ကာလရှည်စွာ မျှော်လင့်ထားသည့် မြန်မာနိုင်ငံတွင် တာဝန်ယူမှု ရှိစေရေး နိုင်ငံတကာ၏ အားထုတ်မှုများ အရှိန်ရလာသည့်အချိန်တွင် တရားမျှတမှုအတွက် သက်သေအထောက်အထားများ ပေးမည်ဟု ကနဦးတွင် ယူဆနိုင်ဖွယ် ရှိသော လတ်တလော အခြေအနေများသည် ပိုမိုနီးကပ်စွာ စစ်ဆေးမည်ဆိုလျှင် ထိုကဲ့သို့သော စုံစမ်းစစ်ဆေးမှုများအတွက် အနှောင့်အယှက်ဖြစ်စေမည့် အလားအလာများ ရှိနေနိုင်သည်။
စက်တင်ဘာ ၈ ရက်နေ့တွင် အမေရိကန်နိုင်ငံမှ အစိုးရမဟုတ်သော အဖွဲ့အစည်းတခုဖြစ်သည့် Fortify Rights က New York Times သတင်းစာနှင့် ပူးပေါင်း၍ ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ ခေါ် ရခိုင်ပြည်မြောက်ပိုင်းနေ မွတ်ဆလင်များအား သတ်ဖြတ်ခြင်းကို မြန်မာ့တပ်မတော်၏ အမိန့်ဖြင့် ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသော တပ်သား ၂ ဦး၏ သက်သေခံ ထွက်ဆိုချက်ကို ထုတ်ပြန်ခဲ့သည်။
ဝန်ခံကြောင်း ကြေညာချက်နှင့် စစ်သားများ၏ အမည်ကို ဖော်ပြထားသည့် သတင်းတွင် ကိုယ်ရေးကိုယ်တာ အချက်အလက်များ အသေးစိတ် ဖော်ပြခဲ့ပြီး အဆိုပါ စစ်သားများကို မေလအတွင်းက ဖမ်းဆီးခဲ့သည့် မြန်မာပြည်တွင်း လက်နက်ကိုင် အဖွဲ့တခု ဖြစ်သော ရခိုင်စစ်တပ် (AA) က ကနဦး ထုတ်ပြန်ခဲ့ပြီး သတင်းမီဒီယာ အချို့သို့ပေးခဲ့သော ဗီဒီယိုများတွင် ရိုဟင်ဂျာ အရပ်သားများကို သတ်ရန် အမိန့်ပေးခဲ့သည်ဟု ဆိုသော တပ်မတော်အရာရှိ အဆင့်ဆင့်စာရင်းကို ဖော်ပြခဲ့သည်။
သို့သော်လည်း ဗီဒီယို တွေ့ဆုံမေးမြန်းမှုများက သူတို့ အလွန်အကျူး တင်စားသလောက် ဟုတ်မနေခဲ့ပါ။
ဖမ်းဆီးခံရသော စစ်သား ၂ ဦး မှာ ယခုအခါ The Hague တွင် ရောက်ရှိနေပြီး နိုင်ငံတကာ တရားရုံးများနှင့် အဆက်အသွယ်ရှိသည်ဟု သတင်းရရှိသည်။ Fortify Rights က ဝန်ခံထွက်ဆိုချက်များကို “တရားမျှတမှုအတွက် ကြီးမားသော အခိုက်အတန့် တခု” ဟု ခေါ်လိုက်ပြီး New York Times ကလည်း “ပထမဆုံး” ဟု ဆိုခဲ့သည်။
သို့သော်လည်း ဗီဒီယို တွေ့ဆုံမေးမြန်းမှုများက သူတို့ အလွန်အကျူး တင်စားသလောက် ဟုတ်မနေခဲ့ပါ။
၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင် မြန်မာ လုံခြုံရေးတပ်ဖွဲ့များက ရိုဟင်ဂျာ များအပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂ၊ လူ့အခွင့်အရေးအဖွဲ့များနှင့် မီဒီယာများ၏ အသေးစိတ် အချက်အလက် မှတ်တမ်းများက ရှိနေခဲ့ပြီး ဖြစ်သည်။ ကြီးလေးသော ရာဇဝတ်မှု ကျူးလွန်မှုများနှင့် ပတ်သက်၍လည်း မြန်မာအစိုးရ၏ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (ICOE) ၏ ဝန်ခံချက်အချို့ ၂၀၂၀ ခုနှစ် အစောပိုင်းမှစ၍ ရှိခဲ့ပြီး ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)၊ နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) နှင့် မြန်မာနိုင်ငံ အတွက် ကုလသမဂ္ဂ၏ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM) တို့၏ စုံစမ်းစစ်ဆေးမှုများနှင့် သက်သေအထောက်အထားများ စုဆောင်းခြင်းတို့ ဆက်လက်ဆောင်ရွက်နေသည့် အချိန်တွင် Fortify Rights နှင့် New York Times တို့က ထုတ်ပြန်သော အသေးစိတ်အချက်အလက်များက အဆိုပါ စုံစမ်းစစ်ဆေးမှုများ၏ ရှုထောင့်များအတွက် အန္တရာယ်များ ဖြစ်နိုင်ပါသလား။
အချို့ ရှေ့နေများနှင့် အခြား လေ့လာဆန်းစစ်သူများက ထိုသို့ပင် ထင်မြင်ကြသည်။ လူသိရှင်ကြားပြောခြင်းက စစ်သား ၂ ဦး၊ မြန်မာနိုင်ငံတွင် ရှိနေသေးသော ၎င်းတို့၏ မိသားစုဝင်များ၊ ရင်းနှီးသောမိတ်ဆွေများနှင့် လုပ်ဖော်ကိုင်ဘက်များအတွက် လက်တုန့်ပြန်ခံရနိုင်သည့် လုံခြုံရေးကို ခြိမ်းခြောက်နိုင်သည့် အလားအလာရှိကြောင်း နှင့် ရက်စက်မှုများအတွက် အလားအလာရှိသည့် သက်သေများ ရှေ့ထွက်လာရေးတွင် ၎င်းတို့က အတားအဆီး ဖြစ်နိုင်ကြောင်း သူတို့က လူသိရှင်ကြားပင် ပြောကြသည်။
ဝရမ်းထုတ်ခံရသူများ ရှာဖွေဖော်ထုတ်ရေး မီဒီယာ ဇာတ်လမ်းများအတွက် ဆက်စပ်နေသော အချက် ၃ ချက်ရှိပါသည်။
Fortify Rights အနေဖြင့် ဗီဒီယို သက်သေများကို ပြုလုပ်ခဲ့သော AA လက်နက်ကိုင် အဖွဲ့ဆီသို့ မည်သည့် အတိုင်းအတာ ထိတွေ့ရင်းနှီးခဲ့သနည်း။
ပထမအချက်မှာ လူ့အခွင့်အရေးအဖွဲ့များနှင့် သတင်းစာကြားမှ တရားမဝင် ပူးပေါင်း ဆောင်ရွက်မှု၏ သဘောသဘာဝ ဖြစ်သည်။ အဘယ်ကြောင့် အလွန်အကဲဆတ်သော သတင်းအချက်အလက်များကို အလွန်အသေးစိတ်သော အချက်များနှင့် အတူ အချိန်အတိအကျတွင် ထုတ်ပြန်ရန် ဆုံးဖြတ်ချက်ချ ခဲ့ရသနည်း။
Fortify Rights အနေဖြင့် ဗီဒီယို သက်သေများကို ပြုလုပ်ခဲ့သော AA လက်နက်ကိုင် အဖွဲ့ဆီသို့ မည်သည့် အတိုင်းအတာ ထိတွေ့ရင်းနှီးခဲ့သနည်း။
မည်သည့်အတိုင်းအတာထိ စီမံခွင့်ရခဲ့သနည်း။ မေလတွင် ပထမဆုံး လူသိရှင်ကြား ပေါ်ထွက်လာခဲ့သော်လည်း ဇူလိုင်လတွင် ပြန်လည်ထုတ်လွှင့်ခဲ့သည့် ဝန်ခံချက်များက သက်သေအထောက်အထားများ စုစည်းပြင်ဆင်မှုတွင် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းလော။
လူသိရှင်ကြား ထုတ်လွှင့်ပြသပြီးနောက် အဆင့်နိမ့် “အတွင်း သက်သေများ” အနေဖြင့်ပင်လျှင် စစ်သားများ၏ သက်သေခံထွက်ဆိုချက်များက မည်သည့်တရားရုံး ကြားနာစစ်ဆေးမှုတွင်မဆို မည်မျှ လက်ခံနိုင်လောက်ဖွယ် ရှိမည်နည်း။ မြန်မာစစ်သား ၂ ဦး ကို The Hague သို့ ပို့ဆောင်ရာတွင် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက မည်သည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသနည်း။
သူတို့၏ သက်သေထွက်ဆိုချက်ကို ထုတ်ပြန်ရန်နှင့် ထုတ်ပြန်ပုံ နည်းလမ်းအပေါ်တွင် လက်နက်က်ိုင်အဖွဲ့အစည်း၊ ဘင်္ဂလားဒေ့ရှ်အစိုးရ သို့မဟုတ် တရားရုံး တာဝန်ရှိများက မည်မျှကင်းရှင်းခဲ့ကြောင်း အာမခံခဲ့သနည်း။
၎င်းတို့ အားလုံးသည် မီဒီယာတွင် လူသိရှင်ကြား ထုတ်ပြန်မှုကြောင့် ပေါ်ပေါက် လာသော မေးခွန်းများဖြစ်ကြသည်။ ထပ်၍လည်း ရှိသေးသည်။
ပို၍ အမြော်အမြင်ရှိရန် ရှင်းရှင်းလင်းလင်းပင် လိုအပ်ကြောင်း ဝေဖန်သူများက ပြောကြသည်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ICC ၏ ရှေ့နေရုံး (OTP) က ရိုဟင်ဂျာများအား အတင်းအဓမ္မပြန်ပို့ခြင်းဆိုင်ရာ ရာဇဝတ်မှုအပေါ် ၎င်းတို့၏ စုံစမ်းစစ်ဆေးခြင်းကို ကြေညာခဲ့ပြီး အမှုအားလုံးတွင် ၎င်းတို့ သုံးစွဲနေကျ စကားလုံးများ အတိုင်းပင် ဖော်ပြခဲ့သည်။
Fortify Rights ၊ New York Times နှင့် လက်လွတ်စပယ် စာနယ်ဇင်းတို့၏ ပုံကြီးချဲ့ အရေးအသားတို့က ဖော်ပြရန် ပျက်ကွက်ခဲ့သည်မှာ AA ၏ ပြည်သူ့ဆက်ဆံရေး ယန္တရား အားဖြည့်ရေးတွင် စစ်သုံ့ပန်းများကို ကုန်ကြမ်းသဖွယ် အသုံးပြုခြင်းက မည်သည့် အတိုင်းအတာ ပါဝင်နေခဲ့သနည်း ဆိုသည်ပင် ဖြစ်သည်။
အတိအကျအားဖြင့် ICC က “ဆောင်ရွက်ဆဲ စုံစမ်းစစ်ဆေးမှုများနှင့် ပတ်သက်၍ ထင်မြင်ချက်များကို ထုတ်ဝေခြင်း သို့မဟုတ် ကောလာဟလများ ဖြန့်ဝေခြင်း မပြုလုပ်ရန် ရုံးတော်က မီဒီယာများသို့ တိုက်တွန်းပါသည်။ ထိုသို့ ပြုလုပ်ခြင်းသည် စုံစမ်းစစ်ဆေးမှု၏ သမာသမတ်ကျမှုကို ကာကွယ်ရန်အတွက်သာမက ဒုက္ခသည်များ၊ မျက်မြင်သက်သေများနှင့် ရုံးတော်နှင့် ဆက်သွယ်ဆောင်ရွက်သူ အားလုံးတို့၏ ဘေးကင်းမှုနှင့် လုံခြုံရေးကို သေချာစေရန်အတွက်လည်း မရှိမဖြစ် လိုအပ်ပါသည်” ဟု ပြောကြားခဲ့သည်။
Fortify Rights ၊ New York Times နှင့် လက်လွတ်စပယ် စာနယ်ဇင်းတို့၏ ပုံကြီးချဲ့ အရေးအသားတို့က ဖော်ပြရန် ပျက်ကွက်ခဲ့သည်မှာ AA ၏ ပြည်သူ့ဆက်ဆံရေး ယန္တရား အားဖြည့်ရေးတွင် စစ်သုံ့ပန်းများကို ကုန်ကြမ်းသဖွယ် အသုံးပြုခြင်းက မည်သည့် အတိုင်းအတာ ပါဝင်နေခဲ့သနည်း ဆိုသည်ပင် ဖြစ်သည်။
၂၀၀၉ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် AA က ပြီးခဲ့သည့် ၂ နှစ် အတွင်းတွင် မြန်မာနိုင်ငံမှ အန္တရာယ် အများဆုံးသော အစိုးရဆန့်ကျင်ရေး လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်လာခဲ့သည်။ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များရှိ ဧရိယာ အများ အပြားတွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ အရှိန်ရ သွေးကြွလာသည့် လက်နက်ကိုင်များက မြန်မာလုံခြုံရေးတပ်ဖွဲ့များကို ထောင်နှင့် ချီ၍ မရှိခဲ့လျှင်ပင် ရာနှင့်ချီသော ထိခိုက်သေဆုံးမှုများကို ဖြစ်စေခဲ့ပြီး ၎င်းတို့ကိုယ်တိုင် စစ်ပွဲဥပဒေများကို ချိုးဖောက် ကျူးလွန်မှူများ ရှိခဲ့သည်။
၎င်းတို့၏ ပိုမို ပါးနပ်လိမ်မာသော သတင်းထုတ်ပြန်မှုတွင် ဖမ်းဆီးရမိသော တပ်မတော် သို့မဟုတ် ရဲ ဝန်ထမ်းများ၊ ဘက်ပြောင်းလာသူများနှင့် တပ်ပြေးများအဖြစ် သံသယရှိသူများအား တပ်မတော်ကို လူကြမ်းအဖြစ် လူသိရှင်ကြား သရုပ်ဖော်ပေးရန် ပုံမှန် အသုံးပြုခဲ့သည်။

ဥပမာအားဖြင့် AA သည် ၎င်း၏ ဝက်ဘ်ဆိုဒ်တွင် “POW (စစ်သုံ့ပန်း)” ကဏ္ဍတခုကို ထည့်သွင်းထားပြီး ထိုခေါင်းစဉ်အောက်တွင် ဗီဒီယို အင်တာဗျူးများ ဖော်ပြပေးသည်။ အထက်ဖော်ပြပါ သက်သေ ၂ ဦး အနက် ၁ ဦး ကို မေလ ၂၉ ရက်တွင် ပထမဆုံးအကြိမ် တွေ့ဆုံမေးမြန်းခဲ့သည်။
AA ၏ ဝက်ဘ်ဆိုက်တွင် ၎င်းတို့၏အမည်များ၊ ရာထူးအဆင့်များနှင့် ကိုယ်ပိုင် နံပါတ်များ၊ သနားကရုဏာ ပြသသည့် အနေဖြင့် ပြန်လွှတ်ပေးခဲ့သည့် တပ်မတော်မှ သက်ကြီးပိုင်း စစ်သားများအပါအဝင် (အချို့က သိသိသာသာပင် ဒဏ်ရာရရှိထားပြီး ထိတ်လန့်ကြောက်ရွံ့နေကြသည်) ဖမ်းဆီးခံရသော အကျဉ်းသားများနှင့် ပတ်သက်၍ သူတို့၏ သက်သာချောင်ချိရေး အခြေအနေ သတင်းများ အပါအဝင် စာရင်းပြုစုဖော်ပြထားသည်။ AA က YouTube တွင် ဗီဒီယိုလိုင်းတခု၊ VK အကောင့်တခုနှင့် Twitter တွင် ရေးသားဖော်ပြမှုများကိုလည်း ဆက်လက်ပြုလုပ်နေသည်။
စက်တင်ဘာ ၁၉ ရက်နေ့ တွင် AA က လွန်ခဲ့သော တနှစ်က ဖမ်းမိထားသော အရာရှိ တဦး အပါအဝင်စစ်သား ၂ ဦး နှင့် ရဲတပ်ဖွဲ့ဝင် တဦးက သူတို့၏ မိခငတပ်ဖွဲ့များသို့ ပြန်ပို့ပေးရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ရန် တောင်းဆိုထားခြင်း ပါဝင်သော ဗီဒီယိုအသစ် ၃ ခု ထုတ်လွှင့်ခဲ့သည်။ ရဲတပ်ဖွဲ့ဝင် ၁၇ ယောက်နှင့် တပ်မတော်သား ၃၀ ကျော်အား ထိန်းသိမ်းထားသည် ဟု AA က ဆိုသည်။
နိုင်ငံတကာအဆင့် မဟုတ်သည့် လက်နက်ကိုင် ပဋိပက္ခတွင် ပါဝင်သော အဖွဲ့အစည်းတခု ဖြစ်သည့် AA က အကျဉ်းသားများအား အကြမ်းဖက်မှုလုပ်ရပ် မှန်သမျှကိုသာမက ခြိမ်း ခြောက်ခြင်း၊ စော်ကားခြင်းနှင့် လူထုရှင်ကြား ဖော်ထုတ်ခြင်းများမှ ကာကွယ်ပေးရန် ဖော်ပြထားသည့် စစ်သုံ့ပန်းများနှင့် ပတ်သက်သည့် ဂျီနီဗာ တတိယ သဘောတူညီချက် (အပိုဒ် ၁၃) မှ စည်းမျဉ်းစည်းကမ်းများနှင့် မသက်ဆိုင်ပါ။
ထိုအပိုဒ်တွင် သတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်း၊ ရက်စက်ကြမ်းကြုတ်စွာ ပြုမူခြင်း၊ အရှက်ခွဲခြင်းနှင့် ဂုဏ်သိက္ခာ ကျဆင်းစေသည့် ပြုမူ ဆက်ဆံမှု၊ ဓားစာခံ အဖြစ် ဖမ်းဆီးခြင်းနှင့် မမျှတသော တရားစီရင်ခြင်းများကို အထူးတလည် တားမြစ်ထားသည်။
သို့သော် ၎င်းတို့အနေဖြင့် ရန်သူလက်ထဲရှိ လူအားလုံးအတွက် မည်သည့် ခွဲခြားမှုမျှမရှိဘဲ လူသားချင်းစာနာထောက်ထားစွာ ဆက်ဆံရန် လိုအပ်သည့် သဘောတူညီချက်၏ အပိုဒ် ၃ ကို လိုက်နာရန် တာဝန်ရှိသည်။
ထိုအပိုဒ်တွင် သတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်း၊ ရက်စက်ကြမ်းကြုတ်စွာ ပြုမူခြင်း၊ အရှက်ခွဲခြင်းနှင့် ဂုဏ်သိက္ခာ ကျဆင်းစေသည့် ပြုမူ ဆက်ဆံမှု၊ ဓားစာခံ အဖြစ် ဖမ်းဆီးခြင်းနှင့် မမျှတသော တရားစီရင်ခြင်းများကို အထူးတလည် တားမြစ်ထားသည်။
AA က သူတို့၏ ဝါဒဖြန့်ချိရေး ရည်ရွယ်ချက်များအတွက် အလဲအလှယ် လုပ်နိုင်သော သရုပ်ပြပစ္စည်းများအဖြစ် အကျဉ်းသားများအား (အဆိုပါပုဂ္ဂိုလ်များသည် ဖမ်းဆီးခံရသူများ၊ လက်နက်ချလာသူများ သို့မဟုတ် ဘက်ပြောင်းလာသူများ ဟုတ် မဟုတ်နှင့် လက်ရှိအချိန်တွင် အတင်းအကျပ် ခိုင်းစေခြင်း ရှိခဲ့မည်ဆိုလျှင် မည်သည့် အတိုင်းအတာ ရှိသည် ဆိုသည်တို့က မသဲကွဲပါ) အသုံးပြုနေခြင်းကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ထိုသို့ ပြုလုပ်ခြင်းသည် အများပြည်သူ စိတ်ဝင်စားမှုအား ပိတ်ပင်ထားခြင်းအပေါ် ဖောက်ဖျက်သလို အရှက်ခွဲခြင်းနှင့် ဂုဏ်သိက္ခာကျဆင်းစေခြင်းတို့ကိုလည်း ကျူးလွန်ရာရောက်နိုင်ပါသည်။
နိုင်ငံတကာ မူးယစ်ဆေးဝါးရောင်းဝယ်ရေးနှင့် ဆက်စပ်နေကြောင်း သံသယရှိသည့် လက်နက်ကိုင်အဖွဲ့အစည်းတခုအဖြစ် မြန်မာ့တပ်မတော်၏ ကျင့်ဝတ်သိက္ခာပိုင်းအရ ထိုးနှက်မှုကို ခက်ခက်ခဲခဲ ရင်ဆိုင်နေရသည့် AA အနေဖြင့် အကျဉ်းသားများကို အသုံးချခြင်းနှင့် အရပ်သားများအပေါ် အကြမ်းဖက်သည့် ၎င်း၏ အပြုအမူများ တိုးပွားလာခြင်းက စစ်ပွဲဆိုင်ရာ ဥပဒေများကို ပြင်းထန်စွာ ချိုးဖောက်သည့် အခြေအနေသို့ ရောက်သွားရန် ဖြစ်နိုင်ဖွယ်ရာများ ရှိနေသည်။

AA သည် လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ (၎င်းတို့ထဲမှ တဦးမှာ AA က ထိန်းသိမ်းထားစဉ် တပ်မတော်မှ ပစ်ခတ်သည့် လက်နက်ကြီးကျရောက်၍ သေဆုံးခဲ့ရသည်)၊ ဒေသဆိုင်ရာ အာဏာပိုင်များ၊ မီးသတ်သမားများနှင့် အိန္ဒိယနိုင်ငံသား အင်ဂျင်နီယာများ အပါအဝင် အရပ်သားများကို ဓားစာခံအဖြစ် ဖမ်းဆီးသည့် စိတ်ပျက်စရာ နည်းဗျူဟာကိုလည်း ကျင့်သုံးသည်။
ပြီးခဲ့သည့် ၂ နှစ်အတွင်း အရပ်သား အနည်းဆုံး ၁၈ ဦး ပျောက်ဆုံးခဲ့ခြင်းအတွက် AA တွင် တာဝန်ရှိကြောင်း ချင်းလူ့အခွင့် အရေးအဖွဲ့ တခုက ပြောသည်။
တပ်ပြေးဇာတ်လမ်းကို ဖော်ပြခဲ့ကြသည့် မီဒီယာ သတင်းဖော်ပြမှု အများစုတွင် လက်ရှိ ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခ သို့မဟုတ် ၂၀၁၈ ခုနှစ် နှောင်းပိုင်းမှ စတင်၍ ပြင်းထန်စွာ ခံစားခဲ့ရသော ရခိုင်တိုင်းရင်းသား အရပ်သား ပြည်သူတို့၏ ဆင်းရဲဒုက္ခများကို ဖော်ပြရန် ပျက်ကွက်ခဲ့ကြသည်။
ရခိုင် တိုင်းရင်းသား အများစုဖြစ်သည့် အရပ်သား ၁၅၀,၀၀၀ ကျော်မှာ ပြည်တွင်း စစ်ရှောင် ဒုက္ခသည်များ ဖြစ်လာခဲ့ကြရပြီး ပြီးခဲ့သည့်နှစ်အတွင်း လက်နက်ကြီးများဖြင့် မဆင်မခြင် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ငယ် ပစ်ခတ်မှုများကြောင့် ခန့်မှန်းခြေအားဖြင့် လူ ၃၀၀ ခန့် သေဆုံးခဲ့ရပြီး AA ကို ထောက်ခံသည်ဟု သံသယရှိသည့်အတွက် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေများအရ ဖမ်းဆီးခံရသူ အမြောက်အများ ရှိခဲ့သည်။ ချင်းလူမျိုး အရပ်သားများလည်း ဒုက္ခရောက်ခဲ့ရသည်။
“လက်ရှိမှာ ရခိုင်၊ ချင်း၊ မျို၊ ဒိုင်းနက်နဲ့ ရိုဟင်ဂျာ အသိုင်းအဝိုင်းက ပြည်သူတွေဟာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်များရှိ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပိုမိုထိခိုက်လာပါတယ်။ အချို့ ကိစ္စတွေမှာ သူတို့ဟာ နောက်ထပ် စစ်ရာဇဝတ်မှုတွေ သို့မဟုတ် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေ ပါဝင်နိုင်တဲ့ ပစ်မှတ်ထားခြင်း သို့မဟုတ် တရားလက်လွတ် တိုက်ခိုက်ခြင်းတွေ ခံခဲ့ရတဲ့ အသွင် ရှိပါတယ်”
စက်တင်ဘာ ၁၄ ရက်နေ့ တွင် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က
“လက်ရှိမှာ ရခိုင်၊ ချင်း၊ မျို၊ ဒိုင်းနက်နဲ့ ရိုဟင်ဂျာ အသိုင်းအဝိုင်းက ပြည်သူတွေဟာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်များရှိ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ပိုမိုထိခိုက်လာပါတယ်။ အချို့ ကိစ္စတွေမှာ သူတို့ဟာ နောက်ထပ် စစ်ရာဇဝတ်မှုတွေ သို့မဟုတ် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေ ပါဝင်နိုင်တဲ့ ပစ်မှတ်ထားခြင်း သို့မဟုတ် တရားလက်လွတ် တိုက်ခိုက်ခြင်းတွေ ခံခဲ့ရတဲ့ အသွင် ရှိပါတယ်”ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတလွှားမှ အခြားသော အသိုင်းအဝိုင်းများအပေါ် ဆက်လက် ကျူးလွန်နေသော လူ့အခွင့်အရေး ချိုးဖောက်မှုများ အကြောင်း အနောက်တိုင်း မီဒီယာများ သိရှိဖော်ပြမှုက ရိုဟင်ဂျာများ၏ ဆင်းရဲဒုက္ခများထက် နည်းပါးနေလေ့ရှိသည်။ ထို့ကြောင့် မြန်မာစစ်သား ၂ ဦး ထံမှ နည်းလမ်းမကျစွာ ရယူထားသော သက်သေထွက်ဆိုချက်များသည် စနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသော လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ခံလာစေရေး ကြိုးပမ်းမှုများအပေါ် ဆိုးကျိုး သက်ရောက်နိုင်သော အလားအလာများ ရှိနေသည်။
အများပြည်သူဆိုင်ရာ လူ့အခွင့်အရေးများ၊ မီဒီယာသတင်းဖော်ပြမှုများနှင့် သတိတကြီး လျှို့ဝှက်စွာ ပြုလုပ်ရမည့် တရားမျှတမှု ဖော်ဆောင်ရေး အားထုတ်မှုများ မတော်တဆ ထိပ်တိုက် ရင်ဆိုင်တွေ့ခြင်းမှ ရှောင်ရှားနိုင်ရန် “deconfliction” ကို အခြေခံကျကျ လိုက်နာခြင်းက ပိုမို၍ ကျယ်ပြန့်စွာ သဘောပေါက်ထားရမည့် မရှိမဖြစ် ကိစ္စတခု ဖြစ်သင့်ပါသည်။
ထိရှလွယ်သော အဖြစ်အပျက်များကို လူသိရှင်ကြား ထုတ်လွှင့်ခြင်းက တက်ကြွလှုပ်ရှားသော အဖွဲ့များနှင့် မီဒီယာ သတင်းဦး သတင်းထူးများအတွက် ကောင်းသော်လည်း အဆိုးရွားဆုံး ခံစားခဲ့ရသူများအတွက် တရားမျှတမှု ရှာဖွေရေးကို အန္တရာယ်ဖြစ်စေနိုင်ပါသည်။
(David Scott Mathieson သည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဆိုင်ရာ ကိစ္စရပ်များကို ရေးသားနေသည့် လွတ်လပ်သော လေ့လာဆန်းစစ်သူတဦး ဖြစ်ပါသည်။ ၎င်း၏ Asia Times ပါ Commodifying prisoners of war in Myanmar ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
AAနှင့် ARSAတို့ ဘင်္ဂလားဒေ့ရှ်ပိုင်နက်ကို အသုံးချနေဟု မြန်မာအစိုးရပြော
မြန်မာနယ်စပ်အနီးတွင် ဘင်္ဂလားဒေ့ရှ်က စစ်အင်အား ထပ်ဖြည့်နေ
တပ်မတော်သား၂ ဦး ICC မှာ ခိုင်လုံတဲ့ သက်သေတွေ ဖြစ်လာမလား