ဆောင်းပါး

လုံခြုံရေး စိုးရိမ်ဖွယ်ရာဖြစ်လာတဲ့ တရားမဝင် တရုတ်နိုင်ငံသားတွေအရေး

Want create site? Find Free WordPress Themes and plugins.

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းက လောင်းကစားလုပ်ငန်းတွေနဲ့ တရားမဝင်နေထိုင်တဲ့ တရုတ်နိုင်ငံသားတွေ အကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ဖော်ပြောကြားအပြီး အဲဒီဒေသကို စွန့်ခွာထွက်ပြေးဖို့ ကြိုးစားတဲ့ တရုတ်နိုင်ငံသား အချို့ ဖမ်းမိတဲ့ဖြစ်စဉ်တွေဟာ ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာပါတယ်။

ကိုဗစ်-၁၉ အကြပ်အတည်းမှာပင် မြန်မာနိုင်ငံထဲ တရားမဝင် ဖြတ်ကျော်သွားလာနေတဲ့ တရုတ်နိုင်ငံသားအရေး အများက သတိထားမိခဲ့ကြပေမယ့် တရုတ်နိုင်ငံသား ၄ ဦးကို ကျည်အပြည့်ဖြည့်ထားတဲ့ လက်နက်တွေနဲ့ ပူးတွဲမိခဲ့တာကြောင့် တိုင်းပြည်လုံခြုံရေးအတွက် စိုးရိမ်နေရပြီလားဆိုတဲ့ သံသယတွေက မြန်မာနိုင်ငံသားများ အပေါ်မှာ ထင်ဟပ်လာစေခဲ့ပါ တယ်။

ဒီလို လက်နက်တွေနဲ့ တရုတ်တွေ ဖမ်းမိတဲ့ ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ရက် ညပိုင်းက ကျိုက်ထိုမြို့နယ် စစ်တောင်းတံတားထိပ်မှာ ဖွင့်လှစ်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ရေးပူးပေါင်း စစ်ဆေးရေးဂိတ်မှာ ဖြစ်ခဲ့တာ ဖြစ်ပြီး အဆိုပါတရုတ်နိုင်ငံသားတွေဟာ မြဝတီမြို့နယ်ကနေ ထွက်ခွာလာတဲ့သူတွေ ဖြစ်တဲ့အကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ကျိုက်ထိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးအရာရှိ ၁ ဦးရဲ့ အဆိုအရ ဒီတရုတ်နိုင်ငံသား ၄ ဦးဟာ ပတ်စ်ပို့စ်နဲ့ ဗီဇာ သက်တမ်း ကျန်ရှိတယ်လို့ သိရပြီး လတ်တလောမှာတော့ သိမ်ဇရပ်နယ်မြေရဲစခန်းမှာ အမှုဖွင့် အရေးထားတယ်လို့ သိရပါတယ်။

အလားတူ နောက်တနေ့ စစ်တောင်းစစ်ဆေးရေးဂိတ်မှာ တရုတ်နိုင်ငံသား ၉ ဦးကို ထပ်မံဖမ်းမိခဲ့ပြီး အချို့ကတော့ ဒေသခံ ကရင်တိုင်းရင်းသားဝတ်စုံတွေ ဝတ်ဆင်ထားသလို အမျိုးသားတွေဟာ လက်နက်ကိုင်တပ်ဖွဲ့ဝင် ပုံသဏ္ဍန် ဝတ်ဆင်ထားတာလည်း လူမှုကွန်ရက်မှာ တွေ့ရမြင်ရပြန်ပါတယ်။

အောက်တိုဘာ ၂၅ ရက် ညပိုင်းက ကျိုက်ထိုမြို့နယ် စစ်တောင်းတံတားဂိတ်တွင် ဖမ်းမိသည့် တရုတ်နိုင်ငံသားများ

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ အများပြည်သူ သိရှိနိုင်ဖို့အတွက် ဧရာဝတီက တာဝန်ရှိသူတွေကို မေးမြန်းခဲ့ပေမယ့် အသေးစိတ် ပြောဆိုဖို့ ငြင်းဆန်ခဲ့ကြ ပါတယ်။

နိုင်ငံတော်သမ္မတရုံးရဲ့ မြဝတီ ရွှေကုက္ကိုလ်ဒေသမှာ ရောက်နေတဲ့ တရားမဝင်နဲ့ ဗီဇာသက်တမ်းလွန် တရုတ်နိုင်ငံများ အရေး ထုတ်ဖော်ပြောဆိုချက်အပြီး တရုတ်နိုင်ငံသား သုံးဦးဟာ ဘတ်ငွေ ၈သန်းနဲ့အတူ အောက်တိုဘာ ၂၅ရက်နေ့မှာ ထိုင်းနိုင်ငံ မဲဆောက် ဘက်ခြမ်းကို ထွက်ပြေးရာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းမိခဲ့တယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။

တကယ်တော့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ဟာ တရားမဝင် လောင်းကစားဂိမ်းတွေ၊ ကာစီနိုရုံကြီးတွေအပြင် ရွှေ ကုက္ကိုလ် မြို့သစ် စီမံကိန်းလို အငြင်းပွားဖွယ်ရာ တရုတ်နွယ်ဖွား လုပ်ငန်းရှင်တွေနဲ့ တဖြေးဖြေး ပြည့်နှက်လာနေတဲ့ ဒေသ ဖြစ်လာပါတယ်။

ရွှေကုက္ကိုလ်စီမံကိန်းနဲ့ ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံသူတွေဟာ ကမော္ဘဒီးယား၊ လာအိုနိုင်ငံတွေမှာ လောင်းကစား လုပ်ကိုင်ခဲ့သူတွေ ဖြစ်သလို တရုတ်မာဖီးယားဂိုဏ်းတွေနဲ့ ဆက်နွယ်မှုအကြောင်း၊ ဒီလို စီမံကိန်းတွေဟာ တရုတ်အစိုးရရဲ့ ပိုးလမ်းမ စီမံကိန်းတွေနဲ့ ဆက်စပ်နိုင်ကြောင်း မြန်မာ့အရေးလေ့လာသူတွေသာမက နိုင်ငံတကာမီဒီယာ တွေကလည်း ထုတ်ဖော်ရေးသားလာကြပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကပင် ရွှေကုက္ကိုလ်စီမံကိန်းဟာ တရုတ်အစိုးရ စီမံကိန်းတွေနဲ့ မပတ်သက်ဘူး လို့ ရှေ့ထွက်ရှင်းလင်းခဲ့ပေမယ့်၊ ဒါပေမယ့် တရုတ်မာဖီးယားဂိုဏ်းတွေရဲ့ နောက်ကွယ်မှာ တရုတ်အစိုးရလက်တွေ ရှိနိုင်တယ်၊ နောင် ဒီဒေသနဲ့ ပတ်သက်ရင် တရုတ်အစိုးရက ဝင်ရောက်စွက်ဖက်လာနိုင်တယ်ဆိုတဲ့ အတွေးတွေ၊ သံသယတွေက မြန်မာပြည်သူတွေကြားမှာ ရှိနေကြဆဲပါ။

အရင်အတိတ်ကာလ ၁၉၆၈ခုနှစ်ခန့်ဆီက တရုတ်အစိုးရဟာ အဝေးရောက် ဗမာပြည်ကွန်မြူနစ် ပါတီဝင်တွေကို စုစည်း ကာ အရှေ့မြောက်ဒေသမှာ အခြေချနိုင်အောင် လူအင်အား လက်နက်အင်အားဖြင့် အကူအညီပေးခဲ့တဲ့အတွက် ဒီဒေသတွေမှာ တိုက်ပွဲတွေ အများအပြား နှစ်ကာလရှည်ကြာစွာ ဖြစ်ခဲ့ရသလို၊ လက်ရှိ တိုင်းရင်းသားများ အရေးမှာလည်း တရုတ် အစိုးရက နောက်ကွယ်က ကြိုးကိုင်နေတယ်ဆိုတဲ့ ပြောဆိုမှုတွေကလည်း ရှိနေလို့ ဖြစ်ပါတယ်။

ဒီလို ဖြစ်ရပ်တွေကြောင့် ဒေသတွင်းမှာရှိနေတဲ့ ဒေသခံတိုင်းရင်းသားတွေကလည်း ဝင်ရောက်လာတဲ့ တရုတ် နိုင်ငံသား များ အရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မှု မြင့်တက်လာခဲ့ကြပါတယ်။

“အဓိကအားဖြင့် အရှေ့တောင်အာရှ အာဆီယံထဲမှာ တရုတ်နဲ့ အဓိက စီးပွားရေး ပူးပေါင်းဆောင်ရွက်ပြီးတော့ နိုင်ငံတကာ စံနှုန်းတွေရော သက်ဆိုင်ရာ ပြည်တွင်းက ဥပဒေတွေကို ချိုးဖောက်ပြီး လုပ်နေတာတွေ အများကြီးရှိတယ်။ အဲဒါက တ ရုတ် အစိုးရအနေနဲ့က အဲဒါတွေကို တာဝန်ယူချင်တဲ့ သဘောသိပ်မရှိဘူးဗျ။ တရုတ်က အဲဒီလို ဖြစ်လာလို့ တရုတ်က လုံခြုံ ရေး အင်အားစုတွေနဲ့ လာရှင်းမယ်ဆိုရင် ကျနော်တို့ရဲ့ အချုပ်အခြာ အာဏာထိပါးခံရတာတွေပေါ့”လို့ နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

အောက်တိုဘာ ၂၅ ရက် ညပိုင်းက ကျိုက်ထိုမြို့နယ် စစ်တောင်းတံတားဂိတ်တွင် ဖမ်းမိသည့် တရုတ်နိုင်ငံသားများ

မြဝတီဒေသ တရားမဝင် လောင်းကစားရုံတွေဟာ အများသိပြီးသလို BGF အပါအဝင် ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့ တွေနဲ့ အကျိုးစီးပွား ဆက်နွယ်မှုတွေရှိပြီး တရားမဝင် လာရောက်တဲ့ တရုတ်နိုင်ငံသား အများအပြားကလည်း ဒီနေရာ တွေမှာ ဝင်ရောက် လုပ်ကိုင်နေကြတာကို ဖမ်းမိခဲ့တဲ့ ဖြစ်စဉ်တွေက သက်သေပြနေပါတယ်။

ဒီလိုတရားမဝင် ဖြတ်ကျော်လာရောက်သူတွေနဲ့ ပတ်သက်လို့ ဒေသတွင်း တာဝန်ရှိသူတွေနဲ့ ငြိမ်းချမ်းရေး ယူထား တဲ့ ဒေသတွင်းက လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

“ငြိမ်းချမ်းရေးအလံ ခြုံထားတဲ့ အခါကျတော့ တချို့ကိစ္စတွေက ဥပဒေကြောင်းအရ အရေးယူရတာမှာ အခက်အခဲ ရှိတယ်။ သို့သော်ငြားလည်း အဲဒီကိစ္စတွေကို အလျင်အမြန် အရေးယူတားဆီးဖို့ လိုတယ်။ အဲဒီလိုမှမဟုတ်ရင် အဲဒီဒေသတွေဟာ တရုတ်လွှမ်းမိုးတဲ့ တရားမဝင်တဲ့ စီးပွားရေးဇုန်တွေအဖြစ် ကျယ်ပြန့်လာစရာ အကြောင်းရှိတယ်ဗျ”လို့ ဦးသန်းစိုးနိုင်က သတိပေးပါတယ်။

သမ္မတရုံးက ထုတ်ပြန်လိုက်တဲ့ စာရင်းတွေအရ ယခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ စက်တင်ဘာ ၂၉ ရက်နေ့အထိ တရား မဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားဦးရေ ၉၀၀ နီးပါး ရှိနေပါတယ်။

ယခုနှစ်အတွင်းမှာပဲ လောင်းကစားလုပ်ငန်းနဲ့ အခြားသော တရားမဝင်လုပ်ငန်းတွေ လုပ်ကိုင်ဖို့ ဝင်ရောက်လာသူတွေ ထဲမှာ မြဝတီမြို့ကို ဦးတည်လာတဲ့ တရုတ်နိုင်ငံသားတွေလည်း လမ်းခုလတ် စစ်ဆေးရေးဂိတ်တွေမှာ ဖမ်းမိခဲ့ပါတယ်။

သမ္မတရုံးက ထုတ်ပြန်လိုက်တဲ့ စာရင်းတွေအရ ယခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ စက်တင်ဘာ ၂၉ ရက်နေ့အထိ တရား မဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားဦးရေ ၉၀၀ နီးပါး ရှိနေပါတယ်။

ဒါဟာ ကိုဗစ်-၁၉ တားဆီးရေး ရှောင်တခင်ဂိတ်တွေနဲ့ ယာဉ်မတော်တဆဖြစ်မှုကြောင့် ဖမ်းမိတဲ့ အရေအတွက်သာ ဖြစ်ပြီး လွတ်မြောက်သွားသူတွေလည်း ဒီထက်မက ရှိနေနိုင်ပါသေးတယ်။

အဲဒီအပြင် ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းအတွင်း နေထိုင်ခွင့် ဗီဇာသက်တမ်း ကုန်ဆုံးပြီး တရားမဝင် နေထိုင်နေတဲ့ နိုင်ငံ ခြားသား ၁၉၀၀ ကျော်ရှိနေပြီး တရုတ်နိုင်ငံသားက ၁၉၁၄ ဦးရှိတယ်လိုလည်း သမ္မတရုံးက ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ဆိုပေမယ့် ဘယ်လိုဆက်လက် ဆောင်ရွက် ရမယ်ဆိုတာကို ပြည်ထောင်စုအစိုးရအဖွဲ့က ညွှန်ကြားတာ မရှိသေးဘူးလို့ ကရင်ပြည်နယ်၊ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ဦးဝင်းကိုခိုင်က ပြောပါတယ်။

“နိုင်ငံဖြတ်ကျော် တရားမဝင်လာတာတွေကို ကျနော်တို့က ဆက်လက်ပြီး ဥပဒေနဲ့အညီ အရေးယူမယ်လို့ ပြောလိုပါတယ်” လို့ ဦးဝင်းကိုခိုင်က ပြောပါတယ်။

လတ်တလော ဖမ်းမိသူတွေထဲမှာလည်း လောင်းကစားလာလုပ်သူ၊ ကျောက်စိမ်းနဲ့ သတ္ထုတူးဖော်ရေး၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးတို့အပြင် မြန်မာအမျိုးသမီးတွေနဲ့ လက်ထပ်ယူဖို့ လာတဲ့သူအထိ ပါဝင်နေတာ တွေ့ရပါတယ်၊ ဒီလူတွေရဲ့ ထွက်ဆိုချက်တွေဟာ အမှန်အကယ်ပဲလား၊ တခြားသော ရည်ရွယ်ချက်များ ပါရှိနိုင်သေးလားဆိုတာ မည်သူမျှ တပ်အပ် ပြောဆိုခြင်း မရှိနိုင်သေးပါဘူး။

“ ရှင်းရှင်းပြောရရင် တရုတ်တွေ ဝင်နေတာကို သဘောမကျဘူး၊ တံခါးမရှိ ဓားမရှိဝင်နေတယ်။ ကိုဗစ်ကြောင့် သူတို့နည်း နည်း ဒုက္ခရောက်သွားတယ်၊ ဒီမတိုင်ခင်ကဆို ကျနော်တို့ဆီမှာ တောင်ကနေမြောက်ကို ဥဒဟို သွားလာနေတဲ့ သဘော ရှိတယ်။”

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာပဲ အစိုးရရုံးစိုက်တဲ့ နေပြည်တော်၊ တပ်ကုန်းမြို့နယ်မှာပင် ယာဉ်တိမ်းမှောက်မှု ဖြစ်ရာက တရားမဝင် တရုတ်နိုင်ငံသားတွေကို ဖမ်းမိခဲ့သလို ၎င်းတို့စီးနင်းလာတဲ့ မော်တော်ယာဉ်ဟာလည်း တရားမဝင် လိုင်စင်နဲ့ ယာဉ်ဖြစ်နေတာကို သိရှိခဲ့တာပဲ ဖြစ်ပါတယ်။

“ ရှင်းရှင်းပြောရရင် တရုတ်တွေ ဝင်နေတာကို သဘောမကျဘူး၊ တံခါးမရှိ ဓားမရှိဝင်နေတယ်။ ကိုဗစ်ကြောင့် သူတို့နည်း နည်း ဒုက္ခရောက်သွားတယ်၊ ဒီမတိုင်ခင်ကဆို ကျနော်တို့ဆီမှာ တောင်ကနေမြောက်ကို ဥဒဟို သွားလာနေတဲ့ သဘော ရှိတယ်။ မြန်မာပြည် အတွင်းပိုင်း လုပ်ငန်းတွေမှာ တရုတ်တွေ ဝင်လာပြီး လုပ်ကိုင်နေကြတာရှိတယ် နေပြည်တော်ထဲ အထိပဲ။ မကောင်းဘူး၊ လုံခြုံရေးက တော်တော်ပေါ့လျော့နေတယ်။ အတွင်းပိုင်းတွေမှာ စိစစ်မှုတွေ လုပ်ရင် ကောင်းမယ်” လို့ နေပြည်တော်မှာရှိတဲ့ အမည်မဖော်လိုသူ လူဝင်မှုကြီးကြပ်ရေး အရာရှိကြီး ၁ ဦးက မှတ်ချက်ပြုပါတယ်။

လ.ဝ.က အရာရှိကြီး မှတ်ချက်ပြုသလိုပင် တရုတ်တွေ နိုင်ငံအတွင်း တရားမဝင် ဝင်ထွက်နေတာ ယခုမှမဟုတ်ပေ။ နိုင်ငံရဲ့ လုံခြုံရေးအရ စိစစ်မှု အားနည်းတာ၊ ဌာနဆိုင်ရာ ဝန်ထမ်းအချို့ရဲ့ အကျင့်ပျက် ခြစားတာတွေနဲ့ နယ်စပ်ဒေသ တွေမှာ တည်ငြိမ်အေးချမ်းမှု မရှိတာတွေကြောင့် အလွယ်တကူ ဝင်/ထွက်ဖို့ လွယ်ကူနေတာလည်း ဖြစ်ပါတယ်။

အထူးသဖြင့် မူဆယ်နယ်စပ်က ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေဟာ ရွှေကုက္ကိုလ်စီမံကိန်းကို သွားကြတာ ရှိသလို တချို့ကတော့ မြန်မာနိုင်ငံအတွင်းပိုင်း မြို့ကြီးတွေမှာရှိတဲ့ တရုတ်ရင်းနှီးမြုပ်နှံမှု စီမံကိန်းတွေ၊ လုပ်ငန်းတွေကို သွားရောက် ကြတာလည်း ရှိပါတယ်။

ရှမ်းပြည်နယ်အတွင်းက တရုတ်စီမံကိန်းတွေ၊ ကချင်ပြည်နယ်က သစ်ခုတ်မှုတွေနဲ့ တစ်သျှုးငှက်ပျောစိုက်ခင်းတွေ၊ မိုးထိ မိုးမိဒေသ လုပ်ငန်းတွေနဲ့ မန္တလေးတိုင်းအတွင်း စီမံကိန်းတွေ ဝင်‌ရောက်လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား အများအပြား ရှိတယ်လို့ လ.ဝ.က အရာရှိတဦးက ပြောပါတယ်။

“ရွှေကုက္ကိုလ်ကို သွားတာလည်း ရှိနိုင်ပါတယ်။ ဥပမာ – မြန်မာပြည်အထက်ပိုင်းက မြို့ကြီးတချို့က ဆောက်လုပ်ရေး လုပ် ငန်းတွေ ဆိုရင် တရုတ်နိုင်ငံဘက်က ပစ္စည်းတွေကို သုံးကြတာကိုး။ အဲဒီလို သုံးကြတဲ့အခါ တော်တော်များများက တရား ဝင် မဟုတ်ကြဘူး။ ဒါကတော့ တရုတ်အလုပ်သမားတွေက မြန်မာနိုင်ငံဘက်ထဲကို လာနေတယ် ဆိုတာက ပုံမှန်ပုံစံမျိုးလို ဖြစ်နေတာပေါ့”လို့ အမေရိကန် ဝါရှင်တန်အခြေစိုက် STIMSON CENTER ၏ လုံခြုံရေးနဲ့ တရုတ်အရေး ကျွမ်းကျင်သူ ဦးအမရာသီဟက ဆိုပါတယ်။

တချို့ တရုတ်နိုင်ငံသားတွေကတော့ မြန်မာနိုင်ငံရဲ့ တရားဝင်မှတ်ပုံတင် ကိုင်ဆောင်နိုင်တဲ့အထိ ရရှိထားကြသလို မြန်မာ အမျိုးသမီးတွေနဲ့ လက်ထပ်ကာ ပေါ်ပေါ်တင်တင်ပင် သွားလာလုပ်ကိုင်နေတဲ့ ဖြစ်ရပ်တွေလည်းရှိတယ်လို့ လေ့လာ သုံးသပ်သူတွေက ဆိုကြပါတယ်။

နိုင်ငံရေး လေ့လာသုံးသပ်သူတဦးဖြစ်တဲ့ ဦးရဲထွန်း(သီပေါ)ကတော့ တရုတ်နိုင်ငံသားတွေ တရားမဝင် သွားလာနေထိုင်တဲ့ ဖြစ်ရပ်ပတ်သက်ပြီး ဧည့်စာရင်းဥပဒေ ဖျက်သိမ်းမှုကို ထောက်ပြခဲ့ပြီး ဥပဒေကို နည်းလမ်းမှန် အသုံးပြုပါက နိုင်ငံခြားသား တွေကို အိမ်ရှင်တွေ လက်မခံရဲတဲ့အတွက် ခိုးဝင်သူတွေ ခိုအောင်းစရာနေရာ ရှိမှာမဟုတ်ဘူး လို့ ပြောပါတယ်။

အောက်တိုဘာ ၂၆ရက်နေ့ ညပိုင်းက ကျိုက်ထိုမြို့နယ် စစ်တောင်းတံတားဂိတ်တွင် ထပ်မံဖမ်းမိသည့် တရုတ်နိုင်ငံသား များ

“ ကျနော်တို့ဆီမှာ သူတို့ အခြေချလို့ရမယ့် ကွန်မြူနတီရှိတယ်။ သူတို့ခိုအောင်း ချိတ်တွယ်နိုင်တဲ့ ကွန်မြူနတီရှိတယ်။ အဖြူတွေလို ပေါ်ပေါ်လွင်လွင်ကြီး သိပ်မနေဘူးပေါ့။ ဆိုတော့ တကယ်လို့ ဧည့်စာရင်းဥပဒေရှိတာတောင် မှ ခိုးဝင်တာ အကုန်လုံးကို တားနိုင်ဖို့ မလွယ်ဘူး”လို့လည်း ဦးရဲထွန်းက ပြောပါတယ်။

အစိုးရနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ကတော့ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးကြပေမယ့် အရေးယူဆောင်ရွက်မှုနဲ့ ဆက်စပ်တဲ့ ဖြစ်စဉ်ကို ထုတ်ဖော်ပြောကြားတာ အားနည်းပါတယ်။

“ဒါတွေကို ထိထိရောက်ရောက် ဖမ်းဆီးရေးယူတာ လုပ်သင့်တယ်၊ အခုက ဖမ်းတဲ့သူကဖမ်းပေမယ့် မဖြစ်စလောက် ပြစ်ဒဏ်လေးနဲ့ပဲဆိုတော့ ပြန်လွတ်။ ကြာရင် ဖမ်းတဲ့သူတွေပါ စိတ်ပျက်သွားလိမ့်မယ်”

သမ္မတရုံး ကိုယ်တိုင်သည်ပင်လျှင် ဖမ်းဆီးမှု အသေးစိတ်ဇယား ထုတ်ပြန်ခဲ့ပေမယ့် အရေးယူမှုအပိုင်းကို ပြောကြားခြင်း မရှိခဲ့တာ တွေ့ရပါတယ်။

အမည်မဖော်လိုတဲ့ နေပြည်တော် ရဲအရာရှိကြီးတဦးကတော့ ဖမ်းမိတဲ့ တရားမဝင် တရုတ်အများစုကို ငွေဒဏ်ချမှတ်ကာ ပြည်နှင်ဒဏ်ပေးလေ့ရှိတယ်လို့ ဧရာဝတီကို ပြောထားပါတယ်။

“ဒါတွေကို ထိထိရောက်ရောက် ဖမ်းဆီးရေးယူတာ လုပ်သင့်တယ်၊ အခုက ဖမ်းတဲ့သူကဖမ်းပေမယ့် မဖြစ်စလောက် ပြစ်ဒဏ်လေးနဲ့ပဲဆိုတော့ ပြန်လွတ်။ ကြာရင် ဖမ်းတဲ့သူတွေပါ စိတ်ပျက်သွားလိမ့်မယ်”လို့လည်း လ.ဝ.က အရာရှိ ၁ ဦးက သုံးသပ်ပါတယ်။

အစိုးရရဲ့ ပွင့်လင်းမြင်သာမှု အားနည်းတာနဲ့ အတူ တရားမဝင် လာရောက်နေကြတဲ့ တရုတ်နိုင်ငံသားတွေဟာ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အကျိုးစီးပွား ဆက်နွယ်မှုတွေကအစပြုလို့ လုံခြုံရေးဆိုင်ရာ ပြဿနာတွေကို ချိုးဖောက် လာမယ့် စိုးရိမ်မှုတွေအထိ ဒေသခံလူထုအတွင်းမှာ မေးခွန်းထုတ်မှုတွေ ရှိလာနေတာ ဖြစ်ပါတယ်။

You may also like these stories:

မြဝတီ ခိုးဝင်ရန်ကြိုးစားသည့် တရုတ် ၂၀ ဦး လမ်းခရီးတွင်ဖမ်းမိ

တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများ ဆက်တိုက်ဖမ်းမိ

တရုတ်နိုင်ငံသားပါသည့် မြဝတီရှိ ကာစီနိုရုံ တပ်မတော် ဝင်ဖမ်း

တရုတ်ပစ်မှတ် ဖြစ်လာသည့် ကရင်လက်နက်ကိုင် လှုပ်ရှားနယ်မြေများ

နယ်ခြားစောင့်တပ်ဆိုတာ တရုတ် ကုမ္ပဏီတွေကို ကူဖို့ ဖွဲ့ထားတာ မဟုတ်ဘူး

ရွှေကုက္ကိုလ်မြို့သစ် တရုတ်အစိုးရ စီမံကိန်းနှင့် မပတ်သက်ဟု သံအမတ်ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading