် ဟောင်ကောင်တရုတ်တက္ကသိုလ် မှ စီးပွားရေးပညာရှင် Syaru Shirley Lin က ဆိုင်းအင်ဝမ်း၏ ပြတ်သားသော အနိုင်က တရုတ်နိုင်ငံအနေဖြင့် ထိုင်ဝမ်ဆိုင်ရာ မူဝါဒအား မဟာဗျူဟာကျကျ ပြန်လည်စဉ်းစားရန် လိုအပ်ကြောင်း ပြသခဲ့သည်ဟု ပြောသည်။

“တရုတ်အစိုးရ က ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကို အားလုံးကြည့်နေကြတယ်” ဟု Syaru Shirley Lin က ပြောသည်။ ထိုင်ဝမ်နှင့် အခြားကမာ္ဘ့နိုင်ငံများက တရုတ်နိုင်ငံအား  တာဝန်ယူနိုင်စွမ်း ရှိသူအဖြစ် မြင်ရရန် အကောင်းဆုံးကို မျှော်လင့် နေကြသည်ဟု သူက ထပ်ပြောသည်။

သို့သော်လည်း တရုတ်နိုင်ငံနှင့် ထိုင်ဝမ် နိုင်ငံတို့ကြားမှ ကွာဟချက်က ယခင်ကထက် ပိုမိုကြီးမားလာသည်ဟု သူက ဆိုသည်။ ဆိုင်းအင်ဝမ်းက ရွေးကောက်ပွဲတွင် ကြီးမားသော လုပ်ပိုင်ခွင့် ရရှိခဲ့ပြီးနောက် အချုပ်အခြာ အာဏာဆိုင်ရာကိစ္စတွင် အပေးအယူလုပ် ညှိနှိုင်းရေး နေရာပိုကျဉ်းသွားသည်ဟု Syaru Shirley Lin က ပြော သည်။ ထိုအချိန်တွင် ရှီကျင့်ဖျင်က ပိုမို၍ သေချာခိုင်မာစေရန် ဆန္ဒပြင်းပြနေပြီး သူ့အတွက် အခြေခံအဖြစ် သတ်မှတ် ထားသည့်ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် ပို၍ ပြင်းထန်သော နည်းလမ်းကို အသုံးပြုရန် စဉ်းစားနေသည်ဟု Syaru Shirley Lin က ဆိုသည်။

Notre Dame Liu Institute မှ အာရှနှင့်အာရှရေးရာ ပညာရှင် Sean King က ထိုင်ဝမ်နှင့် အမေရိကန် ဆက်ဆံရေးက လည်း ဆက်လက်၍ တိုးတက်နိုင်ကြောင်း ပြောသည်။ ထိုအချက်က ယခုအပတ်တွင် လက်မှတ်ရေးထိုးရန် စီစဉ်ထားသော တရုတ်နှင့် ကုန်သွယ်ရေး ကနဦး သဘောတူညီချက် နောက်ပိုင်းတွင် ထိုင်ဝမ်ကို အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဆက်လက်ထောက်ခံခြင်းပေါ်တွင် မူတည်သည်ဟု သူကဆိုသည်။

Sean King က အမေရိကန်အနေဖြင့် ထိုင်ဝမ်နှင့် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်ကဲ့သို့သော ကိစ္စမျိုးနှင့် ပတ်သက်၍ စေ့စပ်ညှိနှိုင်းမှုများ စတင်ရန် သို့မဟုတ် ဆိုင်းအင်ဝမ်းကို ဝါရှင်တန်သို့ ဖိတ်ခေါ်ရန်ပင် လှုပ်ရှားလာနိုင်သည်  ဟုဆိုသည်။

အမှန်တကယ်တွင်လည်း ဆိုင်းအင်ဝမ်းက ရွေးကောက်ပွဲအနိုင်ရပြီး နောက်တနေ့မနက်တွင် ထိုင်ဝမ်ရှိ အမေရိကန် သံရုံးသဖွယ်ဖြစ်သော American Institute ၏ ဒါရိုက်တာလည်း Brent Christensen နှင့် တွေ့ဆုံခဲ့သည်။ သူက Japan-Taiwan Exchange Association ၏ ဥက္ကဌ Mitsuo Ohashi နှင့်လည်း တွေ့ဆုံခဲ့သည်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က ကြေညာချက်တစောင်တွင် ဆိုင်းအင်ဝမ်းကို ဂုဏ်ပြုချီးကျူး ခဲ့သည်။ “သူရဲ့ခေါင်းဆောင်မှုအောက်မှာ ထိုင်ဝမ်နိုင်ငံဟာ ဒီမိုကရေစီ၊ ကြွယ်ဝချမ်းသာမှုနဲ့ ပြည်သူတွေအတွက် ပိုမို ကောင်းမွန်တဲ့လမ်းကြောင်းအတွက်ကြိုးပမ်းနေတဲ့နိုင်ငံတွေ အတွက် စံနမူနာအဖြစ် ဆက်လက်တည်ရှိလိမ့်မယ် လို့မျှော်လင့်ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားလိုက်သည်။

အမေရိကန်- တရုတ် ကုန်သွယ်ရေးစစ်ပွဲက ထိုင်ဝမ်စီးပွားရေး တရုတ်ဈေးကွက်အပေါ် မှီခိုအားထားမှုကို လျှော့ချရန် ဆိုင်းအင်ဝမ်း၏ အစိုးရအတွက် တွန်းအားဖြစ်စေခဲ့သည်။ အမေရိကန်နိုင်ငံက တရုတ်ကုန်ပစ္စည်းများအပေါ် အခွန် စည်းကြပ်လာမှုကြောင့် ထိုင်ဝမ်ကုမ္ပဏီများက သူတို့၏ ရင်းနှီးမြှုပ်နှံမှုများကို ပြည်မကြီးမှ နေ၍ ထိုင်ဝမ်သို့ ပြန်လည် ပြောင်းရွှေ့လာစေရန် ဖြစ်ခဲ့သည်။ အမှန်တကယ်အားဖြင့်လည်း ထိုင်ဝမ်၏ နိုင်ငံခြား တင်ပို့မှုက မောင်းနှင်သည့် စီးပွားရေးသည် ပြီးခဲ့သည့်နှစ်တွင် စင်ကာပူ၊ တောင်ကိုရီးယားနှင့် ဟောင်ကောင် စသည့် အာရှပြိုင်ဘက်များထက် သာလွန်ခဲ့သည်။

“ပို့ကုန်က တရုတ်နိုင်ငံအပေါ် အလွန်အမင်းမှီခိုနေရမှုကနေ ပိုမိုခြားနားကွဲပြားလာခြင်း၊ အစိုးရရဲ့ အထောက်အကူ ဖြစ်စေတဲ့ မူဝါဒများနဲ့ နည်းပညာဆိုင်ရာ အလှည့်အပြောင်းတွေက မောင်းနှင်အားတွေ ဖြစ်ပါတယ်” ဟု Natixis မှ ဟောင်ကောင်အခြေစိုက်စီးပွားရေးပညာရှင်များ ဖြစ်ကြသည့် Alicia Garcia Herrero နှင့် Gary Ng တို့က မကြာသေးမီက ထုတ်ပြန်ခဲ့သည် အစီရင်ခံစာ တစောင်တွင် ရေးသားခဲ့သည်။

တရုတ်နိုင်ငံသည် ထိုင်ဝမ်၏ အကြီးဆုံး ပို့ကုန်ဈေးကွက်ဖြစ်သော်လည်း အမေရိကန် သို့တင်ပို့မှုသည် ၂၀၁၉ ခုနှစ်တွင် ပထမ ၁၁ လတွင် ၁၈ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး တရုတ်နိုင်ငံသို့ တင်ပို့မှုက ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု လေ့လာဆန်းစစ်သူများက ပြောကြားခဲ့သည်။

ကွဲပြားခြားနားသော နိုင်ငံများအကြား နားလည်မှုကို မြှင့်တင်ရန် ကြိုးစားနေသော လူငယ်အဖွဲ့တခုဖြစ်သည့် Taiwan Digital Diplomacy Associationမှ  ညှိနှိုင်းရေးမှူး Joy Hu က ထိုင်ဝမ်၏ အနာဂတ် နိုင်ငံရေးလမ်းကြောင်းက စီးပွားရေး အကြောင်းခံနှင့် ခိုင်မြဲစွာ ဆက်စပ်နေသည်ဟု ယုံကြည်ထားသည်။

“ကျနော်တို့ တရုတ်ဈေးကွက်ကို အများကြီးမှီခိုနေမယ်ဆိုရင် နောက် အနှစ် ၂၀ သို့မဟုတ် ၃၀ ကြာရင် သူတို့က ကျနော်တို့ကို သိမ်းသွားလိမ့်မယ်” ဟု အသက် ၂၂ နှစ်အရွယ် Joy Hu က ပြောသည်။ “ကျနော်တို့က အန္တရာယ် ရှိတာတွေကို သီးခြားစီ ခွဲထုတ်ပစ်ဖို့ လိုပါတယ်”

(Nikkei Asian Review ပါ Tsai landslide risks China cranking up pressure on Taiwan ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

တောင်တရုတ်ပင်လယ်တွင် ရှီကျင့်ဖျင် အနိုင်ကျင့်နေသည်

တရုတ်သမ္မတ၏ မြန်မာခရီးစဉ်သည် BRI စီမံကိန်းများအတွက် ကတိကဝတ်ရရန် အားထုတ်မှုဟု ဆို

တရုတ်သမ္မတ ခရီးစဉ်အတွင်း ဆန်ကွဲ လွတ်လပ်စွာ တင်ပို့နိုင်ရေး MOU ရေးထိုးမည်

Your Thoughts …
Tags: ဆိုင်းအင်ဝမ်းထိုင်ဝမ်ရွေးကောက်ပွဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
31.4k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.5k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

တရုတ် ဘာဖြစ်ချင်နေသလဲ

တရုတ် ဘာဖြစ်ချင်နေသလဲ

by သက်ထားမောင်
26 July 2024
19.4k

NUG, PDF အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများသည် အနောက်နှင့်နီးစပ်၍ တရုတ်ဆန့်ကျင်လိမ့်မည်ဟု ယူဆပါက မှားယွင်းပေလိမ့်မည်။ မြန်မာပြည်ရှိ တရုတ်ဆန့်ကျင်ရေး အဓိကအင်အားစုမှာ မြန်မာစစ်တပ်သာ ဖြစ်သည်

စစ်ခေါင်းဆောင်နေရာ တည်မြဲရေး လူယုံများကို ရာထူးတိုးပေး

မင်းအောင်လှိုင်ရာထူး ဘယ်သူဆက်ခံမလဲ

by စွယ်တော်
12 September 2024
17.3k

၂၀၂၄ ခုနှစ်အတွင်း စစ်ဆင်ရေးအထူးအဖွဲ့မှူး ရာထူး ဒု ဗိုလ်ချုပ်ကြီးအဆင့်ရှိသူများတွင် DSA အပတ်စဉ် ၃၈ အထိ ပါဝင်လာခဲ့သည်။

Next Post
/ ဧရာဝတီ

တရုတ်သမ္မတ ခရီးစဉ်၌ ကျောက်ဖြူ စီးပွားရေးဇုန် လက်မှတ်ထိုးမည်ဆိုသည့် အပေါ် ဒေသခံများ သဘောထား

ဂြိုဟ်တုမှ ရိုက်ယူထားသော ဓာတ်ပုံ

သြစတြေးလျ တောမီးကြောင့် ထွက်ပေါ်လာတဲ့ မီးခိုးငွေ့များ ကမ္ဘာတဝှမ်းပျံ့နှံ့

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
7k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate