• English
Saturday, December 2, 2023
No Result
View All Result
NEWSLETTER

33 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

    တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

    တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

    ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

    ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

    ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

    ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

    ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

    ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

    နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

    နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

    စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် လားရှိုးမြို့အဝင်တွင် အရပ်သားများ သောင်တင်နေ

    စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် လားရှိုးမြို့အဝင်တွင် အရပ်သားများ သောင်တင်နေ

    ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

    ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

    ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

    ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      လောင်စာ

      လောင်စာ

      ခေတ် နှင့် မိန်းမ

      ခေတ် နှင့် မိန်းမ

      တနှစ်တခါ …

      တနှစ်တခါ …

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

        အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

        တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

        တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

        ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

        ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

        ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

        ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

        ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

        ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

        နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

        နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

        စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် လားရှိုးမြို့အဝင်တွင် အရပ်သားများ သောင်တင်နေ

        စစ်ကောင်စီ ပိတ်ဆို့မှုကြောင့် လားရှိုးမြို့အဝင်တွင် အရပ်သားများ သောင်တင်နေ

        ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

        ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

        ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

        ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          ထရဂျဒီ၊ ကွန်မီဒီ

          ထရဂျဒီ၊ ကွန်မီဒီ

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          အမျိုးသမီး သတင်းစာဆရာ

          အမျိုးသမီး သတင်းစာဆရာ

          လောင်စာ

          လောင်စာ

          ခေတ် နှင့် မိန်းမ

          ခေတ် နှင့် မိန်းမ

          တနှစ်တခါ …

          တနှစ်တခါ …

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home ဆောင်းပါး

          ထိုင်ဝမ်၏ ကိုဗစ်-၁၉ တုန့်ပြန်မှု ကမ္ဘာ့အကောင်းဆုံးများတွင် ပါဝင်

          by ဧရာဝတီ
          10 April 2020
          in ဆောင်းပါး
          Reading Time: 1 min read
          A A
          အခြားကမ္ဘာ့အစိတ်အပိုင်းများတွင် ဗိုင်းရပ်ပိုးကို မထိန်းချုပ်နိုင်သေးမီတွင် ထိုင်ဝမ်က ထိန်းချုပ်နိုင်ခဲ့သည် / Reuters

          အခြားကမ္ဘာ့အစိတ်အပိုင်းများတွင် ဗိုင်းရပ်ပိုးကို မထိန်းချုပ်နိုင်သေးမီတွင် ထိုင်ဝမ်က ထိန်းချုပ်နိုင်ခဲ့သည် / Reuters

          14.3k
          VIEWS
          Share on FacebookShare on Twitter

          နိုဗယ်ကိုရိုနာဗိုင်းရပ်သည် ဇန်နဝါရီလ ၂၅ ရက်နေ့က တရုတ်နိုင်ငံအလယ်ပိုင်းမှ အလျှင်အမြန်ပျံ့နှံ့လာချိန်တွင် ကမ္ဘာသည် ထိုဗိုင်းရပ်ပိုး၏ အလားအလာရှိသော အန္တရာယ်ကို မသိသေးချိန်တွင် အစိုးရနှစ်ခုတို့သည် ၎င်းတို့ပိုင်နက်အတွင်း ရောဂါကူးစက်မှုအသစ် လေးခုရှိကြောင်း သိခဲ့ကြသည်။

          သြစတြေးလျနှင့် ထိုင်ဝမ်တို့သည် လူဦးရေအရတူညီပြီး ၂၄ သန်းစီခန့်ရှိကာ ကျွန်းများလည်းဖြစ်ကြသည်။ ထို့ကြောင့် နယ်စပ်ကို မည်သူဖြတ်သန်းသည်နှင့် ပတ်သက်ပြီး တင်းကျပ်သော ထိန်းချုပ်မှုလည်းရှိကာ တရုတ်ပြည်မကြီးနှင့်လည်း ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး အချိတ်အဆက်များလည်း အခိုင်အမာရှိကြသည်။ သို့သော် ထိုနေ့မှစတင်ပြီး ၁၀ ပတ်ကြာသောအခါ သြစတြေးလျတွင် အတည်ပြုပြီး ရောဂါကူးစက်ခံရမှု ၅၀၀၀ နီးပါးရှိကာ ထိုင်ဝမ်တွင် ၄၀၀ သာ ရှိသည်။

          RelatedPosts

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          2 December 2023
          428
          ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

          ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

          1 December 2023
          14.3k
          ၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

          ၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

          1 December 2023
          4.9k

          ပြဿနာမှာ သြစတြေးလျ အစိုးရ မည်မျှ မှားယွင်းသည်ကို ပြောလိုခြင်း မဟုတ်ပေ။ နိုင်ငံပေါင်း ၂၀ သည် သြစတြေးလျနိုင်ငံထက် ရောဂါကူးစက်ခံရမှု ပိုမိုများပြားပြီး ၎င်းတို့အနက် ၇ နိုင်ငံသည် သြစတြေးလျထက် ကူးစက်ခံရသူ ၁၀ ဆ ပိုမိုများပြားသည်။ သို့သော် အခြားကမ္ဘာ့အစိတ်အပိုင်းများတွင် ဗိုင်းရပ်ပိုးကို မထိန်းချုပ်နိုင်သေးမီတွင် ထိုင်ဝမ်က ထိန်းချုပ်နိုင်ခဲ့သည်။

          ခက်ခဲစွာလေ့လာခဲ့ရသော သင်ခန်းစာများ

          ၂၀၀၃ ခုနှစ်က ပြင်းထန်သော အသက်ရှူလမ်းကြောင်းရောဂါ (SARS) ဖြစ်ပွားစဉ်အတွင်း ထိုင်ဝမ်သည် ဟောင်ကောင်နှင့် တရုတ်နိုင်ငံတောင်ပိုင်းတို့နှင့်အတူ အပြင်းထန်ဆုံး ထိခိုက်သော နယ်မြေများတွင် ပါဝင်သည်။ လူပေါင်း ၁ သိန်းခွဲကျော်ကို တရုတ်နိုင်ငံအရှေ့တောင်ပိုင်းကမ်းခြေမှ ကီလိုမီတာ ၁၈၀ (မိုင် ၁၁၀) အကွာရှိ ထိုင်ဝမ်ကျွန်းတွင် သီခြားခွဲထားရပြီး ၁၈၁ ဦးသေဆုံးသည်။

          ယခုအကျပ်အတည်းနှင့်ယှဉ်လျှင် SARS သည် အင်အားချိနဲ့သော်လည်း ထိုရောဂါသည် အာရှတလွှား တုန်လှုပ်စေကာ အနာဂတ် ရောဂါကူးစက်မှုများတွင် ပြည်သူများ မည်သို့ တုန့်ပြန်မည်ကို သြဇာသက်ရောက်စေသည်။ ထို့ကြောင့် ယခုကိုရိုနာဗိုင်းရပ် ဖြစ်ပွားသောအခါ ထိုဒေသမှ အစိတ်အပိုင်းအများအပြားသည် အလျှင်အမြန်တုန့်ပြန်ရာတွင် အထောက်အကူပြုစေပြီး အစိုးရအဆင့်နှင့် လူ့အဖွဲ့အစည်း အဆင့်တွင် အန္တရာယ်ကို ကမ္ဘာ့အခြားဒေသများထက် အလေးထားကြပြီး နယ်စပ်ထိန်းချုပ်မှုများနှင့် မျက်နှာဖုံး နှာခေါင်းစည်းဝတ်ဆင်သော အလေ့အထများသည် နေရာအများအပြားတွင် ဇန်နဝါရီလခန့်ကပင်စတင်ကာ နေ့စဉ်ပုံမှန် အလေ့အထသဖွယ် ဖြစ်လာသည်။

          နယ်စပ်ထိန်းချုပ်မှုများနှင့် မျက်နှာဖုံး နှာခေါင်းစည်းဝတ်ဆင်သော အလေ့အထများသည် ဇန်နဝါရီလခန့်ကပင် နေ့စဉ်ပုံမှန် အလေ့အထသဖွယ် ဖြစ်လာသည်/Reuters

          ထိုင်ဝမ်တွင် ကမ္ဘာ့အဆင့်မီ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ရှိပြီး အားလုံးအတွက်လည်း အကျုံးဝင်သည်။ နှစ်သစ်ကူးပွဲတော်မတိုင်မီတွင် ဝူဟန်မှ ကိုရိုနာဗိုင်းရပ်စတင်သည့် သတင်းများထွက်လာချိန်တွင် SARS ရောဂါဖြစ်ပွားမှုအပြီးတွင် ထူထောင်ခဲ့သော ထိုင်ဝမ် အမျိုးသားကျန်းမာရေး စောင့်ရှောက်မှု ကွပ်ကဲရေးဌာန (NHCC) သည် အလားအလာရှိသော ခြိမ်းခြောက်မှုကို အလျှင်အမြန်တုန့်ပြန်ဆောင်ရွက်ရန် လုပ်ဆောင်ကြောင်း အမေရိကန် ဆေးပညာအသင်းဂျာနယ် (JAMA) ၏ မကြာသေးမီက အစီရင်ခံစာတခုအရ သိရသည်။

          “ထိုင်ဝမ်နိုင်ငံသည် ပြည်သူ့ကျန်းမာရေးကို ကာကွယ်ရန်အတွက် လွန်ခဲ့သော ၅ ပတ်အတွင်း လုပ်ဆောင်မှု ၁၂၄ ခုကို ဖော်ထုတ်အကောင်အထည်ဖော်ခဲ့သည်” ဟု ထို အစီရင်ခံစာကို ပူးတွဲရေးသားသူ စတန်းဖို့ဒ် ဆေးပညာဌာနမှ ကလေးအထူးကု တွဲဖက်ပါမောက္ခ ထိုင်ဝမ်ဆရာဝန် ဂျေဆင်ဝန်းက ပြောသည်။

          “ဒီမူဝါဒနဲ့ လုပ်ဆောင်မှုတွေက နယ်စပ်ထိန်းချုပ်ရေးသက်သက်နဲ့ မလုံလောက်ဘူးဆိုတာကို သိလို့ အဲဒီထက်မက များစွာ ပိုမိုလုပ်ဆောင်ထားပါတယ်” ဟုလည်း သူက ပြောသည်။

          ထိုအချိန်တွင် အခြားနိုင်ငံများသည် အရေးယူဆောင်ရွက်မည်၊ မဆောင်ရွက်မည်ကို ဆွေးနွေးငြင်းခုန်နေဆဲဖြစ်သည်။ ဇန်နဝါရီလက ပြုလုပ်ခဲ့သော စစ်တမ်းတခုတွင် ဂျွန်ဟော့ကင်း တက္ကသိုလ်က ထိုင်ဝမ်သည် တရုတ်ပြည်နှင့် နေရာဒေသနီးကပ်ခြင်း၊ ဆက်သွယ်ရေး အချိတ်အဆက်များ ရှိခြင်းတို့ကြောင် အန္တရာယ် အကျရောက်နိုင်ဆုံးသော နေရာများတွင် ပါဝင်ကြောင်း ဖော်ပြသည်။

          ထိုသို့စောစီးစွာ ဆောင်ရွက်သည့် အရေးပါသော ဆုံးဖြတ်ချက်များတွင် တရုတ်နိုင်ငံဒေသအသီးသီးမှ လာရောက်သူများကို ပိတ်ပင်ခြင်း၊ ထိုင်ဝမ်ဆိပ်ကမ်းတွင် ဆိုက်ကပ်မည့် အပျော်စီး သင်္ဘောများကို ပိတ်ပင်ခြင်းနှင့် နေအိမ်တွင် သီးခြားနေရန် အမိန့်များကို မလိုက်နာသူများအား ပြင်းထန်သော အပြစ်ပေးခြင်းတို့ပါဝင်သည်။

          ထို့အပြင် ထိုင်ဝမ်အရာရှိများသည် ပြည်တွင်း နှာခေါင်းစည်း ထုတ်လုပ်ခြင်းကို အရှိန်အဟုန် မြှင့်တင်ပြီး  တနိုင်ငံလုံးသို့ ဖြန့်ချိကာ ကိုရိုနာဗိုင်းရပ် စစ်ဆေးခြင်းကို တနိုင်ငံလုံးတွင် ဆောင်ရွက်သည်။ ယခင်က အကြောင်းရင်းမသိရသည့် နမိုနီးယားရှိခဲ့သူများကို ပြန်လည်စစ်ဆေးကာ ဗိုင်းရပ်နှင့်ပတ်သက်သော သတင်းမှားဖြန့်သူများကို ပြင်းထန်စွာ အပြစ်ပေးသည်။

          “ကမ္ဘာတဝှမ်းတွင် ဆက်လက်ကူးစက်နေသောကြောင့် ထိုင်ဝမ်တွင် လျှင်မြန်စွာ အကောင်အထည်ဖော်သော အစီအမံများကို နားလည်ခြင်းနှင့် ထိုအစီအမံများ၏ ရောဂါအကြီးအကျယ် ကူးစက်မှုကို တားဆီးရာတွင် ထိရောက်ခြင်းသည် အခြားနိုင်ငံများအတွက် လမ်းညွှန်ဖြစ်သင့်သည်” ဟု ဝန်က ရေးသည်။

          “ထိုင်ဝမ်အစိုးရသည် ၂၀၀၃ ခုနှစ် SARS ရောဂါ အတွေ့အကြုံမှ သင်ခန်းစာယူပြီး နောက်လာမည့် အကျပ်အတည်းအတွက် အလျှင်အမြန် ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် အများပြည်သူကျန်းမာရေး တုန့်ပြန်မှု ယန္တရားကို ထူထောင်ထားခဲ့သည်။ ကောင်းစွာလေ့ကျင့်ထားပြီး အတွေ့အကြုံရှိသော အရာရှိအဖွဲ့များသည် အကျပ်အတည်းကို အလျှင်အမြန် သဘောပေါက်ပြီး ပေါ်ပေါက်လာတော့မည့် အကျပ်အတည်းကို ဖြေရှင်းရန် အရေးပေါ် စီမံခန့်ခွဲမှု စနစ်များကို  စတင်လုပ်ဆောင်သည်” ဟု သူက ရေးသားသည်။

          တရုတ်ကဲ့သို့သော အာဏာရှင် အစိုးရများက ထိုသို့ကူးစက်မြန်သောဗိုင်းရပ်ကို ထိရောက်စွာ ထိန်းချုပ်နိုင်သည်ဟု အချို့က ဆိုစေကာမူ ထိုင်ဝမ်မှ အထူးသဖြင့် ဆေးပညာရှင်များက နေ့စဉ် သတင်းစာရှင်းလင်းပွဲများ ကျင်းပပြီး ထိုင်ဝမ်၏ လျှင်မြန်ပွင့်လင်းမြင်သာရှိသော တုန့်ပြန်မှုသည် ဒီမိုကရေစီနိုင်ငံများအနေဖြင့် ကူးစက်ရောဂါကို မည်သို့ထိန်းချုပ်မည်နှင့် ပတ်သက်ပြီး ဥပမာကောင်းအဖြစ် ယူနိုင်သည်။ ထိုင်ဝမ်သည် တရုတ်နှင့် အခြားနိုင်ငံအများတွင်ကဲ့သို့ တင်းကျပ်သော ပိတ်ဆို့မှုကိုလည်း ရှောင်ရှားခဲ့သည်။

          ယခုအခါ ထိုင်ဝမ်သည် ခိုင်မာသော အနေအထားရှိလာသောကြောင့် ပြည်တွင်းလုံလောက်ရေးအတွက် နှာခေါင်းစည်း တင်ပို့မှု ပိတ်ပင်ခြင်းကို ရက်သတ္တပတ် အတန်ကြာပြုလုပ်ခဲ့ပြီးနောက် ဧပြီလ ၁ ရက်နေ့တွင်မူ အမေရိကန်ပြည်ထောင်စု၊ အီတလီ၊ စပိန်နှင့် အခြားဥရောပနိုင်ငံများ စသည့် ထိုင်ဝမ်နှင့် သံတမန်ဆက်ဆံရေးရှိသော အခြားနိုင်ငံငယ်များအတွက် နှာခေါင်းစည်း ၁၀ သန်းလှူမည်ဟု အစိုးရကကြေညာသည်။

          ထိုင်ဝမ် သမ္မတ ဆိုင်းအင်းဝန်နှင့် တရုတ်ပြည်မကြီးကြား ဆက်ဆံရေးက သိပ်မကောင်းလှ/Reuters

          ကမ္ဘာ့ကူးစက်ရောဂါနိုင်ငံရေး

          ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ဟန့်တားရာတွင် ထိုင်ဝမ်၏ နှိုင်းယှဉ်ချက်အားဖြင့် အောင်မြင်မှုကို ဥရောပနှင့် အမေရိကန်ပြည်ထောင်စုမှ ပိုမိုဆိုးရွားနေသော အကျပ်အတည်းက ပိုမိုထင်ရှားအောင် ပြသည်။ သင်ခန်းစာယူရမည်ဆိုလျှင် သင်ခန်းစာယူရန် အချိန် နောက်ကျနေပြီဖြစ်သည်။

          ထိုအချက် မှန်န်ိုင်သော်လည်း အနောက်နိုင်ငံအစိုးရများသည် မည်သည့်အတွက် ထိုင်ဝမ်က ဇန်နဝါရီနှင့် ဖေဖော်ဝါရီလတွင် လုပ်ဆောင်သည့်အတိုင်း မလုပ်ခဲ့ကြသနည်း။ ထိုစဉ်ကလုပ်လျှင်ပင် သူတို့အတွက် အခွင့်အရေး ရှိမရှိပင် မသေချာ။ လေ့လာသူအများစုက ထောက်ပြခဲ့သည့် ထိုင်ဝမ်ကို အကျိုးပြုသော အချက်တချက်မှာ ထိုင်ဝမ်သည် အခြားအစိုးရများနှင့်မတူဘဲ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဖွဲ့ဝင် မဟုတ်ခြင်းပင်ဖြစ်သည်။

          ထိုင်ဝမ်သည် တရုတ်န်ိုင်ငံ၏ အစိတ်အပိုင်းဖြစ်ကြောင်း တရုတ်နိုင်ငံက တောင်းဆိုထားသောကြောင့် ဘေဂျင်းသည် ထိုင်ဝမ်အနေဖြင့် တရုတ်တနိုင်ငံတည်း မူဝါဒနှင့် ကိုက်ညီအောင်မလုပ်လျှင် နိုင်ငံတကာအဖွဲ့အစည်း အများအပြားတွင် မပါဝင်နိုင်အောင် ပိတ်ဆို့ထားမည် ဖြစ်သည်။ ထိုမူဝါဒသည် တရုတ်ပြည်မကြီးမှ ထိုင်ဝမ်ခွဲထွက်ရေးကို ပိုမိုရှုပ်ထွေးစေပြီး ထိုင်ဝမ်သည် အိုလံပစ်ပွဲများတွင် တရုတ်တိုင်ပေဟူသော အမည်ဖြင့် ပါဝင်ရသည်။

          ထိုင်ဝမ်သည် ၂၀၁၆ ခုနှစ်အထိ WHO တွင် လေ့လာသူအဆင့်ရှိသည်။ သို့သော် အစဉ်အလာအရ လွတ်လပ်ရေးလိုလားသည့် တိုးတက်သော ဒီမိုကရက်တစ်ပါတီမှ သမ္မတ ဆိုင်းအင်းဝန် တက်လာသောအခါ ဘေဂျင်းက တိုင်ပေကို အကြီးအကျယ် ဖိအားပေးပြီး ထိုင်ဝမ်၏ အနည်းငယ်မျှသော လက်ကျန် သံတမန်ရေးမဟာမိတ်များကို သိမ်းပိုက်ကာ စစ်အင်အားကို ပြသလာသည်။

          ထိုင်ဝမ်အား အဖွဲ့ဝင်နိုင်ငံများအစည်းအဝေးမှ ဖယ်ထုတ်ထားသော်လည်း နေ့စဉ် ကျန်းမာရေး သတင်းအချက်အလက်နှင့် လမ်းညွှန်မှုများအပေါ် သက်ရောက်မှုမရှိကြောင်းနှင့် ကျွမ်းကျင်သူများနှင့် ကျန်းမာရေးုလုပ်သားများသည် အဖွဲ့အစည်းတခုလုံး အတွင်းရှိ နိုင်ငံတကာ လုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း WHO က ပြောသည်။ သို့သော် ထိုသို့သော ထိတွေ့ဆက်ဆံမှုသည် လက်ရှိအကျပ်အတည်းတွင်သာမက SARS အကျပ်အတည်း အတွင်းကလည်း ဆိုးကျိုးသာဖြစ်စေသည်ဟု ထိုင်ဝမ်အရာရှိများအပါအဝင် လေ့လာသူ အများအပြားက ပြောသည်။

          ကိုရိုနာဗိုင်းရပ် တကမ္ဘာလုံး ကူးစက်ရောဂါအစတွင် WHO နှင့် တိုက်ရိုက်အချိန်မီ ဆက်သွယ်နိုင်သော လမ်းကြောင်းမရှိသောကြောင့် ထိုင်ဝမ်မှ ရောဂါဖြစ်ပွားမှုများကို တင်ပြရာတွင် တိကျမှုမရှိဘဲ WHO အရာရှိများသည် ထိုင်ဝမ်တွင် ဖြစ်ပွားသည့် ကူးစက်မှုအရေအတွက်နှင့် ပတ်သက်ပြီး တရုတ်နိုင်ငံကိုသာ မှီခိုနေရကြောင်း သြစတြေးလျနိုင်ငံ Lowy Institute မှ တရုတ်၊ ထိုင်ဝမ်နှင့် သံတမန်ရေးရာ ကျွမ်းကျင်သူ နာတာရှာ ကက်ဆမ်က ပြောသည်။

          “WHO ဆီက အချက်အလက်နဲ့ အကူအညီမရတာကို ထိုင်ဝမ်အရာရှိတွေက စိတ်ပျက်လက်ပျက် ပြောကြတယ်” ဟု သူက ပြောသည်။

          ထိုသို့ သတင်းအချက်အလက် မရရှိသောကြောင့် ထိုင်ဝမ်သည် ၎င်း၏ အစီအစဉ်ဖြင့်သာ ရောဂါတားဆီးရေး ပြုလုပ်ရပြီး WHO ၏ လမ်းညွှန်ချက်နှင့် ပိုမိုကျယ်ပြန့်သော နိုင်ငံတကာ သဘောထားမပါဘဲ စောလျှင်စွာ ဆုံးဖြတ်ချက်ချနိုင်ခဲ့သည်။

          WHO မှ ဖယ်ထုတ်ခံထားရခြင်းသည် ကမ္ဘာလုံးဆိုင်ရာတုန့်ပြန်မှုတွင် ထိုင်ဝမ်အနေဖြင့် အပြည့်အ၀ မပါဝင်နိုင်အောင် တားဆီးနေကြောင်း ထိုင်ဝမ် အရာရှိများက မကြာသေးမီ ရက်သတ္တပတ်များအတွင်း စိတ်ပျက်လက်ပျက်ပြောသည်။

          “ကျနော်တို့က ကူညီချင်တယ်၊ ကျနော်တို့ ဆရာဝန်ကြီးတွေ၊ သုတေသီကြီးတွေနဲ့ သူနာပြုကြီးတွေကို စေလွှတ်ပြီး အသိပညာနဲ့ ကျွမ်းကျင်မှုတွေ မျှဝေချင်တယ်” ဟု ဒုတိယသမ္မတ ချန်ဂျန်းယန်က ထိုင်ဝမ်ရှိ အမေရိကန် ကုန်သည်ကြီးများ အသင်းသို့ လွန်ခဲ့သောတပတ်တွင် ပြောသည်။ သူသည် ဂျွန်ဟော့ကင်း တက္ကသိုလ်မှ လေ့ကျင့်ပေးလိုက်သည့် ကူးစက်ရာဂါ ပညာရှင်တဦးဖြစ်သည်။

          ထိုင်ဝမ်မှ အရာရှိများက လွန်ခဲ့သောတပတ်က WHO လက်ထောက်ညွှန်ကြားရေးမှူးချုပ် ဘရုစ်အေးလ်ဝပ်နှင့် ထိုင်ဝမ်ပြည်သူပိုင် ရုပ်သံလိုင်းဖြစ်သည့် RTHK တို့အကြား တွေ့ဆုံမေးမြန်းခန်းကို ထောက်ပြကြသည်။ ထိုတွေ့ဆုံမေးမြန်းမှုအတွင်း သူသည် ထိုင်ဝမ်နှင့်ပတ်သက်သည့် မေးခွန်းများကို ရှောင်ရှားနေပြီး အင်တာနက်ဆက်သွယ်ရေး ပြဿနာကိုသာ အပြစ်တင်နေသည်။

          ထိုင်ဝမ်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဖွဲ့ဝင် မဟုတ်/Reuters

          ကြေညာချက်တစောင်တွင်မူ WHO တွင် ထိုင်ဝမ် အဖွဲ့ဝင်ဖြစ်ခြင်း မဖြစ်ခြင်း ပြဿနာသည် အဖွဲ့ဝင်များ၏ ပြဿနာသာဖြစ်ပြီး WHO ဝန်ထမ်းများ၏ ပြဿနာမဟုတ်ကြောင်း ကြေညာချက်တစောင်တွင် WHO ကဖော်ပြထားသည်။

          ပြီးခဲ့သော သောကြာနေ့က သတင်းထောက်များကို ပြောကြားရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟွာချန်ရင်းက “WHO အဖွဲ့ဝင်များသည် အချုပ်အခြာအာဏာပိုင် နိုင်ငံများ ဖြစ်ရန်လိုကြောင်း နိုင်ငံအားလုံးက ရှင်းလင်းစွာ နားလည်ကြသည်” ဟု ဆိုသည်။

          “သက်ဆိုင်ရာ WHO အခမ်းအနားတွေမှာ ထိုင်ဝမ်ပါဝင်တာ၊ အခု ကမ္ဘာ့ ကူးစက်ရောဂါအပါအဝင် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် ရယူတာတွေနဲ့ ပတ်သက်လို ပြဿနာမရှိဘူး” ဟု ပြောသဖြင့် ထိုင်ဝမ်အစိုးရ ပြောစကားနှင့် ဆန့်ကျင်ဖက်ဖြစ်နေသည်။

          “ထိုင်ဝမ်နဲ့ အမေရိကန်တို့ ကမ္ဘာ့ကူးစက်ရောဂါ အခြေအနေကို အသုံးချပြီး နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ ကြိုးစာတာ ရပ်သွားဖို့ တရုတ်နိုင်ငံက မျှော်လင့်ပါတယ်” ဟုလည်း သူက ပြောသည်။

          “တချို့တွေက WHO ရဲ့ ကမ္ဘာ့လူထုကျန်းမာရေး နည်းပညာပိုင်းဆိုင်ရာ လုပ်ပိုင်ခွင့်နဲ့ WHO ဝင်ခွင့်ကို ဆုံးဖြတ်တဲ့ နိုင်ငံတွေရဲ့ လုပ်ပိုင်ခွင့်တွေကို ရောထွေးနေကြတယ်” ဟု WHO ပြောခွင့်ရသူက CNN သို့ ပြောသည်။

          “နှစ်တိုင်းနှစ်တိုင်း WHO နဲ့ ထိုင်ဝမ်အာဏာပိုင်တွေနဲ့ ကျွမ်းကျင်သူတွေဟာ အရေးပါတဲ့ အများပြည်သူကျန်းမာရေး ပြဿနာတွေနဲ့ သိပ္ပံ ပြဿနာတွေမှာ ပူးပေါင်းဆောင်ရွက်ကြတယ်လို့ အခိုင်အမာထူထောင်ထားတဲ့ အစီအစဉ်တွေအရ သိရတယ်။ အခု ကိုဗစ်-၁၉ ကူးစက်မှုအတွင်းမှာလည်း ထိုင်ဝမ်မှာ ရောဂါကူးစက်မှုက လူဦးရေနဲ့ နှိုင်းယှဉ်ရင် နိမ့်ကျတယ်။ ဖြစ်ပေါ်တိုးတက်မှုတွေကို ကျနော်တို့ အနီးကပ် ဆက်လက်စောင့်ကြည့်နေပါတယ်။ WHO ဟာ ထိုင်ဝမ်အာဏာပိုင်တွေအပါအဝင် နယ်ပယ်အားလုံးက သင်ခန်းစာတွေကို ယူနေတယ်” ဟု သူက ပြောသည်။

          (CNN သတင်းထောက် James Griffiths ၏ Taiwan’s coronavirus response is among the best globally ကို ဘာသာပြန်သည်။)

          You may also like these stories:

          Covid-19 က ကမ္ဘာ့နိုင်ငံရေးကို ပုံစံသစ် ပြောင်းသွားစေနိုင်သည်

          ကိုရိုနာဗိုင်းရပ် တိုက်ဖျက်ရေး စစ်ပွဲ ဗီယက်နမ် ဘယ်လိုအနိုင်ယူနေသလဲ

          ရေနံဈေး သုညအောက် ဆင်းသွားမလား

          Your Thoughts …
          Tags: တရုတ်ထိုင်းထိုင်ဝမ်ဒီမိုကရေစီရောဂါ
          ဧရာဝတီ

          ဧရာဝတီ

          ...

          Similar Picks:

          ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

          ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

          by ကိုဦး
          25 September 2023
          50.7k

          စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          by အုန်းညို
          25 September 2023
          34.9k

          စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

          ၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

          ၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

          by ဧရာဝတီ
          4 November 2023
          29k

          ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

          မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

          မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

          by ဧရာဝတီ
          8 November 2023
          28.1k

          နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

          စစ်ကောင်စီ ကျောထောက်နောက်ခံပြု ဆန္ဒပြပွဲက တရုတ်ကို ရှုတ်ချ

          စစ်ကောင်စီ ကျောထောက်နောက်ခံပြု ဆန္ဒပြပွဲက တရုတ်ကို ရှုတ်ချ

          by ဧရာဝတီ
          21 November 2023
          17k

          မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရသောကြောင့် တရုတ်သည် လုံးဝ စိတ်ချမ်းသာခြင်း မရှိပေ။

          စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရုတ်က ဖိတ်ထားသလား

          စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရုတ်က ဖိတ်ထားသလား

          by ဧရာဝတီ
          22 July 2023
          14.3k

          မင်းအောင်လှိုင်သည် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးသို့ သွားသည်ဟု အာရှထောက်လှမ်းရေး သတင်းများနှင့် နေပြည်တော်မှ အခြားရင်းမြစ်များက ပြောသည်။

          Next Post
          ဟောင်ကောင် အပြည်ပြည်ဆိုင်ရာ လေဆိပ်

          ဟောင်ကောင်၊ စင်ကာပူနဲ့ ထိုင်ဝမ်က ကိုဗစ် အခြေအနေ

          အသက် ၁၀၁ နှစ်အရွယ် Keith Watson

          အသက် ၁၀၁ နှစ် ကိုဗစ်လူနာ ဆေးရုံကဆင်းပြီ

          No Result
          View All Result

          Recommended

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          4 days ago
          13.9k
          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          4 days ago
          12.2k

          Most Read

          • ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

            ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

            shares
            Share 0 Tweet 0
          • ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော

            shares
            Share 0 Tweet 0
          • ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

            shares
            Share 0 Tweet 0
          • စစ်ရှိန်မြင့်လာချိန် စစ်သားဇနီးတွေလည်း ကင်းစောင့်နေရ

            shares
            Share 0 Tweet 0
          • ဗဟိုဘဏ် ဒေါ်လာထုတ်မရောင်းပေးနိုင်တော့၍ စက်သုံးဆီဈေးတက်

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved