• English
Thursday, September 28, 2023
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ရာဇဝတ်ဂိုဏ်းများ ဖမ်းဆီးနိုင်ရေး ဘူးသီးတောင်၌ AA ပိတ်ဆို့စစ်ဆေး

    ရာဇဝတ်ဂိုဏ်းများ ဖမ်းဆီးနိုင်ရေး ဘူးသီးတောင်၌ AA ပိတ်ဆို့စစ်ဆေး

    နန်ဆန်ယန်တိုက်ပွဲ စက်တင်ဘာမြင်ကွင်း

    နန်ဆန်ယန်တိုက်ပွဲ စက်တင်ဘာမြင်ကွင်း

    မြန်မာစစ်တပ်၏ အရပ်သားများအပေါ် အကြမ်းဖက်နေမှု “အယုတ်မာဆုံး လူမဆန်မှု”ဟု ကုလသမဂ္ဂပြော

    မြန်မာစစ်တပ်၏ အရပ်သားများအပေါ် အကြမ်းဖက်နေမှု “အယုတ်မာဆုံး လူမဆန်မှု”ဟု ကုလသမဂ္ဂပြော

    ချောင်းဦးဒေသခံနှင့် PDF များကို စစ်တပ်သတ်ဖြတ်

    ချောင်းဦးဒေသခံနှင့် PDF များကို စစ်တပ်သတ်ဖြတ်

    တရုတ်နှင့်ပေါင်းပြီး ဒရုန်းရန်ကာကွယ်ဖို့ စစ်ကောင်စီ ကြိုးစားနေသလား

    တရုတ်နှင့်ပေါင်းပြီး ဒရုန်းရန်ကာကွယ်ဖို့ စစ်ကောင်စီ ကြိုးစားနေသလား

    ရသေ့တောင် ကျောင်းဆရာမ သတ်ခံရမှု၌ သံသယရှိသူ ထွက်ပြေးရာမှ ပြန်ဖမ်းမိ

    ရသေ့တောင် ကျောင်းဆရာမ သတ်ခံရမှု၌ သံသယရှိသူ ထွက်ပြေးရာမှ ပြန်ဖမ်းမိ

    အိန္ဒိယက မြန်မာနယ်စပ်မှာ ခြံစည်းရိုးတိုးချဲ့ရန် စီစဉ်

    အိန္ဒိယက မြန်မာနယ်စပ်မှာ ခြံစည်းရိုးတိုးချဲ့ရန် စီစဉ်

    ပုသိမ်ထောင်ဆူမှု၌ ပါဝင်သူ ၆၃ ဦးကို ပြစ်ဒဏ်များထပ်တိုးချ

    ပုသိမ်ထောင်ဆူမှု၌ ပါဝင်သူ ၆၃ ဦးကို ပြစ်ဒဏ်များထပ်တိုးချ

    တရုတ်သတ္တုမိုင်းများ စစ်ကောင်စီ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးနေ

    တရုတ်သတ္တုမိုင်းများ စစ်ကောင်စီ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးနေ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

      စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

      NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

      NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

      ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

      ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

      ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

      ကုသိုလ်ဆက်

      ကုသိုလ်ဆက်

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      မြင်းရိုင်းစီးခြင်း

      မြင်းရိုင်းစီးခြင်း

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        ရာဇဝတ်ဂိုဏ်းများ ဖမ်းဆီးနိုင်ရေး ဘူးသီးတောင်၌ AA ပိတ်ဆို့စစ်ဆေး

        ရာဇဝတ်ဂိုဏ်းများ ဖမ်းဆီးနိုင်ရေး ဘူးသီးတောင်၌ AA ပိတ်ဆို့စစ်ဆေး

        နန်ဆန်ယန်တိုက်ပွဲ စက်တင်ဘာမြင်ကွင်း

        နန်ဆန်ယန်တိုက်ပွဲ စက်တင်ဘာမြင်ကွင်း

        မြန်မာစစ်တပ်၏ အရပ်သားများအပေါ် အကြမ်းဖက်နေမှု “အယုတ်မာဆုံး လူမဆန်မှု”ဟု ကုလသမဂ္ဂပြော

        မြန်မာစစ်တပ်၏ အရပ်သားများအပေါ် အကြမ်းဖက်နေမှု “အယုတ်မာဆုံး လူမဆန်မှု”ဟု ကုလသမဂ္ဂပြော

        ချောင်းဦးဒေသခံနှင့် PDF များကို စစ်တပ်သတ်ဖြတ်

        ချောင်းဦးဒေသခံနှင့် PDF များကို စစ်တပ်သတ်ဖြတ်

        တရုတ်နှင့်ပေါင်းပြီး ဒရုန်းရန်ကာကွယ်ဖို့ စစ်ကောင်စီ ကြိုးစားနေသလား

        တရုတ်နှင့်ပေါင်းပြီး ဒရုန်းရန်ကာကွယ်ဖို့ စစ်ကောင်စီ ကြိုးစားနေသလား

        ရသေ့တောင် ကျောင်းဆရာမ သတ်ခံရမှု၌ သံသယရှိသူ ထွက်ပြေးရာမှ ပြန်ဖမ်းမိ

        ရသေ့တောင် ကျောင်းဆရာမ သတ်ခံရမှု၌ သံသယရှိသူ ထွက်ပြေးရာမှ ပြန်ဖမ်းမိ

        အိန္ဒိယက မြန်မာနယ်စပ်မှာ ခြံစည်းရိုးတိုးချဲ့ရန် စီစဉ်

        အိန္ဒိယက မြန်မာနယ်စပ်မှာ ခြံစည်းရိုးတိုးချဲ့ရန် စီစဉ်

        ပုသိမ်ထောင်ဆူမှု၌ ပါဝင်သူ ၆၃ ဦးကို ပြစ်ဒဏ်များထပ်တိုးချ

        ပုသိမ်ထောင်ဆူမှု၌ ပါဝင်သူ ၆၃ ဦးကို ပြစ်ဒဏ်များထပ်တိုးချ

        တရုတ်သတ္တုမိုင်းများ စစ်ကောင်စီ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးနေ

        တရုတ်သတ္တုမိုင်းများ စစ်ကောင်စီ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးနေ

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

          NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

          ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

          ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

          မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

          မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

          “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

          “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

          စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

          စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

          မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

          မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

          NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

          NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

          ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

          ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

          ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

          ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

          ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

          ကုသိုလ်ဆက်

          ကုသိုလ်ဆက်

          အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

          အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

          အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

          အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

          ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

          ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

          စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

          စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

          တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

          တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

          မြင်းရိုင်းစီးခြင်း

          မြင်းရိုင်းစီးခြင်း

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home ဆောင်းပါး

          တရုတ်လက်နက်တွေ မြန်မာပြည်ကို လာအိုကတဆင့် ဝင်နေခဲ့သည်

          by Anthony Davis
          7 February 2020
          in ဆောင်းပါး
          Reading Time: 1 min read
          A A
          မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင် ပလောင် (တအေန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) / ဧရာဝတီ

          မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင် ပလောင် (တအေန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) / ဧရာဝတီ

          41k
          VIEWS
          Share on FacebookShare on Twitter

          ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က နေပြည်တော်၌ မြန်မာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့စဉ် မည်သူက ယခုကိစ္စကို ပထဆုံး ပြောဖြစ်ခဲ့သနည်း ဆိုသည်က မသဲကွဲပါ။ သို့သော်လည်း အလွန် အန္တရာယ်ကြီးသည့် (ပြည်တွင်းစစ်ကို မီးထိုးပေးနေသည့် တရုတ် လက်နက်များ) ကိစ္စကို ရှောင်လွှဲခြင်းက မည်သည့်အခါမျှ ရွေးချယ်စရာတခု ဖြစ်မည် မဟုတ်ပါ။

          ပြီးခဲ့သည့်နှစ် အတွင်းတွင် အဆိုပါတရုတ်လက်နက်များက မြန်မာ့တပ်မတော်အတွက် အသက်ရာပေါင်းများစွာ ဆုံးရှုံးစေခဲ့သည်။ ရခိုင်ပြည်နယ်အနောက်ပိုင်းမှ တိုက်ပွဲများ အရှိန်အဟုန်မြင့်တက်လာသည်နှင့်အမျှ ၂၀၂၀ ခုနှစ်တွင် နောက်ထပ် သေဆုံးသူ အရေအတွက် မြင့်တက်နိုင်ဖွယ်ရှိခြင်းသည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ သမိုင်းဝင် နိုင်ငံတော် ခရီးစဉ်က တရုတ် – မြန်မာ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတွင် “ခေတ်သစ်” တခုအဖြစ် ထူးထူးကဲကဲ ချီးကျူးဂုဏ်ပြုရေးထက် တပ်အသိုင်းအဝိုင်းတွင် ပိုလွှမ်းမိုးနေနိုင်ခဲ့သည်။

          RelatedPosts

          ရာဇဝတ်ဂိုဏ်းများ ဖမ်းဆီးနိုင်ရေး ဘူးသီးတောင်၌ AA ပိတ်ဆို့စစ်ဆေး

          ရာဇဝတ်ဂိုဏ်းများ ဖမ်းဆီးနိုင်ရေး ဘူးသီးတောင်၌ AA ပိတ်ဆို့စစ်ဆေး

          28 September 2023
          430
          နန်ဆန်ယန်တိုက်ပွဲ စက်တင်ဘာမြင်ကွင်း

          နန်ဆန်ယန်တိုက်ပွဲ စက်တင်ဘာမြင်ကွင်း

          28 September 2023
          2.6k
          ချောင်းဦးဒေသခံနှင့် PDF များကို စစ်တပ်သတ်ဖြတ်

          ချောင်းဦးဒေသခံနှင့် PDF များကို စစ်တပ်သတ်ဖြတ်

          27 September 2023
          2.1k

          တိုက်ဆိုင်မှု မဖြစ်နိုင်သလောက်နီးပါး ရှိသည်မှာ  ဇန်နဝါရီ ၁၈ ရက်နေ့ တွေ့ဆုံမှု (ရှီကျင့်ဖျင်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ကြား ၆ ကြိမ်မြောက် တွေ့ဆုံမှု) မတိုင်မီတရက်အလိုတွင် တပ်မတော်၏ သတင်းထုတ်ပြန်ရေး အဖွဲ့က ရှမ်းပြည် နယ်မြောက်ပိုင်း သိန္နီမြို့နယ်တွင် ဇန်နဝါရီလ ၁၅ ရက် နေ့က တရုတ် နိုင်ငံလုပ် လက်နက်ခဲယမ်းအမြောက်အမြား “ ရှာဖွေတွေ့ရှိခြင်း” အကြောင်းကို ထုတ်ပြန်ခဲ့ပြီး မီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့်  လူသိများစေခဲ့သည်။

          တပ်မတော်မှ ထုတ်ပြန်သောပုံများတွင် ၁၀၇ မီလီမီတာ မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်များပေါ်တွင် ထုတ်လုပ်သည့် ရက်စွဲ ဖော်ပြရာ၌ “၂၀၁၈” ဟု ရိုက်နှိပ်သည့် အမှတ်အသားကို ထင်ထင်ရှားရှား ပြသရန် မပျက်ကွက်ခဲ့ကြပါ။ လတ်တလောအချိန် အထိ အသက်ဝင်နေဆဲ ဖြစ်ပြီး အဟောင်းအမြင်း အကျွင်းအကျန်များပေါ်တွင် မှီခိုခြင်း မရှိသည့် လက်နက်စီးဆင်းမှု လမ်းကြောင်းတခုကို ညွှန်ပြနေခြင်း ဖြစ်သည်။

          သိန္နီ မြို့နယ်တွင် ဖမ်းမိမှု မတိုင်မီက ပိုမို၍ပင် ကြီးမားသည့် ဖြစ်စဉ် တခုရှိခဲ့ပြီး နိုဝင်ဘာလအတွင်းက နမ့်ဆန်မြို့နယ်တွင် ဖြစ်သည်။ ထိုအချိန်က ဖမ်းဆီးတွေ့ ရှိရသည့် အထဲတွင် တရုတ်နိုင်ငံလုပ် FN-6 မြေပြင်မှဝေဟင်ပစ်ဒုံးကျည်လည်း ပါဝင် ခဲ့ပြီး  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာလအစောပိုင်းတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံမှုတခု၌ ထည့်သွင်းပြောဆိုခဲ့သည်ဟု သိရသော နိမိတ်မကောင်းသည့် ကိစ္စတခု ဖြစ်ခဲ့သည်။

          ပိုမိုဆိုးရွားလာသည့်ပြဿနာအပေါ် ရှီကျင့်ဖျင်၏ သံတမန်ရေးအရ ကိုင်တွယ်မှုကို ကြိုတင်ခန့်မှန်း၍ ရနိုင်သော်လည်း တချိန်တည်းမှာပင် တရုတ်နိုင်ငံ၏ အလွန်ကြီးမြတ်သောခေါင်းဆောင်က ပထမဆုံးအနေဖြင့် လူသိရှင်ကြား ရှင်းရှင်း လင်းလင်း  ပြောဆိုနေခဲ့သည် ဆိုသည့် အချက်မှာလည်း ထင်ရှားပါသည်။

          တပ်မတော်မှ ထုတ်ပြန်သောပုံများတွင် ၁၀၇ မီလီမီတာ မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်များ

          ပထမဦးဆုံးအနေဖြင့် သေချာသည့်အချက်မှာ တရုတ်အစိုးရက တပ်မတော်၏ စစ်ရာဇဝတ်မှုများနှင့် ဖြစ်နိုင်ဖွယ်ရှိသည့် ရခိုင်မြောက်ပိုင်းနေ မွတ်ဆလင်များအပေါ် လူမျိုးတုန်းသုတ်သင်မှုများ (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လူပုဂ္ဂိုလ်အရ တာဝန် ခံရမည့် အန္တရာယ် ရှိနေသော ရက်စက်မှုများ) နှင့် ပတ်သက်သည့် နိုင်ငံတကာအသိုင်းအဝိုင်း၏ တိုက်ခိုက်မှုတွင် မြန်မာနိုင်ငံကို ဆက်လက် ကျောထောက်နောက်ခံပေးသွားမည် ဆိုခြင်းဖြစ်သည်။

          ထို့နောက် တရုတ်နိုင်ငံက ၎င်း၏ အိမ်နီးချင်းကို အန္တရာယ်ပြုရေး ၎င်း၏ ပိုင်နက်ကို မည်သည့်အခါမှ အသုံးပြုခွင့်ပေးလိမ့်မည်မဟုတ်ကြောင်း ရှီကျင့်ဖျင်က ထပ်မံ၍ အာမခံခဲ့သည်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား လက်နက်ခဲယမ်းများ ထောက်ပံ့ပေးခဲ့သည်ဆိုသော စွပ်စွဲချက်များက အခြေအမြစ် မရှိကြောင်းလည်း ပြောသည်။

          သို့သော် အဆိုပါ လက်နက်ကိုင်အဖွဲ့အစည်းများသည် (တွေ့ဆုံပွဲနှင့် ပတ်သက်၍ တပ်မတော်၏ တရားဝင် မှတ်တမ်းများတွင် ဘာသာပြန် ဖွင့်ဆိုထားသည့် အတိုင်းဆိုလျှင်) “အခြားသော နည်းလမ်းများ” ဖြင့် တရုတ်လက်နက်များကို ရယူနိုင်ကြောင်း သူက ထပ်ပြောသည်။ တရုတ်နိုင်ငံက ထိုကိစ္စများကို “သေချာစွာ ဂရုတစိုက် စိစစ်” ပြီး “ ပြဿနာကို ဖြေရှင်းမည်” ဟုလည်း ပြောကြားခဲ့သည်။ “အခြားသောနည်းလမ်းများ” က မည်သို့ဆိုသည်ကို ၂ ဦးလုံး ပြည့်ပြည့်ဝဝ နားလည်ကြပါသည်။ ၎င်းတို့အနက်မှ အချို့သော ကိစ္စများသည် တိုင်းသိပြည်သိ မဟုတ်ခဲ့ဟု ဆိုလျှင်ပင် အနည်းဆုံး အချိန်အချို့တွင် လူအများအပြားက သိနေသော လျှို့ဝှက်ချက်များ ဖြစ်ခဲ့ကြသည်။

          ရှီကျင့်ဖျင်၏ တရုတ်နိုင်ငံတွင် “အခြားသောနည်းလမ်းများ” ဆိုသည်မှာ မြန်မာနိုင်ငံမြောက်ပိုင်းနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ယူနန်ပြည်နယ်တွင် တပ်စွဲထားသော ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ “စိတ်ဓာတ် မကောင်း သော ဗိုလ်ချုပ်များ” ကြားမှ အထိန်းအကွပ်မဲ့ အဂတိလိုက်စားမှုဟု ယူဆခြင်းများ မပါဝင်သည်မှာ သေချာသလောက် နီးပါး ဖြစ်သည်။

          မြန်မာနိုင်ငံနှင့် အခြားနေရာများမှ နှစ်ပေါင်းများစွာ ထင်မြင်မှန်းဆခဲ့မှုများ၊ ကောလဟလများနှင့် ဆန့်ကျင်စွာပင် ယနေ့ PLA က ခေတ်မီ၍  စည်းကမ်းကောင်းသော တပ်ဖွဲ့တခု ဖြစ်ပြီး မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ၊ ဘီးတပ်အမြောက်များနှင့် ခေတ်မီလက်နက်ငယ်များ ထည်သွင်းထားသည့် ကုန်သေတ္တာများကို ၎င်းတို့၏ လက်နက်တိုက်မှ ခိုးထုတ်၍ နိုင်ငံတကာနယ်နိမိတ်ကို ဖြတ်ကျော်ကာ အညိုရောင်စာအိတ်များနှင့် လဲလှယ်ခွင့် ပြုလိမ့်မည် မဟုတ်ပါ။

          အကယ်၍ ခိုးယူခြင်း မဟုတ်ခဲ့လျှင် လက်တွေ့အမှန်တွင် လက်နက်များ မြန်မာနိုင်ငံ မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထံသို့ ရောက်ရှိရေး အဓိကလမ်းကြောင်းက ဝပြည် သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) က အုပ်ချုပ်သော အထူးဒေသမှတဆင့် ဖြတ်သန်း စီးဆင်းခြင်း ဖြစ်ပါသည်။ UWSA သည် အင်အားကြီးပြီး စနစ်တကျ ဖွဲ့စည်းထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တခုဖြစ်၍ တပ်မတော်နှင့် အပစ်အခတ် ရပ်စဲရေးကို ကာလရှည်ကြာစွာ ထိန်းသိမ်းထားသလို တရုတ်အစိုးရနှင့်လည်း သမိုင်းဝင် ဆက်ဆံရေးများ ရှိနေသည်။

          ဇန်နဝါရီလအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က နေပြည်တော်၌ မြန်မာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့စဉ်

          ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း UWSA က မြောက်ပိုင်း မဟာမိတ်အဖွဲ့ဟု ခေါ်သည့် ပလောင် (တအေန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နှင့် ရက္ခိုင်စစ်တပ် (AA) နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ကို လက်နက် အမျိုးမျိုး ရောင်းချခဲ့သည်ဟု သိရသည်။

          UWSA မှ ကိုယ်တိုင် ထုတ်လုပ်ပြီး ရောင်းချသည့် တရုတ်ပုံစံ Type 81 ချေမှုန်းရေး ရိုင်ဖယ်များအပြင် တရုတ်နိုင်ငံတွင် ထုတ်လုပ်သော ၁၀၇ မီလီမီတာဒုံးကျည်များ၊ Type-69 RPG လောင်ချာများနှင့် အထူးသဖြင့် MNDAA နှင့် AA တို့က  ထိထိရောက်ရောက် အသုံးချနေခဲ့သည့် ၁၂.၇ မီလီမီတာ M-99 sniper ရိုင်ဖယ်များ အပါအဝင် လက်နက်များကိုလည်း လွှဲပြောင်းပေးခဲ့သည်။

          မကြာသေးမီလများအတွင်း အာရှထောက်လှမ်းရေးအရာရှိများနှင့် တိုင်းရင်းသား သတင်းရင်းမြစ်များက ၂၀၁၁ ခုနှစ်မှစ၍ UWSA က ဝယ်ယူခဲ့သော တရုတ်လက်နက် အများစုသည် အိမ်နီးချင်း လာအိုနိုင်ငံကို ဖြတ်သန်းလာခဲ့ကြောင်း Asia Times သို့ အတည်ပြုခဲ့ပြီး ဖြစ်သည်။

          North China Industries Group Corporation (NORINCO) နှင့် China National Precision Machinery Import-Export Corporation (FN-6 နိုင်ငံခြား အရောင်းအတွက် တာဝန်ရှိသူ) ကဲ့သို့သော တရုတ်အစိုးရပိုင် လက်နက် ထုတ်လုပ်ရေး လုပ်ငန်းများမှ နိုင်ငံခြားတင်ပို့မှုများအတွက် ထုတ်ပေးသည့် တရားဝင် နောက်ဆုံးအသုံးပြုသူ သက်သေခံ လက်မှတ်များ (EUCs) တွင် လာအိုကာကွယ်ရေး ဝန်ကြီးဌာနကို လက်ခံရယူသူအဖြစ် စာရင်းသွင်းထားကြောင်း အလားတူရင်းမြစ်များက ဆိုသည်။

          လာအိုနိုင်ငံတွင် အဖြူအမည်း မသဲကွဲသော ကုန်သွယ်ရေးကို လက်အပြောင်းအလဲ လုပ်သည်။ လက်နက်ခဲယမ်းများက နိုင်ငံ အနောက်မြောက်ဘက်မှ ကုန်တင်ကားများဖြင့် ဖြတ်သန်းလာသည်ဟု နားလည်ထားကြသည်။ မဲခေါင်မြစ်ကို ဖြတ်သန်း၍ ဆော့ပ်လွေ Sop Lui ဆိပ်ကမ်းမှ တဆင့် ဝ ထိန်းချုပ်ဒေသများသို့ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) သို့မဟုတ် မိုင်းလားအဖွဲ့ က အုပ်ချုပ်သည့် အထူးဒေသ ၄ ကို ဖြတ်ကျော် သယ်ဆောင်ကြသည်။ NDAA သည် UWSA နှင့် မဟာမိတ်ဖြစ်ပြီး မြန်မာ့တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေးအတွက် လေ့လာစောင့်ကြည့်နေသည်။

          လာအိုနှင့် မိုင်းလားအာဏာပိုင်များ၏ အခန်းကဏ္ဍအတွက် ငွေကြေးဖြင့် သို့မဟုတ် မည်သည့် နည်းလမ်းဖြင့် ပေးရသည် ဆိုသည်က အခြားသော တရားမဝင် ကုန်သွယ်ရေး အများစုကဲ့သို့ပင် တိတိကျကျ မသိရပါ။

          TNLA ထိန်းချုပ်နယ်မြေတွင် ဖော်ထုတ်တွေ့ရှိသော လက်နက်များတွင် လေယာဉ်ပစ် ပခုံးထမ်းလောင်ချာတခု ပါဝင်/ ဧရာဝတီ

          လာအိုဆက်သွယ်ရေးလမ်းကြောင်းက မြန်မာနိုုင်ငံရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများကို လက်နက်ရောင်းချမှုအတွက် တရုတ်အစိုးရက ကြောင်းကျိုး ညီညွတ်စွာ ငြင်းဆိုနိုင်သည့် အခွင့်အရေးကို ပေးသည့် အဓိကလမ်းကြောင်းအဖြစ် ပေါ် ထွက်လာခဲ့သည့် အတိုင်းအတာအရဆိုလျှင် ယခုအခါ ပျောက်ကွယ်သွားပြီ ဖြစ်သော ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) ကို တရုတ် အစိုးရက ထောက်ပံ့ပေးခဲ့သည့် ကာလနှင့် ၂၀၀၀ ပြည့်လွန်နှစ်များအထိ ရှိခဲ့သလို တရုတ်လက်နက်များက တရုတ်-မြန်မာ နယ်စပ်ကို ဖြတ်ကျော်နေဆဲဆိုသည်မှာ မဖြစ်နိုင်ဖွယ်ရာ ရှိသည့် အသွင်ဖြစ်ပါသည်။

          သို့သော်လည်း အနည်းဆုံးအနေဖြင့် မြန်မာနိုင်ငံမှ လက်နက်ကိုင် အဖွဲ့များသည် စစ်ဘက်၊ အရပ်ဘက် ၂ မျိုးလုံး သုံးနိုင်သည့် နည်းပညာရရှိရန်၊ ကျွမ်းကျင်သူများ ငှားရမ်းရန်နှင့် ငွေကြေးရင်းနှီးမြှုပ်နှံရန် တရုတ်နိုင်ငံကို အသုံးပြုနိုင်ကြဆဲဖြစ်သည်။

          သို့သော်လည်း တရုတ်အာဏာပိုင်များက ထိုကိစ္စများကို “စနစ်တကျ စိစစ်” ရန်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက် ကြီးထွားလာသောပြဿနာကို ရှီကျင့်ဖျင် ကတိပြုခဲ့သည့်အတိုင်း “ ဖြေရှင်းရန်” အချိန် မည်မျှကြာမည် ဆိုသည်က  တပ်မတော်နှင့် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ချဉ်းကပ်ပုံတွင် များစွာမူတည်လိမ့်မည် ဖြစ်သလို တရုတ်နိုင်ငံအပေါ် တပ်မတော်၏ ချဉ်းကပ်ပုံ ပေါ်တွင်လည်း မူတည်ပါလိမ့်မည်။

          အံ့သြစရာ မဟုတ်သည်မှာ ရှီကျင့်ဖျင်၏ မှတ်ချက်များကြောင့် တရုတ်န်ိုင်ငံသည် ၎င်း၏ အိမ်နီးချင်း နိုင်ငံငယ်လေးကို မတည်ငြိမ်စေရန်နှင့် အားနည်းသည့် အခြေအနေတွင် ထားရှိရန် ရည်ရွယ်၍ ၂ ဆင့်ပါသော ကစားပွဲတခုကို ကစားနေသည်ဟူ၍ သံသယရှိသော မီဒီယာများ၏  ဝေဖန်ရေးလှိုင်းတခု မြန်မာနိုင်ငံတွင် ပေါ်ထွက်စေခဲ့သည်။

          တိုင်းပြည်၏ မြောက်ပိုင်းမှ ဧရာမ အိမ်နီးချင်းနိုင်ငံအပေါ် ကြာရှည်စွာထားရှိခဲ့သော မယုံကြည်မှုကို ထင်ဟပ်ပြခြင်း ဖြစ်သည့်တိုင် အဆိုပါ အယူအဆသည် တရုတ်နိုင်ငံက ဖန်တီးခြင်း မဟုတ်သော ပင်မအမှန်တရားတခု (တပ်မတော်က ၎င်းကို ဆယ်စုနှစ်များစွာ ပြင်းပြင်းထန်ထန် ဆန့်ကျင်နေခဲ့သည့် တိုင်းပြည်၏ ကျယ်ပြန့်သော ဒေသများနှင့် ပတ်သက်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အပ်နှင်းထားသည့် ဗဟို ချုပ်ကိုင်မှု စည်းမျဉ်းစည်းကမ်းများ ချမှတ်ရန် အမြဲမပြတ် ကြိုးပမ်းနေသည်နှင့် အမျှ တိုင်းရင်းသား လူနည်းစုပြဿနာကို ဖြေရှင်းနိုင်ရန် မြန်မာနိုင်ငံ၏ ကိုယ်ပိုင်စွမ်းရည် ကြာရှည်စွာ ကင်းမဲ့နေမှု) ကို အသိအမှတ်ပြုရန် ပျက်ကွက်ခဲ့သည်။

          တိုင်းရင်းသား တပ်များ လက်နက်ချခြင်း သို့မဟုတ် အဓိပ္ပာယ်ပြည့်ဝသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို စဉ်းစားပေးရန် တပ်မတော်၏ စိတ်ဆန္ဒမရှိလျှင် (၂ ခုလုံးက ယနေ့အချိန်တွင် ဖြစ်လာဖွယ်မရှိသည့် အသွင်ဖြစ်သည်) တိုင်းရင်းသား တပ်ဖွဲ့များကို ထောက်ပံ့နေသော လက်နက်ရောင်းဝယ်မှု မီးခိုးရောင်ဈေးကွက်ကို စွန့်ခွာရန်  တရုတ်အစိုးရအတွက် ဖြစ်နိုင်ချေ နည်းပါသည်။

          တရုတ်လက်နက်များ ဖြတ်တောက်ခြင်းသည် တပ်မတော်က လူနည်းစုများ နာခံလာစေရန် ထိုးနှက်သည့် ၎င်း၏ စစ်ဆင်ရေးများကို အရှိန်မြှင့်တင်လာရေး အားပေးသလိုသာ ဖြစ်သွားစေလိမ့်မည်ဆိုလျှင် မြန်မာနိုင်ငံ မြောက်ပိုင်း တရုတ် နိုင်ငံနှင့် နယ်စပ်တလျှောက်တွင် နောက်ထပ်မတည်ငြိမ်မှုများ၊ ပဋိပက္ခနှင့် ဒုက္ခသည် စီးဆင်းမှုကို ဖိတ်ခေါ်ခြင်းပင်။

          ထို့ပြင် တရုတ်နိုင်ငံကို ဘင်္ဂလားပင်လယ်အော်သို့ မဟာဗျူဟာအရ လမ်းပွင့်ရန် ကြိုးစားနေသည့်  တရုတ် – မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ရည်မှန်းချက်များ  အဆင့်မြှင့်တင်ရေး တရုတ်အစိုးရ၏ ဗျူဟာမြောက် အစီအစဉ်များကို အကန့်အသတ်မရှိ နှောင့်နှေးသွားစေလိမ့်မည် ဖြစ်သည်။

          UWSA က သုံးနေသော တရုတ်လုပ် ဒရုန်းတစီး/ဧရာဝတီ

          ထို့ကြောင့် တရုတ်အစိုးရအတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်ပြီး ၎င်းတို့ကြိုးစားနေသည်မှာ ၂ ဘက်လုံးနှင့် ရင်းရင်းနှီးနှီး ဆက်ဆံမှုကို ထိန်းသိမ်းရင်း အနည်းဆုံးအနေဖြင့် ရန်လိုမှုများကို ရပ်တန့်စေနိုင်သည့် သို့မဟုတ် လျှော့ချပေးနိုင်မည့် အပစ်အခတ်ရပ်စဲရေးတခုအတွက် တွန်းအားပေးခြင်းနှင့် UWSA နှင့် မိုင်းလား အဖွဲ့တို့ ထိန်းချုပ်ထားသော ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများသို့ နှစ်ပေါင်း ၃၀ အတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ယူဆောင်ပေးခဲ့သော ပိုမို၍ ကြာရှည် ခံမည့် ဟန်ချက်မျှသော ပုံစံတမျိုးကို အကောင်းဆုံး အာမခံပေးနိုင်ရန် ဖြစ်သည်။

          မြန်မာနိုင်ငံမြောက်ပိုင်း အခြေအနေက ယခင်ဇာတ်ညွှန်းဟောင်း (မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်များနှင့် တပ်မတော်ကြားမှ အကဲဆတ်သော်လည်း ရေရှည်တည်တံဖွယ်ရှိသော အပြန်အလှန် အပစ်အခတ်ရပ်စဲရေး) နှင့် နီးကပ်လု နီးပါး ဖြစ်နေပြီဟု ဆိုရပါလိမ့်မည်။

          ကချင်ပြည်နယ်တွင် ယခင်က ဂုဏ်တက်ခဲ့သော KIA ၏ ပင်ပန်းပြီး အသက်အရွယ်ထောက်နေပြီ ဖြစ်သည့် ခေါင်းဆောင်ပိုင်းက ၂၀၁၈ ခုနှစ်တွင် တပ်မတော်၏ ထိုးနှက်မှုကို ခံခဲ့ရသည့် အချိန်မှစ၍  နောက်ထပ် တိုက်ခိုက်မှုများ မပြုလုပ်လိုတော့ကြောင်း ပြသခဲ့သည်။ လက်နက်ကိုင်တပ်ဖွဲ့ဝင် ၈ ထောင်မှ ၉ ထောင် အတွင်းရှိပြီး မြောက်ပိုင်း မဟာမိတ်အဖွဲ့တွင် အင်အားအကြီးဆုံး တပ်ဖွဲ့ဖြစ်သည့် KIA ၏ လှုပ်ရှားမှုများက ၂၀၁၉ ခုနှစ် တလျှောက်လုံးတွင် ထင်ထင်ရှားရှား ပျောက်ဆုံးနေခဲ့သည်။

          ဆန့်ကျင်ဘက်အနေဖြင့် KIA ၏ မဟာမိတ်များဖြစ်သော ရှမ်းပြည်နယ်မြောက်ပိုင်း အခြေစိုက်သည့် TNLA နှင့် တရုတ်လူမျိုးများဖြစ်သည့် MNDAA တို့က ၂၀၁၉ ခုနှစ် သြဂုတ်လတွင် ကြီးမားသော ထိုးစစ်တခုကို ဆင်နွှဲခဲ့ပြီး တရုတ်-မြန်မာဆက်ဆံရေးတွင် အလားအလာရှိသော အဖျက်စွမ်းအားအဖြစ် သူတို့၏အင်အားကို ဖော်ပြခဲ့သည်။

          ရက်ပေါင်းများစွာ ကြာသည့် တိုက်ခိုက်မှုများက မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးမြို့နှင့် တရုတ်နိုင်ငံကြားမှ အဓိက ကုန်သွယ်ရေး လမ်းကြောင်းများကို ပြတ်တောက်သွားစေပြီး မန္တလေးမြို့နှင့် များစွာမဝေးသည့် တပ်စခန်းမြို့ ဖြစ်သော ပြင်ဦးလွင်ရှိ စစ်ဘက်ဆိုင်ရာ အဆောက်အဦးများကို ဒုံးကျည်များဖြင့် ပစ်ခတ်ခြင်းဖြင့် တပ်မတော်အား အရှက်ရစေခဲ့သည်။

          သို့သော်လည်း ထိုအချိန်မှစ၍ ၂ ဖွဲ့လုံးက မြောက်ပိုင်းမဟာမိတ်အဖွဲ့ နှင့် တပ်မတော်ကြားမှ စေ့စပ်ညှိနှိုင်းမှုများတွင် ပါဝင်လာခဲ့ပြီး ဇန်နဝါရီလတွင် ဖေဖော်ဝါရီလကုန်အထိ တဖက်သတ် အပစ်အခတ်ရပ်စဲရေးကို တိုးချဲ့ခဲ့သည်။ အားလုံးက တရုတ်နိုင်ငံ၏ ဖိအားကို တုန့်ပြန်ခြင်း ဖြစ်ကြောင်း ထင်ရှားပါသည်။

          တရုတ်နှင့် မြန်မာ အစိုးရ  ၂ ခု လုံးအတွက် ဖြေရှင်းရန် အဓိက အတားအဆီးမှာ  မြောက်မဟာမိတ်အဖွဲ့၏ စတုတ္ထမြောက် အဖွဲ့ဝင် ရခိုင်တပ်မတော် (AA)  ဖြစ်သည်။ ဗျူဟာမြောက် ဆိပ်ကမ်းတခု တည်ဆောက်ရန် တရုတ်နိုင်ငံက ရည်မှန်း ထားသည့် ရခိုင်ပြည်နယ်ရှိ မြန်မာနိုင်ငံ၏ အနောက်ဘက် ပင်လယ် ကမ်းရိုးတန်းနှင့် ကီလိုမီတာ ၁၀၀ အဝေးတွင် ၎င်းတို့ ဆင်နွှဲနေသည့် စစ်ပွဲက အရှိန် မြင့်တက်လာနေသည်။

          (Asia Times ပါ China’s loose arms still fuel Myanmar’s civil wars ကို ဘာသာပြန်ဆိုသည်။)

          You may also like these stories:

          မြန်မာကို ချိနဲ့ပြီး မတည်ငြိမ်ဖို့ တရုတ် ဗျူဟာတကျ ရည်ရွယ်သလား

          ရှမ်းမြောက်တွင် လက်နက်ခဲယမ်း အမြောက်အမြား ထပ်မံ သိမ်းဆည်းရမိ

          အပ်ကြောင်းထပ်နေသော ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ကျော်လွန်၍

          ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၁၉ တွင် နိုင်ငံခြား ခရီးစဉ် ၁၁ ခု သွားရောက်ခဲ့

          Your Thoughts …
          Tags: တပ်မတော်တရုတ် လက်နက်လာအိုသမ္မတ ရှီကျင့်ဖျင်
          Anthony Davis

          Anthony Davis

          ...

          Similar Picks:

          တပ်မတော် စစ်သမိုင်းပြတိုက်ရှိ တပ်မတော် ထိပ်တန်းခေါင်းစဉ်များ ရာထူးအင်္ဂါစဉ် / ထက်နိုင်ဇော် / ဧရာဝတီ

          တပ်မတော် စစ်ဆင်ရေး အထူးအဖွဲ့ မှူး ရာထူးများ အပြောင်းအလဲ ဖြစ်

          by ထက်နိုင်ဇော်
          12 July 2019
          65.6k

          လက်ရှိ တပ်မတော် စစ်ဆေးရေး အရာရှိချုပ် တာဝန်ယူထားသူ ဒုတိယ ဗိုလ် ချုပ်ကြီး မင်းနောင်မှာလည်း အမှတ် ၅ စစ်ဆင်ရေး အထူးအဖွဲ့မှူး တာဝန် ပြောင်းလဲ ထမ်းဆောင်မည်ဖြစ်ပြီး၊ ယခင် အမှတ် ၅ စစ်ဆင်ရေး...

          ဗီယက်နမ်၊ လာအိုနှင့် မြန်မာတို့တလျှောက် တရုတ်က ကာထားသည့် နယ်စပ်ခြံစည်းရိုး တစိတ်တပိုင်း / Blue Dragon Children's Foundation

          တရုတ်ခြံစည်းရိုးနှင့် လူကုန်ကူးမှု ဗဟိုချက်ဖြစ်လာသည့် မြန်မာနယ်စပ်

          by Chris Humphrey
          10 June 2023
          7.5k

          အခန်းထဲတွင် တဦးတည်း သော့ပိတ်ခံထားရပြီးနောက် အခြားသူများ၏ အသံကို ကြားနေရသော်လည်း မမြင်ရပေ။ ထိုအိမ်ကို လက်နက်ကိုင်များက စောင့်ကြပ်နေသည်။

          တပ်မတော် အရန်အင်အားသို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်သည့် ဒုတိယ ဗိုလ်ချုပ်ကြီးများ  / ဧရာဝတီ

          ဒုတိယ ဗိုလ်ချုပ်ကြီး ၆ ဦး တပ်မတော် အရန်အင်အားသို့ ပြောင်းရွှေ့ ခံရ

          by ထက်နိုင်ဇော်
          20 December 2020
          74k

          ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့်ရှိသူ ၆ ဦးကို တပ်မတော် အရန်အင်အားသို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ခွင့် ပြုလိုက်ကြောင်း သတင်း ရရှိသည်။

          ၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က ကျင်းပသော တပ်မတော်နေ့အခမ်းအနား / AFP

          မြန်မာစစ်တပ် ပြိုလဲပျက်စီးသွားနိုင်သည်

          by ဧရာဝတီ
          27 March 2023
          95.7k

          မြန်မာစစ်တပ်ပြိုကွဲမှု အမှန်တကယ် ဖြစ်နိုင်ခြေရှိပြီး ထိုသို့ဖြစ်မည့် အထောက်အထား အများအပြားရှိသည်။

          လာအို ရိုးရာအစားအစာ ဆန်ခေါက်ဆွဲပြုတ်

          လာအို ရိုးရာအစားအစာ ချဉ်ငန်စပ် ဆန်ခေါက်ဆွဲပြုတ် လုပ်စားရအောင်

          by Aurora
          24 August 2019
          6.7k

          လက်လုပ် ဆန်ခေါက်ဆွဲကို အမဲသား၊ ဒါမှမဟုတ် ကြက်သား၊ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ချက်ပြုတ်ထားတဲ့ ဟင်းရည်နဲ့ တွဲစားကြတာပါ။

          မတ်လအတွင်း စစ်ကိုင်းမြို့ လမ်းမများပေါ်တွင် စစ်သားနှင့် ရဲများက လိုက်လံ ရိုက်နှက် ဖမ်းဆီးနေစဉ်

          မြန်မာ့တပ်မတော်တွင် စွမ်းရည်သုံးရပ် ကင်းမဲ့သွားပြီ

          by ဧရာဝတီ
          15 September 2021
          112.6k

          ရန်လိုလျှင် ရန်ပြိုသည် ဆိုသည့် စကားပုံအတိုင်း စစ်တပ်သည် တနိုင်လုံး အတိုင်းအတာဖြင့် ရန်ပြိုအောင် လုပ်ခဲ့လေပြီ။

          Next Post
          ၂၀၁၉ ခုနှစ်က ကော်ပိုရိတ်စနစ် အကောင်အထော်ဖော်ဆောင်ရေး အတွက်ဆွေးနွေးနေကြစဉ် / Aung Naing Oo

          ကုမ္ပဏီများ မလိုက်နာ မနေရ ကော်ပိုရိတ်စည်းမျဉ်းဧပြီလအတွင်း ထုတ်ပြန်မည်

          ကိုရီးယားမင်းသား  Kim Soo Hyun

          ၅ နှစ်အတွင်း ပထမဆုံး ဒရာမာမှာ ပါဝင်လာမယ့် မင်းသား Kim Soo Hyun

          No Result
          View All Result

          Recommended

          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          3 days ago
          14.4k
          တရုတ် BRI ဖိုရမ်သို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖွယ်မရှိ

          တရုတ် BRI ဖိုရမ်သို့ မင်းအောင်လှိုင်ကို ဖိတ်ခေါ်ဖွယ်မရှိ

          5 days ago
          6.4k

          Most Read

          • နန်ဆန်ယန်တိုက်ပွဲ စက်တင်ဘာမြင်ကွင်း

            နန်ဆန်ယန်တိုက်ပွဲ စက်တင်ဘာမြင်ကွင်း

            shares
            Share 0 Tweet 0
          • ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

            shares
            Share 0 Tweet 0
          • တရုတ်နှင့်ပေါင်းပြီး ဒရုန်းရန်ကာကွယ်ဖို့ စစ်ကောင်စီ ကြိုးစားနေသလား

            shares
            Share 0 Tweet 0
          • ချောင်းဦးဒေသခံနှင့် PDF များကို စစ်တပ်သတ်ဖြတ်

            shares
            Share 0 Tweet 0
          • ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

            shares
            Share 0 Tweet 0

          Newsletter

          Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

          Subscribe here for daily updates.

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved