၃ နှစ်နီးပါးအထိ တိုက်ပွဲပြင်းထန်ခဲ့သည့် ရခိုင်ပြည်နယ်တွင် တိုက်ပွဲသံများ ရုတ်တရက် ရပ်တန့်သွားသည့် အချိန်နှင့် ဂျပန်နိုင်ငံ အစိုးရ အထူးကိုယ်စားလှယ်ဖြစ်သူ လာရောက်သည့်အချိန်တို့ တိုက်ဆိုင်နေခြင်းက ပြည်တွင်း၊ ပြည်ပနိုင်ငံရေး လေ့လာစောင့်ကြည့်သူများအတွက် စိတ်ဝင်စားစရာ ဖြစ်လာခဲ့သည်။
ဂျပန်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်က ရခိုင်ပြည်နယ်သို့ ဆိုင်းမဆင့် ဗုံမဆင့် သွားရောက်ခဲ့ရာ ဒေသခံ နိုင်ငံရေးသမားများပင် အံ့အားသင့်ခဲ့ရသည်။
တပ်မတော်က စီစဉ်ပေးခဲ့သော မစ္စတာ ဆာဆာကာဝါ၏ ၁ ရက်တာ ရခိုင်ပြည်နယ်ခရီးစဉ်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် ရခိုင်မြောက်ပိုင်းက မြို့နယ် ၉ ခုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြားဝင် စေ့စပ်ဆောင်ရွက်ပေးရန် ကတိပြုခဲ့သည်ဟု သူနှင့် တွေ့ဆုံခဲ့သည့် ရခိုင်အမျိုးသားပါတီမှ ခေါင်းဆောင်တချို့က ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလက ကျင်းပ ပြီးစီးခဲ့သည့်၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် ပေါက်တော စသည့် မြို့နယ် ၉ ခုတွင် ရွေးကောက်ပွဲ လုံးဝ ကျင်းပနိုင်ခြင်း မရှိသလို တချို့ မြို့နယ်များတွင်လည်း တစိတ်တဒေသလောက်သာ ကျင်းပနိုင်ခဲ့ သည်။
ထိုသို့ ရခိုင်ပြည်နယ်ရှိ မြို့နယ် အများစုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခြင်းက မကြာမီ ပေါ်ပေါက်လာမည့် ပြည်နယ်လွှတ်တော်တွင် ပြည်သူ့အသံ ဖော်ဆောင်မှု အားနည်းနိုင်သလို ပေါ်ပေါက်လာမည့် ပြည်နယ် အစိုးရ တရားဝင်မှုအပေါ်လည်း မေးခွန်းထုတ်စရာ ဖြစ်နေသည်။
ထိုသို့ ရခိုင်ပြည်နယ်ရှိ မြို့နယ် အများစုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခြင်းက မကြာမီ ပေါ်ပေါက်လာမည့် ပြည်နယ်လွှတ်တော်တွင် ပြည်သူ့အသံ ဖော်ဆောင်မှု အားနည်းနိုင်သလို ပေါ်ပေါက်လာမည့် ပြည်နယ် အစိုးရ တရားဝင်မှုအပေါ်လည်း မေးခွန်းထုတ်စရာ ဖြစ်နေသည်။
တပ်မတော်နှင့် စစ်ရေး အလွန်ပြင်းထန်ခဲ့ပြီး သဘောထား အလွန်တင်းမာခဲ့ကြသည့် ရက္ခိုင်စစ်တပ် (AA) ကလည်း နိုဝင် ဘာလ ၁၃ ရက်တွင် ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲပြုလုပ်ပေးရန် အစိုးရနှင့် တပ်မတော်တို့အပေါ် မေတ္တာရပ်ခံကြောင်း ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ရာ တပ်မတော်ဘက်ကလည်း ကြိုဆိုကြောင်း ချက်ချင်း ထုတ်ပြန်ခဲ့သည်။
ယခုလို တပ်မတော်နှင့် AA အဖွဲ့ တို့ကြားတွင် အပြန်အလှန် ထွက်ပေါ်လာသည့် ထုတ်ပြန်ကြေညာချက်မှာ တိုက်ဆိုင်မှု တခု သက်သက် မဟုတ်ခဲ့ပေ။
ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲများ ပြန်လည် ကျင်းပနိုင်ရေးမှတဆင့် တိုက်ပွဲသံများ ရပ်စဲပြီး ငြိမ်းချမ်းရေး လမ်းစပွင့် လာစေရန် နောက်ကွယ်က ကြားဝင် စေ့စပ်ပေးခဲ့သူမှာ ဂျပန်နိုင်ငံသား မစ္စတာ ဆာဆာကာဝါပင် ဖြစ်သည်။
မြန်မာနိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုင်ရာ ဂျပန်နိုင်အစိုးရ အထူး ကိုယ်စားလှယ်လည်းဖြစ် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌလည်းဖြစ်သူ မစ္စတာ ရိုဟေး ဆာဆာကာဝါသည် မြန်မာပြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အဓိကကျသည့် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား ခေါင်းဆောင် အားလုံးနှင့်လည်း အဆင်ပြေသူ တဦး ဖြစ်သည်။
သူတည်ထောင်ထားသည့် နီပွန်ဖောင်ဒေးရှင်းက မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ထဲထဲဝင်ဝင် အကူအညီ ပေးနေသည်မှာ ကြာပြီ ဖြစ်သည်။
သူတည်ထောင်ထားသည့် နီပွန်ဖောင်ဒေးရှင်းက မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ထဲထဲဝင်ဝင် အကူအညီ ပေးနေသည်မှာ ကြာပြီ ဖြစ်သည်။
သူ၏ ရခိုင်ခရီးစဉ်တွင်လည်း ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ရခိုင်မြောက်ပိုင်းက ၉ မြို့နယ်ကို ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြားဝင်စေ့စပ်ပေးရန် ကွင်းဆင်းလေ့လာခြင်း ဖြစ်သည်ဟုလည်း သတင်းမီဒီယာများသို့ ပြောကြားခဲ့သည်။
သူ၏ ခရီးစဉ်အတွင်း ကျောက်တော်နှင့် ဘူးသီးတောင်မြို့နယ်များသို့ တပ်မတော် ရဟတ်ယာဉ်ဖြင့် သွားရောက်ခဲ့ပြီး မွန်းလွဲပိုင်းတွင် စစ်တွေဟိုတယ်၌ ရခိုင်အမျိုးသားပါတီ ထိပ်ပိုင်းခေါင်းဆောင်များနှင့် သီးသန့် တွေ့ဆုံကာ စစ်တွေလေဆိပ်မှ နေ့ချင်းပြန်သွားခဲ့သည်။
ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌလည်းဖြစ်၊ ANP ပါတီခေါင်းဆောင်တဦးလည်းဖြစ်သူ ဦးစံကျော်လှကတော့ မစ္စတာ ဆာဆာကာဝါနှင့် တွေ့ဆုံရာတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အဓိက ဆွေးနွေးခဲ့ကြောင်း ပြောသည်။
“သူတို့ဘက်ကတော့ ရွေးကောက်ပွဲကို မဖြစ် ဖြစ်အောင် လုပ်စေချင်တယ်။ တပ်ကလည်း သဘောတူတယ်။ AA ကလည်း သဘောတူပြီးတော့ သူအောက်ခြေ နယ်မြေကို သွားတဲ့အခါမှာ ဒေသအတွင်း တည်ငြိမ် အေးချမ်းနေတဲ့အတွက် ရွေး ကောက်ပွဲ ကျင်းပလို့ ရတယ်လို့ ပြောဆို ဆွေးနွေးသွားခဲ့တာ ရှိတယ်” ဟု ဦးစံကျော်လှက မစ္စတာ ဆာဆာကာဝါနှင့် တွေ့ ဆုံမှု အခြေအနေကို ပြောပြသည်။
ထိုသို့ တွေ့ဆုံရာတွင် ဂျပန်နိုင်ငံအနေဖြင့် တပ်မတော်နှင့် AA တို့ကြား အပစ်အခတ် ရပ်စဲရေးအတွက် ကြားဝင် စေ့စပ်နေသူများကို လုပ်ဆောင်နေသလို ပထမ ဦးစားပေးအနေဖြင့် ရခိုင်ပြည်နယ်တွင် မကျင်းပနိုင်ခဲ့သည့် မြို့နယ် ၉ မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကွင်းဆင်း လေ့လာခဲ့ခြင်း ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် အစိုးရအဖွဲ့ထံလည်း တင်ပြ ဆွေးနွေးသွားမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။
မစ္စတာ ဆာဆာကာဝါက သူ၏ ကွင်းဆင်းလေ့လာမှုအရ ရခိုင်ပြည်နယ်တွင် လက်ရှိ လုံခြုံရေးအခြေအနေ ကောင်းမွန်ပြီး ရွေးကောက်ပွဲ ကျင်းပနိုင်သည့် အခြေအနေကို တွေ့ရှိခဲ့ကြောင်းလည်း စစ်တွေဟိုတယ်တွင် သတင်းမီဒီယာများနှင့် တွေ့ ဆုံစဉ် ပြောကြားခဲ့သည်။
မစ္စတာ ဆာဆာကာဝါသည် ရခိုင်စစ်ရှောင် ဒုက္ခသည်များအရေး ဒေါ်လာ နှစ်သိန်း ထောက်ပံ့ကူညီပေးမည်ဟုလည်း ပြောဆိုသွားခဲ့ကြောင်း ယင်းတွေ့ဆုံပွဲတွင် ပါဝင်ခဲ့သည့် ANP ခေါင်းဆောင်များထံက သိရသည်။
မစ္စတာ ဆာဆာကာဝါသည် ရခိုင်စစ်ရှောင် ဒုက္ခသည်များအရေး ဒေါ်လာ နှစ်သိန်း ထောက်ပံ့ကူညီပေးမည်ဟုလည်း ပြောဆိုသွားခဲ့ကြောင်း ယင်းတွေ့ဆုံပွဲတွင် ပါဝင်ခဲ့သည့် ANP ခေါင်းဆောင်များထံက သိရသည်။
ဂျပန် အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ၏ ကြားဝင် စေ့စပ်ပေးမှုကြောင့် ရခိုင်စစ်ပွဲမှာ ပစ်ခတ်တိုက်ခိုက်သံများ တိတ်ဆိတ်သွားသည့်အတွက် ပြည်တွင်း/ပြည်ပမှ လေ့လာစောင့်ကြည့်သူများ အံ့သြနေစဉ် ရခိုင်ပြည်နယ်သို့ ကွင်းဆင်းခဲ့မှုကြောင့် သူ၏ ရခိုင်ခရီးစဉ်မှာ စိတ်ဝင်စားမှု ပိုမို မြင့်တက်ခဲ့သည်။
မစ္စတာ ဆာဆာကာဝါ၏ ရခိုင်ခရီးစဉ်တွင် ANP ပါတီတခုတည်းနှင့်သာ တွေ့ဆုံခဲ့ကာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် တွေ့ဆုံသွားခြင်း မရှိပေ။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောဆိုရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က အဆိုပါ ဂျပန်ကိုယ်စားလှယ် လာရောက် သည့် ခရီးစဉ်အပေါ် အစိုးရအဖွဲ့အနေဖြင့် မသိရှိလိုက်ကြောင်း၊ သတင်းမီဒီယာများတွင် မြင်တွေ့ပြီးမှ သိရှိရခြင်း ဖြစ် ကြောင်း ပြောဆိုသည်။
ဘူးသီးတောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွေွှက ဂျပန်ကိုယ်စားလှယ်၏ ရခိုင်ခရီး စဉ်မှာ အမှန်တကယ် အောက်ခြေတွင် တွေ့သင့် တွေ့ထိုက်သူများနှင့် မတွေ့ခဲ့ဘဲ ဟန်ပြသဘောများလောက်သာ ဖြစ်ကြောင်း ဝေဖန်ပြောဆိုသည်။
“သူ့ခရီးစဉ်မှာ ဘူးသီးတောင်ကို လာခဲ့တယ်။ စစ်ရှောင်ဒုက္ခသည်စခန်းတွေ အများကြီး ရှိတယ်။ သူတခုမှ မသွားခဲ့ ဘူး။ သင်္ဘောဆိပ်ကို သွားခဲ့တယ်။ လမ်းမှာ တွေ့တဲ့ လူတယောက်၊ နှစ်ယောက်ကို မေးတယ်။ ငြိမ်းချမ်းရေးအတွက် ဆိုရင် လမ်းမှာတွေ့တဲ့ ငါးရှာသူတွေကို မေးလို့ အဆင်ပြေမလား”
“သူ့ခရီးစဉ်မှာ ဘူးသီးတောင်ကို လာခဲ့တယ်။ စစ်ရှောင်ဒုက္ခသည်စခန်းတွေ အများကြီး ရှိတယ်။ သူတခုမှ မသွားခဲ့ ဘူး။ သင်္ဘောဆိပ်ကို သွားခဲ့တယ်။ လမ်းမှာ တွေ့တဲ့ လူတယောက်၊ နှစ်ယောက်ကို မေးတယ်။ ငြိမ်းချမ်းရေးအတွက် ဆိုရင် လမ်းမှာတွေ့တဲ့ ငါးရှာသူတွေကို မေးလို့ အဆင်ပြေမလား”ဟုလည်း မေးခွန်းထုတ်သည်။
မစ္စတာ ဆာဆာကာဝါ၏ ရခိုင်ပြည်နယ်ခရီးစဉ်တွင် ရခိုင်အမျိုးသားပါတီ တခုတည်း တွေ့ဆုံခဲ့သလို ယင်းခရီးစဉ် မတိုင်ခင်က ANP ၏ ပါတီ ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောနှင့်လည်း ၃ ကြိမ်တိုင်တိုင် သီးသန့် တွေ့ဆုံခဲ့သည်။
ဦးဦးလှစောက “အဓိကတော့ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ လုပ်နိုင်ဖို့ အခင်းအကျင်းနဲ့ ပတ်သက်ပြီး စဉ်းစားတဲ့အခါ အဓိကတော့ လုံခြုံရေး ပြဿနာပေါ့။ လုံခြုံရေးကိစ္စက နှစ်ပိုင်း ရှိတယ်။ တပ်က တပိုင်း၊ AA က တဖက် အဲဒီဟာပဲ။ ဂျပန် ကိုယ်စားလှယ်တော်ကြီး တယောက်အနေနဲ့ စိတ်ဝင်စားပြီးတော့ ရခိုင်ပြည်မှာ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးနဲ့ လောလောဆယ် အပစ်ခတ် ရပ်စဲရေးအတွက် စိတ်ဝင်စားတဲ့အတွက် ကြားဝင် ဆောင်ရွက်ပေးတဲ့ သဘောပါ” ဟု ရှင်းပြသည်။
ဂျပန်နိုင်ငံ၏ ကြားဝင်ပေးမှုကြောင့် ရခိုင်မြောက်ပိုင်းမြို့နယ်များတွင် ၁ လနီးပါး သေနတ်သံ တိတ်နေခြင်းနှင့်အတူ နှစ်ဦး နှစ်ဖက် ညှိနှိုင်းဆွေးနွေးပွဲများက မည်သည့် အဆင့်အထိ ရောက်ရှိနေသည်ကိုလည်း အားလုံးက သိချင်နေကြသည်။
မစ္စတာ ဆာဆာကာဝါ၏ ကြားဝင်စေ့စပ်မှုကြောင့် တပ်မတော်နှင့် AA တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးမှု အခြေအနေကို AA ၏ ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခကို မေးမြန်းခဲ့သော်လည်း တစုံတရာ ဖြေကြားမှု မရှိပေ။
အလားတူ တပ်မတော် သတင်းပြန်ကြားရေး အဖွဲ့ ဒု ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဧရာဝတီမှ ဆက်သွယ်မေးမြန်းခဲ့ရာ တပ်နှင့် AA တို့၏ လက်ရှိ ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှု အခြေအနေကို ၎င်းအနေဖြင့် တိတိကျကျ မသိရှိကြောင်း ပြောဆို သည်။
ရခိုင်မြောက်ပိုင်း မြို့နယ်များတွင် လက်ရှိအချိန်တွင် တိုက်ပွဲများ မရှိသော်လည်း အောက်ခြေတပ်များက လက်နက် ရိက္ခာများ ဖြည့်တင်းနေသည့်အတွက် တိုက်ပွဲဖြစ်မည့်အရေးကို ဒေသခံများက စိုးရိမ်ပူပန်မှု ရှိနေသည်။
ရခိုင်မြောက်ပိုင်း မြို့နယ်များတွင် လက်ရှိအချိန်တွင် တိုက်ပွဲများ မရှိသော်လည်း အောက်ခြေတပ်များက လက်နက် ရိက္ခာများ ဖြည့်တင်းနေသည့်အတွက် တိုက်ပွဲဖြစ်မည့်အရေးကို ဒေသခံများက စိုးရိမ်ပူပန်မှု ရှိနေသည်။
၁ လတာ တပ်မတော်က အပစ်အခတ် ရပ်စဲရေး သက်တမ်းတိုးသည့် ဒီဇင်ဘာလ ၁ ရက်ထုတ်ပြန်ချက်တွင် အကြမ်းဖက် အုပ်စု ရှိသည့် အကြောင်းပြချက်ဖြင့် AA စစ်ရေးလှုပ်ရှားရာ ရခိုင်ပြည်နယ် မပါဝင်သည့်အတွက်လည်း အများက စိုးရိမ်နေ သည်။
တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက “ရခိုင် မပါဘူး ဆိုတာက အဓိကတော့ အဲဒီဘက်မှာက ARSA ရှိသေးတယ်။ အရင်တုန်းကလည်း အဲဒါကြောင့်မို့ ထုတ်ပြန်နေကျ ဖြစ်တယ်။ တပ်မတော်ရဲ့ သဘောထားကတော့ မနေ့က လည်း ကချင်မှာ တွေ့ဆုံပွဲတုန်းက ပြောခဲ့တာ ရှိတယ်။ ဒီကာလ အတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင်တွေကို အသိအမှတ်ပြုထားတဲ့ နေရာတွေ ရှိတယ်။ အခွင့်ကောင်းယူပြီး မတိုက်ဘူး ဆိုတာ ပြောခဲ့ပြီးသား ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာ့နိုင်ငံရေး သမိုင်းတွင် လွတ်လပ်ရေးနှင့်အတူ ပြည်တွင် စစ်မီးတောက်လောင်ခဲ့ရာ နှစ်ပေါင်း ၇၀ ကျော်အထိ အဆုံး မသတ်နိုင်ဘဲ ဖြစ်နေရာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များကြားတွင် တရုတ်နိုင်ငံ၏ ကြားဝင် ညှိနှိုင်းပေးမှုမှာ အစဉ်အလာအားဖြင့် အရေးပါသလို သူ၏ အခန်းကဏ္ဍကလည်း ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် သြဇာလွှမ်းမိုးမှုများ တောက် လျှောက် ရှိနေခဲ့သည်။
တရုတ်နှင့်နီးစပ်သည့် မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင် AA နှင့် တပ်မတော်တို့ကြားတွင် ဖြစ်ပေါ်နေသည့် ရခိုင်အရေး တ ရုတ် နေရာတွင် ဂျပန်နိုင်ငံ၏ ရုတ်တရက် ကြားဝင် ထွက်ပေါ်လာမှုက စစ်ရေး၊ နိုင်ငံရေး လေ့လာသူ အသိုင်းအဝိုင်းကြားတွင် ပြောစရာဖြစ်ခဲ့ပြီး ရှေ့ဆက်မည့် ဂျပန်၏ ခြေလှမ်းနှင့် တရုတ်၏ ငြိမ်သက်နေမှု တို့ကလည်း စိတ်ဝင်စားစရာပင် ဖြစ်သည်။
ရခိုင် အမျိုးသားပါတီ ခေါင်းဆောင် ဦးဦးလှစောက ငြိမ်းချမ်းရေးအတွက်ဆိုလျှင် မည်သည့် နိုင်ငံကပင် ပါဝင်ကူညီသည် ဖြစ်စေ ကောင်းမွန်သော လုပ်ရပ်တခုဖြစ်သည့်အတွက် ရခိုင်ပြည်သူများက လက်ကမ်း ကြိုဆိုမည် ဖြစ်ကြောင်း ပြော သည်။
“အမှန်ကတော့ တရုတ်ပဲ လုပ်လုပ်၊ ဂျပန်ကပဲ လုပ်လုပ်၊ EU ကပဲ လုပ်လုပ်ပေါ့။ ထိထိရောက်ရောက် ဖြစ်ရင်တော့ ကောင်းတာပေါ့။ သို့သော် အခုတော့ ရောင်ခြည် နည်းနည်းသန်းလာတာကို မြင်ရတယ်။ အလုပ်လုပ်လိုက်တဲ့အတွက် အကျိုး သက်ရောက်မှုတွေ ပေါ်လာတယ်ပေါ့”
“အမှန်ကတော့ တရုတ်ပဲ လုပ်လုပ်၊ ဂျပန်ကပဲ လုပ်လုပ်၊ EU ကပဲ လုပ်လုပ်ပေါ့။ ထိထိရောက်ရောက် ဖြစ်ရင်တော့ ကောင်းတာပေါ့။ သို့သော် အခုတော့ ရောင်ခြည် နည်းနည်းသန်းလာတာကို မြင်ရတယ်။ အလုပ်လုပ်လိုက်တဲ့အတွက် အကျိုး သက်ရောက်မှုတွေ ပေါ်လာတယ်ပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရတို့ကြားနှင့် နှစ်ပေါင်းများစွာ စစ်ခင်းခဲ့ကြရာ၌ အမြဲတမ်း ငြိမ်းချမ်းရေး သံတမန်အဖြစ် ရှိနေသော တရုတ်နိုင်ငံအား စိန်ခေါ်သည့် သဘော ရှိကြောင်းလည်း သမိုင်းပညာရှင် ဒေါက်တာ အေးချမ်းက သုံးသပ်သည်။
၎င်းက “ဂျပန်က တရုတ်ကို စိန်ခေါ်လိုက်တာလည်း ဖြစ်နိုင်တယ်။ လက်နက်ကိုင် အင်အားစုအပေါ်မှာ တရုတ်သြဇာ ဘယ် လောက် ကြီးမားတယ်ဆိုတာ ဂျပန်က သိပြီးသား။ ဂျပန်သံအမတ်ကလည်း ပြောထားတာတွေ ရှိတယ်။ AA သည် ၂၀၀၉ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ အဖွဲ့။ ဒီအချိန်ကာလ အတိုင်းအတာအတွင်းမှာ ဘယ်လို အင်အားကြီးထွားလာလဲဆိုတာ စဉ်းစားဖို့ ကောင်းတယ် ဆိုတာက တရုတ်ဆီက အကူအညီရတယ်လို့ တိုက်ရိုက်မပြောပေမယ့် အဲဒီအဓိပ္ပာယ် သက်ရောက်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော်ဘက်ကမူ တရုတ်နိုင်ငံအနေဖြင့် ယခင်ကတည်းက ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် ကူညီဆောင်ရွက်ပေးနေကျ ဖြစ်သည့်အတွက် ယခင်နည်းတူ ကူညီဆောင်ရွက်ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြော သည်။
၎င်းက “ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တရုတ်က အရင်ကတည်းကလည်း ကူညီဆောင်ရွက်နေကျ ဖြစ်ပါတယ်။ အဓိကတော့ တရုတ်နိုင်ငံကလည်း မြန်မာနဲ့တရုတ် နှစ်နိုင်ငံနယ်စပ်မှာ ငြိမ်းချမ်းစေချင်တဲ့ သဘောရှိပါတယ်။ အဲဒီအတွက်ကြောင့် သူ လည်း အမြဲ ကြိုးပမ်းနေတာ ဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်အရေး သုတေသီ ဦးမောင်မောင်စိုးက နိုင်ငံတကာ၌ တရုတ်၊ ဂျပန်၊ အမေရိကန် စသည့် နိုင်ငံများကြားတွင် အားပြိုင်မှုသည် နယ်ပယ်တိုင်းတွင် ရှိသည့်အတွက် မြန်မာနိုင်ငံရေး ဖြစ်စဉ်တွင် ပါဝင်လာသည့် နိုင်ငံများက အားပြိုင်မှုသည် ထူးခြားသည့် ကိစ္စတခု မဟုတ်ကြောင်း သုံးသပ် ပြောကြားသည်။
“နိုင်ငံတကာမှာ တရုတ်၊ ဂျပန်၊ အမေရိကန် အားပြိုင်မှုက နယ်ပယ်တိုင်းမှာ ရှိတယ်။ အစိုးရ၊ လက်နက်ကိုင်အဖွဲ့ တွေနဲ့ ပတ်သက်ပြီး နယ်ပယ်တိုင်းမှာ ရှိတယ်။ ဒါကတော့ ထူးခြားတဲ့ ကိစ္စ မဟုတ်ဘူး။ အဲဒီတော့ ဒီအားပြိုင်မှုကြားမှာ ကျနော်တို့ ဘယ်လို ရှင်သန် ရပ်တည်မလဲ ဆိုတာပဲ အရေးကြီးပါတယ်”
“နိုင်ငံတကာမှာ တရုတ်၊ ဂျပန်၊ အမေရိကန် အားပြိုင်မှုက နယ်ပယ်တိုင်းမှာ ရှိတယ်။ အစိုးရ၊ လက်နက်ကိုင်အဖွဲ့ တွေနဲ့ ပတ်သက်ပြီး နယ်ပယ်တိုင်းမှာ ရှိတယ်။ ဒါကတော့ ထူးခြားတဲ့ ကိစ္စ မဟုတ်ဘူး။ အဲဒီတော့ ဒီအားပြိုင်မှုကြားမှာ ကျနော်တို့ ဘယ်လို ရှင်သန် ရပ်တည်မလဲ ဆိုတာပဲ အရေးကြီးပါတယ်” ဟု ပြောသည်။
တရုတ်နိုင်ငံသည် မြောက်ပိုင်း မဟာမိတ်အဖွဲ့နှင့် နီးစပ်သူဖြစ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင်၂၀၁၆ ခုနှစ်ကစပြီး ထဲထဲ ဝင်ဝင် ပါလာခဲ့သော်လည်း၂၀၂၀ အတွင်း နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ၄ ကြိမ်မြောက် ပင်လုံညီလာခံကိုမူ တက် ရောက်လာခြင်း မရှိတော့ပေ။
ထို့ကြောင့် မြန်မာ့ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် တရုတ်နိုင်ငံ၊ တရုတ်နိုင်ငံနှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့တို့၏ သဘောထား အပြောင်းအလဲများ မည်သို့ ဖြစ်မလဲဆိုသည့် အချက်များကို နိုင်ငံရေး လေ့လာသူများက ဆက်လက် စောင့်ကြည့်နေရသည်။
သို့သော် ယနေ့ ၂၀၂၀ ဒီဇင်ဘာလ ၄ ရက် မစ္စတာ ဆာဆာကာဝါနှင့် ဧရာဝတီ တွေ့ဆုံမေးမြန်းမှုတွင် ရွေးကောက်ပွဲ မကျင်းပဖြစ်သော ရခိုင်ပြည်နယ်ရှိ မြို့နယ်များ ရွေးကောက်ပွဲ ပြန်ကျင်းပနိုင်ရေး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အဖြေပြန်မပေးသောကြောင့် စိတ်ပျက်မိကြောင်း ပြောဆိုသွားသည်။
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင်လည်း ယင်းကိစ္စ တင်ပြရာ “မိနစ်၂၀လောက်ရှင်းပြခဲ့ပါတယ်။ ရှင်းပြတဲ့ အချိန်မှာ အတိုင်ပင်ခံပုဂ္ဂိုလ် က အေးအေးဆေးဆေးပဲနားထောင်ပါတယ်။ ဒီအပေါ်မှာ အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေနဲ့ ဘာများပြောချင်ပါသလဲဆိုတော့ ပြန်ပြောတာ တော့ဥက္ကဌကြီး အရမ်းပင်ပမ်း သွားပြီ မဟုတ်လား၊ ဂျပန်နိုင်ငံဘယ်တော့ ပြန်မှာလဲဆိုတာရယ် ဂျပန်နိုင်ငံကို ချောချောမွေ့မွေ့ နဲ့ပြန်ရောက်ပါစေလို့ဆန္ဒပြုလိုက်ပါတယ်လို့ရယ်။ ဆာဆာကာဝါ ဥက္ကဌကြီးအနေနဲ့ဒီကိစ္စကို ရွေးကောက်ပွဲကော်မရှင်ကို တင်ပြပြီးပြီဖြစ်လို့ကျမ အနေနဲ့ဘာမှ ထပ်ပြီးပြောစရာ မရှိဘူး လို့ပြောခဲ့ပါတယ်”ဟုလည်း မစ္စတာ ဆာဆာကာဝါက ပြောသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ရွေးကောက်ပွဲများ ပြန်ကျင်းပနိုင်ရေး ရည်ရွယ်ချက်ဖြင့် သေနတ်သံများ တိတ်ဆိတ်သွားခဲ့မှုမှာ အကယ်၍ ရွေးကောက်ပွဲ ပြန်မကျင်းပဖြစ်ပါက တဖန်ပြန်လည် သေနတ်ပေါက်နိုင်မည်လားဆိုသည့် မေးခွန်းက ရှိလာနေပြန်သည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ရွေးကောက်ပွဲများ ပြန်ကျင်းပနိုင်ရေး ရည်ရွယ်ချက်ဖြင့် သေနတ်သံများ တိတ်ဆိတ်သွားခဲ့မှုမှာ အကယ်၍ ရွေးကောက်ပွဲ ပြန်မကျင်းပဖြစ်ပါက တဖန်ပြန်လည် သေနတ်ပေါက်နိုင်မည်လားဆိုသည့် မေးခွန်းက ရှိလာနေပြန်သည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့ကြား၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်ကတည်းက တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွား ခဲ့ကြရာ အရပ်သားအစိုးရ လက်ထက်အတွင်း ထိခိုက်မှုအများဆုံးနှင့် သွေးထွက်မှု အများဆုံး တိုက်ပွဲတခု ဖြစ်လာသည်။
တိုက်ပွဲများအတွင်း ဒေသခံ အရပ်သား သေဆုံးသူ၊ ဒဏ်ရာရသူ စုစုပေါင်း လူဦးရေ ၁၀၀၀ ကျော် အထိရှိနေကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC) ၏ ကောက်ယူထားသော စာရင်းဇယားအရ သိရသည်။
ရခိုင်မြောက်ပိုင်းတွင် စစ်ရေးပဋိပက္ခကြောင့် ကျေးရွာများ မီးရှို့ခံရမှု၊ သံသယဖြင့် ဖမ်းဆီးခံရမှုတို့ကြောင့် ဒေသခံများမှာ ဘေးလွတ်ရာသို့ အိုးအိမ်စွန့်ခွာ၍ ထွက်ပြေးနေရပြီး စစ်ဘေးဒုက္ခသည် ၂၃၀၀၀၀ ကျော် အထိ ရှိနေသည်။
ယခုလိုအချိန်တွင် စစ်ပွဲများရပ်တန့်ပြီး ငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်းရန် မြန်မာခေါင်းဆောင်များ ဆုံးဖြတ်ရမည့် အချိန်၌ ဂျပန် ဝင်ရောက်လာခြင်းမှာ အချိန်ကောင်းတခု ဟုတ် မဟုတ် ဆိုသည်ကိုမူ ဆက်လက် စောင့်ကြည့်ရမည် ဖြစ် သည်။
You may also like these stories:
ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ရခိုင်ပြည်မြောက်ပိုင်းအရေး ရင်လေးဖွယ်
ရခိုင်မှာ ရွေးကောက်ပွဲ ဖြစ်အောင် လုပ်ချင်ပါတယ်
တပ်မတော်နှင့် AA တို့ နွေးဆွေးမှု ရခိုင်လူထု ကြိုဆို
ရခိုင်တွင် စစ်ပွဲများ ရပ်တန့်နေ၍ စစ်ဘေးရှောင်အချို့ နေရပ်ပြန်