• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ကိုဗစ်နဲ့ဝမ်းရေးကြားက စက်ရုံအလုပ်သမများ

by နန်းဆိုင်နွမ်
16 May 2020
in ဆောင်းပါး
A A
စက်ရုံအလုပ်သမများ  / BWU

စက်ရုံအလုပ်သမများ / BWU

20.2k
VIEWS
Share on FacebookShare on Twitter

“ မိဘတွေကို ငွေ ဘယ်လိုထောက်ပံ့ရမလဲဆိုတာ စဉ်းစားတိုင်း အိပ်မပျော်ဘူး။ ရက်တိုင်းလိုလို အိပ်မပျော်ဘူး” လို့ ညည်းတွားလိုက်သူ မအိမွန်စိုးကတော့ ကိုဗစ်ရောဂါကြီး မတိုင်ခင်က ပုသိမ်မြို့မှာရှိတဲ့ အထည်ချုပ် စက်ရုံတရုံမှာ အလုပ်လုပ်ပါတယ်။

သူ့ရဲ့ တလ ဝင်ငွေက ငွေကျပ် ၂ သိန်းခွဲဖြစ်ပါတယ်။ လက်ရှိ မှာတော့ ကမ္ဘာတဝှမ်း ရင်ဆိုင်နေရတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သူအလုပ်လုပ်တဲ့ စက်ရုံပိတ်သွားပြီး အလုပ်လက်မဲ့ ဖြစ်သွားရသူပါ။

RelatedPosts

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

20 May 2025
1.2k
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

20 May 2025
2.3k
စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
210

ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ ရိုက်ခတ်မှုက ကမ္ဘာတဝှမ်း စီးပွားရေးလုပ်ငန်းတွေကို သာမကဘဲ မြန်မာနိုင်ငံမှာ လည်း ထိခိုက်နစ်နာမှုတွေ ရှိလာခဲ့ပါတယ်။ ရောဂါကူးစက်ခံရမှာကို စိုးရိမ်တဲ့အတွက် အလုပ်ရုံ၊ စက်ရုံတွေ လည်း ဧပြီလဆန်းပိုင်းကစပြီး ပိတ်လိုက်ရပါတယ်။ တချို့အလုပ်ရုံတွေက ခဏတာ ပိတ်ဆိုင်းခဲ့ပေမယ့် တ ချို့ အလုပ်ရုံတွေကတော့ အပြီးပိတ်လိုက်ရတာဖြစ်ပါတယ်။

ဒီအခြေအနေဟာ အရင်ကတည်းက နည်းပါးတဲ့လုပ်ခလစာကြောင့် မိသားစုစားဝတ်နေရေး အဆင်မပြေကြ တဲ့ စက်ချုပ်ရုံ အမျိုးသမီး အလုပ်သမတွေအတွက် ငရဲပမာ ဖြစ်ခဲ့ရပါပြီ။

ကိုဗစ်ကာလ ပြန်ဖွင့်တဲ့ စက်ရုံ တချို့မှာ ဝမ်းရေး အတွက် အလုပ်ပြန်ဆင်းနေကြတဲ့ အလုပ်သမများ / မျိုးမင်းစိုး / ဧရာဝတီ

ပူပြင်းလှတဲ့ ဧပြီ- မေ လတွေရဲ့ အပူတွေနဲ့ ကပ်ရောဂါကူးစက်မလား စိုးရိမ်စိတ်ဟာ သူတို့ဝမ်းရေး အပူကို မယှဉ်နိုင်ခဲ့ပါဘူး။

“ အလုပ်က ဘယ်နေ့ပြန်ဖွင့်မယ်ဆိုတာ မသိသေးဘူး။ အလုပ်မရှိရင်တော့ မိဘတွေကို ငွေ ဘယ်လို ပို့ရမ လဲ” လို့ မအိမွန်စိုး က ပြောပါတယ်။

မအိမွန်စိုးက အသက် ၂၁နှစ်အရွယ်သာ ရှိသေးသူဖြစ်ပါတယ်။ သူရဲ့ လစာက တလ ငွေကျပ်၂ သိန်းခွဲ ဖြစ်ပါ တယ်။ လစာထဲက အဆောင်ခ ၅ သောင်းဖယ်ထားပြီး ကျန်ငွေနဲ့ မိဘတွေကို ကျွေးမွေးနေသူ တဦးဖြစ်တဲ့ အတွက် ရှေ့ဆက်ပြီး ဘာလုပ်ရမယ်ဆိုတာကို တွေးရင်း သောက ရောက်နေရပါတယ်။

“ အလုပ်ကသာ မလုပ်ရတာ အဆောင်ကြေးကတော့ ပေးရတယ်။ ကျမ အတွက် သိပ်ပြဿနာ မရှိပေမယ့် ကျမ လစာကို စောင့်ဆိုင်းနေတဲ့ မိဘတွေအတွက် တွေးနေရတယ်။ မိဘတွေက ကိုယ်ပေးမှ စားရတာ” လို့ မအိမွန်စိုး က ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ အထည်ချုပ်စက်ရုံ အများစု တည်ရှိတဲ့ နေရာကတော့ ရန်ကုန်တိုင်းဒေသကြီး နဲ့ ဧရာဝတီ တိုင်း၊ ပုသိမ်မြို့တို့ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အထည်ချုပ်စက်ရုံ ၄၀၀ နီးပါးရှိပြီး အထည်ချုပ် အလုပ်သမားဦးရေ ၃ သိန်းခွဲလောက်ရှိတယ် လို့ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းရဲ့ ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်း စာရင်းအရ သိရပါတယ်။ အဲဒီထဲမှာ အ လုပ်လုပ်ကိုင်နေသူ အများစုက အမျိုးသမီးတွေဖြစ်ပါတယ်။

မအိမွန်စိုး နည်းတူ စက်ရုံ ၊ အလုပ်ရုံ တွေမှာ အလုပ်လုပ်နေကြတဲ့ အမျိုးသမီးအလုပ်သမတွေ တော်တော် များများဟာ ဧပြီလဆန်းပိုင်းကစပြီး အလုပ်လျှော့ခံရတာ ၊ အလုပ်ပိတ်သိမ်းတာတွေနဲ့ ကြုံရပြီး စားသောက် ရေး၊ နေထိုင်ရေးမှာ အကြပ်ရိုက်နေကြပါတယ်။

အလုပ်လျှော့ခံရတဲ့အထဲ ပါခဲ့ရတဲ့ မဝတ်ရည်ထွန်းကတော့ ရန်ကုန်က အထည်ချုပ်စက်ရုံတရုံမှာ အလုပ်လုပ် ကိုင်ရင်း မိသားစုဝင် ၅ ဦးကို ရှာဖွေ ကျွေးမွေးနေရသူတဦးဖြစ်ပါတယ်။

“ ကျမ အလုပ်လျှော့ခံရတဲ့ အထဲမှာပါတယ်။ အခက်အခဲ ကတော့ အများကြီးပါ။ အခန်းကျဉ်းထဲမှာ မိသားစု ၅ ယောက်နေတယ်။ သူတို့ကို ကျမက ရှာကျွေးရတော့ သူတို့ မျက်နှာမြင်နေရင် စိတ်မကောင်းဘူး” လို့ မဝတ်ရည်ထွန်း က ပြောပြပါတယ်။

အလုပ်လျှော့ခံရတဲ့ အတွက် လစာ ၁ လစာ နဲ့အတူ နစ်နာကြေး စုစုပေါင်း ၃သိန်းကျော် ရခဲ့ပေမယ့်လည်း အ ဆောင်ခ နဲ့ မိသားစုအရေးကြောင့် မဝတ်ရည်ထွန်းလက်ထဲမှာ ငွေကုန်လုနီးပါး ဖြစ်နေပါပြီ။

“ ဒီရောဂါကလည်း ဖြစ် ၊ စက်ရုံတွေကလည်း ပိတ်တော့ ဘာတွေ ဆက်ဖြစ်လာမယ်မှန်း မသိတော့ဘူး” လို့ မဝတ်ရည်ထွန်း တယောက် သက်ပြင်းချရင်း ပြောပါတယ်။

ကပ်ရောဂါ ကာလအတွင်း ရောဂါ ခုခံနိုင်စွမ်းမြှင့်ဖို့အတွက် အာဟာရရှိပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစား အသောက်တွေ စားကြဖို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ တိုက်တွန်းကြေညာချက်တွေဟာလည်း နေ့တဒူ၀ ဝမ်း ရေးနပ်မှန်ဖို့အရေး ဗျာများနေရတဲ့ စက်ချုပ်ရုံ အလုပ်သမတွေအတွက် အလုပ်မဖြစ်ခဲ့ပါဘူး။

ကိုဗစ်ကာလ ပြန်ဖွင့်တဲ့ စက်ရုံ တချို့မှာ ဝမ်းရေး အတွက် အလုပ်ပြန်ဆင်းနေကြတဲ့ အလုပ်သမများ / မျိုးမင်းစိုး / ဧရာဝတီ

“ ဒီကာလမှာ ကျန်းမာရေး ကောင်းအောင် ဘာစားပေးရမလဲဆိုတာ ဂရုမစိုက်နိုင်ဘူး။ ကျမတို့ နေတိုင်း ကန် စွန်းရွက် ငါးပိရည်နဲ့ စားနေတာတောင် မလောက်ငှတဲ့ ဘဝပါ” လို့ ရန်ကုန် အထည်ချုပ်စက်ရုံတခုမှာ အ လုပ်လုပ်နေတဲ့ အလုပ်သမား ခေါင်းဆောင် မစိုးစိုးမွန်ကလည်း ပြောပါတယ်။

အလုပ်ရုံတွေ ရက်ရှည် ပိတ်လိုက်မယ်ဆိုရင် စက်ရုံဝန်ထမ်းတွေ ဒုက္ခရောက်နိုင်သလို စက်ရုံဖွင့်လို့ အလုပ် တက်ပြန်ရင်လည်း ကိုဗစ်-၁၉ ကူးစက်လာမှာကို စိုးရိမ်နေရတယ်လို့ သူမက ပြောပါတယ်။
“ အခု စက်ရုံဝန်ထမ်းတွေအားလုံး ရင်ဆိုင်နေရတာ အဆောင်ခပါပဲ။ လစာမရှိတဲ့ကြားက အဆောင်ခ တလ ၅ သောင်းပေးရတာပဲ။ နောက် ရက်ရှည်ပိတ်ရင် မိသားစုများတဲ့သူတွေ အတွက်တော့ ပြဿနာ တော်တော်ရှိ လာနိုင်တယ်” လို့ မစိုးစိုးမွန်က ပြောပါတယ်။

ကိုဗစ်-၁၉ ကြောင့် စက်ရုံတွေမှာ အလုပ်သမား လျှော့ချတာ ၊ စက်ရုံပိတ်သိမ်းတာတွေကြောင့် အလုပ်လက် မဲ့ ဖြစ်သွားရတဲ့သူတွေထဲမှာ အမျိုးသမီးတွေက ထိပ်ဆုံးက ပါဝင်ကြောင်းနဲ့ သောကမျိုးစုံရင်ဆိုင် ခံစားနေရ သူတွေကလည်း အခြေခံ အလုပ်သမား အမျိုးသမီးတွေသာ ဖြစ်တယ်လို့ အလုပ်သမားအရေး ကူညီဖြေရှင်း ဆောင်ရွက်ပေးနေတဲ့ မခခ က ပြောပါတယ်။

အလုပ်ပိတ်သိမ်းလိုက်တဲ့အတွက် အလုပ်သမားတချို့ လျော်ကြေးငွေ ရရှိခဲ့ပေမယ့်လည်း တချို့ကတော့ မရ ဘူးလို့လည်း ဆိုပါတယ်။

“ အခုတချို့ လက်ထဲမှာ စားစရာကို မရှိတော့လို့ ရှိတဲ့ နားကပ်တွေ ပေါင်တယ်။ ရောင်းတယ်။ ဘယ်လို စား သောက်လဲဆိုတော့ ငပိရည်၊ တို့စရာနဲ့ စားရတဲ့အဖြစ်ပါ။ အသားတောင် မစားကြရဘူး” လို့ မခခ က အ လုပ်သမတွေရဲ့ အခက်အခဲကို ပြန်ပြောပြပါတယ်။

အလုပ်သမားအများစုက လစာဝင်ငွေ နည်းပါးတဲ့အတွက် မိသားစုတွေ စုပေါင်းပြီး နေထိုင်ရတာကြောင့် ဝင် ငွေမရှိတဲ့ အလျောက် စကားများ ရန်ဖြစ်တာတွေ ရှိလာပြီး အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့လည်း ရင်ဆိုင်လာ ရပါတယ်။

“ အမျိုးသမီးတွေက အခု မျိုးစုံကို ရင်ဆိုင်နေရတာ။ အလုပ်မရှိတော့ ငွေကြေးအပူ ဖြစ်သလို၊ အလုပ်လက်မဲ့ ဖြစ်တဲ့အတွက် အိမ်ထဲမှာနေတော့လည်း ယောက်ျားတွေရဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေက ရှိပြန်ရော။ ပြဿ နာကတော့ မျိုးစုံပဲ။ အိမ်တွင်း အကြမ်းဖက်မှုဆိုတာလည်း သူတို့ မသိကြဘူး” လို့ မခခ က လက်ရှိ အခြေအနေမှာ အလုပ်သမတွေ ရင်ဆိုင်နေရတဲ့ အကြောင်းကို ပြောပြပါတယ်။
နေ့စဉ် နဲ့ အမျှ ကြားနေရတဲ့ ပြဿနာကတော့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုဖြစ်ပြီး ဒါကို တိုင်ကြားဖို့ လည်း မသိသလို ၊ အကြမ်းဖက် ခံနေရတယ် ဆိုတာကိုလည်း မသိကြဘူးလို့ ဆိုပါတယ်။

ကိုဗစ်ကာလ ပြန်ဖွင့်တဲ့ စက်ရုံ တချို့မှာ ဝမ်းရေး အတွက် အလုပ်ပြန်ဆင်းနေကြတဲ့ အလုပ်သမများ / မျိုးမင်းစိုး / ဧရာဝတီ

“နေ့တိုင်း ပုံစံမျိုးစုံပါပဲ။ များသောအားဖြင့်တော့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံရတာ၊ ဘယ်ကို တိုင်ရမှာ လည်း မသိသလို အကြမ်းဖက်ခံနေရတာတောင် သူတို့ကိုယ် သူတို့မသိကြဘူး။ အခုချိန်က ဝင်ငွေမရှိတဲ့ အမျိုးသမီး တယောက်အနေနဲ့ကတော့ တိုင်ရင်လည်း သွားနေစရာ မရှိဘူးလေ” လို့ မခခ က ဆိုပါတယ်။
ကိုဗစ် – ၁၉ ကပ်ရောဂါကို ကာကွယ်ဖို့ အထူးသဖြင့် ဧပြီလ တလလုံး စက်ရုံအားလုံး ယာယီ ပိတ်လိုက်ရပြီး ဝင်ငွေ တကျပ် တပြားမှ မရကြောင်း၊ လက်ရှိ အချိန်ထိလည်း စက်ရုံ အများစုက ပိတ်သိမ်းထားရတဲ့အတွက် မေလမှာလည်း လုပ်ငန်းရှင်တွေအတွက် ဝင်ငွေ မရနိုင်သေးကြောင်းကိုတော့ အထည်ချုပ် စက်ရုံ လုပ်ငန်း ရှင် တဦးဖြစ်တဲ့ မယဉ်ယဉ်မိုး က ပြောပြပါတယ်။

“ ဧပြီလ တလလုံး ပိတ်တယ် ။ ကျမတို့ဝင်ငွေ မရှိဘူး။ အခု ၅လပိုင်းလည်း ဝင်ငွေရှိမှာ မဟုတ်ဘူး။ ထိခိုက် တာကတော့ ဝင်ငွေ လုံးဝမရှိတဲ့အတွက် ဒီကလေး( အလုပ်သမား)တွေကို လစာပေးဖို့ က ဒုက္ခတွေ့နေ တယ်” လို့ မယဉ်ယဉ်မိုးက ဆိုပါတယ်။

စက်ရုံအလုပ်ရုံ လုပ်ငန်းရှင်တွေ အနေနဲ့ လက်ရှိအခြေအနေမှာ တိကျသေချာမှု တစုံတရာ မသိရှိသေးတာ ကြောင့် အလုပ်သမားတွေကို မိမိတို့ အလုပ်ရုံတွေမှာ ဆက်ပြီး ခန့်ထားနိုင်ဖို့အတွက် တွေဝေနေရတယ်လို့ လည်း သူမက ပြောပါတယ်။

“ ထိခိုက်တာကတော့ ဝင်ငွေ လုံးဝမရှိတဲ့အတွက်ကြောင့် ကလေးတွေကို လျှော့ချရမှာလား၊ ဆက်ပြီးထားရ မှာလားဆိုတဲ့ အနေအထားတွေနဲ့ ဒုက္ခတွေ့နေတယ်။ ဝန်ထမ်းဦးရေက နည်းပေမယ့် လစာက ၄၀၀ ၊ ၅၀၀ ရှင်းဖို့ ဆိုတာကတော့ တော်တော်ခက်ခဲတဲ့ အခြေအနေဖြစ်လာပါပြီ” လို့ မယဉ်ယဉ်မိုးက ရှင်းပြပါတယ်။

ဒီအခြေအနေကို ထိန်းညှိနိုင်ဖို့အတွက် အစိုးရအနေနဲ့ လုပ်ငန်းရှင်တွေအတွက် ချေးငွေအစီအစဉ်တွေ ဆောင် ရွက်မှုတွေ ရှိလာသလို လူမှု ဖူလုံရေး မှတ်ပုံတင်ထားတဲ့ အာမခံ အလုပ်သမားတွေကိုလည်း အလုပ်ရပ်နား ထားတဲ့ ရက်အလိုက် ထည့်ဝင်ကြေး ပေးသွင်းထားတဲ့ လုပ်ခလစာရဲ့ ၄၀ ရာခိုင်နှုန်းကို ထောက်ပံ့ကူညီတဲ့ အ စီအစဉ်ကိုလည်း စတင်ခဲ့ပါတယ်။

ကိုဗစ်ကာလ ပြန်ဖွင့်တဲ့ စက်ရုံ တချို့မှာ ဝမ်းရေး အတွက် အလုပ်ပြန်ဆင်းနေကြတဲ့ အလုပ်သမများ / မျိုးမင်းစိုး / ဧရာဝတီ

“ ယာယီရပ်နားခံရတဲ့ အလုပ်သမားတွေ ကျနော်တို့ဆီကို စာရင်းလာတင်ပြီးရင်တော့ ကျွန်တော်တို့ စိစစ်ပြီး ငွေကြေး ထောက်ပံ့မှု အကျိုးခံစားခွင့်တွေ လုပ်ပေးသွားမယ်။ ထည့်ဝင်ငွေ ၄၀ရာခိုင်နှုန်း ပေးပါမယ်။ ရပ်နား ထားတဲ့ ရက်အတွက်ပဲပေးပါမယ်” လို့ လူမှုဖူလုံရေးအဖွဲ့ ညွန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေး က ပြောပါတယ်။

လူမှုဖူလုံရေး ထည့်ဝင်ငွေဆိုတာကတော့ အလုပ်သမားတယောက်ရဲ့ တလစာ ဝင်ငွေထဲက ၂ ရာခိုင်နှုန်းကို လစဉ်မပျက် ပေးဆောင်ရတာဖြစ်ပါတယ်။ ဒီလို နစ်နာကြေးကို ပြန်လည်ထုတ်ယူဖို့အတွက် အလုပ်သမား တွေ အနေနဲ့ အလုပ်ရှင်တွေရဲ့ ထောက်ခံချက် လိုအပ်ပါတယ်။

အခုချိန်ထိတော့ လူမှုဖူလုံရေး အဖွဲ့ကနေ ကူညီထောက်ပံ့မှု တစုံတရာ မရရှိသေးတဲ့ အလုပ်သမားတွေ အ များကြီး ရှိသေးတယ်လို့ အလုပ်သမဖြစ်သူ မအိမွန်စိုးက ပြောပြပါတယ်။

“ အလုပ်သမားတယောက်က လူမှုဖူလုံရေးကြေး ၂ ရာခိုင်နှုန်း ၊ တလ ၂ထောင်ကျော် သွင်းရတယ်။ အလုပ် ရှင်က ၆ ရာခိုင်နှုန်း သွင်းပေးတယ်။ လတိုင်းသွင်းတယ်။ အခု လူမှုဖူလုံရေး ကတော့ ပြန်ထောက်ပံ့မယ်လို့ ပြောပေမယ့် ဘယ်လောက်ထောက်ပံ့မယ်ဆိုတာ မသိသေးဘူး” လို့ မအိမွန်စိုး က ဆိုပါတယ်။

ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံခြားသား ရင်းနှီးမြုပ်နှံတဲ့ အလုပ်ရုံတချို့ အပြီးသတ် ပိတ်သိမ်းသွားတာ ကြောင့် တချို့အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်သွားရတဲ့အပေါ် လူမှုဖူလုံရေး ဥပဒေနဲ့အညီ ဆောင်ရွက် သွားမှာဖြစ်ပြီး လက်ရှိမှာတော့ အလုပ်ရုံ အလုပ်သမား စိစစ်ရေးဌာနက ဆက်လက်ဆောင်ရွက်နေတယ်လို့ လည်း သိရပါတယ်။

လူမှုဖူလုံရေး ဥပဒေကိုလည်း ကပ်ရောဂါဖြစ်ပွားမှုကြောင့် ဖြေလျော့မှု များစွာပေးထားကြောင်းနဲ့ အလုပ်သ မားတွေ အနေနဲ့ အလုပ်လက်မဲ့ ဖြစ်သွားရင်လည်း ကျန်းမာရေး အကျိုးခံစားခွင့် တနှစ်အထိ ပေးသွားမှာ ဖြစ်တယ်လို့ ဦးမောင်မောင်အေးက ဆိုပါတယ်။

အလုပ်သမား အများစုကတော့ လူမှုဖူလုံရေး ထောက်ပံ့ကြေးငွေကိစ္စနဲ့ ပတ်သက်လို့ သေသေချာချာ နား လည် သဘောပေါက်မှု မရှိသလို ထောက်ပံကြေးငွေ အနေနဲ့လည်း ၄၀ ရာခိုင်နှုန်းသာ ရရှိမှာဖြစ်တဲ့အတွက် ရေရှည် လုံလောက်မှု မရှိနိုင်ဘူးလို့ စက်ရုံ အလုပ်သမားတွေက ညည်းတွားနေကြပါတယ်။

“ အလုပ်လျှော့ခံရတော့ လစာ တသိန်းကျော်နဲ့ နှစ်ကြေး ၄ သောင်း ၈ ထောင်ရတယ်။ အခုတောင် တော် တော် ဒုက္ခရောက်နေပြီ။ တလလုပ်စာ တလစားရတဲ့ သမားတွေပဲ။ လစာမရှိရင် အရမ်းသိသာတယ်။ အခု ရ ထားတာတွေ မရှိတော့ဘူး” လို့ ပုသိမ်မြို့ သိုးမွှေးစက်ရုံတရုံက အလုပ်သမား လျှော့ချရာမှာ ပါဝင်ခဲ့သူ မတင် မာဦးက ပြောပါတယ်။

ကပ်ရောဂါကာလမှာ မြန်မာတနိုင်ငံလုံး နေ့စဉ် လူအများ အသုံးပြုနေရတဲ့ Mask (မျက်နှာဖုံး၊နှာခေါင်းစည်း) တွေနဲ့ ဆေးရုံသုံး PPE ဝတ်စုံတွေကို နိုင်ငံခြားကနေ အဓိက မှာယူအသုံးပြုနေရတာ ဖြစ်ပါတယ်။

ကိုဗစ်ကာလ ပြန်ဖွင့်တဲ့ စက်ရုံ တချို့မှာ ဝမ်းရေး အတွက် အလုပ်ပြန်ဆင်းနေကြတဲ့ အလုပ်သမများ / မျိုးမင်းစိုး / ဧရာဝတီ

ဒါကြောင့် အလုပ်လက်မဲ့ ဖြစ်သွားရသူတွေ ၊ အလုပ်သမား လျှော့ချခံရတဲ့အထဲ ပါသွားရသူတွေ အနေနဲ့ မိမိ ဒေသအလိုက် စက်ရုံတွေမှာ Mask (နှာခေါင်းစည်း)တွေနဲ့ PPE ဝတ်စုံတွေကို ချုပ်ခိုင်းပြီး အလုပ်ဖန်တီးပေး နိုင်သလို အလှူရှင်တွေကိုလည်း အဲဒီ စက်ရုံတွေမှာ လာရောက်ဝယ်ယူပြီး လှူဒါန်းလို့ရနိုင်ကြောင်း လှုံ့ဆော် မှုတွေ လုပ်မယ်ဆိုရင် ပြည်တွင်းထုတ်ကုန်ကို အလိုအလျောက် အားပေးမှုတွေဖြစ်သွားမယ်လို့ အလုပ်သမား အရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

“ အဓိကတော့ အလုပ်လက်မဲ့ အမျိုးသမီးတွေ ဘာတွေလုပ်တတ်လဲ။ သူတို့ကျွမ်းကျင်တဲ့ အိမ်တွင်းမှု က ဘာတွေလဲ။ ကျမ သိရသလောက်တော့ PPE ဝတ်စုံ သေချာချုပ်နိုင်တယ်။ Mask သေချာ လုပ်နိုင်တယ်။ ဒါ ကို အစိုးရက ထောက်ပံ့ပေးရင် သူတို့လည်း ဝင်ငွေရ ၊ ပြည်ပကနေလည်း မှာစရာ မလိုတော့ဘူး” လို့ မခခ က အစိုးရကို တိုက်တွန်းပြောဆိုပါတယ်။

အလုပ်လက်မဲ့ ထောက်ပံ့မှု အစီအစဉ်အရလည်း အများဆုံး လစာ တလစာသာ ထောက်ပံ့ပေးနိုင်တဲ့အတွက် အလုပ်သမားတွေရဲ့ ကျွမ်းကျင်မှုကို စစ်တမ်းကောက်ယူပြီး အခုကာလအတွင်း ကျန်းမာရေးစိစစ်ကာ အလုပ် အကိုင် ဖန်တီးပေးတာက ပိုပြီးထိရောက်နိုင်တဲ့အကြောင်း အလုပ်လက်မဲ့ ဖြစ်သွားတဲ့ အမျိုးသမီးတွေက ထောက်ပြပါတယ်။

လက်ရှိ အချိန်ထိ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ စက်ရုံ၊ အလုပ်ရုံ ၆ ထောင်ကျော်ကို အဆင့် သတ် မှတ်ချက်အလိုက် စစ်ဆေးကာ ပြန်လည်ဖွင့်လှစ်ခွင့် ပြုသွားမှာ ဖြစ်ပြီး မေလ ၁၅ နေ့ရက် အထိ စစ်ဆေး သွားမယ်လို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနက ပြောထားပါတယ်။

ဆင်းရဲတဲ့ နိုင်ငံဖြစ်တဲ့အလျောက် ကပ်ရောဂါနဲ့ ဒွန်တွဲပါလာတဲ့ စီးပွားပျက်ကပ်ကြားမှာ အစိုးရနဲ့ အလုပ်ရှင် တွေအနေနဲ့ ဘယ်လောက်ထိ ညှိနှိုင်း ကျားကန် ထားနိုင်မလဲဆိုတာတော့ မသေချာသေးပါဘူး။

ဒါပေမဲ့ တယောက်လုပ်စာကို တမိသားစုလုံး မှီခိုနေကြရတဲ့ မအိမွန်စိုးတို့လို အထည်ချုပ် အလုပ်သမတွေက တော့ ကပ်ရောဂါကာလမှာ အိမ်တွင်းပုန်းနေရမယ့်အစား အလုပ်ပြန်ခေါ်မယ့် သတင်းကိုသာ ရင်တမမနဲ့ အ ချိန်တိုင်း နားစွင့်လို့ နေကြရပါတယ်။

“ကျမကတော့ အလုပ်ပြန်ခေါ်ရင် လုပ်မှာပဲ။ ရောဂါထက် ငတ်တာနဲ့ မိဘတွေဆီကို မပို့နိုင်မှာ ကြောက်တာ။ စားဖို့က အရေးကြီးတယ်လေ” လို့ မအိမွန်စိုးက ပြောပါတယ်။

( မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ၏ HI (Honest Information) Website ( www.hiburma.net ) မှ ကူးယူဖော်ပြခြင်းဖြစ်သည်။ )

You may also like these stories:

ပိတ်မိနေသည့် ရွေ့ပြောင်းလုပ်သားများအရေး အစိုးရ၏မူဝါဒအပေါ် မေးခွန်းထုတ်

ကိုဗစ်ကြောင့် ရန်ကုန်တိုင်း၌ အလုပ်သမား ၆ ထောင်ကျော် အလုပ်လက်မဲ့ ဖြစ်

ယာယီရပ်ဆိုင်း စက်ရုံလုပ်သားများကို ထောက်ပံ့ကြေးပေးရန် စိစစ်နေ

Your Thoughts …
Tags: Covidကိုဗစ်စက်ရုံအလုပ်သမ
နန်းဆိုင်နွမ်

နန်းဆိုင်နွမ်

Honest Information(HI)

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်အာဏာရှိရင် ပြည်သူ့အသက်တွေ အများကြီးကယ်နိုင်လိမ့်မယ် (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်အာဏာရှိရင် ပြည်သူ့အသက်တွေ အများကြီးကယ်နိုင်လိမ့်မယ် (ရုပ်/သံ)

by ဧရာဝတီ
2 April 2025
1.1k

လူအမြောက်အမြား သေဆုံးထိခိုက်မှုတွေရှိနေတဲ့ လက်ရှိ ငလျင်ဘေးမှာ ဒေါ်အောင်ဆန်းစုကြည်သာလုပ်ကိုင်ခွင့်ရှိခဲ့မယ်ဆိုရင် ပြည်သူတွေရဲ့ အသက်တွေကို အများကြီးကယ်တင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း NLD အစိုးရလက်ထက်မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

စာပေ၊ ဂီတ အနုပညာရှင်များ

ကြွေလွင့်သွားတဲ့ အနုပညာငွေကြယ်ပွင့်များ

by ဧရာဝတီ
17 August 2021
31.8k

၁၉၈၈ အရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး မိန့်ခွန်းပြောနေတဲ့ ဓာတ်ပုံကို ရိုက်ကူး မှတ်တမ်းတင်ခဲ့သူ ဖြစ် ပြီး အရေးအခင်း လှုပ်ရှားမှုတွေကို ရုပ်သံရိုက်ကူးကာ အမေရိကန် သံရုံးမှတဆင့် ကမ္ဘာကို ချပြခဲ့သူ တယောက်လည်း ဖြစ်ပါတယ်။

တရုတ်ကွန်မြူနစ်ခေါင်းဆောင်များ၏ ဓာတ်ပုံများ တန်းစီချိတ်ဆွဲထားသည်

တရုတ်ကွန်မြူနစ်ပါတီ၏ ခေတ်သစ်တခုအစပြုခြင်း

by သက်ထားမောင်
29 October 2022
7.5k

ရှီကျင့်ဖျင် တခေတ် စတင်တည်ဆောက်သည့် ၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်ထိ ၅ နှစ်ကာလသည် အလွယ်တကူတော့ မဟုတ်ပေ။

ပုဂံခေတ်ကတည်းက သန္ဓေတည် ပေါက်ဖွားလာခဲ့တဲ့ ယွန်း ပညာကြီး တိမ်ကောသွားမှာ ပုဂံသားတွေ စိုးရိမ်နေကြပြီ / ဇော်ဇော် / ဧရာဝတီ

ပုဂံ ယွန်းထည်လုပ်ငန်း အသက်ငင်နေပြီ

by ဇူးဇူး
25 July 2020
8.5k

ယွန်းထည်ဈေးကွက်ဟာလည်း ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အပေါ်မှာပဲ ရာနှုန်းပြည့်နီးပါး အမှီသဟဲ ပြုနေရတာပါ။

၂၀၁၉ ခုနှစ်က ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတွင် တွေ့ရသည့် ခရီးသွားများ / ဧရာဝတီ

မြန်မာ့ခရီးသွားလုပ်ငန်း အသက်သွင်းရန် စစ်ကောင်စီ ကြိုးပမ်း

by ဧရာဝတီ
8 November 2021
6.9k

ယခုအချိန်သည် စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာရှင်ကို တော်လှန်သည့် ဆန္ဒပြမှုများ၊ လက်နက် ကိုင် တော်လှန်မှုများ ရှိနေသဖြင့် ခရီးသွားရာသီ ရောက်သော်လည်း လုပ်ငန်းများ ပြန်လည်စတင်ရန်မှာ မသေချာသည့် အခြေအနေ ဖြစ်သည်။

၂၀၁၉ ခုနှစ်ဇွန်လ က သားမက်ဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း သိန်းနိုင်၏ နာရေးတွင် တွေ့ရသူ ဦးသန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင်

ဦးသန်းရွှေနှင့် ဇနီးဒေါ်ကြိုင်ကြိုင် တို့တွင် ကိုဗစ်ပိုးတွေ့

by ဧရာဝတီ
13 August 2021
72.5k

တပ်မတော်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင်တို့ကို နေပြည်တော်ရှိ ခုတင် ၁၀၀၀ စစ်ဆေးရုံတွင် ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရာ

Next Post
၂၀၁၉ အောက်တိုဘာလအတွင်း ကျောက်တော်မြို့နယ် မီးဝရွာအား စစ်သင်္ဘောမှ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည့် မောင်ဆန်းဝင်းလှိုင် / ဇော်ဇော်

ရခိုင်စစ်ပွဲ အကြမ်းဖက်မှုများ လုံခြုံရေးကောင်စီတွင် အနောက်နိုင်ငံများ ရှုတ်ချ

လိုအပ်နေသူများအတွက် ဝေမျှပေးနေတဲ့ အစီအစဉ်

ဘန်ကောက်မှာ လိုအပ်နေသူတွေကို ဝေမျှပေးနေတဲ့ အစီအစဉ်များ

No Result
View All Result

Recommended

မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate