၁၉၅၆ ခုနှစ် မတိုင်မီအထိ အပြည်ပြည်ဆိုင်ရာ ကုန်ပစ္စည်းများသည် ကမ္ဘာအရပ်ရပ်သို့ ပို့ဆောင်ရာတွင် ဆိပ်ကမ်း အလုပ်သမားများမှ ကုန်ပစ္စည်းများကို စီစဉ်ထုတ်ပိုးပြီး လူအားဖြင့်သော်လည်းကောင်း၊ ဝန်ချီစက်များ၏ အကူအညီဖြင့်သော်လည်းကောင်း သင်္ဘောကုန်ပေါက်ထဲတွင် ထည့်သွင်းပြီး ပို့ဆောင်ခဲ့ကြရပါသည်။
ထိုကဲ့သို့ ကုန်ပစ္စည်းများကို အချိန်ကြာမြင့်စွာ ထုတ်ပိုးပြီး လူအင်အားဖြင့် ဆိပ်ကမ်းတွင် ရက်ပေါင်းများစွာ ကုန်တင်ကုန်ချလုပ်ခဲ့ရသဖြင့် အချိန်၊ ငွေ၊ လူအင်အား ဖြုန်းတီးခြင်းကို လူအများက စိတ်ပျက်လာကြပြီး Novth Cardina trucking Company မှ Malcon NC Lean ဆိုသူဟာ ကမ္ဘာ့ပထမဆုံး ကုန်သေတ္တာတင် Container သင်္ဘောကို တီထွင်ကြံဆခဲ့ပြီး ၁၉၅၇ ခုနှစ်တွင် ကုန်သေတ္တာ (Container) အလုံး ၂၂၆ လုံးတင်ဆောင်နိုင်ခဲ့သည်။ ကမ္ဘာ့ပထမဆုံး ကုန်သေတ္တာတင် Container Ship ကို တည်ဆောက်ခဲ့ပြီး ကမ္ဘာသယ်ယူပို့ဆောင်ရေး ကဏ္ဍကို ပြောင်းလဲနိုင်ခဲ့ပါသည်။
၁၉၆၀ မှစ၍ Pan America Co. မှ ပို၍ကြီးမားသော ကုန်သေတ္တာတင်သင်္ဘောများကို တည်ဆောက်ခဲ့ပါသည်။ ၁၉၆၈ OCL co မှ ၁၅၃၀ Container တင်နိုင်သော Encounter Bay၊ ၁၉၇၂ Hapag Lloyd Co မှ ၂၉၅၀ Container တင်နိုင်သော Hamburg Express၊ ၁၉၈၈ APL co မှ ၄၅၀၀ Container တင်နိုင်သော Presidant Trueman၊ ၁၉၉၈ Maersk Co မှ ၈၆၈၀ Container တင်နိုင်သော Susan Maersk၊ ၂၀၀၆ တွင် Maersk Co မှ ကုန်သေတ္တာ အလုံးရေ ၁၁၀၀၀ Container တင်နိုင်သော Emma Maersk ကို တည်ဆောက် ခဲခြင်းဖြင့် ကမ္ဘာ့ကုန်သေတ္တာတင်သင်္ဘောသမိုင်းကို မှတ်တိုင်ထူခဲ့ပါသည်။
ယနေ့တွင် MSC (mediteranean Shipping Company) မှ ကုန်သေတ္တာအလုံး ၂၂၀၀၀ တင်ဆောင်နိုင်သော ဧရာမ ကုန်သေတ္တာတင်သင်္ဘောကြီး (Mega Container Ship) က ဦးဆောင်လျက် ရှိပါသည်။
ယနေ့ ခေတ်ရေစီးကြောင်း(Trend) သည် သင်္ဘောကုန်ပစ္စည်းတင်သူများအကြားတွင် အကြီးများဆုံး ပြိုင်ဆိုင်မှုများသို့ ဦးတည်သွားနေပါသည်။ အကြောင်းမှာ ရေယာဉ်ကြီးမားပါက ကုန်သေတ္တာတစ်လုံး၏ ပို့ဆောင်ခ (Shipping cost) ဈေးနှုန်းနိမ့်ခြင်းကြောင့်ဖြစ်သည်။ ရေယာဉ်အမျိုးအစားများ မည်သို့ပင်ကြီးစေကာမူ စီမံခန့်ခွဲရမှု၊ သင်္ဘောသားဝန်ထမ်းဦးရေ ယေဘုယျ ကုန်ကျစရိတ်သည် အကြမ်းအားဖြင့် တူညီနေသောကြောင့်ဖြစ်သည်။
၂၀၁၁ မေလ ၃၁ ရက်နေ့မှာတော့ မြန်မာသင်္ဘောသားလောကအတွက် မှတ်တိုင်တခုအဖြစ် Korea နိုင်ငံ Ulson မြို့ Hundai Heavy Industry သင်္ဘောကျင်းတွင် ကုန်သေတ္တာ ၁၃၄၆၀ အလုံးရေတင်ဆောင်နိုင်သော ဧရာမအရွယ်လွန်ကုန်သေတ္တာ (Container) တင်သင်္ဘော (Mega Container Ship) Maersk Evora ကို Uniteam Marine Ltd မှ Captain မျိုးဇင်မောင်ဦးစီးပြီး တစီးလုံး မြန်မာသင်္ဘောသားများဖြင့် အောင်မြင်စွာ ရေချနိုင်ခဲ့ပါသည်။
၎င်းသင်္ဘောကြီးသည် အလျား 366.43 meter (၁၁၇၂.၆ပေ) အကျယ် 48.26 meter (၁၅၄.၄ပေ)၊ ရေစူ၊ 13.6 meter (၄၃.၅ပေ)၊ စုစုပေါင်းတန်ချိန် ၁၄၁၇၁၆ တန်ရှိပြီး ၊ ခေတ်မှီသော ရေကြောင်းကိရိယာများကို တပ်ဆင်ထားရှိပါသည်။ သင်္ဘော ပိုင်ရှင်မှာ Germany နိုင်ငံမှဖြစ်ပြီး Maersk Line နှင့် Charter ကန်ထရိုက်ချုပ်ဆိုထားခဲ့ပါသည်။
ကုန်သေတ္တာများကို ကုန်းပတ် (Deck) ပေါ်တွင် ၈ ထပ်တိုက်အမြင့်ထိ တင်ဆောင်နှင်ပြီး သင်္ဘောဝမ်းဗိုက် (Under deck, Cargo Hold) ထဲတွင်လည်း ကုန်သေတ္တာအမြင့် ၁၀ ထပ်ထိ ထည့်နိုင်ပါသည်။ ညဖက်သင်္ဘောကြီးအား မီးများထွန်းညှိထားပြီး ပင်လယ်ထဲမှ အဝေးမှလှမ်းကြည့်လိုက်လျှင် ကျွန်းကြီးတစ်ခုအလား ထင်မှတ်ဖွယ်ဖြစ်နေပါသည်။
သင်္ဘောစက်ခန်း Engine room မှာ သာမာန် သင်္ဘောတွင် လူနေခန်း Accodomation အောက်တည့်တည့်တွင် ရှိပါသည်။ ယခုသင်္ဘောတွင် လူနေခန်းအောက်တည့်တည့် မှ နောက်ဖက် မီတာ ၂၀၀ (၆၅၇ ပေ) အကွာတွင်ရှိသည်။ ညအချိန် အရေးပေါ် အခြေအနေတွင် အင်ဂျင်နီယာ များ အင်ဂျင်ခန်းသွားရန် ၁၅ မိနစ်ခန့် အချိန်ယူရပါသည်။ အရေးပေါ် အခြေအနေအတွက် အင်ဂျင်ခန်းပေါ်တွင် လူနေခန်း အနည်းငယ် ထည့်သွင်းတည်ဆောက်ထားပါသည်။
လျှပ်စစ် အင်ဂျင်နီယာများအတွက်လည်း စိန်ခေါ်မှုအသစ်တွေ အများကြီးရှိပါသည်။ သာမာန်သင်္ဘောတွင် ၄၄၀ Voltage ဖြစ်သော်လည်း Mega Container သင်္ဘောတွင် ၆၆၀၀Voltage ဖြစ်ပါသည်။
သင်္ဘောမောင်းနှင်သော Deck Officers များသည်လည်း သာမာန် သင်္ဘောတွင် သင်္ဘောမောင်းနှင်ခန်း ( Bridge) ရှေ့ ကြည့် မောင်းနှင်ရပါသည်။
Mega Container သင်္ဘောများတွင် သင်္ဘောမောင်းခန်းသည် သင်္ဘော၏ midship အလည်ခန့်လောက်တွင် တည်ရှိသဖြင့် သင်္ဘောမောင်းခန်း နောက်ဖက်တွင် မီတာ ၂၆၆ ( ၈၇၃ပေ )ခန့် သင်္ဘောအလျား ကျန်ရှိသောကြောင့် Deck Officers များအတွက် သင်္ဘော မောင်းရာတွင် အရှေ့အပြင် အနောက်ဘက်ကိုလည်း အမြဲသတိဖြင့်မောင်းရပါသည်။
မြန်မာ Deck Officer များအတွက် Uniteam Marine မှ သင်္ဘောမတက်ခင် Uniteam training center ဧ။် Simulator room တွင် ရက်ပေါင်းများစွာ လေ့ကျင့်ခဲ့ပါသည်။
Uniteam Marine Company ၏ ရည်မှန်းချက်များအရ Uniteam Marine မှသင်္ဘောသားများ၏ လုပ်ငန်းကျွမ်းကျင် ခေတ်မှီ နည်းပညာများတိုးတက်စေရန် မိမိတို့ သင်္ဘောသားများအား ထပ်ပီး ကျွမ်းကျင် Value Added Skills များဖြင့် သင်္ဘောသားများ သွားရောက် တာဝန်ထမ်းဆောင် ကြရမည်။ သင်္ဘောကြီးများ ပုံစံများအတိုင်း ပိုမိုကျွမ်းကျင်စေရန် ထပ်ဆောင်း သင်တန်းများကို Uniteam Training Center မှ လေ့လာသင်ကြားကာ သင်္ဘောကြီးများပေါ်သို့ တာဝန်ထမ်းဆောင်စေခဲ့ ပါသည်။
Maersk Evora သည် ပထမဆုံးခရီးစဉ် (maiden voyage) အဖြစ် အာရှတိုက်မှ ကုန်သေတ္တာများကို တင်ဆောင်ကာ ဆူးအက်တူးမြောင်းဖြတ်ပြီး ဉရောပတိုက်ရှိ နိုင်ငံမြို့များသို့ စတင်ကုန်သွယ်ခဲ့ပါသည်။ ၎င်းသင်္ဘောပိုင်ရှင်သည် US သန်းပေါင်းများစွာတန်လှသော သင်္ဘောကြီးအား မြန်မာလူမျိုးသင်္ဘောသားတစုကို ယုံကြည်စွာဖြင့် တာဝန်ပေးခဲ့ခြင်းမှာ မြန်မာသင်္ဘောသားများ၏ တာဝန် ကြိုးစားအားထုတ်မှုများ စသော စွမ်းဆောင်ရည်များကို ကြိုတင်နှစ်သက်ခဲ့ခြင်း ကြောင့်ပင်ဖြစ်သည်။
ထို့ကြောင့် Uniteam Marine Ltd အုပ်ချုပ်မှုအောက်တွင် ဆက်လက်ပြီး ဧရာမကုန်သေတ္တာတင် (Mega Container Ship) များဖြစ်သော Maersk Essex, Maersk Essen, Maersk Eindhoven ကို အစဉ်လိုက် တာဝန်ယူမောင်းနှင် စေခဲ့ပါသည်။
သင်္ဘောကြီးများ ရောက်လေရာ ဆိပ်ကမ်းများတွင်လည်း ၎င်းနိုင်ငံများမှ အကြီးအကဲများမှ သင်္ဘောပေါ်သို့ လာရောက်လည်ပတ်ကာ လေ့လာခဲ့ကြပြီး မြန်မာသင်္ဘောသားများ၏ စွမ်းဆောင်ရည်များကိုလည်း ချီးကျူးဂုဏ်ပြုခဲ့ကြသည်မှာ မှတ်တမ်းများအရ သိရှိခဲ့ရပါသည်။ ဤသည်မှာ Uniteam Marine ၏ Motto တစ်ခုဖြစ်သော ‘Success Through Team Work’ ‘ပူးပေါင်းဆောင်ရွက်မှုများမှသည် အောင်မြင်ခြင်းသို့’ ဆိုသောဆောင်ပုဒ်အတိုင်း မြန်မာသင်္ဘောသားများ၏ စုပေါင်း ဆောင်ရွက်မှုရလာသော အကျိုးအမြတ်အသီးအပွင့်များပင်ဖြစ်ပေသည်။
သို့ဖြစ်ပါ၍ မြန်မာ့ရေကြောင်းလောက၏ ဂုဏ်ကို ဆောင်ခဲ့သော စွမ်းဆောင်ရည်မြင့်မားလှသော ဤ Mega Container Ship များကို ဦးဆောင်တာဝန်ယူထမ်းဆောင်ခဲ့သော Captain မှသည် အခြားအဆင့် မြန်မာသင်္ဘောသားများနှင့်တကွ အခြား သော ပင်လယ်ပြင်၌ စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်လျက်ရှိနေကြသော နိုင်ငံဂုဏ်ဆောင် မြန်မာ့ပင်လယ်ကူးသင်္ဘောသားများကို အစဉ်ဦးညွတ်လျက် ဤဆောင်းပါးအား ဂုဏ်ပြုရေးသားလိုက်ရပါသည်။
(Sponsored ဆောင်းပါး ဖြစ်ပါသည်။)