လက်ရှိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လာမယ့် ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ အသက် ၆၅ နှစ် ပြည့်တော့မှာ ဖြစ်ပြီး တပ်မတော်က ထုတ်ပြန်ထားတဲ့ ကကနကောင်စီ ညွှန်ကြားလွှာအရ တပ်ချုပ်ရာထူး ဆက်ပြီး ရယူနိုင်ခြေ နည်းသွားပါပြီ။ ဒါဆို တပ်ချုပ်အသစ် ဘယ်သူ ဖြစ်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းလာပါတယ်။
လက်ရှိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာနိုင်သူလို့ လူပြောများနေသူတွေကတော့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကြည်း ရေ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ စစ်ဦးစီး အရာရှိ ချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းတို့ ဖြစ်ပါတယ်။
သူတို့ ၃ ယောက်ထဲမှာ တပ်ချုပ်အသစ် အဖြစ်နိုင်ဆုံးသူကတော့ စစ်တက္ကသိုလ် အပတ်စဉ် ၂၂ ဆင်း လက်ရှိ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဧရာဝတီက ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းအကြောင်း စနည်းနာကြည့်ပါတယ်။
စစ်သား ပီသသူကို အဓိပ္ပါယ် ဖွင့်ကြည့်တဲ့အခါ “စစ်သားကောင်း ဆိုတာက စစ်ရေး၊ အုပ်ချုပ်ရေး၊ စည်ရုံးရေးဆိုင်ရာ ထူးချွန်တဲ့ တပ်မတော်သား”ကို ဆိုလိုတယ်လို့ ဒုတိယ ဗိုလ်မှူးကြီးဟောင်း ဦးရဲထွဋ်က ဧရာဝတီကို ပြောပါတယ်။
“ဦးစိုးဝင်း” လို့ ပြောရင် တပ်ထဲမှာ “စစ်သား ပီသသူ”လို့ နာမည်ရတယ်လို့ တပ်မတော် သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
စစ်သား ပီသသူကို အဓိပ္ပါယ် ဖွင့်ကြည့်တဲ့အခါ “စစ်သားကောင်း ဆိုတာက စစ်ရေး၊ အုပ်ချုပ်ရေး၊ စည်ရုံးရေးဆိုင်ရာ ထူးချွန်တဲ့ တပ်မတော်သား”ကို ဆိုလိုတယ်လို့ ဒုတိယ ဗိုလ်မှူးကြီးဟောင်း ဦးရဲထွဋ်က ဧရာဝတီကို ပြောပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေး ဝန်ကြီး ဖြစ်ခဲ့သူ ဦးရဲထွဋ်ဟာ စစ်တက္ကသိုလ် အပတ်စဉ် ၂၂ က ဖြစ်ပြီး ဒုတပ်ချုပ် ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ စစ်တက္ကသိုလ် တပတ်စဉ်တည်း တက်ရောက်ခဲ့သူ ဖြစ်ပါတယ်။
ဦးစိုးဝင်းဟာ စစ်တက္ကသိုလ်မှာ ဗိုလ်လောင်းအမှတ် ၁၉၆၇ ဖြစ်ပြီး ကျောင်းမှာ စစ်ပညာရော၊ စာပေမှာပါ ထူးချွန်သလို စည်းကမ်းလိုက်နာမှုလည်း ကောင်းကြောင်း၊ အပတ်စဉ် ၂၂ ကျောင်းဆင်းပွဲ စစ်ရေးပြမှာ အောင်ဆန်း တပ်ခွဲ တပ်စုမှူး အဖြစ် တာဝန်ပေးခံရသူ ဖြစ်တယ်လို့ ဦးရဲထွဋ်က ပြောပြပါတယ်။
“ဒီတာဝန်ကို စစ်ပညာ၊ စာပေပညာထူးချွန်သူတွေကိုပဲ ရွေးချယ်တာဝန်ပေးတာ” လို့ ဦးရဲထွဋ်က ပြောပါတယ်။
နောက်ကြောင်းရာဇဝင်
ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို ၁၉၆၀ ပြည့်နှစ်တွင် မွေးဖွားခဲ့ပြီး မိဘတွေကတော့ ဦးချစ်စိန်၊ ဒေါ်ကျင်ထွေးတို့ ဖြစ်ပါတယ်။
၁၉၇၆ ခုနှစ်မှာ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၂၂ သို့ တက်ရောက်ခဲ့ပြီး ၁၉၈၁ ခုနှစ်မှ ၂၀၀၁ ခုနှစ် အထိ အမြောက်တပ်ရင်း၊ ခြေလျင်ခြေမြန် တပ်ရင်းများ၊ ဌာနချုပ်တွေမှာ တပ်စုမှူး၊ တပ်ခွဲမှူး၊ စစ်ဦးစီးမှူး တတိယတန်း၊ စစ် ဦးစီးမှူး ဒုတိယတန်း၊ ဒုတိယ တပ်ရင်းမှူး၊ တပ်ရင်းမှူး တာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။
တပ်ရင်းမှူးတာဝန်ကိုတော့ ရခိုင်ပြည်နယ် မြောက်ပိုင်း၊ မင်းပြားမြို့နယ်က ခမရ ၃၇၉ မှာ ထမ်းဆောင်ခဲ့ပါတယ်။
အဲဒီနောက် ၂၀၀၁ ခုနှစ်မှာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) တပ်မတော် စစ်ဆေးရေး အရာရှိချုပ်ရုံးမှာ စစ်ဦးစီးမှူး ပထမတန်း၊ ၂၀၀၃ ခုနှစ်မှာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် စစ်ဗျူဟာမှူး၊ ၂၀၀၅ ခုနှစ်တွင် အမှတ် ၁၀ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်၊ စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဖြစ်ခဲ့ပါတယ်။
၂၀၀၆ ခုနှစ်မှာတော့ တပ်မတော်(ကြည်း) တိုက်ခိုက်ရေး သင်တန်းကျောင်း(ဗထူး)ရဲ့ ကျောင်းအုပ်ကြီး၊ ၂၀၀၈ ခုနှစ်တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဖြစ်ခဲ့ပါတယ်။
“ဒုချုပ်က စကားတော်တော်လေးနည်းတယ်။ မျက်နှာတည်တယ်၊ မျက်နှာက သူက နည်းနည်း အပြုံးအရယ် နည်းတာပေါ့ လေ။ သူရဲ့ ပင်ကိုသဘာ၀လေ။ စိတ်ရင်းကောင်းတယ်၊ ရိုးဖြောင့်တယ်။ မျက်နှာတည်တယ်။ သိပ်ပြီးတော့ စကားကို များများစားစား ပြောလေ့ပြောထ မရှိဘူး”
တပ်မတော်မှာ မြောက်ပိုင်းတိုင်း ကိုင်ရလို့ မြစ်ကြီးနားမှာ နေရရင် တပ်အရာရှိတွေဟာ အကျိုးစီးပွား ဖြစ်ထွန်းကြပေမယ့် သူကတော့ နာမည် ပျက်မရှိဘူးလို့ တပ်မတော်မှာ တိုင်းမှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူ တပ်မတော် အရာရှိတဦးက ပြောပြပါတယ်။
“ဒုချုပ်က စကားတော်တော်လေးနည်းတယ်။ မျက်နှာတည်တယ်၊ မျက်နှာက သူက နည်းနည်း အပြုံးအရယ် နည်းတာပေါ့ လေ။ သူရဲ့ ပင်ကိုသဘာ၀လေ။ စိတ်ရင်းကောင်းတယ်၊ ရိုးဖြောင့်တယ်။ မျက်နှာတည်တယ်။ သိပ်ပြီးတော့ စကားကို များများစားစား ပြောလေ့ပြောထ မရှိဘူး”လို့ သူက ပြောပါတယ်။
၂၀၁၁ ခုနှစ်မှာတော့ သူဟာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) စစ်ဆင်ရေး အထူးအဖွဲ့ မှူးဖြစ်လာပြီး ၂၀၁၁ ခုနှစ်မှာပဲ ဒုတိယ ဗိုလ်ချုပ်ကြီးအဆင့် တိုးမြင့်ခံရပါတယ်။ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှာတော့ ဒုတိယ တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ် အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်က“တပ်ရင်း၊ တပ်ဖွဲ့များမှာ တာဝန်ထမ်းဆောင်ချိန်မှာ စစ်ရေးထူးချွန်မှုကြောင့် တိုင်းမှူး၊ တပ်မမှူးများရဲ့ ချီးကျူးဂုဏ်ပြုခြင်း ခံခဲ့ရတယ်။ အဆင့်မြင့်ရာထူးတွေ ထမ်းဆောင်ချိန်မှာလည်း စစ်ရေး၊ လူမှုရေး၊ စီးပွားရေးအရ နာမည်ပျက် မရှိခဲ့ဘူး”လို့ ပြောပါတယ်။
စစ်တက္ကသိုလ် အပတ်စဉ် ၂၂ မှာ တခြား ထင်ရှားတဲ့သူတွေကတော့ အငြိမ်းစား ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး သူရ သက်ဆွေ၊ ပြည်ထဲရေး ဝန်ကြီးဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တပ်မတော် ဘက်မှ ဦးဆောင်နေသူ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ကာကွယ်ရေး ဝန်ကြီးဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းတို့ ဖြစ်ပါတယ်။
တိုင်းပြည်က လိုနေတဲ့ စစ်သားကောင်း
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အသစ် ဘယ်သူပဲ ဖြစ်လာသည် ဖြစ်စေ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး ပိုကောင်းအောင် လုပ်နိုင်မယ့်သူမျိုး ဖြစ်ဖို့ လိုကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုလည်း ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်မယ့်လူမျိုး ဖြစ်ရန် လိုကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။
“စစ်တပ်ဟာ တကယ့် ပရော်ဖက်ရှင်နယ်ပေါ့။ Standard Army ပေါ့။ အဲဒီဘက်ကို တကယ်ဇောက်ကျပြီး ဦးတည် ဖော်ဆောင်မယ့် ပုဂ္ဂိုလ်မျိုး ဖြစ်ဖို့ လိုအပ်တယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုးဖြစ်လာမယ်ဆိုရင်တော့ နိုင်ငံ့ရဲ့ အပြောင်းအလဲအတွက်လည်း အများကြီး အထောက်အကူပြုလိမ့်မယ်”
“စစ်တပ်ဟာ တကယ့် ပရော်ဖက်ရှင်နယ်ပေါ့။ Standard Army ပေါ့။ အဲဒီဘက်ကို တကယ်ဇောက်ကျပြီး ဦးတည် ဖော်ဆောင်မယ့် ပုဂ္ဂိုလ်မျိုး ဖြစ်ဖို့ လိုအပ်တယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုးဖြစ်လာမယ်ဆိုရင်တော့ နိုင်ငံ့ရဲ့ အပြောင်းအလဲအတွက်လည်း အများကြီး အထောက်အကူပြုလိမ့်မယ်”လို့ ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။
မြန်မာ့ တပ်မတော်ခေါင်းဆောင်တွေ တချိန်က အားကျခဲ့ရတဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ဗိုလ်ချုပ်ကြီးတွေဟာ ဆိုရင်လည်း သူတို့အနေနဲ့ တိုင်းပြည်အတွက် အသက်ပေးပြီး စစ်တိုက်ခဲ့ရပေမယ့် နိုင်ငံရေးမှာ ဝင်ပါခဲ့တဲ့ အစဉ်အလာကြောင့် ဒုတိယ တန်းစား နိုင်ငံသားတွေ အဖြစ်သာ လူထုရဲ့ အမြင်ကို ခံခဲ့ရတယ်လို့ ထုတ်ဖော် ပြောဆိုဖူးပါတယ်။
တပ်မတော်တွေအနေနဲ့ တပ်အလုပ်ကို သေသေချာချာလုပ်ပြီး ကိုယ့်နေရာမှာပဲ ကိုယ်နေမှသာ တပ်မတော်တရပ်မှာ ရှိ ရမယ့် ဂုဏ်သိက္ခာအတိုင်း ရပ်တည်နိုင်မယ်ဆိုတာ အင်ဒိုနီးရှားက ဗိုလ်ချုပ်ကြီးတွေ သဘောပေါက်လာတဲ့အခါ နောက် ပိုင်းမှာ သူတို့ဟာ တပ်မတော် ပြုပြင်ပြောင်းလဲရေးတွေကို ဆောင်ရွက်ကြပြီး နိုင်ငံရေးကနေလည်း ဆုတ်ခွာသွားကြပါ တယ်။
“တပ်မတော် ခေါင်းဆောင်တွေ အနေနဲ့လည်း အဲလိုမျိုး စဉ်းစားသင့်တယ်။ အဲလို စဉ်းစားနိုင်တဲ့ ဗိုလ်ချုပ်ကြီးတွေ တပ်မတော်ကို ဦးဆောင်နိုင်တဲ့သူဖြစ်လာရင် ပြုပြင်ပြောင်းလဲရေးက အားကောင်းမယ်လို့ မြင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပြည်သူတွေရဲ့ အမြင်က အရေးကြီးတယ်။ ဂရုစိုက်ဖို့ လိုတယ်။ ပြည်သူရဲ့ အမြင်ကို ဂရုမစိုက်ဘူးဆိုရင် တပ် အနေနဲ့ ဘာတွေပဲ လုပ်လုပ် ပြည်သူနဲ့ ပြဒါးတလမ်း၊ သံတလမ်း ဖြစ်နေလိ့မ်မယ်”လို့ ရန်ကုန်မြို့ စစ်ဘက်-အရပ်ဘက် လေ့လာစောင့်ကြည့်နေသူတဦးက ပြောပါတယ်။
ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ အစိုးရခေါင်းဆောင် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ပုဂ္ဂိုလ်ရေးအရ ဆက်ဆံရေး ကောင်းမွန်တာကြောင့် သူတပ်ချုပ် ဖြစ်လာရင် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး ပိုကောင်းလာနိုင်တယ်
ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိပါတယ်။
ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ တိုက်ခိုက်ရေးမှာ အားသန်တဲ့သူတဦး ဖြစ်ပြီး စီးပွားရေးဘက်ကို အားမသန်လို့ သူ တပ်ချုပ် ဖြစ်လာခဲ့ရင် တပ်ကို တိုက်ခိုက်ရေးဘက်မှာ ပိုစွမ်းဆောင်ရည် ရှိအောင် လုပ်လိမ့်မယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်က“တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တိုင်းက အစိုးရနဲ့ ဆက်ဆံရာမှာ အခြေခံ ဥပဒေပါ တပ်မတော်ဆိုင်ရာ ပြဋ္ဌာန်းချက်များကို အခြေခံပြီး ဆက်ဆံမှာဖြစ်တဲ့အတွက် ထူးခြားတဲ့ အပြောင်းအလဲတော့ မရှိနိုင်ပါဘူး”လို့ ဆိုပါတယ်။
ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ တိုက်ခိုက်ရေးမှာ အားသန်တဲ့သူတဦး ဖြစ်ပြီး စီးပွားရေးဘက်ကို အားမသန်လို့ သူ တပ်ချုပ် ဖြစ်လာခဲ့ရင် တပ်ကို တိုက်ခိုက်ရေးဘက်မှာ ပိုစွမ်းဆောင်ရည် ရှိအောင် လုပ်လိမ့်မယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
ဒါပေမယ့် တပ်မတော်ရဲ့ နိုင်ငံရေးရပ်တည်ချက်ကိုတော့ ပြုပြင်ပြောင်းလဲတာမျိုး လုပ်နိုင်မှာ မဟုတ်ဘဲ တပ်ချုပ်ဟောင်းတွေရဲ့ မူဝါဒ၊ လမ်းစဉ်တွေအတိုင်းပဲ ဆောင်ရွက်လိမ့်မယ်လို့ သုံးသပ်ကြပါတယ်။
“တပ်ကို လမ်းကြောင်းပြောင်းမယ်ဆိုရင် ၁၀ နှစ်လောက် အချိန်ယူရမှာ။ သူသာ အဲဒီနေရာကို ယူမယ်ဆိုရင် အချိန်က သူ့အတွက် တော်တော်လေး နည်းမယ်။ လက်ရှိ သွားနေတဲ့ ပုံစံကိုပဲ ပိုပြီး ခိုင်မာအောင် သွားမယ့် သဘော ရှိတယ်”လို့ တပ်မတော်ကို လေ့လာစောင့်ကြည့်နေသူ သုတေသီ တဦးက ပြောပါတယ်။

တပ်ချုပ်အသစ်အတွက် စိန်ခေါ်မှုများ
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အသစ်တယောက်အတွက် စိန်ခေါ်မှု၊ အခက်အခဲတွေကလည်း အဆင့်သင့် ရှိနေပါတယ်။
တပ်မတော်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက ဝေဖန်ပြစ်တင်နေတဲ့ ရခိုင်အရေးလို ကိစ္စတွေ၊ ရှေ့မဆက်နိုင်သေးတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ အာဏာရပါတီက ပြင်ချင်နေတဲ့ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေနဲ့ တပ်မတော်ကို ပရော်ဖက်ရှင်နယ် တပ်ဖြစ်အောင် ဆက်လက်ဆောင်ရွက်သွားနိုင်ရေးတို့ပဲ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးက မြန်မာ လုံခြုံရေး စခန်းတွေကို အကြမ်းဖက်အဖွဲ့ အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ်(ARSA) အဖွဲ့ ဝင်ရောက် တိုက်ခိုက်ခြင်းအား မြန်မာ့ လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည် စစ်ဆင်ရာမှာ ဒုက္ခသည် ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသွားခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့ပါတယ်။
တပ်မတော် တာဝန်ရှိသူတွေက ရခိုင်ပြည်နယ်မှာ ၂၀၁၂၊ ၂၀၁၅ နှင့် ၂၀၁၇ ခုနှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေကို တပ်မတော်က စတင်ခဲ့တာ မဟုတ်ဘဲ တိုင်းရင်းသား မဟုတ်တဲ့ တခြားသူများက စတင်ခဲ့ခြင်း ဖြစ်ရာ တပ်မတော်က နယ်မြေလုံခြုံရေး၊ တိုင်းရင်းသားများ လုံခြုံရေး ဆောင်ရွက်သည့်အခါ ယခုလို စွပ်စွဲချက်များ ပေါ်ပေါက် လာရကြောင်း ပြန်ရှင်းထားပါတယ်။
ရခိုင်အရေး နိုင်ငံတကာ ဖိအားတွေ များလာတဲ့အချိန်မှာ အစိုးရက နိုင်ငံတကာက ပညာရှင်တချို့ ပါဝင်တဲ့ လွတ်လပ်သော စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို ဖွဲ့ စည်းတဲ့အခါမှာ တပ်မတော်က ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ရခိုင်အရေးကို အကြောင်းပြုပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ဆိုင်ရာ တရားရုံး (ICJ)မှာ မြန်မာဟာ တရားစွဲခံခဲ့ရပြီး နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက် ဖြေရှင်းခဲ့ရတာပါ။
ရခိုင်အရေး နိုင်ငံတကာ ဖိအားတွေ များလာတဲ့အချိန်မှာ အစိုးရက နိုင်ငံတကာက ပညာရှင်တချို့ ပါဝင်တဲ့ လွတ်လပ်သော စုံစမ်း စစ်ဆေးရေး ကော်မရှင်ကို ဖွဲ့ စည်းတဲ့အခါမှာ တပ်မတော်က ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
အဲဒီ အစီရင်ခံစာကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်တို့ဆီကို တင်ပြထားပေမယ့် မြန်မာအစိုးရက အစီရင်ခံစာ အပြည်အစုံကို ဒီနေ့အချိန်အထိ အများပြည်သူ သိရှိနိုင်ဖို့ ထုတ်ပြန်ပေးတာ မရှိသေးပါဘူး။
အစီရင်ခံစာမှာ ရခိုင်မြောက်ပိုင်းနေ မွတ်ဆလင်များအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ သက်ဆိုင်သောကိစ္စတွေ၊ ၂၀၁၇ ခုနှစ် သြဂုတ်လက ရခိုင်ရိုဟင်ဂျာကယ်တင်ရေး တပ်မတော် (ARSA)ရဲ့ အခြား နောက်ဆက်တွဲ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ဖော်ပြထားတာပါ။
အဲဒီ အစီရင်ခံစာကြောင့် ဂူတာပြင် ကိစ္စ၊ မောင်နု၊ ချွတ်ပြင်ကျေးရွာ ကိစ္စတွေကို တပ်မတော်က စစ်တရားရုံးဖွဲ့ စစ်ဆေးပြီး ဖြစ်စဉ်မှာ ပါဝင်ကျူးလွန်သူတွေကို စစ်တရားရုံးဖွဲ့ စစ်တာ၊ အပြစ်ပေးတာတွေ ပြုလုပ်ခဲ့ပေမယ့် ပွင့်လင်းမြင်သာမှုတွေ မရှိခဲ့ပါဘူး။
Independent Commission of Enquiry-ICOE ရဲ့ အပြီးသတ် အစီရင်ခံစာမှာ တပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက် မှုတွေကို ဖော်ပြခဲ့လို့ စစ်ဘက်ဆိုင်ရာ ဥပဒေတွေနဲ့အညီ စစ်တရားရုံးတွေနဲ့ ဆက်လက် စုံစမ်း ဖော်ထုတ်ပေးရတာပါ။
ငြိမ်းချမ်းရေးမှာလည်း လက်ရှိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၀ ခုနှစ်မှာ ပြည်သူလုထုလက်ကို ငြိမ်းချမ်းရေး အရောက်အပ်မယ်လို့ ကြွေးကြော်ခဲ့ပေမယ့် လက်တွေ့ မှာ မအောင်မြင်ခဲ့ပါဘူး။
အခု နိုဝင်ဘာ ရွေးကောက်ပွဲပြီးတဲ့ အချိန်မှာလည်း တနိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အားလုံးနဲ့ ဆွေးနွေးနိုင်ဖို့ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ တပ်မတော်ရဲ ငြိမ်းချမ်းရေး ဆွေးနွေးမှု ကော်မတီကို ဖွဲ့ စည်းပေး ထားပါတယ်။
ဒီကော်မတီမှာ ဦးဆောင်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ဟာ စစ်တက္ကသိုလ် အပတ်စဉ် ၂၂ က ဖြစ်ပြီး ဒု-တပ်ချုပ်နဲ့ တပတ်စဉ်တည်း ဖြစ်တာကြောင့် ဦးစိုးဝင်းထက် ငယ်တဲ့လူတယောက်ကို တပ်ချုပ်ခန့်ခဲ့မယ်ဆိုရင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ဟာ သူ့ထက် ဂျူနီယာကျတဲ့ တပ်မတော်အရာရှိတယောက်ကို ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စတွေ ပြန်အစီရင်ခံရမယ့် သဘော ဖြစ်နေပါတယ်။
တပ်မတော်ရဲ့ သဘောသဘာဝအရ တပ်ချုပ်အပြောင်းအလဲထက် တပ်မတော်က မူဝါဒ တချို့ကို အပြောင်းအလဲ လုပ်နိုင်မှသာ လက်တွေ့မှာ ကြုံနေရတဲ့ အကြပ်အတည်း တချို့ကို ကျော်လွှားနိုင်မယ်လို့ မြင်ကြသူတွေလည်း ရှိပါတယ်။
အဲဒါကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ဦးဆောင်တဲ့သူနဲ့ တပ်ချုပ်သစ်ဖြစ်လာမယ့်သူဟာ အပတ်စဉ် သိပ်မကွာဖို့ လိုတယ်ဆိုတဲ့ အမြင်မျိုးတွေလည်း ရှိပါတယ်။
တပ်မတော်ရဲ့ သဘောသဘာဝအရ တပ်ချုပ်အပြောင်းအလဲထက် တပ်မတော်က မူဝါဒ တချို့ကို အပြောင်းအလဲ လုပ်နိုင်မှသာ လက်တွေ့မှာ ကြုံနေရတဲ့ အကြပ်အတည်း တချို့ကို ကျော်လွှားနိုင်မယ်လို့ မြင်ကြသူတွေလည်း ရှိပါတယ်။
ဒါပေမယ့် ပုဂ္ဂိုလ်ရေး ရင်းနှီးမှုကလည်း အလုပ်အတူတကွ လုပ်ကိုင်နိုင်ခြင်းကို လမ်းစဖွင့်ပေးနိုင်ကြောင်း တချို့က မြင်ကြပါတယ်။
နိုင်ငံရေး လေ့လာစောင့်ကြည့်သူ ဒေါက်တာ ရန်မျိုးသိမ်းက “အရပ်ဘက် ခေါင်းဆောင်နဲ့ စစ်ဘက် ခေါင်းဆောင်တွေကြား မှာ ယုံကြည်မှု ရှိလာမယ်။ တွေ့ဆုံဆွေးနွေးမှုတွေက ပိုပြီး အားကောင်းလာမယ်။ နောက်ပြီးတော့ တဖက်နဲ့ တဖက်ကြားမှာ အလျော့အတင်း အပေးအယူတွေ လုပ်လာနိုင်တယ် ဆိုရင် ဒါဟာ အပြောင်းအလဲအတွက်ကို ကောင်းမွန်တဲ့အစ တခုလို့ ပြောလို့ရတယ်”လို့ ပြောပါတယ်။

ဒုတပ်ချုပ်တွေ အစဉ်အလာ
ဒုတပ်ချုပ်ဟာ လက်ရှိ တပ်မတော်မှ စစ်ဆင်ရေးကိစ္စတွေကိုပဲ အဓိက ကိုင်တွယ်နေရတာ ဖြစ်ပြီး အခု ပြီးခဲ့တဲ့ လအထိ တိုက်ပွဲတွေ အလွန်ပြင်းထန်ခဲ့တဲ့ ရခိုင်ပြည်နယ်က စစ်ဆင်ရေးမျိုးတွေကို ကြီးကြပ်ကွပ်ကဲရတာလို့ သိရပါတယ်။
တပ်မတော်မှာ စစ်ဦးစီးဆိုင်ရာလုပ်ငန်း၊ စစ်ထောက်ဆိုင်ရာလုပ်ငန်း၊ စစ်ရေးဆိုင်ရာလုပ်ငန်းဆိုပြီး လုပ်ငန်းကြီး ၃ ခု ရှိရာ မှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ စစ်ဦးစီးပိုင်းဆိုင်ရာတွေအောက်က စစ်ဆင်ရေးအပိုင်းကို တာဝန်ယူထားသူ လည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က စစ်ဆင်ရေး ကိစ္စတချို့ မှာဆိုရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စစ်ရဟတ်ယာဉ်တွေ သုံးဖို့ သင့် မသင့်၊ အမြောက်ကြီးတွေ ပစ်ဖို့ သင့် မသင့် စဉ်းစား အချိန်ယူတာတွေ ရှိပေးမယ့် ဒုတပ်ချုပ် ဦးစိုးဝင်းကတော့ ပြတ်ပြတ်သားသား အမိန့်ပေးလေ့ ရှိပြီး သူပေးပြီးသား အမိန့်ကိုလည်း ပြန်ပြင်လေ့ မရှိဘူးလို့ ဆိုကြပါတယ်။
“ပြောရရင် သူက စစ်သားပုံစံ ပိုဆန်တာပေါ့။ စစ်သားအလုပ်ပဲ လုပ်မယ်ဆိုတဲ့ သဘောမျိုး ပုံစံမျိုးပေါ့။ ဒီလိုမျိုးနဲ့ပဲ သူက နေပါတယ်။ ဘာမှလည်း ပကာသနလည်း မရှိဘူး။ အဆောင်အယောင်လည်း မမက်မောဘူး။ ခပ်ရိုးရိုးရှင်းရှင်းပဲ နေပါတယ်”လို့ အမည်မဖော်လိုတဲ့ တပ်အရာရှိဟောင်းတယောက်က ပြောပြပါတယ်။
ဒုတပ်ချုပ်ဟာ တပ်ချုပ် ဖြစ်မှာ မဟုတ်ဘူးလို့ ယုံကြည်နေသူ အများအပြားလည်း ရှိပါတယ်။
ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ လုပ်ငန်းတာဝန်တွေကို ပြောပါဆိုရင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ လုပ်ငန်းတာဝန်တွေအတိုင်းပဲလို့ ပြောရပါတယ်။ ဒါပေမယ့် ပထမခေါင်းဆောင်နဲ့ ဒုတိယ ခေါင်းဆောင်ကြားမှာ လုပ်ပိုင်ခွင့် ဆုံးဖြတ်ပိုင်ခွင့်နဲ့ တာဝန်ခံမှု ကွာတာမျိုးကတော့ အဖွဲ့ အစည်းတိုင်း လိုလိုမှာလည်း ဒီအတိုင်းပဲ ဖြစ်ပါတယ်။
ဒုတပ်ချုပ်ဟာ တပ်ချုပ် ဖြစ်မှာ မဟုတ်ဘူးလို့ ယုံကြည်နေသူ အများအပြားလည်း ရှိပါတယ်။
ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေက လက်ရှိ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရွေးချယ်ခန့်အပ်ခဲ့သလို Second Man လို့ ခေါ်ရမယ့် ဒုတိယ ခေါင်းဆောင်ကို ဘယ်တော့မှ နေရာပေးလေ့ မရှိဘဲ မျိုးဆက် ကွာဟပြီး နေရာပေးမှာဖြစ်လို့ လက်ရှိမှာ ဒုတိယ ဗိုလ်ချုပ်ကြီး ဖြစ်နေသူတွေထဲကပဲ စဉ်းစားရမှာလို့ အခိုင်အမာ ပြောနေသူတွေလည်း ရှိနေဆဲပါ။
ဘယ်လိုပဲဖြစ်ဖြစ် ၂၀၂၁ ခုနှစ်မှာ တပ်ချုပ်အသစ် လဲခဲ့မယ်ဆိုရင် ဖြစ်လာတဲ့သူရဲ့ နိုင်ငံရေး စေတနာ၊ အမြော်အမြင်တွေဟာ မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို ကျော်လွှားနိုင်ဖို့ တိုက်ရိုက်အချိုးကျနေမှာ ဖြစ်လို့ တပ်မတော် ခေါင်းဆောင်အသစ် ဘယ်သူဖြစ်မလဲဆိုတာကို နိုင်ငံရေး အသိုင်းအဝိုင်းက စိတ်ဝင်စားလျက်ရှိကြောင်းပါ ခင်ဗျာ။
You may also like these stories:
ကချင်စစ်ရှောင်များ အတွက် မိုင်းရှင်းပေးမည်ဟု တပ်ချုပ် ကတိပြု
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရာထူးမှ အနားယူမည်ဟု တပ်မတော် မပြောသေး
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနားယူ မယူ