• English
Wednesday, June 25, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ရဲရဲတောက် သံမဏိနှလုံးသား ပိုင်ရှင် ဒေါ်ဝင်းမြမြ

by မယ်လွန်း
25 July 2020
in ဆောင်းပါး
A A
ခရီးစဉ်တခုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ တွေ့ရသည့် ဒေါ်ဝင်းမြမြ / Daw Win Mya Mya / FB

ခရီးစဉ်တခုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ တွေ့ရသည့် ဒေါ်ဝင်းမြမြ / Daw Win Mya Mya / FB

17.6k
VIEWS
Share on FacebookShare on Twitter

“နိုင်ငံရေးလောကကို ဝင်လာပြီဆိုမှတော့ အိမ်မှာ ထမင်းချက်နေတဲ့ အမျိုးသမီးမဟုတ်တော့ဘူး။ အိမ်မှာ ကလေးထိန်းနေပြီးတော့မှ ကလေးနဲ့တင်ပဲ ထိန်းကျောင်းပြီးတော့မှ လင်ကို ပြုစုနေရတဲ့ အမျိုးသမီး မဟုတ်တော့ဘူးလေ။ နိုင်ငံရေးလောကကို ဝင်တယ်ဆိုတော့ ကိုယ်က ရှေ့ဆောင်ရတဲ့ အမျိုးသမီးဖြစ်သွားပြီ။ ကိုယ့်ကိုယ်ကိုယ် သိဖို့လိုတယ်”

ဒီလိုပြောတဲ့သူကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့ ၂၀၂၀ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့ NLD ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ဒေါ်ဝင်းမြမြ ဖြစ်ပါတယ်။

RelatedPosts

အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

23 June 2025
3.9k
ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

23 June 2025
12.1k
ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

23 June 2025
3.8k

ဒီစကားဟာ NLD ရဲ့ သက်ဆိုင်ရာ နယ်မြေ အလုပ်အမှုဆောင်အဖွဲ့မှာ အမျိုးသမီးတွေ ပိုမိုပါဝင်လာဖို့အတွက် ပါတီဝင် အမျိုးသမီးတွေကို တွန်းအားပေးဖို့အတွက် သူမပြောလေ့ရှိတဲ့ လက်သုံးစကားဖြစ်ပါတယ်။

သူမဟာ ပါတီဝင် အမျိုးသမီးတွေကိုပြောသလိုပဲ သူမကိုယ်တိုင် လက်တွေ့ဦးဆောင်လုပ်ပြနိုင်သူပါ။

ဒေါ်ဝင်းမြမြဟာ NLD ပါတီရဲ့ လက်ရှိ မန္တလေးတိုင်း လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ တဦးဖြစ်သလို လက်ရှိ ကိုယ်စာလှယ်လောင်းအဖြစ် အရွေးချယ်ခံရသူ အစ္စလာမ်ဘာသာဝင်နှစ်ဦးထဲက တဦးဖြစ်ပါတယ်။

ဒေါ်ဝင်းမြမြ (ဓာတ်ပုံ – ဧရာဝတီ)

ဇူလိုင်လ ၂၃ ရက်နေ့ မွန်းလွဲပိုင်းမှာ ထုတ်ပြန်တဲ့ NLD ရဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်စားရင်းထဲမှာ ဒေါ်ဝင်းမြမြရဲ့ အမည်စာရင်းကို တွေ့လိုက်ရတာနဲ့တပြိုင်တည်း ကြိုဆိုဂုဏ်ပြုတဲ့စကားတွေကို လူမှုကွန်ရက် စာမျက်နှာမှာ အခြားယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်တွေထက် မြိုင်မြိုင်ဆိုင်ဆိုင် ပိုပြီးတွေ့လိုက်ရပါတယ်။

ဒီလို အများနဲ့မတူ သူမကို ထူးခြားစွာ ကြိုဆိုရလောက်အောင်လည်း သူမရဲ့ နိုင်ငံရေးသမိုင်း ဂုဏ်သိက္ခာက ကြီးမားလွန်းတယ်လို့ ဆိုရပါမယ်။

တော်လှန်ရေးကောင်စီခေတ်၊ သူမ ၆ တန်း- ၇ တန်းအရွယ်မှာ မိသားစုရဲ့ အထည်အလိပ်စီးပွားရေးလုပ်ငန်း ပြည်သူပိုင် အသိမ်းခံရပြီးနောက်ပိုင်း သားသမီး ၉ ဦးပညာရေးနဲ့ စားဝတ်နေရေးအတွက် မိဘတွေ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတာကို မျက်မြင်တွေ့ကြုံခံစားရခဲ့သူပါ။

ဒါပေမဲ့ သူမအသက် ၄၀ ပြည့်ချိန် ၁၉၈၈ ခုနှစ်နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD မဖွဲ့စည်းခင်အထိ ဘယ်ပါတီနိုင်ငံရေးနဲ့မှ အဆက်အစပ်မလုပ်ခဲ့ဘဲ မိသားစု လက်ငုတ်လက်ရင်းဖြစ်တဲ့ အထည်လုပ်ငန်းနဲ့ပဲ မန္တလေး ဈေးချိုမှာ အထည်ဆိုင်ဖွင့်ပြီး သာမန် ဘဝကို ဖြတ်သန်းခဲ့သူတဦးဖြစ်ပါတယ်။

ဒါပေမဲ့ NLD စတင်ဖွဲ့စည်းခဲ့ချိန်ဟာ သူမရဲ့ ဘဝအချိုးအကွေ့ စတင်ပြောင်းလဲခဲ့ချိန်ပဲလို့ ပြောရပါမယ်။ ၈၈ လူထုအုံကြွမှုကနေ မွေးဖွားလိုက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအပေါ် ပြင်းထန်တဲ့ယုံကြည်မှုဟာ သူမကို သာမန် ကုန်သည်စီးပွားရေးသမားတဦးကနေ နိုင်ငံရေးသမား တယောက်အဖြစ်ကို မွေးဖွားပေးလိုက်ပါတော့တယ်။

“ဗိုလ်ချုပ်သမီး ရောက်လာပြီ။ ဗိုလ်ချုပ်သမီးကတော့ ဒီတိုင်းပြည်အတွက် အခုလို အကြပ်အတည်းတွေ၊ အခက်အခဲတွေ၊ အာဏာရှင်စနစ်တွေကို ဖယ်ရှားပေးနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ပါတီဝင်လိုက်တယ်” လို့ ဒေါ်ဝင်းမြမြက ပြောပြပါတယ်။

NLD စတင်ဖွဲ့စည်းကတည်းက မန္တလေး အရှေ့မြောက် မြို့နယ်မှာ ၂၁ ဦး မြို့နယ်စည်းရုံးရေးကော်မတီယာယီဖွဲ့တဲ့နေရာမှာ ဘဏ္ဍာရေးမှူးတာဝန်ယူပြီး ၁၉၉၅ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သလို ယနေ့အထိလည်း ပါတီရဲ့ မန္တလေးမြို့နယ် ဦးဆောင်မှုထဲမှာ ထဲထဲဝင်ဝင် တက်တက်ကြွကြွ လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။

ဒီလို သာမန်ကုန်သည်ဘဝကနေ နိုင်ငံရေးထဲ ခြေစုံပစ်ဝင်လိုက်တာဟာ သူမ တဦးတည်းတော့ မဟုတ်ပါဘူး။ သူမရဲ့ မိသားစု တစုလုံးဖြစ်ပါတယ်။

“အစ်ကိုဖြစ်တဲ့သူက မေးတယ်၊ နိုင်ငံရေးကို လုပ်ပြီဆိုရင် တအိမ်လုံးလုပ်ရင် တနေ့နေ့တချိန်ချိန် တိုက်တံခါးကို သော့ခတ်ပြီးမှ ထောင်ထဲရောက်တဲ့အခါတွေလည်း ရှိလိမ့်မယ်လို့ပြောတော့ ရှိပါလေ့စေဆိုပြီး မောင်နှမတွေ တက်ညီလက်ညီ ဝင်လိုက်ကြတာ”

လို့ ဒေါ်ဝင်းမြမြက မှတ်မှတ်ရရ ပြောပါတယ်။

မိဘတွေ ဆုံးပါးသွားကြပြီဖြစ်တဲ့ သူမတို့ မောင်နှမတတွေ မျှော်လင့်ထားတဲ့ အတိုင်းပင်။ ၉ လေးလုံး လှုပ်ရှားမှုမှာ Yellow Campaign မှာ မန္တလေး တဈေးလုံး ဝါသွားတဲ့အတွက် အစ်ကိုဖြစ်သူနဲ့ ညီမ ၃ ယောက်ဟာ နှစ်ရှည်ပြစ်ဒဏ်ကျခဲ့သလို လပိုင်းအကြာမှာပဲ ဒေါ်ဝင်းမြမြလည်း နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထိန်းသိမ်းခံရပြီး မန္တလေးထောင်ထဲ ရောက်ခဲ့လို့ သူမတို့ အိမ်တိုက်တံခါးကို သော့ခတ်ခဲ့ရပါတယ်။

“မိဘတွေသာရှိရင် အဲဒီအချိန်မှာ သေသွားမယ်ထင်တယ်နော့်” လို့ ဒေါ်ဝင်းမြမြက ရယ်သံစွက်ပြီး ပြောပြပါတယ်။

သူမက အထိန်းသိမ်းခံဖြစ်တဲ့အတွက် ထောင်ဝင်စာမရပေမယ့် နှစ်ရှည်ထောင်ကျသူ အစ်ကိုနဲ့ ညီမတွေကို ထောင်ဝင်စာတွေ့ဖို့အတွက် တချိန်က မန္တလေးမှာ နာမည်ရနေတဲ့ ကျူရှင်ဆရာဖြစ်သူ အိမ်ထောင်ကျပြီးတဲ့ အစ်ကိုကြီးက သူ့ရဲ့ အိမ်ထောင်စုစာရင်းထဲ ထောင်ကျသူ မောင်နှမတွေကို ပြန်ထည့်ပြီး ထောင်ဝင်စာ တွေ့ခဲ့ရပါတယ်။

ဒီအခြေအနေကြောင့် အစ်ကိုဖြစ်သူဟာလည်း သူ့ရဲ့ ကျူရှင်လုပ်ငန်းကို မလုပ်နိုင်ပဲ စီးပွားပျက်ခဲ့ရပြီး ကျောင်းတက်နေတဲ့ အစ်ကိုဖြစ်သူရဲ့ သားသမီးတွေလည်း ပညာရေး နှောင့်နှေးခဲ့ရပါတယ်။

၂၀၀၂ ခုနှစ် ထောင်ကနေ မောင်နှမအားလုံးပြန်လွတ်လာချိန်မှာလည်း ပျက်စီးဆုံးရှုံးသွားတဲ့ သူမတို့စီးပွားရေးကို တစ်ကနေ အခက်အခဲကြားက ပြန်ရုန်းကန်ခဲ့ရပါတယ်။

“အရင်က ရွှေဈေး ၁ သောင်းလောက်ရှိတာ။ ထောင်ကပြန်ထွက်လာချိန်မှာ ရွှေဈေး ၇ သောင်း ၈ သောင်းဖြစ်သွားပြီ။ အရင်အတိုင်းပဲ အင်္ကျီဈေးက တစ်ထည်တစ်ရာအမြတ်နဲ့ရောင်းတယ်ဆိုတော့ နောက်ထပ် ပြန်ဝယ်ရတာက အရင်းကြီးတော့ အရှုံးတွေပေါ့” လို့ ဒေါ်ဝင်းမြမြက ပြောပြပါတယ်။

အရင်က သူမတို့ အထည်ချုပ်လုပ်ငန်းဟာ ကိုယ်ပိုင်စက်ခန်း၊ ကိုယ်ပိုင်ချုပ်ထည်နဲ့ လက်ရာကောင်းပြီး နာမည်ရခဲ့ပေမယ့် သူမတို့ မိသားတစုလုံး ထောင်ထဲရောက်ချိန်မှာ စက်သမားတွေလည်း အခြားစီးပွားရေးသမားလက်ထဲ ရောက်သွားခဲ့လို့ ပြန်ခေါ်ဖို့အတွက် တနှစ်လောက် ကြိုးစားခဲ့ရပါသေးတယ်။ အဲဒီကြားမှာပဲ အကျဉ်းကျခံ အခြားနိုင်ငံရေးအကျဉ်းသားတွေကိုလည်း ထောင်ဝင်စာတွေ့ပြီး ကူညီစောင့်ရှောက်ခဲ့သူဖြစ်ပါတယ်။

ထောင်ကထွက်ပြီး သူမတို့ မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေရင်း၊ အမျိုးမျိုးသော နိုင်ငံရေးဖိနှိပ်မှုတွေကြားမှာပဲ နောက်ထပ် ကံကြမ္မာဆိုးတခုက မဖိတ်ခေါ်ပဲ ရောက်လာပြန်ပါတယ်။

မန္တလေးမြို့ကို ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီး (သို့မဟုတ်) ပါတီလုပ်ငန်းအတွက်လာတိုင်း သူမကို အနီးကပ် ပြုစုစောင့်ရှောက်သူတစ်ဦးဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်လှည့်စည်းရုံးရေးခရီးစဉ်တိုင်းမှာလည်း အနီးကပ် ပါဝင်ခဲ့သူ ဒေါ်ဝင်းမြမြဟာ ၂၀၀၃ ခုနှစ် ဒီပဲရေးအရေးအခင်းမှာလည်း အသက်မသေရုံတမယ် တိုက်ခိုက်ခံခဲ့ရသူထဲမှာ တဦးအပါအဝင်ဖြစ်ခဲ့ပါတယ်။

ဒီပဲယင်းမြို့မဝင်ခင် လမ်းခုလတ်မှာ အမည်မသိ လူအုပ်စုတွေရဲ့ ခဲတွေ၊ တူညီ တုတ်တွေနဲ့ စည်းရုံးရေးခရီးစဉ်ယာဉ်တန်းကို အစီအစဉ်တကျ ရိုက်နှက်မှုကြောင့် အသက်သေဆုံးသူတွေရှိသလို ဒဏ်ရာရသူတွေလည်း အများအပြား ရှိခဲ့ပါတယ်။ အဲဒီထဲမှာ ဒေါ်ဝင်းမြမြကတော့ ရိုက်နှက်မှုကြောင့် လက်နှစ်ဖက်လုံး ကျိုးကြေခဲ့သလို မျက်နှာတခုလုံးလည်း မှန်ကွဲစမှန်လို့ သွေးတွေနဲ့ဖုံးလွှမ်းကာ မျက်လုံးဖွင့်မရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

“စိုက်ပျိုးရေးရုံးက ဒေါ်ဒေါ့်ကားဘေးတင်လေ။ လာကူတဲ့လူတွေက အဲဒီမှာ အိမ်ရှင်တို့ အိမ်ရှင်တို့ ပေါက်ပြားခဏလောက်၊ ပေါက်ပြားခဏလောက်ဆိုပြီး တောင်းသံတွေ ကြားတယ်။ တစ်ခါ နက်နက်တူး၊ နက်နက်တူး ဆိုတဲ့ အသံတွေကြားရတယ်။ ကြည့်ရတာကတော့ တွင်းတူးပြီး ဖျောက်ဖျက်သလား၊ ဒီလိုပဲ ဖြစ်လိမ့်မယ်လို့ထင်တယ်။ နက်နက်တူး နက်နက်တူးဆိုတော့။ မနက်မိုးလင်းတော့ ဒီပေါ်မှာ အလောင်းလည်းမရှိတော့ဘူးလေ။ နာတဲ့သူတွေကလည်း ဆေးရုံတွေ ရောက်ကုန်ပြီ။ ကောင်းတဲ့သူတွေက ထောင်ရောက်ကုန်ပြီလေ” လို့ သူမက ပြန်ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဒေါက်တာဇော်မြင့်မောင်တို့နှင့် အတူတွေ့ရသည့် ဒေါ်ဝင်းမြမြ (ဓာတ်ပုံ – ဧရာဝတီ)

အသက်ဘေးအန္တာရယ် ခြိမ်းခြောက်မှုအပြင် နိုင်ငံရေးဖိနှိပ်မှုအမျိုးမျိုးကို တောက်လျှောက်ခံခဲ့ရပေမယ့် ဒီအခြေအနေဟာ နိုင်ငံရေးခံယူချက်နဲ့ သစ္စာတရားကြီးတဲ့ ဒေါ်ဝင်းမြမြကို နိုင်ငံရေးနယ်ပယ်ကနေ ပထုတ်ဖို့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

“နိုင်ငံရေး ရာသီဥတု မှောင်မိုက်နေတဲ့ အချိန်တုန်းက စိတ်က ကိုယ့်ခေါင်းဆောင်အပေါ်မှာ သူ့ကွယ်ရာမှာ သစ္စာမရှိတဲ့ အဖြစ်ကို မလုပ်ရက်ဘူး။ သူ့ကွယ်ရာမှာ အဖွဲ့ချုပ်ကို သစ္စာရှိရှိနဲ့ ရပ်တည်မယ်၊ မားမားမတ်မတ် ရပ်တည်မယ်” ဆိုပြီး သူမ နောက်မဆုတ်ခဲ့တဲ့အကြောင်းကို ပြောပြပါတယ်။

ဒီလို နိုင်ငံရေးဖိနှပ်မှုတွေချည်းပဲ မဟုတ်ပါဘူး။ နိုင်ငံရေးလုပ်ခြင်းကြောင့် နောက်ထပ် ဒေါ်ဝင်းမြမြ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတစ်ခုကတော့ အစ္စလာမ်ဘာသာဝင်ဖြစ်နေခြင်းပါပဲ။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာလည်း ဘာသာရေးနဲ့ လူမျိုးရေးဆိုင်ရာ လှုံ့ဆော်မှုတွေကြောင့် NLD ဟာ အစ္စလာမ်ဘာသာဝင်တွေကို ဝင်ရောက်ယှဉ်ပြိုင်မှု မပြုခဲ့သလို အဲဒီအချိန်က ဒေါ်ဝင်းမြမြဟာ ကိုယ်စာလှယ်အဖြစ်လျှောက်ခဲ့ပေမယ့် သူမကိုယ်တိုင် ပြန်ရုပ်သိမ်းခဲ့ပါတယ်။

၂၀၂၀ NLD ကိုယ်စားလှယ်လောင်းစာရင်းမှာတော့ သူမအပါအဝင် အစ္စလာမ်ဘာသာဝင်နှစ်ဦးပါခဲ့တဲ့အပေါ် အစ္စလာမ်ဘာသာဝင်ဖြစ်တဲ့အတွက် ဘာသာရေးတင်းမာမှုရှိနေတဲ့မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့ရနိုင်မယ့် စိန်ခေါ်မှုတွေကို လူအများစိတ်ဝင်စားခဲ့ကြပါတယ်။ ဒါပေမဲ့ နိုင်ငံရေးဖိနှိပ်မှု အစုံခံခဲ့ရသူ သူမကတော့ ဒါကို စိန်ခေါ်မှုအဖြစ် ခေါင်းထဲ ထည့်ထားပုံမပေါ်ပါဘူး။

“လက်တဆုပ်စာ ဒီကိစ္စကို အမြဲတမ်း ထိုင်လုပ်နေတဲ့သူကတော့ ရှိမှာပေါ့။ ဒါနဲ့ တနိုင်ငံလုံးနဲ့မဆိုင်ပါဘူး။ ကျန်တဲ့သူတွေကတော့ ဘာသာပေါင်းစုံချစ်ကြည်ရေး၊ နိုင်ငံတိုးတက်ရေးလိုချင်တဲ့သူတွေချည်းပဲ”လို့ အေးဆေးစွာ ပြောပြပါတယ်။

သူမဟာ ပြီးခဲ့တဲ့ လွှတ်တော်နိုင်ငံရေးမှာ မပါဝင်ခဲ့ပေမယ့်လည်း NLD အစိုးရသက်တမ်းအတွင်းမှာ ပါတီရဲ့ မြို့နယ် ဒု-ဥက္ကဋ္ဌ အနေနဲ့ မန္တလေးတိုင်းအတွင်း နယ်မြေစည်းရုံးရေးတွေ ဆင်းပြီး လူထု၊ ပါတီနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကြား အသံတွေ ချိတ်ဆက်နိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ပါတယ်။

ဒီလို လူထုနဲ့ နီးစပ်မှုဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ သူမ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် အားကောင်းချက်တခုလည်း ဖြစ်နိုင်ပြန်ပါတယ်။

သူမ ကိုယ်စားပြုတဲ့ စဉ့်ကိုင်မြို့နယ်ဟာ မြေယာသိမ်းပြဿနာ၊ စက်ရုံအလုပ်ရုံရဲ့ ဘေးထွက်ဆိုးကျိုးပြဿနာ၊ စိုက်ပျိုးရေ မလုံလောက်တဲ့ ဆည်မြောင်းပြဿနာ စသဖြင့် အများအပြားရှိနေတဲ့အတွက် ဒါတွေကို ဖြေရှင်းပေးနိုင်ဖို့ စိတ်ဆန္ဒ ပြင်းပြသူဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်နေရာကို ပထမ လျှောက်လွှာတင်ဖို့ စဉ်းစားခဲ့ပေမယ့် မြို့နယ်တခုကိုပဲ ထိထိရောက်ရောက် လုပ်ချင်တဲ့အတွက် စဉ့်ကိုင်မြို့နယ်ပြည်သူ့လွှတ်တော်အနေနဲ့ တင်ဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒေါ်ဝင်းမြမြ (ဓာတ်ပုံ – Daw Win Mya Mya/FB)

“ဒီမြို့နယ်တခုကို ဖိဖိစီးစီး အကြိမ်ကြိမ် သူတို့အခက်အခဲတွေကို ထိတေ့ွပေးမယ်၊ ဖြေရှင်းချင်တဲ့ ဆန္ဒရှိတဲ့အတွက် စိတ်ကူးပြောင်းပြီးတင်လိုက်တာ” လို့ သူမ ဆိုပါတယ်။

ဒီလို ယုံကြည်ချက်နဲ့ လုပ်ဆောင်တဲ့ နိုင်ငံရေးလမ်းကြောင်းပေါ်မှာ ယိုင်နဲ့မှုမရှိ မှန်မှန်ကန်ကန် လျှောက်ခဲ့တဲ့ သူမဟာ NLD ရဲ့ ၂၀၂၀ ကိုယ်စားလှယ်စားရင်းမှာ ပါခဲ့တာဟာ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေအပါအဝင် သူမနယ်မြေက လူထုတွေအတွက် မင်္ဂလာသတင်းတပုဒ် ဖြစ်ခဲ့တာဟာ မဆန်းဘူးလို့ ဆိုရပါမယ်။

“အကြိုက်ဆုံးကတော့ ယုံကြည်ချက်တခုကို ခိုင်ခိုင်မာမာစွဲကိုင်ပြီး စွန့်လွှတ်အနစ်နာခံတဲ့ စိတ်ဓာတ်ပဲ” လို့ ဒေါ်ဝင်းမြမြ အဖမ်းခံရချိန် လွတ်မြောက်ရေးအတွက် ဦးဆောင်လုပ်ဆောင်ခဲ့ဖူးတဲ့ ဂျပန်နိုင်ငံအခြေစိုက် မြန်မာ့အမျိုးသမီးသမဂ္ဂအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ မန္တလေးတိုင်းသူ ဒေါ်ချိုချိုအေးက သူမအပေါ် အမြင်ကို ပြောပါတယ်။

လူမျိုးရေးနဲ့ ဘာသာရေးဆိုင်ရာ အစွန်းရောက်အုပ်စုတွေရှိနေတဲ့အလျောက် လာမည့် ၂၀၂၀ ရွေးကောက်ပွဲမှာ အစ္စလာမ်ဘာသာဝင်ဖြစ်တဲ့ ဒေါ်ဝင်းမြမြတစ်ယောက် ရွေးကောက်ပွဲကို အများနည်းတူ အနှောက်အယှက်မရှိ ယှဉ်ပြိုင်နိုင်မလားဆိုတာကတော့ ဘယ်သူမှ အသေအချာပြောလို့မရတဲ့ အရာတစ်ခုပါ။

ဒါပေမဲ့ ယခု အသက် ၇၁ နှစ်အရွယ် ဒေါ်ဝင်းမြမြကတော့ သူမရဲ့ နိုင်ငံရေးခံယူချက်အတွက် ဘယ်အနှောက်ယှက် အဟန့်အတားကိုမှ ကြောက်ရွံ့ခဲ့သူ မဟုတ်ဘူးဆိုတာကတော့ သူမရဲ့ နိုင်ငံရေးသမိုင်းက သက်သေပြနေပါတယ်။

“နိုင်ငံရေးဆိုတာ နောက်ဆုတ်လို့ မရကောင်းတဲ့ ခရီးစဉ်တခုလို့ ဒေါ်ဒေါ်တို့ တွက်ထားတယ်” လို့ ဒေါ်ဝင်းမြမြက သူ့ရဲ့ ခံယူချက်ကို ပြောပါတယ်။

“နောက်ဆုတ်မှတော့ နိုင်ငံရေးဆိုတာ ဘာလုပ်ဖို့လဲ။ ကြောက်စရာတွေ ကောင်းလာမှ ဖိအားတွေ များလာမှ မလုပ်တော့ပါဘူးဆိုရင်တော့ နိုင်ငံရေးဂုဏ်သိက္ခာက ရစရာမရှိတော့ဘူးလေ။ နောက်ဆုတ်မယ်ဆို ဒီနိုင်ငံကို လူဖြစ်ရှုံးအောင်လုပ်ထားတဲ့ ဒီအာဏာရှင် ဘယ်လိုလုပ်ပြီး ကျရှုံးမလဲ” ဆိုပြီး သူမက မေးခွန်းပြန်ထုတ်လိုက်ပါသေးတယ်။

ဤဆောင်းပါးကို hiburma.net ဝဘ်ဆိုဒ်မှ ကူးယူဖော်ပြခြင်းဖြစ်သည်။

You may also like these stories:

ကူးစက်လာသည့် အမေရိကန်နှင့် တရုတ် ပဋိပက္ခ မြန်မာ အားမပေး

NLD ကိုယ်စားလှယ်လောင်းတဦး ယာယီဆိုင်းငံ့၊ ကန့်ကွက်ခံရသူ အချို့လည်းရှိ

ဗမာလူမျိုး တယောက်အနေနဲ့ပဲ နိုင်ငံရေးကို လုပ်တယ်

Your Thoughts …
Tags: NLDဒေါ်ဝင်းမြမြမန္တလေးအစ္စလာမ်
မယ်လွန်း

မယ်လွန်း

Contributor

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.5k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
32.5k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.4k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.4k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.5k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

တရုတ် ဘာဖြစ်ချင်နေသလဲ

တရုတ် ဘာဖြစ်ချင်နေသလဲ

by သက်ထားမောင်
26 July 2024
19.4k

NUG, PDF အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများသည် အနောက်နှင့်နီးစပ်၍ တရုတ်ဆန့်ကျင်လိမ့်မည်ဟု ယူဆပါက မှားယွင်းပေလိမ့်မည်။ မြန်မာပြည်ရှိ တရုတ်ဆန့်ကျင်ရေး အဓိကအင်အားစုမှာ မြန်မာစစ်တပ်သာ ဖြစ်သည်

Next Post
အလှမယ် နန်းခင်ဇေယျာ  / Nang Khin Zay Yar's Facebook

မာလာရှမ်းကောအပြင် Bubble tea ပါ ရောင်းချမယ့် နန်းခင်ဇေယျာ

ဇာတ်ပို့ သရုပ်ဆောင် ရဲလေးမ  / ဧရာဝတီ

“ရိုက်ကူးရေးကို စည်းကမ်းတကျ ရိုက်မယ်ဆို အဆင်ပြေမှာပါ”

No Result
View All Result

Recommended

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

6 days ago
9.2k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

5 days ago
4.8k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate