လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD)ပါတီက အခုတကြိမ် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း သောင်ပြို ကမ်းပြို ထပ်နိုင်လို့ ဘယ်သူနဲ့မှ ပူးပေါင်းစရာ မလိုဘဲ အစိုးရတရပ် ဖွဲ့စည်းဖို့ အခွင့်အရေး ထပ်ရသွားပြန်ပါပြီ။
ကိုဗစ်ကာလဖြစ်လို့ မြန်မာပြည်သူတွေ မဲထွက်ပေးရဲပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိခဲ့ပေမယ့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ခန့်မှန်းချက်အရ ပြည်သူ ၇၀ ရာခိုင်နှုန်းလောက် မဲပေးခဲ့တယ်လို့ သိရပါတယ်။
အခုလို အခွင့်အရေး ထပ်ရတဲ့ NLD ဟာ ဘယ်လို အစိုးရ ဖွဲ့ ဖို့ ပြင်ဆင်နေပါသလဲ။ အစိုးရ အဖွဲ့သစ်မှာ လူဟောင်းတွေ လည်း ပြန်ပါမှာ ဖြစ်သလို လူသစ်တွေလည်း ထပ်မြင်ရဖို့ ရှိတယ်လို့ သုံးသပ်ကြပါတယ်။
၂၀၁၅ မှာ ရွေးကောက်ပွဲနိုင်ပြီး ၂၀၁၆ မှာ ဖွဲ့ ခဲ့တဲ့ NLD အစိုးရဟာ အခြေအနေတွေအရ တိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းကျောင်းရပြီး စွန့်စားမှုတွေ သိပ်မလုပ်ခဲ့ဘဲ အစိုးရ ဖွဲ့ ခဲ့တာ ဖြစ်ပေမယ့် ဒီတကြိမ်မှာတော့ အရွေ့ တခုကို သွားမှာ ဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်က လှုပ်လှုပ်ရှားရှား ကစားလိမ့်မယ်လို့ NLD ပါတီရဲ့ ဗဟို သုတေသနမှူးဟောင်း ဦးမျိုး ရန်နောင်သိမ်းက ဧရာဝတီကို ပြောပါတယ်။
“ဒီမိုကရေစီနဲ့ ဖက်ဒရယ် အရေး၊ အမျိုးသား ရင်ကြားစေ့ရေးနဲ့ ပတ်သက်ပြီးတော့ အရွေ့ တခုကို သွားမယ်ဆိုတဲ့ မဟာဗျူဟာ ရှိတယ်”လို့ ဦးမျိုးရန်နောင်သိမ်းက ပြောပါတယ်။
နေပြည်တော် အစိုးရအဖွဲ့ မှာ ဘယ်သူတွေ ပါမှာလဲ
၂၀၁၅ ရွေးကောက်ပွဲမှာ NLD အနိုင်ရလို့ အစိုးရ ဖွဲ့ စဉ် အခါတုန်းကတော့ NLD ပါတီဝင် အမာခံတွေသာမက ပါတီကို လာဆက်သွယ်တဲ့ တတ်သိပညာရှင်တွေ၊ ဒေါ်အောင်ဆန်းစုကြည် သဘောကျတဲ့ ကြံ့ခိုင်ရေးပါတီက လူဟောင်းတချို့ နဲ့ တိုင်းရင်းသားတချို့ကို ခေါ်ယူခဲ့တာမျိုး ရှိခဲ့ပါတယ်။
ဥပမာအားဖြင့် စီမံ/ဘဏ္ဍာ ဝန်ကြီး တာဝန်ယူခဲ့ဖူးသူ ဦးကျော်ဝင်းနဲ့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးတို့ဟာ NLD ကို လာရောက် ဆက်သွယ်ခဲ့သူတွေ ဖြစ်တယ်လို့ NLD ပါတီ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အခုတကြိမ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အဖွဲ့ အစည်းပေါင်းစုံ၊ လူပေါင်းစုံနဲ့ ဆက်ဆံခဲ့ရလို့ ဘယ်သူဘာလဲ ဆိုတာ သိထားပြီး ဖြစ်တဲ့အတွက် အစိုးရ အဖွဲ့ကို သေချာ ဖွဲ့ စည်းနိုင်မှာ ဖြစ်တယ်လို့ NLD သတင်းရင်းမြစ်တွေက ပြော ပါတယ်။
“ဒီတခေါက်က ဘောင်ကျယ်ကျယ်နဲ့ ကြိုရွေးထားပြီးသား။ အရင်တခေါက်တုန်းက ကပ်ပြီးတော့မှ ရွေးရတယ်။ အရင်တ ခေါက်က အတိုက်အခံပါတီဖြစ်နေတော့ တချို့ က မဆက်ဆံရဲဘူးလေ။ သူတို့ကို အကဲမခတ်နိုင်ဘူးလေ။ အခု ၅ နှစ် အ ချိန်ရထားတော့ ဘယ်သူက ဘယ်ရာထူးနဲ့ သင့်တော်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်က ပိုကောင်းနေတယ်”လို့ NLD ပါတီရဲ့ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပါတယ်။
လက်ရှိ ပြည်ထောင်စု အဆင့် အစိုးရ အဖွဲ့ မှာ သမ္မတ ဦးဝင်းမြင့်က NLD ပါတီ ဒုတိယ ဥက္ကဌ ဖြစ်ပြီး စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဦးသန်းမြင့်၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်းတို့ဟာ NLDရဲ့ အမာခံတွေလို့ ပြောလို့ရပေမယ့်
ကျန်တဲ့ ဝန်ကြီးတွေဟာ NLD ပါတီ အမာခံ မဟုတ်ကြပါဘူး။
ဦးသိန်းဆွေနဲ့ သူရဦးအောင်ကိုတို့လို ကြံ့ခိုင်ရေးပါတီက လူတွေပါ NLD အစိုးရ အဖွဲ့ ထဲမှာ ပါလာခဲ့ပြီး တခြား တတ်သိ ပညာရှင်တွေဖြစ်တဲ့ ဒေါက်တာအောင်သူ၊ ဒေါက်တာဝင်းမြတ်အေး၊ ဒေါက်တာမြင့်ထွေး၊ ဦးဟန်ဇော်နဲ့ ဒေါက်တာ ဖေမြင့် တို့ လူတွေလည်း ပါခဲ့ပါတယ်။
လက်ရှိ အစိုးရ အဖွဲ့ ထဲမှာ အရေးပါဆုံးသူတွေကတော့ ပြည်ထောင်စု အစိုးရအဖွဲ့ ရုံး ဝန်ကြီး ဦးမင်းသူနဲ့ နိုင်ငံတော် အ တိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေတို့ပါပဲ။ သူတို့ ၂ ယောက်စလုံးဟာ ဒေါ်အောင်ဆန်းစုကြည်ဆီကို အလွယ်တကူ ဝင်ထွက်ခွင့်ရသူတွေ ဖြစ်ပေမယ့် NLD ပါတီဝင်တွေ မဟုတ်ကြပါဘူး။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးကျော်တင့်ဆွေတို့ဟာ ဆရာတပည့် ဆက်ဆံရေး ဖြစ်ပြီး ဦးမင်းသူနဲ့ကတော့ မောင်နှမ ဆက်ဆံရေးမျိုး တည်ဆောက်ထားတယ်လို့ နေပြည်တော် အဝန်းအဝိုင်းကပဲ သိရပါတယ်။
ဦးကျော်တင့်ဆွေဟာ ရခိုင်ပြည်အရေးနှင့် ၎င်းနဲ့ ဆက်စပ်တဲ့ နိုင်ငံတကာ အခြေအနေတွေကို အဓိက တာဝန်ယူ ကိုင် တွယ်ရသူ ဖြစ်ပြီး ဦးမင်းသူကတော့ NLD အစိုးရ လွှဲယူထားတဲ့ ထွေ/အုပ်ကို ကိုင်ထားရသူပါ။ ပြီးတော့ ကိုဗစ်ကာလ မတိုင်ခင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်တွင်း ခရီးစဉ်နဲ့ လုံခြုံရေး ကိစ္စတွေ အားလုံးကို သူပဲ စီစဉ်ပေးရတာပါ။
အဲဒါကြောင့် NLD အစိုးရကို ပါတီဝင်တွေနဲ့တင် ဖွဲ့ စည်းခဲ့တာမျိုး မဟုတ်ကြောင့် အခုတကြိမ်မှာလည်း အဲဒီလိုပဲ လူစုံနဲ့ပဲ ဖွဲ့ စည်းတာမျိုး ဖြစ်လိမ့်မယ်ဆိုတဲ့ သုံးသပ်မှုတွေ ရှိပါတယ်။
ပြည်ထောင်စု အစိုးရအဖွဲ့ မှာ ဘယ်ဝန်ကြီးတွေ ဆက်ပါမလဲ၊ ဘယ်သူတွေ ဆက်မပါတော့ဘူးလဲ ဆိုတာကတော့ ပြောဖို့ စောနေသေးတယ်လို့ NLD သတင်းရင်းမြစ်တွေက ပြောပါတယ်။
တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေ ဘယ်သူတွေ ဖြစ်နိုင်သလဲ
ပြည်ထောင်စု ဝန်ကြီးတွေ ဘယ်သူတွေ ဖြစ်လာနိုင်သလဲဆိုတာ ပြောဖို့စောသေးပေမယ့် တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေ ဘယ်သူတွေ ဖြစ်နိုင်လဲဆိုတဲ့ ခန့်မှန်း ပြောဆိုမှုတွေတော့ ရှိနေပါပြီ။
NLD ပါတီဝင်တွေနဲ့ ပါတီမှာ အရေးပါတဲ့သူတွေပဲ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေအဖြစ် ၂၀၁၅ တုန်းက ရွေးချယ်ခံခဲ့ရတာပါ။
အခုတခေါက်မှာ ဝန်ကြီးချုပ် ပြန်ဖြစ်ဖို့ သေချာနေသူတွေကတော့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်တို့ ဖြစ်တယ်လို့ NLD အသိုင်းအဝိုင်းက သိရပါတယ်။
ရန်ကုန် အပါအဝင် ကျန်တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေ ဘယ်သူဖြစ်မလဲဆိုတာကတော့ ခန့်မှန်းရခက်တယ်လို့ ဆို ကြပါတယ်။
ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဖြစ်မယ်လို့ နာမည်ကြီးနေတဲ့ ဦးရဲမင်းဦးဟာလည်း NLD ပါတီက အမာခံတယောက် မဟုတ် ပါဘူး။ သူဝန်ကြီးချုပ် ဖြစ်လာမှာကို မကြိုက်တဲ့ အင်အားစုတွေလည်း NLD ပါတီထဲမှာ ရှိတယ်လို့ သိရပါတယ်။
စစ်အစိုးရလက်ထက်က သူဌေးကြီး ဦးတေဇဆီမှာ အလုပ်လုပ်ခဲ့တာ၊ ဘဏ်ပေါင်းများစွာမှာ ဒါရိုက်တာ လုပ်နေပြီး လက်ရှိ အစိုးရ ရာထူးတွေလည်း ယူထားတဲ့သူဖြစ်လို့ အကျိုးစီးပွား ပဋိပက္ခ ရှိနေနိုင်တယ် ဆိုတာတွေထက် အချိန်တိုတိုနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD လူကြီး အသိုင်းအဝိုင်းနားကို ရောက်သွားလို့ ဖြစ်တယ်လို့ ဆိုကြပါတယ်။
ရန်ကုန်တိုင်းလွှတ်တော်မှာ သွားပြိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောခဲ့တဲ့သူ ၂ ဦးပဲ ရှိပါတယ်။ သူတို့တွေကတော့ ဦးရဲမင်းဦးနဲ့ ၈၈ မျိုးဆက် ကျောင်းသားဟောင်း လက်ရှိ ဒေါပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေး ဝင်းအောင်(ခေါ်)ကိုပြုံးချိုတို့ပါ။
“ကိုပြုံးချိုနဲ့ ကိုရဲမင်းဦးတို့ ၂ ယောက်ထဲက တယောက် ဝန်ကြီးချုပ် ဖြစ်မယ်လို့ အသံထွက်တယ်။ ကိုပြုံးချိုက လွှတ်တော် ဥက္ကဌလည်း ဖြစ်လာနိုင်တယ်”လို့ ရန်ကုန်တိုင်းက NLD ပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးက ပြောပြပါ တယ်။
သူ့အဆိုအရ ဦးရဲမင်းဦးဟာ အခုရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း အောင်နိုင်ရေးကို ဦးဆောင်ခဲ့ပြီး ကိုယ် စားလှယ်တွေ အားလုံးကို သူ့ဖွဲ့ ပေးထားတဲ့ Viber Group ကနေ ညွှန်ကြားချက်တွေပေးလို့ အခုကတည်းက ဦးဆောင်နေပါပြီ။
NLD ဗဟို သုတေသန အရာရှိဟောင်း ဦးမျိုးရန်နောင်သိမ်းကတော့ ဦးရဲမင်းဦးက စကားပြော အတတ်ပညာ ကျွမ်းကျင်တာ၊ လူကြိုက်များတာနဲ့ စီးပွားရေး အမြင်ရှိတဲ့နေရာတွေမှာ အားသာပြီး ဦးပြုံးချိုကတော့ ယုံကြည်စိတ်ချရပြီး နိုင်ငံရေး ဖြတ်သန်းမှု အားကောင်းတယ်လို့ သုံးသပ်ပါတယ်။
နောက်တဦးကတော့ စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦးပါ။ သူဟာလည်း အခု ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း လွှတ်တော်ကို ဆင်းပြိုင်ခဲ့တာ ဖြစ်ပြီး ရန်ကုန်မြို့တော်ဝန် ဖြစ်လာနိုင်တယ်လို့ သတင်းထွက်နေသူ တဦး ဖြစ်ပါတယ်။
ရန်ကုန်တိုင်းမှာလိုပဲ ဧရာဝတီတိုင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက်အရ လက်ရှိ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေဟာ တိုင်းလွှတ်တော်ကို ဆင်းပြိုင်လို့ ဝန်ကြီးချုပ် ဖြစ်လာနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေ ရှိပါ တယ်။
ဧရာဝတီတိုင်းမှာ ဦးသိမ်းဆွေလိုပဲ ဝန်ကြီးချုပ် ဖြစ်နိုင်သူတဦးကတော့ လက်ရှိ တိုင်းအစိုးရအဖွဲ့ ဝင် လျှပ်စစ်နှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးပါ။ အခု ရွေးကောက်ပွဲမှာလည်း တိုင်းလွှတ်တော်မှာ ဝင်အရွေးခံ အနိုင်ရရှိထားပါတယ်။
“ကိုသိန်းဆွေတို့ ကိုပြုံးချိုတို့ကတော့ ဝန်ကြီးချုပ် သို့မဟုတ် လွှတ်တော် ဥက္ကဌ ဖြစ်လာမှာပေါ့။ ကိုသိန်းဆွေကတော့ ဝန်ကြီးချုပ် ဖြစ်ဖို့ များတယ်။ ကိုပြုံးချိုကတော့ လွှတ်တော် ဥက္ကဌ ဖြစ်ဖို့ များတယ်လို့ ကျနော်မြင်တယ်”
ဦးဝင်းဌေးဟာ ၁၉၈၈ အရေးတော်ပုံ မတိုင်မီ ဖုန်းမော် အရေးအခင်းမှာ ပထမဆုံး ထောင်ကျခံခဲ့ရသူတဦး ဖြစ်တယ်လို့ သိရပါတယ်။ သူဟာဧရာဝတီတိုင်း အစိုးရအဖွဲ့ ဆီကို ရောက်မလာခင်က ဦးဇော်ဇော်ရဲ့ Max ကုမ္ပဏီမှာ အင်ဂျင်နီယာချုပ် လုပ်ခဲ့တာ ဖြစ်ပြီး ဦးဇော်ဇော်နဲ့ တမြို့ထဲသားတွေ ဖြစ်ပါတယ်။
“ကိုသိန်းဆွေတို့ ကိုပြုံးချိုတို့ကတော့ ဝန်ကြီးချုပ် သို့မဟုတ် လွှတ်တော် ဥက္ကဌ ဖြစ်လာမှာပေါ့။ ကိုသိန်းဆွေကတော့ ဝန်ကြီးချုပ် ဖြစ်ဖို့ များတယ်။ ကိုပြုံးချိုကတော့ လွှတ်တော် ဥက္ကဌ ဖြစ်ဖို့ များတယ်လို့ ကျနော်မြင်တယ်”လို့ ဦးမျိုးရန် နောင်သိန်းက ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းလုံးကျွတ် အနိုင်ရခဲ့တဲ့ တနသာင်္ရီတိုင်းမှာလည်း လက်ရှိ ဝန်ကြီးချုပ် ဦးမြင့်မောင်ပဲ ပြန်ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပေမယ့် လက်ရှိ ဝန်ကြီးချုပ်ဟာ လူကောင်းတယောက်လို့ ပြောလို့ရပေမယ့် ခြေစွမ်း သိပ်မပြ နိုင် ဘူး ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
ပဲခူးတိုင်းမှာတော့ လက်ရှိ ဝန်ကြီးချုပ် ဦးဝင်းသိန်းထက် ပဲခူးတိုင်း NLD ပါတီ ဥက္ကဌ ဦးသိန်းတန် ဆိုသူကို ဝန်ကြီးချုပ် ဖြစ်လာနိုင်တယ်ဆိုတဲ့ ခန်မှန်းနေကြပါတယ်။
စစ်ကိုင်းတိုင်းမှာတော့ လက်ရှိ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ပဲ ပြန်ဖြစ်နိုင်ပေမယ့် ၂၀၁၅ ရွေးကောက်ပွဲတုန်းက ဒေါက်တာ မြင့်နိုင်ကို ဝန်ကြီးချုပ်ပေးဖို့ စဉ်းစားခဲ့တာ မဟုတ်ဘူးလို့ သိရပါတယ်။
ဒေါက်တာ မြင့်နိုင်ဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက သူ့ကျန်းမာရေးအခြေအနေအရ တိုင်းလွှတ်တော်မှာ ဝင်ပြိုင်ခဲ့တာ ဖြစ်ပြီး နောက်ဆုံးမှာ လူမရှိလို့ ဝန်ကြီးချုပ် ဖြစ်သွားတာလို့ သိရပါတယ်။
ဒေါက်တာ ဇော်မြင့်မောင်၊ ဒေါက်တာ အောင်မိုးညို၊ ဦးညီပု၊ ဒေါ်နန်းခင်ထွေးမြင့်နဲ့ ဦးဖြိုးမင်းသိန်းတို့ကတော့ ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင် ဘယ်နေရာမှာ ဝင်ပြိုင်ရမယ်ဆိုပြီး ညွှန်ကြားပေးခဲ့တာလို့ သိရပါတယ်။
အမျိုးသား ညီညွှတ်သော အစိုးရနဲ့ တိုင်းရင်းသားတွေနဲ့ ရင်ကြားစေ့ရေး
ပြည်နယ်ဝန်ကြီးချုပ်တွေကို NLD ပါတီက လူကိုပဲ ခန့်မလား၊ ပြည်နယ်မှာ အားကောင်းနေတဲ တိုင်းရင်းသား ပါတီတခုခုက လူကိုပဲ ခန့်မလားဆိုတာ အရမ်းစိတ်ဝင်စားဖို့ ကောင်းတဲ့ အချက်တခုပါ။
“Game Theory အသစ်တခုက တချို့ ပြည်နယ်တွေမှာ အဲလို ပုံစံမျိုး ညှိလို့ရရင် လူရိုသေ၊ ရှင်ရိုသေပေါ့။ ပေးမယ်ဆိုရင် လည်း လှတယ်။ ဘယ်လောက် လှလဲဆိုရင် ရခိုင်မှာတောင် သတ္တိရှိလို့ ပေးလိုက်ရင် ပိုလှသွားမယ်။ ကိုင်တွယ်ရမှာက ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ရမှာလေ”လို့ NLD သတင်းရင်းမြစ်တဦးက ပြောပါတယ်။
ငြိမ်းချမ်းရေး အပါအဝင် ရင်ကြားစေ့ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ကချင် ပြည် နယ်မှာ ပူးပေါင်း အစိုးရ ပုံစံမျိုး ဖွဲ့ စည်းစေချင်တယ်လို့ KIO ဒုတိယ ဥက္ကဌဟောင်းလည်း ဖြစ်သူ ဒေါက်တာ တူးဂျာက ပြောပါတယ်။
မုံရွာအောင်ရှင်ကတော့“ကိုယ့်ပါတီမဟုတ်တဲ့အထဲက ဝန်ကြီးချုပ်တွေ ဖြစ်လာနိုင်သလား ဆိုတာမျိုးကတော့ ကျနော် ကြိုမပြောချင်သေးဘူး။ ဥပမာ ရခိုင်ဆိုရင် တော်တော်အားနည်းတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အားနည်းတယ်၊ မနည်းတာ ထက် စောစောကပြောသလို အမျိုးသား ညီညွှတ်ရေး အစိုးရ ဖွဲ့ မယ်ဆိုရင် ဒါတွေက ထည့်ပြီးတော့ စဉ်းစားရမှာပဲ”လို့ ပြောပါတယ်။
ကချင်ပြည်နယ်နဲ့ စပြောရရင် ကချင်ပြည်နယ် ပြည်သူ့ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် တနေရာ၊ ပြည်နယ်လွှတ်တော် ၃ နေရာ စုစုပေါင်း ၄ နေရာ အနိုင်ရရှိခဲ့ပါတယ်။
ကချင်ပြည်နယ်မှာ မြို့နယ် ၁၈ ခုအတွက် ပြည်သူ့လွှတ်တော် ၁၈ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာနဲ့ ပြည်နယ် လွှတ်တော်အတွက် ၃၆ နေရာနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီး ၄ နေရာ ရှိတာပါ။ နေရာ အများစုကို NLD ကပဲ အနိုင်ရရှိခဲ့ပါတယ်။
လက်ရှိ ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်ဟာ NLD ပါတီဝင်တဦး ဖြစ်ပြီး အခု ရွေးကောက်ပွဲမှာလည်း ပြန်အနိုင်ရရှိခဲ့သူ တဦး ဖြစ်ပါတယ်။ သူ့နဲ့ ငယ်သူငယ်ချင်းဖြစ်တဲ့ ဒေါက်တာ တူးဂျာကတော့ ကချင်ပြည်နယ် ပြည်သူ့ပါတီ ခေါင်းဆောင်တဦး ဖြစ်ပြီး အခု ရွေးကောက်ပွဲမှာ ပြည်နယ် လွှတ်တော်ကနေ ရွေးကောက်တင်မြောက်ခံထားရသူပါ။
ငြိမ်းချမ်းရေး အပါအဝင် ရင်ကြားစေ့ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ကချင် ပြည် နယ်မှာ ပူးပေါင်း အစိုးရ ပုံစံမျိုး ဖွဲ့ စည်းစေချင်တယ်လို့ KIO ဒုတိယ ဥက္ကဌဟောင်းလည်း ဖြစ်သူ ဒေါက်တာ တူးဂျာက ပြောပါတယ်။
“ဝန်ကြီးချုပ် ဖြစ်ဖို့ကတော့ ကျနော်ကတော့ အိမ်မက်တောင် မမက်ဘူးဗျ။ ဒါပေမယ့် အခြေအနေတွေ စောင့်ကြည့်ရတာပေါ့။ သူတို့ရဲ့ လှုပ်ရှားမှု၊ သူတို့ရဲ့ ဆောင်ရွက်မှုတွေကို ကျနော်တို့ စောင့်ကြည့်မှာပါ။ ကျနော်ကတော့ ဒါကို မျှော်လင့်ထား တာ မရှိပါဘူး”လို့ သူက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာတော့ ရွေးစရာ လူမရှိလို့ ဦးညီပုပဲ ဝန်ကြီးချုပ် ပြန်ဖြစ်နိုင်ပေမယ့် NLD ပါတီက Game အသစ်တခုကို ထုတ်ကစားမယ်ဆိုရင် ရခိုင်ပါတီက တယောက်ယောက်လည်း ဝန်ကြီးချုပ် ဖြစ်လာနိုင်တယ်လို့ ဆိုကြပါတယ်။
ဒါ့အပြင် NLD အောင်ပွဲခံခဲ့တဲ့ ချင်းပြည်နယ်ဟာ ဆိုရင်လည်း NLD အစိုးရလက်ထက်မှာ ပြဿနာ အနည်းဆုံးနဲ့ အခြေ အနေ အကောင်းဆုံးနေရာတခု ဖြစ်လို့ လက်ရှိ ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်ပဲ ဆက်ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။
သူ့နောက်မှာ တန်းစီရမယ့်သူတွေကတော့ လက်ရှိ ချင်းအစိုးရ အဖွဲ့ ဝင် ဝန်ကြီး ဦးစိုးထက်ပါ။ ဆလိုင်းအိုက်ဇက်ခင်နဲ့ ဒေါက်တာ ဆာဆာတို့ကတော့ ပြည်နယ် ဝန်ကြီးတွေ ဖြစ်လာနိုင်တယ်လို့ ဆိုကြပါတယ်။
အရှုပ်အထွေးတွေ ရှိခဲ့တဲ့ ကယားပြည်နယ်မှာလည်း လွှတ်တော်ကနေ ဖြုတ်ချခံခဲ့ရတဲ့ ဦးအယ်ဖောင်းရှိုပဲ ဝန်ကြီးချုပ် ပြန် ဖြစ်လိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ သူ့နောက်မှာ ရေပန်းစားတာကတော့ လက်ရှိ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးခင် မောင်ဖြူနဲ့ ၈၈ အရေးတော်ပုံမှာ ကယားပြည်နယ်မှာ ဦးဆောင်ခဲ့သူ ဦးသက်နောင်ထွန်းတို့ပဲ ဖြစ်ပါတယ်။
ဦးခင်မောင်ဖြူရော ဦးသက်နောင်ထွန်းရော ၂ ယောက်စလုံးဟာ လွိုင်ကော်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် အဖြစ် ပြန်အရွေးခံထားရသူတွေ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်နဲ့ မွန်ပြည်နယ်အတွက်မှာတော့ ခန်မှန်းလို့ မရသေးဘဲ လက်ရှိ ဝန်ကြီးချုပ်တွေတော့ ပြန်မဖြစ်နိုင်တော့ဘူးလို့ ဆိုကြပါတယ်။ ရှမ်းဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်ကို အားမရကြပါဘူး။
ပြည်နယ် ဝန်ကြီးချုပ်နေရာတွေ အားလုံးအတွက် တိုင်းရင်းသားပါတီ အသီးသီးက လုပ်နိုင်ကိုင်နိုင်သူတွေကိုလည်း ဝန်ကြီး ချုပ် ခန့်သင့်တယ်ဆိုတဲ့ အမြင်မျိုးတွေ ရှိနေကြတာပါ။
ဒါပေမယ့် NLD ပါတီဟာ ပြည်နယ် လွှတ်တော်တွေကနေ ပြည်နယ် ဝန်ကြီးချုပ်ကို ခန့်အပ်နိုင်တဲ့ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ပုဒ်မ ၂၆၁ ကို ပြည်ထောင်စု လွှတ်တော်မှာ ပြင်ဆင်ဖို့ ငြင်းဆိုထားပါတယ်။
ဒါပေမယ့် ရွေးကောက်ပွဲ အနိုင်ရပြီး ၄ ရက်အကြာ နိုဝင်ဘာလ ၁၂ ရက်နေ့က အခြားတိုင်းရင်းသား နိုင်ငံရေးပါတီ ၄၈ ခု ကို သူတို့နဲ့ အတူ ပူးပေါင်းဆောင်ရွက်ဖို့ NLD ပါတီရဲ့ ဖိတ်ခေါ်မှုဟာ ဒီအရွေ့ ရဲ့ အစလားလို့ ခန့်မှန်းရပါတယ်။
ရွေးကောက်ပွဲ မတိုင်ခင်က နေပြည်တော်က သမ္မတရုံး သတင်းစာ ရှင်းလင်းပွဲတခုမှာ အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦး ဇော်ဌေး ထုတ်ပြောခဲ့တဲ့ National Unity Government (အမျိုးသား ညီညွှတ်ရေး အစိုးရ) ဆိုတဲ့ ကိစ္စမှာ တခြား တိုင်း ရင်းသား ပါတီတွေ၊ ပါတီ မဟုတ်တဲ့ တိုင်းရင်းသားများပါ ပါလာကြလိမ့်မယ်လို့ NLD ပါတီ၊ ဗဟို ပြန်ကြားရေး အတွင်း ရေးမှူး မုံရွာ အောင်ရှင်က ပြောပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ ချုပ်ရဲ့ ဒုတိယ ဥက္ကဌ ဦးစိုင်းညွှန့်လွင်ကလည်း NLD ဟာ အခုတကြိမ်မှာ ထပ်ပြီး သောင်ပြိုကမ်းပြိုရုံတင်မက မိုးပါပြိုကျတဲ့အထိ နိုင်ထားတဲ့အတွက် အမျိုးသား ညီညွှတ်သော အစိုးရဆိုတဲ့ အယူအဆမျိုး မလိုတော့ဘူးလို့ ပြောပါတယ်။
“အခု ဖိတ်ခေါ်နေပြီလေ။ ဖိတ်ခေါ်ပြီးရင် ဒါတွေ ညှိနှိုင်းကြပြီးရင် ပါလာကြမှာပေါ့”လို့ သူက ဆိုပါတယ်။
တိုင်းရင်းသားပါတီတွေရဲ့ ရည်မှန်းချက်တွေဟာ NLD ပါတီရဲ့ ရည်မှန်းချက်တွေနဲ့လည်း တူညီတဲ့အတွက် အနာဂတ်မှာ တိုင်းရင်းသား လူမျိုးစုတွေရဲ့ ဆန္ဒတွေကို အလေးထား ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ NLD ပါတီဘက်က ကြေညာလိုက် တာပါ။
အခြား NLD သတင်းရင်းမြစ်တွေကတော့ အမျိုးသား ညီညွှတ်ရေး အစိုးရဆိုတာ NLD ပါတီထဲမှာ တခါမှ ဆွေးနွေးဖူးတာ မျိုး မရှိဘဲ သွေးကွဲနေကြတာတွေကို ပြန်စည်းလုံးဖို့အတွက် အမျိုးသား ရင်ကြားစေ့ရေးဆိုတာပဲ ရှိတယ်လို့ ဆိုကြပါတယ်။
“အထူးသဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ဖက်ဒရယ်ကို သွားဖို့ပဲ။ အစိုးရဖွဲ့ ဖို့ အတွက် ရင်ကြားစေ့ရေး လုပ်စရာ မလိုဘူး။ အစိုးရကတော့ နိုင်တဲ့သူက ဖွဲ့ မှာပဲ”လို့ NLD ပါတီရဲ့ ဗဟိုကော်မတီဝင်တဦးက ပြောပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ ချုပ်ရဲ့ ဒုတိယ ဥက္ကဌ ဦးစိုင်းညွှန့်လွင်ကလည်း NLD ဟာ အခုတကြိမ်မှာ ထပ်ပြီး သောင်ပြိုကမ်းပြိုရုံတင်မက မိုးပါပြိုကျတဲ့အထိ နိုင်ထားတဲ့အတွက် အမျိုးသား ညီညွှတ်သော အစိုးရဆိုတဲ့ အယူအဆမျိုး မလိုတော့ဘူးလို့ ပြောပါတယ်။
“အခုက လူထုက ထောက်ခံနေတာပဲ။ ထောက်ခံတာမှ တောင်ပြို ကမ်းပြိုတောင်မကဘူး မိုးပါပြိုအောင် ထောက်ခံထား တာ ဆိုတော့ မူလ ကျင့်သုံးခဲ့တဲ့စနစ်တွေ ပုံစံတွေ ဘယ်ပြောင်းတော့မလဲဗျာ။ အောင်မြင်မှုရတဲ့ လူထုထောက်ခံမှုရတဲ့ ပုံစံအတိုင်းပဲ ဆက်သွားမှာပေါ့။ ဒါမှ ၂၀၂၅ ကျရင် လူထုထပ်ပြီးတော့ ဒီထက်ထောက်ခံမှာပေါ့”လို့ ဦးစိုင်းညွှန့်လွင်က ဆိုပါတယ်။
သူတို့ပါတီထဲမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးတာမျိုးလည်း မရှိသေးတဲ့အတွက် မပြောနိုင်သေးကြောင်း၊ NLD ပါတီ ဘက်က အစိုးရအဖွဲ့ မှာ ပါဝင်ဖို့ ကမ်းလှမ်းလာခဲ့မယ်လို့လည်း သူမထင်ကြောင်း ပြောပါတယ်။
သမ္မတ ဘယ်သူ ဖြစ်မလဲ
တဆက်တည်း အများသိချင်နေကြတာကတော့ သမ္မတ ဘယ်သူ ဖြစ်မလဲဆိုတာပါ။ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစု ကြည်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၉ (စ)အရ သမ္မတ လုပ်လို့ မရပါဘူး။ ပုဒ်မ ၅၉(စ) အပါအဝင်၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို NLD ကြီးစိုးထားတဲ့ လွှတ်တော်က ပြင်ဆင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
အဲဒါကြောင့် လက်ရှိ သမ္မတ ဦးဝင်းမြင့်ပဲ သမ္မတထပ်ဖြစ်လာနိုင်ပြီး နိုင်ငံရေးသမား ပိုဆန်တဲ့ ပါတီမှာလည်း သြဇာရှိတဲ့ ဒေါက်တာ ဇော်မြင့်မောင်ကတော့ သူ့ကျန်းမာရေး အခြေအနေတွေအရ မန္တလေးတိုင်းမှာပဲ နေလိမ့်မယ်လို့ သုံးသပ်ကြ ပါတယ်။
ရှမ်းပြည်နယ် သီပေါမြို့နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက “ဦးဝင်းမြင့်ကိုတော့ ကျနော်နှမြောတယ်။ သူ က လုပ်ရည်ကိုင်ရည်လည်း ရှိတယ်။ ဒီနေရာမှာ လွတ်လွတ်လပ်လပ် လုပ်ခွင့်မရတော့ ပါတီအနေနဲ့တော့ ဆုံးရှုံးမှု တခု ပေါ့။ ဆိုတော့ ဦးဝင်းမြင့်ကိုယ်တိုင်က မငြင်းဘူးဆိုရင် ဒီနေရာမှာပဲ သူ့ကို ပြန်ထားလိ့မ်မယ် ထင်တယ်”ဟု ပြောသည်။
သမ္မတကို ကြိုတင် ခန့်မှန်းနိုင်ဖို့ ဒီကြားကာလမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပွဲထုတ်လာတဲ့သူ မရှိပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD အနိုင်ရတဲ့ အချိန်တုန်းကလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ NLD CEC အားလုံးကို သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်စေခဲ့တဲ့အပြင် ဦးထင်ကျော်ကိုပါ ဝင်ထိုင်ခိုင်းခဲ့တာပါ။
အဲဒီတုန်းက သတင်းဓါတ်ပုံ အကျယ်တဝင့် ဖော်ပြတဲ့ သတင်းဌာနတွေမှာ ဦးထင်ကျော်ပုံလည်း ပါဝင်ခဲ့ပြီး နောက်ပိုင်းမှာ ဦးထင်ကျော်ကိုယ်တိုင် သမ္မတ ဖြစ်လာခဲ့တာပါ။
အများစိတ်ဝင်စားတဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရာထူးကလည်း ဆက်ရှိနေဦးမှာလို့ သုံးသပ်ကြပြီး အစိုးရ သက် တမ်းကာလ ၂ နှစ်လောက်အထိ ဒေါ်အောင်ဆန်းစုကြည် ဆက်ရှိနေနိုင်တယ်လို့ ဆိုကြပါတယ်။ ဖွဲ့စည်းပုံအရ ခန့်အပ်ရတဲ့ ဒုတိယ သမ္မတ ၂ ဦးမှာ တဦးက အာဏာရပါတီက ခန့်အပ်ခွင့် ရှိတာ ဖြစ်ပြီး နောက်တဦးကတော့ တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ်က ခန့်အပ်ရတာ ဖြစ်ပါတယ်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်တဲ့ ဒုတိယ သမ္မတဟာ ဘယ်သူဖြစ်မလဲဆိုတာလည်း စိတ်ဝင်စားစရာ ကောင်းပြီး လက်ရှိ ဒုတိယ သမ္မတ ဦးမြင့်ဆွေကတော့ အနားယူတော့မှာ ဖြစ်တယ်လို့ ကြားသိရပါတယ်။
လက်ရှိ ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူရဲ့ လုပ်ရည်ကိုင်ရည်တွေကို ဒေါ်အောင်ဆန်းစုကြည်က သဘောကျတာ ကြောင့် သူပဲ ဆက်ထားလိမ့်မယ်လို့ ပြောသူတွေ ရှိသလို အစဉ်အလာအရ ၂၀၁၀ မှာ ဒုတိယ သမ္မတ ဒေါက်တာ စိုင်း မောက်ခမ်း၊ ၂၀၁၅ မှာ ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူတို့ ဖြစ်လို့ ရှမ်းနဲ့ ချင်းအလှည့် အပြီး အခုတခေါက်က ကချင်နဲ့ ကရင် အလှည့် ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။
လက်ရှိ အမျိုးသား လွှတ်တော် ဥက္ကဌ မန်းဝင်းခိုင်သန်းလည်း ဒုတိယ သမ္မတ ဖြစ်လာနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိပါတယ်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်တဲ့ ဒုတိယ သမ္မတဟာ ဘယ်သူဖြစ်မလဲဆိုတာလည်း စိတ်ဝင်စားစရာ ကောင်းပြီး လက်ရှိ ဒုတိယ သမ္မတ ဦးမြင့်ဆွေကတော့ အနားယူတော့မှာ ဖြစ်တယ်လို့ ကြားသိရပါတယ်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ဒုတိယ သမ္မတ လာလုပ်မလားဆိုတဲ့ ခန့် မှန်းမှုတွေလည်း ရှိနေလို့ တကယ်လို့ သူလာလုပ်ရင် NLD အစိုးရနဲ့ သဟာဇာတ ဖြစ်၊ မဖြစ်ဆိုတာ မသေချာပါဘူး။ ဦးမြင့်ဆွေကတော့ အဆင်ပြေပြေပဲ လုပ်သွားနိုင်ခဲ့ပါတယ်။
လက်ရှိ နိုင်ငံရေး အခင်းအကျင်းတွေအရ လွှတ်တော်တွေရဲ့သက်တမ်းဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကုန်အထိ ဖြစ်ပြီး အစိုးရ သက်တမ်းဟာလည်း မတ်လအထိ ဖြစ်လို့ ဒီကြားကာလမှာလည်း နိုင်ငံရေး တည်ငြိမ်မှု ရှိဖို့ လိုအပ်မှာ ဖြစ်လို့ ရွေးကောက်ပွဲနိုင်ထားတဲ့ NLD အစိုးရ အနေနဲ့ သူ့ဒုတိယ သက်တမ်းကို ဘယ်လို ခြေလှမ်းမျိုး လှမ်းမလဲဆိုတာ တွက် ဆနေမှာ အသေအချာပါပဲ။
ကျော်မျိုးနှင့် သီဟလွင် ပါဝင်ရေးသားသည်။
You may also like these stories:
ကြံ့ခိုင်ရေးပါတီ၏ ရွေးကောက်ပွဲ ပြန်ကျင်းပရန် တောင်းဆိုမှု တပ်သဘောထား မပါ
တိုင်းလုံးကျွတ် ရှုံးတာဟာ ကျနော်တို့ချည်းပဲ ညံ့လို့တော့ မဟုတ်ဘူး
NLD ဘာကြောင့် သောင်ပြို ကမ်းပြို နိုင်ခဲ့သလဲ
အစိုးရနဲ့ တပ်နဲ့ ဆက်ဆံရေးကို အရင်ဆုံး ညှိနှိုင်းဖို့ လိုပါတယ်