• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အမေရိကန် – တရုတ် ကုန်သွယ်ရေးစစ်ပွဲမှ အနိုင်ရသူများနှင့် အရှုံးသမားများ

by Natalie Sherman
18 January 2020
in ဆောင်းပါး
A A
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ် ဒုသမ္မတ လျူဟဲတို့  ပထမအဆင့် ကုန်သွယ်ရေး သဘောတူလက်မှတ်ရေးထိုးစဉ် / Reuters

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ် ဒုသမ္မတ လျူဟဲတို့ ပထမအဆင့် ကုန်သွယ်ရေး သဘောတူလက်မှတ်ရေးထိုးစဉ် / Reuters

11.6k
VIEWS
Share on FacebookShare on Twitter

၂ နှစ်ကျော် ကြာတင်းမာမှုများ မြင့်တက်ခဲ့ပြီးနောက် အမေရိကန်နှင့် တရုတ်နိုင်ငံတို့က ကုန်သွယ်မှုဆိုင်ရာ ပွတ်တိုက်မှုများ ပြေလည်စေရန် ရည်ရွယ်၍ သဘောတူညီချက် တခုကို ဗုဒ္ဓဟူးနေ့က လက်မှတ်ထိုးခဲ့ကြသည်။ ထိုသဘောတူညီချက်မှာ ခက်ခက်ခဲခဲ ရယူခဲ့ရခြင်း ဖြစ်သော်လည်း သူတို့၏ ကုန်သွယ်ရေးစစ်ပွဲမှနေ၍ သက်သာမှု မည်မျှ ပေးနိုင်လိမ့်မည် ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပါ။

အခွန်များ (အချို့ကိစ္စများတွင် နည်းပါးသည့်နှုန်းတခုဖြင့်) က ဆက်လက်ရှိနေမည် ဖြစ်သည်။ အဆိုပါသဘောတူညီချက်က ခံစားခဲ့ရပြီးဖြစ်သော ထိခိုက် ဆုံးရှုံးမှုများကို ကျော်လွှားရန် လုံလောက်သော အကျိုးအမြတ် ထုတ်လုပ်ပေးနိုင်ဖွယ်ရာ မရှိဟု လေ့လာဆန်းစစ်သူများက ပြောကြသည်။

RelatedPosts

ဖားကန့်မြို့

ဖားကန့်မြို့

20 July 2025
229
ထိုင်းနိုင်ငံရေးနဲ့ ရှင်နာဝပ်မျိုးဆက်တို့ အလှမ်း‌ဝေးလာ

ထိုင်းနိုင်ငံရေးနဲ့ ရှင်နာဝပ်မျိုးဆက်တို့ အလှမ်း‌ဝေးလာ

19 July 2025
764
နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

19 July 2025
6.8k

ယခု သဘောတူညီချက်ကြောင့် ကုန်သွယ်ရေးစစ်ပွဲမှနေ၍ အောင်နိုင်သူနှင့် အရှုံးသမားများကို လေ့လာကြည့်ခဲ့ပါသည်။

အနိုင်ရသူ – ဒေါ်နယ် ထရမ့်

အကောင်အထည် ပြနိုင်မှု အနည်းငယ်သာရှိသည်ဟု အချို့ဝေဖန်သူများက ဆိုကြသော်လည်း သဘောတူညီချက် လက်မှတ်ထိုးလိုက်နိုင်ခြင်းက အမေရိကန်သမ္မတ ထရမ့် အတွက် ကုန်သွယ်ရေးစစ်ပွဲကို နောက်တွင်ချန်ထားခဲ့ရန်နှင့် ၂၀၂၀ သမ္မတရွေးကောက်ပွဲသို့ ဦးတည်နေသည့် အချိန်တွင် အောင်မြင်မှုရရန် အခွင့်အလမ်းဖြစ်စေခဲ့သည်။

သဘောတူညီချက်က စိတ်သက်သာမှု ရစေနိုင်ပါသည်။ တရုတ်က မမျှတစွာ ကုန်သွယ်နေသည် ဆိုခြင်းကို အမေရိကန် နိုင်ငံသား အများစုက သဘောတူကြောင်း သဘောထားကောက်ယူမှု စစ်တမ်းများက ဖော်ပြနေသည်။ သို့သော် အများစုက လွတ်လပ်စွာ ကုန်သွယ်ရေးကို ထောက်ခံ၍ ကုန်သွယ်ခွန်များကို ဆန့်ကျင်ကြသည်။ အမှန်တကယ်အားဖြင့်လည်း ၂၀၁၈ ခုနှစ်တွင် ရီပတ်ဘလစ်ကင်များ ကွန်ဂရက်လွှတ်တော် အမတ်နေရာ အများအပြား ဆုံးရှုံးခဲ့ရသည်။ ထိုအပြောင်းအလဲကို စီးပွားရေးပညာရှင်များက ကုန်သွယ်ရေးစစ်ပွဲနှင့် ဆက်စပ်ပြခဲ့ကြသည်။

အနိုင်ရသူ – သမ္မတ ရှီကျင့်ဖျင်

တရုတ်နိုင်ငံက အမေရိကန် ဘဏ္ဍာရေးနှင့် ကားကုမ္ပဏီများ ဈေးကွက်ဝင်ရောက်ခွင့် ဖြေလျှော့ပေးခြင်းအပါအဝင် လုပ်ငန်းစဉ် အစောပိုင်းတွင် ကမ်းလှမ်းခဲ့သော စည်းကမ်းချက်များကို သဘောတူခြင်းအားဖြင့် လက်မှတ်ရေးထိုးခြင်း ထွက်ပေါ်လာသည့် အသွင်ရှိပါသည်။ ကိစ္စရပ်အများအပြားတွင် အခြားတိုင်းပြည်များမှ ကုမ္ပဏီများက အပြောင်းအလဲများမှ  အကျိုးကျေးဇူး ရရှိနေခဲ့ပြီး ဖြစ်သည်။

သမ္မတ ရှီကျင့်ဖျင်က သူ့အနေဖြင့် အမေရိကန်၏ တောင်းဆိုချက်များကို အလွယ်တကူ အလျှော့မပေးခဲ့ဟု ပြော၍ ရနိုင်သော်လည်း ၎င်းမှာ တရုတ်လူမျိုးများ အောင်ပွဲခံပြီဟု အဓိပ္ပာယ်ယူ၍ မရပါ။ အမေရိကန်ဘက်မှ တရုတ်ပစ္စည်းဝယ်လိုအား ၃ ပုံ ၁ ပုံ ကျဆင်းသွားခြင်းကြောင့် တရုတ်၏စီးပွားရေးတွင် ၀.၂၅ ရာခိုင်နှုန်း ထိခိုက် နစ်နာခဲ့ရသည်ဟု Federal Reserve (အမေရိကန် ဗဟိုဘဏ်) က ခန့်မှန်းခဲ့သည်။

အရှုံးသမားများ- အမေရိကန်ကုမ္ပဏီများနှင့် စားသုံးသူများ

သဘောတူညီချက်အသစ်က ဒေါ်လာ ၁၂၀ ဘီလျံတန်ဖိုးရှိသည့် ပစ္စည်းများ အပေါ် အခွန်ကောက်ခံရရှိမှု ထက်ဝက် ကျဆင်းသွားစေခဲ့သော်လည်း နောက်ထပ် တရုတ်ပစ္စည်းဒေါ်လာ ၃၆၀ ဘီလျံ ဖိုးနှင့်  ဒေါ်လာ ၁၀၀ ဘီလျံကျော်သည့် အမေရိကန်ပို့ကုန်များ အပေါ် သက်ရောက်မည့် ပိုမိုမြင့်မားသောအခွန်အခ အများစုက ဆက်လက် တည်ရှိ နေမည်ဖြစ်သည်။ ထိုအချက်က အမေရိကန်ပြည်သူများအတွက် သတင်းဆိုးပင်။

အဆိုပါ ကုန်ကျစရိတ်များ (ယခုအချိန် အထိ အမေရိကန်ဒေါ်လာ ၄၀ ဘီလျံကျော်ပြီ ဖြစ်သည်) ကို အမေရိကန် ကုမ္ပဏီများနှင့် စားသုံးသူများက လုံးလုံးလျားလျား ပေးနေခဲ့ရကြောင်း စီးပွားရေး ပညာရှင်များက တွေ့ရှိခဲ့ကြသည်။ အဆိုပါ ကိန်းဂဏန်းတွင် လက်တုန့်ပြန်မှုကြောင့် ဆုံးရှုံးခဲ့ရသော စီးပွားရေးအတိုင်းအတာကို ထည့်သွင်းတွက်ချက်ထား ခြင်း မရှိသေးပါ။

ယေဘုယျအားဖြင့် ဆိုလျှင် ကုန်သွယ်ခွန်နှင့် ပတ်သက်သော မသေချာ မရေရာမှုများနှင့် ကုန်ကျစရိတ်များ ကြောင့် အမေရိကန်စီးပွားရေးတိုးတက်မှု ၀.၃ ရာခိုင်နှုန်း ကျဆင်းသွားပြီး ၂၀၁၈ ခုနှစ်မှစ၍ အိမ်ထောင်စုဝင်ငွေက ပျမ်းမျှဒေါ်လာ ၅၈၀ လျော့ကျခဲ့သည်ဟု ကွန်ဂရက်လွှတ်တော် ဘတ်ဂျက်ရုံး (CBO) က ခန့်မှန်းထားသည်။

CBO ၏ ခန့်မှန်းချက်တွင် (တရုတ်နိုင်ငံနှင့် သက်ဆိုင်သည်များသာမက) ၂၀၁၈ ခုနှစ်ဇန်နဝါရီလမှ စတင်၍ စည်းကြပ်သည့် အခွန်အသစ်များအားလုံးကို ထည့်သွင်းစဉ်းစားထားသည်။ သို့သော်လည်း ပို၍ အကန့်အသတ်ရှိသည့် တွက်ချက်မှုများကလည်း အလားတူတွေ့ရှိချက်များကိုပင် ထွက်စေလိမ့်မည်ဟု လေ့လာဆန်းစစ်သူများက ပြောကြသည်။

အရှုံးသမားများ- လယ်သမားများနှင့် ကုန်ပစ္စည်း ထုတ်လုပ်သူများ

သဘောတူညီချက်သစ်က ၂ နှစ်အတွင်းတွင် အမေရိကန်ဒေါ်လာ ၂၀၀ ဘီလျံအထိ တန်ဖိုးရှိသော ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုများ၊ စိုက်ပျိုးရေးနှင့် စွမ်းအင် ဝယ်ယူမှုများကို ၂၀၁၇ ခုနှစ်က အဆင့်အတိုင်း တိုးမြှင့်ပေးရန် တရုတ်နိုင်ငံကို ကတိပြုခဲ့သည်။

၎င်းထဲတွင် တနှစ်လျှင် အမေရိကန်ဒေါ်လာ ၅၀ ဘီလျံ တန်ဖိုးရှိသော စိုက်ပျိုးရေးကုန်ပစ္စည်းများ ပါဝင်နိုင်သည်ဟု ဒေါ်နယ်ထရမ့်ကပြောထားခဲ့ပြီး ဖြစ်သည်။

သို့သော် တရားဝင် ကိန်းဂဏန်းများက နည်းပါးနေသေးပြီး ရရှိနိုင်သည့် အချက်အလက်များအပေါ် လေ့လာဆန်းစစ် သူများက သံသယ ဝင်ကြသည်။ ၎င်းတို့၏  ဝယ်ယူမှုက ဈေးကွက် ဝယ်လိုအားပေါ်တွင် မူတည်လိမ့်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံက ပြောထားပြီး ဖြစ်သည်။ ယခုအချိန်အထိ စီးပွားရေးအပေါ်တွင် အဓိကသက်ရောက်မှုက နာကျင်ဆဲ ဖြစ်သည်။

တရုတ် ကုန်သွယ်ခွန်များ၏ ပစ်မှတ်ထားခြင်းခံရသော အမေရိကန် လယ်သမားများ ဒေဝါလီခံမှုများမြင့်တက်သည်ကို မြင်တွေ့ခဲ့ရပြီး ဖြစ်ကာ ဖက်ဒရယ်အစိုးရက ဒေါ်လာ ၂၈ ဘီလျံအထိ အထောက်အပံ့ပေးခဲ့ရသည်။

ကုန်ပစ္စည်း ထုတ်လုပ်သူများထဲတွင်  မြင့်မားသော သွင်းကုန်စားရိတ်နှင့် တရုတ်နိုင်ငံ၏ လက်တုန့်ပြန်မှုကြောင့် အလုပ်အကိုင်ဆုံးရှုံးမှုများကို Federal Reserve က တွေ့ရှိခဲ့ရသည်။

ရေရှည်တွင် အမေရိကန်ကုမ္ပဏီများက ကုန်သွယ်ခွန်များကို ရှောင်ရှားရန် ထောက်ပံ့မှုကွင်းဆက် လမ်းကြောင်းများကို တရုတ်နိုင်ငံနှင့် ဝေးရာသို့ ပြောင်းရွှေ့လာကြနိုင်ပါသည်။ သို့သော်လည်း ကုန်ကျစားရိတ် ကြီးသော အလားအလာတခု ဖြစ်သည်။

အနိုင်ရရှိသူများ – ထိုင်ဝမ်၊ ဗီယက်နမ်၊ မက္ကဆီကို

တကမာ္ဘလုံးအတိုင်းအတာအရဆိုလျှင် ကုန်သွယ်ရေးစစ်ပွဲက GDP တိုးတက်မှု၏ ၀.၅ ရာခိုင်နှုန်းထက် ပို၍ လျော့ကျစေလိမ့်မည်ဟု စီးပွားရေးပညာရှင်များက ခန့်မှန်းကြသည်။ သို့သော်လည်း အချို့သောနိုင်ငံများက ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၁၆၅ ဘီလျံကို လမ်းကြောင်းပြောင်းစေခဲ့သည့် ထိုတိုက်ပွဲမှ အကျိုးအမြတ်များ ရရှိခဲ့ကြသည်။

Nomura မှ လေ့လာ ဆန်းစစ်သူများက ဗီယက်နမ် န်ိုင်ငံကို အမြင့်ဆုံး အကျိုးအမြတ် ရရှိနိုင်သည့်နိုင်ငံအဖြစ် သတ်မှတ်ပြီး ထိုင်ဝမ်၊ မက္ကဆီကိုနှင့် ဗီယက်နမ်တို့တွင် ပြီးခဲ့သည့်နှစ်က အမေရိကန်အမှာစာများ အလွန်များလာသည်ကို ကုလသမဂ္ဂက တွေ့ရှိခဲ့ရသည်။

အမေရိကန်၏ တင်သွင်းမှု တိုးတက်ခြင်းက မက္ကဆီကို၏စီးပွားရေးတိုးတက်မှုကို ၀.၂ ရာခိုင်နှုန်းကျော် တိုးမြှင့်ပေးခဲ့သည်ကို Federal Reserve က တွေ့ရှိခဲ့ရသည်။

အဆိုပါ အစီအစဉ်များထဲမှ တချို့သည် ယခု သဘောတူညီချက်က ထိုးနှက်နိုင်ဖွယ် ရှိပါသည်။

အရှုံးသမားများ – ဝါရှင်တန်မှ တရုတ်ဝေဖန်ရေးသမားများ

တရုတ်နိုင်ငံက ရာဇဝတ်ကြောင်း အရ တရားစွဲဆိုမှု အတိုင်းအတာကို လျှော့ချပေးခြင်းနှင့် ပြစ်ဒဏ်များတိုးမြှင့်ခြင်း အပါအဝင် ဉာဏပစ္စည်းမူပိုင်ခွင့် အတွက် အကာအကွယ်အသစ်များကို လက်ခံရန် သဘောတူခဲ့သည်ဟု အမေရိကန်က ပြောသည်။ အလွန်အရေးကြီးသည်မှာ သူတို့အနေဖြင့် ထိုကဲ့သို့သော အငြင်းပွားမှုများကို ဖြေရှင်းရန် နည်းလမ်းတခုကို သဘောတူထားပြီး ဖြစ်သည်ဟု ၂ ဘက်စလုံးက ပြောခဲ့သည်။ ၎င်း အချက်များသည် ကုန်သွယ်ရေးစစ်ပွဲကို အစပျိုးပေးသည်ဟု ယူဆရသည့် ကိစ္စများထဲတွင် ပါဝင်သည်။

သို့သော်လည်း ကတိကဝတ်အသစ်များသည် တရုတ်နိုင်ငံ ယခင်က ပေးခဲ့ပြီးဖြစ်သော ကတိကဝတ်များနှင့် ကွဲပြားခြားနားမှု ရှိ/မရှိ မသဲကွဲကြောင်း လေ့လာဆန်းစစ်သူများက ပြောကြသည်။ ထို့ပြင် သဘောတူညီချက် အသစ်သည် တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးဆိုင်ရာ အလေ့အထများနှင့် ပတ်သက်သည့် အမေရိကန်က အဓိက စောဒက တက်သော အချက်တချို့ကို မဖြေရှင်းပေးပါ။

ဒုတိယအဆင့်ဖြစ်သော အဆင့် ၂ သဘောတူညီချက်တွင် နောက်ထပ် ကိစ္စများကို ဖြေရှင်းသွားမည်ဟု အိမ်ဖြူတော်က ပြောသည်။ သို့သော်လည်း မကြာတော့မည့် အချိန်တွင် တစုံတရာ ခိုင်ခိုင်မာမာ ဖြစ်လာလိမ့်မည်ဟု သူတို့ မမျှော်လင့်ကြောင်း လေ့လာဆန်းစစ်သူများက ပြောကြသည်။

(BBC ၏ US-China trade deal: Winners and losers ကို ဆီလျော်အောင် ဘာသာပြန်သည်။)

You may also like these stories:

စိန်ခေါ်မှုများကြောင့် ၂၀၂၀ မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်း ၆.၄ ရာခိုင်နှုန်းသာ ကမ္ဘာ့ဘဏ်ခန့်မှန်း

ကျနော်တို့ရဲ့ စီးပွားရေးဟာ တဖြည်းဖြည်း ထိုင်စားတဲ့ စီးပွားရေး ဖြစ်လာနေတယ်

ဧရာဝတီမြစ်ကြောင်းဖွံ့ဖြိုးရေး စီမံကိန်း တရုတ် ဆွယ်နေ

တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် စီမံကိန်းများ အောင်မြင်နိုင်သလား

Your Thoughts …
Tags: ကုန်သွယ်ရေးစစ်ပွဲအနိုင်ရသူများအမေရိကန်- တရုတ်အရှုံးသမားများ
Natalie Sherman

Natalie Sherman

Similar Picks:

ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲနှင့် တရုတ် ဝှက်ဖဲ

ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲနှင့် တရုတ် ဝှက်ဖဲ

by Nectar Gan နှင့် John Liu
21 April 2025
5.2k

အမေရိကန် ပြည်ထောင်စုနှင့် အခြားနိုင်ငံများသည် ထိုသန့်စင်ပြီး သတ္တုများ ရရှိရေးအတွက် တရုတ်၏ ဖြန့်ချိမှုကို မှီခိုနေရသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။

ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

by သက်ထားမောင်
14 May 2025
2.9k

မြန်မာစစ်ကောင်စီကမူ ရုရှားနှင့်တရုတ်အတွက် ဈေးအပေါဆုံး ရုပ်သေးအစိုးရဖြစ်၏။

ဗီယက်နမ်ရှိ စက်ရုံတရုံတွင် လျှပ်ကူးဆားကစ်ပြားများ ထုတ်လုပ်မှုကို စစ်ဆေးကြည့်ရှုနေစဉ် / Reuters

ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ်ရင်းနှီးမြှုပ်နှံမှုများ အရှေ့တောင်အာရှသို့ ရောက်လာ

by ဧရာဝတီ
11 June 2019
12.8k

တရုတ်ကုမ္ပဏီများသည် အမေရိကန် ချမှတ်သော အခွန်ကို ရှောင်ရှားရန် အရှေ့တောင်အာရှတွင် ရင်းနှီးမြှုပ်နှံမှုကို အကြီးအကျယ်တိုးချဲ့လာသည်။

သန့်စင်ပြီး ရှားပါးမြေ သတ္တုများ နမူနာ ပြသထားစဉ် / Reuters

ရှားပါးသတ္တုဖြင့် အမေရိကန်ကို တန်ပြန်ထိုးနှက်ရန် တရုတ်အသင့်ရှိ

by ဧရာဝတီ
30 May 2019
32.9k

ကုန်သွယ်ရေးစစ်ပွဲတွင် တုံ့ပြန်တိုက်ခိုက်ရေးအတွက် ရှားပါးသတ္တု သုံးစွဲရန် တရုတ်က အသင့်ရှိကြောင်း တရုတ်ကွန်မြူနစ်ပါတီအာဘော် သတင်းစာက သတိပေးလိုက်သည်။

ရှားပါးမြေ သတ္တု ရောင်းဝယ်ရေးသည် ကုန်သွယ်ရေးစစ်ပွဲတွင် အပေးအယူလုပ်ရန် အရေးပါလာမည် / Reuters

ရှားပါးသတ္ထု တင်ပို့မှု ပိတ်ပင်ခြင်းဖြင့် အမေရိကန် စီးပွားရေးကို ဘေ့ဂျင်း ထိုးနှက်နိုင်

by ဧရာဝတီ
25 May 2019
18.9k

အမေရိကန် စီးပွားရေး၏ ကျယ်ပြန့်လှသော နယ်ပယ်များအတွက် အရေးပါသည့် ပစ္စည်းများ ရောင်းချခြင်းကို တရုတ်က ဖြတ်တောက် နိုင်မလား။

 ကျန်ဇီ ပြည်နယ်ရှိ ရှားပါးမြေထုတ်လုပ်သော လုပ်ငန်းတခုသို့ တရုတ်သမ္မတ ရှီကျင့်ဖျင် သွားရောက်ခဲ့စဉ် / Xinhua

မြန်မာမှ ရှားပါးမြေ တင်သွင်းမှု တရုတ် ပိတ်ပင်သောကြောင့် ဈေး ရုတ်တရက်တက်

by ဧရာဝတီ
24 May 2019
47.1k

တရုတ်နိုင်ငံ၏ ၂၀၁၈ ခုနှစ်က medium-heavy ရှားပါးမြေ တင်သွင်းမှု၏ ၅၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံက တင်ပို့ပေးသည်ဟု ဆိုသည်။ 

Next Post
ပြည်နှင်ဒဏ်ပေးခံရသည့် မြန်မာအလုပ်သမားများ / FED

အထောက်အထားမခိုင်လုံသော မြန်မာအလုပ်သမား ၆၈ ဦး ထိုင်းအစိုးရ ပြည်နှင်ဒဏ်ပေး

မြန်မာ့ဆန္ဒ

မြန်မာ့ဆန္ဒ

No Result
View All Result

Recommended

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

2 days ago
5.2k
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

4 days ago
5.1k

Most Read

  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate