• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ပါတီတွင် ရှီကျင့်ဖျင်၏ ထိန်းချုပ်မှု ခိုင်မာကြောင်း နယ်ပယ်စုံမှ ဖြိုခွဲမှုများက ပြသနေ

by ဧရာဝတီ
24 November 2020
in ဆောင်းပါး
A A
၂၀၁၅ ခုနှစ် ချိကျန်းပြည်နယ်တွင် ပြုလုပ်သော အင်တာနက်အိတ်စ်ပို ပြပွဲတွင် ရှီကျင်ဖျင့်အား ဂျက်မက ရှင်းလင်းတင်ပြစဉ်

၂၀၁၅ ခုနှစ် ချိကျန်းပြည်နယ်တွင် ပြုလုပ်သော အင်တာနက်အိတ်စ်ပို ပြပွဲတွင် ရှီကျင်ဖျင့်အား ဂျက်မက ရှင်းလင်းတင်ပြစဉ်

24.3k
VIEWS
Share on FacebookShare on Twitter

တရုတ်ပြည် ကွန်မြူနစ်ပါတီအတွက် ရေရှည်ခြိမ်းခြောက်မှုများကို ချေမှုန်းသောအခါ သမ္မတရှီကျင့်ဖျင်အနေဖြင့် အလျှင်အမြန် လှုပ်ရှားနိုင်ကြောင်း မကြာသေးမီ ရက်သတ္တပတ်များက ပြသနေသည်။ ထိုခြိမ်းခြောက်မှုများက နည်းပညာ၊ ဘဏ္ဍာရေးနှင့် ဟောင်ကောင်တို့နှင့်ပတ်သက်ပြီး ပေါ်ထွက်လာနေသည်။

စီးပွားရေးအရွယ်အစားကို ၂၀၃၅ ခုနှစ်တွင် ၂ ဆတိုးမည်ဆိုသည့် ရည်မှန်းချက်ကို လွန်ခဲ့သောလက ထုတ်ပြန်ပြီးချိန်မှ စတင်ပြီး တရုတ်နိုင်ငံသည် ၎င်း၏ တန်ဖိုး အကြီးမားဆုံး ကုမ္ပဏီများကို အကြီးအကျယ် စတင်ဖြိုခွဲနေသည်။ ဒေါ်လာ ၃၅ ဘီလျံတန် Ant Group Co ၏ အများပြည်သူသို့ ကနဦး ရှယ်ယာရောင်းချရန် ကမ်းလှမ်းမှုကို ရုတ်တရက်ဆိုင်းငံ့လိုက်ပြီးနောက် ယခင်က လက်ရွေးစဉ် နည်းပညာလုပ်ငန်းများဖြစ်သည့် Tencent Holdings Ltd. နှင့် Alibaba Group Holding Ltd တို့ကို ထိန်းချုပ်ရန် လက်ဝါးကြီးအုပ်မှု တိုက်ဖျက်ရေး စည်းမျည်းများ ထွက်ပေါ်လာကာ ဒေါ်လာ ၂၉၀ ဘီလျံတန် ရှယ်ယာများရောင်းချမှု ဖြစ်စေခဲ့သည်။

RelatedPosts

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

14 May 2025
6.9k
ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

14 May 2025
1.5k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13.1k

တချိန်တည်းတွင် ရှီ သည် တရုတ်အုပ်ချုပ်ရေးအောက်မှ ဒီမိုကရေစီ အဆန်ဆုံး အဖွဲ့အစည်းဖြစ်သည့် ဟောင်ကောင်လွှတ်တော်မှ မည်သည့်အတိုက်အခံကိုမဆို အပြီးအပြတ် ချေမှုန်းရန် လုပ်ဆောင်ခဲ့သည်။ ထို့ပြင် တရုတ်အာဏာပိုင်များသည် ကြွေးမြီ ပြန်လည် မပေးဆပ်နိုင်မှု မရှိသလောက်ရှားသည့် ချေးငွေဈေးကွက်တွင် ဖြစ်နိုင်သော ဆုံးရှုံးနိုင်ခြေအတွက် ငွေတိုက်စာချုပ်ရင်းနှီးမြှုပ်နှံသူများကို ဖိအားပေးနေပြီး အလားအလာရှိသော ကြွေးမြီ ပူပေါင်းပေါက်ကွဲမှုကို လျှော့ချရန်နှင့် ငွေကြေးပံ့ပိုးနိုင်မှု အကျပ်အတည်းကို ရှောင်ရှားရန် လုပ်ဆောင်နေသည်။

လုပ်ဆောင်ချက် အများအပြားက တိုင်းပြည်စီးပွားရေး၏ အနာဂတ်တွင် စွန့်စားရမှုများအား လျှော့ချရန် ဖြစ်သော်လည်း ဘုံတူညီချက်မှာ တိုင်းပြည်၏ အာဏာ အဆင့်တိုင်းတွင် ကွန်မြူနစ်ပါတီက ထိန်းချုပ်ရန် ဖြစ်သည်။

၂၀၀၈ ခုနှစ်ပုံစံ ဘဏ္ဍာရေး အကျပ်အတည်းဖြစ်စေ၊ တနေ့ထက်တနေ့ ပိုမိုသြဇာကြီးမားလာသည့် ဘီလျံနာ လူတန်းစားသစ် သို့မဟုတ် အရောင်တမျိုးမျိုး တော်လှန်ရေးတခုကိုဖြစ်စေ ၎င်းတို့အုပ်ချုပ်ရေးအတွက် ကြီးထွားလာနေသည့် ခြိမ်းခြောက်မှုများကို ဟန့်တားရန် တရုတ်ခေါင်းဆောင်များအကြား အရေးပေါ်လာနေကြောင်း ထိုလုပ်ဆောင်ချက်များက ပြသနေသည်။

လုပ်ဆောင်ချက် အများအပြားက တိုင်းပြည်စီးပွားရေး၏ အနာဂတ်တွင် စွန့်စားရမှုများအား လျှော့ချရန် ဖြစ်သော်လည်း ဘုံတူညီချက်မှာ တိုင်းပြည်၏ အာဏာ အဆင့်တိုင်းတွင် ကွန်မြူနစ်ပါတီက ထိန်းချုပ်ရန် ဖြစ်သည်။

“အသစ်အဆန်းမဟုတ်ဘူးဆိုရင်တောင်မှ ရှီကျင့်ဖျင်က သူ့သြဇာကို နားလည်သဘောပေါက်အောင် ပါတီ၊ လုပ်ငန်းရှင်တွေ၊ နိုင်ငံသားတွေနဲ့ တကမ္ဘာလုံးကို ပြသဖို့ ရည်ရွယ်ပြီး အာဏာပြနေတာက သေချာတယ်” ဟု အောက်စဖို့ တက္ကသိုလ် တရုတ်ရေးရာဌာနမှ သုတေသီ ဂျော့ မက်ဂနပ် ပြောသည်။ “လက်ဦးမှုရအောင် လုပ်တာမျိုး ဒါမှမဟုတ် အလှည့်အပြောင်း တခုခုလို့ ကျနော်မမြင်မိဘူး။ တခုခု ရှိရင်တောင်မှ ရှီက သူ့ရဲ့ ‘ပြုပြင်ပြောင်းလဲရေး’ နဲ့ ‘တံခါးဖွင့်ရေး’ ဆန္ဒကို ဖြည့်ဆည်းဖို့ လမ်းကြောင်းနေတာပဲ။ တကယ်တော့ သူ့မှာ ဘာမှ မရှိပါဘူး” ဟု သူပြောသည်။

လွန်ခဲ့လက ထုတ်ဖေါ်ကြေညာခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ၏ နောက်ဆုံး ၅ နှစ် စီမံကိန်းသည် အရေးပါသော အချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ လွန်ခဲ့သော ၄ နှစ်အတွင်း အနောက်နိုင်ငံများက တရုတ်နိုင်ငံသြဇာ ကြီးမားလာခြင်းကို အခွင့်အလမ်းအဖြစ်ထက် ခြိမ်းခြောက်မှုအဖြစ် ပိုမိုမြင်တွေ့လာကြပြီး တရုတ်နိုင်ငံ၏ ကြီးထွားနေသည့် စီးပွားရေးနှင့် စစ်အင်အားကို ဟန့်တားရန် သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံကို နည်းပညာအရ ဖြတ်တောက်ရန် လုပ်ဆောင်မှု အများအပြားကို လုပ်ဆောင်ခဲ့သည်။

၂၀၁၇ က ကျင်းပသော တရုတ်ကွန်မြူနစ်ပါတီ ကွန်ဂရက်

အမေရိကန်နိုင်ငံသည် ဟွာဝေးနည်းပညာကုမ္ပဏီမှ ကိရိယာများ မသုံးရန် မဟာမိတ်များကို ဖိအားပေးသည်။ အမေရိကန်မှ အစိတ်အပိုင်းများ မဝယ်ယူနိုင်ရန် တရုတ်နိုင်ငံမှ အကြီးမားဆုံး နည်းပညာကုမ္ပဏီများကို ပိတ်ပင်သည်။ ByteDance Ltd ၏ TikTok နှင့် Tencent ၏ WeChat တို့ကိို ပိတ်ပင်သည်။ ရွေးချယ်ခံ သမ္မတ ဂျိုးဘိုင်ဒင် ရာထူးလက်ခံရန်ပြင်ဆင်နေချိန်တွင် တရုတ်အရာရှိများက ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်တောင်းဆိုနေစဉ်မှာပင် ထရမ့်အစိုးရသည် ဇန်နဝါရီလ ရာထူးလွှဲပြောင်းချိန်မတန်မီ ကမ္ဘာ့အကြီးမားဆုံး စီးပွားရေးနှစ်ခုအကြား ဆက်ဆံရေး ပိုမိုဆိုးရွားစေရန်အတွက် လုပ်ဆောင်စရာများကို စဉ်းစားနေသည်။

တရုတ်ဒုတိယ သမ္မတ ဝမ်ချီရှန်က လွန်ခဲ့သောအပတ် တနင်္လာနေ့က ကျင်းပသည့် Bloomberg New ၏ စီးပွားရေး ဆွေးနွေးပွဲတွင် အမေရိကန်နိုင်ငံကို တိုက်ရိုက်ဖေါ်ပြခြင်းမရှိဘဲ နိုင်ငံများအနေဖြင့် သီးခြားအုပ်စုဖွဲ့ခြင်းကို ကျော်လွှားပြီး သူနိုင်လျှင် ငါရှုံးသည် ဆိုသည့် စိတ်ဓါတ်မျိုးကို ပယ်ချသင့်ကြောင်းနှင့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေးမူဝါဒမှ လမ်းခွဲရမည်ဖြစ်ကြောင်း ပြောသည်။ “အားလုံးအတွက် အလုပ်ဖြစ်တဲ့ ပွင့်လင်းသော ကမ္ဘာ့စီးပွားရေးကို ကျနော်တို့တည်ဆောက်သင့်တယ်” ဟုလည်း သူပြောသည်။

ပိုမိုကြီးမားလာသော အကျိုးအမြတ်ကို မျှဝေခြင်း

စီးပွားရေး အရွယ်အစားကို ၂ ဆတိုးမြှင့်ရန် ရှီ၏ ရည်မှန်းချက်သည် နှစ်စဉ် စီးပွားရေးတိုးတက်မှုနှုန်း ၄.၇ မှ ၅ ရာခိုင်နှုန်းအထိ ရရှိအောင် လုပ်ဆောင်ရန် လိုမည်ဖြစ်ကြောင်း ဘောဂဗေဒပညာရှင် အများအပြားကပြောသည်။

ကမ္ဘာတဝန်း ကူးစက်ရောဂါကြောင့် ပိုမိုဆိုးရွားလာသည့် တရုတ်နှင့် အမေရိကန်ကြား အကွဲအပြဲက တရုတ်နိုင်ငံအား မိမိကိုယ်မိမိ ပိုမိုအားကိုးရေး သေနင်္ဂဗျူဟာသို့ ပြောင်းလဲလိုက်စေသည်။ အမေရိကန် နိုင်ငံကို မမှီခိုရရေးအတွက် ၎င်းတို့ကိုယ်ပိုင် အဓိကနည်းပညာများ တည်ဆောက်ရန် ပါတီခေါင်းဆောင်များက ကတိပြုပြီး ရှီ၏ ကုန်ထုတ်စီးပွားရေး ပုံစံ၏ အစိတ်အပိုင်းအဖြစ် ပြည်တွင်းစီးပွားရေး တိုးတက်မှုကို ပြန်လည် အသက်သွင်းရန် အာရုံစိုက်လာကြသည်။

စီးပွားရေး အရွယ်အစားကို ၂ ဆတိုးမြှင့်ရန် ရှီ၏ ရည်မှန်းချက်သည် နှစ်စဉ် စီးပွားရေးတိုးတက်မှုနှုန်း ၄.၇ မှ ၅ ရာခိုင်နှုန်းအထိ ရရှိအောင် လုပ်ဆောင်ရန် လိုမည်ဖြစ်ကြောင်း ဘောဂဗေဒပညာရှင် အများအပြားကပြောသည်။

သို့သော် တရုတ်ကုမ္ပဏီများအနေဖြင့် အခြေခံထုတ်လုပ်မှု အပိုင်းသာမက ဒီဇီုင်းပိုင်း ကျွမ်းကျင်မှုများတွင် ပြည်ပကုမ္ပဏီများကို ယှဉ်နိုင်ရန် နှစ်ပေါင်းများစွာ အချိန်ယူရမည်ဖြစ်သည်။ တရုတ်နိုင်ငံသည် နှစ်စဉ် ပေါင်းစည်းထားသော လျှပ်စီးပတ်လမ်း integrated circuits ဒေါ်လာ ဘီလျံ ၃၀၀ ဖိုးတင်သွင်းရပြီး ၎င်း၏ စီမီးကွန်ဒတ်တာ ထုတ်လုပ်သူများသည် အမေရိကန်နိုင်ငံလုပ် ချစ်ပ် ဒီဇိုင်းကိရိယာများနှင့် မူပိုင်ခွင့်များကို မှီခ်ိုနေရသည်။

နည်းပညာသစ်များ ဖေါ်ထုတ်ရန် မှန်ကန်သော ပတ်ဝန်းကျင်ကို ပြုစုပျိုးထောင်ခြင်းအတွက် လုပ်ငန်းကြီးများ၏ သြဇာကို ကန့်သတ်ခြင်းနှင့် ပြည်တွင်းတီထွင်ဆန်းသစ်မှုကို ပြုစုပျိုးထောင်ခြင်းတို့အကြား ချိန်ညှိရန် လိုသည်။ ဥပမာ အားဖြင့် မူကြမ်းစည်းမျဉ်းသစ်များသည် ခေတ်သစ်စီးပွားရေးကို မောင်းနှင်နေသည့် ဉာဏ်ရည်တု အပလီကေးရှင်းများအတွက် အလွန်အရေးပါသည့် အသုံးပြုသူများ၏ အချက်အလက်များနှင့် အယ်လ်ဂိုရက်သမ် algorithms များ အလွန်အကျွံ အာရုံစိုက်နေခြင်းကို လျှော့ချရန် ရည်ရွယ်သည်။

“ ဒါဟာ ကြီးထွားနေတဲ့ စီးပွားရေးတိုးတက်မှုနဲ့ နည်းပညာတီထွင်ဆန်းသစ်မှုကို အကောင်းဆုံး ဘယ်လိုခွဲဝေမယ်ဆိုတာနဲ့ပတ်သက်နေတယ်” ဟု ဟောင်ကောင်မှ Bocom International မှ သေနင်္ဂဗျူဟာ ဆိုင်ရာ အရာရှိချုပ် ဟုန်ဟောင်ပြောသည်။

လက်ဝါးကြီးအုပ်မှု တိုက်ဖျက်ရေး စည်းမျဉ်းသစ်များကို မည်မျှ အပြင်းအထန် အကောင်အထည်ဖေါ်မည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း လွန်ခဲ့သော အပတ်က ထုတ်ပြန်သည့် မူကြမ်းတွင် မကြာသေးမီကအထိ အင်ပါယာတိုးချဲ့ရန် နှိုင်းယှဉ်ချက်အားဖြင့် လွတ်လပ်မှုပေထားသော ဂျက်မာကဲ့သို့သော နည်းပညာ လုပ်ငန်းရှင်များကို ထိန်းချုပ်ရန် အစိုးရကို ကျယ်ပြန့်သော လုပ်ပိုင်ခွင့်ပေးထားသည်။ သက်သောင့်သက်သာ ကြီးကြပ်သော ခေတ်မှာ ကုန်ဆုံးသွားပြီဖြစ်သည်။

Ant ၏ စီးပွားရေးပုံစံသည် ငွေပေးငွေချေမှုများအတွက် အခကြေးငွေကို ပိုမိုမြင့်မားစွာ ကောက်ခံနိုင်အောင် ပြုလုပ်ထားပြီး အန္တရာယ် အများစုကို နိုင်ငံပိုင် ဘဏ်များက ခံရစေကာ တရုတ်နိုင်ငံတွင် ဒုတိယအချမ်းသာဆုံးသူ ဂျက်မာကို ပိုမိုချမ်းသာအောင် လုပ်ပေးနေကြောင်း ဘဏ္ဍာရေး စည်းကမ်းထိန်းကျောင်းသည့် အဖွဲ့အစည်းများကပြောသည်။

ဂျက်မာ၏ Ant Group သည် ဘေ့ဂျင်းကို တုန်လှုပ်သွားစေသည့် အဆင့်မြင့်နည်းပညာလုပ်ငန်းကြီးများနှင့် ဘဏ္ဍာရေး ပေါင်းစုံမှုကို ဖေါ်ပြနေသည်။

Ant ၏ စီးပွားရေးပုံစံသည် ငွေပေးငွေချေမှုများအတွက် အခကြေးငွေကို ပိုမိုမြင့်မားစွာ ကောက်ခံနိုင်အောင် ပြုလုပ်ထားပြီး အန္တရာယ် အများစုကို နိုင်ငံပိုင် ဘဏ်များက ခံရစေကာ တရုတ်နိုင်ငံတွင် ဒုတိယအချမ်းသာဆုံးသူ ဂျက်မာကို ပိုမိုချမ်းသာအောင် လုပ်ပေးနေကြောင်း ဘဏ္ဍာရေး စည်းကမ်းထိန်းကျောင်းသည့် အဖွဲ့အစည်းများကပြောသည်။

ဘဏ္ဍာရေး တီထွင်ဆန်းသစ်မှုများတွင် ကုမ္ပဏီများ မကျဆုံးနိုင်လောက်အောင် ကြီးထွားလာမည့် အန္တရာယ်ကို လျှော့ချမည်ဖြစ်ကြောင်း တရုတ်ထိပ်တန်း ဘဏ်လုပ်ငန်း စည်းကမ်းထိန်းကျပ်သူတဦးက လွန်ခဲ့သောအပတ်က ကတိပြုပြီး ထိုကုမ္ပဏီများအနေဖြင့် ဈေးကွက်ကို ထိန်းချုပ်ပြီး အကျိုးအမြတ်များစွာယူကာ အများပြည်သူ အကျိုးစီးပွားကို မထိခိုက်စေသင့်ကြောင်းလည်း သူပြောသည်။

Alibaba နှင့် Tencent ကဲ့သို့သော ကုမ္ပဏီများသည် တရုတ်နိုင်ငံတွင် အမေရိကန်မှ Facebook Inc. နှင့် Apple Inc တို့သဖွယ် သြဇာကြီးမားနေကြောင်း တရုတ်မှ နည်းပညာဘီလူးကြီများ Tech Titans of China စာအုပ်ကို ရေးသားသူနှင့် Silicon Dragon Ventures ကို တည်ထောင်သူ ရီဗက်ကာ ဖန်နင်က ရေးသားသည်။

၂၀၁၈ ခုနှစ် ဘေ့ဂျင်းမြို့ မဟာခန်းမဆောင်တွင် ကျင်းပသော နှစ် ၄၀ ပြည့် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့် အထိမ်းအမှတ်ပွဲသို့ ဂျက်မာ တက်ရောက်စဉ်

“တရုတ်ကုမ္ပဏီကြီးတွေက သူတို့ရဲ့ ကြီးမားတဲ့ အရွယ်အစားနဲ့ သြဇာကိုသုံးပြီး လုပ်ငန်းငယ်တွေကို ပိတ်ဆို့တားဆီးတယ်။ ထီထွင်ဆန်းသစ်မှုသာအောင် ဒါမှမဟုတ် လုပ်ငန်းငယ်တွေကို ဝယ်ပြီး ဈေးကွက်က ထွက်အောင်လုပ်တတ်တဲ့အတွက် ကုမ္ပဏီကြီးတွေ လက်ဝါးကြီးအုပ်နိုင်စွမ်း ကျသွားတာကို လုပ်ငန်းသစ်တွေက ကြိုဆိုကြလိမ့်မယ်” ဟု သူပြောသည်။

အစိုးရကျောထောက်နောက်ခံပြု အဖွဲ့အစည်းများကိုပင် ဘဏ္ဍာရေးဆိုင်ရာ အမှားအယွင်းမှ ကယ်တင်မည်မဟုတ်ကြောင်း ဘေ့ဂျင်းသည် အလားတူ ကောင်းမွန်သည့် လမ်းကြောင်းကို ပြသနေသည်။ နိုင်ငံပိုင် ကျောက်မီးသွေး လုပ်ငန်းတခုသည် ယွမ် တဘီလျှံတန်ငွေချေးစာချုပ်များကို ပြန်လည် မပေးဆပ်နိုင်တော့ကြောင်း လွန်ခဲ့သော အပတ်က ကြေညာခဲ့ပြီး ဘေ့ဂျင်းအတွက် အရေးပါသော လုပ်ငန်းဖြစ်သော ထင်ရှားသည့် ချစ်ပ် ထုတ်လုပ်ရေး လုပ်ငန်း တခု၏ ဘဏ္ဍာရေး အခြေအနေများကိုလည်း စုံစမ်းစစ်ဆေးနေသည်။

သူ၏ ၂၀၃၅ ခုနှစ် ရည်မှန်းချက်ကို လွန်ခဲ့သောလက ရှင်းလင်းပြောကြားရာတွင် ရှီ က ဘုံကြွယ်ဝချမ်းသာရေးသည် တရုတ်ဆိုရှယ်လစ် စီးပွားရေး၏ အန္တိမ ရည်မှန်းချက်ဖြစ်ကြောင်း အလေးထားပြောကြားသည်။

ထိုသို့ ကြွေးမြီ ပြန်လည်မပေးဆပ်နိုင်ခြင်းများသည် ဘေ့ဂျင်း၏ ပြည်တွင်းငွေတိုက်စာချုပ်ဈေးကွက်တွင် ခြေလှမ်းပြောင်းသွားစေသည်။ ပြည်တွင်း ငွေတိုက်စာချုပ်ဈေးကွက်တွင် အစိုးရပိုင် လုပ်ငန်းများ၏ ကြွေးမြီများကို ရောင်းချသောအခါ အစဉ်အလာအားဖြင့် ဒေသဆိုင်ရာ အစိုးရများက ကျောထောက်နောက်ခံပေးရသည်။ တရုတ်နိုင်ငံမှ သြဇာအကြီးမားဆုံး ဘီလျံနာများကိုလည်း သတိပေးမှုများ ပြုလုပ်နေသည်။

သူ၏ ၂၀၃၅ ခုနှစ် ရည်မှန်းချက်ကို လွန်ခဲ့သောလက ရှင်းလင်းပြောကြားရာတွင် ရှီ က ဘုံကြွယ်ဝချမ်းသာရေးသည် တရုတ်ဆိုရှယ်လစ် စီးပွားရေး၏ အန္တိမ ရည်မှန်းချက်ဖြစ်ကြောင်း အလေးထားပြောကြားသည်။

နိုင်ငံပိုင် မီဒီယာများကလည်း ရှီ၏ ယခုနှစ်အကုန်တွင် ကျေးလက်ဒေသ အလွန်အမင်း ဆင်းရဲနွမ်းပါးမှု (တရက် ၁၁ ယွမ် သို့မဟုတ် ၁.၆၃ ဒေါ်လာအောက် ရရှိခြင်း) ပပျောက်ရေးနှင့် ပတ်သက်သည့် ဆောင်းပါးအများအပြားကို ဖေါ်ပြနေသည်။

မည်သူမျှ ပါတီထက် ပိုမိုကြီးမြတ်ခြင်း မရှိ

အလွန်အမင်းချမ်းသာသူများကို ဒူးထောက်သွားအောင်လုပ်နိုင်ကြောင်း ရှင်းရှင်းလင်းလင်းပြသလိုက်ခြင်းသည် သင်္ကေတအရ လွန်စွာ အရေးပါကြောင်း အောက်စဖို့ တက္ကသိုလ် တရုတ်နိုင်ငံရေးဌာန ပါမောက္ခ ရာနာ မစ်တာပြောသည်။ “ အဓိက စီးပွားရေးခေါင်းဆောင်တွေက သူတို့ချမ်းသာကြွယ်မှုထက်ကျော်လွန်ပြီး နိုင်ငံရေးအာဏာကို စိတ်ကူးမှာ ကွန်မြူနစ်ပါတီက စိုးရိမ်နေတာလည်း ဖြစ်နိုင်တယ်။ ဒါကြောင့် ဘယ်သူမှ ပါတီထက် ပိုမိုကြီးမြတ်ခြင်းမရှိဆိုတဲ့ သတင်းစကားကို ခိုင်မာအောင်လုပ်ဖို့ ဘဏ္ဍာရေး စည်းကမ်းထိန်းကြပ်သူတွေကို သုံးလိုက်တာပဲ” ဟု သူပြောသည်။

ကွန်မြူနစ်ပါတီသည် ၎င်းတို့ ထိန်းချုပ်သော မည်သည့် ပ်ိုင်နက်တွင်မျှ သဘောထားကွဲလွဲသူများကို မည်မျှအတိုင်းအတာအထိ ခွင့်ပြုမည်ကို ဟောင်ကောင်ပြဿနာက ပြသနေသည်။ ဘေ့ဂျင်းရှိ တရုတ်ဥပဒေပြု လွှတ်တော်သည် ဟောင်ကောင်မှ ရွေးကောက်ခံအမတ်များ၏ သစ္စာခံမှုကို စစ်ဆေးမှုပြုလုပ်ရန် လွန်ခဲ့သောအပတ်က ဆုံးဖြတ်ချက်တခု ချမှတ်လိုက်သောကြောင့် ကိုယ်စားလှယ်အရည်အချင်း မကိုက်ညီတော့ဘဲ လွှတ်တော်ကိုယ်စားလှယ်များ အစုလိုက်ပြုံလိုက် နုတ်ထွက်ခဲ့သည်။

“တရုတ်ကွန်မြူနစ်ပါတီက အရာရာထက် တည်ငြိမ်မှုကို တန်ဖိုးထားတယ်။ ယှဉ်ပြိုင်မှုထက်၊ မျှတမှုထက်၊ ငွေထက် ပို တန်ဖိုးထားတယ်။ တည်ငြိမ်မှုထက် သူတို့ပိုမိုတန်ဖိုးထားနိုင်ခြေရှိတဲ့ တခုတည်းသောအရာက အာဏာပဲ ဖြစ်နိုင်ပြီး အာဏာကို ထိန်းသိမ်းထားပေးနိုင်တာကလည်း တည်ငြိမ်မှုပဲ” ဟု ဘေ့ဂျင်းမှ Trivium China အတိုင်ပင်ခံလုပ်ငန်းမှ ဒစ်ဂျစ်တယ် သုတေသန အကြီးအကဲ ကင်ဒရာ ရှက်ဖာ ပြောသည်။

ကိုးကား။ ။ Bloomberg မှ Crackdowns Everywhere Show Xi Strengthening Party Grip on China

You may also like these stories:

အိမ်ဖြူတော်မှ ထွက်လာမည့် ဒေါ်နယ်ထရမ့်ကို အမှုများက စောင့်ကြိုနေ

ဘေ့ဂျင်း စွက်ဖက်မှုကြောင့် ဟောင်ကောင်အတိုက်အခံများ လွှတ်တော်မှ နုတ်ထွက်

ထိုင်ဝမ်မရိန်းတပ်ကို လေ့ကျင့်ပေးရန် အမေရိကန်တပ်ဖွဲ့တဖွဲ့ ရောက်နေ

Your Thoughts …
Tags: Ant Groupခြိမ်းခြောက်မှုများဂျက်မားတရုတ်ပြည် ကွန်မြူနစ်ပါတီနည်းပညာသမ္မတရှီကျင့်ဖျင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒရုန်းခေတ်ရောက်ပြီ

ဒရုန်းခေတ်ရောက်ပြီ

by ဧရာဝတီ
3 January 2024
7.8k

"ဒီနေ့ဟာ ဒရုန်းခေတ်လို့ ကျနော်တို့ပြောနိုင်တယ်" ဟု TNLA ပြောခွင့်ရသူက ပြောသည်။

မြန်မာ၏ ဂြိုဟ်တုပုံရိပ် ထောက်လှမ်းရေးစွမ်းရည် ရုရှားမြှင့်တင်ပေးမည်

မြန်မာ၏ ဂြိုဟ်တုပုံရိပ် ထောက်လှမ်းရေးစွမ်းရည် ရုရှားမြှင့်တင်ပေးမည်

by Andrew Selth
15 March 2025
6.2k

မင်းအောင်လှိုင်၏ နောက်ဆုံး မော်စကို ခရီးစဉ်အတွင်း ရုရှားသည် မြန်မာတွင် ပူးတွဲ ဂြိုဟ်တုပုံရိပ် သရုပ်ခွဲလေ့လာရေးဌာန ထူထောင်မည်ဟု ကြေညာသည်။

မြန်မာမှ ယူကရိန်းအထိ ဒရုန်းစစ်ရေး အပြောင်းအလဲဖြစ်နေ

မြန်မာမှ ယူကရိန်းအထိ ဒရုန်းစစ်ရေး အပြောင်းအလဲဖြစ်နေ

by Antonio Graceffo
19 September 2024
6.2k

ဒရုန်းများသည် မြန်မာပြည်တွင်းစစ်နှင့် အရှေ့အလယ်ပိုင်းတဝန်းမှ ပဋိပက္ခများတွင် အဓိကကျသည့် ပလက်ဖောင်းတခု ဖြစ်လာနေသည်။

ဒရုန်းစစ်ရေးတိုးချဲ့ရန် စစ်ကောင်စီတပ်က FLIR စနစ်များ သုံးနေ

ဒရုန်းစစ်ရေးတိုးချဲ့ရန် စစ်ကောင်စီတပ်က FLIR စနစ်များ သုံးနေ

by ဧရာဝတီ
28 February 2025
5k

၂၀၂၄ ခုနှစ်တွင် ရုရှားသည် အဆင့်မြှင့်တင်ထားသည့် Orlan-10E နှင့် ပိုမိုကြီးမားသည့် Orion-2 မောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ်များကို မြန်မာသို့ ရောင်းချသည်။

မြန်မာ့ငလျင်ကပ်ဆိုးကို ခုတုံးလုပ်၍ ငွေရှာမှုတွေ ရှိနေ

မြန်မာ့ငလျင်ကပ်ဆိုးကို ခုတုံးလုပ်၍ ငွေရှာမှုတွေ ရှိနေ

by ဧရာဝတီ
19 April 2025
4.9k

"မြန်မာက လက်ရှိအခြေအနေမှာ အင်မတန်များပြားတဲ့ သတင်းတုတွေကို ငွေကြေးရလို့ ဖြန့်ချိနေကြတယ်"

မျက်မမြင် ပုဏ္ဏား ၁၇ ယောက်နှင့် မြန်မာပြည် လျှပ်စစ်မီး

မျက်မမြင် ပုဏ္ဏား ၁၇ ယောက်နှင့် မြန်မာပြည် လျှပ်စစ်မီး

by လျှပ်စီး
6 January 2025
4.5k

ပါဝင်သူတွေကို လေ့လာကြည့်တော့ လျှပ်စစ်နည်းပညာအကြောင်း၊ လျှပ်စစ်စီးပွားရေး လုပ်ငန်းအကြောင်း နားလည်သူ တယောက်မှ မပါတာကို တွေ့ရပါတယ်။

Next Post
“မီ” ရုပ်ရှင်နဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ဇာတ်ကား

“မီ” နဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ကား လာအို ရုပ်ရှင်ပွဲတော်မှာ ပြသရန် ရွေးချယ်ခံရ

အကယ်ဒမီ ချိုပြုံးနဲ့ မြေး ဝင်းခန့်မိုး  / Win Khant Moe's Facebook

“မြေးလေးကို အလုပ်နဲ့ ပတ်သက်ပြီး လေးစားဖို့ သင်ပေးတယ်”လို့ ချိုပြုံး ပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.9k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate