ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကာကွယ်ဆေး အလုအယက် ထုတ်လုပ်မှုများ ဆက်လက်ပြုလုပ်နေစဉ် တရုတ်နိုင်ငံသည် ကြီးမားသော ခြေလှမ်းကြီးများ လှမ်းနိုင်ခဲ့ပြီး ရှေ့တန်းအရောက်ဆုံး ကာကွယ်ဆေး ၂ ခုဖြစ်သည့် Sinovac နှင့် Sinopharm ကို ပြည်ပသို့ စတင်တင်ပို့နေပြီဖြစ်သည်။
သို့သော် တရုတ်ကာကွယ်ဆေးများနှင်ပတ်သက်ပြီး မိမိတို့မည်မျှသိပြီး ထိုဆေးများကို အခြား ကမ္ဘာ့နိုင်ငံများမှ ထုတ်လုပ်သည့် ကာကွယ်ဆေးများနှင့် မည်သို့ နှိုင်းယှဉ်ကြမည်နည်း။
Sinovac ကာကွယ်ဆေး၏ လုပ်ဆောင်ပုံ
ရောဂါဖြစ်နိုင်စွမ်း မရှိသော ပိုးများပါဝင်သည့် ကာကွယ်ဆေး ( inactivated vaccine) ဖြစ်သော CoronaVac ကို ဘေ့ဂျင်းအခြေစိုက် ဆေးကုမ္ပဏီဖြစ်သော Sinovac က ထုတ်လုပ်သည်။
၎င်းသည် ထိုသက်မဲ့ပိုးမွှားအမှုန်များကို ပြင်းထန်သော ရောဂါတုံ့ပြန်မှု မရှိစေဘဲ ကိုယ်ခံစွမ်းအား စနစ်နှင့် ထိတွေ့စေသည်။
အနောက်နိုင်ငံများတွင် ထုတ်လုပ်နေသည့် Moderna နှင့် Pfizer တို့၏ ကာကွယ်ဆေးများကမူ ခန္ဓာကိုယ်အတွင်း ရောဂါတုံ့ပြန်မှုကို ဖြစ်စေသည့် ပရိုတိန်းများကို ထုတ်လုပ်ပေးသည် ကာကွယ်ဆေး mRNA vaccines များဖြစ်ကြသည်။ ထိုသို့လုပ်ရန် ကိုရိုနာဗိုင်းရပ်စ်၏ မျိုးဗီဇ ကုဒ်ကို ခန္ဓကိုယ်အတွင်း ထိုးသွင်းပေးပြီး ဗိုင်းရပ်စ်အပြည့်အဝကို ထုတ်လုပ်မပေးသော်လည်း ထုတ်လုပ်လိုက်သော ပရိုတိန်းများက ခုခံအားစနစ် စတင် တိုက်ခိုက်ဖို့ လေ့ကျင်ပေးရန် လုံလောက်သည်။
“CoronaVac က ခွေးရူးပြန်ကာကွယ်ဆေးလို ထင်ရှားတဲ့ ကာကွယ်ဆေးတွေမှာ အောင်မြင်စွာ အသုံးပြုနေတဲ့ ပိုမို သမားရိုကျဖြစ်တဲ့ ကာကွယ်ဆေးဖြစ်တယ်” ဟု နန်ယန်း နည်းပညာတက္ကသိုလ်မှ တွဲဖက်ပါမောက္ခ Luo Dahai ပြောသည်။
“mRNA ကာကွယ်ဆေးတွေကတော့ ကာကွယ်ဆေးအမျိုးအစားသစ်ဖြစ်ပြီး အောင်မြင်တဲ့ကာကွယ်ဆေး ပုံစံမျိုးကို သုံးနေတာ လတ်တလော မရှိသေးဘူး ” ဟု သူဆက်ပြောသည်။
သုတေသနစာတမ်းများအရ Sinovac (CoronaVac) ၏ အဓိက အားသာချက်များအနက် တခုမှာ Oxford ကာကွယ်ဆေးကဲ့သို့ စံရေခဲသေတ္တာအပူချိန် ဖြစ်သည့် ၂ မှ ၈ ဒီဂရီ ဆဲလ်စီးယပ်တွင် သိုလှောင်ထားနိုင်ဖြစ်သည်။
သုတေသနစာတမ်းများအရ Sinovac (CoronaVac) ၏ အဓိက အားသာချက်များအနက် တခုမှာ Oxford ကာကွယ်ဆေးကဲ့သို့ စံရေခဲသေတ္တာအပူချိန် ဖြစ်သည့် ၂ မှ ၈ ဒီဂရီ ဆဲလ်စီးယပ်တွင် သိုလှောင်ထားနိုင်ဖြစ်သည်။
Oxford ကာကွယ်ဆေးကို ချင်ပန်ဇီများတွင် သာမန်အအေးမိဖြစ်စေသည့် မျိုးဗီဇပြုပြင်ထားသော ဗိုင်းရပ်စ်မှ ထုတ်လုပ်သည်။
Moderna ၏ ကာကွယ်ဆေးကို အနုတ် ၂၀ ဒီဂရီ ဆဲလ်စီးယပ်တွင် သိုလှောင်ရန်လိုပြီး Pfizer ၏ ကာကွယ်ဆေးကို အနုတ် ၇၀ ဒီဂရီ ဆဲလ်စီးယပ်တွင် သိုလှောင်ထားရန် လိုသည်။
ထို့ကြောင့် Sinovac (CoronaVac) နှင့် Oxford-AstraZeneca ကာကွယ်ဆေးများသည် ထိုမျှနိမ့်သော အပူချိန်တွင် ကာကွယ်ဆေး အများအပြားကို သိုလှောင်ထားနိုင်စွမ်း မရှိနိုင်သည့် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် များစွာ ပိုမို အသုံးဝင်သည်။
မည်မျှ ထိရောက်မှု ရှိသနည်း
ယခုအချိန်တွင် ပြောဆိုရန် ခက်နေသေးသည်။ Lancet သိပ္ပံပညာဂျာနယ်၏ အရ CoronaVac ၏ ပထမဆင့်နှင့် ဒုတိယဆင့်တို့နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကိုသာ သိရသေးသည်။
ပထမဆင့် စမ်းသပ်မှုတွင် လူ ၁၄၄ ဦးပါဝင်ပြီး ဒုတိယအဆင့် စမ်းသပ်မှုတွင် လူ ၆၀၀ ပါဝင်သော ရလဒ်များကို အခြေခံပါက ထိုဆေးကို အရေးပေါ် အသုံးပြုရန် သင့်တော်သည့် အဓိပ္ပါယ် သက်ရောက်ကြောင်း ထိုစာတမ်းကို ရေးသားသူများအနက် တဦးဖြစ်သူ Zhu Fengcai ကပြောသည်။
CoronaVac ကာကွယ်ဆေး တတိယဆင့် စမ်းသပ်မှုများကို ဘရာဇီး၊ အင်ဒိုနီးရှားနှင့် တူရကီတွင် ပြုလုပ်နေသည်။
လွန်ခဲ့သောအပတ် အစောပိုင်းက ရရှိသည့် တူရကီမှ နောက်ပိုင်းအဆင့် ကြားဖြတ်အချက်အလက်များအရ ထိုကာကွယ်ဆေးသည် ၉၁.၂၅ ရာခိုင်နှုန်း ထိရောက်မှု ရှိကြောင်း သိရသည်။
သို့သော် ဘရာဇီးမှ သုတေသီများကမူ ထိုဆေးသည် ၅၀ ရာခိုင်နှုန်းကျော် ထိရောက်သည်ဟု ဆိုသော်လည်း ရလဒ် အပြည့်အစုံကို မထုတ်ပြန်သောကြောင့် ပွင့်လင်းမြင်သာမှုနှင့် ပတ်သက်ပြီး မေးခွန်းထုတ်စရာဖြစ်နေသည်။
သို့သော် ဘရာဇီးမှ သုတေသီများကမူ ထိုဆေးသည် ၅၀ ရာခိုင်နှုန်းကျော် ထိရောက်သည်ဟု ဆိုသော်လည်း ရလဒ် အပြည့်အစုံကို မထုတ်ပြန်သောကြောင့် ပွင့်လင်းမြင်သာမှုနှင့် ပတ်သက်ပြီး မေးခွန်းထုတ်စရာဖြစ်နေသည်။
ထိုကာကွယ်ဆေး နောက်ပိုင်အဆင့် စမ်းသပ်မှုများကို ဘရာဇီးတွင် အောက်တိုဘာလက စတင်သည်။ ဘရာဇီးနိုင်ငံသည် ကိုဗစ်-၁၉ ကြောင့် သေဆုံးမှု ဒုတိယအများဆုံး နိုင်ငံဖြစ်သည်။ သို့သော် ဆေးစမ်းသပ်ခံသည့် စေတနာ့ဝန်ထမ်းတဦးသေဆုံးသောကြောင့် စမ်းသပ်မှုများကို နိုဝင်ဘာလတွင် ရပ်ဆိုင်းလိုက်သော်လည် ထိုသေဆုံးမှုသည် ကာကွယ်ဆေးနှင့်ပတ်သက်ခြင်း မရှိကြောင်း တွေ့ရပြီး နောက် ပြန်လည်စတင်ခဲ့သည်။
Sinovac (CoronaVac ) ကို တရုတ်နိုင်ငံမှ အန္တရာယ်များသော အုပ်စုများအတွက် အရေးပေါ်သုံးရန် ဇူလိုင်လကပင် အတည်ပြုထားသည်။
စမ်းသပ်မှုများကို စေတနာ့ဝန်ထမ်း ၁၀၀၀ ကျော်တွင် ပြုလုပ်ထားကြောင်း၊ အချို့တွင်သာ အနည်းငယ်မောပမ်းနွမ်းနယ်မှုနှင့် မအီမလည်ဖြစ်သည်ကို တွေ့ရကြောင်း နှင့် ထိုသို့ခံစားရသူအရေအတွက်သည် ၅ ရာခိုင်နှုန်းထက် မကျော်ကြောင်း စက်တင်ဘာလတွင် Sinovac မှ Mr Yin ပြောသည်။
ရရှိထားသော သတင်းအချက်အလက်များသည် အကန့်အသတ်ရှိနေသောကြောင့် Sinovac (CoronaVac) ကာကွယ်ဆေး၏ ထိရောက်မှုနှင့် ပတ်သက်ပြီး ဝေဖန်ပြောကြားရန် ခက်ခဲကြောင်း အဆင့် ၃ စမ်းသပ်မှု မတိုင်မီက Prof Luo ပြောသည်။
“ပဏာမ ရရှိထားတဲ့ အချက်အလက်တွေကို အခြေခံပြောရရင် CoronaVac က ထိရောက်မှု ရှိနိုင်တယ်။ ဒါပေမယ့် တတိယဆင့်က ရလဒ်ကို စောင့်ကြည့်ဖို့လိုတယ်” ဟု သူပြောသည်။
Sinopharm အလားအလာ
တရုတ်နိုင်ငံပိုင် ကုမ္ပဏီဖြစ်သော Sinopharm သည်လည်း ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ မျိုး ထုတ်လုပ်ပြီး ၎င်းတို့သည် Sinovac ကဲ့သို့ပင် အားပျော့နေသည့် ဗိုင်းရပ်စ်ကို သုံးသော အလားတူနည်းပင် လုပ်ဆောင်သည်။
၎င်းတို့ ကာကွယ်ဆေး အဆင့် ၃ စမ်းသပ်မှုသည် ၇၉ ရာခိုင်နှုန်း ထိရောက်သည်ဟု Sinopharm က ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ကြေညာသဖြင့် Pfizer နှင့် Moderna တို့ထက် ထိရောက်မှု နည်းသည်။
သို့သော် ယခုလ အစောပိုင်းတွင် Sinopharm ကာကွယ်ဆေးကို အတည်ပြုခဲ့သော အာရပ်စော်ဘွားများနိုင်ငံက အဆင့် ၃ စမ်းသပ်မှု ကြားဖြတ် ရလဒ်များအရ ထိုဆေးသည် ၈၆ ရာခိုင်နှုန်း ထိရောက်ကြောင်းကြေညာသည်။
သို့သော် ယခုလ အစောပိုင်းတွင် Sinopharm ကာကွယ်ဆေးကို အတည်ပြုခဲ့သော အာရပ်စော်ဘွားများနိုင်ငံက အဆင့် ၃ စမ်းသပ်မှု ကြားဖြတ် ရလဒ်များအရ ထိုဆေးသည် ၈၆ ရာခိုင်နှုန်း ထိရောက်ကြောင်းကြေညာသည်။
ထိုသို့ ကွာဟနေခြင်းနှင့်ပတ်သက်ပြီး Sinopharm ပြောခွင့်ရသူက ရှင်းပြရန် ငြင်းဆန်ပြီး အသေးစိတ် ရလဒ်များကို မကြာမီကြေညာမည်ဟု ပြောသည်။
အဆင့် ၃ စမ်းသပ်မှု ရလဒ်များ မတိုင်မီကပင် ထိုကာကွယ်ဆေးကို အရေးပေါ်အခြေအနေအရ တရုတ်နိုင်ငံမှ လူ ၁ သန်းနီးပါးသို့ ဖြန့်ချိပြီးဖြစ်သည်။
နောက်ဆုံးအဆင့် စမ်းသပ်ချက်များကို ဦးစွာ မလုပ်ဘဲ ကာကွယ်ဆေး အစီအစဉ်စတင်ခြင်းသည် ထုံးစံမဟုတ်ကြောင်း စင်္ကာပူ အမျိုးသား တက္ကသိုလ်မှ ပါမောက္ခ Dale Fisher ကပြောသည်။
“ပုံမှန်အတိုင်းဆိုရင် အရေးပေါ်ခွင့်ပြုချက်ကို ဖြတ်ပြီး ကာကွယ်ဆေး အစီအစဉ် မစတင်ခင် အဆင့် ၃ စမ်းသပ်မှုအပေါ် သုံးသပ်စိစစ်တာကို စောင့်ရတယ် ” ဟု သူပြောသည်။
ဒီဇင်ဘာလ အစောပိုင်းတွင် စေတနာ့ဝန်ထမ်းတဦးသည် ပြင်းထန်သော ဆိုးကျိုးများကို ခံစားရသည်ဟု ဆိုကာ ပီရူးနိုင်ငံက Sinopharm စမ်းသပ်မှုကို ဆိုင်းငံ့ခဲ့သည်။ ထိုနောက်တွင် ဆိုင်းငံ့ခြင်းကို ရုတ်သိမ်းကြောင်း ကြေညာသည်။
စမ်းသပ်မှု ရပ်ဆိုင်းခြင်းသည် ထူးခြားသော ကိစ္စမဟုတ်ပေ။ ဗြိတိန်နိုင်ငံတွင် အခြား ကိုဗစ်ကာကွယ်ဆေးတခုကို စမ်းသပ်သောအခါ ပါဝင်သူတယောက်တွင် ဘေးထွက်ဆိုးကျိုးဖြစ်သောကြောင့် စမ်းသပ်မှု ဆိုင်းငံ့ဖူးသည်။
စမ်းသပ်မှု ရပ်ဆိုင်းခြင်းသည် ထူးခြားသော ကိစ္စမဟုတ်ပေ။ ဗြိတိန်နိုင်ငံတွင် အခြား ကိုဗစ်ကာကွယ်ဆေးတခုကို စမ်းသပ်သောအခါ ပါဝင်သူတယောက်တွင် ဘေးထွက်ဆိုးကျိုးဖြစ်သောကြောင့် စမ်းသပ်မှု ဆိုင်းငံ့ဖူးသည်။
ထို့နောက် ကာကွယ်ဆေးကြောင့် ဖြစ်ပွားခြင်းမဟုတ်ဟုဆိုကာ ကာကွယ်ဆေး စမ်းသပ်မှု ပြန်လည်စတင်ခဲ့သည်။
တရုတ်နိုင်ငံဒေသ အများစုတွင် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ပြီးဖြစ်ကာ ပုံမှန်အခြေအနေသို့ တဖြည်းဖြည်းပြန်ရောက်လာနေသည်။
အခြားကာကွယ်ဆေး အလောင်းအလျာများ
တရုတ်နိုင်ငံတွင် အခြား ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အနည်းဆုံး ၂ မျိုး စမ်းသပ်နေကြောင်း မကြာသေးမီက ထုတ်ဝေသည့် Conversation စာစောင် ဆောင်းပါးအရ သိရသည်။
တခုမှာ CanSino Biologics ဖြစ်ပြီး ၎င်းကို ဆော်ဒီအာရေးဗီးယား အပါအဝင် နိုင်ငံများတွင် အဆင့် ၃ စမ်းသပ်မှု ပြုလုပ်နေသည်။
အခြားတခုမှာ Anhui Zhifei Longcom က ထုတ်လုပ်သည့် ကာကွယ်ဆေးဖြစ်သည်။ ထိုကာကွယ်ဆေးသည် သန့်စင်ထားသော ဗိုင်းရပ်စ်ကို သုံးပြီး ခုခံစွမ်းအား တုံ့ပြန်မှု ဖြစ်စေသည်။ မကြာသေးမီက အဆင့် ၃ စမ်းသပ်မှု ပြုလ်ုနေကြောင်း ထိုသတင်းက ဆိုသည်။
တရုတ်ကာကွယ်ဆေး မှာကြားသော နိုင်ငံများ
ဒီဇင်ဘာလအစောပိုင်းတွင် Sinovac ကာကွယ်ဆေး ပထမအသုတ် အင်ဒိုနီးရှားသို့ရောက်ပြီ အများပြည်သူ ကာကွယ်ဆေးထိုးရန် ပြင်ဆင်ကြသည်။ ဇန်နဝါရီလအစောပိုင်းတွင်ဆေး ၁.၈ သန်းပါသော ဒုတိယအသုတ်ရောက်မည်ဖြစ်သည်။
နောက် ရက်အနည်းငယ်အကြာတွင် အာရပ်စော်ဘွားများ နိုင်ငံအပါအဝင် အာရပ်နိုင်ငံနှစ်ခုတွင် Sinopharm ကာကွယ်ဆေးကို အတည်ပြုသည်။
နောက် ရက်အနည်းငယ်အကြာတွင် အာရပ်စော်ဘွားများ နိုင်ငံအပါအဝင် အာရပ်နိုင်ငံနှစ်ခုတွင် Sinopharm ကာကွယ်ဆေးကို အတည်ပြုသည်။
ဘာရိန်း နိုင်ငံကလည်း Sinopharm ကိုဗစ်ကာကွယ်ဆေးကို အတည်ပြုပြီး ဆေးအခမဲ့ထိုးရန် အရွယ်ရောက်ပြီးသူများ အွန်လိုင်းမှ မှတ်ပုံတင်ရန်ပြောသည်။
စင်္ကာပူကလည်း Sinovac ၊ Moderna နှင့် Pfizer-BioNTech ကာကွယ်ဆေး လုပ်ငန်းများအပါအဝင် အခြားဆေးထုတ်လုပ်ရေးများနှင့် ကြိုတင်စာချုပ်ချုပ်ဆိုထားကြောင်းပြောသည်။
Sinovac သည် တူရကီ၊ ဘရာဇီးနှင့် ချီလီတို့နှင့်လည်း စာချုပ်များ ချုပ်ဆိုထားသည်။
တရုတ်နိုင်ငံကာကွယ်ဆေးကို မည်သို့ ထုတ်လုပ်မည်နည်း
အသစ်တည်ဆောက်ထားသည့် စတုရန်းမီတာ ၂ သောင်းရှိ စက်ရုံမှ တနှစ်လျှင် ကာကွယ်ဆေး သန်း ၃၀၀ ထုတ်လုပ်မည်ဟု Sinovac ကုမ္ပဏီ ဥက္ကဌက တရုတ်နိုင်ငံပိုင်မီဒီယာ CGTN သို့ပြောသည်။
အခြားကာကွယ်ဆေးများကဲ့သို့ပင် ထိုကာကွယ်ဆေးကို နှစ်ကြိမ်ထိုးရပြီး တနှစ်လျှင် လူ သန်း ၁၅၀ သာထိုးနိုင်ပြီး ထိုအရေအတွက်သည် တရုတ်နိုင်ငံလူဦးရေ၏ ဆယ်ပုံတပုံကျော်သာရှိသည်။
တရုတ်နိုင်ငံ၏ ကာကွယ်ဆေး သံတမန်ရေး အောင်ပွဲရရန် အားထုတ်မှုကို သုတေသီများထောက်ပြသည်။
သမ္မတရှီက အာဖရိကတိုက်အတွက် ဒေါ်လာ ၂ ဘီလျံ သီးခြားထားရှိပြီး လက်တင်အမေရိကနှင့် ကာရစ်ဗီရမ် နိုင်ငံများအတွက် ဒေါ်လာ ၁ ဘီလျံ ထားသည်ဟု ဆိုသည်။ သဘောတူညီချက် မည်သို့ရယူနိုင်မည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။
သမ္မတရှီက အာဖရိကတိုက်အတွက် ဒေါ်လာ ၂ ဘီလျံ သီးခြားထားရှိပြီး လက်တင်အမေရိကနှင့် ကာရစ်ဗီရမ် နိုင်ငံများအတွက် ဒေါ်လာ ၁ ဘီလျံ ထားသည်ဟု ဆိုသည်။ သဘောတူညီချက် မည်သို့ရယူနိုင်မည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။
“ဘေ့ဂျင်းက ကူးသန်းရောင်းဝယ်ရေးနဲ့ သံတမန်ရေး အကျိုးအမြတ်ရဖို့ အခုလို အသက်ကယ်နိုင်တဲ့ နည်းပညာကို ပေးဖို လုပ်မှာပဲ” ဟု MERICS မှ သုတေသီ Jacob Mardell ပြောသည်။
“တခြားနိုင်ငံတွေက အရမ်းလိုချင်နေတော့ တရုတ်ကလည်း ပိုင်ဆိုင်ထားပြီးတဲ့ ကာကွယ်ဆေး ထောက်ပံ့တာကို ဒါနကုသိုလ်အဖြစ် ပုံဖေါ်မယ်” ဟု လည်း သူပြောသည်။
မည်မျှအထိ ကုန်ကျမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ သို့သော် ယခုနှစ် အစောပိုင်းက ဘီဘီစီ သတင်းအဖွဲ့သည် တရုတ်နိုင်ငံ Yiwu တွင် သူနာပြုများက ယွမ် ၄၀၀ နှုန်း (ဒေါ်လာ ၆၀) ဖြင့် ကာကွယ်ဆေးထိုးပေးနေသည်ကို တွေ့ရသည်။
ထို့ကြောင့် ၄ ဒေါ်လာသာကုန်ကျသည့် Oxford ကာကွယ်ဆေးထက် များစွာပိုကုန်ပြီး တလုံးလျှင် ၃၃ ဒေါ်လာ ကျသော Moderna ထက်သက်သာသည်။ Moderna က ၂၀၂၁ တွင် ဆေး သန်း ၅၀၀ တင်ပို့မည်ပြောပြီး AstraZeneca က ၂၀၂၁ ပထမ သုံးလပါတ်အကုန်တွင် ဆေး သန်း ၇၀၀ ထုတ်လုပ်မည်ဟု ပြောသည်။
ကိုးကား။ ။ BBC ၏ Covid: What do we know about China’s coronavirus vaccines?
You may also like these stories:
အင်ဒိုနီးရှားမှာ COVID-19 ကာကွယ်ဆေး ထိုးနှံရေး ဇန်နဝါရီ ၁၃ ရက် စတင်မည်
WHO က Pfizer-BioNTech ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုခွင့်ပေး
အိန္ဒိယက အာရှအတွက် ဈေးသက်သာသော ကိုဗစ်ကာကွယ်ဆေးများ ရောင်းချမည်