• English
Sunday, December 10, 2023
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

    စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

    လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

    လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

    မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

    မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

      မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      အဖော်လေးတွေ…

      အဖော်လေးတွေ…

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

        စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

        လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

        လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

        မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

        မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

        အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

        အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

        မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

        မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

        လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

        လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

        လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

        လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

        ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

        ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

        မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

        မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

          မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

          စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

          စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

          စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

          စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

          အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

          အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          အဖော်လေးတွေ…

          အဖော်လေးတွေ…

          မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

          မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

          လမ်ပန်းက ပြန်ခဲ့တယ်

          လမ်ပန်းက ပြန်ခဲ့တယ်

          မိန်းမ နှင့် ငွေ

          မိန်းမ နှင့် ငွေ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          ထရဂျဒီ၊ ကွန်မီဒီ

          ထရဂျဒီ၊ ကွန်မီဒီ

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home ဆောင်းပါး

          အိန္ဒိယရဲ့ မဟာဗျူဟာမြောက် ကုလားတန် စီမံကိန်းမှာ အရေးပါလာမယ့် AA (၃)

          by နန်းလွင်နှင်းပွင့်
          17 March 2020
          in ဆောင်းပါး
          Reading Time: 1 min read
          A A
          ကုလားတန်မြစ်ကူးတံတား စီမံကိန်း / အောင်ကျော်ထက် / ဧရာဝတီ

          ကုလားတန်မြစ်ကူးတံတား စီမံကိန်း / အောင်ကျော်ထက် / ဧရာဝတီ

          20.7k
          VIEWS
          Share on FacebookShare on Twitter

          ကုလားတန် မြစ်ကြောင်းမှာ သြဇာအာဏာ တည်ဆောက်နေတဲ့ AA

          လက်ရှိ အခြေအနေမှာတော့ ပလက်ဝမြို့နယ်အတွင်း AA ရဲ့ သြဇာအာဏာ တည်ဆောက်မှုက ကုန်းတွင်းပိုင်း ကျေးရွာ တွေအပြင် ကုလားတန်မြစ်ကြောမှာလည်း သက်ရောက်မှု ရှိနေပြီလို့ ဆိုရမှာပါ။

          RelatedPosts

          အနာဂတ်ပန်းကလေးများရဲ့ ဥယျာဉ်မှူး CDM ဆရာမ

          အနာဂတ်ပန်းကလေးများရဲ့ ဥယျာဉ်မှူး CDM ဆရာမ

          9 December 2023
          494
          စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

          စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

          9 December 2023
          8.3k
          မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

          မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

          9 December 2023
          6.5k

          ကုလားတန် မြစ်ကြောင်းတလျှောက်က အရပ်သား စက်လှေတိုင်းဟာ AA စစ်သားတွေရဲ့ စစ်ဆေးမှုကိုလည်း ခံကြရပါ တယ်။

          တပ်မတော် တပ်စခန်းတွေကိုတော့ ကုလားတန်မြစ်ကြောရဲ့ နေရာတိုင်းမှာ မတွေ့ရပါဘူး။

          ပလက်ဝမြို့ရဲ့ တဖက်ကမ်းမှာ တပ်မတော် ခြေလျင် တပ်ရင်း (ခလရ) ၂၈၉ တပ်ဖွဲ့တွေ ထိုင်တဲ့ ဂိတ်ရှိသလို ပလက်ဝ မြို့နဲ့ ၃ နာရီခန့် စက်လှေ မောင်းပြီး သွားရတဲ့ နှုန်းဘူး၊ ထရွန်အိုင် ကျေးရွာကြီးတွေမှာ တပ်မတော်၊ တပ်စခန်းရဲ့ စစ်ဆေးရေးဂိတ်တွေ ရှိပါတယ်။

          AA စစ်သားတွေကို ပလက်ဝမြို့နဲ့ ၄၅ မိနစ်ခန့်သွားရတဲ့ ကြွေသောင် ကျေးရွာကနေ နှုန်းဘူး မရောက်ခင် ကြားက ရွာတွေ တကြောမှာ လှုပ်ရှားနေတာကို တွေ့ရပါတယ်။

          Institute For Peace and Security ရဲ့ အမှုဆောင် ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦး ကတော့ အရပ်သားတွေ ထင်သလို တပ်မတော်စစ်ကြောင်းတွေ မရှိဘူးဆိုတာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။

          တပ်မတော်ရဲ့ စစ်ရေးနည်းဗျူဟာများအရ တပ်မတော်စစ်ကြောင်းတွေက အရေးပါတဲ့ နေရာတွေမှာ ပိတ်ဆို့ နေရာ ယူထားတာလို့ ဒေါက်တာ မင်းဇော်ဦးက ပြောပါတယ်။

          ကုလားတန်မြစ်နံဘေး ရွာများတွင် ရောက်ရှိလှုပ်ရှားနေသည့် AA တပ်များ(အောင်ကျော်ထက်၊ ဧရာဝတီ)

          တပ်မတော်က ပလက်ဝမြို့နယ်ထဲက တောင်တန်းတွေပေါ်မှာ ရှိတဲ့ AA စခန်း ၃ ခုခန့်ကို တိုက်ခိုက် သိမ်းပိုက်ထားပြီး စခန်းတွေ အသိမ်းခံရတော့ ရာနဲ့ချီတဲ့ စစ်သားတွေက ကျေးရွာတွေနဲ့ ကုလားတန် မြစ်တကြောမှာ ဆင်းလာပြီး ဖြန့် ကျက် လှုပ်ရှားနေတာ ဖြစ်နိုင်တယ်လို့လည်း သူက သုံးသပ်ပါတယ်။

          တပ်မတော်အနေနဲ့ AA ရဲ့ ရိက္ခာလမ်းကြောင်းကို ဖြတ်တောက်ဖို့ ကျောက်တော်၊ ပလက်ဝကို ချိတ်ဆက်ထားတဲ့ ကုလားတန်မြစ်ကြောင်းရဲ့ အဓိကကျတဲ့ နေရာတွေမှာ ပိတ်ဆို့ထားသလို ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက်က လမ်း ကြောင်း တခုကိုလည်း ဖြတ်တောက်တိုက်ခိုက်နေတာ ရှိတယ်လို့ ဒေါက်တာ မင်းဇော်ဦးက ပြောပါတယ်။

          AA ဟာ ပလက်ဝမြို့နယ် အတွင်း ခြေကုပ်ထားနိုင်တဲ့ ဧရိယာကျယ်ပြန့်ဖို့နဲ့ အရပ်သားတွေကြားမှာ သူ့ရဲ့သြဇာ အာဏာ တည်ဆောက်နေသလို အိန္ဒိယနိုင်ငံရဲ့ အသိအမှတ်ပြုမှုကိုလည်း ရရှိချင်တဲ့ အနေအထား ရှိပါတယ်။

          ဧရာဝတီနဲ့ ၂၀၁၉ ခုနှစ်အတွင်းက အင်တာဗျူး အမေးအဖြေမှာလည်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က အိန္ဒိယနိုင်ငံနဲ့ AA ကြား ဆက်ဆံရေးတခု တည်ဆောက်လိုကြောင်း ထုတ်ဖော် ပြောဆိုဖူးပါတယ်။

          AA ဘက်က ကြိုဆိုကြောင်း ကြေညာထားပေမယ့် အိန္ဒိယဘက်က ကနဦးပိုင်းမှာ အသိအမှတ်ပြုပုံ မရပါဘူး။

          ၂၀၁၉ ခုနှစ် မတ်လ ၁၆ ရက်ကလည်း ကုလားတန်စီမံကိန်း ပလက်ဝတံတား အတွက် သံဘောင်တွေ သယ်လာတဲ့ ယာဉ်ကို AA က ဖျက်ဆီးခဲ့ပါတယ်။ ငွေကျပ် ၁ ဒသမ ၀၇၂ ဘီလီယံဖိုး ဆုံးရှုံးခဲ့ရပါတယ်။

          ၂၀၁၉ ခုနှစ် မတ်လ ၃၀ ရက်ကလည်း ပလက်ဝနဲ့ မီဇိုရမ် လမ်းပိုင်းအတွက် ဆောက်လုပ်နေတဲ့ ဆုထူးစံ ကုမ္ဗဏီက ဝန်ထမ်း ၈ ဦးကို စစ်ထောက်လှမ်းရေးဟောင်းတွေလို့ စွပ်စွဲပြီး ဖမ်းဆီးဖူးပါတယ်။

          ဆုထူးစံ ကုမ္ဗဏီ ဝန်ထမ်းတွေကို ပြန်လွှတ်ပေးပြီးနောက် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၃ ရက်မှာ ကုလားတန်စီမံကိန်းကို လာလေ့လာတဲ့ အိန္ဒိယနိုင်ငံသား ၅ ဦးနဲ့ ပလက်ဝမြို့နယ် အမျိုးသား လွှတ်တော်အမတ် ဦးဝှေ့တင်းတို့ကို ထပ်ဖမ်းဆီး ပါတယ်။

          အိန္ဒိယနိုင်ငံသား ၅ ဦးထဲက ဆောက်လုပ်ရေး လုပ်ငန်းပိုင်းဆိုင်ရာ အကြံပေး Mr. Vinoo Gopal ကတော့ အဖမ်းခံနေ ရတုန်းမှာပဲ အမော ဖောက်ပြီး အသက် ဆုံးပါးသွားခဲ့ပါတယ်။

          သံပေါင်များ တင်ဆောင်လာသည့် ရေယာဉ်
          ပလက်ဝတံတား စီမံကိန်းတွင် အသုံးပြုရန် လိုအပ်သော သံပေါင်များ တင်ဆောင်လာသည့် ရေယာဉ်တစီးအား AA က မီးရှို့ထားစဉ် / Ministry of Construction

          ကျန်အိန္ဒိယနိုင်ငံသားတွေကို ပြန်လွှတ်ပေးခဲ့ပေမယ့် ဦးဝှေ့တင်းကိုတော့ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂ ရက်နေ့မှ ပြန်လွှတ်ပေး ခဲ့တာပါ။

          ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၉၊ ၃၀ ရက်တွေတုန်းကလည်း ကုလားတန်မြစ်ကြောမှာ ပလက်ဝတံတား အတွက် ဆောက် လုပ်ရေး ပစ္စည်းတွေ သယ်ယူလာတဲ့ သင်္ဘောတွေနဲ့ ပစ္စည်းတင်လာတဲ့ သင်္ဘောတွေကို လုံခြုံရေး ယူပေးလာတဲ့ တပ်မတော် (ရေ)သင်္ဘော ၆ စီး တိုက်ခိုက်ခံရပါတယ်။

          AA ဘက်ကတော့ ကုလားတန်စီမံကိန်း သင်္ဘောကို ပစ်ခတ်တာ မဟုတ်ဘဲ ရေတပ်သင်္ဘောကြီးတွေ သွားလာနေတာ ကြောင့် တိုက်ခိုက်တာလို့ တုံ့ပြန်ထားပါတယ်။

          တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ကုလားတန် စီမံကိန်းနဲ့ ပတ်သက်လို့ တိုက်ခိုက်ခံရတာ အလုပ်သမားတွေ ဖမ်းဆီးခံရတာတွေကို သတင်းတွေ ထုတ်ပြန်တာ လုပ်ဆောင်တဲ့အပြင် ထုတ်ပြန်ချက်တိုင်းမှာလည်း AA ဟာ အကြမ်း ဖက် သောင်းကျန်းသူအဖွ့ဲ ဖြစ်တဲ့ အကြောင်းနဲ့ အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတယ်ဆိုတာ ထုတ်ဖော် ပြောဆိုလေ့ ရှိပါတယ်။

          ကုလားတန် စီမံကိန်း လုံခြုံရေးနဲ့ပတ်သက်ပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကတော့“ကုလားတန် စီမံကိန်းနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ အရင်တုန်းကလည်း သတင်း ထုတ်ပြန်မှု ရှိပါ တယ်။ ဒါတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အစိုးရ၊ ပြည်နယ် အစိုးရတို့က ကျနော်တို့ကို စီမံကိန်း အတွက် ပန်ကြား လာလို့ရှိရင် ကျနော်တို့ကို အစောင့်လိုက်ပါပေးပါဆိုရင် တပ်မတော်ဘက်က အစောင့်လိုက်ပေးတာ ရှိပါတယ်”လို့ ပြောပါတယ်။

          ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကတော့ ရခိုင်ပြည်နယ်တွင်းမှာ တရုတ်နိုင်ငံရဲ့ စီမံကိန်းတွေရှိပြီး တရုတ်ဘက်က AA ကို နိုင်ငံရေးအရ အသိအမှတ်ပြုတာကြောင့် တရုတ်စီမံကိန်းတွေနားမှာ တိုက်ပွဲမဖြစ်ဖို့ အောက်ခြေကို ညွှန်ကြားထား တာတွေ ရှိတယ်လို့ ပြောဆိုဖူးပါတယ်။

          မီးလက်ဝရွာ နေအိမ်အောက် ဗုံးခိုကျင်း
          မီးလက်ဝရွာ နေအိမ်အောက် ဗုံးခိုကျင်းအတွင်းမှ ရခိုင်အမျိုးသမီးကြီး(အောင်ကျော်ထက်၊ ဧရာဝတီ)

          အိန္ဒိယအနေနဲ့လည်း ပလက်ဝမှာရှိနေတဲ့ AA ရဲ့ သြဇာ ဒေသတွင်း တည်ရှိနေမှုကို အသိအမှတ်ပြုဖို့ လိုသလို အိန္ဒိယ နိုင်ငံဘက်က အလုပ်လာလုပ်မယ့် စီးပွားရေးသမားတွေကို ငွေကြေး အခွန်ကောက်မယ်လို့လည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင် က ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက ပြောဆို ထားပါတယ်။

          ဧရာဝတီနဲ့ တွေ့ဆုံခဲ့တဲ့ ပလက်ဝမြို့နယ်အခြေစိုက် AA စစ်ဒေသ အမှတ်(၂) ကွပ်ကဲရေးရုံးက ဗိုလ်ကြီး ရူဘီကတော့ “အခွန်ကောက်ခံဖို့ လက်ရှိမှာ ကျနော်တို့ အောက်ခြေကိုတော့ ညွှန်ကြားထားတာ မရှိသေးပါဘူး”လို့ ပြောပါတယ်။

          ပလက်ဝ တကြောလုံး AA ရှိနေတော့ ဘာတွေ ဆက်ဖြစ်နိုင်မလဲ

          ၂၀၂၀ ပြည့်နှစ် ပလက်ဝမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရဲ့ စာရင်းဇယားတွေအရ ပလက်ဝထဲက ကျေးရွာ ၄၀၀ ကျော်မှာ နေထိုင်ကြတဲ့ အရပ်သား ၁ သိန်းအနက် ၂ သောင်းခန့်က ရခိုင်လူမျိုးတွေ ဖြစ်ပါတယ်။

          ဒေသခံ ရခိုင်လူမျိုးတွေ ဘက်ကတော့ AAကို ထင်ထင်ပေါ်ပေါ် ထောက်ခံတာမျိုး ပြသတာ မတွေ့ရပါဘူး။ သူတို့ ကိုယ်တိုင်လည်း စစ်ရေးပဋိပက္ခ ရိုက်ခတ်မှုဒဏ်ကို ခံနေကြရသူတွေပါလို့ ပြောဆို ကြပါတယ်။

          ဒါပေမယ့် ပလက်ဝဒေသခံ ချင်းလူမျိုး၊ ခူမီး မျိုးနွယ်စုတွေကတော့ ရခိုင်လူမျိုးတွေဟာ AA ကို အမာခံ ထောက်ခံနေ ကြပြီး စစ်ရေးနဲ့ နယ်မြေ အခြေအနေတွေကို သတင်းပေးနေကြသူတွေ ဖြစ်တယ်လို့ ယုံကြည်နေကြပါတယ်။

          ပလက်ဝရဲ့ကုန်းလမ်း၊ ရေလမ်းကြောင်းတွေကိုလည်း ဒေသခံ ရခိုင်လူမျိုးတွေက လမ်းပြအဖြစ် ပါဝင်ကူညီပေးလို့သာ AA က အင်နဲ့အားနဲ့ ဝင်ရောက်လာနိုင်တာလို့လည်း ဒေသခံ ချင်းလူမျိုးတွေက ဧရာဝတီကို ပြောပါတယ်။

          ပလက်ဝ ဒေသခံတွေဟာ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် အပါအဝင် စက်လှေနဲ့ မီးစက်သုံး ဓာတ်ဆီ၊ ဒီဇယ်တွေ အားလုံးကို ရခိုင်ပြည်နယ် ကျောက်တော်မြို့ကနေ ရေကြောင်းအတိုင်း သယ်ယူပြီး အသုံး ပြုကြရတာပါ။

          ခူမီးမျိုးနွယ်စု
          ကျီးလေရွာမှ ခူမီးမျိုးနွယ်စုများ(အောင်ကျော်ထက်၊ ဧရာဝတီ)

          အခုဆိုရင် တိုက်ပွဲတွေကြောင့် ကုန်းလမ်း၊ ရေးလမ်း ၂ ခုလုံး ပိတ်ဆို့နေတာ ၁ လ ကျော်ပါပြီ။

          ကုလားတန် မြစ်ကြောအတိုင်း သွားလာနေတဲ့ စက်လှေတွေကို တပ်မတော်က တားရင်“ရန်သူ့ ပစ္စည်း ပါလား” လို့ မေးမြန်း စစ်ဆေးတာတွေ ရှိသလို AA တပ်ဖွဲ့တွေက လှေကိုတားရင်လည်း “ဗမာပစ္စည်းပါလား၊ ရန်သူ့ပစ္စည်း ပါလား” ဆိုပြီး စစ်ဆေး ခံနေကြရတာကြောင့် ဘယ်သူမှ မသွားမလာရဲကြတော့ပါဘူး။

          ပလက်ဝ ဒေသခံတွေကတော့ စားနပ်ရိက္ခာ ပြန်တောက်လု နီးနီး ဖြစ်နေပါပြီ။

          ဒေါက်တာ မင်းဇော်ဦးက အိန္ဒိယအနေနဲ့ ကုလားတန်စီမံကိန်း ရှောရှောရှူရှူ ဖြစ်ဖို့ AA နဲ့ အဆင်ပြေအောင် ညှိနှိုင်း တာမျိုး ရှိနိုင်ပေမယ့် အိန္ဒိယအစိုးရရဲ့ မူဝါဒအရ ငွေကြေး၊ လက်နက် ထုတ်ပေးတာမျိုးတော့ လုပ်မှာ မဟုတ်ဘူး လို့ သုံးသပ်ပါတယ်။

          “AA အတွက် အိန္ဒိယက တောင်းဆိုမယ် ဆိုရင်၊ စီမံကိန်းတွေအတွက် လုပ်မယ်ဆိုရင် သူတို့ ကို အခွန်ပေးဆိုတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ နောက်တခုက အိန္ဒိယနယ်မြေထဲမှာရှိတဲ့ AA ရဲ့ လူတွေကို အနှောင့် အယှက် မပေးဖို့ တို့ လည်း ဖြစ်နိုင်ပါတယ်”လို့ ဒေါက်တာ မင်းဇော်ဦးက ဆိုပါတယ်။

          ဒေါက်တာ မင်းဇော်ဦးက ကုလားတန်စီမံကိန်း အဆင်ပြေပြေ ဖြစ်ဖို့ တပ်မတော်နဲ့ AA ကြားက အပစ်အခတ် ရပ်စဲရေး ဟာ အရေးပါတယ်လို့ ဆက်လက် ပြောဆိုပါတယ်။

          တပ်မတော်နဲ့ AA ကြား ညှိနှိုင်းနေဆဲ ဖြစ်တဲ့ ပဏာမ အပစ်ရပ်စာချုပ် (Bilateral) ချုပ်ဆိုနိုင်ရင် ကုလားတန်စီမံကိန်း ဟာလည်း အလိုအလျောက် ပြေလည်သွားမှာလို့လည်း ဆိုပါတယ်။

          ဒါပေမယ့် Bilateral စာချုပ်မှာ နှစ်ဖက်တပ်တွေ အပစ်ရပ်ဖို့ တပ်ပိုင်းဆိုင်ရာ နေရာချထားရေးမှာ AA ရဲ့ဖြန့်ကျက် လှုပ်ရှားနေတဲ့ နယ်မြေတွေကို AA တပ်တွေရှိတဲ့ နယ်မြေလို့ တပ်မတော်ဘက်က လက်မခံတာကြောင့် ညှိနှိုင်းမှုက ထစ်ငေါ့နေဆဲပါ။

          စားပွဲဝိုင်းက ဆွေးနွေးပွဲတွေ မပြေလည်သလို ပလက်ဝနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းတခုလုံးမှာလည်း နေ့စဉ်ရက်ဆက် တိုက်ပွဲတွေ နယ်မြေစိုးမိုးနိုင်ဖို့ တဖက်နဲ့တဖက် အားပြိုင်တဲ့ စစ်ဆင်ရေးတွေ ရှိနေပါတယ်။

          ရခိုင်ပြည်နယ် မြောက်ပိုင်းကတဆင့် တောင်ပိုင်းအထိ တပ်အင်အားတွေ တိုးချဲ့ ဖြန့်ကျက် နိုင်ဖို့ကိုလည်း AA က ကြိုးစားနေတာတွေ ရှိပါတယ်။

          AA ဘက်ကတော့ သူ့တပ်ဖွဲ့တွေ ခိုင်မာတဲ့ အခြေစိုက်စခန်းတွေ တည်ဆောက်နိုင်ဖို့၊ ထိန်းချုပ်တဲ့ နယ်မြေတွေ ရနိုင်ဖို့ ဆက်လက် ကြိုးပမ်းနေဆဲပါ။

          မီးလက်ဝရွာ
          ပလက်ဝမြို့ကို တဖက်ကမ်းရှိ မီးလက်ဝရွာ(အောင်ကျော်ထက်၊ ဧရာဝတီ)

          တပ်မတော်ကလည်း AA ကို ပိတ်ဆို့ တိုက်ခိုက်နေသလို အပြတ်ချေမှုန်းပစ်မယ်လို့ပဲ ကြွေးကြော်ထားဆဲ ဖြစ်တာ ကြောင့် လတ်တလောမှာ တပ်မတော်နဲ့ AA ကြား စစ်ရေးပြေလည်မယ့် လမ်းစဟာ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

          စစ်ရေးပြေလည်မှု မရှိရင်တော့ ပလက်ဝဒေသထဲက မဟာဗျူဟာကျ ကုလားတန်စီမံကိန်းဟာလည်း တဝက်တပျက် နဲ့ ဆိုင်းငံ့ထားရမယ့် အနေအထားသာ ရှိနေမှာ ဖြစ်ပါတယ်။

          ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကတော့ အိန္ဒိယဘက်က ညှိနှိုင်းလာရင် ကုလားတန်စီမံကိန်းအတွက် လုံခြုံရေးပိုင်းမှာရော ပူးပေါင်း ဆောင်ရွက်ဖို့ အသင့်ပဲလို့ ဆိုပါတယ်။

          အိန္ဒိယနိုင်ငံရဲ့ သတင်းစာတွေမှာ ဖော်ပြနေတဲ့ ဆောင်းပါးတွေ သတင်းတွေအရ အိန္ဒိယဟာ ကုလားတန်စီမံကိန်း အောင်အောင်မြင်မြင် ဖြစ်ရေးအတွက် AA နဲ့ ညှိနှိုင်းဖို့ ဆောင်ရွက်နေတယ်လို့ ထင်ကြောင်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောပါတယ်။

          အိန္ဒိယနဲ့ AA ဆက်ဆံရေး အခြေအနေကို မေးမြန်းရာမှာတော့ ထုတ်ဖော်ပြောဆိုဖို့ သူက ငြင်းဆန်ပါတယ်။

          ဗိုလ်ချုပ် ထွန်းမြတ်နိုင်က“တရုတ်နိုင်ငံရဲ့ ဆက်ဆံကိုင်တွယ်သလို ချဉ်းကပ်သလိုမျိုး အဘက်ဘက်ကို မျှပြီးမှ ဆက်ဆံ မယ်ဆိုရင် သူတို့ရဲ့ စီမံကိန်းတွေလည်း အောင်မြင်မယ်ဆိုတဲ့ ဗိုလ်ချုပ်ဟောင်းတယောက် အကြံပေးထားတာတွေ့ တယ်။ သူတို့လည်း သိမှာပါ”လို့လည်း ပြောပါတယ်။

          ဒါပေမယ့် စီမံကိန်းအောင်မြင်အောင် ပူးပေါင်းရင်တောင် ကုလားတန်စီမံကိန်း ပြီးသွားလို့ ကုန်သွယ်ရေး လမ်းကြောင်း ပွင့်တဲ့အခါ မြစ်ကြောင်းတလျှောက် စီးပွားရေးလုပ်ကိုင်သူတွေက AA ကို အခွန်ငွေကြေး ပေးရမယ်လို့ ဆိုပါတယ်။

          ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဆက်လက်ပြီး“တဖက်သတ် ဆက်ဆံရေးနဲ့ဆို သူတို့ စီမံကိန်း မအောင်မြင်ဘူး။ (အိန္ဒိယက) ကျနော်တို့ကို အသိအမှတ် ပြုဖို့ လိုတယ်”ဟုလည်း ပြောဆိုပါတယ်။ ။

          ဆက်စပ်ဖတ်ရှု့ရန်

          အိန္ဒိယရဲ့ မဟာဗျူဟာမြောက် ကုလားတန် စီမံကိန်းမှာ အရေးပါလာမယ့် AA (၁)

          အိန္ဒိယရဲ့ မဟာဗျူဟာမြောက် ကုလားတန် စီမံကိန်းမှာ အရေးပါလာမယ့် AA (၂)

          Your Thoughts …
          Tags: AAကုလားတန် စီမံကိန်းတပ်မတော်
          နန်းလွင်နှင်းပွင့်

          နန်းလွင်နှင်းပွင့်

          ဧရာဝတီ

          Similar Picks:

          စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

          စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

          by ဧရာဝတီ
          4 December 2023
          37.9k

          ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

          ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

          ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

          by မိုးစက်ငြိမ်းချမ်း
          31 October 2023
          36.8k

          စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

          ၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

          ၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

          by ဧရာဝတီ
          4 November 2023
          29.2k

          ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

          မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

          မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

          by ဧရာဝတီ
          8 November 2023
          28.4k

          နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          by ဟိန်းထူးဈာန်
          28 November 2023
          19.2k

          စစ်ပွဲသည် နိုင်ငံ၏ အတိတ်မှ ပဋိပက္ခများနှင့် မတူကြောင်း AA က ဧရာဝတီသတင်းဌာနနှင့် သီးသန့်တွေ့ဆုံ မေးမြန်းခန်းတွင် ပြောသည်။

          စစ်ကောင်စီ ကျောထောက်နောက်ခံပြု ဆန္ဒပြပွဲက တရုတ်ကို ရှုတ်ချ

          စစ်ကောင်စီ ကျောထောက်နောက်ခံပြု ဆန္ဒပြပွဲက တရုတ်ကို ရှုတ်ချ

          by ဧရာဝတီ
          21 November 2023
          17.1k

          မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရသောကြောင့် တရုတ်သည် လုံးဝ စိတ်ချမ်းသာခြင်း မရှိပေ။

          Next Post
          မတ် ၁၆ ရက်ညက မိန့်ခွန်းပြောကြားနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် / Myanmar State Counsellor Office / Facebook

          ပို့ကုန် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ပြုမည်ဟု နိုင်ငံတော်အတိုင်ပင်ခံ ပြော

          သရုပ်ဆောင် အောင်ရဲထွေး သတ်မှုဖြင့် ရုံးထုတ်လာမှု မြင်ကွင်း  / ဧရာဝတီ

          အောင်ရဲထွေး သေဆုံးမှု အပြစ်မရှိကြောင်း တရားစွဲခံရသူ ၃ ဦး ငြင်းဆို

          No Result
          View All Result

          Recommended

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          2 days ago
          14.2k
          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          5 days ago
          11.3k

          Most Read

          • စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

            စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

            shares
            Share 0 Tweet 0
          • မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

            shares
            Share 0 Tweet 0
          • စက်သုံးဆီများ ပြတ်တောက်ရခြင်း နောက်ကွယ်

            shares
            Share 0 Tweet 0
          • လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

            shares
            Share 0 Tweet 0
          • မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved