• English
Saturday, June 14, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

နှင်းဆီပါတီ ဥက္ကဋ္ဌ မိုက်ကယ်ကျော်မြင့်၏ အရှုပ်တော်ပုံ

by ဧရာဝတီ
28 October 2020
in ဆောင်းပါး
A A
မိုက်ကယ်ကျော်မြင့်က ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Yang Houlan နှင့် တခမ်းတနား တွေ့ဆုံခဲ့သည်

မိုက်ကယ်ကျော်မြင့်က ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Yang Houlan နှင့် တခမ်းတနား တွေ့ဆုံခဲ့သည်

28.8k
VIEWS
Share on FacebookShare on Twitter

သူက ဝရမ်းပြေးတဦး၊ ရာဇဝတ်သားတဦး ဖြစ်သည်ဟု သတင်းများက ဆိုပါသည်။ မကြာသေးမီ အချိန်အထိ သူက နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲတွင် အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နီးပါး အရေအတွက်ဖြင့် ကိုယ်စားလှယ်လောင်း ၁၁၃၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်မည့် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ၏ ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။

၎င်း၏ အမှတ်တံဆိပ်အရ “နှင်းဆီပါတီ” ဟု လူသိများသော UDP တွင် ယခုအခါ အဓိကခေါင်းဆောင် ဥက္ကဋ္ဌဟောင်း ဦးကျော်မြင့် ခေါ် မိုက်ကယ်ကျော်မြင့် ခေါ် မိုက်ကယ်ဟွာဟူ ခေါ် ဇခုန်ဇုန်းဆောင် မရှိတော့ပါ။ လက်ရှိတွင် ငွေကြေးခဝါချမှု၊ မြန်မာ့ စီးပွားရေးဥပဒေများကို လိမ်လည်လှည့်ဖျားခြင်းနှင့် ယခင် စစ်အစိုးရလက်ထက် သူ့ကို ထောင်ဒဏ်ချမှတ်ခံထားရစဉ် ထောင်မှ ထွက်ပြေးမှုတို့အတွက် သူ့ကို ဖမ်းဆီးပြီး တရားရုံးတင် စစ်ဆေးနေသည်။ သူ၏ တရားမဝင် ငွေကြေးဆိုင်ရာ လုပ်ဆောင်မှုများကြောင့် ပါတီသည်လည်း ဖျက်သိမ်းခံလိုက်ရပြီဖြစ်သည်။

RelatedPosts

မြန်မာနှင့် လာအိုကို ထရမ့် ဗီဇာပိတ်ပင်ခြင်းက အမေရိကန်-အာဆီယံဆက်ဆံရေးကို ဖျက်ဆီး

မြန်မာနှင့် လာအိုကို ထရမ့် ဗီဇာပိတ်ပင်ခြင်းက အမေရိကန်-အာဆီယံဆက်ဆံရေးကို ဖျက်ဆီး

14 June 2025
513
ကျားသေကို အသက်သွင်းနေသည့် တရုတ်အစိုးရ

ကျားသေကို အသက်သွင်းနေသည့် တရုတ်အစိုးရ

14 June 2025
632
သာလိကာ သမ္မတ

သာလိကာ သမ္မတ

14 June 2025
109

နှစ်ပေါင်းများစွာ သူနှင့် ဆုံတွေ့ ခဲ့သည့် မြန်မာ့အရေး အကဲခတ်လေ့လာသူများသည်  လက်စားချေခံရမည် စိုးရိမ်သောကြောင့် သူ့အပေါ် လူသိရှင်ကြား ဝေဖန်ပြောဆိုရန် မဝံ့ခဲ့ကြပါ။ ယခု သူက ထောင်ထဲရောက်နေသည့် အချိန်တွင် သူ့ကို လွန်ခဲ့သော အနှစ် ၃၀ ကတည်းက သိကျွမ်းခဲ့သော သတင်းရင်းမြစ်အချို့က သူသည် တရုတ်နိုင်ငံမှ နိုင်ငံ ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများနှင့် ကောင်းစွာ အချိတ်အဆက်ရှိသော ရာဇဝတ်ပုံရိပ်တခု ဖြစ်ကြောင်း ပြောကြသည်။

မြန်မာနိုင်ငံတွင် မာဖီးယား ဂိုဏ်းသားအများအပြားနှင့် အခြားရာဇဝတ်သားများ ရှင်သန်ကြီးပွားနေကြသည်။ သို့သော်လည်း အများအားဖြင့် သူတို့က ခပ်လျှိုလျှိုနေကြပြီး လူကြားသူကြားတွင် လူလုံးပြခြင်း မပြုကြပါ။ အများစုက တရားမဝင် ကုန်သွယ်မှုများတွင် ပါဝင်ပတ်သက်နေကြသော်လည်း ရန်ကုန်၊ မန္တလေး သို့မဟုတ် တရုတ်-မြန်မာနယ်စပ်ရှိ ရှမ်းနှင့် ကချင်ပြည်နယ်များတွင် နေထိုင်ကြသည်။ အချို့သူများတွင် ပြည်သူ့စစ်တပ်ဖွဲ့များနှင့် တရုတ်နိုင်ငံတွင် ခိုင်မာသော စီးပွားရေး ဆက်သွယ်မှုများရှိပြီး အချို့က တရားဝင်နှင့် တရားမဝင် စီးပွားရေးလုပ်ငန်း ၂မျိုးလုံးတွင်  ပါဝင်နေသည့် ရာဇဝတ်ဂိုဏ်းများ သို့မဟုတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆက်စပ်လျက်ရှိသည်။ မိုက်ကယ်ကျော်မြင့်သည် ထိုသို့သော ပုဂ္ဂိုလ်တဦး ဖြစ်သော်လည်း သူက ခြားနားချက်တခု ရှိသူ ဖြစ်သည်။

ကနေဒါနိုင်ငံမှ ပြန်ရောက်လာပြီးနောက် သူက မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန် “နှင်းဆီပါတီ” ဟု လူသိများသော UDP ကို တည်ထောင်ခဲ့သည်။

နိုင်ငံရေး လေ့လာစောင့်ကြည့်သူများ၏ အဆိုအရ ပြီးခဲ့သည့်နှစ်တွင် ပါတီက ၎င်း၏ ရည်မှန်းချက်များကို စတင် ချဲ့ထွင်လာခဲ့ပြီး အများပြည်သူထံသို့ ရောက်ရှိရေး ပိုမို အားထည့်လာခဲ့သည်။

၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂ ရက်က မိုက်ကယ်ကျော်မြင့်ကို မန္တလေးတွင် ရုံးထုတ်လာစဉ်/ဇော်ဇော်/ဧရာဝတီ

ပြီးခဲ့သည့်နှစ်က ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နှင်းဆီပါတီ ဆိုင်းဘုတ်များ ရုတ်တရက် ပေါ်ပေါက်လာသည့်အခါ သံသယများ ဖြစ်ပေါ်လာခဲ့သည်။ အဖွဲ့ဝင်သစ်များ စုဆောင်းရန် ငွေကြေး ပုံအောသုံးစွဲခြင်းဖြင့် ပါတီက တိုင်းရင်းသား ပြည်နယ်များရှိ ရွာသူရွာသားအချို့ကြားတွင် သစ္စာစောင့်သိစွာ လိုက်နာမှုတခုကို ဖော်ဆောင် နိုင်ခဲ့သော်လည်း ဥက္ကဌ၏ လျှိူ့ဝှက်ဆန်းကျယ်စွာ တည်ရှိမှုကို အများအားဖြင့် သတိမမူ မိခဲ့ကြပါ။

၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တိတ်တဆိတ် ပြန်လည်ရောက်ရှိလာချိန်မှ စ၍ မိုက်ကယ်ကျော်မြင့်က ရန်ကုန်၊ နေပြည်တော်နှင့် ပြင်ဦးလွင်တို့တွင် အဆောက်အဦးနှင့် မြေကွက် အမြောက်အများကို ဝယ်ယူခဲ့သည်။ အစိုးရ ပြောခွင့်ရ ပုဂ္ဂိုလ်တဦးက “သူက (ကနေဒါမှာ) CBC ဘဏ်၊ RDC ဘဏ်နဲ့ TD ဘဏ်တွေမှာ ရှိတဲ့ ဘဏ်ငွေစာရင်းတွေမှာ ကနေဒါ ဒေါ်လာ ၃၃ သန်း (၃၂.၄၂ ဘီလီယံ ကျပ်) အပ်နှံထားနိုင်ခဲ့ပါတယ်။ ငွေအားလုံးကို ထုတ်ယူပြီးတဲ့နောက် သူက ကနေဒါ ဒေါ်လာ ၁၈ သန်း ယူပြီး ကျန် ၁၅ သန်းကို သူ့ မိသားစုကို ပေးခဲ့တယ်” ဟု ပြီးခဲ့သည့်အပတ်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ရန်ကုန်တွင် သူက (လက်နက်ကိုင်အစောင့်များ ရှိသော်လည်း) သတိရှိရှိဖြင့် သွားလာ လှုပ်ရှားခဲ့ပြီး နိုင်ငံရေးသမား အများအပြားသို့ တိတ်တဆိတ် ချဉ်းကပ်ခဲ့ပြီး အလွတ်သဘော မဟာမိတ်ဖွဲ့ခဲ့သည်။

ငွေကြေး ခဝါချရေး အစီအမံ

Myanmar Kyaw Investment Group Co., Ltd. သည် ၂၀၁၅ ခုနှစ် အတွင်း ရှမ်းပြည်နယ် မူဆယ်ရှိ တရုတ်နယ်စပ်တွင် လုပ်ကိုင်သည့် ငွေလွှဲဝန်ဆောင်မှုမှ တဆင့် ကျပ် ၁၆.၃၁၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၂.၅ သန်းခန့်) တရားမဝင် ရရှိခဲ့ပြီး ငွေလွှဲပြောင်းမှုများကို ရွှေလီနှင့် ကျယ်ဂေါင်မှ တရားမဝင် ငွေလွှဲဝန်ဆောင်မှုများတွင် ပါဝင်ပတ်သက်နေသည့် တရုတ်နိုင်ငံသားများက ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောသည်။

မိုက်ကယ်ကျော်မြင့်က သူ၏ နိုင်ငံရေးနောက်ခံသည် ဝပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) တွင် အလုပ်လုပ်ခြင်းလည်း ပါဝင်သည် ဟုပြောသည်။ သူ၏ ကချင်အမည်မှာ ဇခုန်ဇုန်းဆောင်  ဖြစ်ပြီး ကချင်ပြည်နယ်မှ အင်အားကြီးသော ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်း၏ မွေးစားသားဖြစ်ကြောင်းလည်း ဆိုသည်။ (ဦးဇခုန်တိန့်ယိမ်းက ၎င်းနှင့် လုံးဝ မသက်ဆိုင်ဟု တရားဝင် ထုတ်ပြန်ချက်ထုတ်ပြီး ငြင်းသည်။) သို့သော်လည်း မြန်မာနိုင်ငံမှ မူး ယစ်ဆေးဝါးနှင့် နိုင်ငံရေး အကြောင်း စာအုပ်များစွာ ရေးသားခဲ့သော ဝါရင့် စာနယ်ဇင်းသမား Bertil Lintner ၏ အဆိုအရ မိုက်ကယ်ကျော်မြင့်သည် ကချင်လူမျိုးမဟုတ်ဘဲ တရုတ်-မြန်မာ စီးပွားရေးသမားတဦးသာ ဖြစ်သည်။ အမှန်စင်စစ်တွင် သူသည် အယောင်ဆောင် ကောင်းသူတယောက်၊ လှည့်ဖျားတတ်သူ တယောက်သာ ဖြစ်သည်။ သို့သော်လည်း ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် သူ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။

မိုက်ကယ်ကျော်မြင့် ခေါ် မိုက်ကယ်ဟွာသည် အစောပိုင်းက ဗမာပြည်ကွန်မြူနစ်ပါတီ (CPB) နှင့်အတူရှိခဲ့သော ကချင်တိုင်းရင်းသား ဇော်မိုင်၏ အငယ်ဆုံးသမီးနှင့် လက်ထပ်ခဲ့သည်။ ၁၉၈၉ ခုနှစ်က ဗကပတွင် ကြီးမားသော တပ်တွင်းပုန်ကန်မှု တခုနှင့် ကြုံတွေ့ရချိန်တွင် ဇော်မိုင်က ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) သို့ ဝင်ရောက်ခဲ့ပြီးနောက် အဆင့်မြင့် အရာရှိတဦး ဖြစ်လာခဲ့သည်။

၁၉၉၀ နှစ်များက အလွန်သြဇာကြီးမားသော စစ်ထောက်လှမ်းရေးဌာနနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတခု ရရှိခဲ့သည့် ၀ ခေါင်းဆောင်များက မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ရောင်းဝယ်မှု အပါအဝင် စီးပွားရေးလုပ်ငန်းများတွင် ပါဝင် လုပ်ကိုင်ခွင့်ရခဲ့သည်။ သို့သော်လည်း သူတို့အတွက် ရန်ကုန်တွင် အခြေစိုက်သူ တဦး လိုအပ်လာခဲ့သည်။

ဗမာစကားကို ကျွမ်းကျင်စွာပြောနိုင်သူ မိုက်ကယ်ကျော်မြင့်က ရန်ကုန်သို့ သွား၍  ကုမ္ပဏီများတည်ထောင်ကာ ၀ အဖွဲ့အတွက် ငွေရှာဖွေပေးမည့် စီးပွားရေးလုပ်ငန်းများကို ဦးစီးရန် ရွေးချယ်ခြင်းခံခဲ့ရသည်။ အမှန်တကယ်တွင်  ၀ အဖွဲ့က ဇော်မိုင်ကို ရန်ကုန်သို့ သွား၍ ကုမ္ပဏီများ တည်ထောင်ခိုင်းခဲ့ခြင်း ဖြစ်သော်လည်း သူက သားမက်ဖြစ်သူကို သူ့ကိုယ်စား သွားခိုင်းခဲ့သည်။

မိုက်ကယ်ကျော်မြင့်က မြန်မာ ကျုံယွမ်ကုမ္ပဏီကို တည်ထောင်ခဲ့ပြီး ထိုကုမ္ပဏီက ၁၉၉၀ နှစ်များတွင် ငွေခဝါချမှုများ၌ ပါဝင်ပတ်သက်ခဲ့သည့် တချိန်တည်းမှာပင် ရန်ကုန်၌ တည်ထောင်ထားသော အခြား တရုတ်ဘဏ် ၂ ခု ရှိသည်။ သို့သော်လည်း ၁၉၉၈ ခုနှစ်တွင် ငွေကြေးခဝါချမှုတွင် ပါဝင်ခြင်းကြောင့် ထိုဘဏ် ၂ ခုလုံးနှင့် မြန်မာကျုံယွမ်တို့ ပိတ်သိမ်းခြင်း ခံခဲ့ရသည်။

ယခုအခါ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သော ဟောင်ကောင်အခြေစိုက် Asiaweek မဂ္ဂဇင်းက မိုက်ကယ်ကျော်မြင့် ဦးဆောင်သော ကုမ္ပဏီတခုသည် မူးယစ်ဆေးဝါးရောင်းဝယ်မှုတွင် အကြီးအကျယ် ပါဝင်ပတ်သက်နေသော UWSA အတွက် ငွေကြေးခဝါချမှုများ ပြုလုပ်ပေးနေသည်ဟု သတင်းဖော်ပြခဲ့သည်။

ကယားပြည်နယ်ရှိ UDP ပါတီရုံးတရုံး/မျိုးမင်းစိုး/ဧရာဝတီ

အဆင့်မြင့်ထောက်လှမ်းရေးအရာရှိများ အပါအဝင် အစိုးရအရာရှိများစွာနှင့် မိုက်ကယ်ကျော်မြင့် အကျွမ်းတဝင် ဖြစ်လာသည်။ သူက ထောက်လှမ်းရေးအရာရှိဟောင်း အများအပြားကိုလည်း သူ၏ ကုမ္ပဏီတွင် အလုပ် ခန့်အပ်ခဲ့သည်။ ယနေ့အချိန်အထိ ထောက်လှမ်းရေးအရာရှိဟောင်းများစွာက သူ၏ “နှင်းဆီပါတီ” အတွက် အလုပ်လုပ်နေကြသည်။

UWSA ၏ ဒုတိယ ဘဏ္ဍာရေး ဝန်ကြီးဟု ဆိုသော မိုက်ကယ်ကျော်မြင့်က မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းဆိုင်ရာ ဥပဒေများကို ချိုးဖောက်ခဲ့ကြောင်း ၁၉၉၈ နိုဝင်ဘာလတွင် Jane’s Intelligence Review က ဖော်ပြခဲ့သည်။ မြန်မာကျုံယွမ် ကုမ္ပဏီကို မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က တရားမဝင်ကြောင်း ကြေငြာခဲ့ပြီး မိုက်ကယ်ကျော်မြင့်ကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့သည်။

ထိုနှစ် ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့သော အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ “နိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မဟာဗျူဟာအစီရင်ခံစာ၊ ၁၉၉၈” တွင် မြန်မာနိုင်ငံ၏ ကုမ္ပဏီ ဥပဒေကို ချိုးဖောက်သည့် အတွက် မြန်မာကျုံယွမ် ကုမ္ပဏီကို မြန်မာစစ်အစိုးရက ထိရောက်စွာ အရေးယူခဲ့သော်လည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် ပတ်သက်သည့် ဆောင်ရွက်မှုတရပ်အဖြစ် ရည်ညွှန်းခဲ့ခြင်း မရှိကြောင်း ဖော်ပြထားသည်။

မိုက်ကယ်ကျော်မြင့်က ထောင်ဒါဏ်ကို အပြည့်အ၀ ကျခံရခြင်း မရှိဘဲ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။ သူက ထောင်အရာရှိများအား လာဘ်ထိုး၍ ထိုင်းနိုင်ငံသို့ ထွက်ပြေးခဲ့သည်ဟု သံသယရှိခဲ့ကြသည်။

မိုက်ကယ်ကျော်မြင့်က  ပထမဆုံးအနေဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်သို့ သွား၍ အမေရိကန် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အုပ်ချုပ်မှု အဖွဲ့ရုံး (DEA) နှင့် အဆက်အသွယ်များ ထူထောင်ခဲ့သည်။ သူက နာမည်ဆိုးဖြင့် ကျော်ကြားသော ရွှေတြိဂံဒေသ မူးယစ်ဆေးရောင်းဝယ်မှုတွင် သြဇာကြီးသူများကို သိရှိထားပြီး အမေရိကန်များထံ သတင်းအချက်အလက်အချို့ ရောင်းချခဲ့ခြင်း ဖြစ်နိုင်ပါသည်။ ဝ ခေါင်းဆောင်များက ဘိန်းဖြူနှင့် အခြား တရားမဝင် ကုန်သွယ်မှုများတွင် အကြီးအကျယ် ပါဝင်ပတ်သက်နေသည်ဟု လူသိများခဲ့ပြီး အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ရင်ဆိုင်နေကြသည်။ ထိုအချိန်ကာလတွင် DEA က UWSA ကို “အရှေ့တောင် အာရှ၏ ထိပ်တန်းဘိန်းဖြူနှင့် မက်သာဖက်တမင်း ကုန်သွယ်ရေး အဖွဲ့” အဖြစ် ဖော်ပြခဲ့သည်။

ထို့နောက် သူက အမေရိကန်သို့ ထွက်သွားခဲ့သည်။ အမေရိကန်၌ နိုင်ငံရေးခိုလှုံခွင့်ရရှိရန် DEA က ကူညီခဲ့ကြောင်း ၂၀၀၉ ခုနှစ် ဧပြီလတွင် မိုက်ကယ်ကျော်မြင့်က Vancouver Sun သတင်းစာသို့ ပြောကြားခဲ့သည်။ ၂၀၀၂ တွင် ကနေဒါသို့ ပြောင်းရွှေ့မလာမီက နယူးဂျာစီပြည်နယ်တွင် နေထိုင်ခဲ့သည်။ ကနေဒါတွင်လည်း နိုင်ငံရေး ခိုလှုံခွင့်ရရှိရန် ကြိုးစားခဲ့ပြီး Vancouver တွင် နေထိုင်ခဲ့သည်။ အဘယ်ကြောင့် ကနေဒါသို့ပြောင်းရန် သူ ဆုံးဖြတ်ခဲ့သည်ကို ယခုထိ မသိရသေးပါ။

မိုက်ကယ်ကျော်မြင့်က Vancouver တွင် Maple Leaf Reforestation Inc. အပါအဝင် ကုမ္ပဏီ အမြောက်အများကို တည်ထောင်ခဲ့သည်။

၂၀၀၉ ခုနှစ်တွင် Future Canada China Environment Inc. ကုမ္ပဏီမှ အရောင်းအဝယ်များကို အမေရိကန်နိုင်ငံ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် (SEC) က ရပ်ဆိုင်းခိုင်းခဲ့ချိန်တွင် မိုက်ကယ်ကျော်မြင့်က ကနေဒါ၌ အများ အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။ ကုမ္ပဏီ၏ အစုရှယ်ယာ တန်ဖိုးက အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ကျော် (၂၀၀၉ ခုနှစ် တရားဝင် ငွေလဲနှုန်းအရ မြန်မာငွေ ကျပ် ၆.၅ ဘီလီယံ) သို့ လျင်မြန်စွာ ခုန်တက်သွားသောကြောင့် ဖြစ်သည်။

မိုက်ကယ်ကျော်မြင့်၏ Myanmar Kyaw ကုမ္ပဏီရုံးသည် UPD ပါတီရုံးချုပ်လည်း ဖြစ်သည်/မျိုးမင်းစိုး

မိုက်ကယ်ဟွာဟူ (မိုက်ကယ်ကျော်မြင့်) နှင့် သိသိသာသာ ဆက်နွယ်နေသည့် ကုမ္ပဏီ တခုနှင့် ပေါင်းစည်းရန် အဆိုပြုထားမှုတခု၏ အင်အားကြောင့် ဈေးနှုန်းမြင့်တက်သွားခြင်းဖြစ်ကြောင်း Vancouver Sun ၏ သတင်း အရသိရသည်။

“ကော်မရှင်က Future Canada China Environment Inc. ၏ ငွေချေးသက်သေခံလက်မှတ်များ ရောင်းဝယ်ခြင်းကို ယာယီ ရပ်ဆိုင်းခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ ရှယ်ယာဈေးနှုန်းက အမေရိကန် ၀.၉၂ ဒေါ်လာမှ ၂၈.၅၀ ဒေါ် လာသို့ မြင့်တက်သွားစဉ်အတွင်း ကုမ္ပဏီ၏ စတော့ရှယ်ယာများ ရောင်းချသည့် ကိစ္စနှင့် ပတ်သက်၍ လတ်တလော တွင် မေးခွန်းများ ပေါ်ထွက်လာသောကြောင့် ဖြစ်သည်” ဟု  ဇန်နဝါရီလတွင် SEC က ကြေငြာခဲ့သည်။

ကုမ္ပဏီမှ နောက်ပိုင်းတွင် ထုတ်ပြန်သော မည်သည့် သတင်းအချက်အလက်နှင့် ပတ်သက်၍ မဆို အသေးစိတ် သေချာစွာ ထည့်သွင်းစဉ်းစားရန် ကော်မရှင်က ပွဲစားများ၊ ကုန်သည်များ၊ အစုရှယ်ယာရှင်များနှင့် အလားအလာ ရှိသော ဝယ်ယူသူများအား ကော်မရှင်က သတိပေးခဲ့သည်။

“ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုက မပြောပလောက်စရာ ဖြစ်ပြီး စီးပွားရေးလုပ်ငန်း လည်ပတ်နေမှုလည်း မရှိပါဘူး။ အခုအခါမှာ Vancouver မှာ နေထိုင်တဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်ဟောင်း မိုက်ကယ်ဟွာဟူနဲ့ အဆက်အသွယ် ရှိပုံရတဲ့ ကုမ္ပဏီ တခုနဲ့ ပေါင်းစည်းဖို့ အဆိုပြုထားချက် တခုကြောင့် စတော့ရှယ်ယာဈေးနှုန်းတွေ သိသိသာသာ မြင့်တက်သွားခဲ့ခြင်း ဖြစ်ပါတယ်” ဟု ကနေဒါသတင်းစာက ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ တွင် သတင်းဖော်ပြခဲ့သည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ ချင်းမိုင်တွင် ထိုအခါက အခြေစိုက်ခဲ့သော ဧရာဝတီ The Irrawaddy ၏ သတင်းဖော်ပြမှုကို တုန့်ပြန်သည့်အနေဖြင့် မိုက်ကယ်ကျော်မြင့်က တရားစွဲဆိုမည်ဟု ထိုနှစ်အတွင်း ခြိမ်းခြောက်ခဲ့သည်။ ၁၉၉၈ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်တွင် Asiaweek က ဖော်ပြခဲ့သော ဆောင်းပါးတပုဒ်အတွက် လူသိရှင်ကြား တောင်းပန်ရန် Asiaweek ကို ပိုင်ဆိုင်သော Time Inc သို့ မိုက်ကယ်ကျော်မြင့်က တောင်းဆိုနေခဲ့သည့် ၂၀၀၄ ခုနှစ်တွင် ဧရာဝတီက သူ၏ အကြောင်းကို ပထမဆုံးအကြိမ် သတင်းဖော်ပြခဲ့သည်။

၂၀၁၁ ခုနှစ်တွင် ဗြိတိသျှကိုလံဘီယာ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် (BCSC) ရုံးက သူ့ကို “စည်းကမ်းပျက်စာရင်း” တခုသို့ ထည့်သွင်းခဲ့သည်။ အဓိပ္ပါယ်မှာ ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာ ပြည်နယ်ရှိ ငွေချေး သက်သေခံ လက်မှတ် ဈေးကွက်များမှ မိုက်ကယ်ကျော်မြင့်ကို အမြဲတမ်း ထုတ်ပယ်ခဲ့ခြင်း ဖြစ်ပြီး တရားမဝင် ကုန်သွယ်မှုတွင် ပါဝင်ခြင်းနှင့် စုံစမ်းစစ်ဆေးသူများသို့ မှားယွင်းသော၊ အထင်မြင်မှားစေသော ထုတ်ပြန်ချက်များ  ပေးခဲ့ခြင်း အတွက် အမေရိကန်ဒေါ်လာ ၁.၅ သန်း ဒဏ်ရိုက်ခဲ့သည်။

မိုက်ကယ်ကျော်မြင့်သည် Maple Leaf Reforestation ၏ ဒါရိုက်တာနှင့် ဥက္ကဌတဦး ဖြစ်နေချိန် Maple Leaf က တရုတ်နိုင်ငံနှင့် ညှိနှိုင်းနေသည့် ဇီဝဒီဇယ်စီမံကိန်း (Xinjiang စီမံကိန်း ဟု သိကြသည်) တခုနှင့်ပတ်သက်သည့် (အမျိုးအမည် မဖော်ပြသော) အချက်အလက်များကို လက်ဝယ်ထားရှိ၍ ကုမ္ပဏီတွင် အစုရှယ် ယာများ ဝယ်ယူခဲ့သည်ကို BCSC က တွေ့ရှိခဲ့သည်။ မိုက်ကယ်ကျော်မြင့်က သူ ဝယ်ယူမှုများ ပြုလုပ်စဉ်တွင် အသုံးပြုခဲ့သည့် အွန်လိုင်း အကျိုးဆောင် အကောင့်ကို မသိရှိပါကြောင်း ငြင်းဆန်ခဲ့ပြီး ကော်မရှင်ဝန်ထမ်းများအား မှားယွင်းသော၊ အထင်အမြင် လွဲမှားစေသော ထွက်ဆိုမှုများ ပြုလုပ်ခဲ့ကြောင်းကိုလည်း စစ်ဆေးရေး အဖွဲ့က တွေ့ရှိခဲ့သည်။

မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် ငွေကြေးခဝါချမှု စွပ်စွဲချက်များကို ကြေငြာချက်တခု တွင် သူက ငြင်းဆိုခဲ့သည်။

UPD ပါတီဥက္ကဋ္ဌ ဦးကျော်မြင့် ခေါ် မိုက်ကယ်ကျော်မြင့်

“ကျနော်၊ ဦးကျော်မြင့်ဟာ တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်မှု သို့မဟုတ် ငွေကြေးခဝါချမှုတွေကို ပြုလုပ်ခြင်း သို့မဟုတ် ပါဝင်ပတ်သက်ခြင်းတွေကို ဘဝမှာ ဘယ်တုန်းကမှ မလုပ်ခဲ့ပါဘူး” ဟု သူ၏ ဝက်ဘ်ဆိုက်ပေါ်မှ ကြေငြာချက်တခုက ဆိုသည်။  “ မြောက်အမေရိကနဲ့ အာရှမှာ ရှိတဲ့ ကျနော့်ရဲ့ စီးပွားရေးလုပ်ငန်းများ အားလုံးက တရားဝင် လုပ်ငန်းတွေ ဖြစ်ပါတယ်”ဟု သူကပြောသည်။

စိတ်ဝင်စားစရာမှာ ကနေဒါတွင် ရှိနေသော်လည်း မြန်မာ့နိုင်ငံရေး အပေါ် စိတ်ဝင်စားမှုကို သူက ဆက်လက်ထိန်းသိမ်းထားခြင်း ဖြစ်သည်။ သူက အမေရိကန်နှင့် ကနေဒါတွင် နေထိုင်သော မြန်မာ တက်ကြွလှုပ်ရှားသူများစွာနှင့် မိတ်ဆွေဖွဲ့ခဲ့ပြီး သူတို့ ကို သူ၏ကုမ္ပဏီတွင် အလုပ်လုပ်ရန်အတွက်ပင် ငှားရမ်းခဲ့သည်။

သူက ၂၀၁၂ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး ကူမင်းမြို့တွင် နေထိုင်၍ ဆောက်လုပ်ရေးပစ္စည်းများ၊ အိမ်သုံးပစ္စည်းများနှင့် သုံးဘီးဆိုင်ကယ်များကို တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တင်ပို့ခဲ့သည်။ ထို့ပြင် သူက မြန်မာကုန်သည်များ အတွက် ကျပ် ၃၀ ဘီလျံကျော် ရင်းနှီးမြှုပ်နှံခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် မူဆယ်မှ တဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့သည်။ ၁၉၉၀ နှစ်များက စစ်ထောက်လှမ်းရေး၏ ထောက်ခံချက်ဖြင့် ထုတ်ပေးခဲ့သော မြန်မာအမျိုးသားမှတ်ပုံတင်ကတ်ကြောင့် နယ်စပ်ကို အလွယ်တကူ ဖြတ်ကျော်နိုင်ခဲ့သည်။ ထိုနေရာရှိ လူဝင်မှုကြီးကြပ်ရေးအရာရှိများက သူ၏ ဝရမ်းပြေး အတိတ်အကြောင်းကို မသိခဲ့ကြပါ၊ ရန်ကုန်သို့သွားရန် လမ်းပွင့်သွားပြီ ဖြစ်ပြီး သူက မြန်မာကျော် ကုမ္ပဏီကို တည်ထောင်ခဲ့တော့သည်။

မြန်မာနိုင်ငံသို့ အပြန်

၂၀၁၀ ခုနှစ် မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ မတိုင်မီကာလတွင် မိုက်ကယ်ကျော်မြင့်က မြန်မာနိုင်ငံရှိ နိုင်ငံရေးသမားအများအပြားကို စုစည်း၍ UDP ကို ပြည်တွင်း၌ တည်ထောင်ခဲ့သည်။ ဝါရင့်နိုင်ငံရေးသမား ဦးသုဝေနှင့် ရန်ကုန်မှ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် ဦးရဲထွန်း တို့ကို ပါတီ၏ဥက္ကဌနှင့် ဒုဥက္ကဌများ အဖြစ် အမည်တပ်ခဲ့သည်။(နောက်ပိုင်းတွင် ၂ ယောက်လုံးက ပါတီမှ ထွက်သွားခဲ့ကြသည်။)

၂၀၁၅ ခုနှစ်က ဧရာဝတီနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဦးသုဝေက မိုက်ကယ်ကျော်မြင့်သည် အမေရိကန်နိုင်ငံတွင် သံအမတ်ကြီးနှင့် စစ်သံမှူး အပါအဝင် မြန်မာသံတမန်များနှင့် နီးစပ်သူဖြစ်ကြောင်းနှင့် သူ မြန်မာနိုင်ငံသို့ ပြန်နိုင်ရန် ၎င်းတို့က စာရွက်စာတမ်းများ ထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။

အချို့ကမူ ထိုစဉ်က သမ္မတ ဦးသိန်းစိန် အပါအဝင် ယခင် အစိုးရခေါင်းဆောင်များက သူ့ကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်ဟု စွပ်စွဲကြသည်။ ဦးသိန်းစိန် တချိန်က ရွှေတြိဂံဒေသဆိုင်ရာ စစ်တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး သူက မိုက်ကယ်ကျော်မြင့်ကို သိကောင်းသိလိမ့်မည်ဟု သံသယရှိသော်လည်း သက်သေ အထောက်အထားမရှိပါ။ သို့သော် အခြား ဝ ခေါင်းဆောင်များကဲ့သို့ပင် မိုက်ကယ်ကျော်မြင့်သည် မြန်မာနိုင်ငံမှ ထိပ်တန်း ထောက်လှမ်းရေးအရာရှိများနှင့် အနီးကပ်ဆက်သွယ်မှုကို ယခင်က ထူထောင်ခဲ့ပုံရသည်။

၂၀၂၀ အောက်တိုဘာ ၇ ရက်က နေပြည်တော်တွင် UPD ပါတီ မဲဆွယ်အင်အားပြစဉ်/သီဟလွင်/ဧရာဝတီ

UDP က မြန်မာနိုင်ငံ၏ နိုင်ငံရေးမြင်ကွင်းတွင် အသစ်ဝင်ရောက်လာသူ မဟုတ်ပါ။ ပါတီသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင်လည်း ထိုနည်းတူ ဖြစ်သည်။ သို့သော်လည်း ထိုစဉ်က မြန်မာနိုင်ငံ ရွေးကောက်ပွဲကော်မရှင်နှင့် ထိပ်တန်းလုံခြုံရေးအရာရှိများသည် အိပ်ပျော်နေခဲ့ကြပုံရပြီး မိုက်ကယ်ကျော်မြင့်နှင့် သူ၏နောက်ခံသမိုင်းကို စစ်ဆေးရန် ပျက်ကွက်ခဲ့ပါသည်။

သို့သော် သူ့ကို သိသောသူများက မိုက်ကယ်ကျော်မြင့်သည် အန္တရာယ်ကြီးကြောင်း ပြောကြသည်။

သူက သူ၏ ယခင် စီးပွားရေးလုပ်ဖော်ကိုင်ဖက်များဖြစ်သော ၀ နှင့် တရုတ်မာဖီးယားဂိုဏ်းများနှင့် နီးစပ်မှု ရှိနေဆဲ ဖြစ်သည်။ NLD ကို ထောက်ခံသည့် သတင်းရင်းမြစ်များက သူ့ကို တရုတ်သူလျှို တယောက်ဖြစ်သည်ဟု စွပ်စွဲခဲ့သော်လည်း ထိုကိစ္စနှင့် ပတ်သက်၍ သက်သေအထောက်အထား မရှိပါ။ သို့သော်လည်း မိုက်ကယ်ကျော်မြင့်က ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Yang Houlan နှင့် တခမ်းတနား တွေ့ဆုံခဲ့သည်။

တွေ့ဆုံမှုနှင့် ပတ်သက်သည့် မှတ်စုတခုကို တရုတ်သံရုံး၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားပြီး “သူတို့ ၂ ဦးက မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဘဝများတွင်းမှ လတ်တလော ဖြစ်စဉ်များကိုသာမက ၂ နိုင်ငံနှင့် ပါတီများကြား အဆိုပြုထားသည့် ဖလှယ်မှုများအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်။ ၂ နိုင်ငံ ပြည်သူအချင်းချင်း ဆက်သွယ်မှုနှင့် အနာဂတ်တွင် ၂ ဦး ၂ ဖက် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားရန် ၂ ဘက်လုံးက သဘောတူခဲ့ကြသည်” ဟု ဆိုသည်။

ဤအရာအားလုံးမှ ပေါ်ထွက်လာသော မေးခွန်းမှာ မြန်မာနိုင်ငံ၏ ထိရှကျိုးပျက် လွယ်သည့် ကူးပြောင်းရေး ဖြစ်စဉ်ကို ဖျက်ဆီးရန် ကြီးမားသော စီစဉ် ကြံစည်မှုတခု ရှိ မရှိ ပင်ဖြစ်သည်။ အကယ်၍ ရှိခဲ့သည်ဆိုပါလျှင် မည်သူ ပါဝင်နေပါသနည်း။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော Shady Boss of Myanmar’s UDP Michael Kyaw Myint More Than Just a Fugitive ကို ဆီလျော်အောင် ဘာသာပြန်သည်။)

You may also like these stories:

တရုတ်အရေးကျွမ်းကျင်သူ အလိုရှိသည်

UDP ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် ပတ်သက်ခြင်း မရှိဟု ဦးဇခုန်တိန့်ယိန်း ဆို

UWSA “ဝ”တပ်ဖွဲ့ က ပထမဆုံး ဗိုလ်လောင်းသင်တန်း ကို ပန်ဆန်းတွင် ဖွင့်လှစ်

Your Thoughts …
Tags: DEAUDPUWSAကနေဒါငွေကြေးခဝါချမှုနှင်းဆီပါတီ ဥက္ကဋ္ဌ မိုက်ကယ်ကျော်မြင့်မြန်မာ့ကျုံယွမ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.2k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

တရုတ် အလိုရှိနေတဲ့ UWSA အိုက်ဟောက် ဘယ်ပြေးမလဲ

တရုတ် အလိုရှိနေတဲ့ UWSA အိုက်ဟောက် ဘယ်ပြေးမလဲ

by ဧရာဝတီ
14 October 2023
25.7k

အိုက်ဟောက်ကို ရန်ကုန်စီးပွားရေးအသိုင်းအဝိုင်းနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေက ကောင်းကောင်းမှတ်မိနေကြဦးမှာပါ။

UWSA ဒုစစ်ဦးစီးချုပ်ကို တရုတ် ဖမ်းထား

UWSA ဒုစစ်ဦးစီးချုပ်ကို တရုတ် ဖမ်းထား

by ဧရာဝတီ
18 October 2023
23.4k

“ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ဒုတိယစစ်ဦးစီးချုပ် တဦးဖြစ်သူ ပေါက်ကျွင်းဖုန်း (ခေါ် ) အာချန်အား တရုတ်နိုင်ငံ၊ ကူမင်းမြို့ ရဲတပ်ဖွဲ့က ယခုလပထမပတ်တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း “ဝ” တပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်တချို့ထံမှ သိရသည်။

သံလွင်မြစ်ကို ကူးလာသည့် UWSA ၏ ခြေလှမ်းများ (၂)

သံလွင်မြစ်ကို ကူးလာသည့် UWSA ၏ ခြေလှမ်းများ (၂)

by ကိုဦး
18 April 2024
23.1k

လက်ရှိ မြောက်ပိုင်းသုံးဖွဲ့၏ နောက်ကွယ်တွင် UWSA ကူညီနေသည်ကို သိသော်လည်း စစ်တပ် ထုတ်မပြောရဲပေ။

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.3k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.3k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

Next Post
မင်းသမီး Priyanka Chopra ၊ အဆိုတော် စီလင်းဒီယွန်

စီလင်းဒီယွန်နဲ့အတူ ဟောလိဝုဒ် ရုပ်ရှင်ကားမှာ သရုပ်ဆောင်မယ့် Priyanka Chopra

AA  နှင့် ARSA အရေး ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ ၂ နိုင်ငံကြား ပူးပေါင်းဖြေရှင်းရမည်

AA နှင့် ARSA အရေး ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ ၂ နိုင်ငံကြား ပူးပေါင်းဖြေရှင်းရမည်

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

3 days ago
4.7k
အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

1 day ago
4.5k

Most Read

  • ကျောက်ဖြူကို စစ်ကောင်စီ အင်အားဖြည့်

    ကျောက်ဖြူကို စစ်ကောင်စီ အင်အားဖြည့်

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အခွန်ကောက်များလို့ ဝက်လက် ပအဖဂိတ် ဆန္ဒပြခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate