• English
Saturday, June 21, 2025
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အစိုးရတွေက COVID-19 ဒဏ်ချက်ကို ဘယ်လို အကူအညီတွေနဲ့ တုံ့ပြန်နေသလဲ

by ဧရာဝတီ
18 March 2020
in ဆောင်းပါး
A A
မတ်လ ၁၄ ရက်နေ့က နယူးယောက်ရှိမြေအောက်ရထားပေါ်တွင် coronavirus ရောဂါ ကာကွယ်ရန်မျက်နှာဖုံးတပ်ဆင်ထားသည့် အမျိုးသားတဦး  / Reuters

မတ်လ ၁၄ ရက်နေ့က နယူးယောက်ရှိမြေအောက်ရထားပေါ်တွင် coronavirus ရောဂါ ကာကွယ်ရန်မျက်နှာဖုံးတပ်ဆင်ထားသည့် အမျိုးသားတဦး / Reuters

8.5k
VIEWS
Share on FacebookShare on Twitter

COVID-19 ဒါမှမဟုတ် ဝူဟန်ဗိုင်းရပ်စ်ရဲ့ ဒုတိယ သားကောင်ကတော့ စီးပွားရေးပဲဖြစ်ပါတယ်။ တိုင်းပြည်တွေရဲ့ စီးပွားရေးဖြစ်ပါတယ်။ အစောဆုံး ဝူဟန်ဗိုင်းရပ်စ်ရဲ့ ဒဏ်ကိုခံရတဲ့ Sector တွေကတော့ ခရီးသွားလုပ်ငန်း၊ လေကြောင်းလိုင်း၊ ပို့ကုန်သွင်းကုန်နဲ့ ဟိုတယ်လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ပြီးတော့ SME တွေ ဖြစ်တယ်။ ဒီလုပ်ငန်းတွေ ရှေ့ဆက်နိုင်ဖို့ လုပ်ငန်းတွေ လည်ပတ်နိုင်ဖို့၊ အလုပ်သမားတွေ အလုပ်မပြုတ်ဖို့၊ အလုပ်ပြုတ် သွားသူတွေကို ထောက်ပံ့ဖို့၊ ရင်းနှီးမြုပ်နှံမှုတွေ ဆက်လုပ်နိုင်ဖို့ အစိုးရတွေက တာဝန်ယူ စီစဉ်ဆောင်ရွက်ပေးရတာ ဖြစ်ပါတယ်။ ပြည်သူတွေကို ကိုယ့်အားကိုယ်ကိုးဆိုပြီး ပြောလို့မရပါဘူး။

COVID-19 ဟာ စီးပွားရေး အသက်ရှုလမ်းကြောင်းကို ဖျက်ဆီးနေပြီဖြစ်ပါတယ်။ ဒါကိုသိတဲ့အစိုးရတွေ အမြော် အမြင်ကြီးတဲ့ နိုင်ငံရေးသမားတွေ၊ ခေါင်းဆောင်တွေက ဆုံးရှုံးမှုတွေအတွက် Intervention ကြားဝင်ဆောင်ရွက် ဖြေရှင်းပေးနေပြီ ဖြစ်ပါတယ်။ အမေရိကားမှာတော့ သမ္မတ ထရမ့်အစိုးရက အမေရိကန်ဒေါ်လာ ၈၅၀ ဘီလီယံကို ချပေးဖို့ စီစဉ်နေတယ်လို့ သတင်းတွေကဆိုပါတယ်။ ဒါ့အပြင် Cash Payment လို့ခေါ်တဲ့ ငွေသားချည်း သက်သက် ကိုလဲ အမေရိကန် ပြည်သူပြည်သားတွေကို ပေးဖို့ စီစဉ်နေတယ်၊ စဉ်းစားနေတယ်လို့ နယူးယောက်တိုင်းမ် သတင်းစာမှာ ရေးသားထားပါတယ်။

RelatedPosts

အာဏာသိမ်းပြီး ၄နှစ်ကြာချိန် ရွှေတကျပ်သား သိန်း ၈၀ကျော်လာ

အာဏာသိမ်းပြီး ၄နှစ်ကြာချိန် ရွှေတကျပ်သား သိန်း ၈၀ကျော်လာ

20 June 2025
320
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

20 June 2025
2.9k
စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

19 June 2025
6.3k

ဒီလိုသတင်းတွေကြောင့် Stock Market ပြန်ပြီး ခေါင်းမော့လာပါတယ်။ ကုမ္ပဏီ CEO တွေ မျှော်လင့်ချက် ရှိလာပါတယ်။

မတ်လ ၁၆ ရက်နေ့က Coronavirus ရောဂါ အခြေအနေနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသည့် ဂျာမနီ ဝန်ကြီးချုပ် Angela Merkel (ဓာတ်ပုံ -Reuters)

အရင်က ဒီရောဂါကပ်ပိုးကို ခပ်ပေါ့ပေါ့ပြောခဲ့တဲ့ ထရမ့်ဟာ အခုတော့ လေသံပြောင်းသွားပါပြီ။ ဒီရောဂါဟာ Pandemic ဖြစ်မယ်ဆိုတာ သူသိပြီးသားပါလို့ သတင်းစာဆရာတွေကို ခပ်တည်တည်ပဲ ပြောလိုက်ပါတယ်။ ဒီ ဝူဟန်ဗိုင်းရပ်စ်ရဲ့ ဒုက္ခဘေးကို သူ မကိုင်တွယ်တတ်ရင် ဒီလာမယ့်ရွေးကောက်ပွဲမှာ ပြန်ပြီးရွေးကောက်ခံရဖို့ဆိုတာ မသေချာဘူးလေ။

ဂျာမဏီနိုင်ငံမှာတော့ အစိုးရက ယူရို ၅၅၀ ဘီလီယံ (ဒေါ်လာ ၈၆၄ ဘီလီယံ) ကို စီးပွားရေးကုမ္ပဏီတွေကို ကူညီဖို့ ချပေးမယ်လို့ နိုင်ငံတကာသတင်းတွေက သိရပါတယ်။ ဂျာမဏီနိုင်ငံမှာ ဒုတိယ ကမ္ဘာစစ်အပြီးမှာ အကြီးမားဆုံး ချပေးမယ့် Financial Package ပဲလို့ သတင်းတွေကဆိုပါတယ်။ ဂျာမဏီရဲ့ ဝန်ကြီးချုပ် ဖြစ်တဲ့ Angela Merkel က ဒီ COVID-19 ကပ်ဆိုး အခက်အခဲကို ကျော်လွှားဖို့အတွက် ပြည်သူတွေကို ပြောဆိုခဲ့တာကတော့ အခုအခြေအနေဟာ အလွန်ထူးခြားတဲ့ အခြေအနေ အချိန်အခါကို ဖြတ်သန်းနေရတာဖြစ်ကြောင်း ဂျာမဏီပြည်သူပြည်သားတွေအပေါ် လစ်လျူရှုမှာ မဟုတ်ကြောင်း ပြောကြားသွားသလို ဘဏ္ဍာရေးဝန်ကြီး Olaf Scholz ကလည်း သူတို့မှာ Political Will အပြည့်ရှိသလို ကုမ္ဗဏီတွေအနေနဲ့ ဒုက္ခရောက်မှာမလိုလားကြောင်း ကတိပေးပြောကြားလိုက်ပါတယ်။ COVID-19 က ဘယ်လောက်ကြာပါစေ သူတို့မှာ ရိက္ခာ ခဲယမ်းမီးကျောက် ဘဏ္ဍာငွေရှိပါတယ်လို့လဲ စီးပွားရေးဝန်ကြီး Peter Altmaier က ထပ်လောင်းပြောလိုက်ပါတယ်။ ဂျာမဏီဟာ G7 ခေါ် ကမ္ဘာမှာအကြွယ်ဝဆုံး စာရင်းဝင်နိုင်ငံထဲမှာပါတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဘန်ကောက်မြို့ Erawan နတ်ကွန်းတွင် Coronavirus ကာကွယ်သည့် မျက်နှာဖုံး တပ်ထားသူများ (ဓာတ်ပုံ -Reuters)

COVID-19 ရဲ့ ဒဏ်ကိုခံရတဲ့ အာရှနိုင်ငံထဲက တောင်ကိုရီးယားကလည်း မတ်လ ၃ ရက်နေ့မှာ Stimulus Package အနေနဲ့ ဒေါ်လာ ၉.၈ ဘီလီယံသုံးစွဲဖို့ ကြေငြာခဲ့ပါတယ်။ အဲဒီဘဏ္ဍာငွေနဲ့ SME လုပ်ငန်းတွေနဲ့ အလုပ်သမားတွေကို ကူညီမှာဖြစ်ပြီး အလုပ်ပြုတ်သွားတဲ့ အလုပ်သမားတွေကို သင်တန်းတွေပေးဖို့အပြင် ကလေးသူငယ် ကူညီ ထောက်ပံ့ရေးတွေ ပါဝင်တာဖြစ်ပါတယ်။ ဂျပန်ကတော့ အသေးစားစီးပွားရေး ချေးငွေအနေနဲ့ ဒေါ်လာ ၄.၆ ဘီလီယံကို ဖေဖော်ဝါရီလမှာ ချပေးခဲ့သလို ထပ်တိုး ၁၅ ဘီလီယံဒေါ်လာကိုလည်း မတ်လထဲမှာ ချပေးခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံဟာလည်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ တိုးရစ်လုပ်ငန်း၊ လေကြောင်းလိုင်းနဲ့ SME လုပ်ငန်းတွေအပြင် ပို့ကုန်လုပ်ငန်းတွေနဲ့ ရှင်သန်ရတာဖြစ်ပါတယ်။ COVID-19 ကြောင့် ထိုင်းရဲ့ စီးပွားရေးလဲ တော်တော်ထိသွားပြီ ဖြစ်ပါတယ်။ ဒါကြောင့် မတ်လအစောပိုင်းမှာ ဘတ်ငွေ ၁၀၀ ဘီလီယံကို ဘဏ္ဍာရေး ဝန်ကြီးဌာနက ချပေးလိုက်ပါတယ်။ COVID-19 ကြောင့် စီးပွားရေးထိခိုက်သွားတဲ့ နိုင်ငံတွေကို အစိုးရတွေက ကုမ္ဗဏီတွေ လဲမသွားအောင် ပြည်သူပြည်သားတွေ ဆက်ပြီးရှင်သန် အလုပ်လုပ်နိုင်အောင် ကျိုးစားပေးနေတဲ့ အချိန်ဖြစ်ပါတယ်။

Your Thoughts …
Tags: COVID-19ကိုရီးယားဂျာမနီထိုင်းအမေရိကန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.1k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

ဟားမားစ် တိုက်ခိုက်မည်ကို အစ္စရေးနှင့် အမေရိကန် ဘာ့ကြောင့် မသိသနည်း

by ဧရာဝတီ
9 October 2023
19.1k

အစ္စရေးမှ မကြာသေးမီက ပြည်တွင်းနိုင်ငံရေး ဖရိုဖရဲအခြေအနေများသည် ယခုထောက်လှမ်းရေး ပျက်ကွက်မှုတွင် ပါဝင်ပတ်သက်နေခြင်း ရှိမရှိ မေးခွန်းထုတ်ရမည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.6k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.3k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

by ဧရာဝတီ
28 November 2024
15.2k

ပါနခွန်ချိုင်ဘိုဗွန် ဘုန်းကြီးကျောင်းတွင် မိချောင်းအကောင် ၆၀၀ ခန့်ကိုလည်း မွေးထားသည်။

Next Post
ဧရာဝတီ အကြီးတန်းအယ်ဒီတာ ကိုရဲနည်အား မတ်လ ၁၆ ရက်နေ့က ကျောက်တံတားမြို့နယ် တရားရုံးတွင် တွေ့ရစဉ် / ထက်ဝေ / ဧရာဝတီ

ဧရာဝတီနှင့် ရိုက်တာ သတင်းဌာနအား တရားစွဲထားမှု တပ်မတော် ရုပ်သိမ်း

ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်း စိန်ဂေဟာ ရှိ City Martတွင် ဈေးဝယ်နေသူများ / ထက်ဝေ / ဧရာဝတီ

COVID-19 ကြောင့် ဈေးဝယ်စင်တာများ ပိတ်သိမ်းရန်မရှိသေး

No Result
View All Result

Recommended

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

1 week ago
26.8k
တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

5 days ago
4.5k

Most Read

  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0
  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် ချောင်ပိတ်မိနေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate