အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိခဲ့ကြောင်း အောက်တိုဘာလ ၁ ရက် နေ့တွင် ကြေညာခဲ့ပြီးနောက် Walter Reed အမျိုးသား စစ်ဆေးရုံတွင် ၃ ည တက်ရောက်ခဲ့ပြီး အောက်တိုဘာလ ၅ ရက်နေ့တွင် အိမ်ဖြူတော်သို့ပြန် ရောက်လာသည်။ COVID-19 နှင့် တိုက်ပွဲဝင်နေစဉ် ဒေါ်နယ်ထရမ့်က ဇီဝ နည်းပညာကုမ္ပဏီ တခုဖြစ်သည့် Regeneron မှ ထုတ်လုပ်သော စမ်းသပ်ဆဲ (ရောဂါကာကွယ်သော) ပဋိပစ္စည်း ပေါင်းစပ်ဆေး တခု အပါအဝင် ရောဂါအတွက် ကုသမှု အချို့ကို ခံယူခဲ့သည်။
CDC ၏အဆိုအရ အသက် ၇၄ နှစ်အရွယ် အဝလွန် အမျိုးသားတဦး အနေဖြင့် ဒေါ်နယ်ထရမ့်သည် COVID-19 ကြောင့် ပြင်းထန်သော ထပ်တိုးရောဂါများ ကြုံတွေ့ရနိုင်သည့် အန္တရာယ် မြင့်မားသည်။ အသက်အရွယ်နှင့် အဝလွန်ခြင်း ၂ မျိုးလုံးက ဆေးရုံ တက်ရောက် ကုသရခြင်းအန္တရာယ်ကို ၃ ဆ တိုးစေသည်။ ရောဂါရှာဖွေတွေ့ရှိပြီးနောက် အိမ်ဖြူတော်က သူ၏အခြေအနေနှင့် ပတ်သက်၍ အကောင်းမြင် သဘောထားကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး ဒေါ်နယ်ထရမ့် ကိုယ်တိုင် အောက်တိုဘာလ ၅ ရက်နေ့က “Covid ကို မကြောက်ကြနဲ့ “ဟု Twitter တွင် ရေးသားခဲ့သည်။
သို့သော်လည်း သူ၏ကုသမှုစနစ်သည် ပိုမိုပြင်းထန်သော ရောဂါဖြစ်ပွားမှုတခုကို ဖြေရှင်းရန် ရည်ရွယ်ထားခဲ့ ပုံရသည်။ ယခုအချိန်အထိ သမ္မတအနေဖြင့် –
• အောက်စီဂျင် ပေး၍ ကုသခြင်း
• Regeneron မှ ထုတ်လုပ်သော ပဋိပစ္စည်း ပေါင်းစပ်ဆေး REGN-COV2
• Gilead မှ ထုတ်လုပ်သော ဗိုင်းရပ်စ်နှိမ်နင်းရေးဆေး Remdesivir
• အသုံးများသည့် corticosteroid ဆေးတခုဖြစ်သည့် Dexamethasone တို့ဖြင့် ကုသမှု ခံယူခဲ့သည်။
လက်ရှိ ကုသမှုများ၏ ထိရောက်မှုနှင့် ပတ်သက်၍ မေးခွန်းများ ကျန်ရှိနေဆဲဖြစ်ပြီး ကမာ္ဘတလွှားတွင် လက်တွေ့စမ်းသပ်မှုများ ဆက်လက် ပြုလုပ်နေကြရဆဲဖြစ်သည်။
အိမ်ဖြူတော် ဆရာဝန် ဒေါက်တာ ရှောင်ကွန်လေးက ပြီးခဲ့သော ရက်များအတွင်း ဖော်ပြခဲ့သော ကုသမှုများသည် ဒေါ်နယ်ထရမ့်၏ အမြင်များနှင့် ပတ်သက်၍ စိုးရိမ်ဖွယ်ရာများကို ပြသခြင်း ဖြစ်နိုင်ပါသည်။ သူ့တွင် ရှိနေသည့် ရောဂါကြောင့် အန္တရာယ် ဖြစ်နိုင်သည့် အချက်မျိုးစုံနှင့် သူ၏ အထူးအရေးကြီးပုဂ္ဂိုလ် အဆင့်အတန်းတို့ကြောင့် အလွန်အကျွံ ကြိုတင်ကာကွယ်မှုများ သက်သက်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ ထို့ပြင် COVID-19 သည် ရှုပ်ထွေးပြီး ကွဲပြားသည့် ကဏ္ဍပေါင်းစုံရှိသော ရောဂါတခုဖြစ်ပြီး အင်္ဂါအစိတ်အပိုင်း အများအပြားကို ထိခိုက်စေနိုင်သည်။ လူ့ခန္ဓာကိုယ်အပေါ် မည်သို့ သက်ရောက်သည်ကို ဆရာဝန်များနှင့် သိပ္ပံပညာရှင်များက သိသိသာသာ ပိုမိုနားလည် သဘောပေါက်လာခဲ့သော်လည်း ပျောက်ကင်း ကျန်းမာလာရေး ယုံကြည်အားထားနိုင်ကြောင်း အခိုင်အမာ သက်သေပြပြီး ဖြစ်သည့် နည်းလမ်း မရှိသေးပါ။
လက်ရှိ ကုသမှုများ၏ ထိရောက်မှုနှင့် ပတ်သက်၍ မေးခွန်းများ ကျန်ရှိနေဆဲဖြစ်ပြီး ကမာ္ဘတလွှားတွင် လက်တွေ့စမ်းသပ်မှုများ ဆက်လက် ပြုလုပ်နေကြရဆဲဖြစ်သည်။
သူ၏ COVID-19 ရောဂါကူးစက်မှုကို ကုသရန် ဒေါ်နယ်ထရမ့် အသုံးပြုခဲ့ရသည့် ဆေးဝါးများ အကြောင်း ကျနော်တို့ သိသည်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
အောက်ဆီဂျင် ပေးခြင်း
COVID-19 တွင် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုထားသော “အဆင့်” ၂ ခုရှိသည်။ ပထမတခုမှာ ကူးစက်မှု၏ ကနဦးပိုင်းတွင် ဖြစ်ပြီး COVID-19 ကိုဖြစ်ပေါ်စေသော ကိုရိုနာဗိုင်းရပ်စ်ဖြစ်သည့် SARS-CoV-2 က အဆုတ်၏ဆဲလ်များအတွင်း အဆမတန် ပွားများလာသည်။ ထို့ကြောင့် ရောဂါပိုးဝင်ရောက်မှုကို သတိပြုမိသော ကိုယ်ခံအားစနစ်က ရုတ်တရက် လှုပ်ရှားလာပြီး အဆုတ်ကို အရည်နှင့်ပြည့်စေကာ အောက်စီဂျင် လုံလောက်စွာ စီးဆင်းမှုကို အဟန့်အတား ဖြစ်စေသည်။ ပုံမှန်အားဖြင့် သွေးတွင်း အောက်စီဂျင် ပမာဏက အနည်းဆုံး ၉၅ ရာခိုင်နှုန်း ရှိသော်လည်း အချို့သော COVID-19 လူနာများတွင် သိသိသာသာကျ ဆင်းသွားသည်။ အမျိုးသား ကျန်းမာရေး သိပ္ပံ (National Institution of Health) ၏ ကုသရေး လမ်းညွှန်ချက်များအရ ပြင်းထန်စွာ ရောဂါခံစားရခြင်းသည် သွေးတွင်း အောက်စီဂျင် ပါဝင်မှု ၉၄ ရာခိုင်နှုန်း အောက်သို့ ကျဆင်းသွားခြင်းကြောင့်ဟု တစိတ်တပိုင်းအားဖြင့် သတ်မှတ်နိုင်သည်။
ဒေါ်နယ်ထရမ့်၏ သမားတော် ဒေါက်တာ ရှောင်ကွန်လေးက ထရမ့်ကို အောက်ဆီဂျင် ပေးရခြင်း ရှိ/မရှိ ကို အတိအကျ ပြောဆိုခဲ့ခြင်း မရှိသော်လည်း သမ္မတသည် အောက်တိုဘာလ ၂ ရက်နေ့တွင် ထိုကုသမှုကို ၁ နာရီ ခံယူခဲ့ကြောင်း အတည်ပြုခဲ့သည်။ သမ္မတ၏ အောက်စီဂျင်ပမာဏက အောက်တိုဘာလ ၃ ရက် နေ့တွင် ၉၅ ရာခိုင်နှုန်း အောက်သို့ ကျဆင်းသွားခဲ့သော်လည်း နောက်တကြိမ် အောက်ဆီဂျင် ပေးခဲ့ခြင်း ရှိ/မရှိက မသဲကွဲပါ။
“သမ္မတရဲ့ ဖြစ်ရပ်မှာ ကနဦး ရောဂါရှာဖွေတွေ့ရှိ ခြင်းနဲ့ ပြင်းထန်သော ရောဂါလက္ခဏာတွေ (ဥပမာ သွေးတွင်း အောက်ဆီဂျင် ရုတ်တရက်ကျဆင်းခြင်း နဲ့ ဖြည့်စွက်အောက်စီဂျင် ပေးဖို့ လိုအပ်ခြင်း) ပြသတဲ့ အချိန် ကြားကာလက အလွန် တို တောင်းပါတယ်” ဟု သြစတြေးလျ နိုင်ငံ Perth မြို့ ရှိ Murdoch တက္ကသိုလ်၏ ကျန်းမာရေးသိပ္ပံမှ ဒုတိယ အဓိပတိ Jeremy Nicholson က ပြောသည်။
လက်ရှိ သက်သေ အထောက်အထားများအရ Regeneron ပဋိပစ္စည်းပေါင်းစပ်ဆေးနှင့် remdesivir ကို စောစောစီးစီး ပေးပါက ပိုမို အလုပ်ဖြစ်ဖွယ် ရှိကြောင်း ဖော်ပြနေသည်။
အောက်စီဂျင်အဆင့်များက လူနာတဦးသည် ရောဂါဖြစ်စဉ်တွင် မည်သည့် အခြေအနေသို့ ရောက်ရှိနေကြောင်း ညွှန်ပြပြီး အဆုတ်ကို စကန်ဖတ်စစ်ဆေးမှုနှင့်အတူ အတွင်းပိုင်းပျက်စီးမှုကို ဆုံးဖြတ်ရန် ကူညီပေးနိုင်သည်။ ကနဦးပိုင်းတွင် အဆင့်နိမ့်နေခြင်းက ပိုမိုဆိုးရွားနိုင်သည့် အခြေအနေလမ်းကြောင်းတခုကို ညွှန်ပြခြင်း ဖြစ်နိုင်ပါသည်။ ထရမ့် ကြုံတွေ့ခဲ့ရသော အောက်စီဂျင်အဆင့်က သူ့တွင် ရောဂါပိုး ရှိကြောင်း တွေ့ရှိခဲ့ရသည့် အချိန်မှစ၍ သူလက်ခံရရှိခဲ့သော စမ်းသပ်ကုထုံးများကို သတင်းအချက်အလက် ပေးခဲ့ပုံရပါသည်။
လက်ရှိ သက်သေ အထောက်အထားများအရ Regeneron ပဋိပစ္စည်းပေါင်းစပ်ဆေးနှင့် remdesivir ကို စောစောစီးစီး ပေးပါက ပိုမို အလုပ်ဖြစ်ဖွယ် ရှိကြောင်း ဖော်ပြနေသည်။
ရောဂါက ဒုတိယအဆင့်သို့ရောက်လာသောအခါ ထိုကုထုံးများက အလုပ်ဖြစ်သည့် အသွင်မရှိပါ။ ဒုတိယအဆင့်တွင် ဗိုင်းရပ်စ်က ကိုယ်ခံအားစနစ်မှ ပြင်းထန်သော တုံ့ပြန်မှုတခုကိုဖြစ်စေပြီး ကွဲပြားသော ကိုယ်အင်္ဂါအစိတ်အပိုင်းများကို သက်ရောက်စေ နိုင်သည်။ ဥပမာအားဖြင့် Dexamethasone သည် ထို တုန့်ပြန်မှုကို လျော့ပါးစေရန် ရည်ရွယ်သည့် ဆေးတမျိုး ဖြစ်သည်။
Regeneron ၏ ပေါင်းစပ်ဆေး
Regeneron ၏ ပဋိပစ္စည်းပေါင်းစပ်ဆေးကို REGN-COV2 ဟု လူသိများသည်။ အောက်တိုဘာလ ၅ ရက်နေ့ တွင် အိမ်ဖြူတော်က ဒေါ်နယ်ထရမ့်ကို စမ်းသပ်လေ့လာနေဆဲ ဖြစ်သည့် ပေါင်းစပ်ဆေးတမျိုး ပေးခဲ့ကြောင်း မှတ်တမ်းတို တခုကို ထုတ်ပြန်ခဲ့သည်။
REGN-COV2 သည် SARS-CoV-2 နှင့်တွဲကပ်နေသည့် Y ပုံစံ ပရိုတင်းများကို ဓာတ်ပျယ်စေသည့် ပေါင်းစပ်ဆေးတမျိုး ဖြစ်ပြီး ၎င်း၏ ယန္တယားကို အသုံးပြု၍ ဗိုင်းရပ်စ်က ဆဲလ်များကို လုယက်ယူခြင်းမှ ကာကွယ်ပေးသည်။ အဆိုပါ ပေါင်းစပ် ဆေးကို လူသားနှင့် အလားတူစွာ တုန့်ပြန်နိုင်သည့် ကိုယ်ခံအားတခုရှိအောင် မျိုးရိုးဗီဇ ပြုပြင်ဖန်တီးထားသည့် ကြွက်များတွင် စမ်းသပ်ခြင်းနှင့် COVID-19 မှ ပြန်လည် ကောင်းမွန်သက်သာ လာသူများတွင် ရှိသော ပဋိပစ္စည်းများကို ဖော်ထုတ်ခြင်းအားဖြင့် တီထွင်ထားသည်။ ပေါင်းစပ်ဆေးတွင် လူသားဆဲလ်များသို့ ဝင်ရောက်ရန် ကိုရိုနာဗိုင်းရပ်စ်က အသုံးပြုသည့် ဆူးချွန်သဏ္ဍန် ပရိုတိန်းနှင့် တွဲဖက်နေသောဓာတ် ပျယ်စေသည့် ပဋိပစ္စည်း ၂ ခုကို အသုံးပြုထားသည်။ ကိုယ်ခံအားစနစ်က ထိုပဋိပစ္စည်းများကို သဘာဝအတိုင်း ထုတ်လုပ်ပေးရန် အချိန်အနည်းငယ် ယူသည်။ ထို့ကြောင့် ရောဂါဖြစ်စဉ် အစောပိုင်းတွင် ထိုကဲ့သို့ ပေါင်းစပ်ဆေးကို ပေးခြင်းက လူနာများကို အကျိုးဖြစ်စေနိုင်သည်။
ထိုဆေးကို လက်တွေ့စမ်းသပ်မှုများအတွက် ယခုအချိန်အထိ ခွင့်မပြုသေးသလို လုပ်ငန်းနယ်ပယ်တူ ပညာရှင်များ ပြန်လည်သုံးသပ်မှု ပြုလုပ်သည့် သိပ္ပံဂျာနယ် တခုခု တွင်လည်း လူသားဖြင့် စမ်းသပ်မှုများနှင့် ပတ်သက်၍ မည်သည့် အချက်အလက်မျှ မထုတ်ပြန်ရသေးပါ။ သြဂုတ်လအတွင်းက Science ဂျာနယ်မှ ဆောင်းပါးတခုတွင် ပေါင်းစပ်ဆေး တီထွင်မှု လုပ်ငန်းစဉ်ကို ဖော်ပြခဲ့သည်။ ပုံနှိပ် ထုတ်ဝေခြင်းမပြုမီ biorXiv ၌ တင်ခဲ့ခြင်းအရဆိုလျှင် အဆင့်မြင့် နို့တိုက်သတ္တဝါများများတွင် အကြိုလေ့လာမှုများက ၎င်းဆေးသည် ဗိုင်းရပ်စ်၏ အဆင့်ကို လျှော့ချပေးပြီး ၎င်း၏ အလားအလာအတွက် သက်သေအထောက်အထားပေးကြောင်း ဖော်ပြနေသည်။
Regeneron က စက်တင်ဘာ ၂၉ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံသူများသို့ REGN-COV2 ၏ “ချောမွေ့သော အဆင့် ၁/၂/၃ စမ်းသပ်မှုကို ဖော်ပြသည့်” အသိပေးချက်တစောင်ကို ထုတ်ပြန်ခဲ့ပြီး ထိုဆေးသည် “ ဆေးရုံ တင်မထားရသော လူနာများအတွက် ဗိုင်းရပ်စ်ပမာဏနှင့် ရောဂါလက္ခဏာများကို သက်သာစေမည့် အချိန်ကာလကို လျှော့ချပေးကြောင်း” ဖော်ပြထားသည်။ ရလဒ်များက Regeneron ၏ စမ်းသပ်မှုတွင် စာရင်းသွင်းထားသည့် ပထမဆုံး လူနာ ၂၇၅ ဦးအပေါ် အခြေခံထားသော်လည်း အချက်အလက် အပြည့်အစုံကို မထုတ်ပြန်ရသေးပါ။
“ပြည်သူ့ကျန်းမာရေးနဲ့ ဆေးဘက်ဆိုင်ရာ အသိုင်းအဝိုင်းများက အမြင်တွေ ဝေမျှနိုင်ဖို့ အတွက် ကျနော်တို့က ဒီလေ့လာဆန်းစစ်မှုရဲ့ အသေးစိတ်ရလဒ်တွေ အလျင်အမြန် တင်ပြရေး စီစဉ်ထားပါတယ်” ဟု Regeneron ၏ ကမာ္ဘ့အဆင့် လေ့လာစမ်းသပ်ရေးဆိုင်ရာ အကြီးအကဲ David Weinreich ကပြောသည်။
ပေါင်းစပ်ဆေးကိုလည်း အဆင့် (၃) စမ်းသပ်မှု ၃ ကြိမ် ထပ်မံပြုလုပ် လေ့လာနေပြီး ရောဂါအဆင့်အမျိုးမျိုးတွင် ၎င်း၏ အသုံးဝင်မှုကို အကဲဖြတ်နေသည်။
ထိုဆေးကို အမေရိကန်နိုင်ငံတွင် လူနာများအတွက် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခြင်း မရှိဘဲ FDA ၏ အရေးပေါ် အသုံးပြုမှု ခွင့်ပြုချက် မရလျှင် အသုံးပြုနိုင်လိမ့်မည် မဟုတ်ပါ။
သူ၏ သမားတော်များထဲမှ တဦးက “စာနာမှုဖြင့် အသုံးပြုခွင့်” ပေးရန် FDA နှင့် Regeneron တို့ကို တောင်းဆိုမှုတခု ပြုလုပ်ခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်ကို အဆိုပါဆေး ပမာဏ အများအပြား ပေးခဲ့သည်။
ထိုဆေးကို အမေရိကန်နိုင်ငံတွင် လူနာများအတွက် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခြင်း မရှိဘဲ FDA ၏ အရေးပေါ် အသုံးပြုမှု ခွင့်ပြုချက် မရလျှင် အသုံးပြုနိုင်လိမ့်မည် မဟုတ်ပါ။
သမ္မတက Regeneron ၏ အမှုဆောင် အရာရှိချုပ် Leonard Schleifer နှင့် ဆက်သွယ်မှုရှိကြောင်း CNN သတင်းတခု၏ အဆိုအရ သိရသည်။ အောက်တိုဘာလ ၇ ရက်နေ့တွင် ဒေါ်နယ်ထရမ့်က follower ၈၇ သန်း ရှိသော သူ၏ Twitter ၌ တင်ခဲ့သော ဗွီဒီယိုတခုတွင် ထိုဆေးကို “ မယုံနိုင်စရာ” ဟု ခေါ်ခဲ့သော်လည်း ပေါင်းစပ်ဆေးက မည်မျှ အောင်မြင်ခဲ့သည် ဆိုသည်မှာ မသိရသေးပါ။ မကြာမီ ထိုဆေးကို အရေးပေါ်အဖြစ်သုံးရန် FDA က ခွင့်ပြုချက်ပေးခြင်းကို တွေ့မြင်နိုင်သည့် “အရေးပေါ် အခြေအနေတခုအပေါ်တွင် အခြေခံသည့် အခွင့်အာဏာ” တခုကို ပေးခဲ့ သည် ဟု ဒေါ်နယ်ထရမ့်က ဆိုသည်။
သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ရှိ Hudson ဆေးသုတေသနဌာန ဒါရိုက်တာ Elizabeth Hartland က“ ဒီကုထုံးကို သူ ဘယ်လိုတုန့်ပြန်မယ် ဆိုတာ ခန့်မှန်းလို့ မရနိုင်စရာ အနည်းငယ်သာ ရှိပါလိမ့်မယ်”ဟု ပြောသည်။
Remdesivir
ကယ်လီဖိုးနီးယားရှိ Gilead Sciences မှထုတ်လုပ်သော Remdesivir သည် မတ်လကတည်းက COVID-19 ကုထုံး တခုအနေဖြင့် ရေပန်းစားမှု အများအပြား ရရှိခဲ့သည်။ ၎င်းကို အသည်းရောင်ရောဂါ (စီပိုး) ကုသရန် ပထမဆုံး တီထွင်ခဲ့ပြီး အီဘိုလာ တိုက်ဖျက်ရေးတွင် လည်း အသုံးပြုသည်။
ဒေါ်နယ်ထရမ့်ကို remdesivir ဖြင့် ၅ ကြိမ် ကုသပေးခဲ့ကြောင်း သူ၏ သမားတော်များ အဆိုအရ သိရသည်။
Remdesivir ကို SARS-CoV-2 တိုက်ဖျက်ရေးအတွက် အတိအကျ ရည်ရွယ်ထားခြင်း မဟုတ်ပါ။ ၎င်းအစား Remdesivir သည် ပွားရန်အတွက် ဗိုင်းရပ်စ် အများအပြားက အသုံးပြုသော “RNA polymerase” ဟု ခေါ် သိကြသည့် ဗိုင်းရပ်စ်တွင်းရှိ ယန္တယား အပိုင်းအစတခုကို တိုက်ခိုက်ခြင်းအားဖြင့် အလုပ်လုပ်သည်။ ၎င်းသည် လူသားဆဲလ်များနှင့် ကြွက် နမူနာများတွင် ထိရောက်မှုရှိကြောင်း ယခင်က ပြသခဲ့ပြီး ဖြစ်သည်။ ဧပြီလ ၂၉ ရက် နေ့က အိမ်ဖြူတော်မှ ရှင်းလင်းပွဲ တခုတွင် အမေရိကန် နိုင်ငံမှ ဓာတ်မတည့်ခြင်းနှင့် ကူးစက်ရောဂါများဆိုင်ရာ အမျိုးသားသိပ္ပံ(National Institute of Allergy and Infectious Diseases ) ၏ ညွှန်ကြားရေးမှူး ဒေါက်တာ အန်တိုနီဖာစီက ၎င်းသည် စောင့်ရှောက်ကုသမှု စံနှုန်း ဖြစ်လာနိုင်သည့် အရာဖြစ် ကြောင်း ဂုဏ်တင်ပြောကြားခဲ့သည်။ အရေးပေါ် အခြေအနေတွင် အသုံးပြုရန် FDA ၏ ခွင့်ပြုချက် ရရှိထားပြီးဖြစ်သည်။
ဒေါ်နယ်ထရမ့်ကို remdesivir ဖြင့် ၅ ကြိမ် ကုသပေးခဲ့ကြောင်း သူ၏ သမားတော်များ အဆိုအရ သိရသည်။
Remdesivir ၏ သင့်တင့်သော အကျိုးကျေးဇူးများကို New England ဆေးပညာဂျာနယ်တွင် ဇူလိုင်လ ဖော်ပြခဲ့သည်။ ထိုးဆေးက ဆေးရုံတက်ရသည့် အချိန်ကို ပျမ်းမျှအားဖြင့် ၁၅ ရက်မှ ၁၁ ရက်အထိ လျှော့ချပေးသည်။ သို့သော်လည်း COVID-19 ကြောင့် သေဆုံးနိုင်ခြေကို လျှော့ချရာတွင် သိသာသော အကျိုးကျေးဇူး မပြသခဲ့ပါ။
Dexamethasone
Dexamethasone သည် ဈေးသက်သာပြီး ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်သော corticosteroid ဆေးတမျိုး ဖြစ်သည်။ ရောင်ရမ်းခြင်း တားဆီးပေးနိုင်သည့် အစွမ်း ရှိပြီးသွေးကြောများကို ကျဉ်းစေနိုင်သည်။
Corticosteroids ဆေးများကို အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာ ခံစားနေရသောလူနာများဖြင့် ဆယ်စုနှစ်များစွာ အကဲဖြတ်ခဲ့ပြီး ဖြစ်သည်။ လက်တွေ့ စမ်းသပ်မှုများစွာဖြင့် သူတို့၏ အသုံးဝင်မှုကို စစ်ဆေးခဲ့သည်။ သို့သော်လည်း COVID-19 လူနာများအတွက် ၎င်းတို့ကို အသုံးပြုမှုအပေါ် လေ့လာအကဲဖြတ်မှုက အနည်းငယ်မျှသာ ရှိခဲ့သည်။
အင်္ဂလန်နိုင်ငံ အောက်စ်ဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များက လူနာ ၆၀၀၀ ကို စမ်းသပ်မှုပြုလုပ်ခဲ့ပြီးနောက် Dexamethasone က COVID-19 ကုသမှုဆေး အဖြစ် ထင်ရှားလာသည်။ ဇူလိုင်လက New England ဆေးပညာဂျာနယ်တွင် ဖော်ပြခဲ့သော ရလဒ်များအရ dexamethasone သည် အသက်ရှူစက်တပ်ထားရသည့် လူနာများသေဆုံးမှု အရေအတွက်ကို ၃ ပုံ ၁ ပုံ လျှော့ချနိုင်ကြောင်း ပြသခဲ့သည်။ အောက်ဆီဂျင် ပေးထားရသည့် လူနာများတွင် သေဆုံးမှု၏ ၅ ပုံ ၁ ပုံကို လျှော့ချပေးသည်။ အသက်ရှူရန် အထောက်အပံ့မလိုအပ်သည့် လူနာများအတွက်မူ အထောက်အကူ မဖြစ်သည့် အသွင်ရှိသည်။
စက်တင်ဘာလထုတ် အမေရိကန်ဆေးဘက်ဆိုင်ရာအသင်း ဂျာနယ်တွင် ဖော်ပြခဲ့သည့် နောက်ထပ်လေ့လာမှုတခုအရ အလယ်အလတ် သို့မဟုတ် ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာရှင် ၂၉၉ ဦးကို လေ့လာခဲ့ပြီး (ထိုလေ့လာမှုသည် ကျပန်းရွေးချယ်ပြုလုပ်သည့် လေ့လာမှု မဟုတ်သည့်တိုင်) လူနာများကို အသက်ရှူစက်သုံးရခြင်းမှ တားဆီးပေးနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။
သို့သော်လည်း New England ဆေးပညာဂျာနယ်၏ အကောင်းဘက်မှ အမြင်နောက်ပိုင်း ဇူလိုင်လထုတ် Hospital Medicine ဂျာနယ်တွင် ဖော်ပြခဲ့သည့် လေ့လာမှုတခုအရ ရောဂါ၏ အစောပိုင်းတွင် dexamethasone ကို ပေးခြင်းက ပြဿနာများ ရှိနိုင်ကြောင်း အကြံပြုထားသည်။
ဦးနှောက်အပေါ် ဆိုးကျိုး သက်ရောက်နိုင်သည့် အလားအလာများ ရှိသည်။ ရန်လိုခြင်း၊ ကြောင့်ကြမှုနှင့် စိတ်ခံစားမှုအပေါ် လွှမ်းမိုးန်ိုင်သည့် အလားအလာရှိသည်။
Dexamethasone ဖြင့် ကုသမှု၏ ပိုမိုဆိုးရွားသည့် ဘေးထွက်ဆိုးကျိုးများကို ဆရာဝန်အချို့က ထောက်ပြခဲ့ကြသည်။ “သူတို့က မတူညီတဲ့ ကိုယ်ခန္ဓာစနစ်တွေ တခုလုံး အပေါ်မှာ အလုပ်လုပ်တယ်။ နျူကလိယပ်စ် အဆင့်မှာ သူတို့ အလုပ် လုပ်ကြတယ်” ဟု Greg Kyle က ပြောသည်။ ဆိုလိုသည်မှာ ၎င်းက ခန္ဓာကိုယ်ရှိ ဆဲလ်များ အားလုံးနီးပါးပေါ်တွင် သက်ရောက်မှု ရှိသည်။ ထို့ကြောင့် ဘေးထွက်ဆိုးကျိုးများက ပိုမို၍ အမျိုးကွဲပြားသည်။
ဦးနှောက်အပေါ် ဆိုးကျိုး သက်ရောက်နိုင်သည့် အလားအလာများ ရှိသည်။ ရန်လိုခြင်း၊ ကြောင့်ကြမှုနှင့် စိတ်ခံစားမှုအပေါ် လွှမ်းမိုးန်ိုင်သည့် အလားအလာရှိသည်။
Jeremy Nicholson ၏ အဆိုအရ နောက်ထပ် ဘေးထွက်ဆိုးကျိုးတခုမှာ “ပျော်ရွှင်တက်ကြွခြင်း” ဖြစ်ပြီး “သူက လျှင်လျှင်မြန်မြန် ပြန်လည်နာလန် ထလာ တယ်လို့ ခံစားနေရတဲ့ သမ္မတရဲ့ ခိုင်မာတဲ့ ခံစားချက်ကို အဲဒါက တစိတ်တပိုင်း ရှင်းပြနိုင်ပါလိမ့်မယ်” ဟုသူကပြောသည်။
ရေရှည် ကျန်းမာရေး သက်ရောက်မှုများ
သိပ္ပံပညာရှင်များနှင့် သုတေသီများက SARS-CoV-2 ကူးစက်မှုမှ ကျန်ရစ်မည့် ရေရှည် အကျိုးသက်ရောက်မှုများနှင့် ပတ်သက်၍ ရင်ဆိုင်ဖော်ထုတ်နေကြရဆဲ ဖြစ်သည်။ အပျော့စား ရောဂါဖြစ်ပွားမှုက ရက်သတ္တပတ်အနည်းငယ်သာ ကြာနိုင်သော်လည်း COVID-19 ကို ပြင်းထန်စွာ ခံစားခဲ့ရသူများအနေဖြင့်မူ ရေရှည်ကျန်းမာရေး အကျိုးသက်ရောက်မှုများ ရှိလာနိုင်သည်။ အီတလီမှ အဖွဲ့တခုက ယခုနှစ် ဧပြီနှင့် မေလများတွင် ဆေးရုံတက်ခဲ့ရသော COVID-19 လူနာ အုပ်စုငယ်လေးတခုကို အကဲဖြတ်ကြည့်ခဲ့သည်။ လူနာ ၉၀ ရာခိုင်နှုန်းနီးပါး လက္ခဏာ အနည်းဆုံး တခု( များသောအားဖြင့် ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် အသက်ရှူရခက်ခဲခြင်း) ကျန်နေခဲ့ကြောင်း သတင်းပို့ခဲ့သည်။
ယခုထိလည်း ဆေးစစ်ပြီးသမျှအကြိမ်တိုင်း ရောဂါပိုးကင်းစင်သွားပြီဟု အိမ်ဖြူတော်က မကြေညာသေးပါ။
ဒေါ်နယ်ထရမ့်က သူ့ခြေထောက်ပေါ် သူရပ်၍ ကျန်းမာရေးကောင်းသည့် အသွင်ဖြင့် Twitter တွင် ဗီဒီယိုများ တင်နေသော်လည်း သူ၏ ဆရာဝန် ဒေါက်တာ ရှောင်ကွန်လေးက သူသည် “အန္တရာယ်မှ မလွတ်သေးကြောင်း” သတိပေးခဲ့သည်။
ယခုထိလည်း ဆေးစစ်ပြီးသမျှအကြိမ်တိုင်း ရောဂါပိုးကင်းစင်သွားပြီဟု အိမ်ဖြူတော်က မကြေညာသေးပါ။
အောက်တိုဘာလ ၅ ရက်နေ့က အိမ်ဖြူတော်တွင် ပြုလုပ်သည့် ရှင်းလင်းပွဲတွင် ဒေါ်နယ်ထရမ့်က သူ၏ နာမကျန်းမှုနှင့် ကိုရိုနာဗိုင်းရပ်စ်၏ ခြိမ်းခြောက်မှုအပေါ် အလေးမထားသလို ပြောခဲ့သော်လည်း ရောဂါမှ လွတ်မြောက်လာခြင်းသည် တိုက်ပွဲ၏အဆုံးသတ် မဟုတ်ကြောင်း သိပ္ပံပညာက ပြသနေသည်။ တခါတရံတွင် COVID-19 ၏ သက်ရောက်မှုများက အချိန် ကြာရှည်နိုင်ပါသည်။
ယခုအချိန်အထိ ဒေါ်နယ်ထရမ့် ရောဂါ မည်မျှ ပြင်းထန်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း နားလည်သိရှိနိုင်ရန် ခက်ခဲနေဆဲ ဖြစ်သည်။ ထို့ကြောင့် ပြင်ပမှ ကျွမ်းကျင်သူများ အနေဖြင့် သမ္မတ ကြုံတွေ့နေရသည့် အခြေအနေအပေါ် ကောက်ချက်ချရန် ခက်ခဲစေသည်။ ထိုအခြေအနေသည် လက်တဖက်ကို ကြိုးတုပ်ပြီး တိုက်ခိုက်ရခြင်းနှင့် Greg Kyle က နှိုင်းယှဉ်ပြခဲ့သည်။
“ထွက်လာတဲ့ သတင်းအချက်အလက်တွေကို အခြေခံပြီး ဆုံးဖြတ်ချက်ချဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ လူနာရဲ့ အချက်အလက်တွေ အကုန်လုံး ရဖို့လိုပါတယ်” ဟု သူက ပြောသည်။
ပိုမိုဆိုးရွားသည့် COVID-19 သို့ ရောက်ရှိမှုက ပိုးတွေ့ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး နောက်ပိုင်း ၇ ရက်မှ ၁၀ ရက်အကြာတွင် ဖြစ်ပွားလေ့ရှိသည်။ ပိုးရှိကြောင်း စစ်ဆေးမတွေ့ရှိမီ မည်သည့်အချိန်က ဒေါ်နယ်ထရမ့် နောက်ဆုံးအကြိမ် စစ်ဆေးခဲ့ကြောင်း မရှင်းလင်း ရှိနေဆဲဖြစ်သည်။
(Cnet မှ သိပ္ပံဆိုင်ရာ အယ်ဒီတာ Jackson Ryan ရေးသားသော Trump’s coronavirus drugs: Regeneron, dexamethasone and more, explained ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
သမ္မတ ထရမ့်နဲ့ ထိတွေ့ခဲ့သူတချို့ COVID-19 ကူးစက်ခံရ
ကိုဗစ်-၁၉ ကိုအမြစ်ဖြတ်ရန် အစီအစဉ် သုံးရပ်
ကိုဗစ်ကာကွယ်ဆေး ၃ ဒေါ်လာဖြင့် ကမ္ဘာ့ကာကွယ်ဆေး မဟာမိတ် GAVI ရောင်းမည်