• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ရဲဒင်းလက်စွမ်းပြပြီး ဗီလိန်ဖြစ်သွားတဲ့ ဗိုလ်ချုပ်ဈေး စည်ပင်

by မေစစ်ပိုင်
22 January 2020
in ဆောင်းပါး
A A
လိမ္မော်သီးရောင်းချသည့် ဈေးသည် ဦးသိန်းထွန်း  / ထက်ဝေ / ဧရာဝတီ

လိမ္မော်သီးရောင်းချသည့် ဈေးသည် ဦးသိန်းထွန်း / ထက်ဝေ / ဧရာဝတီ

45.9k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့လယ်ခေါင် ဗိုလ်ချုပ်အောင်ဆန်း ဈေးရှေ့မှာ အသီးတွေ ရောင်းချလို့ ဆိုပြီး ခေါင်းရွက်ဗြက်ထိုး ဈေးသည် အဘ ဦးသိန်းထွန်းရဲ့ အသီးတွေကို စည်ပင်ဝန်ထမ်းတွေက သူ့မျက်စိရှေ့မှာတင် ဇိမ်ပြေနပြေ ဖျက်ဆီးတဲ့ ရုပ်သံဖိုင်ဟာ လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာမှာ ယမန်နေ့ညက ပေါ်ထွက်လာခဲ့ပါတယ်။

အသက် ၇၁ နှစ် အရွယ်ရှိ ဦးသိန်းထွန်းဟာ ဗိုလ်ချုပ်ဈေးရုံထဲမှာ အသီးအနှံရောင်းတဲ့ ဈေးသည် အဖြစ် လုပ်ကိုင်လာတာ နှစ်ပေါင်း ၅၀ ခန့် ရှိပြီလို့ သိရပါတယ်။

RelatedPosts

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

20 May 2025
2.2k
စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
202
ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

19 May 2025
298

“မနေ့က အဘဆီမှာ ထိုင်းလူမျိုး ၁ ယောက်က လာဝယ်စားတော့ သူပေးတဲ့ ဘတ်ငွေ က ထိပ်နားပြဲနေလို့ ဝယ်သူကို လိုက်ရှာပြီး လဲပေးခိုင်းတုန်း အသီးဗန်းကို စည်ပင်က မရောင်းရဆိုတဲ့ နေရာမှာ ချထားမိတာ။ အဲဒါကို မရောင်းရနေရာ ရောင်းတယ်ဆိုပြီး ဖမ်းခံရတာပါ။ ဖြစ်စဉ်ကို ရှင်းပြပေမယ့် သူတို့က လက်မခံတော့ အသီးတွေကို စည်ပင်ရုံးခန်း ၃ လွှာကို အဘ က လိုက်ပို့ပေးရပါတယ်” လို့ ဦးသိန်းထွန်းက အခြေအနေကို ရှင်းပြပါတယ်။

ဆက်လက်ပြီး ၎င်းက “ဈေးရောင်းရတဲ့ငွေက မိသားစုအတွက် စားဖို့အတွက် ရှာရတာပါ။ မဖမ်းနဲ့ မပြောပါဘူး။ ဖမ်းလို့ရပါတယ်။ ဒါပေမယ့် ကိုယ့်မျက်စိရှေ့မှာတင် အသီးတွေကို ဖျက်ဆီးတာကို အဘမှာ ထိုင်ကြည့်နေရတော့ ရင်ထဲ တော်တော် မကောင်းဘူး။ ခံပြင်းတာလည်း ဖြစ်ရတယ်” လို့ ဧရာဝတီကို ပြောပြပါတယ်။

လိမ္မော်သီးရောင်းချသည့် ဈေးသည် ဦးသိန်းထွန်း ၏အိမ် /ထက်ဝေ/ဧရာဝတီ

အဘ ဦးသိန်းထွန်းဟာ လှိုင်သာယာမြို့နယ် နဝဒေးပတ်လမ်း ၂/၇ ရပ်ကွက်က ကျူးကျော်နေရာငယ် မှာ မိသားစုဝင် ၅ ဦးနဲ့ အတူ နေထိုင်သူ ဖြစ်ပါတယ်။

၁၀ ပေ ၊ ပေ ၂၀ ခန့် အကျယ်၊ သစ်ကြမ်းခင်း၊ ဘေးကာရံသင့်ရုံရှိတဲ့ ဦးသိန်းထွန်းရဲ့ အိမ်ငယ်မှာ မိသားစုတွေ အတူ နေထိုင်ကြတယ်လို့ သိရပါတယ်။

မသန်စွမ်းသူ သမီးငယ် ၁ ဦးရှိသလို သား ၁ ဦးကလည်း ငယ်စဉ်က လှေကားပေါ်က ပြုတ်ကျရာကနေ မသန်စွမ်းသူ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

ဒါကြောင့် မိသားစုစားဝတ်နေရေးအတွက် ဦးသိန်းထွန်းနဲ့ သမီးအကြီးဆုံးက အဓိက ရှာဖွေရပါတယ်။

ဦးသိန်းထွန်းဟာ မနက် ၉ နာရီခန့်မှာ အိမ်ကနေ စထွက်လာကာ သမီးအကြီးဆုံးနဲ့အတူ သီရိမင်္ဂလာဈေးမှာ အသီးတွေ ဝယ်ပါတယ်။ အဲ့ဒီအသီးတွေကို ဗိုလ်ချုပ်ဈေးထိ သယ်လာပြီး နေ့လည် ၁ နာရီကနေ ညနေ ၅ နာရီကျော် ဈေးရုံမပိတ်ခင်အထိ ဈေးထဲမှာ လှည့်လည် ရောင်းချတယ်လို့ သိရပါတယ်။

“အဘက ဘာတွေဖြစ်နေမှန်းတောင် မသိပါဘူး။ ဈေးထဲက ဆိုင်တွေက ပြကြမှ သူတို့ တင်ထားမှန်း သိရတာ။ အဘတို့က ဖုန်းတောင်သေချာမကိုင်တတ်တာ အဲဒီလို တင်ထားမှန်း မသိလိုက်ဘူး။ တခုပဲ စိုးရိမ်မိတာက အဘကြောင့် တခြားဈေးသည်တွေကို တခုခု ထိခိုက်မိတာမျိုး ဖြစ်မှာဘဲ စိုးရိမ်မိတာ” လို့ ဦးသိန်းထွန်းက ပြောပြပါတယ်။

မနေ့က စည်ပင်ရဲ့ ဖမ်းဆီးတာကို အိမ်က မိသားစုတွေ ကို အသိမပေးခဲ့ဘူးလို့လည်း ပြောပြပါတယ်။

လိမ္မော်သီးရောင်းချသည့် ဈေးသည် ဦးသိန်းထွန်း ၏အိမ် /ထက်ဝေ/ဧရာဝတီ

“အိမ်မှာကျန်နေတဲ့ သူတွေကို စိတ်မကောင်း မဖြစ်စေချင်ဘူး။ အဲဒါကြောင့် မပြောခဲ့ဘူး။ ဈေးရင်းပြုတ်သွားတော့ ညီမတွေဆီက ချေးပြီး ဒီနေ့ထပ်ရင်းရတာပေါ့။ မြို့တော်ဝန်ကြီးကိုသာ ပြောခွင့်ရမယ်ဆိုရင် နောက်လူတွေကို ဒီလိုမလုပ်ပါနဲ့လို့ပဲ တောင်းပန်ချင်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။

မနေ့က ညနေဘက်မှာ ဦးသိန်းထွန်း တယောက် ဗိုလ်ချုပ်ဈေးထဲ ဈေးပြန်ရောင်းနေတုန်း အလှူရှင် တချို့ကလည်း ရှေ့ဆက် လုပ်ကိုင်စားသောက်နိုင်ဖို့ လာရောက်လှူဒါန်းကြတာ တွေ့ရပါတယ်။

မြိတ်ကနေ ရန်ကုန်ကို အလည်လာတုန်း ဖေ့စ်ဘုတ်မှာ အဘဦးသိန်းထွန်းရဲ့ ရုပ်သံကို ကြည့်လိုက်ရတဲ့သူ ၁ ဦးက “ရုပ်သံကို မြင်လိုက်ရချိန်မှာ တော်တော် စိတ်မကောင်း ဖြစ်မိတယ်။ သမာအာဇီဝ နည်းနဲ့ ရှာဖွေ စားသောက်နေတဲ့ သက်ကြီးရွယ်အို ၁ ယောက်ကို အခုလို လုပ်ရသလားပေါ့။ သူတို့တွေ အရေးယူတဲ့ နည်းလမ်းက မှားနေတယ်။ အဘကို အလှူငွေ ၁ သိန်း လှူလိုက်တယ်” လို့ ပြောပါတယ်။

စည်ပင်ဖမ်းတာ ခံရတာ၊ အသီးအနှံတွေကို မျက်စိရှေ့ ဖျက်ဆီးတာတွေ ခံရတာတွေကို ဦးသိန်းထွန်းရဲ့ မိသားစုတွေ မသိခဲ့ကြပါဘူး။

ဦးသိန်းထွန်းရဲ့ သားအကြီးဖြစ်သူ က “ကျနော် အခု အလုပ်က ပြန်လာမှ ဖုန်းကြည့်တော့ အဖေ့ကိုဗျာ ထိုင်ခိုင်းပြီး အသီးတွေ ဖျက်ဆီးနေတာ ကြည့်ရတယ်။ ဘယ်လို လူတွေလဲဗျာ။ ဖမ်းတာကို ကျနော်တို့ လက်ခံပါတယ်။ အခုလို လူတယောက်ကို ရှေ့မှာ ထိုင်ခိုင်းပြီး အသီးတွေပါ လုပ်တယ်ဆိုတာ ကျနော် အရမ်းစိတ်တိုမ်တယ်။ ကျနော်တို့မသိလိုက်တာကိုလည်း ဝမ်းနည်းတယ်။ ရုပ်တွေတက်လာမှ ငါ့အဖေ ဖြစ်နေတာဆိုပြီး သိရတာ။ အဖေက မပြောဘူး” လို့ ဆိုပါတယ်။

ဗိုလ်ချုပ်ဈေးရုံအတွင်းနဲ့ ဈေးဧရိယာ တဝိုက်မှာ ရောင်းချနေတဲ့ အချို့သော ဈေးသည်တွေ အပြောအရ ၎င်းတို့ဟာ စည်ပင် ကို တနေ့လျှင် ၁၀၀၀ ကျပ်၊ ဆိုင်ဖြင့် ဈေးရုံ အပြင်လမ်းကြားနေရာတွေမှာ ရောင်းချသူတွေက တနေ့ ၁၀၀၀၀ ကျပ်ခန့် ပေးရတယ်လို့ သိရပါတယ်။

ယမန်နေ့ညက စည်ပင်ဝန်ထမ်းတွေရဲ့ လုပ်ရပ်တွေကို လူထုက မြင်ရအပြီးမှာတော့ လမ်းဘေး ဈေးသည်တွေ လျော့နည်းပပျောက်အောင် လုပ်နေတဲ့ ယခုလို လုပ်ရပ်ဟာ မှန်ကန်တဲ့ နည်းလမ်း မဟုတ်ကြောင်း ဝေဖန်ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

၂၀၁၈ ခုနှစ်အတွင်းက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လက်မှတ်ရေးထိုး အတည်ပြုခဲ့တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ(၂၀၁၈) ရဲ့ ပြစ်မှုပြစ်ဒဏ် ပုဒ်မ ၃၂၀(က) အရ မြို့တော်စည်ပင် သာယာရေး ဈေးဧရိယာအတွင်းရှိ ဈေးရုံများတွင် မှတ်ပုံတင် ခွင့်ပြုထားသော ဈေးသည်များမှ အပ ခွင့်ပြုချက် မရှိဘဲ ဈေးရောင်းခြင်း၊ ခင်းကျင်းခြင်းနှင့် ကြော်ငြာခြင်း ပြုလုပ်ပါက ဒဏ်ငွေ ကျပ် ၁ သောင်းမှ ၅ သောင်းကျပ် အထိ ချမှတ် ရမည်လို့ ပြဌာန်းထားပါတယ်။

ဒါကြောင့် လက်ရှိ စည်ပင်က လုပ်လိုက်တဲ့ လုပ်ရပ်ဟာ ဥပဒေပါအချက်အလက်တွေနဲ့ ညီညွတ်ရဲ့လားဆိုတာ ဝေဖန်ထောက်ပြစရာ ဖြစ်လာတာပါ။

ဗိုလ်ချုပ်ဈေးထဲက စည်ပင်ဝန်ထမ်းတွေဟာ အခုမှ ဒီလို ဖျက်ဆီးမှုတွေ လုပ်တာမဟုတ်ဘဲ ယခင်ကတည်းက အသီးတွေဆိုလည်း ဖျက်ဆီးပစ်တာ၊ အခြားရောင်းကုန် တွေဆိုလည်း ဖျက်ဆီးပစ်တာမျိုး လုပ်လေ့ရှိတယ်လို့ အဲဒီဈေးမှာ ရောင်းချနေတဲ့ ဈေးသည်တွေထံက သိရပါတယ်။

လိမ္မော်သီးရောင်းချသည့် ဈေးသည် ဦးသိန်းထွန်း ၏အိမ် /ထက်ဝေ/ဧရာဝတီ

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်တွင် ကျင်းပခဲ့သော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ကျောက်တံတားမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ တင်သွင်းသည့် ရန်ကုန်မြို့တွင်း အများပြည်သူပိုင် လမ်းမများပေါ်တွင် ဈေးရောင်း၍ အသက်မွေးနေသည့်ဈေးသည်များအား မြို့ပြအင်္ဂါရပ်နှင့် အညီ စနစ်တကျ ဈေးရောင်းချနိုင်ရန် အစီအမံ ကောင်းများပြုလုပ်ပေးရန် တိုက်တွန်းကြောင်း အဆိုကို တိုင်းလွှတ်တော်ကအတည်ပြုခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ လမ်းဘေးဈေးသည်တွေ အရေအတွက် စာရင်းကောက်တာ၊ စည်းကမ်းတင်းကျပ်တာ၊ နေရာသစ် သတ်မှတ်တာတွေ ထိုစဉ်ကတည်းက လုပ်ဆောင်ခဲ့ကြပါတယ်။

ဒါပေမယ့် ရန်ကုန်မြို့တွင်း နေရာတွေမှာ ရောင်းချတဲ့ လမ်းဘေးဈေးသည်တွေနဲ့ စည်ပင်ဝန်ထမ်းတွေဟာ မကြာခဏ ထိပ်တိုက်တွေ့မှုတွေလည်း ရှိနေခဲ့ပါတယ်။

လမ်းဘေးဈေးသည်တွေ ပပျောက်ရေး အတွက် စည်ပင်သာယာရေးကော်မတီ အနေနဲ့ မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ စနစ်တကျ လုပ်ဆောင်ဖို့ လိုအပ်သလို စည်ပင်ဝန်ထမ်းတွေကိုလည်း အသိပညာ ပေးမှုတွေ၊ ဥပဒေဆိုင်ရာ သိနားလည်သင့်တဲ့ အချက်တွေကို သေချာစွာ သင်ပြ ရှင်းလင်းဖို့ လိုအပ်နေပါပြီ။

သူတို့ထုချေနေတာကို ကျွန်တော်ထိုင်ကြည့်ခဲ့ရတာ စဥ်းစားကြည့်ပြီး တရေးမှအိပ်မပျော်ဘူး (ရုပ်/သံ)

Your Thoughts …
Tags: စည်ပင်ဗိုလ်ချုပ်ဈေးလမ်းဘေးဈေးသည်
မေစစ်ပိုင်

မေစစ်ပိုင်

ဧရာဝတီ

Similar Picks:

ထိုင်း၌ ကန့်သတ်လုပ်ငန်း လုပ်ကိုင်၍ မြန်မာ ၃၀၀ ကျော် ဖမ်းဆီးခံရ

ထိုင်း၌ ကန့်သတ်လုပ်ငန်း လုပ်ကိုင်၍ မြန်မာ ၃၀၀ ကျော် ဖမ်းဆီးခံရ

by ဧရာဝတီ
23 March 2024
3.1k

ရွှေ့ပြောင်းလုပ်သားများသည် ထိုင်းအစိုးရ ကန့်သတ်ထားသည့် အလုပ်များကို ဘန်ကောက်နှင့် အနီးတဝိုက်နေရာများ၊ ဖူးခက်၊ ကော့စမွေ၊ ပတ္တရားနှင့် ချင်းမိုင်ကဲ့သို့ ခရီးသွားလုပ်ငန်းနေရာများ၌ အများဆုံး လုပ်ကိုင်နေသည်ကို တွေ့ရကြောင်း

စည်ပင်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အလှမယ် ထက်ထက်ထွန်း  / ဧရာဝတီ

“လမ်းဘေးခွေးတွေကို အဆိပ်ကျွေးသတ်တာမျိုး သဘော မတူဘူး”လို့ ထက်ထက်ထွန်း ပြော

by ချစ်ပိုး
3 June 2019
11.6k

စာနာစိတ်အရ ကြည့်ရင်တော့ မတရားဘူး။ သက်ရှိ သတ္တဝါတိုင်းပေါ်မှာ တူညီတဲ့ မေတ္တာထားသူတိုင်းက ဒီလို အဆိပ်ကျွေးသတ်တာမျိုးကို မကြိုက်ဘူး"လို့ ထက်ထက်ထွန်းက ပြောပါတယ်။

နေပြည်တော် စည်ပင် ဧည့်ရိပ်သာ  / ဧရာဝတီ

လွှတ်တော် အမတ်တဦး၏ ချွေးမ ရွှေထည်များခိုးမှုဖြင့် ဖမ်းဆီးခံရ

by ဧရာဝတီ
14 July 2019
23.7k

ဇမ္ဗူသီရိမြို့မရဲစခန်းမှ တာဝန်ရှိသူတဦး က “သက်သေခံပစ္စည်းနဲ့တကွ ဖမ်းထားပါတယ်” ဟု ပြောကြားသည်။

ရန်ကုန် မင်္ဂလာဒုံရှိ ခွေးဂေဟာတခုရှိ ကယ်ဆယ်ခံ လေလွင့်ခွေးများ / အောင်ကျော်ထက်

ခွေးလေခွေးလွင့်တွေက တကယ့်ပြဿနာ

by သွေး (စစ်ကိုင်း)
18 August 2018
19k

ဒီရက်ပိုင်းအတွင်း ပြည်သူတွေကြား ထိတ်လန့်တုန်လှုပ်ခဲ့ရတဲ့ သတင်းတပုဒ်ကတော့ ခွေးတွေ ဝိုင်းကိုက်လို့ ၄ နှစ်အရွယ် ကလေးတယောက်သေဆုံးခဲ့ရတယ် ဆိုတဲ့သတင်းပါ။

မန္တလေးမြို့ မြင်ကွင်း  / ဒီလှိုင်းဝင်း / ဧရာဝတီ

မန္တလေး စည်ပင် နယ်နိမိတ် အတွင်း နေအိမ်အများစု ဂရန် မရှိ

by ဒီလှိုင်းဝင်း
9 February 2019
6.6k

မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီ နယ်နိမိတ် အတွင်းရှိ နေအိမ် စာရင်းများကို ပြန်လည် ကောက်ယူခဲ့ရာ ဂရန် မရှိသည့် အိမ် အရေအတွက်သည် အများဆုံး ဖြစ်နေကြောင်း

လူကူးတံတားက မကူးဘဲ လမ်းပေါ်က ကူးတာ အကျင့်ကောင်းလား အကျင့်ဆိုးလား / ထက်ဝေ

ပြည်သူတွေ ဥပဒေလိုက်နာလာကြဖို့ ဘယ်လိုလုပ်မလဲ

by သွေး(စစ်ကိုင်း)
31 May 2019
13.8k

ဥပဒေ ဆိုတာ နိုင်ငံတော် တိုးတက်ဖွံ့ဖြိုးရေးနဲ့ သန့်ရှင်းသာယာရေး အတွက် ပြဋ္ဌာန်းထားတာ ဖြစ်လို့ ဥပဒေနဲ့အညီ လုပ်ဆောင်သင့်တာကို လုပ်ဆောင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ရမှာ

Next Post
အီတလီနိုင်ငံတောင်ပိုင်းက Bisaccia မြို့

အီတလီနိုင်ငံတောင်ပိုင်းက မြို့ငယ်လေးမှာ နေအိမ် တလုံးကို ၁ ယူရိုနဲ့ ရောင်းချ

Keto Diet ဟာ ကာဗွန်ဟိုက်ဒရိတ် နည်းနည်း၊ အဆီဓာတ်များများနဲ့ ပရိုတင်းဓာတ်များများကို စားသုံးရတာ ဖြစ်ပါတယ်။

Keto Diet ပြုလုပ်ခြင်းကြောင့် ရရှိနိုင်တဲ့ ကောင်းကျိုးများ

No Result
View All Result

Recommended

မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate