ဆောင်းပါး

ရွှေကုက္ကိုလ်မှာ တရုတ်တွေ လောင်းကစား ဆက်လုပ်နေ

တရုတ်လုပ်ငန်းစု၏ ရင်းနှီးမြုပ်နှံမှုဖြင့် တည်ဆောက်နေသည့် ရွှေကုက္ကိုမြို့သစ်စီမံကိန်းသည် ဥပဒေမဲ့ လောင်းကစားလုပ်ငန်းများနှင့် တရားမဝင်လုပ်ငန်းများ လုပ်ကိုင်နေကြောင်း စွပ်စွဲခံနေရပြီး အများက စောင့်ကြည့်ခံနေရချိန်တွင် ရာချီသည့် လူငယ်များအား လစာကောင်းကောင်းပေး၍ အွန်လိုင်းလောင်းကစားလုပ်ငန်း ဆက်လက်လည်ပတ်နေခဲ့သည်။

အစိုးရခွင့်ပြုသည်ထက် များပြားသည့် တိုးချဲ့တည်ဆောက်မှုများကြောင့် စီမံကိန်းလုပ်ငန်းများ ရပ်တန့်ထားရန် ညွှန်ကြားချက်များရှိပြီး အွန်လိုင်းလောင်းကစားလုပ်ငန်းများ စီမံကိန်းအတွင်း လုပ်ကိုင်ခဲ့ကြောင်း Myanmar Yatai International Holding Group Co.,Ltd ကုမ္ပဏီဘက်က ပြီးခဲ့သည့်နှစ်လယ်ပိုင်းတွင် ဝန်ခံခဲ့ပြီးနောက် ဆက်လက်လုပ်ကိုင်ခွင့် မ ပြုတော့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

 သို့သော် တရုတ်နိုင်ငံသား တထောင်ကျော်နှင့် မြန်မာနိုင်ငံသား ၈၀၀ ကျော်ရှိ စီမံကိန်းအတွင်း မကြာသေးမီ အချိန်ကအထိ လုပ်ကိုင်လျက် ရှိခဲ့ကြောင်း ယုံကြည်နိုင်သော အထောက်အထားများက ပေါ်ထွက်ခဲ့သည်။

သို့သော် တရုတ်နိုင်ငံသား တထောင်ကျော်နှင့် မြန်မာနိုင်ငံသား ၈၀၀ ကျော်ရှိ စီမံကိန်းအတွင်း မကြာသေးမီ အချိန်ကအထိ လုပ်ကိုင်လျက် ရှိခဲ့ကြောင်း ယုံကြည်နိုင်သော အထောက်အထားများက ပေါ်ထွက်ခဲ့သည်။

ဖေ့ဘွတ်လူမှုကွန်ရက် အသုံးပြုသူတဦးက ၎င်းစီမံကိန်းတွင် အလုပ်လုပ်နေသည့် တူမ တော်စပ်သူများ သွားရောက်ခေါ်ယူရာတွင် ကြုံတွေ့ခဲ့ရသည့် လုံခြုံရေး တားဆီးကန့်သတ်ခံရမှု အခြေအနေနှင့် အလုပ်လုပ်ကိုင်နေသည့် လူငယ်အများအပြား စီမံကိန်းအတွင်း ကန့်သတ်ခံထားရသည့် အခြေအနေများအား သူ့စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

လတ်တလော စီမံကိန်းအတွင်း တရားဝင်မှတ်ပုံတင်ထားသည့် ကုမ္ပဏီ ၂၀ ခန့်ရှိနေပြီး တည်ဆောက်ရေး ခွင့်ပြုချက်ရရန် စောင့်ဆိုင်းနေသူများနှင့် တည်ဆောက်ထားမှုများအား ပြုပြုင်ထိန်းသိမ်းရေး ဆောင်ရွက်နေသူများ ရှိ ကြောင်း တာဝန်ရှိသူများဘက်က ပြောသော်လည်း ယခုဖြစ်ရပ်က တရုတ်လူမျိုးများ ဦးစီးသော အွန်လိုင်းလောင်းကစားလုပ်ငန်းများ ရွှေကုက္ကိုလ်တွင် ဆက်လက်လုပ်ကိုင်နေကြပြီး နယ်ခြားစောင့်တပ်ဖွဲ့က အကာအကွယ်ပေးထားသည်မှာ ပေါ်လွင်လာစေခဲ့သည်။

သူ့ဇာတ်ကြောင်းကို နီးစပ်ရာ မိတ်ဆွေများကလည်း ဝိုင်းဖြန့်ကြရင်း သက်ဆိုင်ရာမှ တာဝန်ယူ ဆောင်ရွက်ကြရန်လည်း တိုက်တွန်းကြသည်။

ယင်းနောက် ဒေသတွင်း ရဲတပ်ဖွဲ့နှင့် အာဏာပိုင်များက အပူတပြင်း မေးမြန်းစူးစမ်းမှုများနှင့် စီမံကိန်းတာဝန်ရှိသူများဘက်က ဖြေရှင်းကျိုးပမ်းမှုများ ရှိနေသည်ကို တွေ့ရသည်။

ချစ်လင်းမြိုင်ကုမ္ပဏီ၊ ဒါရိုက်တာ စောမင်းမင်းဦးက “ကျနော်တို့ တာဝန် အပြည့်အဝယူနိုင်ပါတယ်၊ တကယ်လို့ ကုမ္ပဏီဘက်က သူ့လုပ်ခ မပေးတာလား၊ အခက်အခဲရှိရင်ပြောပြ၊ ကုမ္ပဏီဘက်ကအမှားရှိရင် ကုမ္ပဏီကို အရေးယူမယ်လေ၊ အခုက အဲ့မှာရှိတဲ့ မိန်းကလေး ၈၀၀ ကို တပ်မတော်ကပဲ ဝင်ကယ်ရတော့မလိုလို၊ အခုပြန်ချင် ပြန်လို့ရအောင် ဖြေရှင်းလို့ရနေတာပဲ၊ အခုက ပြန်ချင်တဲ့လူက နည်းတယ်၊ ထပ်ဝင်လာတဲ့သူကပဲ များနေတာ” ဟု ဧရာဝတီနှင့် ဖုန်းမေးမြန်းခန်းတွင် ပြောသည်။

စီမံကိန်းအတွင်း လုပ်ကိုင်နေသော ဝန်ထမ်းမိန်းကလေးအား သွားရောက်ခေါ်ဆောင်ချိန်သည် ကိုဗစ်-၁၉ ပိုးတွေ့ ရှိမှုများကြောင့် ရွှေကုက္ကိုစီမံကိန်းအား လော့ဒေါင်းချထားသည့် ကာလနှင့် တိုက်ဆိုင်နေသော်လည်း ၎င်းအဖြစ် အပျက်များ ရေးသားဖော်ပြပြီး နောက်ရက်တွင် အလုပ်မှ ထွက်လိုသည့် ဝန်ထမ်းအချို့လည်း ထွက်ခွင့်ရခဲ့ ကြောင်း သိရသည်။ ယင်း ဖေ့ဘွတ်လူမှုကွန်ရက် အသုံးပြုသူကလည်း ထိုသို့ အိမ်ပြန်လိုသူ လူငယ်များ ပြန်ခွင့်ပြုကြောင်း ရေးတင်ထားသည်။

ရွှေကုက္ကိုလ်စီမံကိန်းနယ်မြေအတွင်းက ဟိုတယ်တလုံး/ထက်ဝေ /ဧရာဝတီ

လတ်တလော စီမံကိန်းအတွင်း တရားဝင်မှတ်ပုံတင်ထားသည့် ကုမ္ပဏီ ၂၀ ခန့်ရှိနေပြီး တည်ဆောက်ရေး ခွင့်ပြုချက်ရရန် စောင့်ဆိုင်းနေသူများနှင့် တည်ဆောက်ထားမှုများအား ပြုပြုင်ထိန်းသိမ်းရေး ဆောင်ရွက်နေသူများ ရှိ ကြောင်း တာဝန်ရှိသူများဘက်က ပြောသော်လည်း ယခုဖြစ်ရပ်က တရုတ်လူမျိုးများ ဦးစီးသော အွန်လိုင်းလောင်းကစားလုပ်ငန်းများ ရွှေကုက္ကိုလ်တွင် ဆက်လက်လုပ်ကိုင်နေကြပြီး နယ်ခြားစောင့်တပ်ဖွဲ့က အကာအကွယ်ပေးထားသည်မှာ ပေါ်လွင်လာစေခဲ့သည်။

အွန်လိုင်းလောင်းကစားလုပ်ငန်းသည် အဓိကအားဖြင့် ဒေသတွင်း တရုတ်နိုင်ငံသားများနှင့် ချိတ်ဆက်ထားပြီး ငွေပေးချေမှုများကိုလည်း အွန်လိုင်းမှပင် ဆောင်ရွက်ကြခြင်းဖြစ်သည်။

ထိုလုပ်ငန်းဝန်ဆောင်မှုအတွက် ဝန်ထမ်းတဦးလျှင် အခြေခံ လစာငွေအဖြစ် ယွမ် ၅၀၀၀ (ကျပ် ၁၀ သိန်း)ခန့် ရရှိပြီး လုပ်သက် ၆ လမတိုင်မီ အလုပ်မှထွက်ပါက လစာပေးခြင်း မပြုသကဲ့သို့သော အလုပ်သဘောတူညီမှု အမျိုးမျိုးရှိ ကြောင်းလည်း လုပ်ကိုင်ခဲ့ဖူးသူ အချို့က ဧရာဝတီကို ပြောပြသည်။

ရွှေကုက္ကိုမြို့သစ်စီမံကိန်းသို့ နှိုင်းယှဉ်ပါက ပိုများသည့် လစာငွေကြောင့် တရုတ်နိုင်ငံသားများအပြင် ရှမ်း၊ ကချင်၊ မန္တလေးနှင့် ရန်ကုန်တို့မှ တရုတ်စာတတ်သူ လူငယ်အများအပြား လာရောက်လုပ်ကိုင်ကြကြောင်း သိရသည်။

ပြီးခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသွားအလာများ ကန့်သတ်ထားသည့် ကာလအတွင်းမှာပင် တရားမဝင် လာရောက်သည့် တရုတ်နိုင်ငံသား အများအပြားဖမ်းမိခဲ့ပြီး အများစုသည် ရှမ်းပြည်နယ်၊ မူဆယ်ဂိတ်နှင့် ကိုးကန့်ဒေသနယ်စပ်တို့မှ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ထားချက်များအရ သိရသည်။

ယင်းသို့ လာရောက်လုပ်ကိုင်သူများတွင် နိုင်ငံသား မှတ်ပုံတင် သို့မဟုတ် နိုင်ငံကူးလက်မှတ်ဖြင့် လာရောက်သူများရှိသကဲ့သို့ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် ကြားခံပို့ဆောင်သူများအား ငွေကြေးပေးကာ လာရောက်ကြသူများလည်း ရှိသည်။

ဒေသတွင်း လက်နက်ကိုင်အဖွဲ့ဝင် တချို့၏ ပြောပြချက်အရ မန္တလေးမှ ရွှေကုက္ကိုသို့ ပို့ဆောင်ခအနေဖြင့် တဦးလျှင် ကျပ်သိန်း ၅၀ ခန့် ဈေးပေါက်ပြီး တခါတရံတွင် တရားမဝင် ဝင်ရောက်လာသူ တရုတ်နိုင်ငံသားများနှင့် အတူ လက်နက်ကိုင်တပ်ဖွဲ့ဝင်အချို့အား ဖမ်းမိမှုဖြစ်စဉ်များလည်း ရှိခဲ့သည်။

ပြီးခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အသွားအလာများ ကန့်သတ်ထားသည့် ကာလအတွင်းမှာပင် တရားမဝင် လာရောက်သည့် တရုတ်နိုင်ငံသား အများအပြားဖမ်းမိခဲ့ပြီး အများစုသည် ရှမ်းပြည်နယ်၊ မူဆယ်ဂိတ်နှင့် ကိုးကန့်ဒေသနယ်စပ်တို့မှ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ထားချက်များအရ သိရသည်။

တရုတ်လုပ်ငန်းစု Yatai International ကုမ္ပဏီနှင့် ကရင်နယ်ခြားစောင့်တပ် (BGF) ၏ ချစ်လင်းမြိုင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်နေသည့် အဆိုပါမြို့သစ်စီမံကိန်းနှင့် ပတ်သက်ပြီး ရာဇဝတ်မကင်းသည့် လောင်းကစားဂိုဏ်းများနှင့် ဆက်နွယ်မှုများအား ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းအချို့က ထောက်ပြကြသကဲ့သို့ ဒေသတွင်း တရုတ်နိုင်ငံသားများ အလုံးအရင်းဝင်ရောက်မှုနှင့် လောင်းကစားများ ပေါများလာမှုကို ဒေသခံများကလည်း စိုးရိမ်ကြောင်း ပြောဆိုနေခဲ့ကြသည်။

၂၀၁၉ ခုနှစ် ဩဂုတ်လအတွင်း ကျင်းပသည့် နယ်ခြားစောင့်တပ် ဖွဲ့စည်းခြင်း ၉ နှစ်မြောက် စစ်ရေးပြပွဲ/ထက်ဝေ/ဧရာဝတီ

အမေရိကန်အခြေစိုက် US Institute Of Peace အဖွဲ့က ရွှေကုက္ကိုမြို့သစ်စီမံကိန်းတွင် ပါဝင်ပတ်သက်နေသည့် တရုတ်ရင်းနှီးမြုပ်နှံသူများသည် ကမ္ဘောဒီးယာနိုင်ငံ၊ လောင်းကစားမြို့တော် သီဟာနုဗေးမှ တိမ်းရှောင်လာကြသူများနှင့်ဆက်စပ်ကြောင်း၊ လောင်းကစားနှင့် ငွေကြေးခဝါခမှုကဲ့သို့ တရားမဝင် တရုတ်မာဖီးယားဂိုဏ်းများနှင့်လည်း ပတ်သက်မှုများရှိနေကြောင်း စွပ်စွဲခဲ့ပြီး ရွှေကုက္ကိုသည် အွန်လိုင်းလောင်းကစားကွန်ယက်၏ ဗဟိုချက်ဖြစ်လာမည်ကို စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။

စီမံကိန်းတာဝန်ရှိသူများကတော့ မာဖီးယားဂိုဏ်းများနှင့် ပတ်သက်သည့် စွပ်စွဲမှုများအား ငြင်းဆန်ခဲ့ပြီး အွန်လိုင်း လောင်းကစားကဲ့သို့ တရားမဝင်လုပ်ငန်းများအား ခွင့်ပြုမည် မဟုတ်သကဲ့သို့ BGF အနေဖြင့်လည်း အပြည့်အဝ ထိန်းချုပ်နိုင်ကြောင်း ချစ်လင်းမြိုင်ကုမ္ပဏီဘက်က ပြောဆိုခဲ့ဖူးသည်။

ရွှေကုက္ကိုလ် မြို့သစ်စီမံကိန်းကို တပ်မတော်လက်အောက်ခံ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)များ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ ထိန်းချုပ်မှုအောက်ရှိ ရွှေကုက္ကိုလ်တွင် Yatai International ကုမ္ပဏီနှင့် BGF ၏ ချစ်လင်းမြိုင်ကုမ္ပဏီတို့ ပူးပေါင်းကာ Myanmar Yatai International Holding Group Co.,ltd အမည်ဖြင့် မှတ်ပုံတင်ကာ ဆောင်ရွက်နေခြင်းဖြစ်သည်။

စီမံကိန်းတည်ဆောက်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့က မြေ ၆၂ ဧကကို တရားဝင်ခွင့်ပြုပေးခဲ့ပြီး ယင်းဧရိယာထဲမှ မြေ ၂၅.၅ ဧကပေါ်တွင် ရင်းနှီးမြုပ်နှံ့မှု အမေရိကန် ဒေါ်လာ ၂၂.၅ သန်းဖြင့် အဆင့်မြင့် လုံးခြင်းနေအိမ်များ ဆောက်လုပ်ရန်သာ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံ့မှုကော်မရှင်(MIC)က ၂၀၁၈ ခုနှစ် ဇူလိုင်လက ခွင့်ပြုထားသည်။

လက်ရှိတွင် ဥပဒေချိုးဖောက်မှုများဖြင့် အငြင်းပွားဖွယ်ဖြစ်နေသည့် ရွှေကုက္ကိုမြို့သစ်စီမံကိန်းနှင့် ပတ်သက်၍ ကရင်ပြည်နယ်မှ ဌာနဆိုင်ရာ တာဝန်ရှိသူများက ၂ ပတ်လျှင် တကြိမ် ပုံမှန် သွားရောက်စစ်ဆေးမှုများ ရှိနေ သော်လည်း တရားမဝင် လောင်းကစားလုပ်ငန်းများနှင့် ပတ်သက်ပြီး ထုတ်ဖော်ပြောကြားမှု မတွေ့ရသကဲ့သို့ ပိတ်လှောင်ကန့်သတ်မှုကဲ့သို့ အလုပ်သမားအရေး တိုင်းကြားမှုများလည်း မရှိကြောင်း ပြောကြသည်။

ပြည်ထောင်စု အစိုးရအနေဖြင့်လည်း စီမံကိန်းနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့အား သီးသန့်ဖွဲ့စည်းထား သော်လည်း လောင်းကစားလုပ်ငန်းများနှင့် ပတ်သက်ပြီး ဖော်ထုတ်အရေးယူခြင်း မရှိသေးသကဲ့သို့ ဥပဒေ ကျော် လွန်လုပ်ဆောင်ထားသည့် လုပ်ငန်းများနှင့် ပတ်သက်၍လည်း တိကျသည့် ဖြေရှင်းမှုများ မတွေ့ရသေးဘဲ လက်နက်ကိုင်တပ်ဖွဲ့များ ပါဝင်ပတ်သက်နေသည့်အတွက် ကိုင်တွယ်ရခက်ခဲကြောင်းသာ သမ္မတရုံးဘက်က ထုတ်ဖော် ပြောကြားဖူးသည်။

ကရင်ပြည်နယ်၊ လူဝင်မှုကြီးကြပ် ရေး ဝန်ကြီး ဦးမင်းကိုခိုင်က “ ရွှေကုက္ကိုက သွားလို့ရနေတာပဲ ဒီလိုကိစ္စတွေ မရှိပါဘူး။ သူတို့ လူမှုရေးပြဿနာ ရှိရင် ရှိမှာပဲ၊ ကျနော်တို့ဆီကလည်း ပုံမှန်စစ်ဆေးနေပါတယ်။ ဒီလိုကိစ္စတွေ တိုင်ကြားလာတာလဲ မရှိသေးပါဘူး” ဟု ပြောသည်။

ပြည်ထောင်စု အစိုးရအနေဖြင့်လည်း စီမံကိန်းနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့အား သီးသန့်ဖွဲ့စည်းထား သော်လည်း လောင်းကစားလုပ်ငန်းများနှင့် ပတ်သက်ပြီး ဖော်ထုတ်အရေးယူခြင်း မရှိသေးသကဲ့သို့ ဥပဒေ ကျော် လွန်လုပ်ဆောင်ထားသည့် လုပ်ငန်းများနှင့် ပတ်သက်၍လည်း တိကျသည့် ဖြေရှင်းမှုများ မတွေ့ရသေးဘဲ လက်နက်ကိုင်တပ်ဖွဲ့များ ပါဝင်ပတ်သက်နေသည့်အတွက် ကိုင်တွယ်ရခက်ခဲကြောင်းသာ သမ္မတရုံးဘက်က ထုတ်ဖော် ပြောကြားဖူးသည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်သည် ယခင် ကေအန်ယူ နယ်မြေခံတပ်များဖြစ်ပြီး ဒီကေဘီအေအဖြစ် ခွဲထွက်ကာ နောက်ပိုင်း တပ်မတော်လက်အောက်ခံ နယ်ခြားစောင့်တပ် ဖြစ်လာသည်။ မြဝတီမြို့ အနီး အခြေစိုက်ကြသော ၎င်းတို့သည် များသောအားဖြင့် တရားမဝင် နယ်စပ်ကုန်သွယ်ရေးမှ ဝင်ငွေများစွာ ရခဲ့ကြသည်။

လတ်တလောတွင်လည်း ဒေသတွင်း လောင်းကစားလုပ်ငန်းများကဲ့သို့ တရားမဝင် လုပ်ငန်းများနှင့် ပတ်သက် သည့် တပ်မတော်မှ အရာရှိ ၃ ဦးအား အရေးယူကာ တပ်ဖွဲ့က ထုတ်ပယ်ခဲ့နောက် ဒေသတွင်း လုံခြုံရေးတာဝန် ယူထားသည့် BGF နှင့် ပတ်သက်၍လည်း သင့်တော်သည့် အရေးယူမှုများ ဆောင်ရွက်ပြီးဖြစ်ကြောင်း တပ်မတော်ဘက်က ပြောထားသည်။

တချိန်တည်းတွင်ပင် မြဝတီတွင် ဒီဇင်ဘာ ဒုတိယပတ်အတွင်း တပ်မတော်မှ အင်အား အများအပြား တိုးချထားခဲ့အပြီး BGF တပ်မှူးများ တာဝန်က နှုတ်ထွက်ရန် ဖိအားပေးခံနေရကြောင်း သတင်းများလည်း ပြန့်နေသည်။

ယင်းသို့အခြေအနေတွင် ခရိုင်အဆင့် ရုံးထိုင်အုပ်ချုပ်သည့် မြဝတီမြို့ပေါ်တွင်ပင်လျင် တရားမဝင် လောင်းကစားလုပ်ငန်းများနှင့် မှောင်ခိုလုပ်ငန်းများအား ထိန်းချုပ်နိုင်မှု မရှိခြင်းကြောင့် တရုတ်ရင်းနှီးမြုပ်နှံမှုနှင့် အကောင်းအထည် ဖော်နေသည့် မြို့သစ်စီမံကိန်းတည်ရှိရာ ရွှေကုက္ကိုမြိုင်ကျေးရွာအား အစိုးရ၏ ထိန်းချုပ်နိုင်မှု လက်လှမ်းမီ မမီကလည်း မေးခွန်း ထုတ်စရာဖြစ်သည်။

ရွှေကုက္ကိုစီမံကိန်းကဲ့သို့ပင် တရုတ်ရင်းနှီးမြုပ်နှံသူများနှင့် ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့များအကြား သဘောတူညီမှုဖြင့် လုပ်ကိုင်မည့် အနည်းဆုံးစီမံကိန်း ၃ ခုကို ကရင်ပြည်နယ်၊ မြန်မာ-ထိုင်းနယ်စပ်၊ လက်နက်ကိုင်ထိန်း ချုပ်နယ်မြေများတွင် အကောင်းအထည်ဖော်ရန် ကြိုးပမ်းမှုများရှိနေပြီး ယင်းသို့ဆောင်ရွက်ချက်များသည် လုံခြုံ ရေးအရ စိုးရိမ်ရမှုနှင့် တရားဥပဒေစိုးမိုးရေးအပေါ် ခြိမ်းခြောက်နေကြောင်း ဝေဖန်ထောက်ပြမှုလည်း ရှိနေသည်။

You may also like these stories:

အငြင်းပွားဖွယ် တရုတ်မြို့သစ်နဲ့ ရွှေကုက္ကိုလ်ဒေသကို အစိုးရ ထိန်းချုပ်တော့မလား

မြဝတီမြို့တွင် စစ်တပ် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်

အစိုးရ ကိုင်တွယ်ရခက်မည့် ကရင်လက်နက်ကိုင်များနှင့် တရုတ်တို့၏ စီမံကိန်းများ

Loading