ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများ ထွက်ပေါ်လာခြင်းကြောင့် ခရီးသွားလာခြင်းနှင့် ကူးစက်ရောဂါမတိုင်မီကလို အခြားလှုပ်ရှားမှုများ ပြန်လည်စတင်ရန် ကမာ္ဘက စတင် မျှော်လင့်နေသည့် အချိန်တွင် ဗိုင်းရပ်စ်အသစ်တခု ပေါ် လာခြင်းက စိုးရိမ်မှုများနှင့် မသေချာမရေရာမှုကို ဖြစ်ပေါ်စေသည်။
ထို ပိုးသစ်သည် ယခင် ပိုးများထက် ၇၀ ရာခိုင်နှုန်း ပိုမို မြန်ဆန်စွာ ကူးစက်စေနိုင်ပြီး ကပ်ရောဂါ ကာလကို ပို၍ ရှည်ကြာစေနိုင်ပါသည်။
မူကွဲအသစ်တခုကို ဖော်ထုတ် တွေ့ရှိခဲ့ရကြောင်း ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ဗြိတိန်အာဏာပိုင်များက ကမာ္ဘ့ကျန်းမာရေးအဖွဲ့ (WHO) သို့ သတင်းပို့ခဲ့သည်။ ထို့နောက် လန်ဒန်တွင် တတိယအကြိမ်မြောက် လော့ဒေါင်းလုပ်ခဲ့ရပြီး ကမာ္ဘတဝှမ်းရှိ အစိုးရများကလည်း ခရီးသွားလာခွင့် ကန့်သတ်မှုများကို ပြန်လည်ထားရှိကြောင်း ကြေညာခဲ့ကြသည်။
ထို့ပြင် ဂျပန်၊ စင်ကာပူ၊ ဟောင်ကောင်နှင့် သြစတြေးလျတို့ကလည်း ဗီဇပြောင်း ဗိုင်းရပ်စ် ပထမဆုံး ကူးစက်ခံရမှုများကို အတည်ပြုပေးခဲ့သည်။
ထို့ပြင် ဂျပန်၊ စင်ကာပူ၊ ဟောင်ကောင်နှင့် သြစတြေးလျတို့ကလည်း ဗီဇပြောင်း ဗိုင်းရပ်စ် ပထမဆုံး ကူးစက်ခံရမှုများကို အတည်ပြုပေးခဲ့သည်။
ဗီဇပြောင်းလဲမှုများက နောက်ထပ် ပေါ်ထွက်လာနေသည်။ ဗြိတိန်တွင် ဖော်ထုတ်နိုင်ခဲ့သည့် မျိုးကွဲအသစ်တခုကို တောင်အာဖရိကတွင် ပထမဆုံး တွေ့ရှိခဲ့သည်။ ဗြိတိန်နိုင်ငံ ကျန်းမာရေး ဝန်ကြီး Matt Hancock က “မျိုးကွဲအသစ်ကိုက ပိုပြီး ပျံ့နှံ့လွယ်ပြီး နောက်ထပ် ဗီဇပြောင်းသွားခဲ့တဲ့ အသွင်ရှိပါတယ်” ဟု ပြောသည်။
ထို နောက်ဆုံးပေါ်မူကွဲက ဗြိတိန်တွင် ရှာဖွေတွေ့ရှိသောမျိုးကွဲနှင့် ကွဲပြားစွာ ထွက်ပေါ်လာခြင်းဖြစ် သည်။ ထို့အပြင် ဗြိတိန်နှင့် တောင်အာဖရိကတွင် အတည်ပြု ခဲ့သည့် မျိုးကွဲများက ဗီဇပြောင်းလဲမှု တဒါဇင်ကျော်ရှိခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားများနှင့် ပတ်သက်၍ သိသင့်သော အချက် ၅ ခုရှိပါသည်။
ဗိုင်းရပ်စ် ဘယ်လို ဗီဇ ပြောင်းသလဲ
ပုံမှန်အားဖြင့် သူတို့၏ အိမ်ရှင် ကိုယ်တွင်းတွင် မျိုးပွားသည့် အချိန်တိုင်း ဗိုင်းရပ်စ် ဗီဇပြောင်းလဲမှုများ ဖြစ်ပေါ် လေ့ရှိသည်။ တုပ်ကွေးဗိုင်းရပ်စ်ပိုးတွင်လည်း ထိုသို့ ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်လျှင် ဗီဇပြောင်းလဲမှုများက ရက်သတ္တပတ် ၂ ခုကြာတိုင်း ဖြစ်ပေါ်လေ့ရှိသည်ကို တွေ့ရှိရသည်။
ဗြိတိန်အစိုးရ၏ အဆိုအရ ဗြိတိန်တွင် ပထမဆုံးတွေ့ရှိရသော မျိုးစိတ်သည် စက်တင်ဘာလတွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သော်လည်း နိုဝင်ဘာလလယ်ပိုင်းအထိ ပြန့်နှံ့မှု အလွန်နည်းပါးခဲ့သည်ကို မျိုးရိုးဗီဇဆိုင်ရာ အထောက်အထားများက ဖော်ပြခဲ့ကြောင်း သိရသည်။
“ဒီမျိုးစိတ်အသစ်က ပိုမိုပြင်းထန်တဲ့ ဖျားနာမှုနဲ့ သေဆုံးမှုနှုန်း ပိုမိုမြင့်မားမှု ဖြစ်စေကြောင်းကို ခုထိ သက်သေအထောက်အထား မတွေ့ရှိသေးပါဘူး ဒါပေမယ့် အဲဒါက သိသိသာသာ ပိုမို လွယ်ကူစွာ ပျံ့နှံ့တဲ့အသွင် ရှိပါတယ်”
“ဒီမျိုးစိတ်အသစ်က ပိုမိုပြင်းထန်တဲ့ ဖျားနာမှုနဲ့ သေဆုံးမှုနှုန်း ပိုမိုမြင့်မားမှု ဖြစ်စေကြောင်းကို ခုထိ သက်သေအထောက်အထား မတွေ့ရှိသေးပါဘူး ဒါပေမယ့် အဲဒါက သိသိသာသာ ပိုမို လွယ်ကူစွာ ပျံ့နှံ့တဲ့အသွင် ရှိပါတယ်” ဟု ဗြိတိန် ဝန်ကြီးချုပ် Boris Johnson ကပြောသည်။
၎င်းကို လူသားဆဲလ်များထဲသို့ ဝင်ရောက်နိုင်အောင် ပြုလုပ်ပေးသည့် ဆူးချွန်သဏ္ဍာန် ပရိုတိန်းတွင် ဗီဇပြောင်းလဲခြင်းကြောင့် ဖြစ်ဖွယ်ရာ ရှိပါသည်။
တောင်အာဖရိကတွင် တွေ့ရှိခဲ့ရသည်ထက် ပိုမို၍ ကူးစက်နိုင်သော မျိုးစိတ်ကို ၎င်း၏ နိုင်ငံတွင် တွေ့ရှိခဲ့ရကြောင်း ဗြိတိန် ကျန်းမာရေး ဝန်ကြီး Matt Hancock က ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ မျိုးကွဲအသစ်သည် ယခင်က ရှာဖွေတွေ့ရှိခဲ့သော အလားတူ ဆူးချွန်သဏ္ဍန် ပရိုတိန်းများ ဗီဇပြောင်းလဲခြင်း အပါအဝင် ဗီဇပြောင်းလဲမှုပေါင်း ၂၀ ကျော် ပိုများနေခဲ့သည်။
နိုင်ငံသားများအား လက်ဆေးခြင်း၊ မျက်နှာဖုံးများ ဝတ်ခြင်းနှင့် အခြားသူများနှင့် အကွာအဝေးကို ထိန်းသိမ်းထားခြင်းတို့တွင် လုံ့လဝီရိယ ထားရှိကြရန် ထပ်မံ၍ တိုက်တွန်း နှိုးဆော်ခဲ့သည်။
မျိုးကွဲများအတွက် ကာကွယ်ဆေးရှိပါသလား
ယခုအထိ မသေချာသေးပါ။
ဗြိတိန်တွင် တွေ့ရှိရသည့် အမျိုးအစားနှင့် ပတ်သက်၍ ကမာ္ဘ့ကျန်းမာရေးအဖွဲ့က ယခုသီတင်းပတ်အတွင်း ထုတ်ပြန်ခဲ့သည့် ကြေညာချက် တစောင်တွင် “ဤအမျိုးအစားသည် ရောဂါ၏ ပြင်းထန်မှု၊ ပဋိပစ္စည်း တုန့်ပြန်မှု သို့မဟုတ် ကာကွယ်ဆေး၏ ထိရောက်မှုနှင့် ဆက်နွယ်မှု ရှိ မရှိကို ဆုံးဖြတ်ရန် သတင်းအချက် အလက် အလုံအလောက် မရှိသေးပါ” ဟု ပြောကြားခဲ့သည်။ မည်မျှ အန္တရာယ်ရှိသည်ကို ဆုံးဖြတ်ရန် နောက်ထပ် အချိန် ၂ လ သို့မဟုတ် ထပ်မံ၍ သုတေသနပြုခြင်းများ လိုအပ်ပါသည်။
လက်ရှိကာကွယ်ဆေးများက မျိုးကွဲအသစ်ပေါ်တွင်လည်း ထိရောက်လိမ့်မည်ဟု အကောင်းဘက်မှ မြင်ထားကြောင်း ဂျာမနီ ကျန်းမာရေး ဝန်ကြီး Jens Spahn က ပြည်တွင်း မီဒီယာများသို့ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ပြောကြားခဲ့သည်။
“ကာကွယ်ဆေးတွေက ပြည်သူတွေကို (ဗိုင်းရပ်စ်) မူကွဲပုံစံအသစ် တွေကနေ အကာအကွယ်ပေးမှာ မဟုတ်ဘူးလို့ ဖော်ပြနိုင်တဲ့ အထောက်အထားများ မရှိသေးပါဘူး”
“ကာကွယ်ဆေးတွေက ပြည်သူတွေကို (ဗိုင်းရပ်စ်) မူကွဲပုံစံအသစ် တွေကနေ အကာအကွယ်ပေးမှာ မဟုတ်ဘူးလို့ ဖော်ပြနိုင်တဲ့ အထောက်အထားများ မရှိသေးပါဘူး” ဟု ဗြိတိန်အစိုးရက ပြောသည်။
သို့သော်လည်း ဗိုင်းရပ်စ်က မျိုးကွဲအသစ်များအဖြစ်သို့ ဗီဇပြောင်းနေခြင်းကြောင့် ကာကွယ်ဆေးအသစ်များက အနာဂတ်တွင် လိုအပ်လာပါလိမ့်မည်။
လက်ရှိ ကာကွယ်ဆေးများက အစောပိုင်း ဗီဇပြောင်းလဲခြင်းကို ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်ဟု တိုကျိုတက္ကသိုလ်မှ ကာကွယ်ဆေးသိပ္ပံ ပါမောက္ခ Ken Ishii က ဆိုသည်။ သို့သော်လည်း “ သီအိုရီအရ ဆိုရင်တော့ ကာကွယ်ဆေးရဲ့ ပဋိပစ္စည်းတွေကို ရှောင်ရှားနိုင်တဲ့ ဗီဇပြောင်းလဲမှုက အနှေးနှင့်အမြန် ဖြစ်လာနိုင်ပါတယ်” ဟု သူက သတိပေးခဲ့သည်။ “၅ နှစ် ဆယ်နှစ် သို့မဟုတ် နောက်နှစ်မှာ ဘာဖြစ်လာမလဲ ဆိုတာကို ဘယ်သူမှ မခန့်မှန်းနိုင်ပါဘူး” ဟုလည်း ထပ်လောင်း ပြောကြားခဲ့သည်။
မျိုးကွဲသစ်ကို ဗြိတိန် အပြင်ဘက်မှာ ရှာဖွေတွေ့သလား
ဗြိတိန်တွင် ဖော်ထုတ်နိုင်ခဲ့သည်နှင့် တူညီသောမူကွဲကို ဒိန်းမတ်၊ အီတလီ၊ နယ်သာလန်နှင့် ပြင်သစ် အပါအဝင် ဥရောပနိုင်ငံ အတော်များများတွင် တွေ့ရှိရသည်။
အာရှပစိဖိတ်ဒေသတွင် မူကွဲကို ဂျပန်၊ စင်ကာပူ၊ ဟောင်ကောင်နှင့် သြစတြေးလျတို့တွင် ဖော်ထုတ် တွေ့ရှိခဲ့ရသည်။
ဂျပန်နိုင်ငံတွင် ဝန်ကြီးချုပ် ဆုဂါ့၏ ကူးစက်ရောဂါဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က မျိုးကွဲအသစ်များနှင့် ပတ်သက်၍ သတိပေးချက် ထုတ်ပြန်ခဲ့သည်။
“ဒီလို မျိုးကွဲတွေ ဝင်ရောက်ပျံ့နှံ့ပါက တိုင်းပြည်ဟာ ဆိုးရွားတဲ့ အခြေအနေကို ကျရောက်သွားနိုင်ပြီး စွမ်းဆောင်နိုင်တဲ့ စွမ်းရည်အဆုံးကို ရောက်နေပြီ ဖြစ်တဲ့ ဆေးရုံတွေကို ထပ်မံဖိအား ဖြစ်စေနိုင်ပါတယ်”
“ဒီလို မျိုးကွဲတွေ ဝင်ရောက်ပျံ့နှံ့ပါက တိုင်းပြည်ဟာ ဆိုးရွားတဲ့ အခြေအနေကို ကျရောက်သွားနိုင်ပြီး စွမ်းဆောင်နိုင်တဲ့ စွမ်းရည်အဆုံးကို ရောက်နေပြီ ဖြစ်တဲ့ ဆေးရုံတွေကို ထပ်မံဖိအား ဖြစ်စေနိုင်ပါတယ်” ဟု ပြောသည်။
သြစတြေးလျတွင် ရောဂါကူးစက်မှု ၄ ခုတွေ့ရှိခဲ့ပြီးသည့်နောက် “ရောဂါဖြစ်ပွားမှု အားလုံးကို ဟိုတယ် quarantine ထားရှိခြင်းနဲ့ ဖြေရှင်းခဲ့ပြီး သို့မဟုတ် ဖြေရှင်းနေပြီ ဖြစ်ပါတယ်။ ဒီမျိုးကွဲက လူထုထဲကို မပျံ့နှံ့သေးပါဘူး” ဟု Australian Health Protection Principal Committee က ဒီဇင်ဘာလ ၂၂ရက် နေ့တွင် ပြောကြားခဲ့သည်။
ယခုလအတွင်း ဗြိတိန်မှ ပြန်လာကြသော ကျောင်းသား ၂ ဦး က ထိုမျိုးကွဲအသစ်ကို သယ်ဆောင်လာခဲ့ပုံရသည်ဟု ဟောင်ကောင်က ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ကြေညာခဲ့သည်။
ဒီဇင်ဘာလ ၂၄ ရက် နေ့တွင် စင်ကာပူက ဗြိတိန် ဗီဇပြောင်း မျိုးကွဲနှင့် ပတ်သက်၍ ၎င်းတို့၏ ပထမဆုံး တွေ့ ရှိရမှုကို အတည်ပြုခဲ့သည်။ ထို့အပြင် quarantine ထားရှိသည့် အခြားသူ ၁၁ ဦးတွင်လည်း အဆိုပါ မျိုးစိတ်အသစ် ကူးစက်ခံ ထားရဖွယ်ရှိကြောင်း အကြို စမ်းသပ်မှုများအရ တွေ့ရှိခဲ့ရသည်။ ထို လူနာအားလုံးသည် ဥရောပသို့ ခရီးသွားခဲ့ကြဖူးသူများဖြစ်သည်။
နိုင်ငံတကာ ခရီးသွားလာရေးကို ဘယ်လိုထိခိုက်စေမလဲ
နိုင်ငံများက နိုင်ငံပိုင်နက်များအား ထိန်းချုပ်မှုများ ထပ်မံ တင်းကျပ်ခဲ့ကြသည်။ ဒီဇင်ဘာလ ၂၃ ရက် နေ့တွင် ဂျပန်နိုင်ငံက စင်ကာပူ၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယား၊ အိန္ဒိယနှင့် ဟောင်ကောင်တို့အပါအဝင် အခြား အာရှနိုင်ငံများနှင့် ဒေသများ ကဲ့သို့ပင် ဗြိတိန်မှ ဝင်ရောက်လာသူများအား ဝင်ခွင့် ပိတ်ပင်ခဲ့သည်။
သို့သော်လည်း ဗြိတိန်မှ ရောက်ရှိလာသော နေထိုင်ခွင့်ပါမစ်ရှိသည့် နိုင်ငံခြားသားများနှင့် နိုင်ငံသားများကို ဂျပန်နိုင်ငံက ဝင်ရောက်ခွင့်ပြုထားဆဲ ဖြစ်သည်။
တောင်ကိုရီးယားနှင့် ဖိလစ်ပိုင် တို့ကဲ့သို့ အချို့သော နိုင်ငံများကမူ ဗြိတိန်မှ လာသည့် လေယာဉ်ခရီးစဉ် အားလုံးကို ရပ်ဆိုင်းထားသည်။
တောင်ကိုရီးယားနှင့် ဖိလစ်ပိုင် တို့ကဲ့သို့ အချို့သော နိုင်ငံများကမူ ဗြိတိန်မှ လာသည့် လေယာဉ်ခရီးစဉ် အားလုံးကို ရပ်ဆိုင်းထားသည်။
တရုတ်နိုင်ငံကလည်း ဗြိတိန်သို့ တိုက်ရိုက် (အသွား/အပြန်) ပျံသန်းမှုများကို ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Wang Wenbin က ဒီဇင်ဘာလ ၂၄ ရက် နေ့တွင် ပြောသည်။
စီးပွားရေး အပေါ် ဘယ်လို အကျိုးသက်ရောက်မှာလဲ
ခရီးသွားလာရေး ကန့်သတ်ချက်များနှင့် အသစ် ပေါ်လာသော မသေချာမရေရာမှုများ က ကမာ္ဘ့စီးပွားရေး အလားအလာကို ထပ်မံ၍ တိမ်ဖုံးစေခဲ့သည်။
မျိုးစိတ်အသစ်က စီးပွားရေးလုပ်ငန်းများနှင့် ထောက်ပံ့ရေးကွင်းဆက်များအပေါ် သက်ရောက်မှုရှိခဲ့ပြီး ဖြစ်သည်။ Toyota Motor က ဗြိတိန်နှင့် ပြင်သစ်ရှိ ၎င်းတို့၏ စက်ရုံများကို ဒီဇင်ဘာလ ၂၂ ရက်မှ စတင်၍ ရပ်ဆိုင်းခဲ့ပြီးဖြစ်သည်။ ခရစ္စမတ်အားလပ်ရက်ကို ဒီဇင်ဘာလ ၂၄ ရက်နေ့မှ နေ၍ ရှေ့သို့ တိုးခဲ့ခြင်း ဖြစ်သည်။ ၂ နိုင်ငံကြား ကုန်စည်များစီးဆင်းမှုတွင်လည်း ဆိုးရွားသော အခက်အခဲ ရှိနေခဲ့သည်။
Dai-ichi Life Research Institute မှ စီးပွားရေးပညာရှင်အကြီးအကဲ Hideo Kumano က ဗိုင်းရပ်စ်ပိုးသစ်၏ စီးပွါးရေးအပေါ် သက်ရောက်မှုသည် လက်ရှိဖြန့်ဝေထားသည့် ကာကွယ်ဆေးများက ၎င်းကို ဆန့်ကျင် ကာကွယ်နိုင်ခြင်း ရှိ/မရှိ အပေါ်တွင် မူတည်လိမ့်မည်ဟု ပြောသည်။ အကယ်၍ ကာကွယ်ဆေးများက ထိရောက်မှု မရှိခဲ့ပါက လာမည့်နှစ်တွင် အဆိုပါ ကာကွယ်ဆေးများ အသုံးပြုခြင်းကို အခြေခံ တည်ဆောက်ထားသည့် အစီအစဉ်များ အားလုံး အဆုံးသတ်သွားလိမ့်မည်ဟု သူကပြောသည်။
“ကြောက်စရာ ကောင်းတာက ကိုရိုနာဗိုင်းရပ်စ် ပြဿနာ ဘယ်အချိန်မှာ ပြီးဆုံးမလဲဆိုတာကို ကျနော်တို့ မသိတာပဲ” ဟု ပြောသည်။ သို့သော်လည်း အကယ်၍ လက်ရှိကာကွယ်ဆေးများက ထိရောက်မှု မရှိခဲ့လျှင်ပင် ကာကွယ်ဆေး အသစ်များကို ထပ်မံတီထွင် ဖော်ထုတ်ကြလိမ့်မည်ဟု သူက ထပ်ပြောသည်။
ကိုးကား။ ။ Nikkei Asia မှ Five things Asia needs to know about new coronavirus variant
You may also like these stories:
အိန္ဒိယက အာရှအတွက် ဈေးသက်သာသော ကိုဗစ်ကာကွယ်ဆေးများ ရောင်းချမည်
COVID-19 ကာကွယ်ဆေး စတင်ထိုးနှံပေးနေတဲ့ ကမ္ဘာ့နိုင်ငံများ
ကိုဗစ်ကာလမှာ နေထိုင်မှုပုံစံသစ်နဲ့ အသားကျအောင် ဘယ်လိုနေထိုင်ကြမလဲ
COVID-19 အမျိုးအစားသစ် ယူကေ အပါအဝင် ၁၆ နိုင်ငံမှာ ကူးစက်ပျံ့နှံ့