ဆောင်းပါး

နှာခေါင်းစည်း ဆက်ဝတ်ကြ

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ ပေါ်ပေါက်လာအပြီး တနှစ်လောက်အကြာမှာ အခုဆိုရင် စိတ်ချရပါတယ် ဆိုတဲ့ ကာကွယ်ဆေးတွေ ပေါ်ထွက် ထိုးနှံနေကြပါပြီ။ ဒါပေမယ့်လည်း နှာခေါင်းစည်းတပ်ဆင်တာ၊ လက်ဆေးတာ၊ ခပ်ခွာခွာ နေတာ တွေ ဆက်ပြီး ကျင့်သုံးနေကြဖို့ ပညာရှင်တွေကတော့ တိုက်တွန်းနေဆဲပါ။

ကာကွယ်ဆေးထိုးနှံတာကနေ နှာခေါင်းစည်းမလိုတော့ဘူး ဆိုတဲ့ မှားယွင်း ယုံကြည်မှုတွေ ဖြစ်မလာဖို့ လိုတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

ပြည်သူ့ကျန်းမာရေး နည်းလမ်းတွေက ဗိုင်းရပ်စ်ပိုး ကူးစက်မှုနဲ့ ပျံ့ပွားမှုတွေကို ကာကွယ်ရေးမှာ အဓိက အခန်းက ပါဝင်နေဆဲပါ။ အခု အရေးပေါ် အတည်ပြုပြီး ထိုးနှံနေတဲ့ Pfizer/BioNTech နဲ့ Moderna ကာကွယ်ဆေးတွေက ကိုဗစ် ၁၉ ကြောင့် ဖြစ်ပွားတဲ့ ရောဂါတွေ ကာကွယ် လျော့ကျစေမယ်လို့ဆိုနေသလို နှာခေါင်းစည်းတပ်ဆင်တာကလည်း ရောဂါ ကူးစက်မှု ၇၀ % လောက်အထိလျော့ကျစေတယ်လို့ ဆိုပါတယ်။

ကာကွယ်ဆေးထိုးနှံတာကနေ နှာခေါင်းစည်းမလိုတော့ဘူး ဆိုတဲ့ မှားယွင်း ယုံကြည်မှုတွေ ဖြစ်မလာဖို့ လိုတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

တကယ်တော့ ကာကွယ်ဆေး ဆိုတာက ကိုယ်ခန္ဓာ အနေနဲ့ ဗိုင်းရပ်စ်ပိုး ဝင်ရောက်လာရင် နာမကျန်းမဖြစ်ဘဲ တိုက်ခိုက်အောင်မြင်ဖို့ သင်ကြားပေးတာသာ ဖြစ်ပါတယ်။ ဒါက ဗိုင်းရပ်စ်ပိုးနဲ့ ထိတွေ့မှု လျော့ပါးအောင် လုပ်တဲ့ ပြည်သူ့ကျန်းမာရေး နည်းနာတွေနဲ့ ကွာခြားပါတယ်။ အခုဖြစ်ပွားနေတဲ့ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြီးတွေအတွက် ထိရောက်အောင် ကာကွယ်ဖို့က ကာကွယ်ဆေးထိုးနှံတာ တဖက်က ဆောင်ရွက်နေပေမယ့် ထိတွေ့မှု လျော့နည်းအောင် လုပ်တာက မလွဲမသွေ လုပ်နေရမယ့် ဦးစားပေး အစီအစဉ်ပါ။

ကာကွယ်ဆေး ထိုးနှံနေစဉ်ရော၊ ထိုးနှံပြီးမယ့် ကာလတွေမှာရော နှာခေါင်းစည်း ဆက်လက် ဝတ်ဆင်နေကြရမယ့် အကြောင်းအချက်တွေက ရှိနေပါတယ်။

ကာကွယ်ဆေးက ချက်ခြင်း အစွမ်းမပြ

ထွက်ပေါ် ထိုးနှံနေတဲ့ ကာကွယ်ဆေး နှစ်မျိုးစလုံးက ရက်သတ္တပတ် အနည်းငယ်စီ ခြားပြီး နှစ်ကြိမ်စီ ထိုးနှံရမှာပါ။

ဆေးအမျိုးအစား လိုက်ပြီး ပထမ အကြိမ် ထိုးနှံပြီး ရက်သတ္တ ၄ ပတ်ကနေ ၆ ပတ် အကြာမှာမှ ကိုယ်ခံအား စတင် ရရှိပြီး ရောဂါ ကာကွယ်န်ိုင်တဲ့ အနေအထားကို ရောက်ရှိလာမယ်လို့ ဆေးပညာ စမ်းသပ်ချက်တွေအရ ဆိုပါတယ်။

ဒါကြောင့် ဆေးထိုးနှံပြီး အဲဒီ အချိန်တွေမှာတောင် ရောဂါပိုး ကူးစက်တာ၊ ပျံ့ပွားတာနဲ့ ရောဂါဖြစ်တာတွေ ဖြစ်နိုင်သေးတယ်လို့ဆိုပါတယ်။

ကာကွယ်ဆေး စမ်းသပ်မှုနဲ့ နှာခေါင်းစည်း

ကာကွယ်ဆေး အတွက် ဆေးပညာ စမ်းသပ်မှုတွေ လုပ်ဆောင်ရာမှာ အမျိုးအစားပေါင်းစုံ (အသက်၊ ရောဂါအခံ စသဖြင့်) စုဆောင်းပြီး စနစ်တကျ အကဲဖြတ်စောင့်ကြည့်မှုတွေ လုပ်ရပါတယ်။ ဒါပေမယ့် ရှင်းလင်းမှု မရှိတာက စမ်းသပ်မှု ပြုလုပ်စဉ်က နှာခေါင်းစည်း တပ်ဆင်မှုနဲ့ သက်ဆိုင်တဲ့ စမ်းသပ်မှုတွေ ပါ မပါ မသဲကွဲတာပါ။

ကိန်းဂဏန်း အချက်အလက်တွေလည်း ရှိမနေခဲ့တာကြောင့် ကာကွယ်ဆေး က နှာခေါင်းစည်း တပ်ဆင်သူ၊ မတပ်ဆင်သူ တွေ အတွက် သီးခြား အာနိသင် ဘယ်လိုဆိုတာ လတ်တလော ပြောလို့ မရတော့ပါဘူး။

ကိန်းဂဏန်း အချက်အလက်တွေလည်း ရှိမနေခဲ့တာကြောင့် ကာကွယ်ဆေး က နှာခေါင်းစည်း တပ်ဆင်သူ၊ မတပ်ဆင်သူ တွေ အတွက် သီးခြား အာနိသင် ဘယ်လိုဆိုတာ လတ်တလော ပြောလို့ မရတော့ပါဘူး။

အဲဒီ အနေအထားမှာ နှာခါင်းစည်းကို စွန့်လို့ မရတာတော့ အသေအချာပါ။

အစစ်အမှန် ကမ္ဘာက ထိန်းချုပ်ခံ စမ်းသပ်ခန်း မဟုတ်

ကာကွယ်ဆေးနဲ့ပတ်သက်ပြီး ဆက်နွယ်လွှမ်းမိုးတဲ့ အချက်အလက်တွေ ရှိပါတယ်။

ဆေးကို ဘယ်လို သိုလှောင် သိမ်းဆည်းသလဲ၊ ဘယ်လို ပို့ဆောင်သလဲ၊ ဘယ်လို ထိုးနှံသလဲ ဆိုတာတွေအပြင် တဦးချင်းစီရဲ့ ကျန်းမာရေး အခြေအနေတွေက လက်တွေ့ ကမ္ဘာမှာ ဆေးရဲ့ ထိရောက်မှုကို အကျိုးသက်ရောက်စေကြတာပါ။

ဆေးပညာ စမ်းသပ်ချက်တွေ ပြုလုပ်စဉ်က ပင်ကို ရောဂါအနေအထားတွေ တည်ငြိမ်သူနေသူတွေ၊ ကျန်းမာရေးကောင်းမွန်သူတွေကိုသာ စမ်းသပ် ဆန်းစစ်ထားတာဖြစ်ပါတယ်။

လူစုလူဝေးနဲ့ ကာကွယ်ဆေးထိုးနှံတာ၊ ထောက်ပံ့ပို့ဆောင်ရေး လုပ်ဆောင်ရတဲ့ အခြေအနေတွေ ကွာခြားတာ၊ တဦးချင်းစီရဲ့ ရောဂါအခံ အနေအထားတွေက တသားတည်း မရှိနိုင်တာ စတဲ့အချက်တွေက ကာကွယ်ဆေးကြောင့်ရတဲ့ အာနိသင်ကို ထပ်တူမညီတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်စေမှာပါ။

အုံလိုက်ကျင်းလိုက် ကိုယ်ခံအားရနိုင်မယ့် အခြေအနေ

ကာကွယ်ဆေး ထိုးနှံပြီးတော့မှ လူထုအကြားမှာ လုံလောက်တဲ့ အုံနဲ့ကျင်းနဲ့ ကိုယ်ခံအားရမယ့် herd immunity ခေါ်တဲ့ လူများစုက ဗိုင်းရပ်စ်နဲ့ ထိတွေ့ပြီးတဲ့ အခြေအနေကို ရမှ ဗိုင်းရပ်စ် ပျံ့ပွားနိုင်စွမ်းကို ကန့်သတ်နိုင်မှာပါ။

အမေရိကန်နိုင်ငံ ကူးစက်ရောဂါ ထိန်းချုပ် ကာကွယ်ရေး CDC က ကိုဗစ် ၁၉ မှာ အဲဒီ herd immunity ရဖို့ ဘယ်လောက် ရာခိုင်နှုန်း ကာကွယ်ဆေးထိုးနှံရမယ် ဆိုတာကို အတည်မပြုနိုင်သေးဘူးလို့ဆိုပါတယ်။

အဲသလို အနေအထားရဖို့ ကာကွယ်ဆေးထိုးနှံ ပေးရမယ့် လူဦးရေ ရာခိုင်နှုန်းကလည်း ရောဂါ တခုနဲ့တခု မတူညီကြပါဘူး။ ဥပမာ ဝက်သက်လို ရောဂါတွေ ဆိုရင် လူဦးရေရဲ့ ၉၅ % လောက် ကာကွယ်ဆေးထိုးပြီးမှ အဲဒီ အနေအထား ရတယ်လို့ဆိုပါတယ်။

အမေရိကန်နိုင်ငံ ကူးစက်ရောဂါ ထိန်းချုပ် ကာကွယ်ရေး CDC က ကိုဗစ် ၁၉ မှာ အဲဒီ herd immunity ရဖို့ ဘယ်လောက် ရာခိုင်နှုန်း ကာကွယ်ဆေးထိုးနှံရမယ် ဆိုတာကို အတည်မပြုနိုင်သေးဘူးလို့ဆိုပါတယ်။

ကာကွယ်ဆေးက ပေးတဲ့ ကိုယ်ခံအား တည်တံ့မယ့် ကာလ

ကိုဗစ် ၁၉ ကာကွယ်ဆေးတွေကို လောလောဆယ် အရေးပေါ် ထိုးနှံဖို့ကိုသာ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှု အဖွဲ့တွေက အတည်ပြုပေးလိုက်ရတာမို့ ဘယ်လောက် စိတ်ချရပြီး အချိန် ဘယ်လောက်အထိ ကိုယ်ခံအား ရစေမယ်ဆိုတာ လေ့လာဖို့ အချိန်ပေးရပါဦးမယ်။

ကာကွယ်ဆေးက လွှမ်းခြုံထားနိုင်မယ့် အချိန်ကာလကို ထိုးနှံ ပြီးသူတွေမှာ လေ့လာ အကဲဖြတ် ကိန်းဂဏန်း စာရင်းဇယားတွေ လိုအပ်ပါသေးတယ်။

ကောင်းသတင်းတခု အနေနဲ့တော့ ရောဂါကူးစက်ခံရပြီးတဲ့သူတွေမှာ ကိုယ်တွင်းက ကိုယ်ခံအားစနစ်က ၆ လကျော်အထိ တုန့်ပြန် အလုပ်ဖြစ်နေတာကို တွေ့ရှိရခြင်းပါဘဲ။

ရောဂါ ပျံ့ပွားမှုကိုရော တားဆီးနိုင်မှာလား

ဆေးပညာ စမ်းသပ်ချက်တွေအရ အခု လက်ရှိ ကိုဗစ် ၁၉ ကာကွယ်ဆေးတွေက ရောဂါလက္ခဏာ မပြတဲ့ ကူးစက်ပျံ့ပွားမှုတွေအတွက် ခြေရာခံ စမ်းသပ်ထားတာ မဟုတ်ပါဘူး။

ကာကွယ်ဆေးတွေက ရောဂါမဖြစ်အောင်သာ ကာကွယ်ပြီး မပျံ့ပွားအောင် တားဆီးနိုင်ပါ့မလား ဆိုတာကို သဲကွဲ ရှင်းလင်းမှု မရှိသေးပါဘူး။

ကာကွယ်ဆေးတွေက ရောဂါမဖြစ်အောင်သာ ကာကွယ်ပြီး မပျံ့ပွားအောင် တားဆီးနိုင်ပါ့မလား ဆိုတာကို သဲကွဲ ရှင်းလင်းမှု မရှိသေးပါဘူး။

ဒါကို ဆန်းစစ် အဖြေရှာဖို့ နောက်ထပ် စမ်းသပ် လေ့လာမှုတွေ အများကြီး လိုပါသေးတယ်။ အဲဒါ မရှင်းလင်းသေးသမျှ ပြည်သူ့ကျန်းမာရေး နည်းလမ်းတွေနဲ့ ကာကွယ်ရေးက ဆောင်ရွက်နေကြရဦးမှာပါ။

နှာခေါင်းစည်း ဆက်ဝတ်ကြ

ကမ္ဘာတဝန်းက နိုင်ငံပေါင်းစုံမှာ ယခု ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ထိ လူဦးရေ ၈၅ သန်းလောက် ရောဂါ ဖြစ်ပွားပြီး ၁.၈ သန်း လောက် သေဆုံးကြရတဲ့ ကိုဗစ် ၁၉ ကပ်ဘေးက ကြောက်ခမန်းလိလိပါ။ ဒါပေမယ့် အခုဆိုရင် ၁၀ လလောက်အတွင်းမှာ ကာကွယ်ဆေး တီထွင်ထုတ်လုပ်ပြီး ကာကွယ်နိုင်စွမ်းလည်း ၉၄ % လောက်အထိ ရှိတာက အံ့ချီးဖွယ်ပါ။

အခုဆိုရင် အားကျလောက်ဖွယ်ရာ အချို့ နိုင်ငံများမှာ စတင်ထိုးနှံနေကြပါပြီ။ ဘေးထွက်ဆိုးကျိုးလည်း ဆိုးဝါးမှု နည်းပါတယ်။ ဒီအောင်မြင်မှု ဆက်လက် တိုးပွားလာဖို့ကတော့ ပူးပေါင်း ဆောင်ရွက်မှုတွေ အများကြီး လိုအပ်ပါသေးတယ်။

ကာကွယ်ဆေးက ရောဂါ ဖြစ်ပွားမှုကို သိသိသာသာ လျော့ကျစေမှာ ဖြစ်ပေမယ့် ဒါက ပြည်သူ့ကျန်းမာရေး နည်းလမ်းတွေနဲ့ ကာကွယ်နေတာကို အဆုံးသတ်ဖို့ မဟုတ်ပါဘူး။

ကာကွယ်ဆေး ထိုးနှံပေးသင့်တဲ့သူတိုင်းကို ထိုးနှံ ပြီး ဖြစ်နေဖို့က အရေးကြီးပါတယ်။

ကာကွယ်ဆေးက ရောဂါ ဖြစ်ပွားမှုကို သိသိသာသာ လျော့ကျစေမှာ ဖြစ်ပေမယ့် ဒါက ပြည်သူ့ကျန်းမာရေး နည်းလမ်းတွေနဲ့ ကာကွယ်နေတာကို အဆုံးသတ်ဖို့ မဟုတ်ပါဘူး။

ဗိုင်းရပ်စ်ရဲ့ သဘောသဘာဝနဲ့ ကာကွယ်ဆေးရဲ့ ထိရောက်မှုတွေ ပြီးပြည့်စုံအောင် နားလည်သိမြင်လာမယ့်အချိန်ထိတော့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကာကွယ်တားဆီးရေး တွေကို ဆက်လက် လုပ်ဆောင်နေကြရဦးမှာပါ။ ကိုရိုနာ ဗိုင်းရပ်စ်နဲ့ ထိတွေ့မှု နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်နေကြရဦးမှာပါ။

ခပ်ခွာခွာ ခပ်ဝေးဝေး နေကြပါဦးစို့၊
လက် မကြာခဏ ဆေးကြပါင်္ဦးစို့၊
နှာခေါင်းစည်း မျက်နှာဖုံး တပ်ဆင် ထားကြပါဦးစို့။

ကိုးကား။ ။ ABC News မှ Why you still need to wear a mask after getting COVID-19 vaccine

You may also like these stories:

နှာခေါင်းစည်းက ကာကွယ်ဆေးထက် ပိုစွမ်းတယ်ဟု အမေရိကန် CDC ဆို

WHO က Pfizer-BioNTech ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုခွင့်ပေး

အိန္ဒိယမှာ AstraZeneca နဲ့ ပြည်တွင်းထုတ် Covaxin ကာကွယ်ဆေး ၂ မျိုးကို အတည်ပြု

မြန်မာနိုင်ငံမှာ ထုတ်တဲ့ ကိုဗစ်ကုသဆေး စိတ်ချရသလား

Loading