ဆောင်းပါး

ကမ္ဘောဇဘဏ် က ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်တွေ ပံ့ပိုးကူညီ

Want create site? Find Free WordPress Themes and plugins.

 

ကမ္ဘောဇဘဏ်က မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်တွေကို ပံ့ပိုးကူညီဖို့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနရဲ့ စွမ်းဆောင်ရည်ကို ဘယ်လို မြှင့်တင်ပေးနိုင်ခဲ့လဲ

ကမ္ဘောဇဘဏ်ကနေ ‘20 in 2020’ ဆိုတဲ့ အကြောင်းအရာပေါင်း (၂၀) ပါဝင်တဲ့ အခန်းဆက် အစီအစဉ်တစ်ခုကို ဂုဏ်ယူစွာ တင်ဆက်လိုက်ပါတယ်။ ဒီအစီအစဉ်ကနေတဆင့် မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ လူမှုအသိုင်းအဝိုင်း တိုးတက်ဖွံ့ဖြိုးရေး အတွက် ကမ္ဘောဇဘဏ်နဲ့ KBZPay တို့ ထူးထူးခြားခြား ကြိုးပမ်းဆောင်ရွက်ခဲ့တာတွေကို အကြောင်းအရာပေါင်း (၂၀) ရွေးချယ်ထုတ်နှုတ်ပြီး ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးမှာ အရေးကြီးတဲ့ လုပ်ဆောင်ချက်တွေကို ဆောင်ရွက်နိုင်ဖို့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) အတွက် ကမ္ဘောဇဘဏ်ကနေ ဘယ်လို ပံ့ပိုးကူညီပေးခဲ့လဲဆိုတဲ့အကြောင်းကို အခုလို တင်ဆက်လိုက်ပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၂၀ ခုနှစ်၊ မေလမှာ ကိုဗစ်-၁၉ ပထမလှိုင်းအတွက် အပြင်းအထန် ရုန်းကန်ခဲ့ရပါတယ်။ ကူးစက်မှုနှုန်း မြင့်တက်လာပြီး နိုင်ငံနဲ့တစ်ဝန်း အသွားအလာ ကန့်သတ်မှုတွေ ပြုလုပ်နေချိန်မှာ ဗိုင်းရပ်စ် ပျံ့နှံ့ရောက်ရှိမှုကို ထိထိရောက်ရောက် တားဆီးထိန်းချုပ်နိုင်ဖို့ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးနိုင်မယ့် စက်ကိရိယာတွေ အဆင်ပြေပြေ လည်ပတ်နိုင်ဖို့ အရေးတကြီး လိုအပ်လာပါတယ်။

ကမ္ဘာ့ကပ်ရောဂါကြီး စတင်ချိန်မှာ WHO ကနေ ဦးဆောင်လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေကို ရောဂါစစ်ဆေးရေးရဲ့ အရေးပါပုံကို ပိုပြီး အလေးအနက်ထားကြစေဖို့ “Our key message is: test, test, test” ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြပြီး တိုက်တွန်းအားပေးခဲ့ပါတယ်။ ကိုဗစ်-၁၉ လူနာတွေ ပိုပြီး စစ်ဆေးတွေ့ရှိလေ၊ ကျန်းမာရေး တာဝန်ရှိသူတွေ၊ အစိုးရအဖွဲ့တွေအနေနဲ့ ကုသရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးဖို့၊ ကူးစက်မှုနှုန်းကို လေ့လာကြည့်ဖို့နဲ့ ကူးစက်မှုတွေကို ကန့်သတ်ထိန်းချုပ်နိုင်မယ့် လှုပ်ရှားမှု လုပ်ငန်းစဉ်တွေကို အစီအစဉ် ချမှတ်ရေးဆွဲဖို့ ပိုပြီး မြန်မြန် ဆန်ဆန် ဆောင်ရွက်နိုင်မှာပါပဲ။

ရန်ကုန်မြို့မှာရှိတဲ့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနဟာ မြန်မာနိုင်ငံမှာ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပေးတဲ့ လုပ်ငန်းစဉ်ကို ဦးဆောင်လုပ်ကိုင်နေပါတယ်။ ဓာတ်ခွဲမှုဆိုင်ရာ ဌာနက ဝန်ထမ်းပေါင်း (၈၀) ခန့်ဟာ အလှည့်ကျ တာဝန်ထမ်းဆောင်ပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ စစ်ဆေးအတည်ပြုဖို့လိုအပ်တဲ့ နမူနာပေါင်း တစ်ဝက်နီးပါးကို တာဝန်ယူ စစ်ဆေးပေးလျက် ရှိပါတယ်။ ဒီ စစ်ဆေးပေးတဲ့ လုပ်ငန်းစဉ်တစ်ရပ်လုံးကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်တဲ့ အဓိက အချက်ကတော့ စစ်ဆေးအတည်ပြုနမူနာတွေကို သိမ်းဆည်းဖို့အတွက် ultra-low freezers လို့ လူသိများတဲ့ အပူချိန် – ၈၀ ဒီဂရီစင်တီဂရိတ်ကနေ ၃၀ ဒီဂရီစင်တီဂရိတ် အတွင်းရှိတဲ့ သုတေသနလုပ်ငန်းသုံး အအေးခန်းကြီးတွေ ထားရှိနိုင်လို့ပါပဲ။ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှု ရှိ၊ မရှိ စစ်ဆေးတဲ့ လုပ်ငန်းစဉ်မှာ တိကျမှန်ကန်စွာနဲ့ ထိထိရောက်ရောက် စစ်ဆေးပေးနိုင်ဖို့ သတ်မှတ်ထားတဲ့ အပူချိန်အတွင်းမှာ ဓာတ်ခွဲအတည်ပြုနမူနာတွေကို မပျက်စီးအောင် ထိန်းသိမ်းထားနိုင်ဖို့ အရမ်း အရေးကြီးပါတယ်။

၂၀၂၀ ခုနှစ်၊ မေလအတွင်းမှာ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှာ စစ်ဆေးအတည်ပြုပေးဖို့ နမူနာ အရေအတွက်တွေ ပိုများလာတဲ့အခါ သုတေသနလုပ်ငန်းသုံး အအေးခန်းနဲ့ စမ်းသပ်တဲ့ကိရိယာတွေကို အဆက်မပြတ် လည်ပတ်နိုင်ဖို့ ၂၄နာရီ၊ ၇ ရက်ပတ်လုံး ပြတ်တောက်မှုမရှိတဲ့ လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးနိုင်ဖို့ အရေးတကြီး လိုအပ်လာခဲ့ပါတယ်။

ဒါ့ကြောင် ဓာတ်ခွဲခန်းလုပ်ဆောင်ချက်တွေ အဆင်ပြေ၊ ချောမွေ့စွာ ဆောင်ရွက်နိုင်ဖို့ အရေးပေါ်လိုအပ်နေတဲ့ မီးစက်ကြီးတစ်လုံးကို ကမော္ဘဇဘဏ်ကနေ ဝယ်ယူတပ်ဆင် လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ စုစုပေါင်း မြန်မာကျပ်ငွေ (၁၂၃) သန်း တန်ဖိုးရှိတဲ့ လှူဒါန်းမှုမှာ အမေရိကန်နိုင်ငံထုတ် Caterpillar C15 500 kVa Diesel မီးစက်နဲ့ အဲဒီ့မီးစက် တပ်ဆင်ဖို့နဲ့ လည်ပတ်ဖို့အတွက် Auto Transfer System နဲ့ အခြားလိုအပ်တဲ့ ကိရိယာတွေ ပါဝင်ပါတယ်။

“ကျန်းမာရေးဝန်ထမ်းတွေက ပြည်သူတွေရဲ့ အသက်ကိုကယ်တင်နိုင်ဖို့ ရှေ့တန်းကနေ ကြိုးစားဆောင်ရွက်နေတဲ့ချိန်မှာ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနက ဝန်ထမ်းတွေကလည်း နောက်တန်းကနေ အရေးကြီးလှတဲ့ စစ်ဆေးစမ်းသပ်မှုတွေနဲ့ နည်းပညာပိုင်း ပံ့ပိုးမှုတွေကို မမောနိုင်၊ မပန်းနိုင် ကြိုးစားလုပ်ဆောင်ပေးနေကြပါတယ်။ ဒီလှူဒါန်းမှုက ဓာတ်ခွဲခန်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့ အဖွဲ့သားတွေရဲ့ အရေးကြီးလှတဲ့ အလုပ်တွေကို အဆက်မပြတ် ဆောင်ရွက်နိုင်အောင် ကူညီပေးနိုင်မှာဖြစ်လို့ ဗိုင်းရပ်စ် ထိန်းချုပ်ကာကွယ်ဖို့ စိစဉ်ဆောင်ရွက်ရာမှာ လိုအပ်တဲ့ အချက်အလက်တွေကို ကျန်းမာရေးတာဝန်ရှိသူတွေဆီ ပေးပို့နိုင်မှာ ဖြစ်ပါတယ်” ဟု ကမ္ဘောဇဘဏ် ၏ ဒုတိယအလုပ်အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဒေါ်နန်းလိုင်းခမ်းက ပြောပါသည်။

ဒီလှူဒါန်းမှုကြောင့် အထူးသဖြင့် စက်တင်ဘာလတုန်းက မြန်မာနိုင်ငံမှာ တစ်ကျော့ပြန်လည်လာခဲ့တဲ့ ကိုဗစ်-၁၉ ဒုတိယလှိုင်း ကပ်ရောဂါဆိုးကြီးကို ကာကွယ်တိုက်ဖျက်ရာမှာ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနရဲ့ လုပ်ဆောင်မှုတွေကို အရှိန်မြင့်တင်ပေးနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်လောက်က အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနကနေ တစ်နေ့ကို ဓာတ်ခွဲအတည်ပြုနမူနာ ရာကျော်ဝန်းကျင်ပဲ စစ်ဆေးနိုင်ခဲ့ရာက အခုဆိုရင် တစ်နေ့ကို ထောင်ကျော်၊ သောင်းကျော် စစ်ဆေးနိုင်ခဲ့ပါပြီ။

၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ကစတင်ပြီး ကမော္ဘဇဘဏ်အနေနဲ့ ကိုဗစ်-၁၉ ကာကွယ်၊ တားဆီး၊ တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေကို ကူညီဖို့ လူထုကျန်းမာရေးစနစ်များ အင်အားတောင့်တင်းလာစေရေးနှင့် အနာဂတ်တွင် ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်နိုင်စွမ်း ခံနိုင်ရည်ရှိစေရန် တည်ဆောက်ရေးအတွက် မြန်မာငွေကျပ် (၄.၈) ဘီလီယံ တန်ဖိုးရှိ အဓိကလိုအပ်တဲ့ ဆေးကုသမှုဆိုင်ရာ ကိရိယာတွေနဲ့ အခြား ဆေးဝါး အရင်းအမြစ်တွေကို လှူဒါန်းခဲ့ပါတယ်။ ဒီလှူဒါန်းမှုတွေကို ဘဏ်ရဲ့ Social Purpose and Impact Partnership Committee ရဲ့ စီမံခန့်ခွဲမှုအောက်မှာ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘောဇဘဏ် ကနေ မေတ္တာအရင်းခံပြီး ဒီကပ်ရောဂါကြီးကို အစိုးရ၊ စီးပွားရေးအဖွဲ့အစည်းတွေနဲ့ လူမှုအသိုင်းအဝိုင်း အမျိုးမျိုးနဲ့ အတူပူးပေါင်းဆောင်ရွက်ပြီး စုပေါင်းအားနဲ့ တိုက်ခိုက်နိုင်ဖို့ ဆက်လက် ကူညီပံ့ပိုး သွားပါဦးမယ်။

( Sponsored ဆောင်းပါးဖြစ်သည်။)

You may also like these stories:

COVID-19 ကာလ တစ်ဦးနဲ့တစ်ဦး ဖေးမကူညီပေးကြဖို့ KBZPay ရဲ့ သတင်းစကား

KBZPay ၂ နှစ်ပြည့်ပြီ

KBZ ဘဏ်မှ COVID-19 ရောဂါ ထိန်းချုပ်ရေးအတွက် ကျပ်သိန်း ၆ သောင်းကျော် လှူဒါန်းထား

Did you find apk for android? You can find new Free Android Games and apps.
Loading