ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးရဲ့ စီးပွားရေးကို ထိခိုက်နေပြီဖြစ်ပါတယ်။ ကုမ္ပဏီကြီးတွေ၊ လေကြောင်း လိုင်းတွေ၊ Shopping Malls တွေ၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းတွေ၊ တက္ကသိုလ်တွေ၊ စက်ရုံ အလုပ်ရုံတွေ ဈေးဆိုင်လေးတွေက အစ ပိတ်ကြရတာဖြစ်ပါတယ်။
နေ့ချင်းညချင်းဆိုသလို အလုပ်လက်မဲ့တွေ ဖြစ်ကုန်တယ်။ ကုမ္ပဏီတွေ၊ စက်ရုံအလုပ်ရုံက အလုပ်ထုတ်လိုက်တဲ့ သူတွေ လမ်းပေါ်ကို ရောက်သွားတယ်။ ကိုရိုနာဗိုင်းရပ်စ် (COVID-19) က စီးပွားရေးကို အကြီးအကျယ် ထိခိုက်နေပြီလို့ Wall Street သတင်းစာ၊ New York Times နဲ့ Financial Times သတင်းစာကြီးတွေက ရေးသားနေကြပါပြီ။
ဒါကြောင့် အစိုးရတွေရဲ့ Intervention ကို ဝိုင်းပြီး တောင်းဆိုနေကြပြီဖြစ်ပါတယ်။ အမေရိကန်မှာတော့ The Senate နဲ့ အိမ်ဖြူတော် အကြားမှာ သဘောတူညီချက် ရခဲ့တာကတော့ ဒေါ်လာ ၂ ထီလျံ Stimulus Package ကို တိုင်းပြည် အတွက် သုံးပေးဖို့ပဲဖြစ်ပါတယ်။
ဒီချပေးသွားတဲ့ ပိုက်ဆံနဲ့ ဒီဗိုင်းရပ်စ်ပိုးကြောင့် သန်းနဲ့ချီတဲ့ အမေရိကန်တွေ ထိခိုက်ဆုံးရှူံးသွားတာတွေကို ကူညီပေးဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုအကူအညီ အထောက်အပံ့ကို အစီအမံကို Rescue Package တခုလို့ ဆီနိတ်တာ တဦးဖြစ်တဲ့ Chuck Schumer က ပြောဆိုလိုက်ပါတယ်။
အရင်က အထုတ်ခံရသူတွေ၊ ထွက်လိုက်ရသူတွေ၊ သူတို့ရဲ့ အနာဂါတ်ကို မသေချာတဲ့ သူတွေအတွက် ကူညီကယ်ဆယ်ရေး လုပ်ပေးဖို့ ဖြစ်ပါတယ်လို့ သူက ထပ်မံပြောကြားလိုက်ပါတယ်။
ဒီငွေပမာဏဟာ တော်တော်ကိုများတဲ့ အထောက်အပံ့ ဖြစ်သလို ဒီကိုရိုနာဗိုင်းရပ်စ်ကြောင့် တိုက်ရိုက်အထိနာသွားတဲ့ အမေရိကန်တွေကို တိုက်ရိုက်ငွေကြေးကို လက်ထဲထဲ့ပေးမှာ ဖြစ်သလို အသေးစား စီးပွားရေးလုပ်ငန်း တွေကိုလဲ Grants တွေ ထုတ်ပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အထိနာသွားတဲ့ လေကြောင်းလိုင်းကြီးတွေကို ဘီလျံနဲ့ချီတဲ့ ချေးငွေတွေ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။
အမေရိကန်လိုပဲ ဥရောပနိုင်ငံတွေမှာလည်း Stimulus Package တွေကို အစိုးရက ချပေးလိုက်ပါတယ်။ ဗြိတိန် အစိုးရက အခွန်အကောက်တွေကို လျှော့ပေးလိုက်သလို စီးပွားရေးလုပ်ငန်းရှင် အသေးတွေကို cash grants တွေ ချပေးလိုက်ပါတယ်။ အိမ်ထဲမှာ quarantine လုပ်ရမယ့် သူတွေကို ကူညီတဲ့ အကူအညီနဲ့ သူ့ရဲ့ လုပ်ငန်းကို ဆက်ပြီး လုပ်ဆောင်နိုင်ဖို့ ကူညီတာတွေအပြင် အစိုးရဆီက ခံစားခွင့်တွေကို တိုးမြှင့်လုပ်ဆောင်ပေးလိုက်ပါတယ်။
ဂျာမနီ၊ ပြင်သစ်၊ အီတလီ တို့ကလည်း အလားတူ လုပ်ဆောင်မှုတွေကို ပြုလုပ်ခဲ့ပါတယ်။ ဂျာမနီမှာတော့ ဘဏ်ကနေပြီး ဒေါ်လာ ဘီလီယံ ၆၀၀ ကျော်ကို ကုမ္ပဏီတွေကို ဖေးမကူညီပေးဖို့ စီစဉ်ခဲ့ပါတယ်။ အာရှမှာဆိုရင်လည်း ထိုင်း၊ တောင်ကိုရီးယား၊ စင်ကာပူနဲ့ ထိုင်ဝမ်တို့မှာ အစိုးရက ဝင်ပြီး Intervention လို့ခေါ်တဲ့ ကြားဝင် ကူညီဆောင်ရွက်ပေးမှုတွေ ရှိနေတာဖြစ်ပါတယ်။
You may also like these stories:
COVID-19 ကြောင့် အထိနာခဲ့ရသည့် မြန်မာ့ခရီးသွားကဏ္ဍ
Lockdown အောက်က အာရှ မြို့ကြီးများ
ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့စီးပွားဆုတ်ကပ် စတင်