• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

တောရိုင်းတိရိစာ္ဆန်များကို တရုတ်၏ စားသောက်လိုစိတ်က ဗိုင်းရပ်ကို ရှင်သန်နိုင်စေ

by ဧရာဝတီ
21 February 2020
in ဆောင်းပါး
A A
ကျန်ကျင်းပြည်နယ်ရှိ ရွာတရွာတွင် မြွေအသေများ စိမ်ထားသည့် ဖန်ပုလင်းများကို ပြသထားခြင်းကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်းက မြင်ရစဉ်  / Reuters

ကျန်ကျင်းပြည်နယ်ရှိ ရွာတရွာတွင် မြွေအသေများ စိမ်ထားသည့် ဖန်ပုလင်းများကို ပြသထားခြင်းကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်းက မြင်ရစဉ် / Reuters

14.2k
VIEWS
Share on FacebookShare on Twitter

ပြီးခဲ့သည့် ၂ ပတ်အတွင်းတွင် တရုတ်ရဲတပ်ဖွဲ့က နိုင်ငံတဝန်းရှိ အိမ်များ၊ စားသောက်ဆိုင်များနှင့် ယာယီဈေးများကို ဝင်ရောက် စီးနင်းခဲ့ပြီး တောရိုင်းတိရိစာ္ဆန်များအား ဖမ်းဆီးခြင်း၊ ရောင်းချခြင်း သို့မဟုတ် စားသောက်ခြင်းများ ယာယီ ပိတ်ပင်ထားမှုကို ချိုးဖောက်သည့်အတွက် လူ ၇၀၀ နီးပါးကို ဖမ်းဆီးခဲ့သည်။

ရှဉ့်များ၊ မြွေပါများနှင့် တောဝက်များ အပါအဝင် သတ္တဝါပေါင်း ၄၀၀၀၀ နီးပါးကို ဖမ်းမိစေခဲ့သည့် ဖြိုခွဲနှိမ်နင်းမှုက တရုတ်နိုင်ငံ၏ တောရိုင်းတိရိစာ္ဆန်များကို စားသုံးလိုသော ဆန္ဒနှင့် တိရိစာ္ဆန်အစိတ်အပိုင်းများကို ဆေးဘက်ဆိုင်ရာ ရည်ရွယ်ချက်များအတွက် အသုံးပြုခြင်းတို့သည် ချက်ချင်း ပျောက်ကွယ်သွားဖွယ် မရှိကြောင်းကို ဖော်ပြနေသည်။ ယင်းစရိုက်သည် ကိုရိုနာဗိုင်းရပ်သစ်နှင့် ဆက်နွယ်မှု ရှိနေနိုင်သော အလားအလာများကလည်း ရှိနေသည်။

RelatedPosts

ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
379
မြို့ ၅ မြို့  ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

16 May 2025
856
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13.9k

မြည်း၊ ခွေး၊ သမင်၊ မိကျောင်းနှင့် အခြားအသားများကို တရားဝင်ရောင်းဝယ်သော ကုန်သည်များက ဈေးကွက် ပြန်လည်ဖွင့်လှစ်သည်နှင့် လုပ်ငန်းပြန်လုပ်ရန် စီစဉ်ထားကြောင်း ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

“ဒီပိတ်ပင်မှုကို ရုပ်သိမ်းလိုက်တာနဲ့ ရောင်းချင်ပါတယ်” ဟု တောရိုင်းတိရစာ္ဆန် များရောင်းချသည့် အွန်လိုင်း စတိုးဆိုင်တခုကို လုပ်ကိုင်နေပြီး တရုတ်နိုင်ငံမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတခုဖြစ်သည့် အင်နားမွန်ဂိုလီးယားတွင် ဆိုင်များဖွင့်လှစ် ထားသည့် Gong Jian က ပြောကြားသည်။ “လူတွေက တောရိုင်းတိရစာ္ဆန်တွေ ဝယ်ရတာ ကြိုက်တယ်။ သူတို့ကိုယ်တိုင် စားဖို့ သို့မဟုတ် လက်ဆောင်အဖြစ် ပေးဖို့ ဝယ်ကြတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒါက အမြင်တင့်တယ်၊ မျက်နှာကောင်းရတယ်။”

မိကျောင်းနှင့် သမင်သားများကို ရေခဲသေတ္တာကြီးများတွင် သိုလှောင်ထားသော်လည်း စူပါမားကက်များက ဥများကို မဝယ်တော့သောကြောင့် သူမွေးမြူထားသောငုံးများကို သတ်ပစ်ရတော့မည်ဟု Gong Jian ပြောသည်။ ငုံးသားက အေးခဲထားပြီးနောက် စား၍ မရနိုင်သောကြောင့် ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်သစ်သည် လင်းနို့များထံမှနေ၍ လူသားများထံသို့ သင်းခွေချပ်မှတဆင့် ကူးစက်သွားသည်ဟု သိပ္ပံပညာရှင်များက သံသယရှိကြသော်လည်း သက်သေမပြနိုင်သေးပါ။ ပရွက်ဆိတ်စား နို့တိုက်သတ္တဝါငယ်တမျိုး ဖြစ်သည့် သင်းခွေချပ်၏ အကြေးခွံများကို တရုတ် တိုင်းရင်းဆေးပညာတွင် အလွန်တန်ဖိုးထားသည်။

အစောဆုံး ရောဂါကူးစက်မှုအချို့ကို လင်းနို့များ၊ မြွေများ၊ ကြောင်ကတိုးများနှင့် အခြားတောရိုင်းတိရစာ္ဆန်များ ရောင်းချသည့် ဝူဟန် ပင်လယ်စာဈေးသို့ သွားရောက်ခဲ့ဖူးသူများထဲတွင် တွေ့ရှိရသည်။ ဇန်နဝါရီလအတွင်းတွင် အဆိုပါ ဈေးအားလုံးကို ယာယီပိတ်သိမ်းထားခဲ့ပြီး တောရိုင်းတိရိစာ္ဆန်များကို စားသုံးခြင်းက ပြည်သူ့ကျန်းမာရေးနှင့် ဘေးကင်းရေးအတွက် ခြိမ်းခြောက်မှုတခု ဖြစ်ကြောင်း သတိပေးခဲ့သည်။

ထိုသို့ သတိပေးခြင်းက နိုင်ငံ၏ယဉ်ကျေးမှုနှင့် သမိုင်းတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသော အရသာခံစားမှုများ သို့မဟုတ် သဘောထားအမြင်များကို ပြောင်းလဲပစ်ရန် လုံလောက်လိမ့်မည်မဟုတ်ပါ။

တရုတ်သိပ္ပံအကယ်ဒမီမှ အငြိမ်းစား သတ္တဗေဒ သုတေသီတဦး ဖြစ်သည့် Wang Song က “လူအများစုရဲ့ အမြင်မှာ တိရိစာ္ဆန်တွေက လူသားတွေအတွက် အသက်ရှင်နေရတာ။ ကမာ္ဘပေါ်မှာ လူသားတွေနဲ့ တူတူနေဖို့ မဟုတ်ဘူး” ဟု ပြောသည်။

သင်းခွေချပ်အကြေးခွံက တရုတ်တိုင်းရင်းဆေးတွင် တန်ဖိုးရှိသည်/Reuters

အွန်လိုင်းပေါ်မှ အငြင်းပွားမှုများ

တရုတ်နိုင်ငံတွင် လူပေါင်း ၁၆၀၀ ကျော်သေဆုံးခဲ့သော ကိုရိုနာဗိုင်းရပ်သစ် ပေါ်ထွက်လာခြင်းက နိုင်ငံအတွင်း အစားအစာနှင့် ဆေးဝါးများအတွက် တောရိုင်းတိရစာ္ဆန်များ အသုံးပြုမှုနှင့် ပတ်သက်၍ ဆွေးနွေးငြင်းခုံမှုများကို ပြန်လည် အသက်ဝင်စေခဲ့သည်။ လင်းနို့များထံမှနေ၍ လူများထံသို့ ကြောင်ကတိုးမှ တဆင့် ကူး စက်သည် ဟု သိပ္ပံပညာရှင်များက ယူဆသော SARS (ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ) ဖြစ်ပွားခဲ့သည့် ၂၀၀၃ ခုနှစ် ကလည်း ထိုကိစ္စကို တွင်တွင်ကျယ်ကျယ် ပြောဆိုခဲ့ကြဖူးပါသည်။

ပညာရှင်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများနှင့် တရုတ်နိုင်ငံသားများ အများအပြားက တောရိုင်းတိရိစာ္ဆန်များ ကုန်သွယ်ခြင်းကို အမြဲတမ်းတားမြစ်ရန်နှင့် တောရိုင်းတိရိစာ္ဆန်များ ရောင်းသည့်ဈေးများ ပိတ်သိမ်းရန် နိုင်ငံတကာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များနှင့် ပူးပေါင်းခဲ့ကြသည်။

လူငယ်များက လွှမ်းမိုးထားဖွယ်ရာရှိသော တရုတ်နိုင်ငံတွင်းမှ အွန်လိုင်းဆွေးနွေးမှုများတွင် အမြဲတမ်းတားမြစ်ခြင်းကို အကြီးအကျယ် ထောက်ခံကြသည်။

“မကောင်းတဲ့အကျင့်တခုကတော့ ငါတို့က ဘာကိုပဲဖြစ်ဖြစ် စားရဲတာပဲ” ဟု တရုတ် ဝက်ဘ်ဆိုက်တခုဖြစ်သည့် Sina မှ သတင်းဆွေးနွေးမှု ဖိုရမ်တခုတွင် Sun အမည်ရှိသူတဦးက မှတ်ချက်ပေးခဲ့သည်။ “ တောရိုင်းတိရိစာ္ဆန်တွေ စားတာကို ရပ်ပစ်ရမယ်။ စားတဲ့သူတွေကို ထောင်ချပစ်ရမယ်” ဟု သူက ဆိုသည်။

မည်သို့ပင်ဖြစ်စေ တရုတ်လူမျိုး လူနည်းစုက ကျန်းမာရေးနှင့် ညီညွတ်သည်ဟု ယုံကြည်ထားသည့်အတွက် တောရိုင်းတိရိစာ္ဆန်များကို စားရန် ဆန္ဒရှိနေကြဆဲ ဖြစ်ခြင်းက ဝူဟန်ရှိ ဈေးကဲ့သို့သော တောရိုင်းတိရစာ္ဆန်ဈေးကွက်များကို ဆက်လက် တည်ရှိစေသော ဝယ်လိုအားကို ဖြစ်စေပြီး အများစုက တရားမဝင် အွန်လိုင်း အရောင်းလုပ်ငန်းများကို ကြီးထွား အောင်မြင်စေခဲ့သည်။

သူကိုယ်သူ Onlooker Pharaoh ဟု ခေါ်သောအွန်လိုင်းမှ မှတ်ချက်ပေးသူတဦးက တရုတ်သတင်း ပလက်ဖောင်းတခု ဖြစ်သည့် Hupu တွင် “တောရိုင်းတိရိစာ္ဆန်တွေကို အစားအစာအဖြစ် စားသုံးခြင်း စွန့်လွှတ်လိုက်တာက အစာစားရင် နင်မှာစိုးလို့ အစာမစားတာနဲ့ တူတူပဲ” ဟုပြောကြားခဲ့သည်။

အစိုးရ၏ ထောက်ပံ့မှု

တရုတ်နိုင်ငံတွင် တောရိုင်းတိရိစာ္ဆန်များ မွေးမြူခြင်းနှင့် ကုန်သွယ်ခြင်းကို အစိုးရက ထောက်ပံ့ပေးထားပြီး လူအများအပြားအတွက် အကျိုးအမြတ်ရရှိနေသော အရင်းအမြစ်တခုဖြစ်သည်။

SARS ရောဂါ ဖြစ်ပွားပြီးနောက် အမျိုးသား သစ်တောနှင့် မြက်ခင်းပြင်စီမံခန့်ခွဲရေးအဖွဲ့ (NFGA) က တောရိုင်းတိရိစာ္ဆန်များနှင့်ဆိုင်သော စီးပွားရေး လုပ်ငန်းများ၊ တရားဝင်မွေးမြူရေးနှင့် ကြောင်ကတိုးများ၊ လိပ်များနှင့် မိကျောင်းများ အပါအဝင် တောရိုင်းတိရိစာ္ဆန် ၅၄ မျိုးတို့အတွက် လိုင်စင်ထုတ်ပေးခြင်းနှင့် ဝက်ဝံများ၊ ကျားများနှင့် သင်းခွေချပ်များ အပါအဝင် မျိုးတုန်းမည့်အလားအလာရှိသော တိရိစာ္ဆန်များကို  သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သို့မဟုတ် ထိန်းသိမ်းစောင့်ရှောက်ရေး ရည်ရွယ်ချက်များဖြင့် မွေးမြူခြင်းအား အတည်ပြုပေးခြင်းတို့ အတွက် ကြီးကြပ်ကွပ်ကဲမှုများကို တင်းတင်းကျပ်ကျပ် ပြုလုပ်ခဲ့သည်။

တရားဝင်ခွင့်ပြုထားသော ဤတောရိုင်းတိရိစာ္ဆန် မွေးမြူရေးလုပ်ငန်းများက နှစ်စဉ်ဝင်ငွေ ဒေါ်လာ ဘီလီယံ ၂၀ ရရှိကြောင်း အစိုးရက ကျောထောက်နောက်ခံပေးထားသော ၂၀၁၆ ခုနှစ်က အစီရင်ခံစာတစောင်အရ သိရသည်။

“အစိုးရ သစ်တောဗျူရိုက တောရိုင်းတိရစာ္ဆန် အသုံးပြုမှုကို အဓိကပံ့ပိုးပေးနေခဲ့တာ ကြာပါပြီ” ဟု Humane Society International မှ တရုတ်မူဝါဒရေးရာကျွမ်းကျင်သူ Peter Li က ပြောသည်။ “သူတို့က တောရိုင်းတိရိစာ္ဆန်အရင်းအမြစ်တွေကို ဖွံ့ဖြိုးရေးရည်ရွယ်ချက်အတွက် အသုံးပြုဖို့ တရုတ်နိုင်ငံရဲ့အခွင့်အရေးကို အခိုင်အမာ ထောက်ခံတယ်။”

တောရိုင်းတိရစာ္ဆန်များမွေးမြူခြင်းနှင့် ရောင်းချခြင်းအများစုက ထိုအရောင်းအဝယ်သည် ဒေသန္တရစီးပွားရေးအတွက် တိုးတက်မှုတခုဟု မြင်သော ဒေသဆိုင်ရာ အာဏာပိုင်များ၏ စောင်မမှုအောက်တွင်ရှိသော ကျေးလက်ဒေသ သို့မဟုတ် ဆင်းရဲသောဒေသများတွင် ဖြစ်နေသည်။ အစိုးရကျောထောက်နောက်ခံပေးထားသော ရုပ်မြင်သံကြားအစီအစဉ်များတွင် စီးပွားဖြစ်ရောင်းရန်နှင့် ကိုယ်တိုင်စားသုံးရန် ကြွက်များ အပါအဝင် တိရိစာ္ဆန်များ မွေးမြူသူများအကြောင်း ပုံမှန်ပြသပေးနေသည်။

သို့သော်လည်း တားမြစ်ရန် တွန်းအားပေးနေသည့် တက်ကြွလှုပ်ရှားသူများက လိုင်စင်ရထားသော မွေးမြူရေးခြံများသည် တရားမဝင် တောရိုင်းတိရစာ္ဆန် ရောင်းဝယ်မှုအတွက် အကာအကွယ်တခုသဖွယ်ဖြစ်ပြီး တိရိစာ္ဆန်များကို တောအတွင်းသို့ လွှတ်ပေးရမည့်အစား စားသုံးရန် သို့မဟုတ် ဆေးဝါးများအဖြစ် အသုံးပြုရန် ရည်ရွယ်ချက်ရှိရှိ မွေးမြူနေခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။

“သူတို့က တရားမဝင်ရောင်းဝယ်မှုလုပ်ဖို့ ဒီမျက်နှာဖုံးကို သုံးတာပါ” ဟု တရုတ်နိုင်ငံမှ ဇီဝမျိုးကွဲ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် စိမ်းလန်းသော ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း၏ အကြီးအကဲ Zhou Jinfeng က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ “တရုတ်နိုင်ငံမှာ သင်းခွေချပ် မွေးမြူရေးခြံဆိုတာ တကယ်မရှိဘူး။ တရားမဝင် အလုပ်တွေ လုပ်ဖို့ အတွက် သူတို့က အဲဒီပါမစ်ကို သုံးတာ”

မှတ်ချက်ပေးရန် တောင်းဆိုမှုများကို NFGA မှတုန့်ပြန်ခဲ့ခြင်းမရှိပါ။

သမင်ခေါင်းတခုကို ဘေဂျင်းရှိ ဈေးတဈေးတွင် ပြသထားသည်ကို ၂၀၀၂ ခုနှစ် နိုဝင်ဘာလအတွင်းက မြင်ရစဉ်/Reuters

ဝေဝါးသော မျဉ်းများ

တရုတ်နိုင်ငံက ချဲ့ထွင်ရန် ဆန္ဒရှိနေသည့် တရုတ်တိုင်းရင်းဆေးလုပ်ငန်းမှ ရိုးရာဆေးအချို့တွင် ဝက်ဝံသည်းခြေမှသည် သင်းခွေချပ်အကြေးခွံအထိ တိရိစာ္ဆန် ထွက်ကုန်များကို အသုံးပြုနေဆဲဖြစ်သည်။

သို့သော် တရားဝင်နှင့် တရားမဝင်ကြားမှ ခြားနားမှုက မှုန်ဝါးနေသည်။ ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ ကမာ္ဘပေါ်မှ တရားမဝင် တောရိုင်းတိရစာ္ဆန်ရောင်းဝယ်မှုက တနှစ်လျှင် ဒေါ်လာ ၂၃ ဘီလီယံခန့် ရှိသည်။ တရုတ်နိုင်ငံက အကြီးဆုံး ဈေးကွက်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်အဖွဲ့များက ဆိုသည်။

သဘာဝပတ်ဝန်းကျင် အလွဲသုံးစားမှုဟု ၎င်းတို့က မြင်သောကိစ္စများကို ဆန့်ကျင်ကန့်ကွက်သည့် လှုပ်ရှားမှုများ ပြုလုပ်နေသော လန်ဒန်အခြေစိုက် လွတ်လပ်သော အဖွဲ့အစည်းဖြစ်သည့်  The Environmental Investigation Agency (EIA) က ယခုအပတ်အတွင်း ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစောင်တွင် တရုတ်နှင့် လာအိုမှ ကုန်သည်များက ကြံ့ချိုမှ ထုတ်လုပ်သည့်ဆေးများကို အဖျားသက်သာစေသော ဆေးများအဖြစ် ရောင်းချနေကြသည့်အတွက် ကိုရိုနာဗိုင်းရပ် ဖြစ်ပွားမှုက အမှန်တကယ်တွင် တရားမဝင် တောရိုင်းတိရစာ္ဆန်ရောင်းဝယ်မှု အချို့ကို မြင့်တက်စေခဲ့သည်ဟု ပြောကြားလိုက်သည်။

တရုတ်နိုင်ငံ၏ ထိပ်တန်းဥပဒေပြု အဖွဲ့က ယခုနှစ်တွင် တောရိုင်းတိရစာ္ဆန်ရောင်းဝယ်မှုနှင့် ပတ်သက်သောဥပဒေများကို ပိုမိုတင်းကျပ်လိမ့်မည်ဟု အစိုးရအာဘော်ဖြစ်သည့် ဆင်ဟွာ သတင်းအေဂျင်စီက ယခုအပတ်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ကုန်းတွင်းပိတ် အရှေ့ပိုင်း အန်ဟွေးပြည်နယ်ရှိ တောရိုင်းတိရစာ္ဆန် လက်ကား အရောင်းဆိုင်ပိုင်ရှင် Xiang Chengchuan က “ကျနော်တို့ လုပ်ငန်းက နေဝင်တော့မယ်” ဟုပြောသည်။ “အခုဆိုရင် လူအနည်းငယ်ကပဲ ခွေးသားစားတော့တယ်။ လွန်ခဲ့တဲ့အနှစ် ၂၀ က ဆိုရင် အဲဒါကို တော်တော် လူကြိုက်များခဲ့တယ်။”

သမင်ချိုများနှင့် ခွေး၊ မြည်းနှင့် ဒေါင်းသားများ ထည့်သွင်းထားသည့် လက်ဆောင်ဗူးများကို ချမ်းသာကြွယ်ဝသည့် ဘဏ်ဖောက်သည်များနှင့် အခြားသူများသို့ ရောင်းချနေသော Xiang Chengchuan က တားမြစ်မှုများက ဆက်လက်ရှိမည်လားဟု စောင့်ဆိုင်းနေရချိန်တွင် သူ၏အသားများကို အေးခဲအောင် လုပ်ထားခဲ့သည်။

“မူဝါဒက ကျနော်တို့ကို ခွင့်ပြုလိုက်တာနဲ့ အရောင်းပြန်စမယ်။ ဒါပေမယ့် အခုတော့ (တားမြစ်မှုက) ဘယ်လောက်ကြာဦး မလဲဆိုတာ ကျနော် မသိသေးပါဘူး။”

(Reuters သတင်းထောက်များဖြစ်သော Farah Master နှင့် Sophie Yu တို့ ရေးသားသည့် ‘Animals live for man’: China’s appetite for wildlife likely to survive virus ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

ကိုရိုနာဗိုင်းရပ်စ် အမြန်စစ်ဆေး ကိရိယာကို တရုတ်ပညာရှင်များ တီထွင်

ကိုရိုနာဗိုင်းရပ် အတည်ပြုချက် စီတီစကင်ဖြင့်ပင် ရပြီ

ကိုရိုနာဗိုင်းရပ် COVID-19 ဆေးထုတ်ရန် ၁၈ လကြာမည်ဟု ပြော

Your Thoughts …
Tags: ကိုရိုနာဗိုင်းရပ်သစ်စားသောက်လိုစိတ်တရုတ်တောရိုင်းတိရိစာ္ဆန်များ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.1k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.3k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.4k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

Next Post
ရှက်ကြပါ

ရှက်ကြပါ

စာသင်ကျောင်းသည် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED)မှ ၂၀၀၅ ခုနှစ်က စတင် တည်ထောင်ခဲ့ခြင်း ဖြစ်သဖြင့် ၁၅ နှစ်နီးပါး သက်တမ်းရှိပြီ / မျိုးမင်းစိုး

ထိုင်းတောင်ပိုင်းက မြန်မာကလေးများအတွက် ပညာ့ရိပ်မြုံ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.3k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်နှင့် အနောက်တိုင်း အားထုတ်မှု ခြားနားချက်

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate