ဆိုင်းအင်ဝမ်းအပါအဝင် ကမ္ဘာ့ခေါင်းဆောင်အများအပြားသည် ဂျိုးဘိုင်ဒင်ကို အမေရိကန်သမ္မတသစ်အဖြစ် အလျှင်အမြန်ကြိုဆိုခဲ့ကြသော်လည်း တရုတ်နိုင်ငံပါဝင်ခြင်းမရှိပေ။
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတသစ်ထံသို့ ဂုဏ်ပြုသတင်းစကားပေးပို့ခြင်းကို ဆိုင်းငံ့ထားပြီး ထိုင်ဝမ်က အမေရိကန်ပြည်ထောင်စုကို သေနင်္ဂဗျူဟာအရ ထောက်ခံသူအဖြစ်သဘောထားနေချိန် တရုတ်က ပြိုင်ဖက်အဖြစ်သဘောထားကာ မည်သူသမ္မတဖြစ်စေ ဂရုမစိုက်ဟူသော အချက်ကို ဖေါ်ပြနေသည်။
ထိုင်ဝမ်သမ္မတ ဆိုင်းအင်ဝမ်းသည် ဘိုင်ဒင်အောင်ပွဲခံခြင်းကို ဒီမိုကရက်တစ် ရွေးချယ်ခံ သမ္မတနှင့် အရွေးချယ်ခံ ပထမဆုံး အမျိုးသမီး ဒုတိယသမ္မတ ကင်မလာဟဲရစ်တို့ နိုဝင်ဘာလ ၇ ရက်နေ့က အနိုင်ရကြောင်းကြေညာပြီး နောက်တရက်တွင် ကြိုဆိုခဲ့သည်။ ဇန်နဝါရီလက ဒုတိယသက်တမ်းအတွက် ပြန်လည်အရွေးချယ်ခံရသောအခါ ဆိုင်းက ဘိုင်ဒင်၏ တွစ်တာသတင်းစကားကို တုံ့ပြန်ခဲ့ပြီး ဒီမိုကရေစီနိုင်ငံများအဖြစ် တူညီသောတန်ဖိုးများကို အသိအမှတ်ပြုခဲ့သည်။

မည်သည့်တရားဝင်ထုတ်ပြန်ကြေညာချက်ကိုမျှ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခြင်းမရှိသလို ပါတီအာဘော် နိုင်ငံပိုင် ပြည်သူ့နေ့စဉ် သတင်းစာကလည်း မည်သည်ကိုမျှ ဖေါ်ပြခြင်းမရှိပေ။
တွစ်တာတွင် အမြဲရေးသားနေသော တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရသူ ဟွာချန်းရင်ကလည်း ဘိုင်ဒင်ကို ဂုဏ်မပြုသကဲ့သို့ အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချွေကျန်ခိုင် ကလည်း ဂုဏ်ပြုခြင်း မရှိပေ။
တနင်္လာနေ့တွင်မူ တရုတ်နိုင်ငံက အမေရိကန်ရွေးကောက်ပွဲ အနိုင်ရသူကို တရုတ်နိုင်ငံက မည်သည့်အတွက် ဂုဏ်ပြုစကားမပြောသည်ကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရသူ ဝေါင်ဝန်ဘင်အားမေးသောအခါ သူက တရုတ်နိုင်ငံသည် ဘိုင်ဒင် အနိုင်ရကြောင်းကြေညာသည်ကို သိရှိကြောင်းနှင့် ရွေးကောက်ပွဲ ရလဒ်ကို အမေရိကန်နိုင်ငံ ဥပဒေလုပ်ထုံးလုပ်နည်းများအရ ဆုံးဖြတ်မည်ဖြစ်ကြောင်း သတိထားဖြေကြားခဲ့သည်။ ဘိုင်ဒင်အနိုင်ရခြင်းအတွက် တရုတ်နိုင်ငံ၏တုံ့ပြန်မှုနှင့်ပတ်သက်ပြီး နိုင်ငံတကာသဘောတူညီချက်များကို လိုက်နာမည်ဖြစ်ကြောင်း ပြောကြားသော်လည်း အသေးစိတ်ပြောကြားခြင်း မရှိပေ။
သြဂုတ်လတွင် တရုပ်သမ္မတ ရှီကျင့်ဖျင်သည် ဘယ်လာရပ်စ် ခေါင်းဆောင် အလက်ဇန္ဒာ လူကာရှင်ကိုအား မဲလိမ်သည်ဟု စွပ်စွဲခံရသည့်ရွေးကောက်ပွဲအပြီး မကြာမီ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။
လက်ရှိအချိန်အထိ ထရမ့်က အရှုံးကို လက်ခံရန် ငြင်းဆန်နေပြီး ဘိုင်ဒင်အနိုင်ရသော ပြည်နယ်များတွင် မဲလိမ်လည်မှုများရှိကြောင်း စွပ်စွဲနေသော်လည်း အထောက်အထား မရှိပေ။
သြဂုတ်လတွင် တရုပ်သမ္မတ ရှီကျင့်ဖျင်သည် ဘယ်လာရပ်စ် ခေါင်းဆောင် အလက်ဇန္ဒာ လူကာရှင်ကိုအား မဲလိမ်သည်ဟု စွပ်စွဲခံရသည့်ရွေးကောက်ပွဲအပြီး မကြာမီ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။
တရုတ်အွန်လိုင်းတွင်မူ အမေရိကန် ရွေးကောက်ပွဲအကြောင်း လူအများအပြား ဆွေးနွေးကြသည်။ လူမှုကွန်ရက် Weibo တွင်လည်း “ဘိုင်ဒင်က တနိုင်ငံလုံးကို မိန့်ခွန်းပြော၊ အမေရိကတွင် အောင်ပွဲခံမှုများနှင့် ကန့်ကွက်မှုများဖြစ်နေ၊ အရှုံးကို လက်ခံရန် ထရမ့်ကို သမ္မတကတော် မီလန်နီယာထရမ့်ဖျောင်းဖျ စသည်ဖြင့် သမ္မကတော်နှင့် သားမက် ဂရက်ခတ်ရှနာတို့က ထရမ့်အနေဖြင့် အရှုံးကို လက်ခံရန် တိုက်တွန်းသည့် CNN ဆောင်းပါးကို ကိုးကားဖေါ်ပြမှုများ ရှိနေသည်။
အခြားထင်ရှားသော ရေးသားချက်တခုမှာ တွစ်တာက ထရမ့်၏ ခြိမ်းခြောက်မှုများကို ပိတ်ပင်ခြင်း မလုပ်ရန် အထူးပြုလုပ်ထားပေးသော ကင်းလွတ်ခွင့်ကို ထရမ့် သာမန်နိုင်ငံသားဖြစ်သွားသောအခါ ပေးတော့မည်မဟုတ် ဆိုသည့် အချက်ဖြစ်ပြီး အချို့သူများကလည်း ထရမ့်အနေဖြင့် Weibo ပြောင်းသုံးရန် ဖိတ်ခေါ်ကြသည်။

CCTV ကဲ့သို့ နိုင်ငံပိုင် သတင်းဌာနများက ထုတ်လွှင့်သည့် ထရမ့်ထောက်ခံသူများနှင့် ဘိုင်ဒင်ထောက်ခံသူများအကြား ပဋိပက္ခဖြစ်မှု ဗီဒီယိုများသည် ပျံ့နှံ့နေပြီး အချို့သော လူမှုကွန်ရက်အသုံးပြုသူများက အမေရိကန်နိုင်ငံတွင် နောက်ထပ်ပြည်တွင်းစစ် ဖြစ်တော့မည်လားဟု မေးခွန်းထုတ်နေကြသည်။
ထိုင်ပေနှင့်ဘေ့ဂျင်းမှ တုံ့ပြန်မှုများသည် အစိုးရနှစ်ခု၏ အမေရိကန်နှင့်ပတ်သက်သည့် လွန်စွာကွဲပြားသော သဘောထားများနှင့် ဘိုင်ဒင်အတွက် အခက်ခဲဆုံး နိုင်ငံခြားရေးမူဝါဒ စိန်ခေါ်မှုဖြစ်ကြောင်း ပြသနေသည်။
ထိုင်ဝမ်သည် တရုတ်-အမေရိကန်ဆက်ဆံရေး အကျပ်အတည်း၏ နောက်ထပ်စစ်မျက်နှာအဖြစ်မြင်နေပြီး ကမ္ဘာတဝန်း တရုတ်နိုင်ငံသြဇာကြီးထွားလာမှုကို တန်ပြန်ရန် အရေးပါသော မဟာမိတ်အဖြစ် အမေရိကန်က သတ်မှတ်ထားသည်မှာ ကြာပြီဖြစ်သည်။ ဘေ့ဂျင်းက ထိုင်ဝမ်ကို နိုင်ငံတနိုင်ငံအဖြစ် အသိအမှတ်ပြုခြင်း မလုပ်ရန်နှင့် နိုင်ငံတကာ အဖွဲ့အစည်းများတွင် မထည့်သွင်းရန် နိုင်ငံတကာ အသိုင်းအဝန်းကို တွန်းအားပေးပြီး ထိုင်ဝမ်သည် ၎င်းတို့၏ ပိုင်နက်ဖြစ်ကြောင်းပြောနေသည်။
ထရမ့်ရှုံးနိမ့်သောကြောင့် ထိုင်ဝမ်မှ အချို့သူများ တုန်လှုပ်ကြသော်လည်း ဆိုင်းအင်ဝမ်း၏ သတင်းစကားမှာ ရှင်းလင်းလှသည်။ ထိုင်ဝမ်-အမေရိကန်ဆက်ဆံရေးသည် ခေါင်းဆောင်အပြောင်းအလဲနှင့် မဆိုင်ဟူ၍ ဖြစ်သည်။
ထရမ့်ကမူ ၂၀၁၆ ခုနှစ်က ဆိုင်းအင်ဝမ်း ပထမရာထူးသက်တမ်းအတွက် ရွေးချယ်ခံရစဉ်ကပင် ဖုန်းဖြင့်ဆက်သွယ်ပြီး အမေရိကန်-ထိုင်ဝမ်ဆက်ဆံရေးကို စောစီးစွာ ပုံဖေါ်သဖြင့် ဘေ့ဂျင်းက ဒေါသထွက်သည်။
ထရမ့်ရှုံးနိမ့်သောကြောင့် ထိုင်ဝမ်မှ အချို့သူများ တုန်လှုပ်ကြသော်လည်း ဆိုင်းအင်ဝမ်း၏ သတင်းစကားမှာ ရှင်းလင်းလှသည်။ ထိုင်ဝမ်-အမေရိကန်ဆက်ဆံရေးသည် ခေါင်းဆောင်အပြောင်းအလဲနှင့် မဆိုင်ဟူ၍ ဖြစ်သည်။
တရုတ်နိုင်ငံသည် အမေရိကန်ရွေးကောက်ပွဲကို နားမလည်နိုင်ဘဲ ငြိမ်သက်စွာ စောင့်ကြည့်နေသည်။ ထိုသို့သွေးအေးနေခြင်းမှာ လူ့အခွင့်အရေးနှင့် ကုန်သွယ်ရေးကဲ့သို့သော နယ်ပယ်များတွင် ဘိုင်ဒင်သည် ထရမ့်အစိုးရ၏ ပြတ်သားသော ရပ်တည်ချက်များကို ဆက်လက်လုပ်ဆောင်မည်ဆိုသည့် ယူဆချက်ကြောင့်ဖြစ်သည်။ တရုတ်နိုင်ငံမှ အများအပြားကမူ အမေရိကန်နှင့် တရုတ်အကြား နက်ရှိုင်းသော ထိတွေ့ဆက်ဆံမှုသည် ပြီးဆုံးသွားပြီဟု မြင်ကြသည်။ တရုတ်-အမေရိကန်ဆက်ဆံရေးမှ မရေရာမှုများကို ဖယ်ရှားရန် တရုတ်နိုင်ငံသည် ဘိုင်ဒင်နှင့် တတ်နိုင်သမျှ ဆက်ဆံရန် ကြိုးစားသင့်သည်ဟု နိုဝင်ဘာလ ၈ ရက်နေ့က ထုတ်ပြန်သည့် ဂလိုဘယ်တိုင်းမ် အယ်ဒီတာ အာဘော်က ဖေါ်ပြသည်။
ကမ္ဘာတွင်မူ ဗြိတိန်ခေါင်းဆောင် ဘောရစ်ဂျွန်ဆင်၊ ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင် ထရက်ဒူးနှင့် သြစတြေးလျနှင့် တောင်ကိုရီးယားခေါင်းဆောင်များက ဘိုင်ဒင်နှင့် ဟဲရစ်ကို ဂုဏ်ပြုပြီး ရုရှားနှင့် မက္ကဆီကိုက မတုံ့ပြန်သေးပါ။
တရုတ်နိုင်ငံမှ အရာရှိအလွှာက နှုတ်ဆိတ်နေသေးသော်လည်း ယွမ်ငွေကမူ အနာဂတ်တွင် အလှုပ်အရမ်းနည်းမည်ဟူသည့် မျှော်လင့်ချက်ဖြင့် ဘိုင်ဒင်ကို ကြိုဆိုနေပြီးဖြစ်သည်။
ကိုးကား။ ။ Quartz မှ Taiwan beat China to congratulate Joe Biden and Kamala Harris
You may also like these stories:
ဂျိုးဘိုင်ဒင် ရွေးကောက်ပွဲ အနိုင်ရခြင်းအား အာရှခေါင်းဆောင်များ ကြိုဆို
ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို ထရမ့် လက်မခံရင် ဘာဖြစ်မလဲ
အမေရိကန်သမ္မတ ဘယ်သူဖြစ်ဖြစ် ထိုင်ဝမ်အရေးက စိန်ခေါ်နေ