ဆောင်းပါး

Stay Home အမိန့်အောက်က ရန်ကုန်

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှု အချိန်တိုကာလအတွင်း မြင့်တက်လာမှုကြောင့် တိုင်းအတွင်း ရှိ ကိုကိုးကျွန်း မြို့နယ်မှအပ ကျန်မြို့နယ်အားလုံးကို နေအိမ်မှာပဲနေထိုင်ဖို့ (Stay at Home) ကျန်းမာရေးနဲ့ အားကစားဝန် ကြီးဌာနက စက်တင်ဘာ ၂၀ ရက်၊ ည ၈ နာရီမှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၂၂ ရက် နံနက် ၈ နာရီအထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၆,၄၇၁ ဦး ရှိပြီး သေဆုံးသူ ၁၀၀ ဦး ရှိပြီဖြစ်ကာ ရန်ကုန်တိုင်းကတော့ လူနာဦးရေ ၃,၉၇၃ ဦး (စက်တင်ဘာ၂၁ ရက်၊ နံနက် ၇ နာရီအထိ) နဲ့ အများဆုံး ဖြစ်နေပါတယ်။

ဒီလူနာတွေထဲမှာ ခရီးသွားရာဇဝင် မရှိတဲ့အပြင် အတည်ပြု လူနာတွေနဲ့လည်း ထိတွေ့မှု မရှိခဲ့တဲ့လူနာ အများအပြား ပါဝင် နေတာကြောင့် ထိထိရောက်ရောက်နဲ့ ထိန်းချုပ်နိုင်ဖို့ အခုလို Stay at Home အစီအစဉ် လုပ်ရတာ ဖြစ်တယ်လို့ ကျန်း မာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Stay Home အမိန့်ကြေညာပြီးနောက် မြင်တွေ့ရတဲ့ လှည်းတန်း တဝိုက်မြင်ကွင်း (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ)

ရောဂါထိန်းချုပ်ဖို့ အခုလို ဆောင်ရွက်တာဆိုပေမယ့် စက်တင်ဘာ ၂၁ ရက်၊ နံနက် ၈ နာရီမှာ စတင် အသက်ဝင်မယ့် အမိန့်ညွှန်ကြားချက်ကို စက်တင်ဘာ ၂၀ ရက်၊ ည ၈ နာရီမှ ထုတ်ပြန်ကြေညာခဲ့တာရယ်၊ ရှင်းရှင်းလင်းလင်း မရှိတဲ့ စည်း ကမ်းချက်တွေရယ်ကြောင့် ရန်ကုန်လူထုကို အတော်လေး အကျပ်ရိုက်သွားစေခဲ့ပါတယ်။

ပြင်ဆင်ချိန် မရလိုက်တဲ့ စီးပွားရေးလုပ်ငန်းများ

ကျန်းမာရေးဝန်ကြီးဌာနရဲ့ အမိန့်ညွှန်ကြားချက်အရ ဘဏ်လုပ်ငန်း၊ စားသောက်ကုန်၊ ဆေးဝါး၊ ရေသန့်၊ စက်သုံးဆီ စတဲ့ လုပ်ငန်းတွေကလွဲပြီး ကျန်ပုဂ္ဂလိက လုပ်ငန်းကဏ္ဍအားလုံး စက်တင်ဘာ ၂၁ ရက်နေ့မှစတင်ကာ အိမ်ကနေ အလုပ်လုပ်ရ မှာ ဖြစ်ပါတယ်။

လက်ခစားစနစ်နဲ့ လုပ်ကိုင်နေတဲ့ စက်ရုံအလုပ်ရုံ (CMP) တွေကိုတော့ စက်တင်ဘာ ၂၄ ရက်နေ့ကနေ အောက်တိုဘာ ၇ ရက်အထိ နှစ်ပတ်ခန့် ပိတ်သိမ်းဖို့ ညွှန်ကြားထားပါတယ်။

Stay Home အမိန့်ကြေညာပြီးနောက် မြင်တွေ့ရတဲ့ လှည်းတန်း တဝိုက်မြင်ကွင်း (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ)

ခွင့်ပြုလုပ်ငန်းတွေထဲ မပါဝင်တဲ့ အဖွဲ့အစည်းနဲ့ ကုမ္ဗဏီတချို့က လုပ်ငန်းရှင်၊ ဝန်ထမ်း၊ အလုပ်သမားတွေဟာ ညတွင်းချင်း ထွက်လာတဲ့ ညွှန်ကြားချက်ကြောင့် အိမ်မှာအလုပ်လုပ်ဖို့ ဘာမှ ကြိုတင်ပြင်ဆင်ချိန် မရလိုက်ဘဲ ဗျာများခဲ့ကြရပါတယ်။

“ထုတ်ပြန်ချက်က အချိန်တအားကပ်တာပေါ့။ အနီးကပ်ကြီး ထုတ်လိုက်တော့ ဘာလုပ်ရမှန်း မသိဘူး။ ည ၈ နာရီမှာ ထုတ် ပြန်တယ်။ နောက်နေ့ အသက်ဝင်တယ်ဆိုတော့ အဆင်မပြေဘူး။ အခုရုံးလာတာက အမိန့်ကို မလိုက်နာသလို ဖြစ်နေပေ မယ့် မလာလို့လည်း မရဘူး။ လက်စသတ်ရမယ့် အလုပ်တွေ ရှိသေးတယ်” လို့ မအေးသီရိကျော်က ပြောပါတယ်။

CMP ဆိုရင် ၂၄ ရက်နေ့မှ ပိတ်ဆိုတော့ ဘာပဲပြောပြော ပြင်ဆင်ချိန် ရှိတာပေါ့။ အခုက ချက်ချင်းပိတ်ဆိုတော့ အလုပ် သမားတွေလည်း အခက်အခဲ ရှိတယ်။ နေ့စားတွေ အများကြီးရှိတော့ ၂/၃ ရက် အချိန်ရရင် ပိုက်ဆံ ကြိုထုတ်ပေးတာတွေ လုပ်လို့ရမယ်။ နောက်ပြီး ကျနော်တို့ လုပ်ငန်းတွေမှာ foundation မြေတူးထားတွေမှာ မြေပြိုတာတွေ ဘာတွေ အန္တရာယ် ရှိနိုင်တယ်။ ဒါတွေကို ကြိုတင်ပြင်ဆင်ချိန် ဘာမှမရလိုက်ဘူး

သူကတော့ ကမ်းနားလမ်းက Strand Square မှာ ရုံးဖွင့်ထားတဲ့၊ JICE ဂျပန်ပညာသင်ဆုပေးတဲ့ NGO တခုရဲ့ Assistance Country Officer အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ အခုလို ကြိုတင်ပြင်ဆင်ချိန် မရလိုက်တဲ့ ကျန်းမာရေး ဝန် ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကြောင့် လုပ်ငန်းပိုင်းဆိုင်ရာမှာ အခက်အခဲတွေ ဖြစ်သွားတယ်လို့လည်း သူက ပြောပါတယ်။

ယခုလို ရောဂါကူးစက်မှု အရှိန်မြင့်တက်နေတဲ့ ကာလမှာ လုပ်ငန်းတွေ ရပ်ဆိုင်းတာကို ကြိုဆိုပေမယ့် ပြင်ဆင်ချိန်မပေးဘဲ အမိန့်ညွှန်ကြားချက် ထုတ်ပြန်တာ၊ ရှင်းရှင်းလင်းလင်း မရှိတာဟာ လုပ်ငန်းတွေအပေါ် ပိုပြီး ဒုက္ခရောက်စေတယ်လို့ မြန်မာ နိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်အသင်းရဲ့ အထွေထွေ အတွင်းရေးမှူး ဦးမျိုးမြင့်က ပြောပါတယ်။

“CMP ဆိုရင် ၂၄ ရက်နေ့မှ ပိတ်ဆိုတော့ ဘာပဲပြောပြော ပြင်ဆင်ချိန် ရှိတာပေါ့။ အခုက ချက်ချင်းပိတ်ဆိုတော့ အလုပ် သမားတွေလည်း အခက်အခဲ ရှိတယ်။ နေ့စားတွေ အများကြီးရှိတော့ ၂/၃ ရက် အချိန်ရရင် ပိုက်ဆံ ကြိုထုတ်ပေးတာတွေ လုပ်လို့ရမယ်။ နောက်ပြီး ကျနော်တို့ လုပ်ငန်းတွေမှာ foundation မြေတူးထားတွေမှာ မြေပြိုတာတွေ ဘာတွေ အန္တရာယ် ရှိနိုင်တယ်။ ဒါတွေကို ကြိုတင်ပြင်ဆင်ချိန် ဘာမှမရလိုက်ဘူး” လို့ သူက ရှင်းပြပါတယ်။

Stay Home အမိန့်ကြေညာပြီးနောက် မြင်တွေ့ရတဲ့ လှည်းတန်း တဝိုက်မြင်ကွင်း (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ)

ဒါ့အပြင် သတ်မှတ်ချိန်အတွင်း အပြီးတည်ဆောက်ရတဲ့ အစိုးရ တင်ဒါ အဆောက်အဦးနဲ့ လမ်း တံတား တည်ဆောက်ရေး လုပ်ငန်းတွေအတွက် လုပ်ငန်းပြီးစီးမယ့်အချိန် နောက်ကျသွားနိုင်တာကြောင့် ဒီအတွက် အစိုးရက ဘယ်လိုဖြေရှင်းပေးမ လဲဆိုတဲ့ ပြဿနာရှိတယ်လို့ ဦးမျိုးမြင့်က ပြောပြပါတယ်။

ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာနကတော့ နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းဆိုင်ရာ ပုဂ္ဂလိက ဆိပ် ကမ်း၊ လေဆိပ်၊ လေကြောင်းလိုင်းနဲ့ ဆက်စပ်တဲ့ ကုမ္ဗဏီ၊ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေ စဉ်ဆက်မပြတ် ဆောင်ရွက်ဖို့ လိုတာကြောင့် မဖြစ်မနေ သွားရောက် တာဝန်ထမ်းဆောင်ရမယ့် ဝန်ထမ်းတွေကို Stay at Home ကနေ ခြွင်းချက်ပြုထား သူများထဲ ဖြည့်စွက်ပေးဖို့ ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကို တင်ပြထားပါတယ်။

နှစ်ပတ်တာ ပိတ်ထားရမယ့် CMP တွေရဲ့ အခက်အခဲ

CMP တွေ ၂ ပတ်ခန့် ရပ်နားခိုင်းတဲ့အပေါ်မှာလည်း စက်ရုံတွေကို အချိန် ၃ ရက်သာ ပေးတဲ့အတွက် လက်ရှိ အော်ဒါတွေ ပြီးစီးခြင်းမရှိပါက အော်ဒါပျက်မယ့်အပြင် တခြားနိုင်ငံတွေကိုပါ ဈေးကွက်ရွှေ့သွားနိုင်တဲ့ အခြေအနေရှိတယ်လို့ သုံးသပ်နေ ကြပါတယ်။

Stay Home အမိန့်ကြေညာပြီးနောက် မြင်တွေ့ရတဲ့ လှည်းတန်း တဝိုက်မြင်ကွင်း (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ)

တဖက်မှာလည်း အစိုးရက တရားဝင် ပိတ်ခိုင်းတဲ့ ကိစ္စဖြစ်လို့ အော်ဒါအမှာပို့သူတွေနဲ့ ညှိနှိုင်းရမှာဖြစ်ပြီး အချိန်မီ မပြီးတဲ့ အတွက် လျော်ကြေး ပေးရခြင်းမျိုး မဖြစ်နိုင်ဘူးလို့ ယူဆထားတဲ့ လုပ်ငန်းရှင်တွေလည်း ရှိပါတယ်။

လုပ်ငန်းရှင်တွေဘက်က ကိုဗစ် ဒုတိယလှိုင်း အလုပ်ပိတ်ရတဲ့ အခြေအနေမှာ လုပ်ခလစာ ပေးနိုင်မှာ မဟုတ်ဘူးလို့ ပြော ဆိုထားတာတွေကြောင့် အလုပ်သမားတွေအနေနဲ့ ရေတိုအတွက် စိတ်ပူပန်နေရသလို ၂ ပတ်နဲ့ ထိန်းချုပ်မရလို့ ပိုကြာမယ် ဆိုပါက ဈေးကွက်ပျက်စီးပြီး အလုပ်သမား သိန်းနဲ့ချီ အလုပ်ပြုတ်ရမယ့် အရေးအတွက်လည်း ရတက်မအေးနိုင်ကြပေ။

အလုပ်သမား အဖွဲ့တွေကတော့ ၂ ပတ်တာ စက်ရုံပိတ်ထားတဲ့ ကာလအတွင်း လုပ်ခလစာ ရ မရနဲ့ ပတ်သက်လို့ အစိုးရကို စာပို့မေးမြန်းသွားမှာ ဖြစ်သလို အစိုးရအနေနဲ့လည်း ဖြေရှင်းပေးမယ်လို့ မျှော်လင့်ထားပါတယ်။

“သတ်မှတ်ချက်နဲ့အညီ ယာယီအလုပ်ပိတ်ရတဲ့ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန၊ ကုမ္ဗဏီက ဝန်ထမ်းတွေ လစာထောက်ပံ့နိုင်ရေး ကိစ္စကို အလုပ်ရှင် (သို့) လူမှုဖူလုံရေးရန်ပုံငွေ (သို့) အခြားနည်း ဘယ်လို ဆောင်ရွက်မယ်ဆိုတာ အလုပ်သမားဝန်ကြီးဌာနက အလုပ်ရှင်တွေနဲ့ ဆွေးနွေးဆောင်ရွက်မှာဖြစ်ပါတယ်”

အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက “သတ်မှတ်ချက်နဲ့အညီ ယာယီအလုပ်ပိတ်ရတဲ့ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန၊ ကုမ္ဗဏီက ဝန်ထမ်းတွေ လစာထောက်ပံ့နိုင်ရေး ကိစ္စကို အလုပ်ရှင် (သို့) လူမှုဖူလုံရေးရန်ပုံငွေ (သို့) အခြားနည်း ဘယ်လို ဆောင်ရွက်မယ်ဆိုတာ အလုပ်သမားဝန်ကြီးဌာနက အလုပ်ရှင်တွေနဲ့ ဆွေးနွေးဆောင်ရွက်မှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ အထည်ချုပ် စက်ရုံပေါင်း ၆၀၆ ရုံရှိပြီး အထည်ချုပ်လုပ်သား ၆ သိန်းနီးပါး ရှိတဲ့အနက် ၈၀ ရာခိုင်နှုန်း အထက်က ရန်ကုန်မြို့မှာ ရှိနေတယ်လို့ သိရပါတယ်။

ဒွိဟဖြစ်နေတဲ့ Delivery လုပ်ငန်းတွေ

တဖက်မှာလည်း ခွင့်ပြုထားတဲ့ လုပ်ငန်းတွေထဲ စားသောက်ကုန် လုပ်ငန်းပါဝင်ပေမယ့် ရပ်ကွက်ကျော်လွန် သွားလာခွင့်နဲ့ ပတ်သက်လို့ ကန့်သတ်ထားပြန်တာကြောင့် အစားအသောက်တွေကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးရတဲ့ Delivery လုပ် ငန်းတွေကရော ဆက်လက် လုပ်ကိုင်ရမှာလား၊ ရပ်ဆိုင်းရမှာလားဆိုတာ ဒွိဟ ဖြစ်နေကြပါတယ်။

Stay Home အမိန့်ကြေညာပြီးနောက် မြင်တွေ့ရတဲ့ လှည်းတန်း တဝိုက်မြင်ကွင်း (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ)

အလုံမြို့နယ်က လူသုံးကုန်ပစ္စည်း အရောင်းဆိုင်ဖွင့်ထားသူ တဦးက “ကျနော်တို့က အခု ဆိုင်တော့ ဖွင့်ထားတယ် ဆိုပေ မယ့် အွန်လိုင်းစနစ်နဲ့ရောင်းပြီး ပစ္စည်းသွားပို့ကြရတာ။ မနေ့က အမိန့်ညွှန်ကြားချက်မှာ ရပ်ကွက် အဝင်အထွက်တွေကို ကန့်သတ်ထားတော့ ကျနော်တို့က သူများရပ်ကွက်ထဲမှာ ဆိုင်ခန်းငှားပြီး လုပ်ကြရတာလေ။ ဒါတွေကရော ဘယ်လို အ ကျုံးဝင်မှာလဲ” လို့ မေးခွန်းထုတ်ပါတယ်။

ယခင်ကာလတုန်းကလို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စစ်ဆေးမှုတွေ ပြုလုပ်ပြီး သတ်မှတ်ညွှန်ကြားချက်တွေနဲ့ အညီ လုပ်ဆောင်တဲ့ ဆိုင်တွေကို ပြန်လည်ဖွင့်လှစ်ခွင့် ပေးစေချင်သလို အကယ်၍ ဆိုင်တွေကို ပိတ်ခိုင်းမယ်ဆိုပါကလည်း ဥပဒေနဲ့အညီ တပြေးညီ ပိတ်ခိုင်းဖို့ လိုအပ်တယ်လို့လည်း သူက ပြောပါတယ်။

အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးရဲ့ ပြောဆိုချက်အရတော့ ရန်ကုန်မှာ ဆောင်ရွက်နေတဲ့ စားသောက်ကုန်၊ သားငါးနဲ့ အသီးအနှံတွေကို Delivery စနစ်နဲ့ ဆက်လက်ဆောင်ရွက်ခွင့် ပေးထားတယ်လို့ သိရပါတယ်။

သို့ပေမယ့် တိတိကျကျ ညွှန်ကြားချက် ထုတ်ပြန်ထားတာမျိုး မရှိတာကြောင့် စားသောက်ကုန်လုပ်ငန်းထဲ ပါဝင်နေတာပဲ ဆိုတဲ့ နားလည်မှုနဲ့ Delivery လုပ်ငန်းတွေ ဆက်လက် လည်ပတ်လျက် ရှိပါတယ်။

Stay Home အမိန့်ကြေညာပြီးနောက် မြင်တွေ့ရတဲ့ လှည်းတန်း တဝိုက်မြင်ကွင်း (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ)

စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေကတော့ လက်ရှိ ပြည်တွင်းကူးစက်မှုမှာ စားသောက်ဆိုင်နဲ့ လက်ဖက်ရည် ဆိုင်တွေ ထိုင်ရာက ကူးစက်မှုတွေ တွေ့ရှိရတဲ့အတွက် တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုင်ထိုင်စနစ် ဖွင့်လှစ်ခွင့် ပြုတော့မှာ မဟုတ်ဘဲ ပါဆယ်စနစ် (take away) ရောင်းချရမှာ ဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

အမိန့်ညွှန်ကြားချက်တွေ ထုတ်တဲ့အခါ ရှင်းရှင်းလင်းလင်း သိနားလည်မှသာ လိုက်နာဆောင်ရွက်နိုင်မည်ဖြစ်ရာ လူထုလူ တန်းစားမရွေး အားလုံး နားလည်သဘောပေါက်စေဖို့ ခေါင်းစဉ် တခုချင်းစီအလိုက် လုပ်ထုံးလုပ်နည်းတွေကို တိတိကျကျ ထုတ်ပြန်ပေးသင့်တယ်လို့ ထောက်ပြသူတွေလည်း ရှိပါတယ်။

Stay Home နဲ့ အခြေခံလူတန်းစားတို့ရဲ့ သောက

Stay at Home အစီအစဉ်ကြောင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်တချို့ ရပ်နားလိုက်တဲ့အခါ အဲဒီလုပ်ငန်းတွေအပေါ် မှီခို လုပ်ကိုင်နေရတဲ့ နေ့စားအလုပ်သမားတွေအနေနဲ့ ကြုံတွေ့လာရမယ့် စားဝတ်နေရေး အခက်အခဲအတွက် ခုကတည်းက သောက များနေကြရပါတယ်။

နေ့စားတွေအတွက် အလုပ်မရှိတဲ့အခါ ဝင်ငွေလည်းမရှိ၊ အပိုစုဆောင်းထားခြင်းမျိုးလည်း မရှိတာကြောင့် ရေရှည်တောင့်ခံ နိုင်မှာ မဟုတ်သလို လုပ်ငန်းတွေ ကြာရှည်ပိတ်တာနဲ့အမျှ အခက်အခဲတွေ ပိုများလာမှာ ဖြစ်တယ်လို့ ဆောက်လုပ်ရေး လုပ်သားတဦးက ပြောပြပါတယ်။

Stay Home အမိန့်ကြေညာပြီးနောက် မြင်တွေ့ရတဲ့ လှည်းတန်း တဝိုက်မြင်ကွင်း (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ)

Stay Home ကြောင့် လူသွားလူလာ နည်းသွားတဲ့အခါ ပန်းခြံ၊ ကားဂိတ်၊ ဈေး စတဲ့ လူစည်ကားရာ နေရာတွေ မှာ ဈေးရောင်းချနေတဲ့သူတွေ၊ အငှားယာဉ်မောင်းတွေ၊ ဆိုက်ကားသမားတွေ အနေနဲ့လည်း ဝင်ငွေ အတော်လေး လျော့ သွားတယ်လို့ ဆိုပါတယ်။

အငှားယာဉ်မောင်း တဦးဖြစ်သူ ကိုလတ်က “ကားက ဆွဲတော့ဆွဲနေရတယ်။ ဒါပေမယ့် ဆွဲလည်း ကိုယ်ပိုင်ကားနဲ့ လူတွေ တောင် ထွက်လည်း တသောင်း၊ တသောင်းကျော်ကျော်ပဲ ရတာ။ ဆီဖိုးပြန်နှုတ်ရင် လေးငါး ခြောက်ထောင်ပဲ ရတာ” လို့ ပြောပြပါတယ်။

ဒါ့အပြင် တချို့က အသေးစားချေးငွေ ယူထားကြရာ ယခုလို ဝင်ငွေ မကောင်းတဲ့၊ မရှိတဲ့ ကာလမျိုးမှာ ပြန်မဆပ်နိုင်ကြတဲ့ အခါ တိုင်ကြတန်းကြနဲ့ ပြဿနာ တက်နေကြပြီလို့လည်း သူက ပြောပါတယ်။

Stay Home အမိန့်ကြေညာပြီးနောက် မြင်တွေ့ရတဲ့ လှည်းတန်း တဝိုက်မြင်ကွင်း (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ)

ရပ်ကွက်ထဲ ဈေးလှည့်ရောင်းသူ တချို့ကတော့ ဈေးရောင်းမှ ထမင်းစားရမှာဖြစ်လို့ ထွက်မရောင်း၍ မရကြောင်း၊ စား ဝတ်နေရေးအတွက် ကိုဗစ်ကို အံတုရင်း ပါးစပ်၊ နှာခေါင်းစည်းတပ်ပြီး ဈေးထွက်ရောင်းရုံမှတပါး တခြားရွေးချယ်စရာ မရှိ ဘူးလို့ ဆိုပါတယ်။

ကိုဗစ်၊ Stay at Home နဲ့ ရွေးကောက်ပွဲ

လာမယ့် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ စက်တင်ဘာ ၈ ရက်ကစလို့ တရားဝင် မဲဆွယ်စည်းရုံးခွင့် ရထားပေမယ့် Stay at Home သတ်မှတ်နေရာတွေ မှာတော့ ကွင်းဆွင်းမဲဆွယ်ခွင့် မရှိဘူးလို့ ရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တပတ်ကျော်ကတည်းက ရန်ကုန်တိုင်းအတွင်း မြို့နယ် ၂၈ မြို့နယ်ကို Stay at Home ကြေညာထားရာကနေ မြို့ နယ်အားလုံး (၄၄ မြို့နယ်) ဖြစ်သွားတဲ့ အခု ညွှန်ကြားချက်ဟာ ရွေးကောက်ပွဲ အခင်းအကျင်းအပေါ် ဘယ်လောက်ထိ သက်ရောက်မှု ရှိပြီး မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေအပေါ် ဘယ်လို ရိုက်ခတ်မှုတွေ ရှိသွားပါသလဲ။

မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေ လုပ်လို့မရလောက်အောင်ထိ ကိုဗစ်အခက်အခဲ၊ အကျပ်အတည်းက ကြီးထွားလာမယ်ဆို ရင် ရွေးကောက်ပွဲကို ဘယ်လို ရွှေ့ဆိုင်းသင့်တယ်၊ ဆက်လုပ်မယ်ဆိုလည်း ဘယ်လိုပုံစံ သွားမယ်ဆိုတာတွေနဲ့ ပတ်သက် လို့ ရွေးကောက်ပွဲမှာ ပါဝင်မယ့်သူတွေနဲ့ ခေါ်ယူဆွေးနွေးဖို့ နိုင်ငံရေးပါတီတချို့က UEC ကို တင်ပြထားပြီး ဖြစ်ပါတယ်။

“ကျနော်တို့ လက်ခံယုံကြည်ထားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရက လွတ်လပ်ပြီး တရားမျှတမှုရှိဖို့။ ရွေးကောက်ပွဲ ဟာ လွတ်လပ်ပြီး တရားမျှတမယ့် အလားအလာမရှိဘူး၊ အလားအလာ နည်းတယ်ဆိုရင် အဲဒီရွေးကောက်ပွဲကို တနည်း နည်းနဲ့ ရွှေ့ဆိုင်းဖို့ လုပ်ဆောင်ဖို့ လိုတယ်” လို့ ပြည်သူ့ပါတီ ဒု-ဥက္ကဋ္ဌ ဦးမင်းဇေယျက ပြောပါတယ်။

နိုင်ငံသားတွေ လွတ်လွတ်လပ်လပ် မဲပေးခွင့်ရဖို့၊ လုံခြုံစိတ်ချရတဲ့ မဲပေးပတ်ဝန်းကျင်ရဖို့၊ လိုအပ်တဲ့ သတင်းအချက်အ လက်တွေရဖို့ လိုအပ်သလို တဖက်မှာလည်း နိုင်ငံရေးပါတီတိုင်းကနေ သူတို့ရဲ့ မဲဆန္ဒရှင်တွေဆီကို သူတို့ရဲ့ မူဝါဒ၊ လုပ်ငန်း စဉ်တွေ၊ မဲဆွယ်စည်းရုံးရေး သတင်းစကားတွေ တန်းတူညီမျှစွာ ရောက်ရှိနိုင်ဖို့ကလည်း အရေးကြီးပါတယ်။

ပြည်သူ့ပါတီ မှ ကမာရွတ်မြို့နယ်တွင် ပြုလုပ်ခဲ့သည့် မဲဆွယ်စည်းရုံးမှု တခု/ထက်ဝေ/ဧရာဝတီ

အခုလို အကျပ်အတည်း ကာလမှာ ရွေးကောက်ပွဲ ရွှေ့သည်ဖြစ်စေ၊ ဆက်လုပ်သည်ဖြစ်စေ ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ အကြား နိုင်ငံရေးသဘောတူညီချက်တွေ ရရှိဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်သင့်ပြီလို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့ လာနေသူတွေက အကြံပြု တိုက်တွန်းပါတယ်။

ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ကတော့ ကိုဗစ်ကြောင့် ရွေးကောက်ပွဲ တခုလုံးကို ဖြစ်စေ၊ မဲဆန္ဒနယ် တနယ်ကို ဖြစ်စေ ရွှေ့ဖို့လုံးဝမရှိသလို ကပ်ရောဂါကာလအတွင်း ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေ လုံခြုံဖို့၊ အကာအကွယ် ပေးနိုင်ဖို့ အစီအမံတွေကိုလည်း ကျန်းမာရေး ဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီး လမ်းညွှန်ချက်တွေ ထုတ်ပြန်သွားမယ်လို့ စက်တင် ဘာ ၉ ရက်နေ့မှာ ပြောကြားထားပါတယ်။

“ပြီးခဲ့တဲ့ တပတ်လောက်ကတည်းက လက်ရှိဖြစ်နေတဲ့ ကိုဗစ်အခင်းအကျင်း စိန်ခေါ်မှုအရ မဲဆွယ်စည်းရုံးရေး လုပ်ငန်း တွေက ကြာလေ လုပ်ရတာ ခက်ခဲလေဆိုတာ မှန်းလို့ရတယ်”

“ပြီးခဲ့တဲ့ တပတ်လောက်ကတည်းက လက်ရှိဖြစ်နေတဲ့ ကိုဗစ်အခင်းအကျင်း စိန်ခေါ်မှုအရ မဲဆွယ်စည်းရုံးရေး လုပ်ငန်း တွေက ကြာလေ လုပ်ရတာ ခက်ခဲလေဆိုတာ မှန်းလို့ရတယ်” လို့ ဦးမင်းဇေယျက ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းရှိ ပြည်သူ့ပါတီရဲ့ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေ ယာယီဆိုင်းငံ့ထားမှာ ဖြစ်ပေမယ့် ပါတီဝင်တွေ၊ ကိုယ်စားလှယ်လောင်းတွေ၊ ပါတီကို ထောက်ခံတဲ့သူတွေ အနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ ကိုဗစ် ကာကွယ်တားဆီးရေး လုပ်ငန်းတွေမှာ ပိုမိုတက်ကြွစွာ ပါဝင်ပေးဖို့ ညွှန်ကြားထားတယ်လို့ သူက ဆိုပါတယ်။

“နာမည်ရပြီးသား ပါတီတွေအနေနဲ့တော့ လူတိုင်းသိတာပေါ့။ အန်ကယ်တို့လို တည်ထောင်ခါစ ၂ နှစ်တောင် မပြည့်သေး တဲ့ ပါတီတွေကျ လူတွေသိအောင် တမင်ပြောဆိုနေရတာကိုး။ အဲဒီအခါကျတော့ အခက်အခဲက အများကြီးဖြစ်တယ်။ ဖြစ် လို့လည်း အန်ကယ်တို့ပါတီအနေနဲ့ ရက်ကို ဆုတ်လို့ရတဲ့အထိ ဆုတ်ပေးဖို့ ပြောပါတယ်” လို့ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ဒု-ဥက္ကဋ္ဌ ဦးကျော်ဇေယျက ပြောပါတယ်။

Stay Home ကြောင့် သတင်းစာလုပ်ငန်းတွေလည်း အခက်ကြုံ

စက်တင်ဘာ ၂၀ ရက်က ထုတ်ပြန်ခဲ့တဲ့ အမိန့်ညွှန်ကြားချက်အရ လုပ်ငန်းလည်ပတ်ခွင့် ပြုထားတဲ့ ပုဂ္ဂလိလုပ်ငန်းတွေ စာ ရင်းမှာ သတင်းမီဒီယာလုပ်ငန်း မပါဝင်တာကြောင့် ဆက်လက် လည်ပတ်ဖို့ အခက်အခဲ ဖြစ်နေရပါတယ်။

ရန်ကုန်တိုင်း မြို့နယ်အကုန်လုံး Stay at Home သတ်မှတ်လိုက်တဲ့အခါ အွန်လိုင်းအလုပ်တွေ အတွက်တော့ အိမ်ကနေ အလုပ်လုပ်ကြရမှာ ဖြစ်ပေမယ့် ပုံနှိပ်သတင်းစာတွေ အနေနဲ့ကတော့ ပုံနှိပ်ခြင်း၊ ဖြန့်ဖြူးခြင်း လုပ်ငန်းတွေ မလုပ်ဆောင် နိုင်တော့တာကြောင့် တချို့ သတင်းစာ လုပ်ငန်းတွေကို ယာယီ ရပ်နားလိုက်ရပြီ ဖြစ်ပါတယ်။

စံတော်ချိန် နေ့စဉ်သတင်းစာ ထုတ်ဝေသူ ဦးကိုကိုလေးက “Stay at Home အပြင် မထွက်ရဘူးဆိုတော့ သတင်းရယူတဲ့ အပိုင်းတွေရော၊ သတင်းခန်း စီမံခန့်ခွဲမှုတွေမှာ လုပ်လို့မရတာတွေရှိတော့ ဒီကြေညာချက်အရ Print အနေနဲ့ ဆက်ပြီး ထုတ်ဖို့ အခက်အခဲ ရှိတာပေါ့။ ဥပမာ ပုံနှိပ်စက်ဆိုရင်လည်း ရပ်ထားရမယ်ဆိုတဲ့ ပုံစံမျိုးဖြစ်နေတာ” လို့ ပြောပါတယ်။

အစိုးရက သတင်းစာ လုပ်ငန်းတွေကို ဦးစားပေးလုပ်ငန်းအဖြစ် သတ်မှတ်ပြီး လည်ပတ်ခွင့် ပြုမယ်လို့ မျှော်လင့်ခဲ့ပေမယ့် အခု အမိန့်အရ ဆက်လက်ဆောင်ရွက်ဖို့ အခက်အခဲတွေ ရှိနေတာကြောင့် နေ့စဉ်ထုတ် သတင်းစာတွေကို ရပ်နားလိုက်ရ ပေမယ့် အွန်လိုင်းကနေ သတင်းတင်ဆက်ခြင်းကိုတော့ ပုံမှန်အတိုင်း ဆက်လက် ပြုလုပ်သွားကြမယ်လို့ ဆိုပါတယ်။

အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မီဒီယာတွေအနေနဲ့ လက်ရှိမှာ Work from Home သာ လုပ်ရမှာဖြစ်ပြီး မဖြစ် မနေသွားဖို့ လိုအပ်ပါကလည်း ကျန်းမာရေး စည်းမျဉ်းနဲ့အညီ သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူတွေကို အကြောင်း ကြား ဆောင်ရွက်ဖို့ လိုမယ်လို့ ပြောပါတယ်။

ဒါကြောင့် ရန်ကုန်က သတင်းသမားတွေအနေနဲ့ အပြင်ထွက် သတင်းရယူနိုင်ရေးအတွက် အခက်အခဲတွေ ရှိနေတာ ကြောင့် ပြည်သူတွေ သတင်းအချက်အလက်မှန် ရရှိနိုင်ရေးအတွက် ထိခိုက်မှုတွေ ရှိလာနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေ လည်း ရှိနေပါတယ်။

ကိုဗစ် ပထမလှိုင်းတုန်းက သတင်းစာတိုက် အများစု ဝင်ငွေလျော့ကျလာပြီး ဆက်လက် ရပ်တည်နိုင်ရေး အခက်အခဲတွေ ရှိတာကြောင့် ဝန်ထမ်းတွေ လျှော့ချတာ၊ လစာ လျှော့ချတာမျိုးတွေ ပြုလုပ်ခဲ့ရသလို ခု ကိုဗစ်ဒုတိယလှိုင်းမှာရော သတင်း ဌာနနဲ့ ဝန်ထမ်းတွေ ဘယ်လောက်ထိ တောင့်ခံထားနိုင်မှာပါလဲ။

Stay Home အမိန့်ကြေညာပြီးနောက် မြင်တွေ့ရတဲ့ လှည်းတန်း တဝိုက်မြင်ကွင်း (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ)

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကတော့ အခုလို သတင်းမီဒီယာ လုပ်ငန်းတွေ အခက်ကြုံနေရတာနဲ့ ပတ်သက်ပြီး ကူ ညီဖြေရှင်းပေးဖို့ ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနတို့ထံ အကူအညီ တောင်းခံထားပါတယ်။
ကိုဗစ် ထိန်းချုပ်ရေးအတွက် အိမ်မှာပဲ နေပါ

“ယခုအချိန်မှာ အထိရောက်ဆုံးနဲ့ ငွေကုန်ကြေးကျမရှိဆုံး နည်းဗျူဟာမှာ ပြည်သူတွေ မိမိနေအိမ်မှာသာ နေထိုင်ပြီး မဖြစ် မနေကိစ္စရပ်တွေအတွက် ပြင်ပသို့ ထွက်ရတဲ့အခါ ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ခြင်းပင် ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းကို Stay at Home ကြေညာပြီး ၂ ရက်မြောက် စက်တင်ဘာ ၂၂ ရက်နေ့မှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာက “ပြည်သူများသို့ အသိပေးခြင်း (၁)” ဆိုတဲ့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားတာပါ။

Stay Home အမိန့်ကြေညာပြီးနောက် မြင်တွေ့ရတဲ့ လှည်းတန်း တဝိုက်မြင်ကွင်း (ဓာတ်ပုံ – ထက်ဝေ၊ ဧရာဝတီ)

Stay at Home အစီအစဉ်ရဲ့ ထိရောက်မှုဟာ အနည်းဆုံး ၂ ပတ်ကြာမှ သိသာထင်ရှားတဲ့ အကျိုးရလဒ် ပေါ်ပေါက်လာ မှာ ဖြစ်ကြောင်း၊ လူနာသေဆုံးမှု နည်းပါးစေရန် အစွမ်းကုန် ကုသပေးလျက် ရှိသလို လူအများ စုဝေးရာဖြစ်တဲ့ ဈေးတွေ၊ စက်ရုံ အလုပ်ရုံတွေကတဆင့် ကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ်စေရေး အားဖြည့် ဆောင်ရွက်လျက်ရှိကြောင်းလည်း ပါရှိပါတယ်။

ကိုဗစ်ကပ်ရောဂါ မြန်မာနိုင်ငံမှာ ဘယ်အချိန် ပြီးဆုံးမယ်ဆိုတာ အတိအကျ မပြောနိုင်ပေမယ့် ပြည်သူတွေ ပူးပေါင်းပါဝင်မှု နဲ့ စည်းကမ်းလိုက်နာမှု ကောင်းရင်ကောင်းသလို၊ များရင်များသလို ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု အရှိအဟုန် ကျဆင်းသွားပြီး နိုင်နင်းတဲ့ အခြေအနေကို အမြန်ဆုံး ရောက်ရှိမှာ သေချာပါတယ်လို့လည်း သတင်းစကား ပါးထားပါတယ်။ ။

ယခု သတင်းဆောင်းပါးကို ဧရာဝတီ သတင်းထောက်များဖြစ်သည့် ဇူးဇူး၊ အောင်သီဟနှင့် ဇင်လင်းထက်တို့ ပူးပေါင်းရေးသားသည်။

You may also like these stories:

CMP စက်ရုံများ ရပ်နားရမှု ရေရှည်တွင်ဈေးကွက် ပျောက်နိုင် ဟုဆို

ကိုဗစ်ကြောင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ လျှော့ချပြေးဆွဲ

ကမ္ဘာတဝှမ်း COVID-19 ကူးစက်ခံရသူ သန်း ၃၀ ကျော်ပြီ

Did you find apk for android? You can find new Free Android Games and apps.
Loading