ဆောင်းပါး

မြန်မာနယ်စပ်က သူပုန်များကို တရုတ်ကူညီနေဟု အိန္ဒိယစွပ်စွဲ

Want create site? Find Free WordPress Themes and plugins.

မကြာသေးမီလများအတွင်း မြန်မာနိုင်ငံနှင့် ၎င်းတို့၏ နယ်စပ်တွင် ထိုးစစ်များ တိုးမြှင့်လုပ်ဆောင်နေသည့် လက်နက်ကိုင် အဖွဲ့များအား တရုတ်နိုင်ငံက ကူညီနေပြီး ဟိမဝန္တာဒေသတွင် လူအသေအပျောက် ရှိခဲ့သော ထိပ်တိုက်တွေ့ဆုံမှု တခု ရှိနေခဲ့ပြီး ဖြစ်သည့် နိုင်ငံ ၂ ခုကြားမှ ပဋိပက္ခ တွင် နောက်ထပ်မျက်နှာစာ တခု ဖွင့်လှစ်နေသည် ဟု အိန္ဒိယအရာရှိများက ပြောကြောင်း Bloomberg သတင်းတပုဒ်တွင် ရေးသားထားသည်။

ဝပြည်နယ် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ယခုနှစ်အတွင်း အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံခဲ့ရပြီး ယခုအခါ ဂျပန်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုကြောင့် အပစ်ရပ်ဆဲထားသော ရခိုုင်စစ်တပ်(AA) အပါအဝင် မြန်မာနိုင်ငံမှ လက်နက်ကိုင်အဖွဲ့ များက လက်နက်များထောက်ပံ့ခြင်းနှင့် အိန္ဒိယအရှေ့မြောက် ပြည်နယ်များရှိ လက်နက်ကိုင်အဖွဲ့ များအတွက် ပုန်းခိုရာနေရာများ ပေးခြင်းများအားဖြင့် ဘေဂျင်း၏ တဆင်ခံလက်ခွဲများအဖြစ် ပြုမူနေကြကြောင်း ထိုအခြေအနေနှင့် ပတ်သက်၍ သိရှိထားသည့် အိန္ဒိယအရာရှိများက ပြောကြသည်။ မီဒီယာနှင့် စကားပြောဆိုရန် သတ်မှတ်ထားသည့် စည်းမျဉ်းများကြောင့် သူတို့သည် မည်သူ မည်ဝါဖြစ်ကြောင်း မဖော်ထုတ်ရန်လည်း တောင်းဆိုခဲ့ကြသည်။

အိန္ဒိယအာဏာပိုင်များက အလိုချင်ဆုံးဖြစ်သည့် လက်နက်ကိုင်ခေါင်းဆောင် အနည်းဆုံး ၄ ဦး ခန့်က တရုတ်နိုင်ငံ တောင်ပိုင်း ကူမင်းတွင် အောက်တိုဘာလလယ် အထိ လက်နက်များရယူရန်နှင့် လေ့ကျင့်ရန် ရှိနေခဲ့ကြကြောင်း လုံခြုံရေး အေဂျင်စီ အများအပြားက ဝန်ကြီးချုပ် နေရိန်ဒြာမိုဒီ၏ အစိုးရကို သတိပေးခဲ့ကြသည်ဟု အဆိုပါ အရာရှိများက ပြောသည်။

အိန္ဒိယအာဏာပိုင်များက အလိုချင်ဆုံးဖြစ်သည့် လက်နက်ကိုင်ခေါင်းဆောင် အနည်းဆုံး ၄ ဦး ခန့်က တရုတ်နိုင်ငံ တောင်ပိုင်း ကူမင်းတွင် အောက်တိုဘာလလယ် အထိ လက်နက်များရယူရန်နှင့် လေ့ကျင့်ရန် ရှိနေခဲ့ကြကြောင်း လုံခြုံရေး အေဂျင်စီ အများအပြားက ဝန်ကြီးချုပ် နေရိန်ဒြာမိုဒီ၏ အစိုးရကို သတိပေးခဲ့ကြသည်ဟု အဆိုပါ အရာရှိများက ပြောသည်။

အိန္ဒိယ-မြန်မာနယ်စပ်မှ ဧရိယာတခုတွင် ကိုယ်ပိုင်နယ်မြေတခု သီးခြားရရှိရေး တိုက်ခိုက်နေသည့် နာဂလက်နက်ကိုင် ၃ ဦး အပါအဝင် အဆိုပါအဖွဲ့သည် တရုတ်နိုင်ငံမှ အငြိမ်းစားနှင့် တာဝန်ထမ်းဆောင်ဆဲ တပ်မတော် အရာရှိများနှင့် တွေ့ဆုံခဲ့သလို တရားဝင်မဟုတ်သည့် ကွန်ရက်တခုကို ဖွဲ့စည်းထားသော အခြား ကြားခံလူများနှင့်လည်း တွေ့ဆုံခဲ့သည်ဟု အိန္ဒိယအရာရှိများက ပြောသည်။

မြန်မာနယ်စပ်တလျှောက် လှုပ်ရှားမှု ပိုမိုများပြားလာခြင်းက တရုတ်နိုင်ငံနှင့်သာမက မိုင်ပေါင်း ၈၇၀၀ (ကီလိုမီတာ ၁၄၀၀၀) ခန့် ရှည်လျားသည့် ၎င်း၏ အခြားနယ်စပ်တခု ဖြစ်သော ပါကစ္စတန်နိုင်ငံတို့နှင့် တင်းမာမှုများ ရှိနေဆဲဖြစ်သည့် အချိန်တွင် အိန္ဒိယတပ်မတော်၏ အင်အားကို ဆွဲချဲ့နေရသည့်အပေါ် နယူးဒေလီအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်စေခဲ့သည်။ အောက်တိုဘာ ၂၁ ရက် နေ့က ခြုံခို တိုက်ပွဲတခုတွင် တပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ရပြီးနောက် အိန္ဒိယနိုင်ငံက တခုလျှင် တပ်ဖွဲ့ ဝင် ၁၀၀၀ ခန့် ပါဝင်သည့် တပ်ရင်းများစွာကို မြန်မာနယ်စပ်သို့ ပြောင်းရွှေ့ခဲ့သည်ဟု တာဝန် ရှိသူများက ပြောသည်။

တရုတ်နိုင်ငံ၏ ငြင်းပယ်မှု

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ၎င်း၏ နိုင်ငံက အိန္ဒိယမှ လက်နက်ကိုင်အဖွဲ့ များအား ထောက်ပံ့နေသည် ဆိုသော စွပ်စွဲချက်ကို ငြင်းဆန်ခဲ့ပြီး အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်မှု မရှိကြောင်း ပြောသည်။ “တရုတ်နိုင်ငံဟာ လက်နက်တင်ပို့မှုနဲ့ ပတ်သက်လို့ အမြဲတမ်း စဉ်းစားချင့်ချိန်ပြီး တာဝန်သိတဲ့ သဘောထား ရှိပါတယ်” ဟု ရေးသားမေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။ “ကျနော်တို့က အချုပ်အခြာ အာဏာပိုင် နိုင်ငံတွေနဲ့သာ စစ်ရေးကုန်သွယ်မှုကို ပူးပေါင်းဆောင်ရွက်ပါတယ်။ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေကို လက်နက်ရောင်းချပါဘူး။”

ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် ကလည်း အိန္ဒိယနိုင်ငံမှ လက်နက်ကိုင် အဖွဲ့များအား တရုတ်ကိုယ်စား အကူအညီ သို့မဟုတ် အထောက်အပံ့ ပေးရာတွင် အခန်းကဏ္ဍတခုမှ ပါဝင်ခဲ့ခြင်း မရှိကြောင်း ငြင်းဆန်ခဲ့သည်။

ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် ကလည်း အိန္ဒိယနိုင်ငံမှ လက်နက်ကိုင် အဖွဲ့များအား တရုတ်ကိုယ်စား အကူအညီ သို့မဟုတ် အထောက်အပံ့ ပေးရာတွင် အခန်းကဏ္ဍတခုမှ ပါဝင်ခဲ့ခြင်း မရှိကြောင်း ငြင်းဆန်ခဲ့သည်။

သူတို့၏ ဌာနချုပ်နှင့် အိန္ဒိယ-မြန်မာ နယ်စပ် ကြားတွင် မိုင် ၅၀၀ ကျော် ကွာဝေးသည့် အချက်ကိုလည်း အခြားအကြောင်းပြချက်များနှင့် အတူ ရည်ညွှန်း ပြောဆိုခဲ့သည်။

“အဖွဲ့အစည်းအနေနဲ့ အိန္ဒိယနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့ ဆက်သွယ်မှု ဘာမှ မရှိပါဘူး။ အဲဒီနိုင်ငံကိုလည်း ကျနော်တို့က ထိခိုက်အောင် လုံးဝ မလုပ်ပါဘူး။ ဒါကြောင့် ကျနော်တို့ အနေနဲ့ ဒီလိုထင်မြင်ချက်မျိုးအပေါ် မှတ်ချက်ပေးဖို့ မလိုဘူးလို့ ထင်ပါတယ်” ဟု UWSA ၏ ပြောရေးဆိုခွင့် ရှိသူ ဦးညီရန်းက ပြောသည်။ ၎င်းတို့အဖွဲ့က တရုတ်နိုင်ငံ၏ ကြားခံအဖြစ် ဆောင်ရွက်ပေးနေသည်ဆိုသော စွပ်စွဲချက်မျိုးသည် အခြေအမြစ်မရှိ ဟုလည်း သူက ထပ်ပြောသည်။

ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှ နာဂလက်နက်ကိုင်များ ထွက်ခွာသွားသည့် စက်တင်ဘာလမှ စတင်၍ လတ်တလော ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများ မြင့်တက်လာခဲ့သည်ဟု အိန္ဒိယအာဏာပိုင်များက ဆိုသည်။ စက်တင်ဘာ ၂၈ ရက် နေ့တွင် အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်ရှိ အိန္ဒိယ လက်နက်ကိုင်အဖွဲ့ များအတွက် ရည်ရွယ်သည့် လက်နက်အမြောက်အမြားကို အိန္ဒိယနယ်ခြားစောင့် တပ်ဖွဲ့များက ကြားဖြတ်တားဆီးခဲ့ပြီး လက်နက်ကုန်သည်များဟု သံသယရှိသူ ၃ ဦးကို ဖမ်းမိခဲ့သည်ဟု အိန္ဒိယ အရာရှိများက ပြောသည်။

တရုတ်နိုင်ငံက အိန္ဒိယ လက်နက်ကိုင်များကို အိန္ဒိယ-မြန်မာနယ်စပ်တ လျှောက်တွင် ပုန်းခိုရန် နေရာများအပါအဝင် လက်နက်များနှင့် ထောက်ပံ့ပို့ဆောင်ရေးများအတွက် အကူအညီပေးနေသည်ဟု တာဝန်ရှိသူများက မှတ်ချက်ပေးသည်။

အိန္ဒိယလက်နက်ကိုင်များသည် ရခိုင်စစ်တပ် (AA) ထံမှ လက်နက် ထောက်ပံ့မှုများ ရရှိနေသည်ဟု ဖမ်းဆီးထားသူများက ရှင်းပြခဲ့ကြောင်း နယူးဒေလီ အာဏာပိုင်များက ပြောသည်။ စစ်တွေဆိပ်ကမ်းမှ ကူမင်းအထိ သွယ်တန်းထားသော စီးပွားရေး စင်္ကြံမှ လမ်းများနှင့် ဓာတ်ငွေ့ပိုက်လိုင်းများကဲ့သို့သော ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ပေးခြင်း အတွက် အတုံ့အလှယ်အနေဖြင့် AA က တရုတ်နိုင်ငံထံမှ ထောက်ပံမှုများ ရရှိသည် ဟုဆိုသည်။

တရုတ်နိုင်ငံက အိန္ဒိယ လက်နက်ကိုင်များကို အိန္ဒိယ-မြန်မာနယ်စပ်တ လျှောက်တွင် ပုန်းခိုရန် နေရာများအပါအဝင် လက်နက်များနှင့် ထောက်ပံ့ပို့ဆောင်ရေးများအတွက် အကူအညီပေးနေသည်ဟု တာဝန်ရှိသူများက မှတ်ချက်ပေးသည်။

အိန္ဒိယပြည်ထဲရေး ဝန်ကြီးဌာနသို့ ဖုန်းခေါ်ဆိုမှုများနှင့် WhatsApp သို့ message များ ပေးပို့၍ မှတ်ချက်တောင်းခံခဲ့သော်လည်း အဖြေမရခဲ့ပါ။ တရုတ်နိုင်ငံ ကူမင်းတွင် ရှိသည်ဟု ယူဆရသော National Socialist Council of Nagaland မှ အကြီးတန်း အဖွဲ့ ဝင်များနှင့် ဆက်သွယ်ရန် ကြိုးစားမှုများမှာလည်း မအောင်မြင်ခဲ့ပါ။

လက်နက်ကိုင် ပြည်သူ့စစ်များ

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသတွင် လက်နက်ကိုင် ပြည်သူ့စစ် အများအပြား လှုပ်ရှားနေပြီး လွတ်လပ်ရေး အတွက် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရရှိရေးအတွက် တိုက်ခိုက်နေကြသည်။ အိန္ဒိယ လက်နက်ကိုင်များသို့ ထောက်ပံ့ရန် တရုတ်နိုင်ငံက မြန်မာန်ိုင်ငံမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို အသုံးပြုနေခြင်း ရှိ မရှိ ကို နိုဝင်ဘာ လ ၆ ရက်နေ့တွင် သတင်းထောက်များက မေးမြန်းခဲ့ရာ အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတဦး က တိုက်ရိုက်ဖြေကြားရန် ငြင်းဆန်ခဲ့သည်။

ပြည်ထဲရေး ဝန်ကြီးဌာန၏ ထိပ်တန်း ဗျူရိုကရက် တဦး ဖြစ်သူ Ajay Bhalla ကမူ “တချို့ လက်နက်ကိုင် အဖွဲ့အစည်းတွေက ပြဿနာရှာနေတဲ့သူတွေပါ။ ဒါပေမယ့် ကျနော်တို့က အခြားသူတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေ ပါတယ်”ဟု ဆိုသည်။ အိန္ဒိယ အမျိုးသားကာကွယ်ရေး ကောလိပ်က ဦးစီး ကျင်းပသည့် အွန်လိုင်း ဆွေးနွေးပွဲ တခုတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာ့တပ်မတော် ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း အီးမေးလ် ဖြင့် မေးမြန်းခဲ့သော မေးခွန်းများကို မဖြေကြား ခဲ့ပါ။ မြန်မာနိုင်ငံက ယခုနှစ် အစောပိုင်း တွင် ရခိုင်စစ်တပ် (AA) ကို အကြမ်းဖက်အဖွဲ့ အစည်းအဖြစ် သတ် မှတ်ခဲ့သော်လည်း ယခုအခါ ဂျပန်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုကြောင့် အပစ်ရပ်ဆဲထားသည်။

သေချာသည်မှာ ဒေသတွင်းမှ လက်နက်ကိုင် အဖွဲ့များသို့ တရုတ်နိုင်ငံ၏ ထောက်ပံ့မှု အဆင့်အတန်းက ၁၉၆၀ နှင့် ၇၀ နှစ်များမှ အဆင့်နှင့် မနီးစပ်သေးပါ။

နိုဝင်ဘာလ ၂၄ ရက်နေ့တွင် အိန္ဒိယတပ်မတော် အကြီးအကဲ Nagaland သို့ ၃ ရက်ကြာ ခရီးစဉ် ရောက်ရှိလာခဲ့ခြင်းက အသစ်ပြန်ဖြစ်လာသော ပဋိပက္ခ၏ ပြင်းအားကို ဖော်ပြနေသည်။ အောက်တိုဘာလ နှောင်းပိုင်းတွင် အိန္ဒိယနှင့်မြန်မာ တပ်ဖွဲ့များက People’s Liberation Army of Manipur အမည်ရှိ အဖွဲ့တခု အပါအဝင် အိန္ဒိယ လက်နက်ကိုင်အဖွဲ့များကို ပစ်မှတ်ထားသည့် ပူးတွဲစစ်ဆင်ရေးများ ပြုလုပ်ခဲ့ကြသည်။ တပြိုင်နက်တည်းမှာပင် မြန်မာ့တပ်မတော်က ၎င်းဘက်ခြမ်း နယ်စပ်ဒေသတွင် ရခိုင်စစ်တပ် (AA) ကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။

သေချာသည်မှာ ဒေသတွင်းမှ လက်နက်ကိုင် အဖွဲ့များသို့ တရုတ်နိုင်ငံ၏ ထောက်ပံ့မှု အဆင့်အတန်းက ၁၉၆၀ နှင့် ၇၀ နှစ်များမှ အဆင့်နှင့် မနီးစပ်သေးပါ။

အိန္ဒိယ၏ ဝေးလံခေါင်သီသော အရှေ့မြောက်ပြည်နယ်များတွင် ၁၉၅၀ နှင့် ၁၉၆၀ နှစ်များအတွင်း လူမျိုးစုများ၏ လက်နက်ကိုင်တော်လှန်မှုများ ပေါ်ပေါက်လာခဲ့ပြီး လက်နက်ကိုင်အဖွဲ့များသို့ လက်နက်ထောက်ပံ့မှုများ ပထမဆုံး ပြုလုပ်ခဲ့သူမှာ အိန္ဒိယ၏ ခါးသီးသောရန်ဘက်ဖြစ်သည့် ပါကစ္စတန် ဖြစ်သည်။

သို့သော်လည်း မကြာမီမှာပင် “လက်နက်ကိုင်တွေ အတွက် လက်နက်ခဲယမ်းတွေ အဓိက ပံ့ပိုးပေးတဲ့သူက တရုတ်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ အများစုကို တရုတ်နိုင်ငံမှာ လေ့ကျင့်သင်ကြားပေးခဲ့တယ်” ဟု ဆွီဒင်သတင်းစာဆရာနှင့် ဒေသအရေး ကျွမ်းကျင်သူ Bertil Lintner က ၂၀၁၂ ခုနှစ်တွင် ထုတ်ဝေခဲ့သော သူ၏ “The Great Game East: India, China and the Struggle for Asia’s Most Volatile Frontier,” အမည်ရှိ စာအုပ်တွင် ရေးသားခဲ့သည်။

“ဒီနေ့မှာတော့ တရုတ်အစိုးရက အဲဒီအဖွဲ့တွေကို ပွင့်ပွင့်လင်းလင်း မထောက်ပံ့ တော့ပါဘူး။ ဒါပေမယ့် သူတို့က တရုတ်ပြည်မှာရှိတဲ့ တရားမဝင် မှောင်ခို (အမှန်တကယ်တော့ တဆင့်ခံနဲ့ ပိုတူပါတယ်) လို့ခေါ်ရမယ့် လက်နက်ဈေးကွက်ကို လက်လှမ်းမီထားခဲ့ပါတယ်” ဟု သူက ထပ်ပြောသည်။

အကျိုးစီးပွား ယှဉ်ပြိုင်မှု

တရုတ်နိုင်ငံက အိန္ဒိယကို ဖိအားပေးရန် တတိယနိုင်ငံ တခုကို အသုံးပြုဖွယ်မရှိပါ။ အဘယ်ကြောင့်ဆိုသော် နယူးဒေလီရှိ ခေါင်းဆောင်များက အလားတူ တုံ့ပြန်ရန် လှုံ့ဆော်ပေးလိမ့်မည် ဖြစ်သောကြောင့်ဟု Xiamen တက္ကသိုလ်မှ အရှေ့ တောင် အာရှ လေ့လာရေး ဆိုင်ရာ သုတေသနကျောင်းမှ ပါမောက္ခ Fan Hongwei ကပြောသည်။

အိန္ဒိယနှင့် တရုတ် ၂ နိုင်ငံလုံးက မဟာဗျူဟာဆိုင်ရာ အကြောင်းရင်းများကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေကြသည်။

“တရုတ်နိုင်ငံအနေနဲ့ ၂ နိုင်ငံ ကြားက အပြန်အလှန် ပြဿနာတွေကို ပိုမို ရှုပ်ထွေးအောင် လုပ်တာထက် စာရင် ပြေလည်အောင် ဖြေရှင်းဖို့ မျှော်လင့်ပါလိမ့်မယ်။ ရှုပ်ထွေးအောင် လုပ်တာက တရုတ်နိုင်ငံ တသမတ်တည်း ကျင့်သုံးခဲ့တဲ့ မူဝါဒ၊ အကျိုးစီးပွားတွေနဲ့ မကိုက်ညီပါဘူး”ဟု သူက ဆိုသည်။

အိန္ဒိယနှင့် တရုတ် ၂ နိုင်ငံလုံးက မဟာဗျူဟာဆိုင်ရာ အကြောင်းရင်းများကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေကြသည်။

တရုတ်နိုင်ငံက ၎င်း၏ တောင်ပိုင်းယူနန်ပြည်နယ်နှင့် ဘင်္ဂလားပင်လယ်အော်ကို ဆက်သွယ်သော ဓာတ်ငွေ့ ပိုက်လိုင်းများနှင့် လမ်းများတွင် ရင်းနှီးမြှုပ်နှံနေသည်။ အဆိုပါရင်းနှီးမြှုပ်နှံမှုများက ၎င်းကို မလေးရှား၊ အင်ဒိုနီးရှားနှင့် စင်္ကာပူတို့ ကြားရှိ မလက္ကာရေလက်ကြားကို ကျော်ဖြတ်ရန်မလိုဘဲ အရေးပါသော တင်သွင်းမှုများ ပြုလုပ်နိုင်စေလိမ့်မည် ဖြစ်သည်။ တချိန်တည်းမှာပင် အိန္ဒိယနိုင်ငံက ဖွံ့ဖြိုးမှုနိမ့်ကျနေသော ၎င်း၏ အရှေ့မြောက်ပိုင်းပြည်နယ်များကို ဘင်္ဂလား ပင်လယ်အော်နှင့် ဆက်သွယ်ပေးနိုင်ရန် ရူပီး ၂၉ ဘီလီယံ (အမေရိကန် ဒေါ်လာ ၂၉၂ သန်း) တန်ဘိုးရှိသော ကုလားတန် ဘက်စုံစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံနေသည်။

‘Modi and the Reinvention of Indian Foreign Policy.’ အမည်ရှိ စာအုပ်ကို ရေးသားခဲ့သည့် သြစတြေးလျနိုင်ငံ Queensland ပြည်နယ်၊ Griffith တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေးဌာန ပါမောက္ခ Ian Hall က “အနာဂတ်မှာ အိန္ဒိယရဲ့ အရှေ့ တောင်အာရှနဲ့ ဆက်သွယ်မှုအတွက် ဒီဒေသက အလွန်အရေးကြီးတာကို တရုတ်နိုင်ငံက သိပါတယ်” ဟု ပြောသည်။ “အဲဒီအပြင် ဒေသလုံခြုံရေးက စိန်ခေါ်မှုများပြီးတော့ အတိတ်မှာဆိုရင် နယူးဒေလီအတွက် အကုန်အကျ အလွန် များခဲ့ပြီးပြီ ဆိုတာကိုလည်း သူတို့က သိပါတယ်။”

(Bloomberg သတင်းဌာနတွင် ဖော်ပြခဲ့သော India Accuses China of Helping Rebel Groups on Myanmar Border ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

နွေးထွေးလာသော ထိုင်ဝမ်-အိန္ဒိယ ဆက်ဆံရေးကြောင့် တရုတ်ခေါင်းကိုက်

အာသံခွဲထွက်ရေး ULFA-I၏ ဒုစစ်ဦးစီးချုပ် အိန္ဒိယတပ်မတော်ထံ လက်နက်ချ

တရုတ် ကူညီခဲ့တဲ့ မြန်မာ-အိန္ဒိယ သူပုန်များ

သမိုင်းထဲက ကသည်းသူပုန်တွေရဲ့ လက်နက်မှောင်ခို လမ်းကြောင်း

Did you find apk for android? You can find new Free Android Games and apps.
Loading