မြန်မာနိုင်ငံနယ်စပ်ဖက်ခြမ်း တာချီလိတ်တွင် အလုပ်လုပ်နေသော ထိုင်းနိုင်ငံသား ၅၀ ခန့်သည် ပိတ်ထားသော နယ်စပ်မှ တရားမဝင်ပြန်လာပြီး ကိုဗစ်-၁၉ သယ်ဆောင်သူများဖြစ်ကြောင်း သိရသောအခါ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်တွင် လူနည်းသွားသော အရောင်းဌာနများ၊ လေကြောင်း ခရီးစဉ်များနှင့် ဟိုတယ်ကြိုတင်မှာကြားမှုများ ပယ်ဖျက်ခြင်း၊ ဖျော်ဖြေရေးစင်တာများတွင် ပိုမိုတင်းကျပ်သည့် ထိန်းချုပ်မှုများ ချမှတ်ခြင်းများဖြင့် ပုံမှန်အခြေအနေသစ် new normal က ဖြစ်လာနေသည်။
ယခုနှစ် မတ်လမှ စတင်ပြီး ချင်းမိုင်သို့ နိုင်ငံခြားသား ဧည့်သည် မလာသလောက်ဖြစ်နေစေကာမူ အစိုးရအထောက်အကူဖြင့် ပေါ်ပေါက်လာသော ပြည်တွင်း ခရီးသွားလုပ်ငန်း တိုးတက်လာခြင်းသည် ဆုံးရှုံးမှု တချို့တဝက်ကို ပြန်လည်ကာမိစေမည်ဟု မျှော်လင့်ခဲ့ကြသည်။ အထူးသဖြင့် ယခုလသည် ဘန်ကောက်နှင့် အခြားဒေသများမှ လူများ မြောက်ပိုင်းဒေသ၏ နှိုင်းယှဉ်ချက်အားဖြင့် အေးသည့် ရာသီဥတုကို လာရောက်ခံစားသည့် ဒီဇင်ဘာဖြစ်သည်။
ထိုသို့မျှော်လင့်ထားသော်လည်း ဟိုတယ်များနှင့် တည်းခိုခန်းများသည် ဘွတ်ကင် ဖျက်သိမ်းမှု ၂၀၀၀ နီးပါး လက်ခံခဲ့ရကြောင်း ထိုင်းဟိုတယ်များ အသင်း၏ အဆိုအရ သိရပြီး ချင်းမိုင်ရှိ ဟိုတယ်များတွင် တည်းခိုမှုနှုန်းမှာ လွန်ခဲ့သော တနှစ်က ၉၀ ရာခိုင်နှုန်းရှိသော်လည်း ယခုအခါ ၆၀ ရာခိုင်နှုန်းသာ ရှိတော့သည်။
ခရီးသွားများနှင့် ထိုင်းအာဏာပိုင်များသည် အလွန်အကျွံ တုံ့ပြန်ခြင်းဖြစ်သည်ဟု ပြောကောင်းပြောနိုင်မည်ဖြစ်သည်။ ချင်းမိုင်နှင့် ချင်းရိုင်ကဲ့သို့သော မြောက်ပိုင်းပြည်နယ်များ ကိုဗစ်-၁၉ ကူးစက်ခံရသူ အရေအတွက်သည် ရာဂဏန်းအနည်းငယ်သာရှိပြီး နိုင်ငံတကာနှုန်းဖြင့်ယှဉ်ပါက လွန်စွာနည်းပါးသည်။
သို့သော် ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ပြန်လည်ဝင်ရောက်လာသူများကြောင့် ဖြစ်ပေါ်လာသည့် ရောဂါကူးစက်မှုသစ်များအပြင် မြန်မာနိုင်ငံနှင့် နီးကပ်နေခြင်းနှင့် ရှည်လျှားပြီး လုံခြုံမှုကင်းမဲ့သည့် နယ်စပ်ရှိနေခြင်းတို့ကြောင့်လည်း ပိုမိုကြီးမားသည့် ကူးစက်မှုလှ်ိုင်းဖြစ်လာမည်ကို စိုးရိမ်စေသည်။
သို့သော် ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ပြန်လည်ဝင်ရောက်လာသူများကြောင့် ဖြစ်ပေါ်လာသည့် ရောဂါကူးစက်မှုသစ်များအပြင် မြန်မာနိုင်ငံနှင့် နီးကပ်နေခြင်းနှင့် ရှည်လျှားပြီး လုံခြုံမှုကင်းမဲ့သည့် နယ်စပ်ရှိနေခြင်းတို့ကြောင့်လည်း ပိုမိုကြီးမားသည့် ကူးစက်မှုလှ်ိုင်းဖြစ်လာမည်ကို စိုးရိမ်စေသည်။
မြန်မာနိုင်ငံတွင် ရောဂါကူးစက်ခံရသော ထိုင်းနိုင်ငံသားများ အားလုံးနီးပါးသည် ထိုင်းနိုင်ငံသား ရာနှင့်ချီပြီး အလုပ်လုပ်နေသည့် ကြီးမားသော ဖျော်ဖြေရေးလုပ်ငန်းရှိသည့် 1G1-7 Hotel တွင် လုပ်ကိုင်သူများ ဖြစ်ပုံရသည်။ ထိုဟိုတယ် ပိုင်ရှင်များသည် လျှို့ဝှက်သော တရုတ်ရင်းနှီးမြှုပ်နှံသူများဖြစ်ကြောင်းနှင့် ထိုတရုတ် ရင်းနှီးမြှုပ်နှံသူများ၏ စီးပွားရေးလုပ်ငန်းများသည် မြန်မာနယ်စပ်မှ ဝေးကွာပြီး ဥပဒေမဲ့သော ထိုဒေသကို လွှမ်းမိုးထားကြောင်းလည်း သတင်းများက ဆိုသည်။
ထိုသို့သော အခြေအနေတွင် ပိုမိုကြီးမားသော ပြဿနာတခုကို မီးမောင်းထိုးပြလာသည်။ ၁၉၆၂ ခုနှစ်တွင် စစ်အာဏာရှင်စနစ်အောက် ကျရောက်သွားချိန်မှ စတင်ပြီး လျစ်လျူရှုထားခံရသည့် မြန်မာနိုင်ငံမှ အရပ်သားပြည်သူများအတွက် ဆေးရုံ၊ ဆေးခန်းများဖြင့် ပြန်လည်နာလန်မထသေးသည့် မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုက ဝမ်းနည်းစရာ အခြေအနေဖြစ်သည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု ၁၀၄၄၈၇ ခုနှင့် သေဆုံးမှု ၂၂၀၁ မှု ရှိပြီး ထိုင်းနိုင်ငံတွင် ကူးစက်မှု ၄၁၈၀ မှုနှင့်သေဆုံးမှု ၆၀ သာရှိသည်။ သို့သော် မြန်မာနိုင်ငံကျန်းမာရေး အာဏာပိုင်များက ထုတ်ပြန်သည့် တရားဝင်စာရင်းများကို ကြည့်ပါကအခြေအနေ ပိုမိုဆိုးရွားကြောင်း ပြသနေသည်။
စီးပွားရေး မြို့တော် ရန်ကုန်နှင့် ပတ်ဝန်းကျင်ဒေသများတွင် ကူးစက်မှု ၇၃၅၂၁ မှုရှိပြီး သေဆုံးမှု ၁၉၃၆ မှုရှိကာ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် မန္တလေးနှင့်ပတ်ဝန်းကျင်ဒေသက ကူးစက်မှု ၈၃၉၀ နှင့် သေဆုံးမှု ၅၈ ခုဖြင့် နောက်မှ လိုက်နေသည်။ အခြားမြို့တမြို့ဖြစ်သော ပဲခူးတွင် ကူးစက်မှု ၆၁၀၈ မှုနှင့် သေဆုံးမှု ၁၁ မှုရှိသည်။ ထိုမှလွဲ၍ အရေအတွက်များမှာ သိသိသာသာ ကွာဟသွားသောကြောင့် ခြေရာခံရှာဖွေခြင်းနှင့် စမ်းသပ်ခြင်းတို့ ကို အဓိက မြို့ပြဒေသများတွင်သာ လုပ်ဆောင်နေကြောင်း ထင်ဟပ်နေပြန်သည်။
စတုရန်းမိုင်ပေါင်း ၁၅၅၈၀၁ ကျယ်ပြီး လူဦးရေ ၅.၈ သန်းရှိသော ရှမ်းပြည်နယ်မှ တရားဝင် စာရင်းများကို ယုံကြည်နိုင်ပါက ကူးစက်မှု ၅၆၂ မှုရှိပြီး သေဆုံးမှု ၂ မှုသာရှိသည်။ အခြားသောတိုင်းရင်းသား ဒေသဖြစ်သည့် ကယားပြည်နယ်ကိုကြည့်ပါက ကူးစက်မှု ၂၄ မှုသာရှိပြီး သေဆုံးမှု မရှိပေ။ ကရင်ပြည်နယ်တွင် သေဆုံးမှု ၃၃၄ မှုရှိပြီး သေဆုံးမှုမရှိဘဲ ချင်းပြည်နယ်တွင် ကူးစက်မှု ၁၃၉ မှုနှင့် သေဆုံးမှု ၁ မှုရှိသည်။
ရှမ်းပြည်နယ်မှ ရောဂါကူးစက်မှုများကို ခွဲခြမ်းလေ့လာပါက တာချီလိတ်တည်ရှိသော ရှမ်းပြည် အရှေ့ပိုင်းတွင် ကူးစက်မှု ၁၁၆ မှုရှိပြီး သေဆုံးမှု မရှိပေ။ သို့သော် နယ်စပ်ကို ခိုးဖြတ်ပြီး ထိုင်းနိုင်ငံသို့ ပြန်လာသူ အားလုံးနီးပါးသည် ချင်းမိုင် သို့မဟုတ် ချင်းရိုင်သို့ ပြန်လည်ရောက်ရှိလာသောအခါ ကူးစက်ခံရပြီးဖြစ်ကြောင်း တွေ့ရသည်။ ထိုသူများအနက် အချို့သည် ထိုင်းနိုင်ငံ ဗဟိုဒေသ ဖရာ၊ ဘန်ကောက်၊ ဖီချစ်၊ ရက်ချာဘူရီနှင့် ဆင်းဘူရီ မြို့များအထိ သွားရောက်ခဲ့ပြီး စစ်ဆေးသောအခါ ရောဂါကူးစက်ခံထားရသူများဖြစ်နေသည်။
နိုင်ငံမြောက်ပိုင်းမှ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ထိုင်းအစိုးရကပြောသော်လည်း အာဏာပိုင်များသည် မြန်မာနယ်စပ်ကို ပိုမိုစောင့်ကြည့်လာသည်မှာ အံ့သြဖွယ်ရာ မဟုတ်ပေ။
နိုင်ငံမြောက်ပိုင်းမှ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ထိုင်းအစိုးရကပြောသော်လည်း အာဏာပိုင်များသည် မြန်မာနယ်စပ်ကို ပိုမိုစောင့်ကြည့်လာသည်မှာ အံ့သြဖွယ်ရာ မဟုတ်ပေ။
တာချီလိတ်မှ ပြန်လာသူ အများစုသည် အမျိုးသမီးများဖြစ်ပြီး ၎င်းတို့အနက်အချို့က ၎င်းတို့နယ်စပ်မှ တောတောင်များကို ဖြတ်သန်းပြန်လာသည့် ပုံများကိုပင် လူမှုကွန်ရက်တွင် တင်ခဲ့သောကြောင့် ရှာဖွေဖေါ်ထုတ်ရသည်မှာ လွယ်ကူသည်။
သို့သော် အခြေတကျတည်ထောင်ထားသော မှောင်ခိုကွန်ရက်များသည် ထိုင်းနိုင်ငံသို့ ပြန်လိုသော ထိုင်းများ၊ မြောက်ကိုရီးယား ဒုက္ခသည်များနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းတွင် အသေးစားလုပ်ငန်းများ လုပ်ကိုင်သော တရုတ်စီးပွားရေးသမားများ နယ်စပ်ဖြတ်ကျော်ရေးကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးနိုင်သည်။
လက်ရှိအချိန်အထိ အောင်မြင်နေသော ထိုင်းနိုင်ငံ၏ ကိုဗစ်-၁၉ ထိန်းချုပ်မှုကို ခြိမ်းခြောက်နေသည်မှာ ရှမ်းပြည်နယ် တခုတည်းသာ မကပေ။ တောင်ပိုင်းတွင် ထိုင်းရေတပ်သည် ဖူးခက်၊ ရနောင်းတို့နှင့် မြန်မာနိုင်ငံအကြား ကျဉ်းမြောင်းသော ရေပိုင်နက်တွင် ပိုမိုကင်းလှည့်နေသည်။
အရှေ့ဖက်တွင် မဲခေါင်မြစ်သည် လာအိုနှင့် နယ်စပ်အများစုကို ဖွဲ့စည်းထားပြီး ထိုနေရာမှ လုံခြုံရေးမှာ ပိုမို လျှော့တိလျှော့ရဲဆန်သည်။ ထိုင်းအာဏာပိုင်များသည် အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံတွင် ရောဂါဖြစ်ပွားမှုကိုလည်း စိုးရိမ်နေကြသည်ဟု ဆိုသည်။ ကမ္ဘောဒီးယားနှင့် ထိုင်းအကြားနယ်စပ်သည်လည်း လွန်စွာလုံခြုံမှု ကင်းမဲ့သောနေရာဖြစ်နေသည်။
ထိုလမ်းကြောင်းများသည် တခါက ထိုင်းနိုင်ငံသို့ အလုပ်ရှာရန်လာရောက်သည့် လူငယ်အများစုပါသော လူထောင်ချီအသုံးပြုခဲ့သည့် လမ်းဟောင်းများပင်ဖြစ်သည်။
ယခုအခါ မြန်မာနိုင်ငံတွင် အလုပ်အကိုင် မရှိခြင်းနှင့် ရောဂါကူးစက်မှု မြန်ဆန်ခြင်းတို့ကြောင့် ထိုင်းနိုင်ငံတွင် နောက်ထပ်လှိုင်းတခုကို ဖြစ်စေသည်။ ထိုလှိုင်းမှာ နေရပ်သို့ ပြန်လာသည့် ကျန်းမာရေး ဒုက္ခသည်များ သို့မဟုတ် ကိုယ့်နိုင်ငံတွင် ရောဂါကူးစက်ခံရပါက လုံလောက်သော စစ်ဆေးမှု ရမည်ဟု မယူဆသော မြန်မာနိုင်ငံသားများ၏ လှိုင်းဖြစ်သည်။
ယခုအခါ မြန်မာနိုင်ငံတွင် အလုပ်အကိုင် မရှိခြင်းနှင့် ရောဂါကူးစက်မှု မြန်ဆန်ခြင်းတို့ကြောင့် ထိုင်းနိုင်ငံတွင် နောက်ထပ်လှိုင်းတခုကို ဖြစ်စေသည်။ ထိုလှိုင်းမှာ နေရပ်သို့ ပြန်လာသည့် ကျန်းမာရေး ဒုက္ခသည်များ သို့မဟုတ် ကိုယ့်နိုင်ငံတွင် ရောဂါကူးစက်ခံရပါက လုံလောက်သော စစ်ဆေးမှု ရမည်ဟု မယူဆသော မြန်မာနိုင်ငံသားများ၏ လှိုင်းဖြစ်သည်။
နိုဝင်ဘာလက မြန်မာနိုင်ငံတွင် ကျင်းပသည့် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် သက်သောင့်သက်သာ အနိုင်ရပြီး ကျန်းမာရေး အကျပ်အတည်းကို ကိုင်တွယ်မည်ဖြစ်ကြောင်း ကတိပြုသည်။ သို့သော် လွန်စွာဆင်းရဲနေပြီးဖြစ်သော နိုင်ငံတွင် ထိုကိစ္စကို မည်သို့ မည်ပုံ မည်သည့်နည်းဖြင့် လုပ်မည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။
ဒီဇင်လာလတွင် ထုတ်ပြန်သည့် အမေရိကန်အခြေစိုက် Brookings Institution ၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကိုင်တွယ်မှု အားနည်းချက် အများအပြားကို ထောက်ပြထားသည်။ မလုံလောက်သော ရောဂါရှာဖွေ စစ်ဆေးမှု စွမ်းရည်၊ ကြိုတင်ပြင်ဆင်မှုမရှိသော ကျန်းမာရေး စနစ်၊ အကျပ်အတည်းကြောင့် ဖြစ်ပေါ်လာသော ဝင်ငွေနှင့် အစားအစာ မလုံလောက်မှု၊ နယ်စပ်ဒေသများတွင် ဖြစ်ပေါ်နေသည့် ပြည်တွင်းစစ် အပါအဝင် ပြည်တွင်း မငြိမ်သက်မှုများကို ထိုအစီရင်ခံစာက ထောက်ပြသည်။
Brookings Institution ၏ အဆိုအရ မြန်မာနိုင်ငံသည် နိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု မစတင်မီကပင် ဒေသတွင်းတွင် အဓိက ကျန်းမာရေး အကျပ်အတည်းများကို ကိုင်တွယ်ရန် ပြင်ဆင်ထားမှု အနည်းဆုံး ဖြစ်နေသည်။ ၂၀၁၈ ခုနှစ်က မြန်မာနိုင်ငံတွင် လူ ၁၀၀၀၀ စီအတွက် ဆရာဝန် ၆.၇ ဦးသာရှိပြီး ကမ္ဘာ့ ပျမ်းမျှဖြစ်သည့် ၁၅.၆ ဦးထက် များစွာလျှော့နည်းနေပြီး လူ ၁၀၀၀၀ စီအတွက် ဆေးရုံကုတင်မှာလည်း ၁၀.၄ ခုသာ ရှိသည်။
၂၀၂၀ ပြည့်နှစ်မတ်လတွင် မြန်မာနိုင်ငံသည် လူ တသိန်းစီ အတွက် အထူးကြပ်မတ်ကုသကုတင် ၀.၇၁ ခုနှင့် အောက်ဆီဂျင်ပေးစက် ၀.၄၆ ခုသာရှိကြောင်း Brookings Institution ကဆိုသည်။ ထိုအချိန်မှ စတင်ပြီး အစိုးရသည် ယာယီဆေးရုံများ၊ သီးခြားခွဲထားရန်နေရာများ၊ ဆေးခန်းများ တည်ဆောက်ခြင်း၊ အောက်ဆီဂျင်ပေးစက်များ ဝယ်ယူခြင်း အထူးကြပ်မတ်ကုသဆောင်များအတွက် ရန်ပုံငွေများ ရှာဖွေခြင်း စသည့် စွမ်းရည်မြှင့်တင်ရန် အစီအစဉ်များဟု ခေါ်သော လုပ်ငန်းများကို လုပ်ကိုင်သည်။ သို့သော် ထိုအားထုတ်မှုများသည်လည်း ကျန်းမာရေး ဝန်ထမ်းမလုံလောက်မှုကြောင့် အရာမထင်ကြောင်း Brookings Institution က ကောက်ချက်ချသည်။
ထိုင်းအမျိုးသမီး ဟိုတယ်အလုပ်သမားများ တာချီလိတ်မှ ပြန်လာခြင်းနှင့် ၎င်း၏ ထိုင်းနိုင်ငံမြောက်ပိုင်း စီးပွားရေး အပေါ် သက်ရောက်မှုသည် မြန်မာနိုင်ငံတွင် ရောဂါကူးစက်မှုနှင့် လျှော့လျှော့ ပေါ့ပေါ့ ဖေါ်ပြနေသော ကျန်းမာရေး အကျပ်အတည်းကို မီးမောင်းထိုးပြနေသည်။
ထိုင်းအမျိုးသမီး ဟိုတယ်အလုပ်သမားများ တာချီလိတ်မှ ပြန်လာခြင်းနှင့် ၎င်း၏ ထိုင်းနိုင်ငံမြောက်ပိုင်း စီးပွားရေး အပေါ် သက်ရောက်မှုသည် မြန်မာနိုင်ငံတွင် ရောဂါကူးစက်မှုနှင့် လျှော့လျှော့ ပေါ့ပေါ့ ဖေါ်ပြနေသော ကျန်းမာရေး အကျပ်အတည်းကို မီးမောင်းထိုးပြနေသည်။
ရောဂါကူးစက်ပြီး ပြန်လာသူများသည် ထိုင်းနိုင်ငံသားများ လတ်တလော ရင်ဆိုင်ရမည့် ပြဿနာ၏ တစွန်းတစသာဖြစ်သည်။ ထိုပြဿနာမှာ လူမှုဖွံ့ဖြိုးမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှု အခြေခံအဆောက်အအုံတွင် ထိုင်းနိုင်ငံထက် ဆယ်စုနှစ်များစွာ နောက်ကျနေရုံသာမက ပြည်တွင်းစစ်မီးတောက်လောင်ပြီး ရာဇဝတ်ဂိုဏ်းများ လွတ်လပ်စွာ သွားလာနေသော နယ်စပ်ဒေသကို ထိန်းချုပ်နိုင်ခြင်း မရှိသော အိမ်နီးချင်းနိုင်ငံပင်ဖြစ်တော့သည်။
(Asia Times ပါ Myanmar’s Covid failure threatens Thailand’s success ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
လိင်၊ မူးယစ်ဆေး၊ လက်နက်နှင့် ကိုဗစ်-၁၉ သို့မဟုတ် ထိုင်း-မြန်မာ တရားမဝင် နယ်စပ်ကုန်သွယ်ရေး
NLD အစိုးရ ဒုတိယသက်တမ်းမှာ နိုင်ငံခြားရေးမူဝါဒ ဘယ်လိုပြောင်းလဲနိုင်သလဲ
တိုင်းရင်းသားဒေသများတွင် တရုတ်သြဇာကြီးထွားမှုက စိုးရိမ်ရသည်
၂၀၂၀ ရွေးကောက်ပွဲက တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည် ပိုမိုနီးစပ်လာစေသည်