အဖျားနှင့် စသည်။ ၎င်းမှာ တရုတ်နိုင်ငံတဝန်းဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ် သစ်ကူးစက်ခံရသည့် လူနာများကြားတွင် အတွေ့ရ အများဆုံးရောဂါလက္ခဏာ ဖြစ်သည်။
Covid-19 ဗိုင်းရပ်နှင့် ဆက်နွယ်သည့် ပုံစံတခုကို ဝူဟန်တက္ကသိုလ် ကျုံးနန်ဆေးရုံတွင် လူနာ ၁၄၀ နီးပါးကို မကြာသေးခင်က လေ့လာမှုတွင် တွေ့ရှိခဲ့သည်။ လူနာ ၉၉ ရာခိုင်နှုန်းခန့်မှာ ကိုယ်ပူချိန်မြင့်မားပြီး ထက်ဝက်ကျော်မှာ မောပန်းနွမ်းနယ်ကာ ချောင်းခြောက်ဆိုးသည်။ သုံးပုံတပုံမှာ ကြွက်သားများနာကျင်ခြင်းနှင့် အသက်ရှူခက်ခဲသည်။
တရုတ်ရောဂါထိန်းချုပ်ရေးဋ္ဌာနမှ သုတေသနက တင်ပြထားသည်မှာ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံရသူများ၏ ၈၀ ရာခိုင်နှုန်းမှာ မပြင်းထန်ပေ။ လူနာများ၏ ၁၅ ရာခိုင်နှုန်းမှာမူ ပြင်းထန်စွာ ခံစားရသည့်လူနာများဖြစ်ကြပြီး ၅ ရာခိုင်နှုန်းမှာ စိုးရိမ်ရသည့်အနေအထားဖြင့် နာမကျန်းဖြစ်သည်။
လူနာစစ်စစ်များကြား ရောဂါလက္ခဏာများက မည်သို့ရှေ့တက်ဆိုးရွားသွားပုံမှာ အောက်ပါအတိုင်းဖြစ်သည်။
ပထမနေ့ – လူနာများမှာ အဖျားရှိသည်။ ၎င်းတို့မှာ မောပန်းခြင်း၊ ကြွက်သားများ နာကျင်ခြင်းနှင့် ချောင်းခြောက်ဆိုးခြင်းတို့ဖြစ်နိုင်သည်။ လူနာအနည်းစုသာ တရက်နှစ်ရက်မတိုင်မီက ဝမ်းလျှောဝမ်းပျက်ခြင်းနှင့် အော်ဂလီဆန်ခြင်းတို့ ရှိနိုင်သည်။
ငါးရက်မြောက်နေ့ – လူနာများ အသက်ရှူခက်ခဲနိုင်ပြီး အထူးသဖြင့် ၎င်းတို့မှာ အသက်ကြီးသူ သို့မဟုတ် ရောဂါအခံရှိသူ ဖြစ်နိုင်သည်။
ရှစ်ရက်မြောက် – ယခုအဆင့်တွင် ပြင်းထန်သည့်လူနာများ (တရုတ်ရောဂါထိန်းချုပ်ရေးဋ္ဌာန Chinese CDC ၏အဆိုအရ ၁၅ ရာခိုင်နှုန်း) မှာ ပြင်းထန်သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ခက်ခဲပင်ပန်းသည့်ရောဂါလက္ခဏာစု (ARDS) (အရည်များက အဆုတ်တွင် စုလာစဉ် ဖြစ်ပွားသည့် ရောဂါတခု) ဖြစ်ပေါ်လာသည်။ ယင်းရောဂါဖြစ်လာလျင် သေတတ်သည်။
၁၀ ရက်မြောက် – လူနာများတွင် ပိုမိုဆိုးဝါးသော လက္ခဏာများ ရှိနေလျင် ရောဂါတိုးသည့်အချိန်ဖြစ်ပြီး အများစုမှာ အထူးကြပ်မတ်ကုသဆောင်သို့ (ICU) သို့ တင်ရသည်။
ယင်းလူနာများမှာ ပိုပြီးဗိုက်နာလာကာ ပိုမိုပျော့ပြောင်းသည့်လူနာများထက် ပို၍ခံတွင်းပျက်လေ့ရှိသည်။ ယင်းလူနာများထဲမှ အနည်းငယ်မျှသာ သေဆုံးကြသည်။ လက်ရှိသေနှုန်းမှာ နှစ်ရာခိုင်နှုန်းဝန်းကျင်ခန့်သာ ရှိသည်။
၁၇ ရက်မြောက် – ပျမ်းမျှအားဖြင့် ဗိုင်းရပ်ကူးစက်ခံရရာမှ ပြန်ကောင်းလာသော လူများမှာ နှစ်ပတ်ခွဲခန့်နေပြီးနောက် ဆေးရုံမှ ဆင်းရသည်။
သို့သော်လည်း ပထမဆုံးရောဂါလက္ခဏာများမှာ ကူးစက်ခံရပြီးသည်နှင့် ပေါ်လာသည်မဟုတ်ပေ။ အမှန်ကူးစက်ခံရသော လူနာတဦးသည်ပင် ငါးရက်နှင့်အထက်ကြာသည်အထိ ရောဂါလက္ခဏာများမပြဘဲ ကူးစက်ခံရနိုင်သည်ဟု တက္ကဆတ်တက္ကသိုလ်ရှိ ကူးစက်ရောဂါကျွမ်းကျင်သူ လော်ရင်အန်ဆဲလ်က Business Insider သို့ပြောသည်။
ရောဂါလက္ခဏာများပေါ်လာသည်နှင့် ၎င်းတို့မှာ အဆုတ်ရောင် နျူမိုးနီးယား၏ လက္ခဏာများနှင့် တူညီနိုင်သည်။ သို့သော်လည်း Covid-19 ရောဂါက ပိုဆိုးလာချိန်တွင် နျူမိုးနီးယားနှင့် ခြားနားသည်ဟု သောမတ်ဂျက်ဖာဆင်တက္ကသိုလ်မှ ဓါတ်မှန်ပညာရှင် ပါရက်စ်လာခါနီက Business Insider သို့ပြောသည်။
“နျူမိုးနီးယားက မြန်မြန်ဆန်ဆန် ရောဂါတိုးမလာပါဘူး”ဟု လာခါနီက ဆိုသည်။” တကယ်တော့ ဆေးရုံအများစုကတော့ ပဋိဇီ၀ဆေးတွေနဲ့ ကုပြီး လူနာတွေဟာ တည်ငြိမ်လာမယ်။ နောက် စပြီးပိုကောင်းလာမယ်”ဟု ၎င်းကပြောသည်။
ကိုးကား။ ။ Business Insider
You may also like these stories:
ကိုရိုနာဗိုင်းရပ် လေထဲက ကူးနိုင်
COVID-19 ကူးစက်ခံရသော တောင်ကိုရီးယားသူနှင့် တွေ့ဆုံသည့် မြန်မာ၂၂ ဦးကို စောင့်ကြည့်နေ
တောင်ကိုရီးယားတွင် ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူ ၁၁၀၀ ကျော်သို့ ရောက်ရှိ