ဆင်းရဲဒုက္ခ၊ ဆုံးရှုံးမှုများနှင့် သေခြင်းတရားတို့ကို ကြုံတွေ့ နေရသည့်၊ အစုလိုက်အပြုံလိုက် အလုပ်လက်မဲ့ဖြစ်မှုများနှင့် ပြိုလဲနေသော နိုင်ငံ့စီးပွားရေးများ ရင်ဆိုင်နေရသည့် ကာလတခုတွင် ထိုင်ဝမ်ဟု ခေါ်သော စိတ်ကူးယဉ်နှင့် လက်တွေ့ ပကတိတရားတို့ကြားမှ နေရာတခု၏ အခြားသော အမှန်တရားကို စဉ်းစားကြည့်မည် ဆိုပါစို့။
လပေါင်းများစွာအတွင်း ထိုင်ဝမ်ကျွန်းပေါ်မှ ဘဝများက တနည်းအားဖြင့် ပုံမှန်အတိုင်း ရှိနေခဲ့သည်။ စိုးရိမ် ထိတ်လန့်စရာလည်း ဖြစ်ခဲ့ရသည်။
မင်္ဂလာဆောင်များကို စိုးရိမ်ပူပန်မှု ကင်းမဲ့စွာ ကျင်းပခဲ့ကြသည်။ ပြည်သူများက ဘောလုံးပွဲများတွင် အပြည့် ရှိနေခဲ့ပြီး ဖျော်ဖြေပွဲများနှင့် ညဈေးတန်းများသို့ သွားရောက်နေခဲ့ကြသည်။
မင်္ဂလာဆောင်များကို စိုးရိမ်ပူပန်မှု ကင်းမဲ့စွာ ကျင်းပခဲ့ကြသည်။ ပြည်သူများက ဘောလုံးပွဲများတွင် အပြည့် ရှိနေခဲ့ပြီး ဖျော်ဖြေပွဲများနှင့် ညဈေးတန်းများသို့ သွားရောက်နေခဲ့ကြသည်။
ထိုင်ဝမ်၏ လူဦးရေက ၂၃ ဒသမ ၇၈ သန်း ရှိသော်လည်း COVID-19 ပိုးကူးသူ ၈၂၈ ဦးနှင့် သေဆုံးသူ ၇ ဦးသာ ရှိသည်။
ထိုအခြေအနေသည် ဒေသခံများစွာအတွက် စိုးရိမ်ထိတ်လန့် ဖွယ် ဗိုင်းရပ်စ်ပိုးကို ဆန့်ကျင်တိုက်ခိုက်ရာတွင် သာမန်ထက် ထူးကဲသော အောင်မြင်မှုမျိုးဖြစ်ပါသည်။ ထိုင်ဝမ်ကျွန်း၏ ကံကြမ္မာကောင်းက မည်မျှကြာကြာ ရှိနေနိုင်မည်နည်း။
ထိုင်ဝမ်ကျန်းမာရေးဝန်ကြီးနှင့် ကပ်ရောဂါ ကာကွယ်ရေးဌာန၏ အကြီးအကဲ Chen Shih-chung အတွက် အောင်မြင်မှုဆိုသည်မှာ အစိုးရ၏ မဟာဗျူဟာ အခြေခံအုတ်မြစ် ပေါ်မှ ယိမ်းယိုင် မသွားစေရေး အကြောင်းရင်း တခု ဖြစ်သည်။ မတ်လကတည်းက စတင်၍ ထိုင်ဝမ်ကျွန်းက ဧည့်သည် ဝင်ရောက်မှု အများစုကို ပိတ်ဆို့ထားခဲ့သည်။ ထိုင်ဝမ်နိုင်ငံသားများအပါအဝင် ဝင်ခွင့်ရသူများကို ၂ ပတ်ကြာ တင်းကြပ်စွာ စောင့်ကြည့်မှု အောက်တွင် ထားရှိခဲ့သည်။
တံတိုင်းမြင့်မြင့် ထားရှိခြင်းက ကျွန်းနိုင်ငံကို ရောဂါကူးစက်မှု လွှမ်းမိုးသွားမည့် ဘေးမှ ကင်းဝေးအောင် ထားနိုင်ခဲ့သည်။ သို့သော်လည်း ကာကွယ်ဆေး ရရှိရန် လမ်းစပေါ်လာခြင်းကြောင့် ကမ္ဘာတလွှားမှ အခြားနိုင်ငံများက သူတို့၏ ကာကွယ် မှုများကို လျှော့ချလာပါက ထိုင်ဝမ်ကို စီးပွားရေးရော နိုင်ငံရေးအရပါ သီးခြား ခွဲထားခြင်းက အန္တရာယ်ရှိလာပါလိမ့်မည်။
လက်ရှိကာကွယ်ဆေးများက ရောဂါကူးစက်မှုကို ခံနိုင်ရည် ရှိ မရှိ နှင့် ပတ်သက်၍ သက်သေ အထောက်အထားများ ပိုမို များပြားလာသည့် အချိန်တွင်မှ “အဲဒီ အချိန်ကျမှာသာလျှင် ကျနော်တို့ စတင်ပြီး အနည်းငယ် အနားယူလို့ ရနိုင်ပြီ” ဟု Chen Shih-chung က ပြောသည်။
ဗိုင်းရပ်စ်နှိမ်နင်းရေး ရေရှည်ခိုင်မာသော လက်နက်ဖြစ်ကြောင်း သက်သေပြနိုင်မည့် ကာကွယ်ဆေးများ မရမချင်း အစိုးရအနေဖြင့် ၎င်းမူဝါဒများကို ပြောင်းလဲဖွယ် ရှိမည် မဟုတ်ဟု Chen Shih-chung က အင်တာဗျူး တခုတွင် ပြောကြားခဲ့သည်။ ထိုင်ဝမ် သည် နောက်တကြိမ်ဖြစ်လာမှသာ သူတို့အပေါ် ပြန်လည်တင်းကျပ်ရန် အများပြည်သူ ဖိအားများကြောင့် ပိတ်ဆို့မှုများကို ဖြေလျှော့ပေးခဲ့သည့် အခြားနေရာများနှင့်မတူပါ ဟု သူက ဆိုသည်။
“နောက်ထပ် လှိုင်းတခု ရှိဦးမယ်လို့ ကျနော် ထင်တယ်။ ဘာကြောင့်လဲ ဆိုတော့ လူတိုင်းက ‘ငါတို့ ကာကွယ်ဆေးရပြီ’ သို့မဟုတ် ‘လာမယ့် အပတ်မှာ ကာကွယ်ဆေး ထိုးရတော့မယ်၊ ငါစောင့်ခဲ့ရတာ ကြာပြီ။ ငါအခု လွတ်လွတ်လပ်လပ် နေနိုင်ပြီ’ လို့ တွေးကြတယ်” ဟု သူက ပြောသည်။
လက်ရှိကာကွယ်ဆေးများက ရောဂါကူးစက်မှုကို ခံနိုင်ရည် ရှိ မရှိ နှင့် ပတ်သက်၍ သက်သေ အထောက်အထားများ ပိုမို များပြားလာသည့် အချိန်တွင်မှ “အဲဒီ အချိန်ကျမှာသာလျှင် ကျနော်တို့ စတင်ပြီး အနည်းငယ် အနားယူလို့ ရနိုင်ပြီ” ဟု Chen Shih-chung က ပြောသည်။
ကမ္ဘာတဝန်း ကာကွယ်ဆေးထိုးနှံခြင်း စတင်လုပ်ဆောင်လာသည့် အချိန်တွင် COVID-19 ကြောင့် နယ်စပ် ထိန်းချုပ်ထားရမှုများကို မည်သည့်အချိန်တွင် မည်ကဲ့သို့ လျှော့ချမည်ဆိုသည့် မေးခွန်းက သြစတြေးလျနှင့် နယူးဇီလန် ကဲ့သို့ ပထဝီအနေအထားအရ ကွဲပြားမှုကို ကူးစက်ရောဂါ ကာကွယ်ရေး အဓိက အချက် အဖြစ် အသုံးပြုခဲ့သည့် အခြား နေရာများတွင်လည်း ရင်ဆိုင်ကြရလိမ့်မည် ဖြစ်သည်။
ထိုင်ဝမ်က ၎င်း၏ ဝင်ရောက်ခွင့် ကန့်သတ်မှုများနှင့် တင်းကျပ်စွာ ထိန်းချုပ်စောင့်ကြည့်မှုများကို ပြည်သူလူထု၏ ဆန့် ကျင်ကန့်ကွက်မှု မကြုံတွေ့ရဘဲ အခြားအစိုးရများထက် ပိုမိုကာလ ရှည်ကြာစွာ ထိန်းထားနိုင်ခဲ့ပြီး ဖြစ်သည်။ ကပ်ရောဂါ ကာလအတွင်း ကမ္ဘာ့စီးပွားရေး ကျဆင်းခြင်းနှင့်အတူ ကျွန်း၏ စီးပွားရေးက နှေးကွေးနေခဲ့ရသည်။ သို့သော်လည်း သင့်တင့်သော အရှိန်တခုဖြင့် ဆက်လက်တိုးပွားနေသည်။
ဆိုလိုသည်မှာ ရောဂါဖြစ်ပွားမှု ပိုမိုများပြားလာခြင်းက အစိုးရ၏ ကာကွယ်ရေး စနစ်ကို ကျော်ဖြတ်သွားခြင်း မလွဲမသွေ ရှိလာပါတော့မည်။
ဗိုင်းရပ်စ် နှိမ်နင်းရေးအတွက် ချီးကျူးခံခဲ့ရသော အခြားအာရှ ဒီမိုကရေစီ ၂ နိုင်ငံ ဖြစ်သော ဂျပန်နှင့် တောင်ကိုရီးယားတို့တွင် ယခုအခါ ကူးစက်ရောဂါအသစ်များနှင့် ရင်ဆိုင်နေရသည်။
သို့သော်လည်း ထိုင်ဝမ် ကျန်းမာရေးအရာရှိများ၏ အောင်မြင်မှုနှင့် မဆုပ်မနစ် ကြိုးပမ်းမှုများကြောင့် ဖြစ်သလို ထိုင်ဝမ်ကျွန်းအနေဖြင့် ကံကောင်းခြင်း၏ အကျိုးကျေးဇူးများကိုလည်း ရရှိခဲ့သည်ဟု စတန်းဖို့ဒ်တက္ကသိုလ် ဆေးကျောင်းမှ တွဲ ဖက် ပါမောက္ခ C. Jason Wang က ပြောသည်။
ကမ္ဘာအနှံ့တွင် ရောဂါ ဖြစ်ပွားမှု အရေအတွက် များပြားလာခြင်းနှင့် နေရာအများ အပြား၌ ပိုမို၍ ကူးစက်ပျံ့နှံ့ လွယ်သော ရောဂါပိုးမျိုးကွဲတခု ကူးစက်မှု များပြားလာခြင်းနှင့်အတူ ထိုင်ဝမ်နယ်စပ်များသို့ ရောက်ရှိလာမည့် ကူးစက်ခံထားရသူ အရေအတွက် များပြားလာနိုင်သည်ဟု C. Jason Wang က ပြောသည်။
ဆိုလိုသည်မှာ ရောဂါဖြစ်ပွားမှု ပိုမိုများပြားလာခြင်းက အစိုးရ၏ ကာကွယ်ရေး စနစ်ကို ကျော်ဖြတ်သွားခြင်း မလွဲမသွေ ရှိလာပါတော့မည်။
ဗြိတိန်နိုင်ငံမှ ဝင်ရောက်လာသူ တဦးထံတွင် COVID-19 မျိုးကွဲအသစ်ကို ပထမဆုံး စစ်ဆေးတွေ့ရှိပြီး ဆေးရုံတင်ထားရကြောင်း ထိုင်ဝမ်က ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အတည်ပြုခဲ့သည်။ တုန့်ပြန်မှုအနေဖြင့် အစိုးရက ပြည်ဝင်ခွင့် တားမြစ်မှုနှင့် ကွာရန်တင်း စည်းမျဉ်းများကို ထပ်မံ တင်းကျပ်ခဲ့သည်။
“ထိုင်ဝမ်က ဒီလောက်ကာလအထိ ကြာအောင် ဒီမျဉ်းကို ထိန်းထားနိုင်တာ မှတ်သားလောက်ပါတယ်” ဟု C. Jason Wang က ဆိုသည်။ သို့သော်လည်း ၂၀၂၁ ခုနှစ် အလယ်ပိုင်းလောက်တွင် ထိုင်ဝမ်ကျွန်းက ၎င်း၏ ပြည်သူများကို ကာကွယ်ဆေး ထိုးပေးနိုင်လျှင်ပင် “ဆက်သွားဖို့ ၆ လ ကျန်သေးတယ်” ဟု သူကပြောသည်။ “နောက်ထပ် ၆ လ ထပ်ထိန်းထားနိုင်ဖို့က တကယ်ကို ခက်ခဲပါတယ်။ ”
အသက် ၆၇ နှစ် အရွယ် Chen Shih-chung အတွက် အကယ်၍ သူက ဗိုင်းရပ်စ် တားဆီး နှိမ်နင်းရေးကို ကမ္ဘာပေါ်မှ အခြား ပြည်သူ့ကျန်းမာရေး တာဝန်ရှိသူများ မနာလိုရ လောက်အောင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်ဆိုလျှင်ပင် ၂၀၂၀ ခု နှစ်သည် သူ့အတွက် ခက်ခဲသော နှစ်တနှစ်ဖြစ်ခဲ့ရသည်။
ထိုင်ဝမ်အစိုးရ၏ ဗိုင်းရပ်စ်နှိမ်နင်းရေးနှင့်ပတ်သက်သော အကြံဉာဏ်အများစုမှာ စူးစမ်းကြည့်ရင်း စမ်းတဝါးဝါးဖြင့် အကောင်အထည်ဖော်ရခြင်း ဖြစ်သည်ဟု Chen Shih-chung က ပြောသည်။
မကြာသေးမီက ပြုလုပ်ခဲ့သော သဘောထား စစ်တမ်းကောက်ယူမှု တခုတွင် သွားဘက်ဆိုင်ရာ ပညာရှင်တယောက် ဖြစ်သည့် Chen Shih-chung က သူ၏ အထက်လူကြီး ဖြစ်သော သမ္မတ Tsai Ing-wen အပါအဝင် အခြားထိပ်တန်း အရာရှိများထက် လူထု၏ သဘောကျ နှစ်ချိုက်မှုနှုန်း ပိုမိုမြင့်မားစွာ ရရှိခဲ့သည်။ ထိုင်ဝမ်၏ မြို့တော် ဖြစ်သော တိုင်ပေ၏ မြို့ တော်ဝန်ဖြစ်ရန် အလားအလာရှိသော ကိုယ်စားလှယ်လောင်းတဦး အနေနှင့် ပြောဆိုသတ်မှတ်ခြင်း ခံခဲ့ရသည်။ အစိုးရ၏ ကပ်ရောဂါဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲများတွင် သူ၏ တည်ငြိမ်၍ ယုံကြည်စိတ်ချမှု ရှိသော အသွင်အပြင်က သူ့ကို ထင်ရှားကျော်ကြားစေခဲ့သည်။ သက်လတ်ပိုင်း ကျန်းမာရေး ဝန်ကြီးတိုင်း သူ့လို ပြည်တွင်းထုတ် GQ မဂ္ဂဇင်းတွင် Gucci အမှတ်တံဆိပ် အဝတ်အစားများ ဝတ်ဆင်၍ မျက်နှာဖုံး တင်ခြင်း မခံကြရပါ။
သို့သော်လည်း ရောဂါ စတင် ပေါ်ပေါက်ကတည်းက သူ၏ ဆုံးဖြတ်ချက်များ အားလုံး နီးပါးကို ပြည်သူများ စိတ်ပျက်ခဲ့ကြကြောင်း Chen Shih-chung က ပြောသည်။ သူက ကျန်းမာရေးလုပ်သားများကို ကျွန်းမှ ထွက်ခွာခွင့် ပိတ်ပင်ခဲ့သည့် ဖေဖော်ဝါရီလ ကဲ့သို့ အချိန်မျိုးတွင် ဖြစ်သည်။ သို့မဟုတ် တရားဝင်နေထိုင်သူ မဟုတ်သူ အားလုံး နီးပါးကို ကျွန်းသို့ ဝင်ရောက်ခွင့် တားမြစ်ကြောင်း ကြေငြာခဲ့သော မတ်လတွင် ဖြစ်သည်။
ထိုင်ဝမ်အစိုးရ၏ ဗိုင်းရပ်စ်နှိမ်နင်းရေးနှင့်ပတ်သက်သော အကြံဉာဏ်အများစုမှာ စူးစမ်းကြည့်ရင်း စမ်းတဝါးဝါးဖြင့် အကောင်အထည်ဖော်ရခြင်း ဖြစ်သည်ဟု Chen Shih-chung က ပြောသည်။
ဥပမာအားဖြင့် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလတွင် Diamond Princess အပျော်စီး သင်္ဘောပေါ်၌ ကူးစက်မှုများဖြစ်ပေါ်လာသည့်အခါ ထိုသင်္ဘော ကမ်းကပ်ထားသည့် ဂျပန်နိုင်ငံမှ တာဝန်ရှိသူများက ဗိုင်းရပ်စ်မရှိကြောင်း စစ်ဆေးတွေ့ရှိသူ အများအပြားကို လွတ်လပ်စွာ ကမ်းပေါ်တက် ခွင့်ပြုခဲ့သည်။ သူတို့ထဲမှ တချို့တွင် ဗိုင်းရပ်စ်ပိုး ရှိကြောင်း နောက်ပိုင်းတွင် တွေ့ရှိခဲ့သည်။ ထိုင်ဝမ်က ထိုအချက်ကို မှတ်သားထားခဲသည်။
“အဲဒီအချိန်ကစပြီး ကျနော်တို့အတွက် အရမ်း ရှင်းလင်းသွားပါတယ်။ စမ်းသပ်ပြီးတဲ့နောက် ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ သူရော ကူးစက် မခံရတဲ့သူပါ ကွာရန်တင်း ဝင်ရပါမယ်” ဟု Chen Shih-chung က ပြောသည်။
တင်းကြပ်သော ကွာရန်တင်းအပေါ် ထိုင်ဝမ်၏ အလေးပေးမှုက ၎င်း၏ ဆေးရုံစနစ်ကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ သို့မဟုတ် ကြီးမားသော ကုန်ကျစရိတ် မလိုအပ်ဘဲ ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် အထောက်အကူ ဖြစ်စေခဲ့သည်။ သို့သော်လည်း ယခုအခါ ကျွမ်းကျင်သူများက ရောဂါလက္ခဏာပြခြင်း မရှိသော ရောဂါဖြစ်ပွားမှုများကို ပိုမို ထိန်းချုပ်နိုင်စေရန် အထူးသဖြင့် နယ်စပ်တွင် စစ်ဆေးမှုများကို ပိုမိုကျယ်ပြန့်စွာ ပြုလုပ်ပေးရန် အစိုးရအား တိုက်တွန်းနေကြသည်။
ထိုင်ဝမ်အမျိုးသားတက္ကသိုလ်၊ ပြည်သူ့ကျန်းမာရေး ကောလိပ်မှ ပါမောက္ခတဦး ဖြစ်သည့် Chan Chang-chuan က “ကျနော်တို့ရဲ့ မူဝါဒ တော်တော်များများက ကမ္ဘာတဝှမ်းမှာ ကူးစက်မှု သန်းအနည်းငယ် ရှိခဲ့တုန်းက ချမှတ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် အခု ကူးစက်မှု သန်း ဆယ်ဂဏန်းနဲ့ ချီပြီး ရှိနေပြီ ဖြစ်ပါတယ်။ သန်းပေါင်း ရာနဲ့ချီပြီး ရှိလာမယ့် အခြေအနေကို ကျနော်တို့ ဦးတည်နေပါတယ်။ အဲဒါက လုံးလုံးလျားလျား ကွဲပြားခြားနားတဲ့ အဆင့်တခုပါ” ဟု ပြောသည်။
“ဒါပေမယ့် တကယ်လို့ ဒီလို ကူးစက်မှုက ပြဿနာမရှိဘူးဆိုရင် အဲ့ဒီလို လူတွေကို ရှာဖွေဖို့ ကျနော်တို့ စွမ်းအင်တွေ အများကြီး သုံးသင့်သလား သို့မဟုတ် ပြဿနာဖြစ်စေတဲ့ ကူးစက်မှုတွေ အပေါ်မှာ ကျနော်တို့ အာရုံစိုက်သင့်သလား” ဟု သူက ပြောသည်။
Chan Chang-chuan က ထိုင်ဝမ်အနေဖြင့် နယ်စပ်တွင် ကွာရန်တင်း လုပ်ရုံ သက်သက်သာ မဟုတ်ဘဲ လူတိုင်းကို စတင် စစ်ဆေးသင့်သည်ဟု ယုံကြည်ကြောင်း ပြောသည်။ ပိုမိုပျံ့နှံ့လွယ်သည့် မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်နေကြောင်း တွေ့ ရှိခဲ့ရသော ဗြိတိန်မှ ရောက်ရှိလာသူများအတွက် ထိုသို့ စတင် လုပ်ဆောင်နေခဲ့ပြီး ဖြစ်သည်။
၁၄ ရက် သီးခြားထားရှိပြီးနောက် ရောဂါလက္ခဏာ မပြသည့် ဗိုင်းရပ်စ်ပိုးသယ်ဆောင် ထားသူများထံမှ ကူးစက်မှု အလွန်နည်းပါးဖွယ်ရာ ရှိသည်ဟု ထိုင်ဝမ်က ယူဆထားသည်။ အစိုးရ၏ ရေဒါပေါ်တွင် မည်သည့်အချိန်တွင်မျှ မတွေ့ခဲ့ရသည့် ရောဂါလက္ခဏာ မပြသော ကူးစက်မှု အချို့ ရှိခဲ့မည် ဆိုသည်ကို သူ့အနေဖြင့် သံသယမရှိခဲ့ကြောင်း Chan Chang-chuan ကပြောသည်။
“ဒါပေမယ့် တကယ်လို့ ဒီလို ကူးစက်မှုက ပြဿနာမရှိဘူးဆိုရင် အဲ့ဒီလို လူတွေကို ရှာဖွေဖို့ ကျနော်တို့ စွမ်းအင်တွေ အများကြီး သုံးသင့်သလား သို့မဟုတ် ပြဿနာဖြစ်စေတဲ့ ကူးစက်မှုတွေ အပေါ်မှာ ကျနော်တို့ အာရုံစိုက်သင့်သလား” ဟု သူက ပြောသည်။
ထိုချဉ်းကပ်မှုတွင် လောင်းကြေးထပ်ရခြင်း မည်မျှ ပါဝင်လိမ့်မည် ဆိုခြင်းက မသဲကွဲပါ။ ဆေးပညာ ဂျာနယ်တစောင် ဖြစ်သည့် Lancet မှ အောက်တိုဘာလ အတွင်းက ပြုလုပ်ခဲ့သော လေ့လာမှု တခုအရ ထိုင်ပေဆေးရုံတွင် သွေးနမူနာ ရယူခဲ့သည့် လူပေါင်း ၁၄၇၆၅ ဦးထဲတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကို ဆန့်ကျင်သည့် ပဋိပစ္စည်း ပါဝင်ကြောင်း တွေ့ရှိရသူ အရေအတွက်မှာ အခြားနိုင်ငံများထက် ရာခိုင်နှုန်း နည်းပါးကြောင်း သိရသည်။ ထို့ကြောင့် ထိုင်ဝမ် အစိုးရက တရားဝင် ထုတ်ပြန်သည့် ကူးစက်ခံရမှု ကိန်းဂဏန်းများတွင် ဖော်ပြထားသည့် ရောဂါလက္ခဏာမပြသည့် ကူးစက်ခံရမှုများ သို့မဟုတ် အပျော့စား ရောဂါလက္ခဏာပြသည့် ကူးစက်ခံရမှုများ အရေအတွက်ထက် အမှန်တကယ် အရေအတွက်က ပိုမိုများပြားလိမ့်မည် ဆိုသည်ကို သူတို့၏ တွေ့ရှိမှုက သွယ်ဝိုက်ပြနေခြင်း ဖြစ်သည်ဟု လေ့လာမှုတွင် ပါဝင်ရေးသားသူများက ဖော်ပြခဲ့ကြသည်။
စတန်းဖို့ဒ် တက္ကသိုလ်မှ ပါမောက္ခ C. Jason Wang က “အဲဒါက အခြေခံအားဖြင့်တော့ ငွေ ဘယ်လောက်သုံးစွဲချင်သလဲ ဆိုတာနဲ့ ဘယ်လောက်အထိ စွန့်စားနိုင်မလဲ ဆိုတဲ့ ကြားက အပေးအယူပဲ” ဟုပြောသည်။ ကမ္ဘာတဝှမ်း ဖြစ်ပွားမှု အရေအတွက် များပြားလာပြီး ရောဂါကူးစက်မှု ပိုမို ဖြစ်ပွားခြင်းက ထိုင်ဝမ်နိုင်ငံအတွင်းကို ယိုစိမ့်ဖွယ်ရှိတာနဲ့ အမျှ “အဲဒီကိစ္စက ခင်ဗျားအိမ်မှာ ယိုစိမ့်မှု ဘယ်လောက်လိုချင်သလဲ ဆိုတာ ပေါ်မှာပဲ တည်ပါတော့တယ်” ဟုလည်း ဆိုသည်။
စင်ကာပူ အမျိုးသားတက္ကသိုလ်မှ ကူးစက်ရောဂါများဆိုင်ရာ ပါမောက္ခတဦး ဖြစ်သည့် Dale Fisher က ထိုင်ဝမ်၏ တင်းကျပ်သော နယ်နိမိတ် မူဝါဒများကို စင်ကာပူ၏ ပိုမိုလျင်မြန်သော ချဉ်းကပ်မှုနှင့် နှိုင်းယှဉ်ပြခဲ့သည်။ စင်ကာပူက ထိုင်ဝမ်မှ လာသော ခရီးသွားများအတွက် ကန့်သတ်ချက်များကို ရုပ်သိမ်းခဲ့သော်လည်း တိုင်ဝမ်က ထိုသို့ ပြန်လည် ပြုလုပ်ပေးခဲ့ခြင်း မရှိပါ။
“တကယ်လို့ ခင်ဗျားရဲ့ စနစ်ကို ခင်ဗျားက ယုံကြည်မှု မရှိဘူးဆိုရင် အဲဒါက ခင်ဗျားကို နယ်စပ်တွေ ပိုမို ခိုင်မာအောင် လုပ်စေပါလိမ့်မယ်။”
“တကယ်လို့ ခရီးသွားတယောက်က (ရောဂါပိုး) ယူဆောင်လာရင်တောင်မှ ပျံ့နှံ့ မသွားအောင် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် လုပ်ဖို့ အခွင့်အလမ်းကောင်း တခုရှိတယ်လို့ ကျနော်တို့ ထင်ပါတယ်” ဟု Dale Fisher က ပြောသည်။
“တကယ်လို့ ခင်ဗျားရဲ့ စနစ်ကို ခင်ဗျားက ယုံကြည်မှု မရှိဘူးဆိုရင် အဲဒါက ခင်ဗျားကို နယ်စပ်တွေ ပိုမို ခိုင်မာအောင် လုပ်စေပါလိမ့်မယ်။”
ထိုင်ဝမ်အတွက် အမှန်တကယ် စမ်းသပ်မှုမှာ ကာကွယ်ဆေးများက ကြာရှည်ခံသည့် ကိုယ်ခံစွမ်းအားကို ပေးနိုင်ခြင်း ရှိ မရှိ နှင့် ကမ္ဘာကြီးက COVID-19 နှင့် အတူ ပိုမိုကြာရှည်စွာ နေထိုင်ရန် လိုအပ်လာခြင်းတို့ ဖြစ်သည်ဟု သူက ပြောသည်။ ထိုင်ဝမ် ပြည်သူများက ပိုမိုကျယ်ပြန့်သော ကမ္ဘာနှင့် နောက်ထပ် တနှစ် သို့မဟုတ် ၅ နှစ် ပိတ်ဆို့ ဆီးတားခံ ထားရခြင်းကို မည်မျှအထိ တောင့်ခံနေနိုင်ကြမည်နည်း။
” အဲဒါကြောင့် ကိုယ့်ကိုကိုယ် စနစ်တကျ စုစည်းဖို့ အချိန်လိုချင်တာ သက်သက်ပဲ ဆိုရင် နယ်စပ်တွေကို ပိတ်ထားလိုက်ပါလို့ ကျနော်တို့က ပြောတာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒါကို ဗျူဟာအဖြစ်နဲ့တော့ မစဉ်းစားကြပါနဲ့” ဟု Dale Fisher က ပြောသည်။
(The New York Times သတင်းစာမှ Raymond Zhong ၏ Taiwan Vows to Stick to Covid-19 Limits ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ထိုင်ဝမ်မှာ ယူကေ ဗိုင်းရပ်စ်မျိုးကွဲသစ် ၅ ဦးမြောက် ကူးစက်ထားသူ တွေ့ရှိ
အမေရိကန်မှာ ကိုဗစ်ကြောင့် ပထမဆုံးအကြိမ် တနေ့တည်း လူ ၄,၀၀၀ ကျော်သေဆုံး
တိုကျိုနဲ့ အနီးဝန်းကျင် ၃ နေရာကို အရေးပေါ်အခြေအနေ ကြေညာ
ကိုရိုနာဗိုင်းရပ်စ် မူလအစ စုံစမ်းမည့် WHO အဖွဲ့ တရုတ် ပေးမဝင်