မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးချယ်တင်မြှောက်ခံထားရသည့် အစိုးရကို ဖြုတ်ချခဲ့သည့် မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းယူမှုကို တုံ့ပြန်ရန် အမေရိကန် သမ္မတ Joe Biden က ယနေ့အချိန်အထိ အပြင်းထန်ဆုံးသော အရေးယူ ဆောင်ရွက်မှုများကို ကြေညာခဲ့သည်။
Joe Biden ၏ အမိန့်များနောက်တွင် ပထမဆုံးအနေဖြင့် အရေးယူပိတ်ဆို့မှုများက မြန်မြန်ဆန်ဆန် လိုက်ပါလာခဲ့ပြီး ဘဏ္ဍာရေးဌာနက အာဏာသိမ်းခေါင်းဆောင်များနှင့် ၎င်းတို့နှင့် ဆက်စပ်နေသူများ၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်လိုက်သည်။ အမေရိကန်ပြည်ထောင်စု၏ တုန့်ပြန်မှုနှင့် ဖြစ်နိုင်ခြေရှိသော ၎င်း၏ အကျိုးသက်ရောက်မှုများနှင့် ပတ်သက်၍ သိရှိထားရန် အချက် ၅ ချက် ရှိပါသည်။
အမေရိကန် အရေးယူပိတ်ဆို့မှု အသစ်များက ယခင် အရေးယူမှုများနှင့် မည်သို့ ကွာခြားသနည်း။
ဖေဖော်ဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သော Joe Biden ၏ အမိန့်သည် စစ်အာဏာသိမ်းမှုကို ဦးဆောင်သော စစ်ခေါင်းဆောင်များ၊ ၎င်းတို့၏ စီးပွားရေး အကျိုး စီးပွားများနှင့် ရင်းနှီးသောမိသားစုဝင်များအပြင် စစ်အစိုးရနှင့် ဆက်စပ်နေသော အရာရှိများကို ချက်ချင်း အရေးယူ ဒဏ်ခတ်မှုပြုလုပ်ရန် ဖြစ်သည်။
ထို့ပြင် အမေရိကန်ပြည်ထောင်စုအစိုးရက “အင်အားကောင်းသော ပို့ကုန်ထိန်းချုပ်မှု” ကို ချမှတ်ပြီး စစ်အစိုးရအတွက် အကျိုးရှိစေမည့် အမေရိကန်ပြည်ထောင်စုရှိ ပိုင်ဆိုင်မှုများကို ထိန်းချုပ်လိမ့်မည် ဖြစ်သော်လည်း ကျန်းမာရေး စောင့်ရှောက်မှု၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် သာမန်ပြည်သူများအား တိုက်ရိုက်အကျိုးပြုသည့် အခြားကဏ္ဍများအတွက် အထောက်အပံ့ပေးခြင်းများကို ဆက်လက်ထိန်းသိမ်းထားမည် ဟု Joe Biden က ပြောသည်။ အမေရိကရှိ အစိုးရရန်ပုံငွေ ဒေါ်လာ ၁ ဘီလီယံကို စစ်အစိုးရက မထိန်းချုပ်နိုင်စေရန် ပိတ်ပင် ဆောင်ရွက်မှုများ ပြုလုပ်သည်။
သမ္မတ၏ အမိန့်နှင့်အညီ ဘဏ္ဍာရေးဌာနက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းမှုအတွက် တာဝန်ရှိသည့် သို့မဟုတ် မြန်မာစစ်အစိုးရနှင့် ဆက်စပ်နေသော တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစား စစ်ဘက်အရာရှိ ၁၀ ဦး ကို ဦးတည်၍ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်လိုက်သည်။
သမ္မတ၏ အမိန့်နှင့်အညီ ဘဏ္ဍာရေးဌာနက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းမှုအတွက် တာဝန်ရှိသည့် သို့မဟုတ် မြန်မာစစ်အစိုးရနှင့် ဆက်စပ်နေသော တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစား စစ်ဘက်အရာရှိ ၁၀ ဦး ကို ဦးတည်၍ ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်လိုက်သည်။
ကျယ်ပြန့်သော အရေးယူ ပိတ်ဆို့မှုများအစား အစီအစဉ်သစ်များကို ပစ်မှတ်ထားပြီး၊ အထူးကန့်သတ်ထားသည့် နိုင်ငံသားများ(SDN)၊ အမည်ပျက်စာရင်းဝင် နိုင်ငံခြားသား များနှင့် အမေရိကန်ပြည်ထောင်စုသို့ ဝင်ခွင့် သို့မဟုတ် ဆက်ဆံခွင့် တားဆီးပိတ်ပင်ထားသော အဖွဲ့အစည်းများ အပေါ်တွင် အလေးပေးခဲ့သည်။
တိုကျိုအခြေစိုက် ဥပဒေအကြံပေးကုမ္ပဏီ တခုဖြစ်သည့် Freshfields Bruckhaus Deringer မှ Asia Sanctions အကြီးအကဲ Alexander Dmitrenko အလက်ဇန်းဒါးဒန်တိုကိုက အဆိုပါ ဒဏ်ခတ်ပိတ်ဆို့မှုများသည် မြန်မာနိုင်ငံ၏ စီးပွားရေး ပိတ်ဆို့မှု အစီအစဉ်ဟောင်းကို အလုံးစုံ ပြန်လည် အသက်သွင်းသည့် ပုံမျိုး မဟုတ်ဘဲ ခရိုင်းမီးယားဒေသ၊ ကျူးဘား၊ အီရန်၊ မြောက်ကိုရီးယားနှင့် ဆီးရီးယားတို့ တွင် ပစ်မှတ်ထား အရေးယူသည့် အသွင်မျိုး ဖြစ်သည်ဟု ပြောသည်။
မည်သူ့ကို သို့မဟုတ် မည်သို့ ထိခိုက်စေမည်နည်း။
ဘဏ္ဍာရေး ဌာနက အမည်စာရင်း ထုတ်ပြန်ခဲ့သူ ၁၀ ဦး ထဲတွင် အမေရိကန်၏ နာမည်ပျက်စာရင်းတွင် ပါဝင်နေခဲ့ပြီးဖြစ်သော စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် စစ်အစိုးရသစ်မှ ဝန်ကြီးအချို့ တို့ ပါဝင်နေသည်။
မြန်မာ့တပ်မတော် သို့မဟုတ် လုံခြုံရေးတပ်ဖွဲ့များက ပိုင်ဆိုင်သော သို့မဟုတ် ထိန်းချုပ် ထားသော၊ သို့မဟုတ် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ ကိုယ်စားဖြစ်စေ လုပ်ဆောင်နေသော သို့မဟုတ် လုပ်ဆောင်သည်ဟု ယူဆရသော အဖွဲ့အစည်းများ အဖြစ် သတ်မှတ်ခြင်းခံရသည့် ကော်ပိုရေးရှင်း ၃ ခု ( Myanmar Ruby Enterprise၊ Myanmar Imperial Jade Co. နှင့် Cancri (Gems and Jewellery) Co. တို့ကိုလည်း ပစ်မှတ်ထား ကန့်သတ်လိုက်သည်။
အမိန့်သည် SDN စာရင်းဝင် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသော အဖွဲ့အစည်း အများအပြားနှင့် လူများကိုလည်း အကျိုးသက်ရောက်စေလိမ့်မည် ဟု Alexander Dmitrenko က မှတ်ချက်ချသည်။
အမိန့်သည် SDN စာရင်းဝင် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသော အဖွဲ့အစည်း အများအပြားနှင့် လူများကိုလည်း အကျိုးသက်ရောက်စေလိမ့်မည် ဟု Alexander Dmitrenko က မှတ်ချက်ချသည်။
အရေးယူ ပိတ်ဆို့ ဒဏ်ခတ်မှုများထဲသို့ စစ်ဗိုလ်ချုပ်များ၊ သူတို့၏မိသားစုများ၊ ကုမ္ပဏီများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် မီဒီယာဖိနှိပ်ခြင်းများတွင် ပါဝင် ပတ်သက်သူများ ထပ်မံ ထည့်သွင်းဖွယ် ရှိသလို စစ်အစိုးရသစ်မှ အဖွဲ့ဝင်အချို့ ကိုလည်း SDN စာရင်းထဲသို့ ထည့်သွင်းလာဖွယ်ရှိသည်။
အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှုများက မည်သို့ အလုပ်လုပ်သနည်း။
အမိန့်က အရေးယူပိတ်ဆို့မှုတွင် ပါဝင်သူများ၏ အမေရိကန်ပြည်ထောင်စုတွင် တည်ရှိသော ပိုင်ဆိုင်မှုနှင့် အကျိုးစီးပွားများကို ထိန်းချုပ်ခွင့် ပေးထားသည်။ ဆိုလိုသည်မှာ ပိတ်ဆို့ အရေးယူခံထားရသူများနှင့် အဖွဲ့အစည်းများအနေဖြင့် အဆိုပါ ပိုင်ဆိုင်မှုနှင့် အကျိုးစီးပွားများကို ရရှိနိုင်တော့မည် မဟုတ်ပါ။ ဘဏ်မှ ရန်ပုံငွေများ အပါအဝင် ပိတ်ဆို့ခံထားရသော ပိုင်ဆိုင်မှုများသည် အမေရိကန်ပြည်ထောင်စု၏ နိုင်ငံခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံးမှ ခွင့်ပြုချက် မရမီအထိ တားမြစ်ထားသည်။
ပို့ကုန်ထိန်းချုပ်မှုအသစ်များ အနေဖြင့် အမေရိကန်အစိုးရ၏ ကုန်သွယ်ရေး အမည်ပျက်စာရင်း Entity List (သို့မဟုတ်) ငြင်းပယ်ခံများစာရင်းတွင် မြန်မာနိုင်ငံသား များနှင့် အဖွဲ့အစည်းများ ထပ်ပေါင်းထည့်လိမ့်မည် ဖြစ်သည်။ အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဌာန၏ စက်မှုနှင့် လုံခြုံရေး ဗျူရိုက အဆိုပါ ပို့ကုန်ထိန်းချုပ်မှုများကို စီမံခန့်ခွဲသည်။
အခြေခံအားဖြင့် ဆိုလျှင် ပစ်မှတ်ထားခံရသော ပုဂ္ဂိုလ်များ သို့မဟုတ် အဖွဲ့အစည်းများသည် အမေရိကန်၏ ပါဝင်မှု သိသာ ထင်ရှားစွာ ရှိနေသော အမေရိကန်လုပ် မဟုတ်သည့် အရာများ အပါအဝင် အမေရိကန်ပြည်ထောင်စု၏ ကုန်ပစ္စည်းများ၊ ဆော့ဖ်ဝဲနှင့် နည်းပညာတို့ ဖြတ်တောက်ခံရမည်ဟု Alexander Dmitrenko က ပြောသည်။ ဆက်သွယ်ရေး၊ လေကြောင်းပညာနှင့် တပိုင်းလျှပ်ကူး ပစ္စည်းများ အပါအဝင် စက်မှုလုပ်ငန်း အမျိုးမျိုးတွင် ထောက်ပံ့ပစ္စည်းများ ဝယ်ယူရရှိ နိုင်စွမ်းကိုလည်း ထိရောက်စွာ တားဆီးနိုင်သည်။
မည်သည့် အဖွဲ့အစည်းများက တပ်မတော်နှင့် အဆက်အသွယ် ရှိသနည်း။ ၎င်းတို့က မြန်မာ့စီးပွားရေးအတွက် အဘယ်ကြောင့် အရေးကြီးသနည်း။
အာဏာသိမ်းပြီး နောက်ပိုင်း ရက်များအတွင်း တပ်မတော်နှင့် အဆက်အသွယ်ရှိသည့် စီးပွားရေး မိတ်ဖက်ပြုမှုများကို အဆုံးသတ်တော့မည် ဖြစ်ကြောင်း အဓိက ရင်းနှီးမြှုပ်နှံသူ ၂ ဦး က ပြောကြားခဲ့ကြသည်။
မြန်မာ့တပ်မတော်က လုပ်ငန်းစု ၂ ခု ဖြစ်သော မြန်မာ့ စီးပွားရေး ဦးပိုင်လီမီတက် (MEHL) နှင့် မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း (MEC) မှ တဆင့် စီးပွားရေး အစိတ်အပိုင်း အများအပြားတွင် တက်ကြွစွာ ပါဝင်နေသည်။
အာဏာသိမ်းပြီး နောက်ပိုင်း ရက်များအတွင်း တပ်မတော်နှင့် အဆက်အသွယ်ရှိသည့် စီးပွားရေး မိတ်ဖက်ပြုမှုများကို အဆုံးသတ်တော့မည် ဖြစ်ကြောင်း အဓိက ရင်းနှီးမြှုပ်နှံသူ ၂ ဦး က ပြောကြားခဲ့ကြသည်။
ဂျပန်နိုင်ငံမှ Kirin Holdings က ပြည်တွင်း ထိပ်တန်း အမှတ်တံဆိပ် တခုဖြစ်သည့် မြန်မာဘီယာကို MEHL နှင့် ဖက်စပ် ထုတ်လုပ်နေသည်။ စင်ကာပူ စီးပွားရေး လုပ်ငန်းရှင် Lim Kaling က နိုင်ငံ၏ ထိပ်တန်း စီးကရက်ထုတ်လုပ်သူ ဖြစ်ပြီး တပ်မတော်နှင့် ဆက်နွယ်နေသည့် Virginia Tobacco ကုမ္ပဏီ၏ ဖက်စပ်လုပ်ငန်းတခုကို တစိတ်တပိုင်း ပိုင်ဆိုင်ထားသည်။
ထိုအတောအတွင်း တွင် နိုင်ငံအနှံ့မှ ဆန္ဒပြသူများက မြန်မာဘီယာနှင့် မြန်မာနှင့် ဗီယက်နမ်စစ်တပ်ပိုင် ကုမ္ပဏီများ၏ ဆက်သွယ်ရေး လုပ်ငန်း Mytel အပါအဝင် တပ်မတော်နှင့် ဆက်စပ်သည့် ထုတ်ကုန်များကို သပိတ်မှောက်ရန် အွန်လိုင်း လှုပ်ရှားမှု တခုတွင် ပူးပေါင်းခဲ့ကြသည်။ စူပါမားကတ်လုပ်ငန်း တခုဖြစ်သော CityMart ၏ အချို့သော ဆိုင်ခွဲများက မြန်မာ့ဘီယာကို အရောင်းစာရင်းမှ ဖယ်ရှားခဲ့သည်။
သို့သော်လည်း တပ်မတော်နှင့် ဆက်နွယ်နေသော ကုမ္ပဏီများနှင့် ဆက်ဆံရေး ဖြတ်တောက်ရန် ဖိအားပေးခြင်းက အသစ်အဆန်း မဟုတ်ပါ။ ၂၀၁၉ ခုနှစ်တွင် ကုလသမဂ္ဂ၏ အချက်အလက်ရှာဖွေရေး အဖွဲ့က တပ်မတော်၏ စီးပွားရေး အဆက် အသွယ်များ အကြောင်းကို အစီရင်ခံ စာတစောင် ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွင် လှုပ်ဆော်မှု တခု ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ အစီရင်ခံစာတွင် တပ်မတော်ပိုင် လုပ်ငန်းစု ၂ ခု၏ သဘောသဘာဝကို မှတ်တမ်းပြုစုခဲ့ပြီး တပ်မတော်၏ စီးပွားရေးကွန်ယက်တွင် ပါဝင်သည့် နိုင်ငံခြားကုမ္ပဏီ ၆၀ ခန့်ကို ဖော်ထုတ်ခဲ့သည်။ အစီရင်ခံစာ ထွက်ပေါ် အပြီးတွင် Esprit နှင့် Western Union ကဲ့သို့သော နိုင်ငံစုံကုမ္ပဏီများက တပ်မတော်နှင့် ဆက်နွယ်နေသော အဖွဲ့ အစည်းများနှင့် အဆက်အသွယ် ဖြတ်တောက်ခဲ့သည်။
၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့် ဖြေလျှော့မှုများ စတင်ခဲ့သည့် အချိန်မှစ၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဘဏ်လုပ်ငန်း၊ ဘိလပ်မြေနှင့် ဆက်သွယ်ရေး စသည့် စီးပွားရေး၏ လုပ်ငန်းကဏ္ဍ အများစုတွင် တပ်မတော်ပိုင် ကုမ္ပဏီများကို ရှောင်ရှားနိုင်ခဲ့ကြောင်း မြန်မာ့ စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) နှင့် အတိုင်ပင်ခံ လုပ်ငန်းတခု ဖြစ်သည့် Yever ကို့က ထုတ်ဝေသည့် ပွင့်သစ်စ ၂၀၂၀ ခုနှစ် အစီရင်ခံစာ အရ သိရသည်။
စီးပွားရေးပိတ်ဆို့မှုက နိုင်ငံခြားနှင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းများ အတွက် မည်သည့် အန္တရာယ်ရှိသနည်း။
ဘဏ္ဍာရေး လုပ်ငန်းကဏ္ဍနှင့် ပတ်သက်၍ နောက်ထပ် ထည့်သွင်း စဉ်းစားရမည်မှာ အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံမှု အခိုင်အမာရှိသော ကုမ္ပဏီများ ဖြစ်သည်။ သူတို့အနေဖြင့် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေး ပိတ်ဆို့မှုများကို တင်းကြပ်စွာ လိုက်နာရန် လိုအပ်သည်။
“အမေရိကန် မဟုတ်တဲ့ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေအတွက် မြန်မာနိုင်ငံအတွင်းမှာ သို့မဟုတ် မြန်မာနိုင်ငံနဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့ ဖြစ်နိုင်ခြေ ရှိသေးပေမယ့် အရေးယူ ပိတ်ဆို့မှုတွေကို မတော်တဆ ချိုးဖောက်မိခြင်းကို ရှောင်ရှားနိုင်ဖို့ ဂရုတစိုက် အကဲဖြတ်ရပါမယ်။ အဲဒါက အရေးယူ ပိတ်ဆို့မှုတွေကို ချိုးဖောက်ပြီး ဆက်လက် လုပ်ဆောင်ခြင်းကြောင့် ရနိုင်တဲ့ အကျိုးအမြတ် မှန်သမျှထက် ပိုများတဲ့ မလိုလားအပ်သော နောက်ဆက်တွဲတွေကို ဖြစ်လာစေနိုင်ပါတယ်” ဟု Alexander Dmitrenko က Nikkei Asia သို့ ပြောသည်။ အခြားဥပဒေရေးရာ ကျွမ်းကျင်သူများက လည်း ထိုအမြင်ကို ပဲ့တင်ထပ်ခဲ့ကြသည်။
ဘဏ္ဍာရေး လုပ်ငန်းကဏ္ဍနှင့် ပတ်သက်၍ နောက်ထပ် ထည့်သွင်း စဉ်းစားရမည်မှာ အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံမှု အခိုင်အမာရှိသော ကုမ္ပဏီများ ဖြစ်သည်။ သူတို့အနေဖြင့် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေး ပိတ်ဆို့မှုများကို တင်းကြပ်စွာ လိုက်နာရန် လိုအပ်သည်။
“ဒါကြောင့် ငွေပေးချေမှု၊ ငွေကြေးထောက်ပံ့မှုနဲ့ မြန်မာနိုင်ငံ နဲ့ သက်ဆိုင်သော အခြား ငွေလွှဲပြောင်းမှုတွေ အပေါ် သက်ရောက်နိုင်ပါတယ်”ဟု Alexander Dmitrenko က မှတ်ချက်ပြုသည်။
အချို့ ကျွမ်းကျင်သူများကလည်း အမေရိကန်နှင့် အခြားသော နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများက မြန်မာနိုင်ငံကို တရုတ်နိုင်ငံသို့ နောက်ဖေးတံခါး ဖွင့်ပေးပြီး ဘေဂျင်း၏ စက်ကွင်းအတွင်းသို့ ထပ်မံ၍ တွန်းပို့သလို ဖြစ်သွားနိုင်သည်ဟု စောဒက တက်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ထုတ်လုပ်သော ကျောက်မျက်အများစုအား တရုတ်သို့ တင်ပို့သည်ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိထားကြသည်။
မြန်မာနိုင်ငံမှ တပ်မတော်ပိုင် မဟုတ်သည့် ကုမ္ပဏီများ မည်သည့် အန္တရာယ် ရင်ဆိုင် ရမည်နည်း။
စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ရေပန်းစားသည့် ဆန့်ကျင်မှုက တပ်မတော်ပိုင် ကုမ္ပဏီများသို့ ရည်ရွယ်သည်။ သို့သော်လည်း သိန်းနှင့်ချီသော ဆန္ဒပြသူများကြားမှ စိတ်ခံစားမှု မြင့်တက်လာသည်နှင့်အမျှ စစ်အစိုးရကို အလျင်အမြန် လက်ခံရန် ကြိုးစားနေသော စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် လူထုနှင့် လူထု အခြေပြု အဖွဲ့အစည်းများက ထောက်ခံသည့် သပိတ်မှောက်မှု လှုပ်ရှားမှုများနှင့် ရင်ဆိုင်ကြရနိုင်ပါသည်။
စားသောက်ဆိုင်များ၊ ဟိုတယ်များနှင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်သူများ ကဲ့သို့သော စားသုံးသူများနှင့် မျက်နှာချင်း ဆိုင်ရသော စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်သည့် ကော်ပိုရေးရှင်းအုပ်စုကြီးများ အနေဖြင့် အဆိုပါ ဖိအားများကို ပိုမိုလွယ်ကူစွာ ခံရနိုင်ပါသည်။
Justice for Myanmar ကဲ့သို့သော မြန်မာနိုင်ငံမှ တက်ကြွလှုပ်ရှားသူအချို့ကမူ အာဏာသိမ်းအစိုးရကို “စောစောစီးစီး လက်ခံခဲ့သူများ” ဖြစ်ပုံရသည့် သို့မဟုတ် သူတို့၏ ဝန်ထမ်းများအား လူထု အာဏာဖီဆန်မှု လှုပ်ရှားမှုတွင် ပါဝင်ခြင်း မပြုရန် ဖိအား ပေးနေသော စီးပွားရေး လုပ်ငန်းများကို ပြစ်တင် ရှုတ်ချခဲ့သည်။
ယခင်စစ်အစိုးရ လက်ထက်တွင် တပ်မတော်၏ အရိပ်ကို မှီခိုသည်ဟု ယူဆရသော ထင်ရှားသည့် စီးပွားရေးသမားများကို အနောက်နိုင်ငံများသို့ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်မှုတွင် တိုးချဲ့ ထည့်သွင်းခဲ့သည်။ အဆိုပါကန့်သတ်မှုက သူတို့၏ နိုင်ငံတကာနှင့် စီးပွားရေး မိတ်ဖက်ပြုနိုင်စွမ်း အပေါ်တွင် သက်ရောက်မှုရှိခဲ့သည်။ ထိုလုပ်ရပ်က ပြန်လည် ရှင်သန်လာနိုင်သည့် စာရင်းများထဲတွင် လက်ရှိ စစ်ကောင်စီ၏ စောင်မမှုကို ရယူရန် ဆန္ဒရှိသူများ ပါဝင်လာနိုင်ပါသည်။
ကိုးကား။ ။ Nikkei Asia မှ US sanctions on Myanmar: 5 things to know
You may also like these stories:
မြန်မာ့အထည်ချုပ်ရှေ့ရေး တိမ်မည်းများလွှမ်းလာ
အာဏာသိမ်းအပြီး ဆန်ရှင်ဝင်မှာ ပြည်ပကုမ္ပဏီများ စိုးရိမ်ပူပန်နေ
အာဏာသိမ်းအပြီး တောင်ကိုရီးယားကုမ္ပဏီများ စိတ်မသက်သာဖြစ်