• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

၂၀၂၀ ခုနှစ်၏ ကြယ်တာရာများ

by ဧရာဝတီ
28 December 2020
in ဆောင်းပါး
A A
၂၀၂၀ ခုနှစ်တွင် အတောက်ပဆုံး အနုပညာရှင်များကို ဧရာဝတီ Lifestyle သတင်းအဖွဲ့က ရွေးချယ် ဂုဏ်ပြု ဖော်ပြအပ်ပါသည်။

၂၀၂၀ ခုနှစ်တွင် အတောက်ပဆုံး အနုပညာရှင်များကို ဧရာဝတီ Lifestyle သတင်းအဖွဲ့က ရွေးချယ် ဂုဏ်ပြု ဖော်ပြအပ်ပါသည်။

8.1k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာ့ကပ်ရောဂါ COVID-19 ရဲ့ ရိုက်ခတ်မှု ဒဏ်ကို ခံခဲ့ရတဲ့ ၂၀၂၀ ခုနှစ်ဟာ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ရုပ်ရှင်၊ ဂီတ၊ ဖျော်ဖြေရေးနယ်ပယ်အားလုံး၊ စီးပွားရေးလုပ်ငန်းများရဲ့ ဖွံ့ဖြိုး တိုးတက်မှုတို့ကို နှောင့်နှေး ရပ်တန့်စေခဲ့ပါတယ်။ သို့ပေမယ့်လည်း ကမ္ဘာ့နိုင်ငံ အသီးသီးမှာရှိတဲ့ ပညာရှင်တွေဟာ ကိုဗစ် ကာကွယ်ဆေးအတွက် လုံးပမ်းနေကြပြီး နယ်ပယ်အသီးသီးမှ ပညာရှင်များ၊ အနုပညာနယ်ပယ်မှ အနုပညာရှင်များ၊ ဖျော်ဖြေရေးသမားများကလည်း ကိုဗစ်နဲ့ ပတ်သက်တဲ့ အကျိုးပြုလုပ်ငန်းတွေ၊ အသိပညာပေးမှုတွေမှာ ပါဝင်ကူညီ အားဖြည့်ပေးနေကြတာကို တွေ့ရပါတယ်။

COVID-19 ကမ္ဘာ့ ကပ်ရောဂါကြောင့် ဖျော်ဖြေရေး လုပ်ငန်းတွေ ရပ်နားထားရချိန်မှာ လူမှုကွန်ရက် မီဒီယာတွေက တဆင့် ပရိသတ်တွေကို Live တင်ဆက်ကာ၊ Virtual ဖျော်ဖြေမှုနဲ့ တင်ဆက်မှုတွေဟာ ၂၀၂၀ ခုနှစ်မှာ ပိုပြီး Trend ဖြစ်လာခဲ့ပါတယ်။ အဲဒီထဲကမှ ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ် ဖျော်ဖြေမှု ပြုလုပ်နိုင်ခဲ့သူများ၊ ကိုဗစ် အကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်နေကြသူများ၊ ၂၀၂၀ ထိ တိုင်အောင် အောင်မြင်မှု မှတ်တိုင်များ စိုက်ထူနေကြတဲ့ အနုပညာရှင်များကို ဧရာဝတီ Lifestyle သတင်းအဖွဲ့မှ ၂၀၂၀ ခုနှစ်၏ အတောက်ပဆုံး ကြယ်တာရာများအဖြစ် ရွေးချယ် ဂုဏ်ပြု ဖော်ပြလိုက်ပါတယ်။

RelatedPosts

မောင်းသူမဲ့ Waymo Robotaxi တွေ မိုင်ပေါင်း သန်း ၁၀၀ ကျော် ခရီးဆန့်ပြီးပြီ ဆိုပဲ

မောင်းသူမဲ့ Waymo Robotaxi တွေ မိုင်ပေါင်း သန်း ၁၀၀ ကျော် ခရီးဆန့်ပြီးပြီ ဆိုပဲ

20 July 2025
0
ဖားကန့်မြို့

ဖားကန့်မြို့

20 July 2025
106
ထိုင်းနိုင်ငံရေးနဲ့ ရှင်နာဝပ်မျိုးဆက်တို့ အလှမ်း‌ဝေးလာ

ထိုင်းနိုင်ငံရေးနဲ့ ရှင်နာဝပ်မျိုးဆက်တို့ အလှမ်း‌ဝေးလာ

19 July 2025
599

စိုင်းစိုင်းခမ်းလှိုင် (အဆိုတော်၊ သရုပ်ဆောင်)

မြန်မာနိုင်ငံမှာ အောင်မြင်မှုကို အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားနိုင်တဲ့ အနုပညာရှင်လို့ ပြောလိုက်ရင် စိုင်းစိုင်းခမ်းလှိုင်လို့ မြင်ကြမှာပါ။ အခု ၂၀၂၀ မှာဆိုရင်လည်း သူ့ရဲ့ဂီတသက်တမ်းဟာ နှစ် ၂၀ ရှိနေပြီ ဖြစ်ပါတယ်။

 

၂၀၂၀ ခုနှစ်ရဲ့ နှစ်အစပိုင်းမှာ သူ့ရဲ့ “ပိတောက်ကတဲ့ဂီတ” ရုပ်ရှင်ကို ရုံတင်ပြသခဲ့ပြီး ရုံတင်ပြီး သိပ်မကြာခင်မှာပဲ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ပြန့်ပွားလာတာကြောင့် ရုပ်ရှင်ရုံများကို ပိတ်လိုက်ရပြီး သူ့ရုပ်ရှင်လည်း ပြသမှု ရပ်နားလိုက်ရပါတယ်။ ပြသခဲ့တဲ့ အချိန်ကာလ တိုတောင်းခဲ့ပေမယ့် အောင်မြင်မှုတခု ရခဲ့တဲ့ ရုပ်ရှင်ကားတကားလို့လည်း ပြောလို့ရပါတယ်။

ဒီလိုနဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ နှစ်စဉ် ကျင်းပနေတဲ့ သူ့ရဲ့ မွေးနေ့ရှိုးပွဲ ပြသမယ့်အချိန်ကို ရောက်လာတော့လည်း နှစ်စဉ် ကျင်းပခဲ့သလို ပရိသတ် အများကြီးနဲ့ တွေ့ဆုံပြီး ကျင်းပလို့ မရတော့တာကြောင့် UAB ဘဏ်နဲ့အတူ လက်တွဲပြီး “Sai Sai Pay” ဆိုတဲ့ Application ကိုပြုလုပ်ကာ အဆိုပါ Application မှတဆင့် “Sai Sai Birthday Show in Bedroom” ကို ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ “Sai Sai Birthday Show in Bedroom” က ရရှိခဲ့သမျှ အကျိုးအမြတ်များကိုလည်း COVID 19 ရောဂါကုသရေး ကိစ္စရပ်များအတွက် အကုန်လုံးကို ပြန်လည် လှူဒါန်းခဲ့ပါတယ်။ ထပ်မံပြီးတော့လည်း ကိုဗစ်ကာလမှာ အခက်အခဲများနဲ့ ကြုံတွေ့နေရတဲ့ လူတိုင်းအတွက် ရည်ရွယ်ထားတဲ့ “ကမ္ဘာမြေသီချင်း” ကိုလည်း ကိုယ်တိုင်ရေးသားခဲ့ပြီး အဆိုတော်အယောက် ၂၀ နဲ့အတူ ပူးပေါင်းဖန်တီးခဲ့ပါတယ်။

 

Forbes Asia ကနေ ထုတ်ပြန်ခဲ့တဲ့ ဒစ်ဂျစ်တယ် ကမ္ဘာကြီးထဲမှာ စွမ်းအားပြည့် လှုပ်ရှားခဲ့ကြတဲ့ အာရှပစိဖိတ်ဒေသ တခွင်မှ အဆိုတော်၊ အဖွဲ့၊ ရုပ်ရှင်နဲ့ ရုပ်သံစတား ၁၀၀ စာရင်းထဲမှာလည်း စိုင်းစိုင်းခမ်းလှိုင် ပါဝင်ခဲ့ပါတယ်။

ဒီဇင်ဘာလအတွင်းမှာလည်း တောင်ကိုရီးယားနိုင်ငံမှ နာမည်ကြီး အမျိုးသမီးအဆိုတော် အဖွဲ့တဖွဲ့ ဖြစ်တဲ့ 2NE1 အဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်း Park Bom နဲ့အတူ Red Light ဆိုတဲ့ သီချင်းတပုဒ်ကို Collaboration လုပ်ခဲ့ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၀၀ ခုနှစ်က “ချောကလက်ရောင် ရေခဲအိပ်မက်” ဆိုတဲ့ တကိုယ်တော်အခွေ စတင် ထွက်ရှိခဲ့ပြီး နောက်ဆုံးထွက်ထားတဲ့ “Sai Sai is Sai Sai” အထိ ပရိသတ်များ အားပေးမှု မလျော့ခဲ့တဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ဟာ Frenzo Production မှာ ဂီတနယ်ပယ်မှ Rapper များ၊ လူငယ်ဂီတသမားများနဲ့ အတူလည်း လက်တွဲလုပ်ကိုင်လျက် ရှိပါတယ်။

ဂီတ၊ သရုပ်ဆောင်အလုပ်များအပြင် စီးပွားရေးအနေနဲ့လည်း Sai Cosmetix နာမည်နဲ့ အလှကုန်ပစ္စည်းများကို ထုတ်လုပ် ရောင်းချနေတဲ့ စီးပွားရေးလုပ်ငန်းရှင် တယောက်လည်း ဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်က စာရေးတဲ့အလုပ်ကို ခုံမင်ပြီး လုံးချင်းဝတ္ထု နှစ်အုပ်ကို ကိုယ်တိုင်ရေးသား ထုတ်ဝေခဲ့ပါသေးတယ်။ ဒါတွေကတော့ “ကံကိုဆွဲ၍ မှုန်းသီခြယ် မင်ရည်ကျဲ၏ မကျဲ၏” နဲ့ “စက္ကူငှက်” စတဲ့ ဝတ္ထုတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင်လည်း ဂျာနယ်၊ မဂ္ဂဇင်းတွေမှာလည်း အလျဉ်းသင့်သလို ဝတ္ထုတို ကဗျာတို့ကို ရေးသားလေ့ ရှိပါတယ်။

ဝတ်မှုန်ရွှေရည် (ထပ်ဆင့်အကယ်ဒမီ သရုပ်ဆောင်)

ပရိသတ်တွေက ချစ်စနိုးနဲ့ “ကစ်”လို့ ခေါ်ကြတဲ့ မင်းသမီး ဝတ်မှုန်ရွှေရည်ဟာ ၂၀၀၉ ခုနှစ်ကတည်းက အနုပညာ လောကထဲကို ဝင်ရောက်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ အနုပညာသက်တမ်းဟာလည်း ဆယ်စုနှစ် တစုကျော်ကြာပြီ ဖြစ်ပါတယ်။

သရုပ်ဆောင် ဝတ်မှုန်ရွှေရည်ဟာ ၂၀၂၀ ခုနှစ်အတွင်းမှာ Forbes Asia ကနေ ထုတ်ပြန်တဲ့ အာရှပစိဖိတ် ဒေသတခွင်မှ အဆိုတော်၊ အဖွဲ့၊ ရုပ်ရှင်နဲ့ ရုပ်သံစတား “Digital Stars” အယောက် ၁၀၀ စာရင်းမှာ ဖော်ပြခံရပါတယ်။ အဲဒီစာရင်းမှာ မြန်မာနိုင်ငံမှ စိုင်းစိုင်းခမ်းလှိုင်နဲ့အတူ ဝတ်မှုန်ရွှေရည်တို့ နှစ်ဦး ဖော်ပြခံရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဝတ်မှုန်ရွှေရည်ဟာ ပြီးခဲ့တဲ့နှစ်ကလည်း ထိုင်းဒါရိုက်တာ Chatchai Katenut ရိုက်ကူးတဲ့ “The Only Mom” (လိပ်ပြာစံအိမ်) ရုပ်ရှင်မှာ ပါဝင်ခဲ့ပြီး အဲဒီရုပ်ရှင်ကားဟာ စင်ကာပူနိုင်ငံရဲ့ အာရှအကယ်ဒမီ ဖန်တီးမှုဆိုင်ရာ ဆုပေးပွဲမှာ “အကောင်းဆုံး မင်းသမီးဆု” အတွက် လျာထားခံခဲ့ရပါတယ်။

ဝတ်မှုန်ရွှေရည်ဟာ ၂၀၁၉ ခုနှစ်အတွင်းကလည်း တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ပြုလုပ်ခဲ့တဲ့ “Asia Model Festival 2019” မှာ “Asia Special Award” ဆု ရရှိခဲ့ပါသေးတယ်။

သရုပ်ဆောင်ပိုင်းမှာသာမက ဖက်ရှင်နဲ့ အလှအပရေးရာမှာလည်း ထိပ်တန်း ရောက်နေတဲ့ ဝတ်မှုန်ရွှေရည်ဟာ နိုင်ငံတကာ အဝတ်အစား ဖက်ရှင်အမှတ်တံဆိပ် Emporio Armani နဲ့ ၂၀၂၀ ခုနှစ်အတွင်း Collaboration လုပ်ခဲ့ပါတယ်။

ဝတ်မှုန်ရွှေရည်ဟာ ၂၀၁၈ ခုနှစ်အတွင်းကလည်း Loreal Paris Myanmar အလှကုန် အမှတ်တံဆိပ် ကိုယ်စားပြုအနေနဲ့ “Paris Fashion Week 2018” ပွဲကို Beauty Blogger နေခြည်ဦးနဲ့အတူ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ကို သွားရောက်ခဲ့ပါသေးတယ်။

ကိုဗစ်ကာလ အတွင်းမှာလည်း ဝတ်မှုန်ရွှေရည်က လှူဒါန်းမှုများစွာ ပြုလုပ်နေပြီး နွမ်းပါးတဲ့ ရုပ်ရှင်လောကသားများ၊ သက်ကြီးရွယ်အိုများ၊ ကိုဗစ်ကုသရေးအတွက် လိုအပ်သော နေရာများ စတဲ့ နေရာတွေမှာ ကိုယ်တိုင် သွားရောက် လှူဒါန်းခဲ့သူ ဖြစ်ပါတယ်။ ကိုဗစ် ဒုတိယလှိုင်းမှာလည်း သူကိုယ်တိုင် သူ့ Team နဲ့အတူ ချုပ်လုပ်ထားတဲ့ Mask တွေကို လိုအပ်တဲ့ နေရာတွေမှာ လှူဒါန်းခဲ့ပါတယ်။

ဝတ်မှုန်ရွှေရည်ဟာ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားပေါင်းများစွာ ရိုက်ကူးထားပြီး ၂၀၁၃ ခုနှစ်က ဒါရိုက်တာ ဝိုင်း ရိုက်ကူးတဲ့ “နင်စေရင်” ရုပ်ရှင်ကားနဲ့ “အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု”၊ ၂၀၁၄ ခုနှစ်က “နှလုံးသားဖြင့် ပြုလုပ်သည်” ရုပ်ရှင်ကားနဲ့ “အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု” တို့ ရရှိထားသူ ဖြစ်ပါတယ်။

ထက်ထက်မိုးဦး (ထပ်ဆင့်အကယ်ဒမီ သရုပ်ဆောင်)

လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ စုကျော် ကြော်ငြာခေတ်၊ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကား ခေတ်တွေမှာ ကတည်းက ပရိသတ်ရဲ့ အားပေးချစ်ခင်မှု များစွာ ရရှိခဲ့တဲ့ ထပ်ဆင့်အကယ်ဒမီ သရုပ်ဆောင် ထက်ထက်မိုးဦးဟာ ယခုနှစ် ၂၀၂၀ ခုနှစ်မှာလည်း လူမှုကွန်ရက် Facebook စာမျက်နှာမှာ အွန်လိုင်း Live Sale များဖြင့် ပရိသတ်ရဲ့ အားပေးမှုကို တဖန် ပြန်လည် ရရှိခဲ့ပါတယ်။

ကိုဗစ်ကာလအတွင်းမှာ Facebook ကနေ Live လွှင့်ရောင်းချတဲ့ ဈေးကွက်တခု ယခင်ကထက် ပိုမို ရေပန်းစားလာခဲ့ပြီး အဲဒီထဲမှာမှ အနုပညာရှင်တွေ Live လွှင့် ဈေးရောင်းကြတဲ့ Trend ဟာ ကြည့်ရှုသူ ပိုများပြီး ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို ပိုရှိစေပါတယ်။

အဲဒီလို Live လွှင့်ကြသူတွေထဲမှာ “ထက်ထက်”လို့ အများက ချစ်စနိုးခေါ်ကြတဲ့ မင်းသမီး ထက်ထက်မိုးဦးရဲ့ Live လွှင့် ရောင်းချမှုက ကြည့်ရှုသူ အများဆုံးနဲ့ အားပေးမှုက ထိပ်တန်း ရောက်ခဲ့ပါတယ်။

ကြော်ငြာခေတ်မှာလည်းက ကုန်ပစ္စည်း အမှတ်တံဆိပ် ကြော်ငြာ ထောင်ပေါင်းများစွာ ရိုက်ကူးခဲ့ရတဲ့ မင်းသမီး ထက်ထက်မိုးဦးဟာ “ကြော်ငြာဘုရင်မ”လို့လည်း တင်စားခံခဲ့ရသူပါ။ ဘဝရဲ့ အချိုးအကွေ့ပေါင်းများစွာ ကြုံဆုံခဲ့ရတဲ့ ထက်ထက်မိုးဦးက ယခင်က လူမှုကွန်ရက် မီဒီယာ သုံးစွဲခြင်း မရှိခဲ့ပေမယ့် ယခုနှစ်ဦးပိုင်းမှာတော့ Facebook Page စတင် သုံးစွဲကာ ပရိသတ်နဲ့ ထိတွေ့မှု ရှိလာခဲ့ပါတယ်။

ထက်ထက်မိုးဦးကတော့ ပထမ ကနဦးပိုင်းမှာ စိန်ရွှေ ကျောက်မျက် ရတနာများကိုသာ အဓိက Live လွှင့် ရောင်းချခဲ့ပြီး နောက်ပိုင်းမှာတော့ ကားများ၊ အိမ်များ၊ အလှကုန်ပစ္စည်းများ၊ လူသုံးပစ္စည်းများကိုလည်း အွန်လိုင်းကနေ Live Sale ရောင်းချခဲ့ပါတယ်။

ထက်ထက်မိုးဦး ကြော်ငြာကာ ရောင်းချပေးတဲ့ ကုန်ပစ္စည်းတိုင်းဟာ ဝယ်ယူသူ အများအပြား ရှိခဲ့ပြီး သူ့ချစ်စဖွယ် အမူအရာအကြောင့် ကြည့်ရှုသူတွေလည်း များပြားခဲ့ပါတယ်။

၂၀၂၀ ဇူလိုင်လအတွင်းမှာတော့ ဖခင်ဖြစ်သူရဲ့ ကျန်းမာရေးကြောင့် စိတ်ထိခိုက်မှုတွေ ရှိခဲ့ရတဲ့ ထက်ထက်မိုးဦးဟာ ဖခင် ကွယ်လွန်သွားပြီးတဲ့နောက်မှာလည်း စိတ်ဓာတ်မကျဘဲ အလုပ်ပေါ် စိတ်နှစ်ကာ ပရိသတ်နဲ့ ထိတွေ့ခွင့်ရတဲ့ အလုပ်တွေကို ပြန်လည် လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

ကိုယ်တိုင်လည်း ကျန်းမာရေး ဂရုစိုက်နေရတဲ့ ထက်ထက်မိုးဦးဟာ သူအလုပ်နားတဲ့ ရက်တွေမှာလည်း သူ့ဘဝအကြောင်း ပရိသတ်ကို ပြောပြချင်တဲ့အတွက် “မှုံရွှေရည်မှသည် အကယ်ဒမီ ထက်ထက်မိုးဦး”ဆိုတဲ့ ခေါင်းစဉ်နဲ့ သူ့ဘဝ အကြောင်းအရာအချို့ကို ရေးသား ပြောပြခဲ့ပါတယ်။

အသက် ၁၆ နှစ်အရွယ်ကတည်းက မင်းသမီး စလုပ်ခဲ့တဲ့ ထက်ထက်မိုးဦးဟာ ဇာတိမြေ မိုးကုတ်မြို့ကို စွန့်ခွာကာ ရန်ကုန်မြို့ကြီးမှာ ရပ်တည်ခဲ့တာ ၃၆ နှစ် ရှိပြီလို့ ဆိုထားပါတယ်။ ထက်ထက်မိုးဦးဟာ ၁၉၉၆ ခုနှစ်မှာ “ပန်းသခင်” ရုပ်ရှင်ကား၊ ၂၀၀၁ ခုနှစ်မှာ “သမီးမိုက်” ရုပ်ရှင်ကားတို့နဲ့ အကယ်ဒမီ ၂ ဆု ရရှိထားသူ ဖြစ်ပါတယ်။

ဖွေးဖွေး (ထပ်ဆင့်အကယ်ဒမီ သရုပ်ဆောင်)

လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းက သရုပ်ဆောင်လောကထဲ ရောက်နေခဲ့တဲ့ ထပ်ဆင့်အကယ်ဒမီ သရုပ်ဆောင် ဖွေးဖွေးဟာ ယခုနှစ်ထဲမှာ တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ပြုလုပ်ခဲ့တဲ့ “Asia Model Festival 2020” ပွဲမှာ “Asia Special Award” ဆုကို ရရှိခဲ့သူ ဖြစ်ပါတယ်။

ဖွေးဖွေးဟာ ၂၀၁၉ ခုနှစ်အတွင်းက ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးတဲ့ “သူစိမ်းအိမ်” ရုပ်ရှင်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး၊ အဲဒီ ရုပ်ရှင်ကားဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပရိသတ်တွေကြားမှာ အထူး အောင်မြင်မှု ရရှိခဲ့ပါတယ်။ ဒါ့အပြင် အဲဒီရုပ်ရှင်ဟာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာပါ ပြသခွင့်ရခဲ့ပြီး နိုင်ငံတကာ ရုပ်ရှင် ဆုပေးပွဲတွေမှာလည်း ဆန်ခါတင်ဆု ရွေးချယ်ခံခဲ့ရပါတယ်။

ထပ်ဆင့်အကယ်ဒမီ ဖွေးဖွေးဟာ “လက်ပံ” ၊ “ကျွန်မက နှင်းဆီပါမောင်” ၊ “ရွှေကြာ”စတဲ့ ရုပ်ရှင်ကားများနဲ့ အကယ်ဒမီဆုများ ရရှိထားသူ ဖြစ်ပါတယ်။ ဖွေးဖွေးဟာ သရုပ်ဆောင် ဝတ်မှုန်ရွှေရည်နဲ့ ညီအစ်မ ဝမ်းကွဲ တော်စပ်သူလည်း ဖြစ်ပါတယ်။

သရုပ်ဆောင်ပိုင်းတင်သာမက ဂီတပိုင်းမှာကို ဝါသနာပါတဲ့ ဖွေးဖွေးက ဆယ်ကျော်သက်အရွယ်မှာ “Art Of Depression” အဖွဲ့နဲ့ သီချင်းတွေ သီဆိုခဲ့ဖူးသူပါ။ ဒါ့အပြင် ဖွေးဖွေးက သူ့တကိုယ်တည်းအနေနဲ့ Oopsie Eyes ဆိုတဲ့ နာမည်နဲ့ သီချင်းတွေ သီဆိုနေသူပါ။

ဖွေးဖွေးက ကိုဗစ်ကာလအတွင်း ဇာတ်ကားရိုက်ကူးမှု ရပ်နားထားချိန်မှာ တေးရေး ထွန်းနောင်ဆင့် ရေးသားထားတဲ့ “ငါ့ကမ္ဘာထဲ” ဆိုတဲ့ အဆွေးသီချင်း တပုဒ်ကို အွန်လိုင်းကနေ တင်ဆက်ခဲ့ပါတယ်။

ကိုဗစ်ကာလအတွင်းမှာလည်း ဖွေးဖွေးက လှူဒါန်းမှုများစွာ ပြုလုပ်ခဲ့ပြီး အမေများအဖွဲ့၊ ကိုလူချောအဖွဲ့တို့ကို ရုပ်ရှင်အစည်းအရုံးမှာ သွားရောက် လှူဒါန်းခဲ့ပါတယ်။ ဖွေးဖွေးက ကုန်ပစ္စည်း အမှတ်တံဆိပ်များစွာရဲ့ သံတမန်အနေနဲ့လည်း ခန့်အပ်ခြင်း ခံရပြီး နာမည်ကြီး စမတ်ဖုန်း အမှတ်တံဆိပ် “Samsung” ၊ အလှကုန် အမှတ်တံဆိပ် “Pond’s” တို့ရဲ့ Brand Ambassador လည်း ဖြစ်ပါတယ်။

“ရွှေရည်ကိုဦး” ဆိုတဲ့ နာမည်နဲ့ မော်ဒယ်အဖြစ် စတင် လုပ်ကိုင်ခဲ့တဲ့ သရုပ်ဆောင် ဖွေးဖွေးဟာ “SYKO (Be Yourself)” လို့ နာမည်ပေးထားတဲ့ ကိုယ်တိုင်ထုတ် Brand Hoodie အင်္ကျီနဲ့ T-shirt ဒီဇိုင်းသစ်တွေကို ကိုယ်ပိုင် စီးပွားရေးအနေနဲ့ ထုတ်လုပ် ဖြန့်ချိခဲ့ပါတယ်။

Project K (အဆိုတော်အဖွဲ့)

မြန်မာနိုင်ငံရဲ့ Boy Band အဆိုတော်အဖွဲ့ ဖြစ်တဲ့ Project K အဖွဲ့ကတော့ ဒီနှစ်ထဲမှာ ကိုဗစ်ကာလအတွင်း တောင်ကိုရီးယားနိုင်ငံသို့ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက် ဖျော်ဖြေခဲ့ရာမှာ မြန်မာနိုင်ငံက ပြည်သူလူထုအကြား ပွဲဆူခဲ့ပါတယ်။

Project K အဖွဲ့ဟာ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလအတွင်းက တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ “Asia Song Festival 2020” ကို တောင်ကိုရီးယားနိုင်ငံရဲ့ ဖိတ်ခေါ်မှုဖြင့် စက်တင်ဘာ ၁၄ ရက်နေ့မှ အောက်တိုဘာ ၁၃ ရက်နေ့အတွင်း သွားရောက်ခဲ့ပါတယ်။

သူတို့ရဲ့ဖျော်ဖြေမှုကို အောက်တိုဘာလ ၁၀ရက်နေ့မှာ ပြသခဲ့ရာ အဆိုပါ ဖျော်ဖြေမှုအတွင်း ရွှေတိဂုံဘုရားရဲ့ပုံရိပ်ကို နင်း၍ ဖျော်ဖြေတင်ဆက်ခဲ့တယ်ဆိုတဲ့ အထင်အမြင် လွဲမှားမှုများကြောင့် ဖြေရှင်းမှုများအကြိမ်ကြိမ် ပြုလုပ်ခဲ့ရပြီး ကာယကံရှင် Project K အဖွဲ့မှ အနူးအညွှတ် တောင်းပန်မှုများ ပြုလုပ်ခဲ့ကြပါတယ်။

ကိုရီးယားနိုင်ငံမှ မြန်မာပြည်ကို ပြန်လာတဲ့ အောက်တိုဘာလ ၁၄ ရက်နေ့ညမှာလည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ လူတစုက စောင့်ဆိုင်းပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဒီလိုဖြစ်ရပ်များကြောင့် လူမှုကွန်ရက် စာမျက်နှာမှာလည်း အုတ်အော်သောင်းနင်းဖြစ်ခဲ့ရပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကနေလည်း အမုန်းမပွားကြဖို့ ထုတ်ပြန်ချက် ထုတ်ရတဲ့ အခြေအနေထိ ဖြစ်ခဲ့ပါတယ်။

တဖက်မှာလည်း ဒီလိုကိစ္စရပ်များကြောင့် Project K ဟာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ လူငယ်အဖွဲ့တခုအဖြစ် ကြိုးစားနေကြတဲ့ လူငယ်များအဖြစ် ပရိသတ်များရဲ့ အသိအမှတ်ပြုမှုများလည်း ခံခဲ့ရပါတယ်။

၂၀၂၀ နှစ်အစပိုင်းမှာလည်း City FM က ပြုလုပ်ခဲ့တဲ့ပွဲမှာ တခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ အဆိုတော်ကြီး လွှမ်းမိုးရဲ့ “ရန်ကုန်သားလေး ကျွန်တော်” သီချင်းကိုလည်း သူတို့ကိုယ်ပိုင် စတိုင်နဲ့ ပြောင်းလဲ သီဆိုခဲ့ပါသေးတယ်။

Project K အဖွဲ့ကိုတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ၂၀၁၈ ခုနှစ်အတွင်းက “Myanmar Entrepreneurship 2018” ပွဲမှာ အသိအမှတ်ပြု၊ ချီးကျူးစကား ပြောဆိုခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းကလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တောင်ကိုရီးယား သမ္မတနဲ့ တွေ့ဆုံချိန်မှာ ကိုရီးယားနိုင်ငံသို့ ခေါ်ယူ လေ့ကျင့်သင်ကြားပေးရန် ပြောကြားခဲ့ပါတယ်။

မြန်မာလူငယ် အဆိုတော် ၇ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ Project K အဖွဲ့ကို ၂၀၁၆ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်များအနေနဲ့ ထက်ဘုန်းနိုင်၊ ဝီလျှံ၊ ဘုန်းနေမင်း၊ ဘုန်းနေလင်း၊ ဟိန်းရာ၊ ရဲရင့်သော်၊ မင်းခန့်ဟိန်းတို့ ပါဝင်ပါတယ်။ သူတို့ အဖွဲ့ဟာ “The Beginning” ဆိုတဲ့ အခွေလည်း ထွက်ရှိထားပါတယ်။

မေလသံစဉ် (ဆယ်ကျော်သက် အဆိုတော်)

Cover သီချင်းတွေကို သီဆိုရင်း ပရိသတ်တွေ ရင်ထဲ ရောက်ရှိလာခဲ့တဲ့ အဆိုတော် မေလသံစဉ်ဟာ ငယ်စဉ်ကတည်းက ဂီတကို ဝါသနာ ပါခဲ့ပြီး စန္ဒရား၊ ဂစ်တာ စတဲ့ တူရိယာတွေကို ကိုယ်တိုင်တီးခတ် ဖျော်ဖြေလေ့ရှိသလို သီချင်းတွေကို ရေးဖွဲ့နိုင်တဲ့ တေးရေးတဦးလည်း ဖြစ်ပါတယ်။

အဆိုတော် မေလသံစဉ်ဟာ “ညွှန့်မြန်မာ” ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ဒါရိုက်တာ အကယ်ဒမီ (ဦး) ချန်ထွန်းရဲ့မြေး ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ပါဝင်ကြမယ့် ရွှေကြိုမောင်မယ် အယောက် ၅၀ ထဲမှာမှ အရွေးချယ်ခံခဲ့ရပေမယ့် အဘိုးဖြစ်သူရဲ့ ကျန်းမာရေးကြောင့် မေလသံစဉ်က တရားဝင် နုတ်ထွက်ခဲ့ပါတယ်။

“Celebrity” အယ်ဘမ်လ်နဲ့ “မိတ်ကပ်ကြိုက်တဲ့ ညိုပြာညက်” တေးအယ်ဘမ်လ်တို့ကို ထွက်ရှိခဲ့တဲ့ မေလသံစဉ်ဟာ “ပြန်လည်ဆန်းသစ် နှောင်းတစ်ခေတ်”လို့ အမည်ပေးထားတဲ့ တေးအယ်လ်ဘမ်ကိုလည်း ထွက်ရှိခဲ့ပါတယ်။

“ပြန်လည်ဆန်းသစ် နှောင်းတစ်ခေတ်”လို့ အမည်ပေးထားတဲ့ တေးအယ်လ်ဘမ်ဟာ အဘိုးဖြစ်သူ တေးရေး စန်းသော်တာရဲ့ မြန်မာသံစဉ်တေး သီချင်းဟောင်းတွေကို ပြန်လည် ဆန်းသစ် သီဆိုမှုနဲ့အတူ ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အခွေထဲမှာ ပါဝင်တဲ့ မေလသံစဉ်နဲ့အတူ အဆိုတော် အုပ်စိုးခန့် ပါဝင် သီဆိုထားတဲ့ “ရုန်းတော်လွှတ်တော်” သီချင်းကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပါတယ်။ ဒါ့အပြင် မေလသံစဉ်ဟာ Shwe FM ရေဒီယိုရဲ့ (၁၁) နှစ်ပြည့် ဂီတဆုပေးပွဲမှာ “ကျောင်းပိတ်ရက်” သီချင်းနဲ့ “Best Music Video” ဆုကို ရရှိခဲ့ပါတယ်။

ကိုဗစ်ကာလအတွင်းမှာ မေလသံစဉ်က သူရတဲ့ အနုပညာကြေးတွေကို လှူဒါန်းမှုများစွာ ပြုလုပ်ခဲ့ပြီး၊ ကိုဗစ် ပထမလှိုင်းမှာလည်း မေလသံစဉ် ရေးသားကာ အဆိုတော် ကော်နီ သီဆိုထားတဲ့ “အိမ်မှာနေချင်တာပေါ့” သီချင်းက ပရိသတ်တွေကြား အောင်မြင်မှု ရရှိခဲ့ပါတယ်။

အနုပညာမှာသာမက ပညာရေးမှာလည်း ထူးချွန်တဲ့ မေလသံစဉ်ဟာ ၂၀၁၈ -၂၀၁၉ ခုနှစ် ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။ မကြာခင်မှာလည်း မေလသံစဉ်ကို သရုပ်ဆောင် တယောက်အဖြစ် မြင်တွေ့ရဦးမယ်လို့ သိရပါတယ်။

You may also like these story:

၂၀၁၉ ခုနှစ်၏ ကြယ်တာရာများ

Your Thoughts …
Tags: COVID-19Project KStars of 2020စိုင်းစိုင်းခမ်းလှိုင်ထက်ထက်မိုးဦးဖျော်ဖြေရေးဖွေးဖွေးမေလသံစဉ်ဝတ်မှုန်ရွှေရည်အနုပညာရှင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

by ဧရာဝတီ
10 November 2023
17.9k

တိုက်ပွဲဝင်နေကြသည့် စစ်သားများအား ဖျော်ဖြေပေးရန် စစ်ကောင်စီ၏ ပြန်ကြား ရေးဝန်ကြီး ဦးမောင်မောင်အုန်းက တိုက်တွန်းပြောဆိုမှုအပေါ် အနုပညာရှင်အများစုမှာ နှုတ်ဆိတ်လျက်

BC မသိလို့ Boycott လုပ်ခံရတော့မယ့် အဆိုတော်လေးဖြူ

BC မသိလို့ Boycott လုပ်ခံရတော့မယ့် အဆိုတော်လေးဖြူ

by ဧရာဝတီ
5 July 2024
7.2k

ဇူလိုင်လ ၂ ရက်က နေပြည်တော်ရှိ စစ်တပ်အသိုင်းအဝန်းနှင့် ဆက်နွယ်နေသော VIP စားသောက်ဆိုင်တွင် လေးဖြူက သွားရောက် ဖျော်ဖြေရင်း ၎င်းကို သပိတ်မှောက်မည့် BC ဆိုသော စကားလုံးကို နားမလည်ကြောင်း၊ A to Z...

Netflix ရဲ့ ထိုင်းဇာတ်လမ်းတွဲ The Believers က ဖြစ်ရပ်မှန်လား

Netflix ရဲ့ ထိုင်းဇာတ်လမ်းတွဲ The Believers က ဖြစ်ရပ်မှန်လား

by Nathan Patra
31 May 2024
1.7k

ကျနော်တို့ရဲ့ ရည်မှန်းချက်က လူတွေအနေနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားတွေကို မေးခွန်းထုတ်စေဖို့ပဲ။

လိပ်ပြာလုံချင်သူ ခါရာနှင့် တွေ့ဆုံခြင်း

လိပ်ပြာလုံချင်သူ ခါရာနှင့် တွေ့ဆုံခြင်း

by ဧရာဝတီ
5 January 2025
1.6k

အဲဒီလိုမျိုး ရက်ရက်စက်စက် သတ်ဖြတ်နေတာကို သူတို့ ကြည့်ရက်နိုင်တယ်ဆိုရင် ဒါက ပြည်သူတွေ အပေါ်မှာ စေတနာရှိတာ မဟုတ်ဘူး။ သူတို့ပြောနေတဲ့စကား ပြည်သူတွေက ထမင်းရှင်တွေ ဘာတွေဆိုတာ အလကားပဲ အဓိပ္ပာယ် မရှိဘူး

ထာဝရ ရှင်သန်နေမယ့် ဝိညာဉ်များ

ထာဝရ ရှင်သန်နေမယ့် ဝိညာဉ်များ

by ကျော်စွာမိုး
2 November 2024
1.5k

အဲဒီ ဝိညာဉ်တွေဟာ နိုင်ငံရေးအရ အနားမရနိုင်တဲ့ ဝိညာဉ်တွေ ဖြစ်နိုင်ပါတယ်။

မူဆယ် နမ့်ခမ်း လမ်းကို သီချင်းနဲ့ ပြင်ခဲ့သူ (သို့) စိုင်းဆိုင်မောဝ် (ရုပ်/သံ)

မူဆယ် နမ့်ခမ်း လမ်းကို သီချင်းနဲ့ ပြင်ခဲ့သူ (သို့) စိုင်းဆိုင်မောဝ် (ရုပ်/သံ)

by ဧရာဝတီ
18 July 2024
1.2k

ရှမ်းတိုင်းရင်းသား အဆိုတော် စိုင်းဆိုင်မောဝ်ဟာ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က ရန်ကုန်မြို့ အင်းစိန်မြို့နယ်က သူ့ရဲ့နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၇၆ နှစ် ရှိပါပြီ။

Next Post
အဆိုတော် မိုက်ကယ်ဂျက်ဆင်ရဲ့ နာမည်ကျော်ခြံကြီး

မိုက်ကယ်ဂျက်ဆင်ရဲ့ နာမည်ကျော်ခြံကြီးကို အနိမ့်ဆုံး ဈေးဖြင့် ရောင်းချခဲ့ရ

အဆိုတော် အောင်ရင်တို့ ဇနီးမောင်နှံ / Aung Yin's Facebook

အဆိုတော် အောင်ရင် ဒုတိယအကြိမ် ကိုဗစ်ဖြစ်

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
4.5k
အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

1 day ago
4k

Most Read

  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဉ့်ကူးရောက်

    shares
    Share 0 Tweet 0
  • ထိုင်းက အမေရိကန် ကုန်စည် ၉၀ ရာခိုင်နှုန်း အခွန် ကင်းလွတ်ခွင့် ပေးမယ်တဲ့

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate