မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာသိမ်းယူခြင်းသည် ဒေါ်လာ ၆ ဘီလီယံတန်ဖိုးရှိသော အထည်ချုပ်နှင့် ဖိနပ်လုပ်ငန်းကဏ္ဍအတွက် ကြီးမားသော ထိုးနှက်ချက်တခု ဖြစ်လာရန် ရှိနေပြီး ကူးစက်ရောဂါကြောင့် ထိခိုက်နှင့်ပြီးသား အရေးကြီးသော အလုပ်အကိုင် အရင်းအမြစ်တခုကို ထပ်မံ ခြိမ်းခြောက်နေပြန်သည်။
ရွေးချယ်တင်မြှောက်ခံခေါင်းဆောင်များအား နံနက်အစောပိုင်းတွင် ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ ပြီးနောက် ၁၂ ရက်အကြာ အမေရိကန် အရေးယူဒဏ်ခတ်မှု စတင်ခြင်း၏ သက်ရောက်လာဖွယ်ရှိခြင်းနှင့် ကုန်အမှတ်တံဆိပ်များက အနာဂတ်တွင် မှာယူမည့် အမှာစာများကို ပြန်လည် သုံးသပ်နေကြခြင်းတို့ကြောင့် အရေးကြီးသော အဆိုပါ လုပ်ငန်းကဏ္ဍအတွက် အကျိုးဆက်များက ကြီးမားနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြသည်။
“ရေတိုမှာ ကျနော်တို့ အဖွဲ့ဝင်တွေက အလုပ်သမားများ လုံခြုံမှုရှိစေဖို့နဲ့ အဲဒီ အလုပ်သမားတွေအပေါ် သူတို့ထားရှိရမယ့် တာဝန်တွေ ကျေပွန်ရေးကို အာရုံစိုက် ကြပါလိမ့်မယ်။ အလယ်အလတ်နဲ့ ရေရှည် ကာလမှာတော့ ဒီ အာဏာသိမ်းမှုက မြန်မာနိုင်ငံဟာ တည်ငြိမ်တဲ့ အရင်းအမြစ် မိတ်ဖက်တခု ဖြစ်ရဲ့ လားဆိုတာကို ပြန်လည် သုံးသပ်ဖို့ ဖြစ်လာစေပါလိမ့်မယ်။”
အမေရိကန် အဝတ်အထည်နှင့် ဖိနပ်အသင်း၏ မူဝါဒဆိုင်ရာ အကြီးတန်း ဒုတိယဥက္ကဌ Nate Herman က “မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုက အလွန်ကို စိုးရိမ်ပူပန် စရာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
“ရေတိုမှာ ကျနော်တို့ အဖွဲ့ဝင်တွေက အလုပ်သမားများ လုံခြုံမှုရှိစေဖို့နဲ့ အဲဒီ အလုပ်သမားတွေအပေါ် သူတို့ထားရှိရမယ့် တာဝန်တွေ ကျေပွန်ရေးကို အာရုံစိုက် ကြပါလိမ့်မယ်။ အလယ်အလတ်နဲ့ ရေရှည် ကာလမှာတော့ ဒီ အာဏာသိမ်းမှုက မြန်မာနိုင်ငံဟာ တည်ငြိမ်တဲ့ အရင်းအမြစ် မိတ်ဖက်တခု ဖြစ်ရဲ့ လားဆိုတာကို ပြန်လည် သုံးသပ်ဖို့ ဖြစ်လာစေပါလိမ့်မယ်။”
ဆုံးရှုံးနိုင်ခြေက ကြီးမားသည်။ မြန်မာနိုင်ငံက အရပ်သားအမည်ခံ အစိုးရတခု၏ အုပ်ချုပ်မှု အောက်သို့ ပြန်လည်ရောက်ရှိလာပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာသည်နှင့် အမျှ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံမှ အဝတ်အထည်ထုတ်လုပ်မှု လုပ်ငန်းက တိုးတက်လာခဲ့သည်။
“ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၏ အရေးကြီးသောအင်ဂျင်” တခု ဟု ကမာ္ဘ့ဘဏ်က ခေါ်ခဲ့သည့် အဆိုပါ ကဏ္ဍသည် ၂၀၁၉ ခုနှစ်တွင် နိုင်ငံခြား တင်ပို့မှု၏ ၃၀ ရာခိုင်နှုန်းကျော် ရယူထားနိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ၇ ရာခိုင်နှုန်း ရှိခဲ့ရာမှ တိုးတက်လာခြင်း ဖြစ်ကြောင်း ကုလသမဂ္ဂ၏ အချက်အလက်များအရ သိရသည်။
အရေးကြီးသည်မှာ ၎င်းသည် စီးပွားရေး၏ အခြားအစိတ်အပိုင်းများထက် ပုံမှန် အလုပ်အကိုင်များကို ပိုမိုမြန်ဆန်စွာ ဖန်တီးပေးနိုင်ခဲ့ခြင်း ဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(ILO) က ပြောသည်။ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော လုပ်ငန်း ကဏ္ဍဟု သူတို့က ခေါ်သည်။
” ပြည်သူတွေကို ထုတ်လုပ်မှုနိမ့်ကျတဲ့ စိုက်ပျိုးရေး ကဏ္ဍကနေ ထွက်ခွာပြီး ထုတ်လုပ်မှု စွမ်းအားပိုမို မြင့်မားတဲ့ ကဏ္ဍတွေကို ပြောင်းရွှေ့လာစေတဲ့ နိုင်ငံရဲ့ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အသွင်ကူးပြောင်းမှုအတွက် အကြီးမားဆုံး မောင်းနှင်အားတခု ဖြစ်ပါတယ်။”
မြန်မာနိုင်ငံတွင် ILO နှင့် ဆွေးနွေးခဲ့သော စီးပွားရေးပညာရှင် Jared Bissinger က “အထည်ချုပ်/အထည်အလိပ်/ ဖိနပ် ကဏ္ဍက ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း မှာ မြန်မာနိုင်ငံအတွက် တောက်ပတဲ့ နေရာတခု ဖြစ်ခဲ့ပါတယ်” ဟု ပြောသည်။
” ပြည်သူတွေကို ထုတ်လုပ်မှုနိမ့်ကျတဲ့ စိုက်ပျိုးရေး ကဏ္ဍကနေ ထွက်ခွာပြီး ထုတ်လုပ်မှု စွမ်းအားပိုမို မြင့်မားတဲ့ ကဏ္ဍတွေကို ပြောင်းရွှေ့လာစေတဲ့ နိုင်ငံရဲ့ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အသွင်ကူးပြောင်းမှုအတွက် အကြီးမားဆုံး မောင်းနှင်အားတခု ဖြစ်ပါတယ်။”
COVID-19 မတိုင်မီက အဝတ်အထည်စက်ရုံ ၇၀၀ နီးပါးတွင် အများစုက အမျိုးသမီးများ ဖြစ်ကြသော ပြည်သူ ၇၀၀,၀၀၀ ကျော် အလုပ်လုပ်ခဲ့ကြကြောင်း Smart Myanmar ၏ အဆိုအရ သိရသည်။ Smart Myanmar သည် အဆိုပါ ကဏ္ဍ တွင် ရေရှည်ခိုင်မြဲသော အလေ့အထများကို မြှင့်တင်နိုင်ရေး EU က အထောက်အပံ့ ပေးထားသော အဖွဲ့အစည်း ဖြစ်သည်။
ကမာ္ဘအနှံ့ Covid-19 ကူးစက်ပျံ့နှံ့မှုကြောင့် စီးပွားရေး ကျဆင်းခြင်းနှင့် အတူ စက်ရုံများ ပိတ်ထားသဖြင့် ထိုအရေအတွက်က သောင်းချီ၍ လျော့ကျခဲ့ရသည်။ ယခုအခါ စစ်အာဏာသိမ်းမှုက နောက်ထပ် မသေချာ မရေရာမှု တခုကို ဖြစ်စေပြန်ပြီဖြစ်သည်။
အထွေထွေသပိတ်မှောက် လာသည့်အချိန်တွင် အဓိကမြို့ကြီးများရှိ ထောင်နှင့်ချီသော မြန်မာ အထည်ချုပ်လုပ်သားများက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကြကြောင်း လက်တွေ့ အခြေအနေများကို စောင့်ကြည့်နေခဲ့သည့် Clean Clothes Campaign က ထုတ်ပြန်ခဲ့သည်။
ဖေဖော်ဝါရီလ ၆ ရက်နေ့က ရိုက်ကူးခဲ့သော မှတ်တမ်းများအရ ဆန္ဒပြအဖွဲ့များ ရန်ကုန်တက္ကသိုလ်သို့ ချီတက်ရန် ကြိုးပမ်းချိန်တွင် အလုပ်သမားများစွာ ပါဝင်သည့် ရှေ့ဆုံးတန်းက အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံခဲ့မှုတခုကို ဖော်ပြနေသည်။
“အထည်ချုပ် အလုပ်သမားတွေ အများအားဖြင့် ငယ်ရွယ်တဲ့ အမျိုးသမီး အထည်ချုပ် လုပ်သားတွေက အများပြည်သူကို နက်နက်ရှိုင်းရှိုင်း လှုံ့ဆော်ခဲ့ပုံရပါတယ်။ ကြောက်ရွံ့မှုတွေ ပြိုကွဲသွားပြီး ကျနော်တို့ အခုမြင် တွေ့နေရတဲ့ လူထုဆန္ဒပြပွဲတွေနဲ့ အထွေထွေ သပိတ်တွေကို အရှိန်မြင့်တက်စေခဲ့ပါတယ်” ဟု Andrew Tillett-Saks က ပြောသည်။
ရန်ကုန်မြို့တွင် အလုပ်သမားအရေး လှုပ်ရှားမှုများ၌ ပါဝင် လုပ်ဆောင်နေသော Andrew Tillett-Saks က လမ်းပေါ် ဆန္ဒပြမှုများကို စည်းရုံးရာ၌ အလုပ်သမားသမဂ္ဂများက အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြကြောင်း ပြောသည်။
“အထည်ချုပ် အလုပ်သမားတွေ အများအားဖြင့် ငယ်ရွယ်တဲ့ အမျိုးသမီး အထည်ချုပ် လုပ်သားတွေက အများပြည်သူကို နက်နက်ရှိုင်းရှိုင်း လှုံ့ဆော်ခဲ့ပုံရပါတယ်။ ကြောက်ရွံ့မှုတွေ ပြိုကွဲသွားပြီး ကျနော်တို့ အခုမြင် တွေ့နေရတဲ့ လူထုဆန္ဒပြပွဲတွေနဲ့ အထွေထွေ သပိတ်တွေကို အရှိန်မြင့်တက်စေခဲ့ပါတယ်” ဟု Andrew Tillett-Saks က ပြောသည်။
အဖြစ်အပျက်များက ဖြစ်ပွားနေဆဲ ဖြစ်ခြင်းကြောင့် ကုန်အမှတ်တံဆိပ် အများအပြားက သူတို့၏ အရေးပေါ် အစီအစဉ်များကို လူသိရှင်ကြား ဆွေးနွေးရန် စောလွန်းသေးသည် ဟု ဆိုကြသည်။ သူတို့က အကျဉ်းအကြပ် တခုကို ရင်ဆိုင်နေကြရသည်။ စစ်အုပ်ချုပ်မှု အောက်ရှိ တိုင်းပြည်တခုနှင့် ဆက်လက် ထိတွေ့နေခြင်းက အန္တရာယ်ရှိသည်။ ဆက်ဆံရေး ဖြတ်တောက်ခြင်း ကလည်း အလုပ်သမားများကို ထိခိုက်နစ်နာစေလိမ့်မည် ဖြစ်သည်။
The Fair Wear Foundation က ၎င်း၏ အဖွဲ့ဝင် ကုန်အမှတ်တံဆိပ်များအား အလုပ်သမားများ၏ ဘေးကင်းလုံခြုံမှုကို ဦးစားပေးရန်နှင့် သူတို့၏ လုပ်ခလစာများ သေချာစေရန် တိုက်တွန်းခဲ့သည်။
အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း ဗြိတိန်မှ နိုင်ငံစုံ လုပ်ငန်းကြီးတခုဖြစ်သည့် Marks and Spencer မှ ကိုယ်စားလှယ် တဦး က Nikkei Asia သို့ ပြောသည်။
ဆွီဒင် ကုမ္ပဏီကြီး တခုဖြစ်သည့် H&M က “ဒီတိုင်းပြည်မှာ ကျနော်တို့ရဲ့ တည်ရှိမှုနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်မှု အလျင်အမြန် ပြုလုပ်ခြင်းမှ ရှောင်ရှားပါမယ်” ဟု ပြောကြားခဲ့သည်။
“ကျနော်တို့က ကုလသမဂ္ဂ အေဂျင်စီတွေ၊ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အဖွဲ့အစည်းတွေ၊ သံတမန် ကိုယ်စားလှယ်တွေ၊ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူတွေ၊ တခြား နိုင်ငံစုံ ကုမ္ပဏီတွေနဲ့လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေ ပါတယ်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ “ဒီညှိနှိုင်းတိုင်ပင်မှုတွေက ကျနော်တို့ ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ ဖြစ်ပေါ် တိုးတက် မှုတွေကို ဘယ်လို အကောင်းဆုံးပံ့ပိုးပေးနိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး အနာဂတ် ဆုံးဖြတ်ချက်တွေအတွက် လမ်းညွှန်ပါလိမ့်မယ်။”
“အာဏာသိမ်းမှုက ယုံကြည်မှုကို ထိခိုက်စေပါတယ်။ မြန်မာနိုင်ငံမှာ ထုတ်လုပ်တဲ့ အဝတ်အထည်တွေက ရိုဟင်ဂျာတွေကြောင့် ထိခိုက်ခဲ့ပြီးပါပြီ။ ဒါက ပိုပြီး အနုတ်သဘောဆောင်တဲ့ ထိုးနှက်မှု ထပ်ဖြစ်စေခဲ့ပါတယ်” ဟု အဆို ပါ လေ့လာစောင့်ကြည့်သူက ပြောသည်။
ရန်ကုန်အခြေစိုက် ဝါရင့် စီးပွားရေး လေ့လာစောင့်ကြည့်သူတဦးက လုပ်ငန်းကဏ္ဍအတွင်းမှ သူ၏ အဆက်အသွယ်များနှင့် ဆွေးနွေးပြောဆိုမှုများကို ကိုးကား၍ ကုမ္ပဏီများက စောင့်ကြည့်နေရန် ဆန္ဒရှိကြသော်လည်း လုပ်ငန်းတိုးချဲ့ရေး အစီအစဉ် မှန်သမျှကို ပြန်လည်စဉ်းစားနေကြဖွယ် ရှိကြောင်း ပြောသည်။
“အာဏာသိမ်းမှုက ယုံကြည်မှုကို ထိခိုက်စေပါတယ်။ မြန်မာနိုင်ငံမှာ ထုတ်လုပ်တဲ့ အဝတ်အထည်တွေက ရိုဟင်ဂျာတွေကြောင့် ထိခိုက်ခဲ့ပြီးပါပြီ။ ဒါက ပိုပြီး အနုတ်သဘောဆောင်တဲ့ ထိုးနှက်မှု ထပ်ဖြစ်စေခဲ့ပါတယ်” ဟု အဆို ပါ လေ့လာစောင့်ကြည့်သူက ပြောသည်။
အထည်ချုပ် လုပ်ငန်းကဏ္ဍ ကျွမ်းကျင်သူတဦး ဖြစ်သည့် Sheng Lu ကလည်း သဘောတူသည်။ မြန်မာနိုင်ငံသည် ဈေးပေါသော လုပ်သားအင်အား၊ အရည်အသွေးမြင့် ထုတ်လုပ်မှု စွမ်းရည်အချို့ နှင့် အဓိက ဈေးကွက်များသို့ အခွန်လွတ် ဝင်ရောက်နိုင်ခြင်းတို့ကြောင့် ကုန်အမှတ် တံဆိပ်များကြားတွင် ကျော်ကြားလာခဲ့သည် ဟု Sheng Lu ကပြောသည်။ အထူးသဖြင့် နောက်ဆုံးအချက်ဖြစ်သော အခွန်လွတ် ဝင်ရောက်နိုင်ခြင်း အပေါ် မည်သည့် ခြိမ်းခြောက်မှုကမဆို အကြီးအကျယ် ထိခိုက် ပျက်စီး စေနိုင်သည်ဟု သူကပြောသည်။
“ဖက်ရှင်ကုမ္ပဏီတွေက သူတို့ရဲ့ ဂုဏ်သိက္ခာ ထိခိုက်နိုင်တဲ့ အကြောင်းကိစ္စတွေနဲ့ ပတ်သက်လို့ စဉ်းစား ဆုံးဖြတ်တဲ့ နေရာမှာ နိုင်ငံရေးတည်ငြိမ်မှုနဲ့ ဘဏ္ဍာရေး တည်ငြိမ်မှုတို့ကို အဓိက အလေးထားပါတယ်” ဟု Delaware တက္ကသိုလ် ဖက်ရှင်နှင့် အဝတ်အထည်လေ့လာရေး ဌာနမှ တွဲဖက် ပါမောက္ခ တဦး ဖြစ်သူ Sheng Lu က ပြောသည်။
“တိုင်းပြည်ရဲ့ နောက်ဆုံးပေါ် နိုင်ငံရေး မတည်ငြိမ်မှုတွေက မြန်မာနိုင်ငံရဲ့ ဆွဲဆောင်မှုကို ထိခိုက်စေပြီးတော့ အများအပြားက အပြင်မှာ ရှိတဲ့ တခြားရွေးချယ်စရာတွေဆီကို ထွက်သွားစေပါလိမ့်မယ်။”
မြန်မာနိုင်ငံ၏ အထည်အလိပ် လုပ်ငန်း ဖွံ့ဖြိုးလာမှု၏ အဓိက အချက်က ဥရောပသမဂ္ဂ (EU) ဖြစ်သည်။ EU က လက်နက်မဟုတ်သည့် အရာအားလုံးကို အကောက်ခွန် ကင်းလွတ်ခွင့် ပေးသည့် မူဘောင် (EBA ) အောက်တွင် မြန်မာနိုင်ငံ၏ အဝတ်အထည် တင်ပို့မှု တဝက်ကျော်ကို လက်ခံနေသည်။
ချိုးဖောက်မှုများအတွက် EBA ပြန်လည်ရုပ်သိမ်းခြင်းသည် ရှည်လျားသော လုပ်ငန်းစဉ် ဖြစ်သော်လည်း မဖြစ်ဖူးသည့် ကိစ္စတခု မဟုတ်ပါ။ မြန်မာနိုင်ငံ၏ အထည်အလိပ် တင်ပို့မှု ပြိုင်ဘက်ဖြစ်သော ကမော္ဘဒီးယားသည် နိုင်ငံရေးဆန့်ကျင်သူများအပေါ် ဖိနှိပ်ချုပ်ချယ်မှုကြောင့် EBA အခွင့်အရေးကို ပြီးခဲ့သည့်နှစ်က ဆိုင်းငံ့ခြင်း ခံခဲ့ရသည်။
အကျိုးခံစားသူများအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ သဘောတူညီချက်များကို လိုက်နာရန် EBA က သတ်မှတ်ထားပြီး၊ ၂၀၁၃ ခုနှစ်တွင် ထပ်မံ ထည့်သွင်းခဲ့သော မြန်မာနိုင်ငံက ၎င်း၏လိုက်နာမှုကို “တိုးမြှင့်ထားသည့် စောင့်ကြပ်ကြည့်ရှုမှု” အောက်တွင် ရှိနေသည်။
ချိုးဖောက်မှုများအတွက် EBA ပြန်လည်ရုပ်သိမ်းခြင်းသည် ရှည်လျားသော လုပ်ငန်းစဉ် ဖြစ်သော်လည်း မဖြစ်ဖူးသည့် ကိစ္စတခု မဟုတ်ပါ။ မြန်မာနိုင်ငံ၏ အထည်အလိပ် တင်ပို့မှု ပြိုင်ဘက်ဖြစ်သော ကမော္ဘဒီးယားသည် နိုင်ငံရေးဆန့်ကျင်သူများအပေါ် ဖိနှိပ်ချုပ်ချယ်မှုကြောင့် EBA အခွင့်အရေးကို ပြီးခဲ့သည့်နှစ်က ဆိုင်းငံ့ခြင်း ခံခဲ့ရသည်။
သို့သော်လည်း မြန်မာနိုင်ငံ၏ EBA အရည်အချင်း ပြည့်မှီမှုကို အလျှင်အမြန် ပြန်လည် သုံးသပ်ပေးရန် ဥရောပပါလီမန်မှ အဖွဲ့ဝင် အနည်းဆုံး တဦးက တောင်းဆိုခဲ့သည့်တိုင် ယခုအချိန်တွင် ထိုသို့သောလုပ်ဆောင်မှုမျိုးက ဖြစ်လာနိုင်ဖွယ် မရှိကြောင်း EU သံတမန်များက ပြောကြားခဲ့သည်ဟု အမေရိကန် သတင်းဌာန Politico က ဆိုသည်။
တချိန်တည်းမှာပင် မြန်မာနိုင်ငံအတွက် သေးငယ်သော်လည်း မြန်မြန်ဆန်ဆန် ကြီးထွားလာနေသည့် ဈေးကွက်တခုဖြစ်သော အမေရိကန်ပြည်ထောင်စု အပေါ်သို့ အာရုံစိုက်လာကြသည်။ မြန်မာနိုင်ငံသည် အမေရိကန်၏ GSP သို့မဟုတ် ကုန်သွယ်ရေး အထူးအခွင့်အရေး ပေးသည့် အစီအစဉ်အရ အကျိုးကျေးဇူးများ ရရှိ နေသည်။
သမ္မတသစ် Joe Biden ၏ အစိုးရက လူပုဂ္ဂိုလ် တဦးချင်းစီနှင့် တပ်မတော်က ထိန်းချုပ်ထားသည့် ကုမ္ပဏီများအပေါ် ပစ်မှတ်ထား ပိတ်ဆို့မှုများကို ပြသခဲ့ ပြီးဖြစ်သည်။
တပ်မတော်၏ ကျယ်ပြန့်သော စီးပွားရေးအကျိုးစီးပွားက အထည်ချုပ် လုပ်ငန်းတွင်းတွင် ပါဝင်သူအချို့ နှင့် ဆက်နွယ်မှုများ ရှိနေသည်တိုင် အထည်ချုပ် ကဏ္ဍသည် များသောအားဖြင့် နိုင်ငံခြားပိုင်ဆိုင်မှုများဖြစ်သည်။
Ferrari & Associates မှ စီးပွားရေးပိတ်ဆို့မှု ကျွမ်းကျင်သူ Peter Kucik က မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းများသည် အနောက်နိုင်ငံ မူဝါဒချမှတ်သူများအတွက် မည်သို့အရေးယူရမည်ကို စဉ်းစားသည့် အချိန်တွင် အရေးတကြီး ထည့်သွင်း စဉ်းစား စရာ ဖြစ်လာလိမ့်မည်ဟု ပြောသည်။
မတည်ငြိမ်မှုများက အဆင့်မြင့် ကျွမ်းကျင်မှုနှင့် နည်းပညာဆိုင်ရာ အလုပ်အကိုင်များအတွက် လိုအပ်သော နိုင်ငံခြား လုပ်သားများကို ဆွဲဆောင်ရန် အတွက်လည်း ပြဿနာ ဖြစ်စေသည်။
မည်သည့် စီးပွားရေးပိတ်ဆို့မှုမျိုးမဆို စီးပွားရေးအပေါ် အကျိုး သက်ရောက်မှုများ ဖြစ်သော်လည်း ယခုတကြိမ် အမေရိကန်၏ ချဉ်းကပ်မှုသည် ၁၉၉၀ နှစ်များတွင် အသုံးပြုခဲ့သည့် သွင်းကုန် ပိတ်ပင်မှုကဲ့သို့သော ဓားတုံးတုံးဖြင့် လှီးဖြတ်ခြင်းမျိုး မဟုတ်ဘဲ ထိရောက်သည့် ခွဲစိတ်ကုသမှု ဖြစ်လိမ့်မည်ဟု သူမျှော်လင့်ကြောင်း Peter Kucik က ပြောသည်။
မတည်ငြိမ်မှုများက အဆင့်မြင့် ကျွမ်းကျင်မှုနှင့် နည်းပညာဆိုင်ရာ အလုပ်အကိုင်များအတွက် လိုအပ်သော နိုင်ငံခြား လုပ်သားများကို ဆွဲဆောင်ရန် အတွက်လည်း ပြဿနာ ဖြစ်စေသည်။
အကယ်၍ ဗီဇာလိုအပ်ချက်များ ပိုမို ပြင်းထန်လာပါက စက်ရုံများတွင် ဆက်လက်လည်ပတ်ရန် ကျွမ်းကျင်သူ ရရှိနိုင်မည် မဟုတ် ဟု စီးပွားရေးပညာရှင် Bissinger က ပြောသည်။
“အခုဆိုရင် မသေချာ မရေရာမှုတွေက များလာနေပါတယ်။ ဘယ်ကို သွားမှာလဲဆိုတာ ပြောဖို့ ခက်ပါတယ်” ဟု Bissinger က ပြောသည်။
“လာမယ့် လတွေ အတွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ ခေတ္တရပ်တန့် သွားပြီး ခွင့်ပြုချက်အသစ်တွေ နည်းပါးသွားတာကို တွေ့ ရလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ အမှာစာတွေ ဆက်လက် ကျဆင်းသွားပါလိမ့်မယ်။ လုပ်ငန်းကဏ္ဍ အတွက်ရော၊ ပိုပြီး အရေးကြီးတာက မြန်မာနိုင်ငံသားတွေ အတွက်ရော မေးခွန်းကတော့ ဘယ်လောက်အထိ ဆိုးရွားသွားမှာလဲ ဆိုတာပါပဲ။”
(Nikkei Asia မှ Myanmar coup clouds future of country’s crucial garment industry ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
မြန်မာ့စစ်ခေါင်းဆောင် ၁၀ ဦးကို အမေရိကန် ဒဏ်ခတ်အရေးယူ
အာဏာသိမ်းအပြီး ဆန်ရှင်ဝင်မှာ ပြည်ပကုမ္ပဏီများ စိုးရိမ်ပူပန်နေ
ဆန္ဒဖော်ထုတ်သည့် အလုပ်သမားများကို မခြိမ်းခြောက်ဖို့ ILO ပြော