• English
Friday, June 20, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဓာတ်ဆီလောင်း၍ မီးရှို့ခြင်း ခံခဲ့ရသည့် အမျိုးသမီး တရားမျှတမှုရမလား

by လဲ့လဲ့
23 January 2020
in ဆောင်းပါး
A A
မလွင်မာဦး မီးရှို့မခံရမီပုံနှင့် ဒဏ်ရာရရှိပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူနေပုံ  / Ko Aung Aung Oo / Facebook

မလွင်မာဦး မီးရှို့မခံရမီပုံနှင့် ဒဏ်ရာရရှိပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူနေပုံ / Ko Aung Aung Oo / Facebook

158.3k
VIEWS
Share on FacebookShare on Twitter

အရေးပေါ်ခန်းတခုတွင် မီးလောင်ဒဏ်ရာများကြောင့် မျက်လုံးခွံ၊ နုတ်ခမ်း၊ မျက်နှာပြင် တို့တွင် ညိုမဲ ဖောင်းကားနေပြီး အဆီများပျံကာ ပင်ကိုယ်ရုပ်သွင်ပျောက်ဆုံးနေသည့် အမျိုးသမီးငယ်ကို ဘေးမှ အစ်ကိုဖြစ်သူက စိတ်ရှည်လက်ရှည် ဆန်ပြုတ်အရည်များ ခွံ့ကြွေးနေသည်။

မီးလောင်ဒဏ်ရာများကြောင့် ထိုအမျိုးသမီး လည်ပင်းတွင် အပေါက်ဖောက်ထားရပြီး နှလုံးခုန်သံ ကလည်း ရုတ်တရက် မြန်လာလိုက် ရပ်သွားလိုက်ဖြစ်နေတာကြောင့် စောင့်ပေးနေသည့် ဖခင်နှင့် အစ်ကိုဖြစ်သူက စိုးရိမ်သော မျက်နှာများနှင့် စောင့်ကြည့်နေတာကို တွေ့ရသည်။

RelatedPosts

အာဏာသိမ်းပြီး ၄နှစ်ကြာချိန် ရွှေတကျပ်သား သိန်း ၈၀ကျော်လာ

အာဏာသိမ်းပြီး ၄နှစ်ကြာချိန် ရွှေတကျပ်သား သိန်း ၈၀ကျော်လာ

20 June 2025
233
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

20 June 2025
2.4k
စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

19 June 2025
5.5k

ထိုအမျိုးသမီးမှာ မလွင်မာဦး ဖြစ်ပြီး ပြီးခဲ့သည့် ရက်ပိုင်းတွင် ခင်ပွန်းဟောင်းဖြစ်သူက လာခေါ်၍ လိုက်သွားပြီး နောက် မီးရှို့ခံခဲ့ပြီး ခန္ဓာကိုယ်၏ ၇၀ ရာခိုင်နှုန်းခန့် မီးလောင်ကျွမ်းပျက်စီးသွားခဲ့သဖြင့် ယခုအခါ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံနေရသူဖြစ်သည်

အခင်းဖြစ်ပွားသည့် ဇန်နဝါရီ ၁၁ ရက်နေ့ မနက် ၄ နာရီခန့်တွင် ၎င်း၏ခင်ပွန်းဟောင်း ဖြစ်သူ တောင် ဒဂုံ (၂၆) ရပ်ကွက် ဂျပန်ကုန်း ကန်ဘက်ဝန်းကျင်တွင် နေထိုင်သူ စိုးသူရ (ခေါ်) စိုးကြီးက လာခေါ်သွားပြီး ၁၂ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်တွင် မိသားစုက မလွင်မာဦးကို ရန်ကုန်ဆေးရုံကြီးပေါ်တွင် မီးလောင်ဒဏ်ရာ များနှင့် တွေ့ရှိခြင်းဖြစ်သည်။

မလွင်မာဦးက တရားခံ စိုးကြီး (ခေါ်) စိုးသူရ၏ လာခေါ်ခဲ့သည့်ကားဖြင့် ၎င်းအလုပ်လုပ်သော ကားဘော်ဒီရုံသို့ လိုက်ပါသွားခဲ့သည်။

မလွင်မာဦး ၏ အစ်ကိုဖြစ်သူ က “သူစိတ်ကူးပေါက်ရင် အဲဒီလို အစောကြီးလာခေါ်တတ်တယ်။ မလိုက်ဘူး၊ မထွက်လာဘူးဆိုရင်လည်း အိမ်ကို ပြဿနာရှာမှာစိုးလို့ သူက လိုက်သွားရတယ်။ သူ့ယောင်္ကျားခေါ်တာ မလိုက်ရင် သူ့မိသားစုကို ဒုက္ခပေးမှာ စိုးတဲ့အတွက် သူကိုယ်တိုင် အနာခံပြီး လိုက်သွားတာပါ။ အစ်ကိုကြီးနဲ့ အမေ၊ အဖေတို့ အန္တရာယ်ကျမှာ ကြောက်လို့ သူမပြောတာလို့ ပြောပါတယ်” ဟု ညီမဖြစ်သူ၏ ဝန်ခံချက်ကို ပြန်ရှင်းပြသည်။

ဆေးရုံတွင် အသက်လုနေရသည့် ကြားမှပင် မလွင်မာဦးကလည်း သူကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်ကို အားယူ၍ တတ်နိုင်သလောက် ရှင်းပြသည်။ မျက်နှာတွင် မီးလောင်ဒဏ်ရာများကြောင့် မူလရုပ်သွင် ပျောက်ဆုံးနေလျှက် ရှိသည်။ သူ၏ မျက်ဝန်းများကတော့ ကြောက်ရွံ့ ထိတ်လန့်နေပုံရသည်။

“သူ (စိုးသူရ) က မနက် ၄ နာရီ လာခေါ်တယ်။ အဲဒါနဲ့ ဘော်ဒီရုံရောက်တော့ အဲဒီမှာ သမီးက အိပ်ချင်တယ် ပြောပြီး အဲဒီဘော်ဒီရုံ အဆောင်ကို ဝင်အိပ်တယ်။ အဲဒီလိုအိပ်ရမလားဆိုပြီး ပထမ မီးမွှေးထားတဲ့ တုတ် ၂ ချောင်းကို အခန်းထဲ ပစ်လိုက်တယ်။ အဲဒီအချိန်မှာ ဘာမှ မဖြစ်ဘူး။ မီးလည်း သိပ်မရှိဘူး” သူ ပြင်းထန်သည့် ဒဏ်ရာတွေ ခံစားနေရသည့်ကြားက အားယူ၍ ရှင်းပြသည်။

ထိုကဲ့သို့ ထင်းမီးချောင်းများဖြင့် ပစ်ခတ်မှုဖြင့် အားမရသေးသော စိုးသူရက ကတုံး ဆိုသည့် ၎င်း၏ မိတ်ဆွေထံ ဓာတ်ဆီတောင်းသည်။ ကတုံးဆိုသူက ဓာတ်ဆီမရှိဟု ပြောသဖြင့် ၎င်းကိုယ်တိုင် ကားထဲမှ ဓာတ်ဆီများကို ဖောက်ထုတ်၍ ဗူးဖြင့်ခံယူပြီး သူ့ထံရောက်လာခဲ့သည်ဟုဆိုသည်။

“သမီးကို ကောင်မထွက်ခဲ့စမ်းလို့ ပြောတယ်။ ပြီးတော့ သမီးခေါင်းကနေ ဓါတ်ဆီလောင်းချလိုက်တယ်။ ထွက်လာတာနဲ့ လောင်းချလိုက်တော့ သမီးက ထွက်ပြေးဖို့ ကြိုးစားတာ သူက မီးချစ်ကို တောက်လိုက်တယ်” ဟု မလွင်မာဦး က ရှင်းပြသည်။

မီးစွဲလောင်နေသည့် မလွင်မာဦးသည် ထိတ်ထိတ်လန့်လန့်ဖြင့် ရေကန်သို့ပြေး၍ ခုန်ချခဲ့ပြီး မီးငြိမ်းသတ်ခဲ့ သည်ဟု ဆိုသည်။ နောက်က လိုက်လာသည့် စိုးသူရ ထံကို ဆေးရုံသွားလိုကြောင်းနှင့် မိဘများ မသိစေချင် ကြောင်း တောင်းပန်သဖြင့် ပဲခူးမြို့ရှိ စိုးသူရ၏ အစ်ကိုအိမ်သို့ ကားဖြင့် ခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။

စိုးသူရ၏ အစ်ကိုဖြစ်သူနှင့် အမျိုးသမီး ဖြစ်သူက အခြေအနေကို စိုးရိမ်၍ ရန်ကုန်ဆေးရုံကြီးတွင် ပြန်ကုသရန် ပြောသဖြင့် ရန်ကုန်သို့ လှည့်ပြန်လာပြီး ဆေးရုံကြီးတွင် ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။

ရန်ကုန်ဆေးရုံကြီးကို ရောက်သည့်အခါ စိုးရသူ၏ အစ်ကိုမှ မလွင်မာဦး၏ ဖခင်ထံ ဖုန်းဆက် အကြောင်းကြား သဖြင့် မီးရှို့ခံရခြင်းကို သိရှိခြင်းဖြစ်ကြောင်း မလွင်မာဦး၏ ဖခင်ဖြစ်သူ ဦးဖိုးထောင်က ဆိုသည်။ သမီးဖြစ်သူ၏ ဖြစ်ရပ်ကို မခံစားနိုင်ဖြစ်နေသည့် ဦးဖိုးထောင် ငိုလေသည်။

“ကျနော်က သမီးကို တွေ့တွေ့ချင်း သတိလစ်သွားတာ။ မိန်းကလေးတယောက်ကို အခုလို လူရုပ် မပုံအောင် လုပ်သွားတဲ့အတွက် ကျနော်အသဲတွေအားလုံး ကြေသွားပြီ။ ကျနော်ဆို အခုထိ မကြည့်ရက်ဘူး။ မခံစားနိုင်ဘူး။ အခု သမီးက သေလုမျောပါးဖြစ်နေတာ အဲဒီလိုပဲ သူ့ (စိုးသူရ) ကို  ခံစားစေချင်တယ်” ဟု ဦးဖိုးထောင် က ကျလာသည့် မျက်ရည်များကို သုတ်ရင်းပြောသည်။

မလွင်မာဦးနှင့် တရားခံစိုးသူရတို့၏ အိမ်ထောင်ရေးက ယခင်ကတည်းက သာယာသော အိမ်ထောင်ရေးတခု မဖြစ်ခဲ့ပါ။ စိုးသူရက ရပ်ကွက်တွင် လူမိုက်ခေါင်းဆောင်တဦးဖြစ်ပြီး အလုပ်မယ်မယ်ရရ မရှိသည့်အပြင် မလွင်မာဦး ကိုလည်း နည်းမျိုးစုံနှင့် ရိုက်နှက်မှုများ ရှိကြောင်း အိမ်နီးချင်းများကဆိုသည်။

မလွင်မာဦးနှင့် စိုးသူရတို့ အိမ်ထောင်မကျမီက စိုးသူရတွင် အရင်အိမ်ထောင်ရှိခဲ့သည်။ မလွင်မာဦးနှင့် သမီးရည်းစား ဖြစ်ချိန်တွင် စိုးသူရ အရင်အိမ်ထောင်ကို ထိုးကြိတ်ရိုက်နှက်ကာ ပြဿနာရှာပြီး ကွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စိုးသူရနှင့် မလွင်မာဦးတို့က လွန်ခဲ့သည့် ၂၀၁၉ ခုနစ်၊ ၅ လပိုင်းက တရားသူကြီး ရှေ့မှောက်တွင် ကွာရှင်း ထားပြီး ၆ နှစ်အရွယ် သမီးလေးကိုလည်း မိခင်ဖြစ်သူက အုပ်ထိန်းခွင့်ရထားသည်။ မလွင်မာဦးတို့ ကွဲစဉ်ကလည်း စိုးသူရ နောက်ယူမည့် အမျိုးသမီးနှင့် မလွင်မာဦးတို့ စကားများသည်ကို အကြောင်းပြုပြီး စိုးသူရက သူမကို ထိုးကြိတ်ကာ ကွာရှင်းပေးခဲ့ခြင်းဖြစ်သည်။

ထိုသို့ ကွာရှင်းထားသော်လည်း စိုးသူရမှ မကြာခဏ လာရောက်ခေါ်လေ့ရှိကာ မလိုက်ပါက မိသားစု စိတ်ဆင်း ရဲအောင် ပြဿနာရှာခြင်း၊ မလွင်မာဦးအား ရိုက်နှက်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို ပြုလုပ်သည့်အတွက် မလွင်မာဦးမှာ စိုးသူရလာခေါ်တိုင်း လိုက်သွားရလေ့ရှိသည်ဟု အိမ်နီးချင်းများကလည်း ပြောသည်။

တောင်ဒဂုံ အုပ်ချုပ်ရေးမှူး ကလည်း “ကောင်မလေးကိုလည်း အဲဒီလိုပဲ နှိပ်စက်တယ်။ ရိုက်နှက်တယ်။ အဲဒီလိုပဲ လာလာ ခေါ်တယ်။ သူ့မိသားစုကလည်း စိုးကြီးကိုကြောက်ရတာကိုး။ ကျနော်တို့လည်း ဂျပန်ကြီး ရှိတုန်းကတော့ ခေါ်ဆုံးမ ဘူးတယ်။ အဲဒီတုန်းကတော့ သူတို့က လူအေးလေးတွေပုံစံနဲ့။ လက်ကတော့ အင်မတန်ယဉ်တဲ့ ကောင် တွေ” ဟု ဆိုသည်။

စိုးသူရသည် ယခင်ရပ်ကွက် အုပ်ချုပ်ရေးမှူးတဦးကို သတ်ပြီး ထောင်ထဲဝင်သွားခဲ့သည့် ဂျပန်ကြီး၏ လူမိုက် အဖွဲ့ဝင် တဦးဖြစ်ကြောင်း၊ ဂျပန်ကြီး ထောင်ထဲတွင် သေဆုံးသွားပြီးနောက် စိုးသူရက လူမိုက်ခေါင်းဆောင် ဖြစ်လာခြင်း ဖြစ်သည်ဟု သိရသည်။

တောင်ဒဂုံ အုပ်ချုပ်ရေးမှူးက “စိုးကြီးက ရပ်ကွက်မှာ ဆရာကြီးပဲလေ။ လူမိုက်ပေါ့။ သူက ကျနော်တို့ ရုံးအဆင့် မပြောနဲ့ ရဲစခန်းတောင် ဖင်ကြားခုထိုင်ထားတာ။ ရဲစခန်းတောင် မနက်ဖမ်း ညနေဆို ပြန်လွတ်ပြီ။ ကျနော်တို့ အုပ်ချုပ်ရေးမှူးတောင် သူနဲ့ပတ်သက်လို့ ပါးစပ်မဟရဲဘူး” ဟု ဆက်ပြောသည်။

ထိုသို့သော စရိုက်ရှိသည့် စိုးသူရကို မလွင်မာဦးက ကြောက်သည့် အတွက် စိုးသူရ နှိပ်စက်မှု၊ ရိုက်နှက်သမျှကို မိဘများအား ပြန်မပြောဝံ့ဘဲ ကြိတ်မှိတ်သည်းခံကာ ပေါင်းသင်းခဲ့ခြင်းဖြစ်သည်။

စိုးသူရက မလွင်မာဦးကို မကြာခဏ ထိုးကြိတ်ရိုက်နှက်သလို မလွင်မာဦး၏ လက်ဝတ်လက်စားများအားလည်း အတင်း အဓမ္မရယူလေ့ရှိသည်။ ထိုသို့ ပြုလုပ်ခြင်းအပေါ် စိုးသူရ က “မတိုင်နဲ့ တိုင်ရင် နင့်မိသားစု ဘာဖြစ်သွားမလဲ စောင့်ကြည့်ဆိုပြီး သူက အချိန်တိုင်းကို ခြိမ်းခြောက်နေတော့ သမီးက အမြဲကြောက်နေတာ” ဟု မလွင်မာဦး၏ ဖခင်က ရှင်းပြသည်။

စိုးသူရကို မလွင်မာဦးသာမက မလွင်မာဦး၏ မိသားစုဝင်များက ကြောက်ရွံ့သည့်အတွက် သမီးဖြစ်သူ၏ ခံစားရမှုများကို များသောအားဖြင့် ဖုံးကွယ်ထားခဲ့သည်။ ထိုသို့ ဖုံးကွယ်ရခြင်းမှာလည်း ၎င်းတို့မိသားစုတွင် အကြောင်း တရား များစွာရှိခဲ့သည်။

စိုးသူရက မလွင်မာဦးနှင့် အတူနေခဲ့သည့် အိမ်ထောင်သက် ၇ နှစ်ကျော်အတွင်းတွင် မလွင်မာဦး၏ မိဘရှေ့၌ လေးခွဖြင့် ခေါက်ခြင်း၊ ဓါးဒင်နှင့် ထုရိုက်ခြင်း၊ စိတ်မထင်တိုင်း ထိုးကြိတ်ရိုက်နှက်ခြင်းများကြောင့် လက်ကျိုးခြင်း၊ ခေါင်းကွဲခြင်း၊ မျက်နှာဖူးရောင်နေအောင် ရိုက်ခြင်းစသည့် နှိပ်စက်မှုများကို အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။

မိဘများက စိုးသူရ၏ နှိပ်စက်မှုများကို အုပ်ချုပ်ရေးမှူးထံ တိုင်တန်းသည့်အခါ မလွင်မာဦးက ၎င်း၏ အမျိုးသား က တန်ပြန်လာမည့် ပြဿနာအား စိုးရိမ်၍ အမြဲတမ်း ကာကွယ်ပေးမှုများ ပြုလုပ်ခဲ့သဖြင့် အစ်ကိုနှင့် မိဘများက အမြဲစိတ်ပျက်ခဲ့ရကြောင်း မလွင်မာဦး၏ ဖခင်က ရှင်းပြသည်။

သမီးဖြစ်သူ နှိပ်စက်ခံရနေရသည်ကို မကြည့်ရက်သဖြင့် မိဘများက ရပ်ကွက်ရုံးသို့ ၂ ကြိမ်၊ ရဲစခန်းသို့ ၃ ကြိမ် အနည်းဆုံး သွားရောက် တိုင်ကြားခဲ့ဖူးသည်ဟု ဆိုသည်။

ထိုသို့ မကြာခဏ ရန်ဖြစ်ခြင်းကြောင့် ရဲစခန်းကပင်လျှင် “အဲဒီလိုမျိုး ခဏခဏ ဖြစ်တော့ ရဲစခန်းကလည်း အမှုလာဖွင့်ရင် အေးဆေးပဲ။ အဲဒီလင်မယားက နောက်ပြေလည်သွားမှာဆိုပြီး ပြောကြတယ်” ဟု ၎င်းက ပြန်ပြောင်းပြောသည်။

တခါက စိုးသူရသည် ၎င်း၏မိဘများရှေ့တွင် မလွင်မာဦးကို ဆံပင်လိမ် ဆွဲပြီး တရွတ်တိုက်ဆွဲခေါ်သွားသည့် အတွက် မလွင်မာဦးမိသားစုနှင့် စိုးသူရတို့ ရန်အကြီးအကျယ် ဖြစ်ခဲ့ဖူးသည်ဟု အိမ်နီးချင်းများက ဆိုကြသည်။

“ကျနော်တို့က ညီမတယောက်ကို စွန့်လွှတ်လိုက်ချင်ပေမယ့် သူ့ဝဋ်ကြွေးကို ကယ်ဆယ်ရမယ်ဆိုတဲ့ စိတ်ရှိလို့ ကျနော်တို့က တတ်နိုင်သမျှ လိုက်ဆွဲခဲ့တာ” ဟု အကိုဖြစ်သူက ဆိုသည်။

မလွင်မာဦး မီးရှို့ခံထားရသည့်အတွက် အသက်ဆက်ရှင်သန်နိုင်ခွင့် နည်းပါးနေသည်ဟု ဆိုသည်။

သို့သော် အစ်ကိုဖြစ်သူကတော့ ညီမဖြစ်သူ မည်သည့်အခြေအနေတွင် ရှိပါစေ သူမ အသက်ဆက်ရှင်သန်နိုင်ရန် အကောင်းဆုံး ကြိုးစားသွားမည်ဟု စိုးရိမ်နေပုံရသည့် မျက်ဝန်းများဖြင့် ညီမဖြစ်သူအား စိုက်ကြည့်ရင်း ပြောသည်။

တောင်ဒဂုံရဲ  စခန်းမှူး (ခေတ္တယာယီ) ဒုရဲမှူး ဦးဝင်းဗိုလ်အနေဖြင့် မီးရှို့ခဲ့သည့် တရားခံ စိုးသူရ(ခေါ်) စိုးကြီးကို ဖမ်းဆီးကာ အင်းစိန်ထောင်သို့ ပို့ဆောင်ထားပြီး တလအတွင်း တရားရုံးတင်နိုင်ရန် ကြိုးစားနေပါသည်ဟု ပြောဆိုသည်။

သို့သော် မလွင်မာဦး၏ မိသားစုဝင်များက လက်ရဲ ဇက်ရဲ ရှိလွန်းသည့် စိုးသူရ ပြန်လည် လွတ်မြောက်လာပြီး အသက်အန္တရာယ် ထိပါးမည်ကို စိုးရိမ်နေကြသည်။ သမီးဖြစ်သူ ဆိုးဆိုးဝါးဝါး ခံစားနေရသည့် ဖြစ်စဉ်ကို တရားမျှတမှု ရရေး အတွက်ပင် ဖြစ်စဉ်ကို ရဲရဲဝံ့ဝံ့ မပြောဝံ့သည့် အနေအထားဖြစ်နေသည်။

ရဲတပ်ဖွဲ့က ဖမ်းထားပြီ ဖြစ်ကြောင်း ကြားသိရသော်လည်း မလွင်မာဦးနှင့် သူမ၏ မိသားစု အတွက် စိတ်လုံခြုံမှုပင် မရရှိဘဲ ဖြစ်နေကြသည်။

You may also like these stories:

လုပ်ငန်းခွင် စိန်ခေါ်မှုများ အတွင်းက အမျိုးသမီးများ

စစ်ကြောင့် အနာဂတ် ပျောက်နေသည့် အမျိုးသမီးများ

အရည်အချင်း ပြည့်မီတဲ့ အမျိုးသမီးတွေ အတွက် နေရာဖယ်ပေးရမယ်

Your Thoughts …
Tags: တောင်ဒဂုံမလွင်မာဦးမီးရှို့
လဲ့လဲ့

လဲ့လဲ့

ဧရာဝတီ

Similar Picks:

ကား ၃စီး မီးရှို့ခံရမှု စစ်တပ်က ဒေသခံများကို လျော်ကြေးတောင်း

ကား ၃စီး မီးရှို့ခံရမှု စစ်တပ်က ဒေသခံများကို လျော်ကြေးတောင်း

by ဧရာဝတီ
8 May 2024
4.1k

ပြီးခဲ့သည့် မေလ ၃ ရက်တွင် တော်လှန်ရေးတပ်ဖွဲ့များက ရေးမြို့နယ်အတွင်းရှိ ကုလားကုတ်ကျွန်းကို တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက လမိုင်းမြို့မှ အိမ်စီးကား ၃ စီးဖြင့် စစ်ကူစေလွှတ်ခဲ့ပြီး အဆိုပါကားများ ကူးတို့ဆိပ်ကျေးရွာထဲ ရပ်ခဲ့ချိန်တွင် တော်လှန်ရေးတပ်ဖွဲ့များက မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း

တိုက်ပွဲမဖြစ်ဘဲ ဘူးသီးတောင် မြို့လုံးကျွတ်နီးပါး မီးရှို့ခံရ

တိုက်ပွဲမဖြစ်ဘဲ ဘူးသီးတောင် မြို့လုံးကျွတ်နီးပါး မီးရှို့ခံရ

by ဧရာဝတီ
18 April 2024
4k

ဘူးသီးတောင်မြို့၌ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်( ARSA) က အပြစ်မဲ့ အရပ်သားများကို ဖမ်းဆီးကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း၊ ARSA နှင့်အတူ အာရကန် ရိုဟင်ဂျာတပ် (ARA)လည်းပါဝင်ပြီး မြို့ပေါ်ရှိ အရပ်သားပြည်သူ ၁,၇၂၀ ဦးကို ဓားစာခံအဖြစ်...

ငါန်းမြာကြီးကို လက်မလွှတ်ရေး ကာကွယ်ရေးတို့ အင်အားဖြည့်

ငါန်းမြာကြီးကို လက်မလွှတ်ရေး ကာကွယ်ရေးတို့ အင်အားဖြည့်

by ဧရာဝတီ
20 October 2024
3.2k

လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် ရှေ့ဆက်တိုးလာပြီးနောက် ယခုအခါ ငါန်းမြာကြီးရွာနှင့် တမိုင်ကျော်သာ ကွာဝေးသည့် မိုးတောင်ကျေးရွာ၌ အထိုင်ချတပ်စွဲထားသည်

ဘုရားကျောင်းများကို ဗုံးကြဲနေသော်လည်း ပုပ်ရဟန်းမင်းကြီး ကွယ်လွန်မှု ဝမ်းနည်းကြောင်းပို့

ဘုရားကျောင်းများကို ဗုံးကြဲနေသော်လည်း ပုပ်ရဟန်းမင်းကြီး ကွယ်လွန်မှု ဝမ်းနည်းကြောင်းပို့

by ဧရာဝတီ
23 April 2025
2.1k

ခရစ်ယာန်ဘုရားကျောင်းများ အပါအဝင် ဘာသာရေးအဆောက်အဦများအား မီးရှို့၊ ဗုံးကြဲတိုက်ခိုက်နေသည့် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရိုမန်ကက်သလစ်ခရစ်ယာန်သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်မှုအပေါ် ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍  ဒေသခံ သောင်းချီထွက်ပြေးနေရ

စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍ ဒေသခံ သောင်းချီထွက်ပြေးနေရ

by The Irrawaddy
4 December 2023
1.8k

စစ်တွေမြို့ တဖက်ကမ်း ပုဏ္ဏားကျွန်း မြို့ နယ်အတွင်းရှိ ရဲရိုးပြင်ကျေးရွာ၌ အိမ်ခြေ ၁၄၀ ကျော်ရှိကာ မီးရှို့ခံရမှုကြောင့် အိမ်ခြေ ၁၀၀ ကျော်နှင့် ရိတ်သိမ်းထားသော စပါးပုံများလည်း မီးလောင် ပျက်စီးသွားကြောင်း

ဒီပဲယင်းမြို့ကို စစ်တပ်မီးရှို့နေပြီး ဒေသခံ ၂ သောင်းခန့် ရှောင်တိမ်းနေရ

ဒီပဲယင်းမြို့ကို စစ်တပ်မီးရှို့နေပြီး ဒေသခံ ၂ သောင်းခန့် ရှောင်တိမ်းနေရ

by စောလွင်
22 August 2024
1.3k

ဒေသခံများသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးသတ်ဖြတ်မည့်စိုးရိမ်စိတ်ကြောင့် အဓိက ရှောင်တိမ်းနေခြင်းဖြစ်ပြီး တချို့ မြို့နှင့် ဝေးသောကျေးရွာများရှိ ဒေသခံများပင်လျှင် နေ့ခင်းဘက်၌ လယ်ယာ၊တောင်ယာ အလုပ်များ သွားရောက် လုပ်ကိုင်ကြပြီး ညဘက်တွင် ဘေးလွတ်ရာ နေရာများသို့ ရှောင်တိမ်းနေကြရသည်

Next Post
မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် ကမ်းပြိုလုပ်ငန်းများ ဆောင်ရွက်နေစဉ် /  မန္တလေးတိုင်း ရေအရင်းအမြစ် ဦးစီးဌာန

ချင်းတွင်းနှင့် ဧရာဝတီမြစ်များ ရေလမ်းကြောင်းနှင့် ကမ်းပြိုကာကွယ်ရေး လုပ်ဆောင်မည်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ စီးပွားရေးဆိုင်ရာ အထူးအကြံပေး ဒေါက်တာ ရှောင်တာနဲလ် / ဧရာဝတီ

"မြန်မာနိုင်ငံဟာ လျှော့တွက်လို့ ရတဲ့ နိုင်ငံတခု မဟုတ်တော့ဘူး"

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

6 days ago
5.8k
စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

1 day ago
5.5k

Most Read

  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0
  • ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် ချောင်ပိတ်မိနေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate