• English
Friday, July 11, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

စစ်ပွဲကြား အပြစ်မဲ့ကလေးများ သေဆုံးနေသည်

by လဲ့လဲ့
11 September 2020
in ဆောင်းပါး
A A
စက်တင်ဘာ ၈ ရက်နေ့က လက်နက်ကြီးကျသဖြင့်သေဆုံးသွားသည့် ကလေးငယ်နှင့် သူ၏ ဖခင် / facebook

စက်တင်ဘာ ၈ ရက်နေ့က လက်နက်ကြီးကျသဖြင့်သေဆုံးသွားသည့် ကလေးငယ်နှင့် သူ၏ ဖခင် / facebook

12.9k
VIEWS
Share on FacebookShare on Twitter

စစ် ဖြစ်ပွားနေသလို COVID-19 ဖြစ်ပွားမှု အများဆုံး ဒေသတွင် ပါဝင်သော ရခိုင်ပြည်နယ်ရှိ မြေပုံမြို့နယ်၊ ညောင်ကန်ရွာအတွင်းသို့ စက်တင်ဘာ ၈ ရက်နေ့က လက်နက်ကြီး ကျသဖြင့် နေအိမ်တွင် ဆော့ကစားနေသည့် အသက် ၅ နှစ် အရွယ် ကလေးငယ် ၂ ဦး အပါအဝင် လူ ၅ ဦး အသက်ဆုံးရှှုံးခဲ့သလို လူ ၉ ဦး ဒဏ်ရရှိခဲ့သည်။

သေဆုံးသွားကြသူများမှာ ညောင်ကန်ကျေးရွာတွင် မူလတန်းပြ ဆရာမ ဒေါ်မိုးသဇင်နှင့် သမီးဖြစ်သူ အသက် ၅ နှစ် အရွယ် မသူသူဟိန်း၊ ကိုချမ်းငြိမ်းသူ၊ အသက် ၅ နှစ်အရွယ် မောင်သူရအောင်နှင့် မနှင်းယုလှိုင် တို့ဖြစ်ကြသည်ဟု မြေပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဧရာဝတီသို့ အတည်ပြုပြောကြားသည်။

RelatedPosts

ICRC ကိုယ်စားလှယ် မန္တလေးရောက်နေစဉ် အိုးဘိုထောင်၌ နိုင်/ကျဉ်းတဦး ထပ်မံသေဆုံး

ICRC ကိုယ်စားလှယ် မန္တလေးရောက်နေစဉ် အိုးဘိုထောင်၌ နိုင်/ကျဉ်းတဦး ထပ်မံသေဆုံး

9 July 2025
301
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

9 July 2025
1.7k
စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

9 July 2025
6.4k

ဦးဖေသန်းက “လက်နက်ကြီးကျည် ပေါက်ကွဲပြီး ၄ ယောက်က ပွဲချင်းပြီးဆုံးတယ်။ ၁၀ ယောက်က ဒဏ်ရာရတယ်။ နီးစပ်တဲ့ ဆေးရုံကို အလောင်းရော၊ လူနာပါ ရောက်သွားတယ်။ AA နဲ့ တိုက်ပွဲဖြစ်လို့ ပစ်ကြတာ မဟုတ်ပါဘူး။ ရွာသားတွေ ပြောတာကတော့ တပ်မတော်က တဖက်သတ် ပစ်တာလို့ ပြောကြတယ်”ဟု ပြောသည်။

ထိုသို့ ကလေးငယ်များ လက်နက်ကြီးထိမှန် သေဆုံးရသည့် နေ့သည် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ် လောင်းများ မဲဆွယ်မှု စတင်သည့်နေ့လည်း ဖြစ်သည်။

“ပဋိပက္ခကြောင့် ကလေးသူငယ်သေဆုံးတဲ့အခါ လူတွေရဲ့အမုန်းတရားက ပိုတိုးပွားလာစေတယ်။ အဲဒီတော့ ပဋိပက္ခကို ပိုတိုးစေတယ်။ ဒါနိုင်ငံတော်အတွက်လည်း မကောင်းဘူး”

ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသည့် ကျောင်းဆရာမ၏ ယောက္ခမဖြစ်သူ ဦးကျော်သိန်းမောင် အပါအဝင် ဒေသခံများက အဆိုပါ လက်နက်ကြီးများကို ကျောက်စည်ကျေးရွာအနီးရှိ တပ်မတော်စခန်းမှ ပစ်လိုက်ခြင်းဖြစ်သည်ဟု စွပ်စွဲပြောဆို ကြသည်။

ဦးကျော်သိန်းမောင်က “ကျောက်စီရွာနားမှာ ဗမာစစ်တပ်တွေ တပ်စခန်း ချထားပါတယ်။ အဲဒီစခန်းကနေ ရွာကို လှမ်းပစ်တာပါ။ မျက်မြင်ကိုယ်တွေ့သာ မကဘူး။ ကျနော့် မြေးလေးနဲ့ ကျနော့်ချွေးမ ကျောင်းဆရာမလေးပါ သေသွားတယ်။ တိုက်ပွဲဖြစ်လို့ မဟုတ်ဘူး။ တိုက်ပွဲ မဖြစ်တာ ၅ လလောက်ရှိပြီ။ ဒီအတိုင်းပဲ လှမ်းပစ်တာပါ”ဟု ဧရာဝတီသို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်း စစ်ပဋိပက္ခများကြောင့် အပြစ်မဲ့ကလေးများ၊ ဒေသခံများ သေဆုံးမှုများမှာ ယခုဖြစ်ရပ်တခုတည်းတော့ မဟုတ်ခဲ့ပေ။ မကြာခဏဆိုသလို အရပ်သား ဖမ်းဆီးခံရခြင်း၊ သေဆုံးခြင်းများ ရှိပြီး နှစ်ဖက် အဖွဲ့အစည်းများသည် ထိုကိစ္စများ၏ လက်သည်အဖြစ် ဝန်မခံကြဘဲ အပြန်အလှန် လက်ညိုးထိုးစွပ်စွဲနေကြသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၉ ခုနှစ်မှ စတင်ကာ တပ်မတော်နှင့် ရက္ခိုင်စစ်တပ်(AA)တို့ကြား တိုက်ပွဲများ ပြင်းထန် လာမှု ကြောင့် ၂၀၁၉ မှ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်အတွင်း အရပ်သား သေဆုံးသူ စုစုပေါင်း ၂၆၀ ကျော်ရှိပြီး ထိခိုက်ဒဏ်ရာသူပေါင်းက ၆၂၀ ကျော်ရှိသည်ဟု သိရသည်။

အဆိုပါ သေဆုံး၊ ဒဏ်ရာရသူများ၏ ၂၀ ရာခိုင်နှုန်းက ကလေးသူငယ်များဖြစ်ကာ သေဆုံးသူများထဲတွင် လသားအရွယ် ကလေးငယ်များ ပါဝင်သည်ဟုလည်း ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်ဒုက္ခသည်များအရေး ဆောင်ရွက်ပေးနေသည့် ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး(REC) မှ သိရသည်။

ပဋိပက္ခဖြစ်ပွားရာဒေသများတွင် စောင့်ကြည့် လေ့လာခြင်း၊ သတင်းပေးပို့ခြင်းတို့တွင် အတားအဆီး၊ အကန့်အသတ်များ ရှိနေသည့်အတွက် ထိခိုက်နစ်နာသူ စာရင်းမှာ ယခုထက်ပင် ပိုမို များပြားဖွယ်ရှိသည်။

၂၀၁၉ ခုနှစ်အတွင်းက လက်နက်ကြီးကျည် ထိမှန် သေဆုံးခဲ့သော ပန်းမြောင်းရွာမှ ကလေးငယ် တဦး / ဧရာဝတီ

REC ၏ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက “ကလေးငယ်တွေဆိုတာ အပြစ်မဲ့တဲ့ ပြည်သူတွေလေ၊ ဘယ်လို အကြောင်းပြ ချက်နဲ့ပဲဖြစ်ဖြစ် ကလေးတွေကို သေကျေအောင်၊ ထိခိုက်အောင် လုပ်တာက တကယ့်ကို လူမဆန်တဲ့ ရာဇဝတ်မှုတခုပဲ၊ ကလေးသူငယ်တွေ သေဆုံး၊ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေက တာဝန်ခံရမယ်။ နောက်ပြီး ဒီလိုကိစ္စတွေကို ရေငုုံနှုတ်ပိတ်နေတဲ့ သူတွေနဲ့ အစိုးရမှာပါ တာဝန်ရှိတယ်”ဟု ပြောသည်။

ဆက်လက်ပြီး “ပဋိပက္ခကြောင့် ကလေးသူငယ်သေဆုံးတဲ့အခါ လူတွေရဲ့အမုန်းတရားက ပိုတိုးပွားလာစေတယ်။ အဲဒီတော့ ပဋိပက္ခကို ပိုတိုးစေတယ်။ ဒါနိုင်ငံတော်အတွက်လည်း မကောင်းဘူး” ဟု ၎င်းက ထောက်ပြသည်။

ထိုသို့သော အခြေအနေများကြောင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ပဋိပက္ခများသည် ဒေသခံများအပေါ် ခုတုံးလုပ်နေကြခြင်းဖြစ်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အင်မတန် အားနည်းကြောင်း အရပ်ဘက်အဖွဲ့အစည်းများ၏ ထောက်ပြဝေဖန်မှုများလည်း ရှိနေသည်။

ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ ဆောင်ရွက်နေသည့် Save the Children ကလည်း ညောင်ကန်ရွာမှ ကလေး ငယ် ၂ ဦး သေဆုံးခဲ့သည့်အပေါ် မိသားစုနှင့် ထပ်တူ ဝမ်းနည်းကြောင်း၊ ကျူးလွန်သူကို ထိရောက်စွာ အရေးယူပေးရန် တိုက်တွန်းကြောင်း စက်တင်ဘာ ၉ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန် ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံက သဘောတူလက်မှတ် ရေးထိုးထားသည့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ သဘောတူ စာချုပ်တွင် “စစ်ပွဲနှင့် လက်နက်ကိုင်ပဋိပက္ခကြောင့် ထိခိိုက်ခံစားကြရသည့် ကလေးသူငယ်များကို အကာအကွယ်ပေးရန် အစိုးရများ အနေဖြင့် တတ်နိုင်သမျှ လုပ်ဆောင်ရမည်ဖြစ်သည်။ ကလေးတိုင်း အသက်ရှင်သန်ခွင့် ရှိသည်။ ကလေးများ အသက်ရှင်သန်နိုင်ရေး အတွက် အစိုးရများအနေဖြင့် တတ်နိုင်သမျှ ဆောင်ရွက်ရမည်”ဟု ဖော်ပြထားသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများ၏ အကျိုးဆက်ကြောင့် ယခုအဖြစ်အပျက်သည် ကလေးများ အပေါ် ကျူးလွန်နေသည့် စစ်ပွဲများ အားလုံးကို ရပ်တန့်ရန် တတ်နိုင်သမျှ လုပ်ဆောင်ရမည်ဖြစ်ကြောင်း နောက်တကြိမ် ထပ်မံ မီးမောင်းထိုးပြနေခြင်း ဖြစ်သည်ဟုလည်း Save the Children က ထောက်ပြဝေဖန်သည်။

ရခိုင်ပြည်နယ်ရှိ စစ်ရှောင်စခန်းတခုမှ ကလေးငယ်များ/ဇော်ဇော်/ဧရာဝတီ

Save the Children မှ National Director Mr. Duncan Harvey က “ပဋိပက္ခကြောင့် ကလေးများ သေဆုံးရတာက လက်ခံနိုင်ဖွယ် မရှိတဲ့ ဖြစ်ရပ်ပါ။ ရခိုင်ပြည်နယ်အတွင်းမှာ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေပေမယ့် ကျနော်အနေနဲ့က ကလေးသူငယ်တွေ အပါအဝင် အပြစ်မဲ့သူတွေ အပေါ် ဖြစ်လာနိုင်တဲ့ သက်ရောက်မှု အကျိုးဆက်တွေကို ဆက်လက် စောင့်ကြည့်နေရဦးမှာပါ။ အထူးသဖြင့် နိုင်ငံအနေနဲ့ COVID-19 ကြောင့် အန္တရာယ်တွေ ပိုမို ရင်ဆိုင် ကြုံတွေ့နေရတဲ့ အချိန်မှာ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အပစ်အခတ်ရပ်စဲရေး တောင်းဆိုချက်ကိုပဲ ထပ်မံ တိုက်တွန်းလိုပါတယ်။ ကလေးသူငယ်များအနေနဲ့ အခုလိုမျိုး ပဋိပက္ခတွေ ကြားမှာ ကြောက်ရွံ့ထိတ်လန့်မှုတွေနဲ့ ရှင်သန်နေထိုင် ရမယ့် ဖြစ်ရပ်မျိုးက မဖြစ်သင့်ပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် စစ်ပဋိပက္ခကြောင့် နေရပ်မှ စွန့်ခွာထွက်ပြေးနေရသူ သိန်းချီရှိနေသလို ကူးစက်မြန် ကိုဗစ်ကပ်ရောဂါကြောင့် ကူးစက်ခံရသူများမှာလည်း တနေ့ထက် တနေ့ များပြားလာနေဆဲဖြစ်ရာ ဒေသခံပြည်သူများအဖို့ ဒုက္ခများစွာ ကြုံတွေ့နေကြရသည်။

အစိုးရက လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကြေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန်မှုများမှ ကာကွယ်တားဆီးနိုင်ရေး အမျိုးသားအဆင့်လုပ်ငန်းစီမံချက် (၂၀၂၀-၂၀၂၁) ကို ၂၀၂၀ ပြည့်နှစ် ဩဂုတ် လ ၁၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးမှ အတည်ပြုခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် စီမံချက်ပါ လုပ်ငန်းတာဝန် ၁၀ ရပ်ကို စတင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု စက်တင်ဘာ ၉ ရက် နေ့က Virtual Meeting (Zoom) ဖြင့် နေပြည်တော်တွင် ပြုလုပ်သည့် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ အပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး လုပ်ငန်းကော်မတီ သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က ပြောခဲ့သည်။

လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြန်လည်ထူထောင်ရေး ဦးစီးဌာန ညွန်ကြားရေး မှူးချုပ် ဦးဝင်းနိုင်ထွန်းက လက်နက်ကိုင်ပဋိပက္ခဒေသအတွင်းရှိ ကလေးသူငယ်များအပေါ် ကြီးလေးသည့် ကျူးလွန်မှုများအတွက် တိုင်ကြားနိုင်သည့် အစီအစဉ်များ အမျိုးသားအဆင့် National Action Plan ထဲတွင် ထည့်သွင်းရေးဆွဲထား ကြောင်း ပြောသည်။

ကျူးလွန်ခံရသူများက လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်က ဖြစ်စေ၊ အီးမေးလ်ကဖြစ်စေ နေပြည်တော်ကောင်စီ၊ တိုင်း/ ပြည်နယ် အစိုးရအဖွဲ့များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များထံတွင် တိုင်ကြားနိုင်ရန် စီစဉ် ဆောင်ရွက်နေသည်ဟု သိရသည်။

ရခိုင်ပြည်နယ်ရှိ စစ်ရှောင်စခန်းတခုမှ ကလေးငယ်များ/ဇော်ဇော်/ဧရာဝတီ

ဦးဝင်းနိုင်ထွန်းက “National Action Plan က တနှစ်သက်တမ်းဖြစ်တယ်။ အခု နိုင်ငံတော်သမ္မတရုံးက ခွင့်ပြုသည့် ရက်က စပြီး ဒီလပိုင်း အတွင်း လုပ်နိုင်အောင် စီစဉ်နေပါတယ်။ တိုင်ကြားမှုတွေ ရလာရင် သက်ဆိုင်ရာ ဝန်ကြီးဌာနက စိစစ်မယ်။ ပြီးမှ နစ်နာသူတွေကို ထောက်ပံ့မှုတွေ သူတို့အတွက် ဝန်ဆောင်မှုပေးဖို့တွေကို ဆောင်ရွက်သွားမှာပါ။ အခုက ပြင်ဆင်နေဆဲကာလမို့ပါ” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိအထိ အစိုးရက ထောက်ပံ့မှုပေးရန် ပြင်ဆင်နေဆဲ အဆင့်တွင်ပင် ရှိသော်လည်း ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံ အများအပြားမှာ စစ်ဘေး၊ ကပ်ရောဂါဘေးကြောင့် အသက် အန္တရာယ်များ ခြိမ်းခြောက်မှု ခံနေရသည်မှာ နှစ်ချီကြာ မြင့်နေပြီ ဖြစ်သလို စားဝတ်နေရေးမှာလည်း ဒုက္ခရောက်နေကြရာ ထိရောက်သော ကူညီကယ်ဆယ်ရေး လုပ်ငန်းများ အမြန်ဆုံး လုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်သည်။

You may also like these stories:

ရခိုင်စစ်ပွဲမှာ ဘယ်သူတွေ နစ်နာနေသလဲ (၁)

အသက်ရှင်ခွင့်ပေးပါ

Your Thoughts …
Tags: ကလေးသူငယ်အခွင့်အရေးစစ်ပွဲရခိုင်ပြည်နယ်လက်နက်ကိုင်ပဋိပက္ခသမ္မတရုံး
လဲ့လဲ့

လဲ့လဲ့

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.6k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

by ဟိန်းထူးဈာန်
28 November 2023
20.1k

စစ်ပွဲသည် နိုင်ငံ၏ အတိတ်မှ ပဋိပက္ခများနှင့် မတူကြောင်း AA က ဧရာဝတီသတင်းဌာနနှင့် သီးသန့်တွေ့ဆုံ မေးမြန်းခန်းတွင် ပြောသည်။

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.2k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

ဗိုလ်မြောက်ရှုံးမှ တပ်ပြုန်းညီနောင်ဆီ

by အေးချမ်းဆု
10 February 2024
17.9k

မြန်မာစစ်တပ်၏ တပ်ချုပ်အား ဗိုလ်မြောက်ရှုံး၊ တပ်ချုပ်နှင့် ဒုတပ်ချုပ်အား တပ်ပြုန်းညီနောင်ဟု ခေါ်ဆိုနေကြ၏။

စစ်ကောင်စီကို ကိုင်လှုပ်သည့် ရခိုင် ရေကြောင်းတိုက်ပွဲ

စစ်ကောင်စီကို ကိုင်လှုပ်သည့် ရခိုင် ရေကြောင်းတိုက်ပွဲ

by မိုးစက်ငြိမ်းချမ်း
24 February 2024
14.9k

ရခိုင်ကမ်းရိုးတန်းတလျှောက် နှစ်စဉ် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး ဆိုသည်ကို လေ့ကျင့်ခဲ့သည့် စစ်တပ်သည် လက်ရှိ ရခိုင်ပြည်တွင် အရှုံးကြီးရှုံးနေ၏။

ရခိုင်စစ်မျက်နှာ တတိယအဆင့် ထိုးစစ် အလားအလာ

ရခိုင်စစ်မျက်နှာ တတိယအဆင့် ထိုးစစ် အလားအလာ

by အေးချမ်းဆု
2 April 2024
14.6k

ရခိုင်စစ်မျက်နှာတွင် စစ်ပွဲရပ်တန့်အောင် ကြိုးစားနေမှုများ ရှိနေသော်လည်း ရက္ခိုင့်တပ်တော်၏ တတိယအဆင့်ထိုးစစ် စတင်နေပြီဖြစ်၏။

Next Post
“The Voice Myanmar Season 3” Coach များနဲ့ အဆိုတော် ယုဇန / Yuzana's Facebook

“ပဋိပက္ခ” သီချင်း အမှတ်တရအကြောင်း ပြောပြတဲ့ ရန်ရန်ချမ်း

လက်ရှိအချိန်အထိ အာဆီယံနိုင်ငံတွေမှာ COVID-19 ကူးစက်သူပေါင်း ၅၂၇,၀၀၀ ကျော် ရှိနေပါတယ်။

အာဆီယံနိုင်ငံများအတွင်း ကိုဗစ် ကူးစက်မှု အခြေအနေ

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

6 days ago
3.9k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

4 days ago
3.5k

Most Read

  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0
  • ဒီမိုကရေစီတိုက်ပွဲ ဘာကြောင့် ၃၇ နှစ် ကြာတာလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate