၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်သော အစိုးရအဖွဲ့ သက် တမ်း ကုန်ဆုံးတော့မည့်အချိန်မှာ နီးကပ်လာပြီ ဖြစ်သည်။
NLD အစိုးရအနေနဲ့ စတက်လာသည့် အချိန်တွင် ငြိမ်းချမ်းရေး ကိစ္စရပ်များ၊ နိုင်ငံတွင်း ပဋိပက္ခများကို ဖြေရှင်းဆောင်ရွက် နေရ သည့် အတွက် စီးပွားရေးကဏ္ဍတွင် ဦးစားပေးနိုင်မှု အားနည်းခဲ့ရသည်။
NLD အစိုးရတက်ပြီး သုံးလခန့်အကြာ၂၀၁၆ ခုနှစ် ဇူလိုင် ၂၉ ရက်တွင် စီးပွားရေး မူဝါဒ ၁၂ ချက်ကို ချမှတ်ခဲ့သည်။
အဆိုပါ စီးပွားရေး မူဝါဒကို စီမံ/ဘဏ္ဍာ ဝန်ကြီးဟောင်း ဦးကျော်ဝင်း ရေးဆွဲခဲ့ခြင်းဖြစ်ပြီး မူဝါဒကို အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များဘက်ညီမျှတစွာ တိုးတက်ရေး၊ အလုပ်အကိုင်ဖန်တီးမှုကို အားပေးရေး စသည့် အချက်များပေါ် အခြေခံကာ ရေးဆွဲထားသည်။
မူဝါဒ တခုချင်းစီကို အသေးစိတ် ကြည့်ရလျှင် အစိုးရ အသုံးစရိတ် စနစ်တကျ ဖြစ်စေရန်၊ ပွင့်လင်းမြင်သာမှု ရှိခြင်းမှ တဆင့် ငွေကြေး အရင်းအမြစ်များ ပိုမိုတိုးတက်လာစေရန်အတွက် ရည်ရွယ်ထားသော်လည်း ယေဘူယျဆန်သော ကြောင့် စီးပွားရေး လုပ်ငန်းရှင်များ၊ ပညာရှင်များ၏ ဝေဖန်မှုများလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့သည်။
NLD အစိုးရသည် ပါတီ၏ စီးပွားရေး မူဝါဒ လမ်းစဉ်ပေါ်သို့ အပြည့်အဝ တာဝန်ခံထားခြင်း မဟုတ်ဘဲ အချိန်အတော်ကြာ မှသာ စီးပွားရေး မူဝါဒ ၁၂ ချက် အဖြစ် ထွက်ပေါ်လာခြင်းလည်း ဖြစ်ပေသည်။
ထိုစီးပွားရေး မူဝါဒအပေါ်လည်း ပြည်တွင်းရှိ လုပ်ငန်းရှင်များ၊ ပညာရှင်များ အားရကျေနပ်မှု မရှိခဲ့ပေ။
NLD အစိုးရ၏ စီးပွားရေးကဏ္ဍ ဖော်ဆောင်နိုင်မှုများ
၂၀၁၆ ခုနှစ် ဧပြီလတွင် တက်လာသော NLD အစိုးရအနေဖြင့် စီးပွားရေး မူဝါဒ ၁၂ ချက်တွင် လမ်းများ၊ တံတားများ တည် ဆောက်ခြင်း၊ အခြေခံ အဆောက်အအုံများ တည်ဆောက်ခြင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဝင်ရောက်ရေး၊ ကုန်သွယ် ရေးကဏ္ဍနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍများတွင် သိသာသော အကောင်အထည်ဖော်မှု ရှိခဲ့သည်ကို မြင်တွေ့ရသည်။
ရင်းနှီးမြှုပ်နှံမှု
ပြီးခဲ့သည့် ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ၂၀၁၁ -၂၀၁၂ ဘဏ္ဍာနှစ်မှာ အမေရိကန် ဒေါ်လာ ၄၆၄၄ ဒသမ ၄၆၀ သန်း၊ ၂၀၁၂-၂၀၁၃ ခုနှစ်မှာ ဒေါ်လာ ၁၄၁၉ ဒသမ ၄၆၇ သန်း၊ ၂၀၁၃-၂၀၁၄ ခုနှစ်မှာ ဒေါ်လာ ၄၁၀၇ ဒသမ ၀၅၅ သန်း၊ ၂၀၁၄-၂၀၁၅ ခုနှစ်မှာ ဒေါ်လာ ၈၀၁၀ ဒသမ ၅၃၃ သန်း၊ ၂၀၁၅-၂၀၁၆ ခုနှစ်မှာ ဒေါ်လာ ၉၄၈၆ ဒသမ ၁၂၃ သန်း ဝင် ရောက်ခဲ့သည်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နံှမှု ကော်မရှင်၏ စာရင်းများအရ သိရသည်။
လက်ရှိ NLD အစိုးရ လက်ထက်တွင်၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၆၆၄၉ ဒသမ ၈၁၂ သန်း ရရှိခဲ့ သဖြင့် ဦးသိန်း စိန် အစိုးရသက်တမ်း နောက်ဆုံးနှစ်နှင့် နှိုင်းယှဉ်လျှင် ဒေါ်လာ သန်း ၂၈၀ ကျော် လျော့ကျခဲ့သည်။
သို့သော် နောက်ပိုင်းနှစ်များတွင် ရင်းနှီးမြှုပ်နှံမှု တက်လာကာ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် စက်တင်ဘာလ ၄ ရက်အထိ ကန် ဒေါ်လာ ၅၁၅၇ ဒသမ ၇၈၇ သန်း ဝင်ရောက်ထားကြောင်း သိရသည်။
NLD အစိုးရလက်ထက်တွင် နိုင်ငံ၏ အဓိက မောင်းနှင်အားဖြစ်သော စီးပွား/ကူးသန်း ဝန်ကြီးဌာနကို ဒေါက်တာ သန်းမြင့် က ပို့ကုန်သုံးဆ တိုးမြှင့်ရေး အိမ်မက်နှင့် တက်လှမ်းလာသည်။
ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍကို လေ့လာကြည့်လျှင် NLD အစိုးရ၏ သက်တမ်း ပထမ နှစ်ဦးပိုင်းတွင် ကျဆင်းခဲ့သော် လည်း နောက်ပိုင်း တိုးတက်မှုများ ရှိလာသည်ဟု ဆိုနိုင်သည်။
ရင်းနှီးမြှုပ်နှံမှု ပမာဏကြီးမားသည့် စက်မှုဇုန် စီမံကိန်းများ၊ ဈေးဝယ်စင်တာ တည်ဆောက်ရေး စီမံကိန်းများနှင့် လျှပ်စစ် ဓာတ်အား ထုတ်လုပ်သည့် မြန်မာနိုင်ငံ၏ ဆိုလာပါဝါ စီမံကိန်းများကိုလည်း NLD အစိုးရ သက်တမ်းတွင် စတင်ခဲ့သည်။
ကပ်ရောဂါ ဖြစ်ပွားနေသည့် ယခုလို ကာလမှာပင် ရင်းနှီးမြှုပ်နံှမှု လုပ်ငန်းများကို လုပ်ကိုင်မှု လွယ်ကူစေရန် ခွင့်ပြုပေးခြင်း နိုင်ငံတကာ စီးပွားရေး လုပ်ငန်းရှင်များကို ဖိတ်ခေါ်ခြင်း စသည့်တို့ကို အစိုးရက ဦးစားပေး လုပ်ဆောင်ခြင်းများ ရှိလာနေ သည်က အစိုးက စီးပွားရေးအပေါ် အာရုံထားလာသည်ဟု ဆိုနိုင်သည်။
ကုန်သွယ်ရေးကဏ္ဍ
ကုန်သွယ်ရေးကဏ္ဍကို ကြည့်မည်ဆိုလျှင် ဦးသိန်းစိန် လက်ထက် အစိုးရ စတင်သည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကုန် သွယ်မှု ဒေါ်လာ ၁၈ ဘီလီယံနှင့် စတင်ခဲ့ကာ သက်တမ်းကုန်ဆုံးမည့်၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၂၇ ဘီလီယံ ကျော်အထိ ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့သည်။
ဦးသိန်းစိန် အစိုးရလက်ထက်တွင် တရားမဝင် ကုန်သွယ်မှုများ ကြီးစိုးခဲ့သောကြောင့် Mobile Team အဖွဲ့ ဖွဲ့ကာ မှောင်ခို ကုန်သွယ်မှုများကို တားဆီး ထိန်းချုပ်မှုများ ပြုလုပ်ခဲ့သည်။
NLD အစိုးရလက်ထက်တွင် နိုင်ငံ၏ အဓိက မောင်းနှင်အားဖြစ်သော စီးပွား/ကူးသန်း ဝန်ကြီးဌာနကို ဒေါက်တာ သန်းမြင့် က ပို့ကုန်သုံးဆ တိုးမြှင့်ရေး အိမ်မက်နှင့် တက်လှမ်းလာသည်။
ထိုအိပ်မက်နှင့် စတင်သည့် အစိုးရသစ်၏ ပထမနှစ်က ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃၃ ဘီလီယံကျော် ကုန် သွယ်မှု ပြုလုပ်နိုင်ခဲ့ပြီး ယခု၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဇွန်လအထိ ဒေါ်လာ ၃၄ ဒသမ ၃၅၃ ဘီလီယံ ပြုလုပ်နိုင်ခဲ့သော ကြောင့် ကုန်သွယ်မှုတွင် တိုးတက်လာသည်ကို တွေ့ရသည်။
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်လွင်က “ကိုဗစ်ကြောင့် ထိခိုက်တာ ရှိပေမယ့် ပြီးခဲ့တဲ့ ကာလတူနဲ့ နှိုင်းယှဉ်ရင် ကုန်သွယ်မှုက တိုးတက်လာတယ်။ ပင်လယ်ရေကြောင်းနဲ့ နယ်စပ် ကုန်သွယ် ရေး ပေါင်းမယ်ဆိုတော့ အရင်နှစ်ကထက် တိုးတက်တယ်။ နှစ်ဆကျော်လောက် တိုးတက်လာတယ်” ဟု ပြောပြသည်။
ကုန်သွယ်ရေးတွင် သစ်သီးဝလံတင်ပို့မှု ကဏ္ဍကလည်း တိုးတက်မှု ရှိလာပြီး ဆန်စပါး ကဏ္ဍတွင်လည်း ဈေးကွက်သစ်များ ရရှိလာခြင်းများ ရှိကြောင်း ၎င်းက ရှင်းပြသည်။
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ဖြစ်ပွားမှုကြောင့် ထိခိုက်မှု ရှိနေပြီး ကပ်ရောဂါ မဖြစ်လျှင် မြန်မာ့ကုန်သွယ်ရေး ကဏ္ဍသည် ယခုထက် ပို၍ တိုးတက်လာနိုင်သော အလားအလာများ ရှိနေနိုင်ကြောင်း ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက ပြောဆိုကြသည်။
ကုန်သွယ်ရေး တိုးမြင့်ဆောင်ရွက်ခြင်းကို အကောင်အထည်ဖော်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေနှင့် ပြည်ပနိုင်ငံများသို့ စီးပွားရေးသံမှူးများ စေလွှတ်ကာ ဈေးကွက်၊ ဝယ်လိုအား၊ တဖက်နိုင်ငံ၏ အခြေအနေများကို စုံစမ်းကာ ပြည်တွင်းရှိ ကုန်သည်၊ လုပ်ငန်းရှင်များနှင့် ချိတ်ဆက် ဆောင်ရွက်ပေးလျက် ရှိနေသည်။
အခြေခံ အဆောက်အုံကဏ္ဍ
NLD အစိုးရလက်ထက်တွင် အထူးသဖြင့် လမ်း၊ တံတား၊ အခြေခံ အဆောက်အအုံ တည်ဆောက်သည့် ကိစ္စရပ်များသည် လူထုကြား သိသာသော တိုးတက်မှုတခု ဖြစ်သည်ဟု စီးပွားရေး ပညာရှင် ဒေါက်တာ ဇော်ဦးက သုံးသပ်ပြောပြသည်။
“စီးပွားရေးမူ ၁၂ ချက်မှာ ပါခဲ့တာလည်း မဟုတ်ဘူး။ သူတို့ရဲ့ ကြေညာစာတမ်းမှာလည်း ဒီကိစ္စ အဓိက လုပ်မယ်ဆိုပြီး ပြောထားတာတော့ မဟုတ်ဘူး။ အရင်က ရှိပြီးခဲ့တဲ့ စီမံကိန်းတွေကိုပဲ အကောင်းဆုံးဖြစ်အောင် လုပ်သွားတယ်လို့ ပြော လို့ရတာ တခုတော့ ရှိတာပေါ့” ဟု ၎င်းက ဆိုသည်။
NLD အစိုးရ လက်ထက်အတွင်း တံတားအစင်းပေါင်း ၅၂၀ ကျော် ဆောက်လုပ်ခဲ့ပြီး ပြည်ထောင်စု အစိုးရက ကျပ် ၈၅၀ ဘီလီယံနှင့် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများက ကျပ် ၃၃၀ ဘီလီယံခန့်ဖြင့် စုစုပေါင်း ကျပ် ၁၁၀၀ ဘီလီယံကျော် အသုံးပြုဆောက်လုပ်ခဲ့ကြောင်း ဆောက်ရေး ဝန်ကြီးဌာန၊ တံတားဦးစီးဌာနက ၂၀၂၀ ခုနှစ် စက်တင်ဘာလအတွင်းက ထုတ်ပြန်ထားသည်။
ထို့ပြင် ဆောက်ရေး ဝန်ကြီးဌာနအောက်ရှိ တည်ဆောက်ရေး လုပ်ငန်းများကို တည်ဆောက်နေသော အဆောက်အအုံ ဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာနတို့သည် လာမည့်၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အောက်တိုဘာလ ၁ ရက်မှစတင်ကာ တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက် မည် မဟုတ်တော့၍ ဆောင်ရွက်ဆဲ လုပ်ငန်းများနှင့် လုပ်ငန်းသစ်များကို ပုဂ္ဂလိက တင်ဒါခေါ်ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ကြေညာထားသည်။
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဖြစ်ပြီး ပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများကြား ထိစပ်နေသော ဝန်ဆောင်မှုများကြားတွင် ယခင်က လက်ဖက်ရည်ဖိုးထက်မက ပေးရသည့် လာဘ်ပေးလာဘ်ယူမှုများ အတော်ပင် လျော့ကျသွားကြောင်း တွေ့ရသည်
ထိုအချက်ကလည်း ပုဂ္ဂလိက ဆောက်လုပ်ရေးကဏ္ဍအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပို၍ ရရှိလာနိုင်ရန် ငွေကြေး စီးဆင်းမှု မြန်ဆန်လာစေရန် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။
လက်ရှိ NLD အစိုးရသက်တမ်း အတွင်း၌လည်း နိုင်ငံစီးပွားရေး အကောင်အထည် ဖော်ဆောင်နေမှုမှာ နိုင်ငံရေးအရ ထိုက် သင့်သည့် အောင်မြင်မှုများ ရရှိခဲ့ကြောင်း ဥပမာအားဖြင့် ကိုဗစ်ကာလတွင် ကမ္ဘာ့နိုင်ငံအများ၌ စီးပွားရေး အကြီးအကျယ် ထိခိုက်ခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်း အသားတင်ထုတ်ကုန် တန်ဖိုး(GDP)၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အကြီးအကျယ် ထိခိုက်သွားခြင်း မရှိသည့်အပြင် အနည်းငယ် တိုးတက်လာသည်ကိုပင် တွေ့ရကြောင်း NLD ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် ဒေါက်တာ မျိုးညွန့်က ပြောသည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒသည် ရေရှည်အနေဖြင့် အနည်းငယ် အရှိန်ရလာပြီဖြစ်ကြောင်း ၎င်းက ထပ် လောင်း ပြောဆိုသည်။
“စီးပွားရေးမူဝါဒ ၁၂ ချက်အရပဲ ကျနော်တို့ NLD အစိုးရကနေ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးမှု မဟာဗျူဟာစီမံကိန်း (NSDP) ချမှတ်ပြီးတော့ အကောင်အထည် ဖော်နေပါတယ်” ဟုလည်း ဆိုသည်။
NLD အစိုးရ၏ စီးပွားရေး မူဝါဒအပေါ်ဝေဖန်မှုများနှင့် ပတ်သက်၍လည်း ဒေါက်တာ မျိုးညွန့်က “ဝေဖန်တာတော့ သူတို့ အနေနဲ့ သူတို့ ဝေဖန်တာဖြစ်တယ်။ ကျနော်တို့ကတော့ မူဝါဒ ချမှတ်တာက အကောင်းဆုံး အကောင်အထည်ဖော်နိုင် အောင် ကြိုးစားမယ်။ နောက်ပြည်သူတွေရဲ့ လိုအပ်ချက်နဲ့ မကိုက်ညီရင်လည်း မွမ်းမံပြင်ဆင်ပြီးတော့ ဆက်လုပ်သွားမယ်” ဟု ပြောသည်။
ယခုအစိုးရလက်ထက်တွင် လုပ်ငန်းရှင်များ လုပ်သာကိုင်သာ ရှိစေရန်အတွက်လည်း ချေးငွေများ ထုတ်ပေးခြင်း၊ လုပ် ငန်းရှင်များ လုပ်သာကိုင်သာရှိစေရန် လုပ်ထုံးလုပ်နည်း တချို့နှင့် ငွေကြေးဆိုင်ရာ ဖြေလျှော့ပေးခြင်းတို့လည်း ရှိခဲ့သည်။
ထို့ပြင် အစိုးရ၏ သိသာထင်ရှားသည့် လုပ်ဆောင်မှု တချက်မှာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဖြစ်ပြီး ပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများကြား ထိစပ်နေသော ဝန်ဆောင်မှုများကြားတွင် ယခင်က လက်ဖက်ရည်ဖိုးထက်မက ပေးရသည့် လာဘ်ပေးလာဘ်ယူမှုများ အတော်ပင် လျော့ကျသွားကြောင်း တွေ့ရသည်ဟု စီးပွားရေး ပညာရှင် ဒေါက်တာ ဇော်ဦးက ပြောသည်။
ဝန်ထမ်းများ၏ လာဘ်ပေးလာဘ်ယူမှု ကိစ္စများကို အစိုးရအနေနှင့် စုံစမ်းထောက်လှမ်းပြီး ၎င်းတို့ကို စစ်ဆေး အပြစ်ပေး ခြင်းက ပြင်းထန်သောကြောင့် အကျင့်ပျက် ခြစားမှု တော်တော်များများကလည်း အတိုင်းတာတခုအထိ ရောက်ခဲ့ခြင်းက အားရကျေနပ်ဖွယ်ဖြစ်ကြောင်း စီးပွားရေး ပညာရှင်များက တညီတညွတ် သုံးသပ်ထားသည်။
အစိုးရ၏ စီးပွားရေး ဖော်ဆောင်မှုအပေါ် ဝေဖန်ချက်များ
အစိုးရ၏ စီးပွားရေး မူဝါဒ ထွက်ရှိကတည်းက လုပ်ငန်းရှင်များနှင့် စီးပွားရေး လေ့လာသုံးသပ်သူများကြား ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ထိုမူဝါဒကို အမှန်တကယ်ထိရောက်စွာ အကောင်အထည်ဖော်မှု ရှိမရှိကိုလည်း စောင့်ကြည့် လေ့လာမှုများလည်း ရှိသည်။
စီးပွားရေး လေ့လာသုံးသပ်သူ ဦးဇော်ဖေဝင်းက “မူဝါဒ ၁၂ ချက်ကတော့ ဝါကျ တကြောင်းထဲမှာပဲ အချက်အလက်တွေ တော်တော်များများ ရေးထားတယ်။ ဘယ်ကိစ္စကို ဦးစားပေး လုပ်မယ် ဆိုတဲ့ဟာမျိုး မပေါ်လွင်ဘူး။ ပြန့်ကျဲနေတယ်” ဟု ထောက်ပြ ပြောဆိုသည်။
အစိုးရအနေဖြင့် စီးပွားရေး မူဝါဒကို အကောင်အထည်ဖော်သည့် နေရာတွင်လည်း သက်တမ်း တဝက်ကျော်တွင် ကိုဗစ် ကပ်ရောဂါ ဖြစ်ပွားခြင်းကလည်း စီစဉ်ဆောင်ရွက်နေသော လုပ်ငန်းတော်တော်များများကို အဆုံးသတ် စုစည်းရန် အချိန် မရဘဲ ကိုဗစ်ကို တွန်းလှန်ရင်းသာ သက်တမ်း ကုန်သွားရမည့် သဘောမျိုးသာ ရှိသည်ဟု ၎င်းက ပြောသည်။
အဓိကတော့ ဝင်ငွေနဲ့ အလုပ်အကိုင်မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဒီအစိုးရ သက်တမ်း ငါးနှစ် အတွင်းမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှု မရှိခဲ့ဘူ
ထို့ကြောင့် အစိုးရအနေနှင့် မူဝါဒများကို ချမှတ်ထားသော်လည်း ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခြင်း မရှိကြောင်း ၎င်းက သုံးသပ်သည်။
NLD စီးပွားရေး ဗဟိုကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ဖူးသူလည်းဖြစ်၊ စီးပွားရေး ပညာရှင်လည်းဖြစ်သူ ဦးမင်းခင်က လည်း စီးပွားရေး မူဝါဒမှာ ယေဘူယျဆန်နေသဖြင့် နောက်ပိုင်းတွင် ထပ်မံရေးဆွဲခဲ့ရပြီး လက်ရှိတွင်လည်း COVID-19 ကမ္ဘာ့ ကပ်ရောဂါ ဖြစ်ပွားနေသဖြင့် နိုင်ငံစီးပွားရေးအတွက် အစိုးရသည် COVID-19 စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက် (CERP)ကို ထပ်မံရေးဆွဲရခြင်းကလည်း မူဝါဒများ မတည်မငြိမ် ဖြစ်ခြင်းကို ဖော်ပြနေသည်ဟု ဆိုသည်။
ထို့ကြောင့် အစိုးရ၏ စီးပွားရေးမူဝါဒသည် တိကျခိုင်မာရမည် ဖြစ်သော်လည်း တည်ငြိမ်မှု အားနည်းသည်ဟု ထောက်ပြ သည်။
ထို့ပြင် NLD အစိုးရ၏ စီးပွားရေးမူ တခုဖြစ်သည့် အခြေခံ စီးပွားရေး အဆောက်အအုံများ လျှင်မြန်စွာ တိုးတက်လာစေ ရေး အချက်တွင် လျှပ်စစ်ဓာတ်အား၊ လမ်း၊ ဆိပ်ကမ်း ဖွံ့ဖြိုးရေးတို့ကို ထည့်ထားပြီး ယင်းအချက်အနေနှင့် လမ်းတခုသာ တိုးတက်မှု တွေ့ရပြီး လျှပ်စစ်ကဏ္ဍတွင် ပိုမကောင်းလာသည့် အပြင် ဈေးနှုန်းကြီးမြင့်ခြင်း၊ မီးအား မမှန်ခြင်းတို့ကြောင့် စက်မှုကဏ္ဍအတွက် အခက်အခဲ ဖြစ်ခဲ့သည်ဟု စီးပွားရေး ပညာရှင်များက ဆိုထားသေးသည်။
ဥပမာအားဖြင့် ဆိပ်ကမ်းဆိုသည့် အချက်ကို ကြည့်လျှင် ကျောက်ဖြူရေနက် ဆိပ်ကမ်း၊ ထားဝယ်ရေနက် ဆိပ်ကမ်း ဆိုသည့် ဆိပ်ကမ်း ၂ ခုနှင့် အထူး စီးပွားရေးဇုန်ကလည်း သက်တမ်း ၅ နှစ်အတွင်း ရေရာသေချာသည့် လုပ်ဆောင်မှုမျိုး မတွေ့ခဲ့ရကြောင်း စီးပွားရေးပညာရှင် ဒေါက်တာ ဇော်ဦးက သုံးသပ်ပြောဆိုသည်။
ဘက်စုံ ဖွံ့ဖြိုး တိုးတက်ခြင်း ပို့ကုန်မြှင့်တင်နိုင်ခြင်းတို့မှာလည်း ဖြစ်လာခြင်း မရှိဘဲ လယ်ယာ၊ သား၊ ငါး ကဏ္ဍတွင် မှီခိုနေ သော တောင်သူများနှင့် ၎င်းတို့၏ မိသားစုဝင်များ အနေနှင့် ယခင်ကထက် မိသားစု ဝင်ငွေ နည်းပါးသွားသည့် အခြေ အနေများ ရှိနေသည်ဟု ထောက်ပြ ပြောဆိုသည်။
မြန်မာရွှေ့ပြောင်း လုပ်သားများ အနေဖြင့် ထိုင်း၊ မလေးရှား၊ စင်ကာပူနိုင်ငံများ သာမက အရှေ့တောင်အာရှ နိုင်ငံများတွင် အဆင်းရဲဆုံး နိုင်ငံတခု ဖြစ်သော လာအိုနိုင်ငံလိုမျိုးကိုပင် သွားရောက်လုပ်ကိုင်နေသည့် လုပ်သားများ တိုးနေခြင်းက ပြည် တွင်း၌ အလုပ်အကိုင် အခွင့်အလမ်း မရှိကြောင်း ဖော်ပြနေသည်။
ဒေါက်တာ ဇော်ဦးက “အဓိကတော့ ဝင်ငွေနဲ့ အလုပ်အကိုင်မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဒီအစိုးရ သက်တမ်း ငါးနှစ် အတွင်းမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှု မရှိခဲ့ဘူး” ဟု ပြောသည်။
NLD အစိုးရ စီးပွားရေး ပေါ်လစီအပေါ် တခြား ပါတီများ၏ အမြင်
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဦးစိုင်းသီဟကျော် ကလည်း အစိုးရ ချမှတ်ခဲ့သည့် မူဝါဒ ၁၂ ချက်က မြေပြင်တွင် နိုင်ငံ့ စီးပွားရေးကို တွန်းအားပေး ဆောင်ရွက်နိုင်သော သိသာမြင် သာသည့် လုပ်ဆောင်ချက်မျိုး မတွေ့ရကြောင်း ဆိုသည်။
“ဒါပေမယ့် ဗဟိုဘဏ်အပိုင်းမှာတော့ အတော်အတန် ထိန်းကျောင်း ဆောင်ရွက်နိုင်တာ တွေ့ရတယ်။ ကူးသန်း ရောင်းဝယ် ရေးမှာတော့ နယ်စပ် ကုန်သွယ်ရေးတွေက အစ သိပ်ပြီးတော့ သိသာပြောင်းလဲတဲ့ နိုင်ငံသားတွေ အတွက် အကျိုးရှိစေ မယ့် ကိစ္စရပ်တွေကိုတော့ မတွေ့ရဘူး” ဟု ၎င်းက ထောက်ပြသည်။
အထူးသဖြင့် တိုင်းသား ဒေသများရှိ ထွက်ကုန်သီးနှံများကို တဖက်နိုင်ငံသို့ တင်ပို့ရောင်းချသည့် အခါ ပိတ်ပင် တားဆီး ခံရသည့် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော အခြေအနေများ ရှိခဲ့သည်။
ထိုကိစ္စကို လွှတ်တော် ကိုယ်စားလှယ်များက သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ မေးခွန်းများ မေးမြန်း တင်ပြခဲ့သော်လည်း တဖက်နိုင်ငံနှင့် ညှိနှိုင်းပေးမည် ဆိုသော အချက်မှလွဲ၍ လုံလောက်သော အဖြေ မရရှိခဲ့ပေ။
ဆက်လက်၍ ဦးစိုင်းသီဟကျော်က ဆောက်လုပ်ရေး လုပ်ငန်းများကလည်း တုံ့ဆိုင်းသွားသည့် အခြေအနေများ ရှိခဲ့သဖြင့် ယင်းနှင့် ဆက်စပ်သော လုပ်များမှာ ထိခိုက်သွားခြင်းများလည်း ရှိခဲ့ကြောင်း ယခု အစိုးရသက်တမ်း ကာလအတွင်း အား နည်းခဲ့သည့် အချက်များကို သုံးသပ်ပြောဆိုသည်။
ယင်းပြင် ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စဖြစ်သော ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ကိစ္စရပ်များကလည်း နိုင်ငံ၏ စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှုများအပေါ် များစွာ အကျိုးသက်ရောက်မှုများ ရှိနေသကဲ့သို့ ကပ်ရောဂါဆိုး၏ အန္တရာယ်ကလည်း အစိုးရ ၏ စီးပွားရေးလုပ်ငန်းများ ဖွ့ွံဖြိုး တိုးတက်အောင် ဆောင်ရွက်ရာတွင် နှောင့်နှေးမှုများ ဖြစ်စေသည်။
NLD အစိုးရ၏ လုပ်ဆောင်ချက်များကို အားမရသည့် နိုင်ငံရေး ပါတီတချို့ကမူ ကိုယ်ပိုင် စီးပွားရေး မူဝါဒများကို ပြင်ဆင်နေသည်များလည်း ၂၀၂၀ ရွေးကောက်ပွဲတွင် ရှိလာသည်။
NLD မှ ဒေါက်တာ မျိုးညွန့်ကလည်း အစိုးရစတက်ခါစနှစ်များတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဖွဲ့စည်းပေးလိုက်သော အစိုးရအဖွဲ့ကို လူထုအနေဖြင့် အားမလို အားမရ ဖြစ်ခဲ့သည်ကို နားလည်ကြောင်းလည်း ဝန်ခံ ပြောဆိုသည်။
“ကျနော်တို့ နိုင်ငံမှာ တည်ရှိနေတဲ့ အုပ်ချုပ်ရေးစနစ်ကို ဒီမိုကရေစီစနစ်နဲ့ အံဝင်ခွင်ကျဖြစ်အောင် ပြုပြင်ပြောင်းလဲရတဲ့ အတွက် အချိန်လေး အနည်းငယ် ယူနေရတာ ဖြစ်ပါတယ်။ အခု အုပ်ချုပ်ရေး ယန္တရားက ဒီမိုကရေစီစနစ်နဲ့ ပိုပြီးတော့ လိုက်လျောညီထွေ ရှိလာတာနဲ့ အများပြည်သူများ မြင်တွေ့နိုင်ပြီလို့ ပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။
ယခု NLD အစိုးရ လက်ကျန် သက်တမ်းအတွင်း အကောင်အထည်ဖော်ရန် ကျန်ရှိသည့် စီမံကိန်းများကိုလည်း Project bank အတွင်း ထည့်သွင်းထားပြီး နိုင်ငံ့ဝင်ငွေ ရရှိမူအပေါ်တွင် မူတည်ပြီး ဆက်လက် အကောင်အထည်ဖော်သွားရန် ရှိ ကြောင်း သိရသည်။
“ဒါက ရေရှည်မှာ နိုင်ငံဖွံ့ဖြိုးမှုအတွက် အကုန်အကျ သက်သာစေပြီး ထိရောက်မှု ရှိမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ နိုင်ငံ အတွက် လိုအပ်တဲ့ စီမံကိန်းတွေကို ဖော်ဆောင်ပြီးတော့ အခု အကောင်အထည် မဖော်နိုင်ရင်တောင် Project bank ထဲ ထားပြီးတော့ နိုင်ငံအတွက် နောက်ပိုင်းမှာ ငွေကြေး ရရှိလာမှုအပေါ်မှာ မူတည်ပြီး ဆောင်ရွက်မှာ ဖြစ်တယ်” ဟု ၎င်းက ဆို သည်။
NLD ပါတီ၏ ၂၀၁၅ ကြေညာစာတမ်းတွင် အခွန်ကောက်ခံရေး၊ ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရ များ ဘဏ္ဍာရေး လုပ်ပိုင်ခွင့်များ ခွဲဝေလုပ်ကိုင်ရေး ကိစ္စများ ပါဝင်သော ပြည်သူ့ ဘဏ္ဍာရေး ပါရှိပြီး ပြည်သူများက လိုလား စွာ ထမ်းဆောင်လိုစိတ် ရှိစေသည့် အခွန်စနစ်မျိုး ပေါ်ပေါက်ရန် တွန်းအားပေးမည် ဟု ဆိုထားသည်။
လယ်ယာကဏ္ဍ တိုးတက်ရေး၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရေးနှင့် နိုင်ငံတကာဈေးကွက်များသို့ ထိုးဖောက် ဝင်ရောက်ရေး တို့မှာမူ ၂၀၁၅ စီးပွားရေး စာမျက်နှာကဲ့သို့ ၂၀၂၀ တွင်လည်း ပါဝင်သည်။
NLD အစိုးရ၏ လုပ်ဆောင်ချက်များကို အားမရသည့် နိုင်ငံရေး ပါတီတချို့ကမူ ကိုယ်ပိုင် စီးပွားရေး မူဝါဒများကို ပြင်ဆင်နေသည်များလည်း ၂၀၂၀ ရွေးကောက်ပွဲတွင် ရှိလာသည်။
လက်ရှိ အစိုးရလက်ထက်တွင် စီးပွားရေး ကဏ္ဍသည် ကျဆင်းသည့်အပြင် ကိုဗစ်ကပ်ရောဂါ ဖြစ်ပေါ်လာသောကြောင့် ပိုဆိုးသွားသည့် အခြေအနေတွင် ရှိနေသည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)မှ ပြန်ကြားရေး တာဝန်ခံ ဒေါက်တာ နန္ဒာလှမြင့်က ဆိုသည်။
ထို့ကြောင့် ၎င်းတို့ ပါတီအနေနှင့် ၂၀၂၀ အလွန်တွင် စီးပွားရေးကဏ္ဍအလိုက် ပြန်လည် ဦးမော့လာစေရန် မူဝါဒကို သက် ဆိုင်ရာ အတွေ့အကြုံ ရှိသော ဝန်ကြီးဟောင်းများ၊ ပညာရှင်များ ပါဝင်ကာ ကုန်သွယ်မှု ကဏ္ဍ၊ ထုတ်လုပ်မှု ကဏ္ဍ၊ ဝန် ဆောင်မှုကဏ္ဍ အစရှိသဖြင့် ကဏ္ဍအလိုက် ဖော်ဆောင် ရေးဆွဲထားပြီး ဖြစ်ကြောင်း ပြောဆိုသည်။
“ကျနော်တို့မှာ Plan ရှိပါတယ်။ ပထမ ၁ နှစ်မှာ ဘာလုပ်မယ် ဒုတိယ တနှစ်မှာ ဘယ်ကဏ္ဍတွေကို ဘယ်လိုလုပ်မယ်။ တတိယနှစ်မှာ ဘယ်လို လုပ်မယ်ဆိုတာ ကျနော်တို့မှာ စီမံထားတာ ရှိတယ်” ဟု ဒေါက်တာ နန္ဒာလှမြင့်က ထပ်လောင်း ပြောဆိုသည်။
လက်ရှိ ပြည်သူတွေ ကြုံတွေ့နေရသည့် စီးပွားရေး အကျပ်အတည်း၊ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှု၊ အခွန်တိုးမြင့်မှု စသည့် ကဏ္ဍများ အပါအဝင် စီးပွားရေး မူဝါဒကို သေချာ ပြင်ဆင်ထားကြောင်းလည်း ဆိုထားသည်။
နိုင်ငံရေး ပါတီပေါင်း ၉၀ ကျော် ရှိသည့် အနက် အစိုးရ ဖွဲ့နိုင်သော ပါတီမှာ လက်ချိုးရေ၍ ရကြောင်း၊ အစိုးရဖွဲ့နိုင်သည့် ပါတီမှသာလျှင် တိုင်းပြည် စီးပွားရေး ဦးမော့လာအောင် ဆောင်ရွက်နိုင်မည် ဖြစ်သောကြောင့် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီများအနေဖြင့် ခိုင်မာသော စီးပွားရေး မူဝါဒများ ချမှတ်လုပ်ဆောင်ရန် သင့်နေပြီလည်း ဖြစ်သည်။
SNLD ပါတီ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးစိုင်းသီဟကျော် “လာမယ့် ရွေးကောက်ပွဲမှာ ဘယ်လို စီးပွားရေး မူဝါဒတွေ ချမှတ် ဆောင်ရွက်မလဲ ဆိုတာကတော့ သက်ဆိုင်ရာ ပါတီ အလိုက်ကတော့ သူ့ဟာနဲ့သူ မူဝါဒတွေ ရှိကြမှာပါ။ ဗဟို အစိုး ရ ဖွဲ့နိုင်လောက်တဲ့ ပါတီတွေအနေနဲ့ စီးပွားရေး မူဝါဒတွေ ကြိုတင် သုံးသပ်ပြင်ဆင်ပြီးတော့မှ လက်တွေ့နဲ့လည်း ကိုက် မယ်၊ နိုင်ငံတကာ မူဝါဒနဲ့လည်း ကိုက်မယ့်ဟာတွေချဖို့ လိုလိမ့်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
အထက်ပါ အခြေအနေများကြောင့် ယခု၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရသည့် ပါတီမှ တက်မည့် အစိုးရအဖွဲ့က ချမည့် စီးပွားရေးမူဝါဒများသည် ကိုဗစ်ကာလအလွန်ကို ထည့်သွင်း သုံးသပ်ပြီး လုပ်ဆောင်သင့်ကြောင်း ၎င်းက သုံးသပ်ပြော ပြ သည်။
စီးပွားရေး ပညာရှင် ဒေါက်တာ ဇော်ဦးက “ပါတီတွေ အနေနဲ့ လူထု လိုလားတောင့်တနေတဲ့ ကိစ္စက ဘာလဲဆိုတာ အဖြေ ပေးဖို့ လိုတယ်။ ကိုဗစ်နဲ့ ပတ်သက်ပြီးတော့ နေရာတိုင်းက လူတွေ ခံစားနေရတယ်။ ဒါတွေ ပါဖို့လိုတယ်” ဟု ဆိုသည်။
ကိုဗစ်ကာလ မြန်မာ့စီးပွားရေး အခြေအနေ
ကမ္ဘာ့ဘဏ်က ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီက ထုတ်ပြန်ထားသည့် အစီရင်ခံစာက ဖော်ပြသော်လည်း နောက်ဆုံးဇွန်လက ထုတ်ပြန်ချက်တွင် ကပ်ရောဂါသည် မြန်မာ့စီးပွားရေးကို ပြင်းထန်စွာ ထိုးနှက်လိုက်ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်း မြန်မာ့စီးပွားရေးသည် ၆ ဒသမ ၈ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် သုည ဒသမ ၅ ရာခိုင်နှုန်းသို့ ကျဆင်း သွားမည်ဟု အစီရင်ခံစာက ခန့်မှန်းထားသည်။
ကပ်ရောဂါ ဆက်လက် ဖြစ်ပွားနေခြင်းက မြန်မာနိုင်ငံ၏ စီးပွားရေးကို ၂ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျူံ့သွားနိုင်ပြီး ၂၀၂၀-၂၀၂၁ ခုနှစ်မှသာ ပြန်လည် နလန်ထူနိုင်မည်ဟု ခန့်မှန်းထားသော်လည်း ပုံမှန်အခြေအနေသို့ ရောက်ရှိနိုင်ဦးမည် မဟုတ် ပေ။
ယင်းအစီရင်ခံစာက မြန်မာနိုင်ငံအစိုးရ၏ တုံ့ပြန်ဆောင်ရွက်မှုများဖြစ်သော ကိုဗစ်-၁၉ ရန်ပုံငွေ ထူထောင်ခြင်းနှင့် ကိုဗစ် ကြောင့် ဖြစ်ပေါ်လာနိုင်သော စီးပွားရေး ကုစားမှု စီမံချက် (CERP) အား လေ့လာ သုံးသပ်ထားခြင်း ဖြစ်သည်။
ပြည်ပတွင် သွားရောက် လုပ်ကိုင်သူများကလည်း ယခုအချိန်တွင် အလုပ်ပြုတ်၍ ပြည်တွင်းသို့ ပြန်လာသည့် လုပ်သားများ မှာလည်း များစွာ ရှိနေသည်။
CERP တွင် အခွန်သက်သာခွင့်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေပေးခြင်း၊ အိမ်ထောင်စုများအတွက် အစား အစာနှင့် ငွေသားများ ပံ့ပိုးပေးခြင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ အဆင်ပြေ ချောမွေ့စေမည့် မူဝါဒများနှင့် စီးပွားရေး လုပ်ငန်းများ ကုစားပေးရန် အချက်များ ပါဝင်နေသည်။
မြန်မာနိုင်ငံ အနာဂတ် ဖွံ့ဖြိုးရေးအတွက် အခြေခံ အုတ်မြစ်ကောင်းများ ချမှတ်နိုင်ရန်နှင့် စီးပွားရေး ဆောင်ရွက်ချက် ကောင်းများ ဆက်လက် ထိန်းသိမ်းနိုင်ရန် အတွက် အရေးတကြီး ဆောင်ရွက်ရမည့် ကိစ္စရပ်များမှာ ပဋိပက္ခများအား အဆုံးသတ်ရန်၊ လူမှုပါဝင်မှု (Social inclusion) အားကောင်းအောင် ဆောင်ရွက်ရန်၊ တာဝန်ယူမှု ရှိသည့် ပုဂ္ဂလိက စီးပွားရေးကဏ္ဍ တရပ် ဖြစ်ထွန်းလာအောင် အားပေး လုပ်ဆောင်သင့်ကြောင်း ကမ္ဘာ့ဘဏ်က အစိုးရကို တိုက်တွန်း ထားသည်။
ဦးသိန်းစိန် အစိုးရသက်တမ်း နောက်ဆုံးနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် ၈ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့ ပြီး ဝန်ဆောင်မှု၊ တယ်လီဖုန်း ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍများ ထွန်းကားလာသောကြောင့် စီးပွားရေး တိုးတက်မှု၏ အဓိက မောင်းနှင်အားဖြစ်ခဲ့သည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။ ထို့ပြင် ငွေကြေးဖောင်းပွမှုနှုန်း အနေဖြင့် ၁၀ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး နိုင်ငံခြားငွေ လဲလှယ်နှုန်းမှာ လည်း ၂၀ ရာခိုင်နှုန်း လျော့ကျခဲ့သည်ဟု ဖော်ပြထား သည်။
ပြည်သူများ၏ မျှော်လင့်ချက်
ယခု ကာလသည် ကိုဗစ်ကြောင့် နိုင်ငံတိုင်းလိုလိုတွင် စီးပွားရေးထိခိုက်မှုများ ရှိနေသည့် အတွက် အသစ်ထွက်ပေါ်လာ မည့် အစိုးရ အနေဖြင့် တိကျ ခိုင်မာသည့် ကိုဗစ်အလွန် စီးပွားရေး ပြန်လည် ထူထောင်ရေးကို လုပ်ဆောင်မည့် မူဝါဒများ နှင့် လုပ်ဆောင်နိုင်မည့် အစိုးရကို ပြည်သူများက မျှော်လင့်နေသည်။
လက်ရှိတွင် ကိုဗစ်ကြောင့် လက်ခစား (CMP) လုပ်ငန်းများ အပါအဝင် စက်ရုံ အလုပ်ရုံပေါင်း ၅ ထောင်ကျော် ပိတ်သိမ်း ကာ၊ တရားဝင် စာရင်းအရ အလုပ်လက်မဲ့၂ သိန်းကျော် ရှိနေပြီး ဝန်ဆောင်မှု လုပ်ကိုင်နေသော လုပ်ငန်းများ၊ ကုန်ထုတ် လုပ်မှု အပေါ် မှီခိုနေသောသူများ၊ အစိုးရထံသို့ မှတ်ပုံတင်ထားခြင်း မရှိသည့် လုပ်ငန်း အသေးစား၊ အလတ်စားများ၊ အိမ် ဆိုင်များစွာ ပိတ်သိမ်း၍ အလုပ်လက်မဲ့များ၊ ဝင်ငွေ လျော့ကျမှုများ ရှိနေသည်။
ပြည်ပတွင် သွားရောက် လုပ်ကိုင်သူများကလည်း ယခုအချိန်တွင် အလုပ်ပြုတ်၍ ပြည်တွင်းသို့ ပြန်လာသည့် လုပ်သားများ မှာလည်း များစွာ ရှိနေသည်။
အစိုးရ သက်တမ်းကုန်ခါနီးအချိန်ထိ စီးပွားရေးကဏ္ဍတွင် အားကောင်းမောင်းသန် အရွေ့မပြနိုင်ခဲ့
ပြည်သူအားလုံးအတွက် စီးပွားရေးသည် မရေရာ မသေချာ ဖြစ်နေသောကြောင့် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီများအနေဖြင့် တိကျခိုင်မာသည့် ကိုဗစ်အလွန် ပြန်လည်ထူထောင်ရေး စီးပွားရေး မူဝါဒများကို ချမှတ်ထား သင့်သည်ဟု စီးပွားရေး ပညာရှင်များက သုံးသပ်ထားကြသည်။
တနင်္သာရီတိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက “ကျနော် တို့ကတော့ ပြည်သူလူထုရဲ့ စီးပွားရေး လုပ်ငန်းကို ကိုယ့်စီးပွားရေး လုပ်ငန်းသကဲ့သို့ တိုးတက်မှုတွေ ရှိလား၊ ဆုံးရှုံးနစ်နာမှုတွေ ရှိလား ဆိုတာ လက်ပွန်းတတီးနဲ့ လက်တွဲ ဆောင်ရွက်နိုင်မယ့် အစိုးရမျိုးကို မျှော်လင့်ပါတယ်” ဟု ပြောသည်။
နောက်တက်လာမည့် အစိုးအနေဖြင့် လက်ရှိ ရှိပြီးသား မူဝါဒကို ဆက်လက် အကောင်အထည် ဖော်မည့်အစား NLD အစိုးရ စီးပွားရေး မူဝါဒ၏ အားနည်းချက်၊ အားသာချက်များကို လေ့လာသုံးသပ်၍ မူဝါဒအသစ် ချမှတ်ပြီး တိကျသော ဦးစားပေး ကဏ္ဍများနှင့် လုပ်ဆောင်သွားသင့်ကြောင်းလည်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။
လာမည့် ရွေးကောက်ပွဲအတွက် NLD ၏ စီးပွားရေး ကတိကဝတ်
လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် NLD အစိုးရ ရွေးကောက်ပွဲ ကြေညာစာတမ်း၏ စီးပွားရေး ကဏ္ဍတွင် ပုဂ္ဂလိက စီးပွားရေး ကဏ္ဍကို အားပေးခြင်းနှင့် အသေးစားအငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများကို အားပေးမြှင့်တင်ရေး၊ ယခင် စာတမ်းတွင် ပါဝင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးနိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှု ပိုမို ဝင်ရောက်နိုင်ရေးတို့ အပြင်၊ COVID 19 ကြောင့် စီးပွားရေး ထိခိုက်မှုများကို လျော့ပါးသက်သာစေရေးနှင့် နိုင်ငံစီးပွားရေး ပြန်လည် ဦးမော့လာ စေရေး စသည့်အချက်များလည်း ပါဝင်လာသည်ကို တွေ့ရသည်။
ထို့ပြင် စီးပွားရေး လုပ်ငန်းရှင်အများစု ပြောဆိုကြသကဲ့သို့ ဈေးကွက်တခုတည်းကို မူတည်မည့်အစား အခြားနိုင်ငံများသို့ ဈေးကွက် ပိုမိုချဲ့ထွင်နိုင်ရေး။ ခေတ်မီစိုက်ပျိုးရေး စနစ်ဖြင့် နိုင်ငံ စီးပွားရေး တိုးတက်ရန် ဆောင်ရွက်ပြီး အခြား နိုင်ငံများသို့ ဈေးကွက်ချဲ့ထွင်ရေးကိုလည်း ဦးစားပေးထားသည်။
လက်ရှိ NLD အစိုးရအနေဖြင့် ကိုဗစ်ကပ်ရောဂါကြောင့် နိုင်ငံ့စီးပွားရေးထက် ပြည်သူ့ ကျန်းမာရေးကို ဦးစားပေး ဆောင်ရွက်နေသည်ကိုလည်း တွေ့ရှိရသည်။ ပြည်တွင်း SME လုပ်ငန်းများ မပြိုကျစေရေးအတွက် ဝန်ထမ်းအနည်းအများ အပေါ်မူတည်ကာ ချေးငွေများ ထုတ်ပေးခြင်း၊ ဝင်ငွေလည်ပတ်စီးဆင်းမှုကို အထောက်အပံ့ရရှိစေရန်အတွက် အစိုးရ ဝန်ထမ်းများကို ကြိုတင်လစာများ ထုတ်ချေးခြင်း၊ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား ပြည်သူများကို အခြေခံ စားသောက်ကုန်/ငွေကြေးများ ထောက်ပံ့ပေးခြင်း တို့ဖြင့် ကျားကန်ပေးလျက်ရှိနေသည်။
အစိုးရ သက်တမ်းကုန်ခါနီးအချိန်ထိ စီးပွားရေးကဏ္ဍတွင် အားကောင်းမောင်းသန် အရွေ့မပြနိုင်ခဲ့သော်လည်း နောက် တက်လာမည့် အစိုးသစ်အနေဖြင့် လက်ရှိ ဖော်ဆောင်လက်စများကို ဆုပ်ကိုင်၍ ဆက်လက် ရွေ့မည်ဆိုပါက မြန်မာ့ စီးပွားရေးအတွက် အရှိန်အဟုန် တက်လာစေနိုင်မည် ဖြစ်ပေသည်။ ။
You may also like these stories:
ကိုဗစ်ကြောင့် မြန်မာ့စီးပွားရေး ၀ ဒသမ ၅ ရာခိုင်နှုန်းထိ ကျဆင်းနိုင်ဟု ကမ္ဘာ့ဘဏ်ပြော
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးများ ဘဏ်စာရင်း အဂတိကော်မရှင်ကို ပေးပို့ပြီးဟု ဗဟိုဘဏ်ပြော
ကိုဗစ်လှိုင်းများကြားက အာဆီယံ စီးပွားရေး