• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ ရင်ဆိုင်ဖို့ အမေရိကန် ရွေးချယ်

by ဧရာဝတီ
16 July 2020
in ဆောင်းပါး
A A
အမေရိကန် စစ်ဌာနချုပ်က ၆ နှစ်အတွင်း ပထမဆုံးအကြိမ် လေယာဉ်တင် သင်္ဘော ၂ စင်း ပူးတွဲ စစ်ရေးလေ့ကျင့်မှုများကို တောင်တရုတ်ပင်လယ်၌ မကြာသေးမီက ပြုလုပ်ခဲ့သည် / US Navy

အမေရိကန် စစ်ဌာနချုပ်က ၆ နှစ်အတွင်း ပထမဆုံးအကြိမ် လေယာဉ်တင် သင်္ဘော ၂ စင်း ပူးတွဲ စစ်ရေးလေ့ကျင့်မှုများကို တောင်တရုတ်ပင်လယ်၌ မကြာသေးမီက ပြုလုပ်ခဲ့သည် / US Navy

17.2k
VIEWS
Share on FacebookShare on Twitter

ရှင်းလင်း၍ စနစ်တကျ စီစဉ်ထားသည့် အရှိန်အဟုန်မြှင့်တင်မှုတခု အနေဖြင့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက တောင်တရုတ်ပင်လယ်မှ တရုတ်နိုင်ငံ၏ တောင်းဆိုချက်များနှင့် လုပ်ရပ်များ အားလုံးနီးပါးကို ပယ်ချလိုက်သည်။ ပြင်းထန်စွာ အငြင်းပွားနေပြီးဖြစ်သော ရေကြောင်းနယ်မြေအတွင်း တင်းမာမှုများ မြင့်တက်လာစေနိုင်သော ဥပဒေကြောင်းတခုကို အခြေပြု၍ ဖြစ်သည်။

အဆိုပါ ရေပြင်အတွင်းတွင် တရုတ်နိုင်ငံ၏ အခိုင်အမာပြောဆိုမှု မြင့်တက်လာခြင်းကို ဟန့်တားရန် ၎င်း၏ စစ်ရေးတည်ရှိမှုကို တိုးမြှင့်သည့်အနေဖြင့် အမေရိကန် စစ်ဌာနချုပ်က ၆နှစ်အတွင်း ပထမဆုံးအကြိမ် လေယာဉ်တင် သင်္ဘော ၂ စင်း ပူးတွဲ စစ်ရေးလေ့ကျင့်မှုများကို တောင်တရုတ်ပင်လယ်၌ ပြုလုပ်ပြီးနောက် များမကြာမီမှာပင် ထို ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

RelatedPosts

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

14 May 2025
6.5k
ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

14 May 2025
1.4k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
12.9k

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က “တောင်တရုတ်ပင်လယ်ကို တရုတ်အစိုးရက ပင်လယ် ရေကြောင်း အင်ပါယာအဖြစ် သဘောထားခြင်းကို ကမာ္ဘက ခွင့်ပြုမည် မဟုတ်ကြောင်း” နှင့် အမေရိကန် န်ိုင်ငံက “သူတို့၏ ကမ်းလွန် အရင်းအမြစ်များအပေါ် အချုပ်အခြာ အာဏာပိုင်ဆိုင်မှု အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရေး၊ နိုင်ငံတကာ ဥပဒေများအရ သူတို့၏ အခွင့်အရေးများနှင့် တာဝန် ဝတ္တရားများအတိုင်း ဆောင်ရွက်ရေးတို့တွင် အရှေ့တောင်အာရှ မဟာမိတ်များ၊ မိတ်ဖက်များနှင့်အတူ ရပ်တည်မည် ဖြစ်ကြောင်း” သတိပေးခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo/ CNN

Mike Pompeo ၏ကြေညာချက်သည် ယခုအခါတွင် ကနဦး ကုန်သွယ်ရေးစစ်ပွဲထက် ပိုမိုကျယ်ပြန့်သောအခြေအနေတွင် ရောက်ရှိလာပြီး အချို့ လေ့လာဆန်းစစ်သူများက စစ်အေးတိုက်ပွဲအသစ်ဟု မြင်ကြသည့် အခြေအနေသို့ ပြောင်းလဲလာနေသည့် တရုတ် နိုင်ငံအပေါ်မှ အမေရိကန်၏ ဖိအားပေးမှု တိုးလာနေသည့် အချိန်တွင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံ၏ ပင်လယ်ရေကြောင်းဆိုင်ရာ လုပ်ရပ်များကို ဆန့်ကျင်သည့် အမေရိကန်၏ မကြုံစဖူး ကြေညာချက်သည် သူတို့၏ တောင်တရုတ်ပင်လယ် ထိပ်တိုက်ရင်ဆိုင်မှုတွင် ရည်ရွယ်ချက်ရှိရှိ နှိုးဆွမှုတခု ဖြစ်လာခဲ့သည်။

အံ့အားသင့်စရာ ကြေညာချက်သည် ထိပ်တန်း အင်အားကြီး နိုင်ငံ ၂ ခု ၏ ရေကြောင်း ဆိုင်ရာ ထိပ်တိုက်ရင်ဆိုင်ပွဲတွင် အဆင့်သစ်တခု ဖြစ်စေခဲ့ပြီး အကယ်၍ တရုတ် နိုင်ငံက အနာဂတ်တွင် အပြန်အလှန်ကာကွယ်ရေး သဘောတူစာချုပ် (MDT) အရ အမေရိကန်၏ မဟာမိတ် ဖြစ်သည့် ဖိလစ်ပိုင် အပါအဝင် အရှေ့တောင်အာရှနိုင်ငံများ ၏ ပိုင်နက်အဖြစ် ကြေညာထားသည့် ပင်လယ်ပြင်အတွင်း လှုပ်ရှားမှု ရှိပါက အမေရိကန် စစ်ဌာနချုပ်၏ ပိုမို အင်အား ကြီးမားသော စွက်ဖက်မှုတခု ဖြစ်လာနိုင်ကြောင်း အရိပ်အယောင် ပြသလိုက်ခြင်း ဖြစ်သည်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက အမေရိကန်သည် “ အချက်အလက်မှန်များနှင့် နိုင်ငံတကာဥပဒေကို ရည်ရွယ်ချက်ရှိရှိနှင့် တလွဲကောက်ယူခြင်း” ဖြစ်သည် ဟု စွပ်စွဲခြင်းဖြင့် ပြန်လည် တုံ့ပြန်ခဲ့သည်။ အမေရိကန်က “တရုတ်နှင့် ကမ်းရိုးတန်း နိုင်ငံများကြားတွင် စ်ိတ်ဝမ်းကွဲပြားမှု ဖြစ်စေရန် ဒေသတွင်းမှ အခြေအနေကို ပုံကြီးချဲ့ နေခြင်း” ဖြစ်သည်ဟုလည်း သူတို့က ဆိုသည်။

တရုတ်နိုင်ငံ၏ ထုတ်ပြန်ကြေငြာချက်တွင် တောင်တရုတ်ပင်လယ်အခြေအနေသည် ငြိမ်းချမ်း၍ တည်ငြိမ်ကာ တိုးတက်နေဆဲဖြစ်သည်ဟု အခိုင်အမာပြောဆိုထားပြီး အင်အားပြခြင်း၊ တင်းမာမှုကို လှုံ့ဆော်ခြင်းနှင့် ဒေသတွင်းတွင် မသင့်မတင့် ဖြစ်အောင် သွေးထိုးခြင်းတို့အတွက် အမေရိကန်နိုင်ငံကို ရှုတ်ချခဲ့သည်။ “တရုတ်နိုင်ငံက အဲဒါကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ပါတယ်” ဟု အဆိုပါ ကြေငြာချက်က ထပ်ပြောသည်။

သူ၏ ကြေငြာချက်တွင် Mike Pompeo က ကုလသမဂ္ဂ၏ ပင်လယ်ဆိုင်ရာဥပဒေ (UNCLOS) အရ ၂၀၁၆ ခုနှစ်တွင် တရုတ်နိုင်ငံ အနိုင်မရရှိဘဲ ဖိလစ်ပိုင်အား အနိုင်ပေးခဲ့သည့် The Hague ရှိ သမာဓိ ခုံရုံးတခုမှ ချမှတ်သည့် ဆုံးဖြတ်ချက်ကို ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံမှ လျစ်လျူရှုခဲ့သည့် အဆိုပါဆုံးဖြတ်ချက်တွင် ၎င်း၏ nine-dash line အရ ပင်လယ်ပြင်တခုလုံး နီးပါးကို ၎င်းတို့၏ ပိုင်နက်အဖြစ် တရုတ်နိုင်ငံက ကျယ်ပြန့်စွာ တောင်းဆိုမှု၏ ဥပဒေကြောင်းအရ အခြေခံကို မေးခွန်းထုတ်ခဲ့သည်။ လွန်ခဲ့သော ၄ နှစ်၊ ဇူလိုင် ၁၂ ရက်တွင် ချမှတ်ခဲ့သော ခုံသမာဓိရုံး စီရင်ဆုံးဖြတ်ချက်က “ (တရုတ် နိုင်ငံ၏) ရေပြင်ပိုင်နက် ဆိုင်ရာ တောင်းဆိုမှုများသည် နိုင်ငံတကာ ဥပဒေတွင် အခြေခံခြင်း မရှိသည့်အတွက် ” ပယ်ချခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက “ခုံသမာဓိရုံး၏ ဆုံးဖြတ်ချက်သည် ၂ ဖက်လုံးအတွက် အပြီးသတ်ဖြစ်ပြီး တရားဝင် ဖြစ်သည်” ဟု တရုတ်နိုင်ငံကို သတိပေးခဲ့သည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက အမေရိကန်နိုင်ငံသည် UNCLOS ကို ယခုထိ အတည်ပြု လက်မှတ်ထိုးခြင်း မရှိသေးကြောင်း ကြေငြာချက် ထုတ်ပြန်၍ တုန့်ပြန်ခဲ့သည်။

Mike Pompeo ၏ ကြေညာချက်သည် အမေရိကန်နိုင်ငံ၏ ဇွန်လအတွင်းက ကုလသမဂ္ဂတွင် ထုတ်ပြန်ခဲ့သော သံတမန်မှတ်စုကို ပဲ့တင်ထပ်ခြင်း ဖြစ်သည်။ သို့သော်လည်း သူ၏ကြေညာချက်သည် တရုတ်နိုင်ငံက သိမ်းပိုက်ထားသော ဧရိယာ အချို့ အပေါ်တွင် အရှေ့တောင်အာရှနိုင်ငံများ၏ ပိုင်ဆိုင်ကြောင်း ပြောဆိုချက်နှင့် ပတ်သက်၍ အသိအမှတ်ပြုမှု အပေါ် များစွာ သက်ရောက်စေနိုင်ပါသည်။ အငြင်းပွားမှုများတွင် တဘက်ဘက်မှ ရပ်တည်ရန် ရှောင်ရှားခဲ့သည့် အမေရိကန် အစိုးရ၏ ယခင် ရပ်တည်ချက်မှ သိသိသာသာ ခွဲထွက်လာခြင်းပင်။

တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားနေသော ရေပိုင်နက်မျဉ်းများပြ မြေပုံ/AFP

တရုတ်နိုင်ငံကို သတိပေးရာတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က အားလုံးသည် သမာဓိခုံရုံးက ဖိလစ်ပိုင် နိုင်ငံ၏ သီးသန့် စီးပွားရေး ဇုန် (EEZ) ဟု သတ်မှတ်ခဲ့သည့် ဧရိယာများ အတွင်း သို့မဟုတ် ၎င်း၏ ကမ်းဦးရေတိမ်ပိုင်းတွင် ရှိသည့် Scarborough ရေတိမ်သောင်ခုံ၊ Second Thomas ရေတိမ်သောင်ခုံ နှင့် Mischief ကျောက်တန်းနေရာများအပေါ် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ပြောဆိုချက်ကို အထူးသဖြင့် ပယ်ချခဲ့သည်။

ယခုအခါ တရုတ်နိုင်ငံက ပြန်လည်သိမ်းပိုက်ထားပြီး တောင်းဆိုနေသော Mischief ကျောက်တန်းနှင့် လက်ရှိတွင် သောင်တင်နေသည့် သင်္ဘောတစီးပေါ်မှ ဖိလစ်ပိုင် ကမ်းတက် တပ်သားတစုက ကာကွယ်နေရသည့် Second Thomas ရေတိမ် သောင်ခုံ တို့နှင့် ပတ်သက်၍ “ထိုနေရာ ၂ ခုလုံးက ဖိလစ်ပိုင်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင် ဆိုင်မှုနှင့် တရားစီရင်ပိုင်ခွင့် အောက်တွင် အပြည့်အဝ ကျရောက်နေသောကြောင့် ” အမေရိကန်က ဖိလစ်ပိုင်၏ တောင်းဆိုမှုဘက်မှ ပွင့်ပွင့်လင်းလင်း ရပ်တည်လာသည်။

အမေရိကန်က Scarborough ရေတိမ်သောင်ခုံ နှင့် ပတ်သက်၍ ဖိလစ်ပိုင်၏ ပိုင်ဆိုင်ကြောင်း ပြောဆိုမှု အပေါ်တွင်လည်း ထပ်မံ၍ အတည်ပြုခဲ့သည်။ ထိုနေရာသည်၂၀၁၂ ခုနှစ်တွင် ၁ လကြာ ရေတပ်ချင်း အငြင်းပွားမှု ဖြစ်ခဲ့ရပြီးနောက် တရုတ်နိုင်ငံ၏ ထိန်းချုပ်မှုအောက်သို့ ရောက်သွားခဲ့ရသည်။ ၎င်း၏ ပင်လယ်ပြင်တွင်းမှ လေကြောင်း ကာကွယ်ရေးဇုန် (ADIZ) တခု တည်ထောင်မည့် တရုတ်နိုင်ငံ၏ ရည်မှန်းချက်အတွက် အရေးကြီးသော နေရာ ဖြစ်သည်ဟု ယုံကြည်ရသည့် ထိုနေရာသည် “ ဖိလစ်ပိုင်၏ EEZ သို့မဟုတ် ၎င်း၏ ကမ်းဦး ရေတိမ်ပိုင်းတွင် ” တည်ရှိသည်ဟု Mike Pompeo က မှတ်ချက်ပြုခဲ့သည်။

အပြန်အလှန်ကာကွယ်ရေး သဘောတူညီချက်ဖြင့် မဟာမိတ်ပြုထားသည့် ဖိလစ်ပိုင် အပြင် အမေရိကန်က ယခုအခါတွင် ဗီယက်နမ်၊ မလေးရှားနှင့် လတ်တလော၌ စွမ်းအင်ကြွယ်ဝသော Natuna ကျွန်းများပေါ်တွင် တရုတ်နှင့်တင်းမာမှုများ မြင့်တက်နေသည့် အင်ဒိုနီးရှား အပါအဝင် ဒေသတွင်း အခြား မိတ်ဖက်များ၏ ပိုင်ဆိုင်ကြောင်း ပြောဆိုချက်များ အပေါ်တွင်လည်း ထိထိရောက်ရောက် ထောက်ခံ ပေးနေသည်။

၎င်း၏ ထုတ်ပြန်ကြေငြာချက်တွင် အမေရိကန်နိုင်ငံက ၎င်းအနေဖြင့် “Vanguard Bank (ဗီယက်နမ်နိုင်ငံ)၊ Luconia ရေတိမ်သောင်ခုံများ(မလေးရှားနိုင်ငံ)၊ ဘရူနိုင်းနိုင်ငံ၏ EEZ နှင့် Natuna Besar (အင်ဒိုနီးရှားနိုင်ငံ) ပတ်ဝန်းကျင်မှ ရေပိုင်နက်များအပေါ် တရုတ်နိုင်ငံ၏ ပိုင်ဆိုင်ကြောင်း ပြောဆိုမှု မှန်သမျှကို ငြင်းပယ်ကြောင်း ” ပြောသည်။

တရုတ်နိုင်ငံက သူ၏ ပိုင်နက်ဖြစ်ကြောင်း ပြောဆိုထားသည့် James ရေတိမ် သောင်ခုံသည် “မလေးရှားမှ ရေမိုင် ၅၀ သာ ဝေးသည့် နေရာတွင် ရှိပြီး တရုတ်ကမ်းရိုးတန်းမှ ရေမိုင် ၁၀၀၀ ခန့် ဝေးသည့် အတွက် ” မလေးရှား နိုင်ငံ၏ ပိုင်ဆိုင်ကြောင်း တောင်းဆိုချက် အခိုင်အမာ ထပ်မံအတည်ပြုကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။

တောင်တရုတ်ပင်လယ်ပြင်နှင့် ၎င်းအပြင် ရေပြင်တလျှောက်ရှိ စွမ်းအင်နှင့် ငါးလုပ်ငန်း အရင်းအမြစ်များနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ သမိုင်းအစဉ်အလာ အခွင့်အရေးများ တောင်းဆိုမှုများအပေါ် ယခုအခါ အမေရိကန်က တိုက်ရိုက် စိန်ခေါ်လာသည်။ အထူးသဖြင့် မြောက် Natuna ပင်လယ်မှ အင်ဒိုနီးရှားနိုင်ငံ၏ EEZ အတွင်းတွင် ဖြစ်သည်။

“ဒီရေပြင်ထဲမှာ အခြားနိုင်ငံများက ငါးဖမ်းခြင်း သို့မဟုတ် ဟိုက်ဒရိုကာဘွန် စီမံကိန်းများကို နှောင့်ယှက်ဖို့ တရုတ်နိုင်ငံရဲ့ လုပ်ရပ် မှန်သမျှ သို့မဟုတ် ဒီလို လုပ်ရပ်တွေကို တဖက်သတ် ဆောင်ရွက်ခြင်းက ဥပဒေနဲ့ မညီပါဘူး ” ဟု Mike Pompeo က သူ၏ကြေညာချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။

၎င်းက တရုတ်၏ အိမ်နီးချင်းနိုင်ငံငယ်များ နားထဲတွင် သာယာနာပျော်ဖွယ် တေးဂီတသံဖြစ်ဖွယ် ရှိပါသည်။ သူတို့ အများစုမှာ တရုတ်နိုင်ငံကို လွတ်လပ်စွာ စိန်ခေါ်ရန် တွန့်ဆုတ်နေပြီး အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) မှတဆင့် တားဆီးရာတွင်လည်း အောင်မြင်မှု အနည်းငယ်သာ ရရှိခဲ့သည်။

နိုဝင်ဘာလတွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲ မတိုင်မီတွင် Donald Trump ၏ တရုတ်ဆန့်ကျင်ရေး လုပ်ရပ်များကို ထောက်ခံရန် ပြုလုပ်သည့် ရွေးကောက်ပွဲ ပရိယာယ်နှင့် အလှမ်းကွာသော အမေရိကန်အစိုးရ၏ ယခု နောက်ဆုံး ကြေညာချက်များသည် အမေရိကန်အစိုးရ၏ တရုတ်နိုင်ငံအပေါ် ရန်လိုသည့် မူဝါဒများ သဘာဝကျစွာ တိုးတက်မှု တခုကို ကိုယ်စားပြုနေသည်။

လတ်တလော နှစ်များအတွင်းတွင် အမေရိကန်က ဗီယက်နမ်၊ မလေးရှားနှင့် အင်ဒိုနီးရှား ကဲ့သို့သော မိတ်ဖက် နိုင်ငံအသစ်များနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ခဲ့ပြီး ဖိလစ်ပိုင် ကဲ့သို့သော အစဉ်အလာ မဟာမိတ်များ အပေါ် ၎င်း၏ ကတိကဝတ်များကို ဆက်လက်ထိန်းသိမ်းထားခဲ့သည်။

Mike Pompeo ၏ကြေညာချက်တွင်လည်း သိသာထင်ရှားသော လုပ်ငန်းဆိုင်ရာ သက်ရောက်မှုများ ရှိနေသည်။ အထူးသဖြင့် အကယ်၍ တရုတ်နိုင်ငံက Scarborough ရေတိမ်သောင်ခုံကို ပြန်လည် တောင်းဆိုခြင်းနှင့် စစ်အင်အား အသုံးပြုခြင်းများ သို့မဟုတ် Second Thomas ရေတိမ်သောင်ခုံနှင့် ယခုအခါ ဖိလစ်ပိုင်နိုင်ငံ၏ ထိန်းချုပ်မှု အောက်တွင် ရှိသော နယ်မြေများမှ ဖိလစ်ပိုင်တပ်ဖွဲ့များကို အင်အားသုံး၍ နှင်ထုတ်ခြင်းတို့နှင့် ပတ်သက်၍ ဖြစ်သည်။

တရုတ်၏ တိုက်ခိုက်မှုတွင် အငြင်းပွားနေသော ဒေသများရှိ ဖိလစ်ပိုင်၏ ပိုင်ဆိုင်မှုများနှင့် တပ်များကို ကာကွယ်ပေးရန် အမေရိကန်၏ လက်နက်ကိုင် ဝင်ရောက်စွက်ဖက်မှု တခု၏ ဖြစ်နိုင်ခြေက ယခုအခါတွင် တိုးပွားလာသည်ဟု ဆိုနိုင်ပါ သည်။

၂၀၁၈ ဧပြီလတွင် ထုတ်ပြန်သော တောင်တရုတ်ပင်လယ်အတွင်း တရုတ်ရေတပ် အင်အားပြနေစဉ်/Xinhua

ပြီးခဲ့သည့် မတ်လတွင် Mike Pompeo က တောင်တရုတ်ပင်လယ် အငြင်းပွားမှုများနှင့် ပတ်သက်၍ ဖိလစ်ပိုင်-အမေရိကန် မဟာမိတ်ဖွဲ့မှု၏ အချက်အလက်များကို လူသိရှင်ကြား ကြေညာသည့် ပထမဆုံး အမေရိကန်ထိပ်တန်း သံတမန်ဖြစ်လာခဲ့ သည်။

ယခင် အမေရိကန်အစိုးရများသည် တတိယ အင်အား၊ အတိအကျ ပြောရသော် တရုတ်နိုင်ငံနှင့် ပဋိပက္ခဖြစ်ခဲ့လျှင် ၎င်း၏ အရှေ့တောင်အာရှ မဟာမိတ်နိုင်ငံများ ကာကွယ်ရေး အမေရိကန်၏ ကတိကဝတ်ဖြစ်သည့် စာချုပ်၏ တိကျသော အတိုင်းအတာ (ပထဝီ သတ်မှတ်ချက်နှင့် အရေးပေါ် အခြေအနေများ ဆိုင်ရာ ၂ မျိုးလုံး ကိုပါ) ကို အမြဲတမ်း သောင်မတင် ရေမကျ ပြောခဲ့ကြသည်။

Barack Obama ၏ အစိုးရလက်ထက်တိုင်အောင် အမေရိကန်အစိုးရများသည် တရုတ် နိုင်ငံနှင့် ထိပ်တိုက်တွေ့ ခြင်းမှ ရှောင်ရှားလိုကြပြီး Scarborough ရေတိမ်သောင်ခုံနှင့် Mischief ကျောက်တန်း ကဲ့သို့သော တရုတ် ထိန်းချုပ်ထားသည့် နယ်မြေများနှင့် ပတ်သက်၍ ဖိလစ်ပိုင်နိုင်ငံ၏ တောင်းဆိုမှုများ ခိုင်လုံမှု အပေါ်တွင်လည်း မရေမရာ ပြောခဲ့ကြသည်။

၎င်းအစဉ်အလာနှင့် ဆန့်ကျင်စွာဖြင့် Mike Pompeo က စာချုပ်သည် တောင်တရုတ်ပင်လယ်ပြင် အပါအဝင် ဖိလစ်ပိုင် တပ်များ၊ သင်္ဘောများနှင့် လေယာဉ်များအား ဆန့်ကျင်သည့် တတိယ အင်အားတခု၏ ရန်လိုသော လုပ်ရပ် မှန်သမျှနှင့် အကျုံးဝင်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်။

ပြီးခဲ့တဲ့နှစ်က ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီး Teodoro Locsin Jr. နှင့် အတူ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တခုတွင် Mike Pompeo က “ခင်ဗျားတို့ နောက်မှာ ကျနော်တို့ ရှိပါတယ်” ဟု ပြောကြားခဲ့သည်။

“တောင်တရုတ်ပင်လယ်က ပစိဖိတ်ရဲ့ အစိတ်အပိုင်း ဖြစ်တာကြောင့် တောင်တရုတ်ပင်လယ်အတွင်းက ဖိလစ်ပိုင် တပ်ဖွဲ့ တွေ၊ လေယာဉ်တွေ မှန်သမျှ သို့မဟုတ် အများပြည်သူသုံးရေယာဉ်တွေကို လက်နက်ကိုင် တိုက်ခိုက်မှုက ကျနော်တို့ရဲ့ အပြန်အလှန် ကာကွယ်ရေး သဘောတူ စာချုပ် အပိုဒ် ၄ အောက်မှာ ရှိတဲ့ အပြန်အလှန် ကာကွယ်ရေးဆိုင်ရာ ဝတ္တရားကို အသက်ဝင်စေပါလိမ့်မယ်” ဟု Mike Pompeo က ထပ်ပြောသည်။

ပြီးခဲ့သည့် လအနည်းငယ်က တရုတ်စစ်သင်္ဘောတစီးက ဖိလစ်ပိုင် ငါးဖမ်းလှေ တစီးကို နစ်မြှုပ်ပစ်ခဲ့သည့် အချိန်တွင် ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Sung Kim က အပြန်အလှန် ကာကွယ်ရေး သဘောတူ စာချုပ် (MDT) သည် မီးခိုးရောင်ဇုန်တွင် ရန်လိုသော ပြိုင်ဘက်များက ပြုလုပ်သည့် တိုက်ခိုက်မှုများပင်လျှင် အကျုံးဝင်ကြောင်း ကြေညာခဲ့သည်။

“လက်နက်နဲ့ တိုက်ခိုက်မှု မှန်သမျှ ဆိုတာ အဲဒီထဲမှာ အစိုးရက ခွင့်ပြုထားတဲ့ ပြည်သူ့စစ်တွေလည်း ပါလိမ့်မယ်လို့ ကျနော် ထင်ပါတယ်” ဟု သူက ထပ်ပြောသည်။ ဖိလစ်ပိုင်နှင့် မဟာမိတ်ပြုခြင်းကို အဆင့်မြှင့်သွားရန် အမေရိကန်၏ ကတိကဝတ်ကို ထပ်မံ ပြောကြားရင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Sung Kim က “ကျနော်တို့ ဒီ ကတိကဝတ်တွေကို ဖြည့်ဆည်းသွားမှာ ဖြစ်ပါတယ်” ဟု Mike Pompeo ၏ ကြေညာချက်မှ အဓိပ္ပါယ်ထူးခြားမှု အသစ် ပါဝင်သော မှတ်ချက်အနေဖြင့် ရည်ညွှန်း ပြောကြားခဲ့သည်။

(Asia Times ပါ Richard Javad Heydarian ၏ US picks a fight with China in South China Sea ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

၂၀၂၀ ထဲက တရုတ်နိုင်ငံရဲ့ ခြေလှမ်းတွေက ဘာလဲ ဘယ်လဲ

ဓားထုတ်ပြပြီး အင်အားပြလာတဲ့ တရုတ်

တရုတ်အပေါ် မြန်မာစစ်ဗိုလ်ချုပ်ကြီးများ၏ မယုံကြည်မှုသည် လျှို့ဝှက်ချက် မဟုတ်တော့

Your Thoughts …
Tags: တရုတ်တောင်တရုတ်ပင်လယ်ဖိလစ်ပိုင်အမေရိကန်အမေရိကန်နိုင်ငံခြားရေးဝန်ကြီး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.1k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
40.9k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.3k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
အခုလို ကျောင်းပြန်ပိတ်ထားရတာဟာ ထိုင်းပညာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်ကြောင့် ဖြစ်တယ်လို့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

ထိုင်းမှာ စာသင်ကျောင်းတချို့ ပြန်ပိတ်

ဟာဝိုင်ယီကျွန်းစု

ဟာဝိုင်ယီ ခရီးသွားလုပ်ငန်းများ စက်တင်ဘာလတွင် ပြန်စမည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate