• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မဲဆွယ်ကာလ နိုင်ငံရေး အကြမ်းဖက်မှုများ ပေါ်ပေါက်

by စမ်းယမင်းအောင်
29 September 2020
in ဆောင်းပါး
A A
စက်တင်ဘာလ ၁၆ ရက် နေပြည်တော် ပုပ္ဗသီရိမြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မဲဆွယ်စည်းရုံး အင်အားပြပွဲတခု / USDP Facebook

စက်တင်ဘာလ ၁၆ ရက် နေပြည်တော် ပုပ္ဗသီရိမြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မဲဆွယ်စည်းရုံး အင်အားပြပွဲတခု / USDP Facebook

6.6k
VIEWS
Share on FacebookShare on Twitter

နိုဝင်ဘာ ၈ ရက်နေ့ ကျင်းပမည့် ရွေးကောက်ပွဲ နီးကပ်လာသည့်အချိန် စက်တင်ဘာ ၈ ရက်နေ့တွင် စတင်ခဲ့သော မဲဆွယ်စည်းရုံးရေး ကာလ၏ ပထမပိုင်း ရက်သတ္တပတ် အနည်းငယ်အတွင်း ရွေးကောက်ပွဲနှင့် ဆက်စပ်နေသော အကြမ်းဖက်မှုဖြစ်ရပ် သတင်းများ ထွက်ပေါ်လာခဲ့သည်။

အထူးသဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ (USDP) တို့ကြား ပြင်းထန်သော မဲဆွယ်တိုက်ပွဲများ ရင်ဆိုင်နေရသော နေရာများတွင် ဖြစ်သည်။ အမှုအရေအတွက်က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီကာလထက် များစွာ ပိုမိုများပြား နေခဲ့သည်။

စက်တင်ဘာ ၈ ရက်နေ့ နောက်ပိုင်း ဖြစ်ပွားခဲ့သော ရွေးကောက်ပွဲနှင့် ဆက်စပ်သည့် အကြမ်းဖက်မှုဖြစ်စဉ်များထဲတွင် ခြိမ်းခြောက်မှုများ၊ မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ်များ ဖျက်ဆီးခြင်း၊ အဓိကရုဏ်းများနှင့် ရွေးကောက်ပွဲ တာဝန်ရှိသူ တဦးကို ခြိမ်းခြောက်ရန် လက်ပစ်ဗုံးများ အသုံးပြုခြင်းတို့ ပါဝင်သည်။

စက်တင်ဘာလ ၂၄ ရက် မန္တလေးမြို့ပေါ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထောက်ခံသူများ လှည့်လည်အင်အားပြစဉ်/ဇော်ဇော်/ဧရာဝတီ

NLD မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ်များ ဖျက်ဆီးခံရခြင်း

မဲဆွယ်စည်းရုံးရေး၏ ပထမပိုင်း ရက်အနည်းငယ်အတွင်း မှာပင် နိုင်ငံတလွှားရှ်ိ နေရာ ၇ ခုတွင် NLD ရွေးကောက်ပွဲ စည်းရုံရေး ဆိုင်းဘုတ် အနည်းဆုံး တဒါဇင်ခန့် ဖျက်ဆီးခံခဲ့ရသည်။

ရန်ကုန်တိုင်းမှ ကိုကိုးကျွန်း၊ မန္တလေးတိုင်းရှိ မဟာအောင်မြေနှင့် ပုသိမ်ကြီးမြို့နယ်များ၊ နေပြည်တော်မှ ဇေယျာသီရိ မြို့နယ်၊ စစ်ကိုင်းတိုင်း မုံရွာမြို့နယ်၊ ချင်းပြည်နယ် ဟားခါးမြို့နယ်၊ မွန်ပြည်နယ်ရှိ ပေါင်၊ ချောင်းဆုံနှင့် ကျိုက်မရော မြို့နယ်များ နှင့် ရခိုင်ပြည်နယ် တောင်ကုတ် မြို့ နယ်တို့ ရှိ မဲဆွယ် ဆိုင်းဘုတ်များကို ပစ်မှတ်ထား ဖျက်ဆီးခြင်းခံခဲ့ရ ကြောင်း ပါတီ တာဝန်ရှိသူများက ဧရာဝတီသို့ ပြောသည်။ အခြားနေရာများတွင်လည်း ဖြစ်ပွားမှု အနည်းငယ်ရှိ ခဲ့ကြောင်း သိရ သည်။

အစောဆုံး ပေါ်ပေါက်ခဲ့သည့် အဖြစ်အပျက်က ချင်းပြည်နယ်တွင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ၏ ပထမဆုံး နေ့တွင် ဖြစ်ပွားခဲ့သည်။ စက်တင်ဘာ ၈ ရက်ညတွင် ဟားခါးမြို့နယ်ရှိ ဆိုင်းဘုတ်တခု ပေါ်မှ ပါတီ ကိုယ်စားလှယ်လောင်းများ၏ ဓာတ်ပုံများကို တစုံတဦးက ဓားကို သုံး၍ ဖျက်ဆီးခဲ့ကြောင်း NLD ၏ ချင်းပြည်နယ် ပြန်ကြားရေး ကော်မတီမှ Biak Kung က ပြောသည်။

ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၇ နှင့် ၅၈ အရ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ဝင်ရောက်နှောက်ယှက်ပါက ထောင်ဒဏ် တနှစ် ချမှတ်ခံရနိုင်သည်။

နေပြည်တော် ဇေယျာသီရိနှင့် ရခိုင်ပြည်နယ် တောင်ဂုတ်က ဆုတ်ဖြဲခံထိ NLD ဆိုင်းပုတ်များ

ထိပ်တန်း ဗိုလ်ချုပ်ကြီးများက တပ်မတော် ကျောထောက်နောက်ခံပြု USDP ကို ကိုယ်စားပြု၍ ဝင် ရောက်ယှဉ်ပြိုင်ကြသည့် နေရာ ဖြစ်သော ကိုကိုးကျွန်းတွင် စိုက်ထူခဲ့သော မဲဆွယ် ဆိုင်းဘုတ် ၆ ခု အနက် ၄ ခုက စက်တင်ဘာလ ၁၀ ရက်နေ့ညတွင် ဖျက်ဆီးခံခဲ့ရသည်ကို NLD က တွေ့ရှိခဲ့ကြောင်း ကိုကိုးကျွန်း မဲဆန္ဒနယ်တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ်လောင်းများထဲမှ တဦး ဖြစ်သည့် ဦးဝင်းကိုကိုဝင်းက ပြောသည်။

ကိုကိုးကျွန်းမြို့နယ်၏ လူဦးရေမှာ များသောအားဖြင့် စစ်မှုထမ်းများနှင့် ၎င်းတို့၏ မိသားစုများ အရပ်ဘက်ဝန်ထမ်းများ ဖြစ်သည်။ ကြံ့ခိုင်ရေးပါတီ က ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲ ၂ ခုလုံးတွင် အနိုင်ရရှိခဲ့သည်။

ရွေးကောက်ပွဲတွင် တပ်မတော်၏ နောက်ထပ် အမာခံနေရာတခု ဖြစ်သည့် နေပြည်တော်၏ ဇေယျာသီရိမြို့နယ် ကြို့ပင် ကျေးရွာတွင် NLD ကိုယ်စားလှယ်လောင်းများ၏ ရုပ်ပုံများ ပါဝင်သည့် ဆိုင်းဘုတ်များ စက်တင်ဘာ ၁၁ ရက်နေ့တွင် ဖျက်ဆီးခံခဲ့ရသည်။ ထိုအမှုအတွက် သံသယ ရှိသော အသက် ၁၉ နှစ် အရွယ် အမျိုးသားတဦးကို ဖမ်းဆီးထားကြောင်း မြို့နယ် NLD ဥက္ကဋ္ဌ ဦးသက်ထွေးက ပြောသည်။

ဖျက်ဆီးခြင်းများ မပေါ်ပေါက်မီမှာပင် စက်တင်ဘာ ၈ ရက်နေ့ တွင် ပါတီအလုပ်သမားများက ဆိုင်းဘုတ်များ စိုက်ထူရေးတွင် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်ဟု ဦးသက်ထွေးက ဆိုသည်။

နေပြည်တော် ရန်ပွဲမှာ ဒဏ်ရာရသွားတဲ့ လူငယ်လေးများ

“ဆိုင်းဘုတ်ကို သူ့အိမ်နားမှာ ထောင်ဖို့ ခွင့်ပြုခဲ့တဲ့ အိမ်ပိုင်ရှင်က သူ့ကို ရွာလူကြီး ၃ ယောက်က ခြိမ်းခြောက်ခဲ့တယ်လို့ ကျနော်တို့ကို ပြောပါတယ်။ သူက ကျနော်တို့ကို လက်ခံမယ်ဆိုရင် သူ့ကို ကန်ထုတ်ပစ်မယ်လို့ ပြောတယ်တဲ့” ဟု သူက ပြောသည်။ ပါတီက ရွေးကောက်ပွဲ ဥပဒေအရ အဆိုပါ ၃ ဦးကို အမှုဖွင့် တိုင်ကြားခဲ့သည်။

NLD သီချင်းဖွင့်သည့် လူငယ် အရိုက်ခံရခြင်း

စက်တင်ဘာ ၁၂ ရက်က ရန်ကုန်မြို့သာကေတမြို့နယ်ရှိ လမ်းတခုတွင် NLD တံဆိပ်ပါသော အနီ ရောင်ရှပ် အင်္ကျီဝတ်ပြီး ပါတီစည်းရုံးရေးသီချင်း ဖွင့်၍ စက်ဘီးဖြင့် စံပယ်ပန်းများရောင်းသော ၁၃ နှစ် အရွယ် လူငယ်တယောက်ကို အမျိုးသားတဦးက ရိုက်နှက်ခဲ့သည်။

လူငယ်ဈေးသည်မှာ ဝါးတုတ်ဖြင့် ရိုက်နှက်ခြင်း ခံခဲ့ရပြီး သူ၏ အသံချဲ့စက်မှာလည်း ဖျက်ဆီးခြင်း ခံခဲ့ရသည်။ အဆိုပါပြစ်မှုကျူးလွန်သူက လူငယ်၏ အသံချဲ့စက်မှ ဆူညံသံများက စိတ်အနှောက်အယှက် ဖြစ်စေခဲ့ ကြောင်း ပြည်တွင်း မီဒီယာများသို့ ပြောခဲ့သည်။

အမှုအား ကျူးလွန်သူက လူငယ်၏ ဒဏ်ရာများကို ကုသရေး ကုန်ကျစရိတ်ကို လျော်ကြေးအဖြစ်ပေးရန် သဘောတူခဲ့ပြီး အမှု ပြေလည်သွားခဲ့သည်။

နေပြည်တော် ရန်ပွဲမှာ ဖျက်ဆီးခံရတဲ့ ကြံ့ခိုင်ရေးစတစ်ကာကပ် မော်တော်ဆိုင်ကယ်တစီး

နေပြည်တော်က ရန်ပွဲ

စက်တင်ဘာ ၁၆ ရက်နေ့က နေပြည်တော်၊ ပုပ္ဗသီရိမြို့နယ်မှ မဲဆွယ် စည်းရုံးလှုံ့ဆော်ရေးလှည့်လည်မှု တခုတွင် ယာဉ်တန်း၌ ဆိုင်ကယ်ဖြင့် လိုက်ပါလာသော ကြံ့ခိုင်ရေး ပါတီဝင်အချို့နှင့် လူငယ် ၄ ဦး ခိုက်ရန် ဖြစ်ပွားခဲ့သည်။ ကြံ့ခိုင်ရေး ပါတီမှ မဲဆွယ်စည်းရုံးသူအချို့က ဆိုင်ကယ်များကို ရပ်တန့်၍ လူငယ်များကို ဆဲဆိုရာမှ စတင်ဖြစ်ပွားခဲ့ကြောင်း လူငယ်များထဲမှ တဦး၏ ဦးလေးတော်စပ်သူက ပြောသည်။ ကြံ့ခိုင်ရေး ပါတီကလည်း လူငယ်များက ယာဉ်တန်းကို လေးခွများ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ သည်ဟုဆိုသည်။

လူငယ် ၄ ဦး အနက် မှ ၂ ဦး နှင့်ကြံ့ခိုင်ရေး ပါတီယာဉ်တန်းမှ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ ၂ ဖက် လုံးက ဆဲဆိုမှု၊ နာကျင်စေမှုများ ဖြင့် အပြန်အလှန် အမှုဖွင့် တိုင်ကြားခဲ့ကြသည်။

မိတ္ထီလာက အဓိကရုဏ်း

ကြံ့ခိုင်ရေး အမာခံနယ်မြေ တခုဖြစ်သည့် မန္တလေးတိုင်း မိတ္ထီလာရှိ ညောင်ကိုင်း ကျေးရွာတွင် ကြံ့ခိုင်ရေးပါတီ ထောက်ခံသူ ရာပေါင်းများစွာက စက်တင်ဘာလ ၂၀ ရက် နေ့ မွန်းလွဲပိုင်းတွင် ဆူပူအကြမ်းဖက်ခဲ့ကြသည်။

မိတ္ထီလာက ရန်ပွဲမှာ တွေ့ရတဲ့ ကြံ့ခိုင်ရေးပါတီ ထောက်ခံသူများ

Facebook တွင် ပျံ့နှံ့ သွား သော ဗီဒီယိုတခုတွင် ပါတီ၏ အမှတ်တံဆိပ်ပါသော အစိမ်းရောင်အင်္ကျီများ ဝတ်ဆင်ထားကြသည့် ကြံ့ခိုင်ရေးပါတီမှ မဲဆွယ်စည်းရုံးသူများက ပဋိပက္ခ ဖြစ်ပွားနေစဉ်အတွင်း NLD ထောက်ခံသူတဦး၏ အိမ်ကို ခဲလုံးများဖြင့် အော်ဟစ်ပစ် ပေါက် နေကြသည်ကို တွေ့ရသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
174
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
557
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
128

အကြမ်းဖက်သူများကို အိမ်ပိုင်ရှင်က အမှုဖွင့်ခဲ့သည်။ ကြံ့ခိုင်ရေး ပါတီမှ စည်းရုံးရေးမှူး အနည်းဆုံး ၆ ဦး ကို နာကျင်စေမှု၊ ဆဲဆိုမှုများ ကျူးလွန်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့သည်။

ကျေးရွာရှိ NLD ထောက်ခံသူများက ၎င်းတို့၏လှုပ်ရှားမှုများကို ဟန့်တားခဲ့ခြင်းကြောင့် ပဋိပက္ခ စတင်ခဲ့ရသည်ဟု ကြံ့ခိုင်ရေး ပါတီက ပြောသည်။

နေပြည်တော်က လက်ပစ်ဗုံး

ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် အတိုက်အခံပါတီအချို့၏ တောင်းဆိုချက်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ပယ်ချလိုက်ပြီး နောက်ပိုင်း နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းထွေး၏ နေအိမ်ကို လက်ပစ်ဗုံး ၂ လုံး ပစ်ပေါက်ခံ ထိခဲ့သည်။

တွေ့ရှိခဲ့ပြီး များမကြာမီမှာပင် ရဲတပ်ဖွဲ့နှင့် စစ်အင်ဂျင်နီယာ တပ်ဖွဲ့တို့က လက်ပစ်ဗုံးများကို ရှင်းလင်း ဖယ်ရှားခဲ့ကြသည်။ ပထမဆုံး လက်ပစ်ဗုံးကို စက်တင်ဘာလ ၁၉ ရက်နေ့တွင် ရှာဖွေတွေ့ရှိပြီး ဒုတိယတခုကို စက်တင်ဘာလ ၂၀ ရက်နေ့ နေ့လည်တွင်တွေ့ရှိခဲ့သည်။ ဗုံး၂ ခုလုံးကို လမ်းပေါ်မှ နေ၍ ခြံဝင်းထဲပစ်ချခဲ့ခြင်း ဖြစ်သည်။

နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်ခွဲ ဥက္ကဋ္ဌ နေအိမ်ဝင်းအတွင်း လက်ပစ်ဗုံး ၂ လုံး တွေ့ရသည်

တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက အခင်းဖြစ်ပွားနေရာကို စစ်ဆေးခဲ့သော စစ်လက်နက်ပစ္စည်း ကျွမ်းကျင်သူများနှင့် ဒေသခံရဲများက လက်ပစ်ဗုံးများသည် အိမ်နီးချင်းနိုင်ငံ တခုတွင် ထုတ်လုပ်ခဲ့သည့် ဗုံးများ ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ကြောင်း ပြောသည်။ မည်သည့်နိုင်ငံ ဖြစ်သည်ကို သူက ပြောကြားခဲ့ခြင်း မရှိဘဲ ဖြစ်စဉ်ကို လုံခြုံရေး တာဝန်ရှိသူများက စုံစမ်းစစ်ဆေးနေကြောင်း ထပ်မံပြောကြားခဲ့သည်။

အာဏာရ ပါတီဟောင်းဖြစ်ပြီး တပ်မတော်၏ ကျောထောက်နောက်ခံရရှိထားသော ကြံ့ခိုင်ရေး ပါတီ နှင့် မဟာမိတ်ပါတီ ၂၃ ခုတို့က COVID-19 ကပ်ရောဂါ ပိုးကူးစက်နှုန်းနှင့် လူသေနှုန်း မြင့်တက်လာမှုကို အကြောင်းပြု၍ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန် တောင်းဆိုခဲ့ကြသည်။ အခြားပါတီ အနည်းငယ်ကလည်း တောင်းဆိုရာတွင် ပါဝင်ခဲ့ကြသော်လည်း NLD နှင့် တိုင်းရင်းသားပါတီများ အပါအဝင် ပါတီအများစုက သူတို့နှင့် ပူးပေါင်းခဲ့ခြင်း မရှိပါ။

(San Yamin Aung ၏ Violence Erupts Shortly After Myanmar Political Parties Hit Campaign Trail ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

ပါတီကို ဝန်းရံသူများကို တားမရဟု NLD ဆို

မဲရုံတာဝန်ကျ ပညာရေးဝန်ထမ်းများ လက်ရှိ မိမိနေထိုင်ရာနေရာ၌ တာဝန်ထမ်းရမည်

သံရုံးတွင်သာ မဲရုံဖွင့်မည့်အတွက် ထိုင်းရှိ မြန်မာလုပ်သားအများစု မဲပေးရန် မသေချာ

မဲဆွယ်မှုကို ခြိမ်းခြောက်သည့် RCSS ကို TNP ပါတီက ကော်မရှင်ထံ တိုင်ကြား

Your Thoughts …
Tags: NLDUSDPနိုင်ငံရေး အကြမ်းဖက်မှုများပေါ်ပေါက်မဲဆွယ်ကာလ
စမ်းယမင်းအောင်

စမ်းယမင်းအောင်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

Next Post
ဥရောပနိုင်ငံတွေမှာ COVID-19 ရောဂါ ကူးစက်မှုတွေ တဖန်ပြန် မြင့်တက်နေပါတယ်။

ဥရောပမှာ ကိုဗစ် ကူးစက်မှု များလာတာကြောင့် စည်းမျဉ်းသစ် ထုတ်ပြန်

COVID-19 ကပ်ရောဂါကြီး စတင်ကူးစက်လာချိန် ၉ လအတွင်းမှာ သေဆုံးသူ အရေအတွက်ဟာ ၁ သန်းကျော်သွားပြီ ဖြစ်ပါတယ်။

ကမ္ဘာတဝှမ်း COVID-19 ကြောင့် သေဆုံးသူ ၁ သန်းကျော်ပြီ

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved