• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ကိုဗစ်နဲ့အတူ သီတင်းကျွတ်ကို ဖြတ်သန်းခြင်း

by ဇူးဇူး
31 October 2020
in ဆောင်းပါး
A A
ယမန်နှစ်က မန္တလေးမြို့တွင် ပြုလုပ်သည့် သီတင်းကျွတ်ပွဲတော် / ဇော်ဇော် / ဧရာဝတီ

ယမန်နှစ်က မန္တလေးမြို့တွင် ပြုလုပ်သည့် သီတင်းကျွတ်ပွဲတော် / ဇော်ဇော် / ဧရာဝတီ

13.7k
VIEWS
Share on FacebookShare on Twitter

“ဘဝမှာ သီတင်းကျွတ်ကို ဒီလို ဖြတ်သန်းရမယ်လို့ မထင်ထားဘူး။ ကိုဗစ်ကာလ အိမ်မှာ ခြေချုပ်မိနေတော့ စိတ်မပျော် ဘူး” လို့ ပြောပြသူက အသက် ၂၈ နှစ်အရွယ် မရမ်းကုန်းမြို့နယ်နေ မမေဇွန်မှူး ဖြစ်ပါတယ်။

သီတင်းကျွတ်ရောက်တိုင်း ခရီးရက်ရှည် မဟုတ်ရင်တောင် ခရီးတိုလေးတွေ ထွက်ဖြစ်တဲ့ မေဇွန်မှူးတယောက် ရုံးမပိတ်ခင် တပတ်လောက် အလိုကတည်းက ခရီးသွားဖို့ ပြင်ဆင်ပြီး တက်ကြွနေတတ်သူပါ။ ဒီနှစ်တော့ အိမ်မှာပဲ ခြေချုပ်မိနေ တာ ကြောင့် အရင်နှစ်က သွားခဲ့တဲ့ ဓာတ်ပုံလေးတွေပဲ အမှတ်တရ ပြန်ကြည့်၊ ပြန်တွေးရင်း စိတ်ဖြေနေရတယ်လို့ ဆိုပါတယ်။

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
3.2k
မြိတ်မြို့

မြိတ်မြို့

11 May 2025
588

“ဒီနှစ်သီတင်းကျွတ်မှာ ဆရာကန်တော့ပွဲရယ်၊ ချင်းပြည်သွားမယ့် ခရီးစဉ်ရယ်ကို ရွှေ့လိုက်ရတာကြောင့် စိတ်မကောင်း ဘူး။ ဒါပေမယ့် တခုအကျိုးရှိတာက Stay at Home ဆိုတော့ ဒီနှစ်သီတင်းကျွတ်ကို မိသားစုနဲ့အတူတူ ဖြတ်သန်းခွင့်ရတာ အဆိုးထဲက အကောင်းပေါ့” လို့ သူက ပြောပါတယ်။

မြန်မာလတွေအနက် သီတင်းကျွတ်လဟာ ၇ လမြောက်ဖြစ်ပြီး မိုးရာသီကုန်ဆုံးကာ သာယာတဲ့ လဖြစ်တာကြောင့် မိုးလေ ကင်းလွတ် သီတင်းကျွတ် သို့မဟုတ် ဝါလကင်းလွတ် သီတင်းကျွတ်လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ သီတင်းကျွတ်လ မီးထွန်းပွဲတော်ဟာ မြန်မာ့ ၁၂ လ ရာသီ ပွဲတော်တွေထဲက တခုဖြစ်ပြီး ကလေးတွေသာမက လူငယ်၊ လူကြီးတွေပါ ပျော်ကြရတဲ့ ပွဲတော်တခုလည်း ဖြစ်ပါတယ်။

ဘာသာရေး ယုံကြည်ချက်က ဂေါတမ မြတ်စွာဘုရား တာဝတိံသာ နတ်ပြည်ကို သွားရောက်ပြီး မယ်တော်မိနတ်သားနဲ့ နတ်ဗြဟ္မာတွေကို ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရား ဟောကြားတော်မူပြီးနောက် လူ့ပြည်ကို သီတင်းကျွတ် လပြည့် နေ့မှာ ပြန်လည်ဆင်းသက် ကြွမြန်းလာပါတယ်။

ယမန်နှစ်က မန္တလေးမြို့တွင် ပြုလုပ်သည့် သီတင်းကျွတ်ပွဲတော်(ဇော်ဇော်၊ ဧရာဝတီ)

မြတ်စွာဘုရား တာဝတိံသာမှ ဆင်းသက်တော်မူတဲ့အခါ လက်ယာဘက် ရွှေစောင်းတန်းမှ နတ်ဒေဝတာတွေ၊ လက်ဝဲ ဘက် ငွေစောင်းတန်းမှ ဗြဟ္မာတွေ ခြံရံလိုက်ပါကာ ကိုယ်တော်တိုင် အလယ်မှ ပတ္တမြားစောင်းတန်းနဲ့ ဆင်းသက်တော်မူ လာချိန် ပြည်သူပြည်သားတွေကလည်း ဆီမီး၊ မီးပန်း၊ မီးရှူးမီးတိုင်၊ ပန်း၊ ရေချမ်းတွေနဲ့ ပူဇော်ကြိုဆို ကြပါတယ်။

ဒါကိုအစွဲပြုလို့ သီတင်းကျွတ်လပြည့်နေ့မှာ မြတ်စွာဘုရားကို ရည်မှန်းပြီး ဆီမီးတွေ၊ မီးထွန်းပွဲတွေ ပြုလုပ်ပြီး ရှေးယ ခင်ကနေ ယနေ့ထက်တိုင် ပူဇော်ကျင်းပကြတာ ဖြစ်တယ်လို့ မှတ်သား သိရှိရပါတယ်။

ယခင်နှစ်တွေတုန်းကတော့ မိုးလေကင်းလွတ်တဲ့ သီကျွတ်ကာလကို ရောက်ပြီဆိုရင် အပျော်ခရီး ထွက်သူတွေကထွက်ကြ၊ အိမ်မှာ၊ ဘုရားကျောင်းကန် ဇရပ်တွေမှာ၊ လမ်းတွေမှာ လှလှပပလေး မီးထွန်းဖို့ ပြင်ဆင်သူတွေကပြင်ကြ၊ ရပ်ကွက်ဘုရား ပွဲမှာ အကျွေးအမွေးနဲ့ ဖျော်ဖြေရေးအတွက် စီစဉ်သူတွေကစီစဉ်ကြနဲ့ ကိုယ်စီကိုယ်စီ အလုပ်များနေကြစမြဲပါ။

သီတင်းကျွတ် အခါသမယရဲ့ နောက်ထပ် ကြည်နူးစရာကောင်းတဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့ တခုကတော့ ရဟန်း သံဃာတွေနဲ့ မိဘ၊ ဘိုးဘွား၊ ဆရာသမားတွေကို အမွှေးတိုင်၊ ဖယောင်းတိုင် အပါအဝင် မုန့်၊ သစ်သီး စသဖြင့် လှူဖွယ် ပစ္စည်းတွေနဲ့ လိုက်ပြီးကန်တော့ကြ၊ လူကြီးမိဘတွေရဲ့ မေတ္တာပို့ဆုပေးမှုတွေရကြ၊ မုန့်ဖိုးတောင်းကြတဲ့ ဓလေ့ပဲဖြစ်ပါတယ်။

ဒီလို သီတင်းကျွတ်ကာလ ရောက်လာတိုင်း ကိုယ့်အရပ် ကိုယ့်ဒေသအလိုက် ကျင်းပဆင်နွှဲလာခဲ့ကြပေမယ့် ဒီနှစ် သီတင်း ကျွတ်မှာတော့ ကိုဗစ်-၁၉ ဆိုတဲ့ ကမ္ဘာ့ကပ်ရောဂါကြီးကြောင့် ပုံစံအသစ်တွေနဲ့ ပါဝင်ဆင်နွှဲကြရတော့မှာ ဖြစ်သလို ပွဲလမ်း သဘင်တွေလည်း ကျင်းပဖို့ မဖြစ်နိုင်တော့ပါ။

တမြို့နဲ့တမြို့ အဝင်အထွက်တွေ ကန့်သတ်ထားတာ၊ ခရီးသွားလုပ်ငန်းတွေ ရပ်ဆိုင်းထားတာကြောင့်လည်း သီတင်းကျွတ် ပိတ်ရက် ခရီးသွားမယ် ကြံစည်ထားသူတွေလည်း အိမ်မှာနေရင်း အတွေးစိတ်ကူးနဲ့ပဲ အပျော်ခရီးထွက်ရမယ့်အခြေအနေ ဖြစ်နေပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုအသစ် နေ့စဉ် ထောင်ဂဏန်းရှိနေသလို သေဆုံးလူနာတွေလည်း တိုးနေပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ အောက်တိုဘာ ၂၉ ရက်၊ ည ၈ နာရီထိ စာရင်းအရ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာပေါင်း ၅၀,၄၀၃ ဦးရှိပြီး သေဆုံးလူနာ ၁,၁၉၉ ဦးရှိပြီ ဖြစ်ပါတယ်။

ဒီလို အခြေအနေတွေကြောင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူတွေကို သီတင်း ကျွတ်ကာလ ကိုဗစ်ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်တွေနဲ့အညီ ဆင်နွှဲဖို့၊ လူစုလူဝေးမဖြစ်စေဖို့ သတိပေး ပြောဆိုထား ပါတယ်။

ယခင်နှစ်တွေတုန်းကလို ဘုရားသွား၊ ကျောင်းသွား၊ စေတီတော်ကြီးတွေကို သွားရောက်ဖူးမြော်တာတွေ လုပ်လို့ မဖြစ် တော့ဘဲ ကိုယ့်ရဲ့အိမ်မှာပဲ မီးပုံးလေးတွေ၊ မီးလေးတွေ အလှဆင်၊ မေတ္တာပို့၊ တရားမှတ်၊ ဘုရားဝတ်ပြုခြင်းတွေနဲ့အတူ ကုသိုလ်ရအောင် လုပ်ဖို့လည်း သတင်းစကား ပါးထားပါတယ်။

ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာနကလည်း အသက်အရွယ် ကြီးရင့်တဲ့ မိဘ၊ ဘိုးဘွား၊ ဆရာသမားတွေ နေအိမ်ကို လူ ကိုယ်တိုင် သွားရောက် ကန်တော့တာမျိုး တတ်နိုင်သမျှ ရှောင်ကြဉ်ဖို့၊ ကန်တော့မယ်ဆိုရင်လည်း ခပ်ခွာခွာကနေ ကိုဗစ် ကျန်းမာရေး လမ်းညွှန်ချက်တွေနဲ့အညီ ဂါရဝပြုဖို့ တိုက်တွန်း နှိုးဆော်ထားပါတယ်။

လူကိုယ်တိုင် သွားရောက်ခြင်းမရှိဘဲ အိမ်အရောက်ပို့ဆောင်တဲ့ ဝန်ဆောင်မှုနဲ့ ကန်တော့ပစ္စည်းတွေ ပေးပို့ပြီး ကန်တော့ပါ ကလည်း အဲဒီပစ္စည်းတွေကတဆင့် ကိုဗစ်ရောဂါပိုး မကူးစက်ခံရဖို့ သတိပြုစေလိုပြီး အစားအသောက် မဟုတ်တဲ့ ကန်တော့ ပစ္စည်းတွေကိုလည်း ကျန်းမာရေး လမ်းညွှန်ချက်နဲ့အညီ ပိုးသတ်သန့်စင်ဖို့လည်း တိုက်တွန်းထားပါတယ်။

“ဒီနှစ်တော့ ဖုန်းထဲကနေ ကန်တော့လိုက်မယ်။ ကန်တော့ပစ္စည်းတွေကို Delivery နဲ့ ပို့လိုက်မယ်။ မုန့်ဖိုးကိုလည်း Mobile Banking, Wave Money နဲ့ လွှဲပေးလိုက်ပါ” ဆိုတဲ့ ကိုဗစ်အကျပ်အတည်းကြားက ဟာသအမြင်နဲ့ ရယ်စရာလေးတွေ ဖန် တီးပြီး အွန်လိုင်းပေါ်မှာ ပြောဆိုနေကြတာကိုလည်း တွေ့မြင်ရပါတယ်။

တကယ်တမ်းတော့ ဒါတွေဟာ ကိုဗစ်နဲ့အတူ သီတင်းကျွတ်ကာလ ဖြတ်သန်းရမယ့် New Normal ပုံစံ ဖြစ်နိုင်ပါတယ်။

“ကိုဗစ် ကာလဖြစ်တဲ့အတွက် ဗျောက်အိုးသံတွေအစား Ambulance (လူနာတင်ကား)သံတွေပဲ ကြားနေရတာ ရှိတယ်။ နောက်တခါ ရွေးကောက်ပွဲကာလနဲ့ နီးတဲ့အတွက် မီးပုံးတွေအစား ကိုယ်ယုံကြည်တဲ့ နိုင်ငံရေးပါတီ အလံတွေ ထောင် ထားတာပဲ တွေ့ရပါတယ်။ ဒါတွေဟာ ဒီနှစ် ကိုဗစ်ကာလ သီတင်းကျွတ်ရဲ့ ထူးခြားချက်လေးတွေ ဖြစ်တယ်” လို့ ကျောက် မြောင်းမြို့နယ်နေ ဦးအောင်မျိုးမင်းက သူ့ခံစားချက်ကို ပြောပြပါတယ်။

သို့ပေမယ့် အိမ်တွေမှာ ရောင်စုံမီးပုံးလေးတွေ ထွန်းတာ၊ လေးစားရတဲ့ လူကြီးသူမတွေကို ဂါရဝပြုတာ၊ အလှူအတန်း ပြု ကြတာကတော့ အစဉ်အလာမပျက် လုပ်ဆောင်နေကြမှာအပြင် ဒီနှစ်မှာ ကိုဗစ်ကာလအတွင်း တကယ်ကို လေးစားထိုက် တဲ့ ကျန်းမာရေးနဲ့ စေတနာ့ဝန်ထမ်းတွေ၊ ဒုက္ခရောက်နေတဲ့အခြေခံ လူတန်းစားတွေကို ကူညီခြင်းဖြင့် ကုသိုလ်ယူကြပြီး ကိုယ့်ရဲ့ချစ်ခင်လေးစားမှုတွေကို ပြသပေးပါလို့လည်း သူက တိုက်တွန်းပါတယ်။

ယမန်နှစ် ပြည် သရေခေတ္တရာ ပျူမြို့ဟောင်းရှိ ဘုရားမာဘုရားအား ဆီမီးပူဇော်ထားသည်ကို ဖူးမျှော်ရပုံ

ကိုဗစ်ကြောင့် မြန်မာ့နှစ်သစ်ကူး ရိုးရာသင်္ကြန်ပွဲတော်လည်း ဖျက်ခဲ့ရပါတယ်။ လက်ရှိမှာလည်း ကိုဗစ်အတည်ပြုလူနာ အဖြစ်များတဲ့ မြို့နယ်တွေကို Stay at Home သတ်မှတ်ထားတာ၊ လူစုလူဝေး ဖြစ်ပေါ်စေမယ့် ပွဲလမ်းသဘင်တွေ မပြုလုပ်ဖို့ တား မြစ်ထားတာတွေကြောင့် လူငယ်တွေအတွက်တော့ ပျော်မရတဲ့ သီတင်းကျွတ် ဖြစ်သွားပါတယ်။

ဒါပေမယ့်လည်း ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေကို လူစုလူဝေးနဲ့ လုပ်ကိုင်နေတာကို မြင်တွေ့နေရ တော့ ၁၂ရာသီ ရိုးရာပွဲလမ်းသဘင်နဲ့ ယဉ်ပါးခဲ့ရတဲ့ ကိုယ့်လူမျိုးတွေ ပါတီမဲဆွယ်ပွဲတွေ အကြောင်းပြုပြီး စိတ်ထွက်ပေါက် ရှာမိသလားလို့ တွေးမိပါတယ်။

ဒီလို ပွဲလမ်းသဘင်တွေ မလုပ်ဖြစ်တော့တဲ့အခါ ပွဲဈေးကို အမှီပြု စီးပွားရှာကြမယ့်သူတွေ၊ ဈေးရောင်းချဖို့ အားခဲထားကြ သူတွေအဖို့လည်း ခဲလေသမျှ သဲရေကျ ဖြစ်သွားရပါတယ်။

တိုင်းဒေသကြီး၊ ပြည်နယ်တွေအနက် ကိုဗစ် အတည်ပြုလူနာ အများဆုံးနဲ့ ရပ်တည်နေတဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ ကို ကိုးကျွန်း မြို့နယ်မှအပ ကျန်မြို့နယ်အားလုံး Stay at Home ဖြစ်တာကြောင့် ဘုရားသွား ကျောင်းတက် လုပ်လို့မရတော့ သလို ရန်ကုန်ရဲ့ နာမည်ကြီး စည်ကားလှတဲ့ ရေကျော်သီတင်းကျွတ် မီးထွန်းပွဲတော်လည်း မကျင်းပနိုင်တော့ပါ။

နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ရေကျော်ပွဲဈေးကြီးမှာ ပျော်ပွဲရွှင်ပွဲတွေ၊ ဖျော်ဖြေရေး အစီစဉ်တွေ၊ ကလေး ကစားစရာကစလို့ အစားအသောက်၊ အသုံးဆောင်ပစ္စည်းတွေအဆုံး ဆိုင်ခန်းပေါင်း ရာချီနဲ့ လာရောက် လည်ပတ်သူတွေ ကြက်ပျံမကျ စည် ကားတဲ့ ပွဲတော်တခု ဖြစ်ပါတယ်။

လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ ယခင်နှစ်တွေက သွားရောက် လည်ပတ်၊ စားသောက်၊ ဈေးဝယ်ခဲ့တဲ့ အကြောင်းတွေ၊ လှပတဲ့ မီးရောင်စုံတွေကြားက မှတ်တမ်းတင် ရိုက်ယူထားတဲ့ ရေကျော်ပွဲဈေး ဓာတ်ပုံတွေကို ပြန်လည်မျှဝေရင်း အမှတ်တ ရတွေကို ပြန်ပြောင်းပြောဆိုနေကြတာ တွေ့ရပါတယ်။

သီတင်းကျွတ်ရင် ယုန်ရုပ်၊ ဒေါင်းရုပ်၊ သမင်ရုပ်၊ မော်တော်ကား၊ လေယာဉ်နဲ့ မြင်းလှည်းရုပ် ဆိုတာမျိုးလေးတွေနဲ့ မီးထွန်း ပြီး ရပ်ကွက်ထဲ လျှောက်တွန်း၊ ဘေးအိမ်က သူငယ်ချင်းတွေနဲ့စုပြီး အတူတူ မီးပန်းဆော့ကြ၊ ရပ်ကွက်ထဲ လျှောက်ကြည့်၊ မုန့်သွားစားကြမယ်လို့ စိုင်းပြင်ထားတဲ့ ကလေးတွေလည်း အိမ်ထဲမှာပဲ ခြေချုပ်မိနေပါတော့တယ်။

“အရုပ်ကလေးတွေက ပိုရောင်းရတယ်။ ကိုဗစ်ဖြစ်တော့ မိဘတွေက ကလေးလေးတွေကို အိမ်ထဲတင်ထားပြီး ဆော့စေချင် တာပေါ့။ အခုဆို မှာလို့ကို မလောက်နိုင်ဘူး” လို့ မန္တလေးမြို့နေ မီးပလုံးဆိုင်ဖွင့်ထားတဲ့ မသီတာက ပြောပြပါတယ်။

သို့ပေမယ့် ကိုဗစ်ကာလမှာ လက်မှုမီးပလုံးအရုပ် လုပ်ငန်းရှင်တွေက မရောင်းရလောက်ဘူးထင်ပြီး လျော့လုပ်ကြ တာ ကြောင့် သူ့အနေနဲ့ အဝယ်များတဲ့ ဒီအရုပ်လေးတွေကို လိုချင်သလောက် မှာလို့မရဘဲ မနေ့ကဆို ပစ္စည်းပြတ်သွားလို့ ဆီမီးခွက်လေးတွေပဲ ရောင်းနေရတယ်လို့ ဆိုပါတယ်။

ကိုဗစ်ကာလ ဖြစ်တာကြောင့် မန္တလေးမှာလည်း ပွဲလမ်းသဘင်တွေ မကျင်းပတော့ဘဲ မီးထွန်းတာ၊ လူကြီးမိဘတွေကို ကန်တော့တာတွေလောက်ပဲ ရှိတော့တယ်လို့လည်း သူက ပြောပြပါတယ်။

သီတင်းကျွတ် ကာလဆိုရင် မန္တလေးတောင်ခြေက ကျောက်တော်ကြီး ဘုရားပွဲကို နှစ်စဉ် သီတင်းကျွတ်လဆန်း ၁၃ ရက်ကနေ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်နေ့အထိ ၁၀ ရက်တိုင် ပွဲဈေးတန်း ခင်းကျင်းပြီး၊ ဇာတ်ပွဲတွေပါ ထည့်သွင်း ပြီး ခြိမ့်ခြိမ့်သဲ ကျင်းပလေ့ရှိပေမယ့် ဒီနှစ်တော့ ကိုဗစ်ကြောင့် မကျင်းပတော့ဘူးလို့ သိရပါတယ်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံဒေသမှာဆိုရင်လည်း သီတင်းကျွတ်ကာလ အနယ်နယ်အရပ်ရပ်က ဘုရားဖူး ဧည့် သည်တွေ၊ ဆီမီးတထောင်ပူဇော်ပွဲတွေ၊ ရွာဘုရားပွဲလေးတွေနဲ့ ကြိတ်ကြိတ်တိုး စည်ကားနေတတ်ပေမယ့် ခုအချိန်မှာတော့ တိတ်ဆိတ်ငြိမ်သက်မှုက မင်းမူနေပါတယ်။

နိုင်ငံတဝှမ်း တခြားဒေသက သီတင်းကျွတ်ပွဲတွေလည်း ကျင်းပတော့မှာ မဟုတ်သလို တချို့မြို့နယ်က ရပ်ကွက် ဘုရား ပွဲလေးတွေကိုတော့ လူစုလူဝေးပုံစံမျိုးနဲ့ မဟုတ်ဘဲ၊ ယိမ်းအကတွေ၊ ပြဇာတ်တွေ ပါဝင်တော့မှာ မဟုတ်ဘဲ ရပ်ရွာနေ ပြည် သူတွေ ဘေးအန္တရာယ်ကင်းစေရေး ပရိတ်၊ ပဋ္ဌာန်းများ ရွတ်ဖတ်ကာ လှည့်လည်ပူဇော်ခံမယ်လို့ သိရပါတယ်။

ယမန်နှစ်က မန္တလေးမြို့တွင် ပြုလုပ်သည့် သီတင်းကျွတ်ပွဲတော်(ဇော်ဇော်၊ ဧရာဝတီ)

ခုအချိန်ဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စိတ်တွေမွန်းကျပ်၊ အနေကျုံ့နေရသလို တဖက်မှာလည်း စီးပွားရေး၊ အလုပ် အကိုင်နဲ့ နေထိုင်စားသောက်ရေးတို့ အတွက်ပါ ပူပန်နေရတဲ့ သူတွေအဖို့တော့ ဝါလကင်းလွတ် သီတင်းကျွတ်သွားပေမယ့် လွတ်လွတ်ကျွတ်ကျွတ် မပျော်နိုင်တဲ့ နှစ်တနှစ်လို့ ဆိုရမှာပါ။

ကိုဗစ်ကာလ စေတနာ့ဝန်ထမ်း ဆောင်ရွက်ပေးနေတဲ့ မအူပင်မြို့နယ်နေ ကိုထိုက်က “ဒီနှစ်ကတော့ သီတင်းကျွတ်တင် မ ကဘူး။ မဲပေးဖို့ပါ အာရုံမလာဘူး။ ဘယ်လိုနှစ်မှန်းကို မသိတာ။ အဝေးကလူတွေလည်း အိမ်ပြန်မရ။ အတူနေတွေလည်း သူ့မယုံ၊ ကိုယ့်မယုံနဲ့ အတော်ဆိုးတဲ့ ငဗစ်။ အိပ်လိုက်၊ စားလိုက်၊ Ambulance ထွက်မောင်းလိုက်နဲ့ အိပ်ရာနဲ့ ကားပေါ်တင် လကြာနေပြီ” လို့ ပြောပြပါတယ်။

မြန်မာ့နှစ်သစ် မကူးခင်ကတည်းက စခဲ့တဲ့ကိုဗစ် ဝါဆိုပြီးလို့ သီတင်းတောင်ကျွတ်ပြီ ဖြစ်ပေမယ့် ကိုဗစ်ကတော့ ထွက်မ သွားသေးပါ။ ဒီလိုပဲ Stay at Home က အခုထက်ထိ တည်ဆဲ၊ စည်းမျဉ်းစည်းကမ်းတွေကလည်း တည်နေဆဲဖြစ်လို့ ကိုယ့် အိမ်မှာပဲ မီးလေးတွေ အလှဆင်၊ မေတ္တာပို့ ဆုတောင်းမှုတွေပြုရင်း သီတင်းကျွတ်ကို ဖြတ်သန်း ဆင်နွှဲကြရတော့မှာပါ။

ဒီနှစ်အတွက် သီတင်းကျွတ် ဆုတောင်းကတော့ ပြည်သူပြည်သားအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းပါစေ၊ ကပ်ရောဂါဘေးမှ ကင်းဝေးကြပါစေ၊ ကိုဗစ်နဲ့တွဲပြီး ကျော်လွှားရမယ့် စိန်ခေါ်မှုတွေကို အကောင်းဆုံး ကျော်လွှားနိုင်ပါစေ။

ကိုဗစ်ရောဂါကို ရှေ့တန်းကနေ တိုက်ခိုက်ပေးနေကြတဲ့ နိုင်ငံတဝန်းက ဆရာဝန်၊ သူနာပြုတွေ၊ စေတနာ့ဝန်ထမ်းတွေကို လည်း ကျေးဇူးတင်ကြောင်းနဲ့ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ၊ ကြိုးစားရကျိုးနပ်ပါစေလို့ ဧရာဝတီက ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

You may also like these stories:

ပုဂံဒေသစိမ်းလန်းစိုပြည်ရေး အမွေအနှစ် ထိခိုက်နိုင်မှု ရှိမရှိ လေ့လာဆန်းစစ်ပြီးမှ ဆောင်ရွက်သင့်

မင်းကြီးတောင်ပေါ်မှ အိမ်ကြီးများဆီသို့

သိန္ဒီနှင့် မိုင်းပွန်ဟော်နန်းတို့ကို တပ်မတော်က ပြုပြင်ထိန်းသိမ်းပေးမည်

Your Thoughts …
Tags: COVID-19ကိုဗစ်သီတင်းကျွတ်
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

ပွဲတော်များ ပြန်လည်ကျင်းပနိုင်ရေး စစ်ကောင်စီ ပြင်ဆင်နေ

by ဧရာဝတီ
8 October 2023
1.4k

ကိုဗစ်-၁၉ ကပ်ရောဂါကာလနှင့် ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဆယ့်နှစ်လရာသီအလိုက် ကျင်းပလေ့ရှိသည့် ပွဲတော်များအား ရပ်နားထားခဲ့ရာမှ ယခုအခါ ကျောက်ဆည်ဆင်ပွဲ၊ မန္တလေး ကျောက်တော်ကြီးဘုရားပွဲ၊ အင်းလေး ဖောင် တော်ဦးဘုရားပွဲ၊ မကွေး မြသလွန်ဘုရားပွဲ၊ ပြည် ရွှေဆံတော်ဘုရားပွဲ၊ တောင်ကြီး...

ဒေါ်အောင်ဆန်းစုကြည်အာဏာရှိရင် ပြည်သူ့အသက်တွေ အများကြီးကယ်နိုင်လိမ့်မယ် (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်အာဏာရှိရင် ပြည်သူ့အသက်တွေ အများကြီးကယ်နိုင်လိမ့်မယ် (ရုပ်/သံ)

by ဧရာဝတီ
2 April 2025
1.1k

လူအမြောက်အမြား သေဆုံးထိခိုက်မှုတွေရှိနေတဲ့ လက်ရှိ ငလျင်ဘေးမှာ ဒေါ်အောင်ဆန်းစုကြည်သာလုပ်ကိုင်ခွင့်ရှိခဲ့မယ်ဆိုရင် ပြည်သူတွေရဲ့ အသက်တွေကို အများကြီးကယ်တင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း NLD အစိုးရလက်ထက်မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

သီတင်းကျွတ်လ (အောက်တိုဘာလ) မီးထွန်းပွဲတော်

သီတင်းကျွတ်လ (အောက်တိုဘာလ) မီးထွန်းပွဲတော်

by ခင်မျိုးချစ်
29 October 2023
785

သီတင်းကျွတ်လသည် ပျော်ပွဲရွှင်ပွဲ ရာသီ တခုတည်း မဟုတ်ဘဲ မိမိတို့၏ ကျေးဇူးရှင်များကို ကျေးဇူးဆပ်ဖို့ရာ၊ ရှိခိုး ပူဇော် ဖို့ရာ သတိရစေသော အချိန်အခါလည်း ဖြစ်ပေသည်။

စာပေ၊ ဂီတ အနုပညာရှင်များ

ကြွေလွင့်သွားတဲ့ အနုပညာငွေကြယ်ပွင့်များ

by ဧရာဝတီ
17 August 2021
31.8k

၁၉၈၈ အရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး မိန့်ခွန်းပြောနေတဲ့ ဓာတ်ပုံကို ရိုက်ကူး မှတ်တမ်းတင်ခဲ့သူ ဖြစ် ပြီး အရေးအခင်း လှုပ်ရှားမှုတွေကို ရုပ်သံရိုက်ကူးကာ အမေရိကန် သံရုံးမှတဆင့် ကမ္ဘာကို ချပြခဲ့သူ တယောက်လည်း ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့

ထိုင်းမှာ အယုဒ္ဓယမြို့ဟောင်း ပြန်ဖွင့်ပြီ

by ညီညီသူ
25 May 2020
8.4k

အခုချိန်မှာတော့ ရှေးဟောင်းအယုဒ္ဓယမြို့တော်ကို တခြားပြည်နယ်ကလူတွေ လာရောက် လည်ပတ်နေကြပြီး အများစုကတော့ ဘန်ကောက်မြို့ကလူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်  / Thin Zar Wint Kyaw's Facebook

Stay home ကာလ နေထိုင် စားသောက်မှု ပုံစံကို မျှဝေခဲ့တဲ့ သင်ဇာဝင့်ကျော်

by ဧရာဝတီ
13 July 2021
52.2k

ဒီကာလမှာ ပိုစားပါ။ ပိုအိပ်ပါ။ ကိုယ်ခံအား ကောင်းနေဖို့ အရေးကြီးပါတယ်။ စိတ်ညစ်စရာတွေ သိပ်မတွေးပါနဲ့။

Next Post
တိုကျိုမြို့တာဝန်ရှိသူတွေက တုပ်ကွေးရာသီချိန်မှာ COVID-19 စမ်းသပ်မှုတွေကို ၆ သောင်းကျော်ထိ တိုးမြှင့်သွားဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။

တိုကျိုမြို့တော်မှာ ကိုဗစ် စမ်းသပ်မှုနှုန်းကို ၆ ဆ တိုးမြင့်သွားမည်

ဗန်းမော်ရဲတပ်ဖွဲ့ဝင်များက သက်သေခံပစ္စည်းများကို ရှာဖွေစစ်ဆေးနေစဉ် / ဗန်းမော်ပွင့်သစ် သတင်းမီဒီယာအဖွဲ့ Facebook မှ ကူးယူဖော်ပြသည်

ဗန်းမော်မှ အမျိုးသမီးတဦး အသတ်ခံရမှု ကျူးလွန်သူကို ဖမ်းမိပြီဟု ရဲတပ်ဖွဲ့ပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.6k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate