• English
Saturday, July 19, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဘုရင်နဲ့ ကျမ (သို့မဟုတ်) ထောင်နှုတ်ခမ်းနင်းပြီး ထိုင်းဘုရင်စနစ်ကို စိန်ခေါ်သောကျောင်းသူ

by Rebecca Ratcliffe နှင့် Thanit Nilayodhin
24 October 2020
in ဆောင်းပါး
A A
လူထုဟောပြောပွဲတခုတွင် ဟောပြောနေသော ပန်နုစာယာ ဆီသီဂျာရာဝပ်တန်နာကူ / Prachathai

လူထုဟောပြောပွဲတခုတွင် ဟောပြောနေသော ပန်နုစာယာ ဆီသီဂျာရာဝပ်တန်နာကူ / Prachathai

25.7k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံတွင် သြဇာကြီးမားလှသော ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေးကို တောင်းဆိုခြင်းဖြင့် ထောင်ကျမည့် အန္တရာယ်ကို ရင်ဆိုင်ရန် ပန်နုစာယာ ဆီသီဂျာရာဝပ်တန်နာကူ Panusaya Sithijirawattanakul ဆုံးဖြတ်လိုက်သောအခါ ပြည်သူတို့က မည်သို့ တုံ့ပြန်မည်ကို သူသိပေ။ ထိုအချိန်မတိုင်မီ နာရီများအတွင်း သူမသည် သတိလစ်တော့မလို ခံစားနေရသည်။ စိုးရိမ်မှုများ ပျောက်ကွယ်သွားစေရန် သူငယ်ချင်းများကို တချက်လှည့်ကြည့်လိုက်ပြီးနောက် ဘန်ကောက်တွင် ကျင်းပနေသည့် အဓိက လူထုစုဝေးပွဲ စင်မြင့်ပေါ်သို့ သူတက်သွားပြီး တနိုင်ငံလုံးကို လှုပ်ခါသွားစေမည့် မိန့်ခွန်းတခုကို တည်ငြိမ်စွာပြောကြားလိုက်သည်။

ကျောင်းသားထောင်ပေါင်းများစွာ၏ရှေ့တွင် ထိုင်းဘုရင်၏ အာဏာနှင့်ကြွယ်ဝချမ်းသာမှုကို ကန့်သတ် ထိန်းချုပ်ရမည်ဖြစ်ကြောင်း သူပြောကြားပြီး တော်ဝင်မိသားစုကို မရိုမသေလုပ်ခြင်းအား တားမြစ်သည့် တင်းကျပ်သော ဥပဒေဖြင့် အကာအကွယ်ပေးထားကာ အထိမခံနိုင်ဟု သတ်မှတ်ထားသည်မှာ ကာလကြာမြင့်ပြီဖြစ်သော အသိုင်းအဝန်းတခုကို စိန်ခေါ်လိုက်သည်။ အသုံးစရိတ်ကို လျှော့ချရမည်။ ဘုရင်၏ ပုဂ္ဂလိကပိုင်ငွေနှင့် နန်းတော်ပိုင်ငွေကို ခွဲခြားထားသင့်သည်။ ဘုရင်သည် နောက်ထပ်မည်သည့် စစ်အာဏာသိမ်းမှုကိုမျှ ထောက်ခံရန်မလို စသည်ဖြင့် အချက်ဆယ်ချက် စာရင်းကို သူ ဖတ်ပြသည်။ ဘုရင်စနစ်ကို ဝေဖန်ခြင်းအား တားမြစ်မထားသင့်ကြောင်းလည်း သူပြောသည်။

RelatedPosts

နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

19 July 2025
1.2k
အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

19 July 2025
1.2k
ဗိုလ်ချုပ်က စာနယ်ဇင်းသမားကို မပစ်ပယ်ဘူး

ဗိုလ်ချုပ်က စာနယ်ဇင်းသမားကို မပစ်ပယ်ဘူး

19 July 2025
149

“လူတွေက သဘောမတူခဲ့ရင် အဲဒီမှာတင် ဇာတ်လမ်းဆုံးပြီ” ဟု အသက် ၂၁ နှစ်အရွယ်ကျောင်းသူ ပန်နုစာယာက သြဂုတ်လက ဖြစ်ရပ်များကို ပြန်ပြောင်းပြောပြသည်။

စက်တင်ဘာလ ၁၉ ရက် ကျောင်းသားများဦးဆောင်သော ဆန္ဒပြပွဲတွင် တွေ့ရသော ပန်နုစာယာ/Bangkok Post

စက်တင်ဘာလတွင်မူ သောင်းနှင့်ချီသော လူအုပ်ကြီးသည့် ကျောင်းသားများဦးဆောင်သည့် နောက်ထပ် ဆန္ဒပြပွဲတခုတွင် စုဝေးခဲ့ပြီး ထိုဆန္ဒပြပွဲတွင် ပန်နုစာယာသည် ဘုရင်၏ သြဇာကို ကန့်သတ်ရန် တောင်းဆိုမှုများကို ထပ်မံအတည်ပြု တောင်းဆိုရုံသာမက ထိုတောင်းဆိုချက်များကို ဘုရင်၏ အတိုင်ပင်ခံကောင်စီသို့ပင် ခမ်းနားစွာပေးအပ်ခဲ့သည်။

အောက်တိုဘာလ ၁၃ ရက် နေ့လည်တွင်မူ ရဲတပ်ဖွဲ့ ထိုဆန္ဒပြပွဲအတွက် ပြင်ဆင်ရန် စုရုံးလာသော ဆန့်ကျင်ကန့်ကွက်သူ ၂၁ ဦးကို ဖမ်းဆီးလိုက်ပြီး မဟာဗာဂျီယာလောင်ကွန် ဘုရင်အတွက် လမ်းစီစဉ်ပေးရန် ထိုနေရာကို ရှင်းလင်းလိုက်သည်။ ဘုရင်သည် သူ၏ဖခင် ဘူမိဘော အဒူယာဒက် ကွယ်လွန်သည့် ၄ နှစ်ပြည့် အခမ်းအနားတက်ရန် ထိုနေရာကို ဖြတ်သန်းသည်။ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ၏ အဆိုအရ ရဲတပ်ဖွဲ့သည် ကန့်ကွက်ဆန္ဒပြသူအချို့ကို ကန်ကျောက် ထိုးနှက်ပြီး မြေပြင်သို့ တွန်းချသည်ဟု သိရသည်။ အချို့သော ကန့်ကွက် ဆန္ဒပြသူများက ၎င်းတို့ကို ဖမ်းဆီးရန် ကြိုးစားသော ရဲများကို အရောင်ချယ်ဆေးရည်များနှင့် ပက်ကြသည်ဟု ထိုအဖွဲ့က ဆိုသည်။ ဘုရင်၏ယာဉ်တမ်း ဖြတ်သန်းသွားသောအခါ လူအုပ်များက “ငါတို့ သူငယ်ချင်းတွေ ပြန်လွှတ်ပေး” ဟု အော်ကြပြီး ဒီမိုကရေစီလိုလားသော သင်္ကေတဖြစ်သည့် Hunger Games ရုပ်ရှင်မှ လက်သုံးချောင်းဖြင့် အလေးပြူသည့် ပုံစံကို ပြသကြသည်။ တွစ်တာတွင်မူ #ဘုရင်စနစ် လူမှုအမှိုက် ဟူသောစကားလုံးမှာ ခေတ်စားနေသည်။

ဂျာမဏီတွင်သာ အနေများသော ဘုရင်သည် ထိုင်းနိုင်ငံသို့ပြန်လည်ရောက်ရှိနေခဲ့သည်။

ဥရောပတွင်သာ အနေများခြင်းကြောင့် ဆန္ဒပြသူများက ဘုရင်ကို ဝေဖန်ကြပြီး သူ ဂျာမဏီတွင် နေထိုင်ခြင်းကြောင့် ဂျာမန်ပါလီမန်တွင်ပင် မေးခွန်းများကို ဖြစ်စေသည်။ ထိုင်းနိုင်ငံနှင့် ပတ်သက်သည့် နိုင်ငံရေးကို ဂျာမဏီမြေပေါ်တွင် မလုပ်ဆောင်သင့်ကြောင်း အစိုးရက အတိအလင်းပြောကြားထားပြီးဖြစ်ကြောင်း ဂျာမန် နိုင်ငံခြားရေး ဝန်ကြီး ဟိုက်ကို မားစ်က လွန်ခဲ့သောရက်များအတွင်းက ပြောသည်။

“နိုင်ငံဆိုတာ ဘုရင်စနစ် မဟုတ်ဘူး။ နိုင်ငံဆိုတာ ပြည်သူတွေဖြစ်တယ်။ ဒါကြောင့်မို့ သူတို့စွပ်စွဲသလိုမျိုး ကျမတို့က နိုင်ငံကို မုန်းတီးသူတွေ မဟုတ်ဘူး”

ပန်နုစာယာကို ထောက်ခံရန် ရောက်ရှိလာသည့် ဆန္ဒပြသူများက ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲခြင်းမရှိဘဲ ထိုင်းနိုင်ငံမှ လမ်းမပေါ် ဆန္ဒပြပွဲများနှင့် အာဏာသိမ်းမှုများ၏ သံသရာကို အဆုံးသတ်ရန် သို့မဟုတ် စစ်မှန်သော ဒီမိုကရေစီရရန် မဖြစ်နိုင်ဟု မြင်ကြသည်။ ၎င်းတို့ကို ဆန့်ကျင်သူများကမူ ထိုဆန္ဒပြသူများသည် နိုင်ငံကို မုန်းတီးသူများ၊ တတိယအဖွဲ့တဖွဲ့၏ ကြိုးဆွဲခံ ရုပ်သေးများဖြစ်သည်ပြောပြီး ၎င်းတို့သည် မငြိမ်သက်မှုများကို ဖြစ်စေမည်ဟု ဆိုသည်။

ပန်နုစာယာက ထိုစွပ်စွဲချက်များကို ပယ်ချပြီး“နိုင်ငံဆိုတာ ဘုရင်စနစ် မဟုတ်ဘူး။ နိုင်ငံဆိုတာ ပြည်သူတွေဖြစ်တယ်။ ဒါကြောင့်မို့ သူတို့စွပ်စွဲသလိုမျိုး ကျမတို့က နိုင်ငံကို မုန်းတီးသူတွေ မဟုတ်ဘူး”ဟု ပြောသည်။ သူမကို ပြည်ပနိုင်ငံတခုခု သို့မဟုတ် နိုင်ငံရေးပါတီတခုက ငွေကြေးထောက်ပံ့နေသည်ဆိုသည့် စကားများအတွက်လည်း “ကျမရဲ့ အမေတောင်မှ ကျမကို ချုပ်ကိုင် အသုံးမချနိုင်တာ။ ဘယ်သူကလာ ချုပ်ကိုင်လို့ရမလဲ” ဟု သူပြောသည်။

ဘုရင်စနစ်ကို မဝေဖန်ရန် သူမ၏ မိဘများသည် သူမကို ဖျောင်းဖျရန် လက်တွေ့ ကြိုးစားခဲ့သော်လည်း အောင်မြင်ခြင်းမရှိပေ။ “ကျမ ထောင်ချ ငြှင်းပမ်းခံရမှာကို သူတို့ စိုးရိမ်နေတာ” ဟု သူပြောသည်။ စနစ်ဟောင်း အသိုင်းအဝန်းကို ဝေဖန်ခြင်းသည် အန္တရာယ်များလှသည်။ လက်ရှိအချိန်တွင် တောင်ဝင်မိသားစုကို မရိုမသေလုပ်ခြင်းမှကာကွယ်သည့် ဥပဒေဖြင့် စီရင်ခြင်း မပြုရန်ဘုရင်က အတိအလင်းတောင်းဆိုထားသော်လည်း ဆန္ဒပြသူများကို အခြားစွဲချက်များကို အသုံးပြုနေကြသည်။ အများဆုံး ထောင် ၇ နှစ်ချနိုင်သည့် အစိုးရကိုဆန့်ကျင်သည့် ဥပဒေနှင့် ကိုဗစ်ကာကွယ်ရန် အများပြည်သူစုဝေးခြင်းကို တားမြစ်သည့် စည်းကမ်း ချိုးဖေါက်မှုအတွက် ပန်နုစာယာကို စွဲချက်တင်ထားသည်။ ထိုင်းစစ်တပ်နှင့်ဘုရင်စနစ်ကို ဝေဖန်သည့် နိုင်ငံမှ အဝေးရောက်နေသူ ၉ ဦးသည် မကြာသေးမီက ပျောက်ဆုံးသွားကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။

ဘန်ကောက်မြို့လည်ရှိ အနုစဝါရီချိုင်း အထိမ်းအမှတ်ကျောက်တိုင်တွင် ပြုလုပ်သော ဆန္ဒပြပွဲ/ Aljazeera

သူမ၏ ကျောင်းဆောင်ပြင်ပတွင် အရပ်ဝတ် ဝတ်ဆင်ထားသော ရဲအရာရှိများဟု ယူဆရသူများကို မြင်နေရကြောင်း သူပြောသည်။ “အပြင်သွားရင် သူငယ်ချင်း အဖေါ်ပါရတယ်” ဟု သူပြောပြီး သူမ၏ သူငယ်ချင်းကျောင်းသူကျောင်းသားများသည် သူမ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုနှင့် လူမှုဗေဒနှင့် မနုဿဗေဒဘွဲ့အတွက် တလှည့်စီ လုပ်ဆောင်နိုင်ရန် ကူညီကြောင်း သူပြောသည်။

ကလေးဘဝကပင် ဘုရင်စနစ်နှင့် ပတ်သက်ပြီး ပထမဆုံးအကြိမ် မေးခွန်းထုတ်ခဲ့သည်ကို ပန်နုစာယာ မှတ်မိနေသည်။ ကျောင်းတွင်မည်သည့်အတွက် ဘုရင်ကြီး သက်တော်ရှည်ပါစေ၊ ဘုရင်ကိုချစ်တယ် စသည့် စာများဖြင့် ဘုရင်၏ က်ိုယ်တပိုင်းပုံတူ ရေးဆွဲရန် ခိုင်းရသည်ကို သူမ သိလိုခဲ့သည်။ တော်ဝင်ကားတန်း အိမ်ရှေ့မှဖြတ်သွားလျှင် လမ်းတွင်ထွက်ထိုင်နေရန် ပြောခံရသည်။“ကျမက သွားမထိုင်ဘူး။ သူက ဘယ်သူလဲ။ ဘာလို့ ငါတို့ကို မြေကြီးပေါ်ထိုင်ဖို့ အတင်းလုပ်ရတာလဲ” ဟု သူမေးခွန်းထုတ်သည်။

အထက်တန်းကျောင်းနှင့် တက္ကသိုလ်သို့ ရောက်သောအခါ သူမသည် နိုင်ငံရေးနှင့် ဘုရင်စနစ်၏ အခန်းကဏ္ဍကို သူငယ်ချင်းများနှင့် စတင်ဆွေးနွေးလာသည်။ ထိုင်းနိုင်ငံ၏ အလုပ်မဖြစ်သော နိုင်ငံရေး သံသရာကို ချိုးဖျက်ရန်အတွက် ထုတ်ဖေါ်ပြောဆိုရန် သူ့တွင် တာဝန်ရှိကြောင်း သူယုံကြည်လာသည်။

 “ကျမတို့က အကြောင်းရင်းကို သိနေတာကြာလှပြီ။ ဒါပေမယ့် ဒီအကြောင်းကို ဘယ်သူမှ မပြောရဲဘူး။ အခုတော့ ကျမကပြောဖို့ အဆင်သင့်ဖြစ်နေပြီလို့ ခံစားနေရတယ်”

၁၉၃၂ ခုနှစ်တွင် သက်ဦးဆံပိုင် ဘုရင်စနစ်ကို ဖျက်သိမ်းပြီးနောက် ထိုင်းနိုင်ငံတွင် အောင်မြင်သော စစ်အာဏာသိမ်းမှု ၁၃ ကြိမ်ဖြစ်ခဲ့သည်။ နောက်ဆုံးအကြိမ် အာဏာသိမ်းမှုမှာ ၂၀၁၄ ခုနှစ်ကဖြစ်ပြီး ထိုအာဏာသိမ်းမှုကို ယခင်နှစ်က အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲအပြီး အာဏာရရှိခဲ့သော စစ်ဗိုလ်ချုပ်ဟောင်း ပရာယွဒ်က ဦးဆောင်ခဲ့သည်။

“ကျမတို့က အကြောင်းရင်းကို သိနေတာကြာလှပြီ။ ဒါပေမယ့် ဒီအကြောင်းကို ဘယ်သူမှ မပြောရဲဘူး။ အခုတော့ ကျမကပြောဖို့ အဆင်သင့်ဖြစ်နေပြီလို့ ခံစားနေရတယ်”ဟု သူပြောပြီး ထိုင်းလူ့အဖွဲ့အစည်းသည်လည်း အဆင်သင့်ဖြစ်နေပြီဟု ယုံကြည်ကြောင်းလည်း သူပြောသည်။

ခရီးသွားလုပ်ငန်းကို မှီခိုနေရသော ထိုင်းစီးပွားရေးသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် ပျက်စီးသွားချိန်တွင် ဆန္ဒပြပွဲများ ပေါ်ပေါက်လာခြင်းဖြစ်သည်။“လူတော်တော်များများ အလုပ်လက်မဲ့ဖြစ်ကုန်တယ်။ စားစရာ အစားအစာမရှိဘူး။ ငတ်ကုန်လို့ သူတို့ကိုယ်သူတို့ သတ်သေကြတယ်။ ဒီလိုပြဿနာတွေက ပျံ့နှံ့နေပြီ” ဟု သူပြောသည်။

ယုံကြည်အားထားနိုင်သည့် သဘောထား စစ်တမ်းကောက်ယူနိုင်ခြင်း မရှိသောကြောင့် ကျောင်းသားများ၏ တောင်းဆိုမှုများကို လူထုက မည်မျှထောက်ခံသည်ကို အကဲဖြတ်ရန် ခက်ခဲသည်။ ထိုဆန္ဒပြပွဲများကို ပြင်းထန်သည့် ဆန့်ကျင်မှုများလည်း ရှိနေပြီး ထိုလှုပ်ရှားမှုသည် လူငယ်များက ဘုရင်ကို စိန်ခေါ် ရန်စသော နည်းလမ်းအဖြစ် ရှေးရိုးစဉ်လာဝါဒီများက သတ်မှတ်ကြသည်။ သို့သော် မည်သည့်ကိစ္စကို အများရှေ့တွင် ပြောနိုင်သည် သို့မဟုတ် မပြောနိုင်ဆိုသည့် သဘောထားမှာ ပြောင်းလဲသွားပြီဟု ယုံကြည်ကြောင်း သူပြောသည်။ ထိုအပြောင်းအလဲသည် လှုပ်ရှားနိုင်မှု အတိုင်းအတာကို တိုးချဲ့ပေးလိုက်ကြောင်း ဆန္ဒပြသူများက ယုံကြည်သည်။

အပြောင်းအလဲ ဖြစ်န်ိုင်သည်ဟု ပန်နုစာယာ ယုံကြည်သည်။ ဘုရင်စနစ်ပြုပြင်ပြောင်းလဲရန် နောက်ဆယ်စုနှစ် တခုခန့်လိုမည်ဟု လွန်ခဲ့သော တနှစ်ခန့်က သူထင်ခဲ့သော်လည်း ယခုအခါတွင် ထင်သည်ထက် ပိုမိုစောစီးစွာ ပြောင်းလဲနိုင်သည်ဟု ထင်လာသည်။“ဒီကိစ္စမှာ ကျမတို့ အောင်မြင်ရမယ်။ အဲဒီလို မျှော်လင့်ချက်မရှိရင် ဒီကိစ္စဖြစ်နိုင်လားဆိုတာ ကျမတို့ သိမှာ မဟုတ်ဘူး” ဟု သူပြောသည်။

(The Guardian သတင်းစာပါ The king and I: the student risking jail by challenging Thailand’s monarchy ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ဘုရင်စနစ်နှင့် နိုင်ငံရေး အပြောင်းအလဲလုပ်ရန် ထိုင်းဆန္ဒပြသူများ တောင်းဆို

အရေးပေါ်အခြေအနေကို ထိုင်းအစိုးရ ပြန်ရုတ်သိမ်း

ထိုင်းကျောင်းသားဆန္ဒပြပွဲတွေက လမ်းမပေါ်ရော အွန်လိုင်းမှာပါ ကြီးထွားနေ

ကြင်ရာတော်ကို ထိုင်းဘုရင် ဘာကြောင့် ဘွဲ့ပြန်သိမ်းသလဲ

Your Thoughts …
Tags: စိန်ခေါ်သောကျောင်းသူထိုင်းဘုရင်စနစ်ထောင်နှုတ်ခမ်းနင်းပန်နုစာယာ ဆီသီဂျာရာဝပ်တန်နာကူဘုရင်နဲ့ ကျမ
Rebecca Ratcliffe နှင့် Thanit Nilayodhin

Rebecca Ratcliffe နှင့် Thanit Nilayodhin

Contributor

Similar Picks:

No Content Available
Next Post
အဆိုတော် တင်ဇာမော် / High Street Live Concert Facebook Page

အွန်လိုင်းကနေ တိုက်ရိုက် လွှင့်မယ့် တင်ဇာမော်ရဲ့ “High Street Live Concert”

သရုပ်ဆောင် ပိုးကြာဖြူခင် / Poe Kyar Phyu Khin's Facebook

“မာယာလှည့်ကွက်” မှာ အိုက်တင်ပိုင်းကို အားရကျေနပ်မှု ရှိတဲ့ ပိုးကြာဖြူခင်

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

2 days ago
3.6k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

3 days ago
3.5k

Most Read

  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဉ့်ကူးရောက်

    လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဉ့်ကူးရောက်

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate