ထိုင်ဝမ်မရိန်းတပ်ဖွဲ့များကို လေ့ကျင့်ပေးရန် အမေရိကန် မရိန်း(ကမ်းတက်)တပ်ဖွဲ့၏ အထူးစစ်ဆင်ရေးတပ်များထဲ ပါဝင်သည့် မရိန်းတိုက်ခိုက်ရေး တပ်ရင်းမှ အဖွဲ့တဖွဲ့ နိုဝင်ဘာ ၉ ရက်နေ့တွင် ထိုင်ဝမ်သို့ ရောက်လာခဲ့ကြောင်း ထိုင်ဝမ် ရေတပ်ဌာနချုပ်က အတည်ပြုခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ပြည်မကြီး) ကို အမေရိကန်က အသိအမှတ်ပြုခဲ့သည့် ၁၉၇၉ ခုနှစ် နောက်ပိုင်း အမေရိကန်နှင့် ထိုင်ဝမ် ၂ န်ိုင်ငံကြားတွင် ပထမဆုံး တရားဝင် ထိတွေ့မှု ဖြစ်သည်။
Taiwan News ထိုင်ဝမ် သတင်းများအရ သူတို့၏ ၁ လတာ ခရီးစဉ်အတွင်း မရိန်း အထူးတပ်ဖွဲ့ဝင်များက ထိုင်ဝမ် မရိန်းတပ်ဖွဲ့ဝင်များကို Kaohsiung ရှိ Tsoying ရေတပ်အခြေစိုက်စခန်းတွင် အမြန်လှေများဖြင့် ထိုးဖောက်ဝင်ရောက် တိုက်ခိုက်သည့် စစ်ဆင်ရေးများကို လေ့ကျင့်ပေးမည် ဖြစ်ကြောင်း သိရသည်။
အမေရိကန် မရိန်းတပ်ဖွဲ့ကို လူသိရှင်ကြား ကြိုဆိုသည့် ထိုင်ဝမ်၏ လုပ်ရပ်က အနာဂတ် တချိန်ချိန်တွင် ထိုင်ဝမ်သို့ ကျူးကျော် ဝင်ရောက်ရန် တရုတ်နိုင်ငံက ကြံစည်နေနိုင်သည်ဆိုသည့် နိုင်ငံတကာ၏ စိုးရိမ်မှုများ စ၍ တိုးပွားလာနေခဲ့ချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။
ထိုင်ဝမ်အထူးတပ်ဖွဲ့များနှင့် အမေရိကန် ကြည်းတပ် အထူးတပ်ဖွဲ့ (ဦးထုပ်စိမ်း တပ်ဖွဲ့ဟုလည်း သိကြသည်) တို့က နှစ်စဉ် ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြသည်ဟုလည်း သတင်းတွင် ဖော်ပြခဲ့သည်။
အမေရိကန် မရိန်းတပ်ဖွဲ့ကို လူသိရှင်ကြား ကြိုဆိုသည့် ထိုင်ဝမ်၏ လုပ်ရပ်က အနာဂတ် တချိန်ချိန်တွင် ထိုင်ဝမ်သို့ ကျူးကျော် ဝင်ရောက်ရန် တရုတ်နိုင်ငံက ကြံစည်နေနိုင်သည်ဆိုသည့် နိုင်ငံတကာ၏ စိုးရိမ်မှုများ စ၍ တိုးပွားလာနေခဲ့ချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။
ပြီးခဲ့သောလအနည်းငယ်က သတင်းများတွင် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) က ထိုင်ဝမ်အနီးရှိ ပင်လယ်ဝါ၊ အရှေ့ တရုတ် ပင်လယ်နှင့် တောင်တရုတ်ပင်လယ်တို့တွင် လေကြောင်းကာကွယ်ရေး ဒုံးကျည်များနှင့် လေယာဉ်ပစ် လက်နက်ကြီးများ ပါဝင်သော အမှန်တကယ် ပစ်ခတ် တိုက်ခိုက်ခြင်းဖြစ်သည့် လေ့ကျင့်မှုများ အရှိန်တိုးမြှင့်လာကြောင်း ဖော်ပြခဲ့ကြပြီး ဖြစ်သည်။
တုန့်ပြန်မှုအနေဖြင့် အမေရိကန်နိုင်ငံမှ ဒေါ်နယ်ထရမ့် အစိုးရက ထိုင်ဝမ်သို့ “ကာကွယ်ရေးလက်နက်များ” ဟု ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ဆိုထားသည့် လက်နက်များ အပါအဝင် လက်နက်စနစ်များ အမြောက်အမြား ရောင်းချခြင်းကို အတည်ပြုခဲ့သည်။
၎င်းတို့အားလုံးသည် ၁၉၇၉ ခုနှစ် ထိုင်ဝမ် ဆက်ဆံရေး ဥပဒေအရ ထိုင်ဝမ်သို့ အမေရိကန်မှ ပေးရန် တရားဝင် ခွင့်ပြုထားသည့်အတိုင်း လိုက်နာဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
အမေရိကန်ထံမှ မြေပြင်တိုက်ခိုက်ရေး ဒုံးကျည်များ ကဲ့သို့သော လက်နက်များ ရရှိခြင်းအားဖြင့် ထိုင်ဝမ်က ရေလက်ကြားကို ကျော်ဖြတ်၍ တရုတ် နိုင်ငံကို တိုက်ခိုက်နိုင်လိမ့်မည် ဖြစ်သည်။
ထိုင်ဝမ်၏ ကာကွယ်ရေးဗျူဟာ (အလုံးစုံ ကာကွယ်ရေး သဘောတရား -ODC) သည် သဘာဝအားဖြင့် ခုခံကာကွယ်ရေး ဖြစ်ပြီး တရုတ်၏ အင်အားပြည့် ကျူးကျော်မှုနှင့် ရင်ဆိုင်ရသောအခါ အချိုးမညီမှု (၂ ဘက်ရင်ဆိုင်ရာ၌ အင်အားနည်းသည့် ဘက်မှ ရနိုင်သော) အားသာချက်များကို အမြတ်ထုတ် အသုံးချရန်ဖြစ်သည်။
စစ်အင်အားကို အကာအကွယ်ပေးရေး၊ ကမ်းစပ်ဇုန်တွင် အဆုံးအဖြတ်ပေးမည့် တိုက်ပွဲဖော်ဆောင်ခြင်းနှင့် ကမ်းခြေသို့ တက်ရောက်လာသော ရန်သူကို ချေမှုန်းဖျက်ဆီးခြင်း ဖြစ်သည်။
ထိုသဘောတရားကို ဖော်ထုတ်ခဲ့သူ အငြိမ်းစား ရေတပ်ဗိုလ်ချုပ်ကြီး Lee Hsi-min က The Diplomat တွင် မကြာသေးမီက Eric Lee နှင့် ပူးတွဲ ရေးသားခဲ့သည့် ဆောင်းပါး ၌ ဖော်ပြထားချက်အရဆိုလျှင် ODC ၏ စစ်ဆင်ရေး သဘောတရားက ထိုင်ဝမ် ကာကွယ်ရေးအတွက် မဏ္ဍိုင် ၃ ခုကို သရုပ်ဖော်ထားသည်။
စစ်အင်အားကို အကာအကွယ်ပေးရေး၊ ကမ်းစပ်ဇုန်တွင် အဆုံးအဖြတ်ပေးမည့် တိုက်ပွဲဖော်ဆောင်ခြင်းနှင့် ကမ်းခြေသို့ တက်ရောက်လာသော ရန်သူကို ချေမှုန်းဖျက်ဆီးခြင်း ဖြစ်သည်။
Brendan Taylor ၏ ၂၀၁၈ က ထုတ်ဝေခဲ့သော စာအုပ်၌် ထိုင်ဝမ်သို့ အပြည့်အ၀ ကျူးကျော် ဝင်ရောက်လာနိုင်ခြေ ဇာတ်လမ်းကို ဖော်ပြခဲ့သည့် အတိုင်းဆိုလျှင် PLA က ထိုင်ဝမ်၏ ကမ်းလွန်ကျွန်းများကို သိမ်းပိုက်ခြင်းအားဖြင့် စတင်ဖွယ်ရာ များသည်။ သို့မှသာလျှင် ထိုင်ဝမ် လက်နက်ကိုင်တပ်ဖွဲ့များက တရုတ် အခြေစိုက်စခန်းများနှင့် ဆိပ်ကမ်းများ ပစ်မှတ်ထား တိုက်ခိုက်ရေးတွင် အဆိုပါ ကျွန်းများကို အသုံးပြု၍ မရတော့မည်ဖြစ်သည်။
Brendan Taylor ၏ ဇာတ်ညွှန်းတွင် PLA က ထိုကျွန်းများကို လုံခြုံအောင် ထိန်းချုပ်ပြီးနောက် အဓိကကျွန်းကြီးသို့ သွားမည်ဖြစ်ပြီး သင်္ဘောကျင်းများနှင့် ဆိပ်ကမ်းများကို သိမ်းပိုက်ပြီးနောက် ကုန်းတွင်းတွင် လှုပ်ရှားရင်း တင့်ကားတိုက်ပွဲ တခုကို ဖော်ဆောင်လိမ့်မည် ဖြစ်သည်။
ထိုဇာတ်ညွှန်းအရဆိုလျှင် ထိုင်ဝမ်မရိန်းတပ်ဖွဲ့က ထိုင်ဝမ်ကာကွယ်ရေးအတွက် အဓိကကျကြောင်း တွေ့လာရလိမ့်မည် ဖြစ်သည်။
စက်တင်ဘာလ အတွင်းတွင် ထိုင်ဝမ်က ၎င်း၏ ကမ်းလွန်ကျွန်းများထဲမှ တခုတွင် ကျွန်းပေါ်သို့ တက်ရောက်လာခြင်းကို တားဆီးသည့် စစ်ဆင်ရေးများ ပြုလုပ်လေ့ကျင့်ခဲ့သည်။
၎င်းတို့က PLA ၏ လက်သို့ ကျရောက်သွားနိုင်သည့် ကမ်းလွန်ကျွန်းများကို ပြန်လည် သိမ်းပိုက်ခြင်း သို့မဟုတ် ရေလက်ကြားဘက်မှ တရုတ်အဆောက်အအုံများကိုပင် ဖျက်ဆီးခြင်းအားဖြင့် ပထမဆုံး အားထုတ် ရမည်ဖြစ်သည်။
စက်တင်ဘာလ အတွင်းတွင် ထိုင်ဝမ်က ၎င်း၏ ကမ်းလွန်ကျွန်းများထဲမှ တခုတွင် ကျွန်းပေါ်သို့ တက်ရောက်လာခြင်းကို တားဆီးသည့် စစ်ဆင်ရေးများ ပြုလုပ်လေ့ကျင့်ခဲ့သည်။
ထို့ပြင် အကယ်၍ ထိုင်ဝမ် မရိန်းတပ်ဖွဲ့က ရေလက်ကြားကို ဖြတ်၍ အဓိကကျသည့် တရုတ် လေကြောင်း ကာကွယ်ရေး အဆောက်အဦးများကို ထိုးဖောက်ဝင်ရောက်၍ အသက်မဲ့အောင် ပြုလုပ်ရန် ရေတပ်နှင့် ကြည်းတပ် ပူးပေါင်း တိုက်ခိုက်မှု အငယ်စားများ ပြုလုပ်နိုင်ခဲ့လျှင် ထိုင်ဝမ်၏ မြေပြင်တိုက်ခိုက်ရေး ဒုံးကျည်များနှင့် လေကြောင်းမှ လေယာဉ်များ၊ မောင်းသူမဲ့ လေယာဉ်များက အင်အားဖြည့်ကြမည် ဖြစ်သည်။
PLA ထောက်ပံ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး အချက်အချာများကို အနှောင့်အယှက်ပေးရာတွင် ထိုင်ဝမ် မရိန်းတပ်ဖွဲ့များ၏ အလားတူ အခန်းကဏ္ဍကိုလည်း မှန်းဆကြည့်နိုင်ပါသည်။
နောက်ဆုံးအနေနှင့် အလားတူ ရေလက်ကြားဖြတ်ကျော် အခန်းကဏ္ဍတွင် အမေရိကန် မရိန်း တိုက်ခိုက်ရေးအဖွဲ့များ တာဝန်ချခံရနိုင်ခြေလည်း ရှိပါသည်။ အထူးသဖြင့် ပဋိပက္ခစတင်ချိန်တွင် တရုတ်နိုင်ငံနှင့် ရင်ဆိုင်ရချိန်တွင် လေယာဉ်တင် သင်္ဘောများ အပါအဝင် ရေတပ်ကို အသုးံပြု စွန့်စားရန် အမေရိကန်က တွန့်ဆုတ်နေနိုင်သည့် အခြေအနေမျိုးတွင် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ကြည်းကြောင်းနှင့် ရေကြောင်း ၂ မျိုးလုံးတွင် စစ်ဆင်နိုင်သည့် အထူးတပ်ဖွဲ့များက ထိုင်ဝမ်၏ အချိုးအစား မညီမျှသော ရန်သူကို ကာကွယ်ရေးဗျူဟာနှင့် ထိုင်ဝမ်ကို ထောက်ပံ့သည့် အဓိက မဟာမိတ် အခန်းကဏ္ဍတွင် ရှိနေသည်။
ကိုးကား။ ။ The Diplomat မှ Abhijnan Rej ၏ US Marine Raiders Arrive in Taiwan to Train Taiwanese Marines
You may also like these stories:
ဘေ့ဂျင်း စွက်ဖက်မှုကြောင့် ဟောင်ကောင်အတိုက်အခံများ လွှတ်တော်မှ နုတ်ထွက်
တရုတ်က နှုတ်ဆိတ်နေချိန် ဂျိုးဘိုင်ဒင်နှင့် ခါမလာဟဲရစ်ကို ထိုင်ဝမ်က ဂုဏ်ပြု
အမေရိကန်သမ္မတ ဘယ်သူဖြစ်ဖြစ် ထိုင်ဝမ်အရေးက စိန်ခေါ်နေ