ကိုဗစ်ကာလအတွင်းမှာပင် ပို့ကုန်သွင်းကုန် လုပ်ငန်းများမှာ လည်ပတ်လုပ်ကိုင်နိုင်ခဲ့သော်လည်း ယခု စစ်အာဏာသိမ်းမှု ဖြစ်စဉ် နောက်ပိုင်းတွင် ကုန်သွယ်မှုလုပ်ငန်းများအပါအဝင် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများမှာ ရပ်ဆိုင်းလု နီးပါး အခြေအနေသို့ ရောက်ရှိနေကြသည်။
စီးပွားရေးကဏ္ဍတွင် အရေးပါလှသည့် ငွေကြေး လည်ပတ်စီးဆင်းစေသည့် ဘဏ်လုပ်ငန်းများ ရပ်ဆိုင်းထားလိုက်ရခြင်းကြောင့် ရိုက်ခတ်မှု ကြီးစေခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတဝန်းတွင် အစိုးရဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်းများ အပါအဝင် အလွှာအသီးသီးက ပြည်သူများက လူမှုရေး၊ စီးပွားရေး လုပ်ငန်းများကို ပစ်ချခဲ့ပြီး အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်လှုပ်ရှားနေကြရသည်။
တပ်မတော် အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပြည်တွင်း ပုဂ္ဂလိက ဝန်ထမ်းများပါဝင်မှုသည် သီတင်းပတ်၂ ပတ်ကြာသည်အထိ အရှိန်ကောင်းနေဆဲ ဖြစ်သည်။ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများလည်း CDM တွင် ပါဝင်လာကြသလို မြန်မာ့စီးပွားရေးဘဏ်နှင့် စစ်တပ်ပိုင် မြဝတီဘဏ်တို့မှ ဝန်ထမ်းတချို့လည်း ရုံးမတက်သည့် လှုပ်ရှားမှုဖြင့် ဆန္ဒပြလျက်ရှိကြသည်။
ဝန်ထမ်းအများစု CDM လုပ်ဆောင်နေမှုကြောင့် ၎င်းတို့ဘဏ်ခွဲအားလုံး မဖွင့်လှစ်နိုင်ခြင်း၊ အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် စစ်တပ်ပိုင်သည့် ဘဏ်များတွင် ငွေအပ်နှံမထားလို၍ လူအများအပြားက ငွေပြန်ထုတ်ယူရန် ကြိုးစားလာ ကြခြင်းကြောင့် လက်ရှိတွင် လူဦးရေ အကန့်အသတ်နှင့် လူတဦးကို ငွေကျပ် ၅ သိန်းမှ ၁၀ သိန်း ကြားကိုသာ ထုတ်ပေးနိုင်လျက် ရှိသည်။
ထိုလှုပ်ရှားမှုဒဏ်ကို အာဏာသိမ်း စစ်တပ်လက်အောက်ရှိ မြဝတီဘဏ်နှင့် အင်းဝဘဏ်တို့သည်လည်း အလူးအလဲ ခံစားနေရသည်။
ဝန်ထမ်းအများစု CDM လုပ်ဆောင်နေမှုကြောင့် ၎င်းတို့ဘဏ်ခွဲအားလုံး မဖွင့်လှစ်နိုင်ခြင်း၊ အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် စစ်တပ်ပိုင်သည့် ဘဏ်များတွင် ငွေအပ်နှံမထားလို၍ လူအများအပြားက ငွေပြန်ထုတ်ယူရန် ကြိုးစားလာ ကြခြင်းကြောင့် လက်ရှိတွင် လူဦးရေ အကန့်အသတ်နှင့် လူတဦးကို ငွေကျပ် ၅ သိန်းမှ ၁၀ သိန်း ကြားကိုသာ ထုတ်ပေးနိုင်လျက် ရှိသည်။
ထိုသို့ မြဝတီဘဏ်တွင် အကန့်အသတ်ဖြင့် ငွေထုတ်ပေးနိုင်မှုကိုလည်း ရက်ပိုင်းအတွင်းသာ လုပ်ဆောင်ပေးနိုင်ခဲ့ပြီး ငွေလက်ကျန်နည်းပါ လာသည့်အတွက် ဖေဖော်ဝါရီလ၂၄ ရက် စတင်ပြီး ငွေထုတ်ခြင်းကို ရပ်ဆိုင်းထားလိုက်ရသည်။ မတ်လတွင် ပြန်လည် ငွေထုတ်ပေးမည်ဆိုသော်လည်း ရက်အတိအကျကိုမူ ဘဏ်ဘက်က တရားဝင် မပြောနိုင်သေးပေ။
ထို့အတူ ပြည်တွင်း ပုဂ္ဂလိကဘဏ်များကလည်း ဘဏ်ပိတ်ထားခြင်းကြောင့် ကုန်သွယ်ရေး လုပ်ငန်းအများစုလည်း ငွေပေးချေမှု မလုပ်နိုင်၍ ရပ်ဆိုင်းနေသလို၊ လကုန်ရက်ရောက်လာသည့်အတွက် ပုဂ္ဂလိက ကုမ္ပဏီများ၏ ဝန်ထမ်းလစာ ပေးချေမှုအတွက်ကိုပါ အကျပ်အတည်း ဖြစ်လာနေပြီ ဖြစ်သည်။
မီဒီယာကုမ္ပဏီတခု၏ ဒါရိုက်တာ တဦးက “ကုမ္ပဏီတွေဆိုတော့ ငွေတွေက လက်ထဲမှ သိပ်မရှိဘူးလေ။ ဘဏ်အကောင့် ထဲမှာပဲ ရှိကြတာ။ ဒီကာလမှာ ငွေကလည်း ဘယ်လိုမှ ထုတ်လို့မရတော့ လက်ထဲမှာ ငွေက လုံးဝကို မရှိတော့ဘူး။ ဘဏ်တွေ ဘက်ကိုလည်း ဘယ်လိုမှ ဆက်သွယ်လို့ မရတော့ ဝန်ထမ်းတွေ လစာပေးဖို့ ဘယ်လို လုပ်ရမလဲကို မသိတော့ဘူး ” ဟု ပြောဆိုသည်။
ငွေအလုံအလောက် လက်ထဲတွင် မရှိ၍ မိုဘိုင်းလ်ပိုက်ဆံ ဝန်ဆောင်မှု လုပ်ငန်းများလည်း အခက်အခဲဖြစ်နေပြီး အေးဂျင့်များက ငွေလွှဲခြင်း၊ ငွေသွင်းခြင်းကိုသာ လက်ခံဆောင်ရွက်ပေးနိုင်တော့ပြီး အများစုမှာ ငွေပြန်လည် ထုတ်ပေးမှုကို ရပ်နားထားကြသည်။
အွန်လိုင်းဘဏ်ဝန်ဆောင်မှုများမှ ဝန်ထမ်းများ လစာပေးနိုင်သည့်တိုင် ATM စက်များ၌ ငွေအလုံအလောက် မရှိခြင်းကြောင့် ငွေထုတ်ရန် အခက်အခဲများ ရှိနေကြောင်း သူက ဆိုသည်။ ပြည်တွင်း ပုဂ္ဂလိကဘဏ် တချို့က ၎င်းတို့၏ ATM နှင့် မိုဘိုင်းလ် Banking ဝန်ဆောင်မှုများကို လုပ်ဆောင်နိုင်သေးသော်လည်း ထိုဝန်ဆောင်မှုများသည် အကန့်အသတ်ဖြင့်သာ ရှိနေသည်။
ငွေအလုံအလောက် လက်ထဲတွင် မရှိ၍ မိုဘိုင်းလ်ပိုက်ဆံ ဝန်ဆောင်မှု လုပ်ငန်းများလည်း အခက်အခဲဖြစ်နေပြီး အေးဂျင့်များက ငွေလွှဲခြင်း၊ ငွေသွင်းခြင်းကိုသာ လက်ခံဆောင်ရွက်ပေးနိုင်တော့ပြီး အများစုမှာ ငွေပြန်လည် ထုတ်ပေးမှုကို ရပ်နားထားကြသည်။
ရန်ကုန်မြို့လည်ရှိ Wave Money ငွေလွှဲဝန်ဆောင်မှုပေးနေသူများအား ဧရာဝတီက မေးမြန်းရာ လာလွှဲသူများ ရှိခဲ့လျှင်ပင် လက်ခံမည့်ဘက်က ထုတ်ပေးရန် ငွေမရှိသောကြောင့် ဝန်ဆောင်မှု အခက်အခဲကြုံနေရပြီး အရင်လို အဆင်မပြေကြောင်း ပြောကြသည်။
လက်ရှိအချိန်တွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းအားလုံးသည် ရပ်ဆိုင်းလုနီးပါး ဖြစ်နေပြီး လက်လီကုန်သွယ်ရေး အနည်းငယ်သာ ရှိနေကြောင်း သိရသည်။
“အခုက ဘဏ်တွေပိတ်တော့ ကုန်သွယ်ရေးက ဘာမှကို လုပ်လို့ မရဘူး။ ဘဏ်ပိတ်တော့ ဟွန်ဒီတွေနဲ့ပဲ သွားနေရတယ်။ အဲဒါကလည်း ၃၀ ရာခိုင်နှုန်းလောက်ပဲ အဆင်ပြေတာပါ ၇၀ ရာခိုင်နှုန်းက ဘာမှလုပ်မရဘူး” ဟု မန္တလေးအခြေစိုက် သကြား ကုန်သည်တဦးဖြစ်သည့် ဦးဝင်းဌေးက ဧရာဝတီသို့ ပြောသည်။
ငွေကြေးအကျပ်အတည်း ဖြစ်လာမလား
အာဏာသိမ်းခြင်း၏ နောက်ဆက်တွဲဖြစ်စဉ်များမှာ နိုင်ငံ၏ ဘဏ္ဍာရေးအဖွဲ့အစည်းအားလုံး ရပ်ဆိုင်းထားခြင်း ကြောင့် ငွေသားစီးဆင်းမှု တုံ့ဆိုင်းသွားခြင်း၊ စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းသွားခြင်း၊ အများပြည်သူများ၏ ဝယ်ယူသုံးစွဲနိုင်အား ကျဆင်းနှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု အခြေအနေများ အပြောင်းအလဲ ဖြစ်လာကာ တိုင်းပြည် စီးပွားရေး ပုံစံတခုလုံးကို စတင် ရိုက်ခတ်လာနေပြီ ဖြစ်သည်။
စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီး ရက်ပိုင်းအတွင်းမှာပင် မြန်မာကျပ်ငွေတန်ဖိုးသည် ဆက်တိုက် ကျဆင်းလာပြီး အမေရိကန် ၁ ဒေါ်လာကို ကျပ် ၁၀၀ ကျော်အထိ မြင့်တက်လာကာ ၁ ဒေါ်လာလျှင် ကျပ် ၁၄၅၀ ကျော်အထိ ရှိလာခဲ့သည်။
မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းလာခြင်း၊ ကုန်သွယ်မှု လိုငွေမြင့်တက်လာသော အခြေအနေရှိခြင်းနှင့် တာဝန်ယူမှု တာဝန်ခံမှုရှိသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ (နိုင်ငံခြားငွေရှာပေးနိုင်သော ရင်းနှီးမြှုပ်နှံမှု) ဝင်ရောက်မှု မသေချာတော့သည့် အတွက် ရေရှည်၌ မြန်မာ့ငွေကြေးဈေးကွက်တွင် အကျပ်အတည်း ရင်ဆိုင်ရလာနိုင်သည်။
ထိုအခြေအနေသည် နိုင်ငံခြားငွေ တရားဝင် အရောင်းအဝယ် ဈေးကွက် ဖြစ်သည့် ပြည်တွင်းပုဂ္ဂလိဘဏ်များ ပိတ်ထားသည့်တိုင်အောင် မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းနေပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ သန်းကျော်ကို ဖေဖော်ဝါရီ ၃ ရက်က ထုတ်ရောင်းပေးခဲ့ရသည်။ ပြင်ပဈေးကွက်၌လည်း ဒေါ်လာဝယ်လိုအားသာ ရှိပြီး ရောင်းလိုအား နည်းနေလျက် ရှိသည်။
မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းလာခြင်း၊ ကုန်သွယ်မှု လိုငွေမြင့်တက်လာသော အခြေအနေရှိခြင်းနှင့် တာဝန်ယူမှု တာဝန်ခံမှုရှိသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ (နိုင်ငံခြားငွေရှာပေးနိုင်သော ရင်းနှီးမြှုပ်နှံမှု) ဝင်ရောက်မှု မသေချာတော့သည့် အတွက် ရေရှည်၌ မြန်မာ့ငွေကြေးဈေးကွက်တွင် အကျပ်အတည်း ရင်ဆိုင်ရလာနိုင်သည်။
စီးပွားရေး မူဝါဒရေးရာ ပညာရှင်တဦးက “Current Account Crisis နဲ့ Capital Account Crisis ဖြစ်လာမယ်ဆိုရင် တနည်းအားဖြင့် ပြောရင် Currency Crisis ဖြစ်လာနိုင်တယ်။ အရင်ကလို ဗဟိုဘဏ်က ဒေါ်လာကို ထွက်ဝယ်နေရတဲ့ အနေအထားကနေ အာဏာသိမ်းပြီးတဲ့ ရက်ပိုင်းအတွင်းမှာ ပြန်ထွက်ရောင်းရတဲ့ အနေအထား ဖြစ်လာတာလေ။ တနည်း ပြောရရင် အမေရိကန်ဒေါ်လာအပေါ်မှာ ရုတ်ချည်း ဝယ်လိုအား မြင့်တက်လာတယ်” ဟု ပြောသည်။
စီးပွားရေး လုပ်ငန်းများသည် ပုံမှန် လည်ပတ်နိုင်မှု မရှိ၍ ထုတ်လုပ်မှု ကျဆင်းလာပြီး ပို့ကုန်တိုးတက်မည့် အခြေအနေ မရှိသေးဘဲ ကုန်သွယ်မှုလိုငွေ ကြီးမားလာနိုင်ခြေ ရှိသည်နှင့်အမျှ နိုင်ငံခြား အရန်ငွေပမာဏသည် လျော့သည်ထက် လျော့ကျ လာနိုင်သည့် အခြေအနေတွင် ရှိနေသည်။
သူက ဆက်လက်၍ “အဲဒီ အခြေအနေတွေအပေါ် မူတည်ပြီး မြန်မာကျပ်ငွေတန်ဖိုးက နိုင်ငံခြားအရံငွေ ပမာဏအပေါ် မူတည်ပြီး ပြောင်းလဲသွားနိုင်တယ်။ ငွေတိုက်စာချုပ်တွေ ထုတ်ရောင်းတဲ့အခါမှာ ဝယ်လိုအားအပေါ်လည်း မူတည်တယ်။ မြန်မာကျပ် ငွေတန်ဖိုး လျော့သွားက သာမန် အခြေအနေမှာဆိုရင် ပို့ကုန်သမားတွေအတွက် ပိုကောင်းတာပေါ့။ ဒါပေမယ့် အခု ပို့ကုန်ဈေးကွက် အခြေအနေက မသေချာတဲ့အခါမှာ ပို့ကုန်တက်လာမလား ဆိုတဲ့ မေးခွန်းက မသေချာ မရေရာဘူး” ဟု ပြောဆိုသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အစိုးရလက်ထက်က ကိုဗစ်ကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးကို ပြန်လည်ကုစားရန် ရည်ရွယ်လုပ်ဆောင်ခဲ့သော အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် အထိရှိသည့် အကြီးစား နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုစီမံကိန်းများသည်လည်း စစ်တပ်က အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာပင်တွင် ရပ်ဆိုင်းနေပြီဖြစ်သည်။
အာဏာသိမ်းမှုကြောင့် ရင်းနှီးမြှုပ်နှံနေဆဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပင် ရပ်ဆိုင်းနေခြင်းအပြင် လတ်တလော နိုင်ငံရေး အခြေအနေများကြောင့် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုများ လုပ်လာမည့် အခြေအနေများက နိုင်ငံခြားငွေ အလုံးအရင်း စီးဝင်လာနိုင်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန်မသေချာပေ။
ထိုင်း- မြန်မာ ဖက်စပ်လုပ်ငန်း AMATA Smart and Eco City စီမံကိန်း၊ ကိုရီးယား-မြန်မာ စက်မှုဇုန် (KMIC) စီမံကိန်းနှင့် မြန်မာ-စင်္ကာပူ (လှည်းကူး) စက်မှုဇုန် စီမံကိန်းတို့ ဖြစ်သည်။
အာဏာသိမ်းမှုကြောင့် ရင်းနှီးမြှုပ်နှံနေဆဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပင် ရပ်ဆိုင်းနေခြင်းအပြင် လတ်တလော နိုင်ငံရေး အခြေအနေများကြောင့် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုများ လုပ်လာမည့် အခြေအနေများက နိုင်ငံခြားငွေ အလုံးအရင်း စီးဝင်လာနိုင်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန်မသေချာပေ။
လက်ရှိအချိန်တွင်၂၀၂၀-၂၁ ဘဏ္ဍာနှစ် (၂၀၂၀ အောက်တိုဘာ ၁ မှ ၂၀၂၁ စက်တင်ဘာ ၃၁) ၏ ဇန်နဝါရီလအထိ (အာဏာမသိမ်းမီ) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အမေရိကန် ဒေါ်လာသန်း ၆၇၀ ကျော် ဝင်ရောက်ထားပြီးဖြစ်သော်လည်း ထိုဘဏ္ဍာနှစ်၏ ကျန်ရှိသည့် ၇ လအတွင်း၌ မျှော်မှန်းထားသည့် အမေရိကန်ဒေါ်လာ ၆ ဘီလီယံ ပြည့်မီရန်လည်း ခက်ခဲလိမ့်မည်ဟု ယူဆရသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ မဝင်ရောက်ပါက နိုင်ငံခြားငွေရရှိမှုပင် ဆုံးရှုံးမည် မဟုတ်ဘဲ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်မှုများကိုပါ ဆုံးရှုံးရမည် ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ဈေးသက်သာသည့် လုပ်သားများ၊ ဥရောပသမဂ္ဂ(EU) ၏ အထူးအခွန်သက်သာခွင့် GSP နှင့် ပွင့်လင်းပြီး တည်ငြိမ်သော နိုင်ငံရေး အခြေအနေများကြောင့် ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အလုံးအရင်းဖြင့် ဝင်ရောက်လာသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို နိုင်ငံရေး မတည်ငြိမ်ခြင်း၊ လျှပ်စစ်မီးနှင့် အခြေခံ အဆောက်အအုံများ မပြည်စုံခြင်းနှင့် ယခင် စီးပွားရေးမူဝါဒများအတိုင်း ဆက်လက် ဆောင်ရွက်မည်ဆိုသော အာဏာသိမ်းစစ်ကောင်စီ၏ ကတိစကားများသာ ရှိသည့် မြန်မာနိုင်ငံကို တာဝန်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများက ဝင်ရောက်ရန် စဉ်းစားကြမည် မဟုတ်ကြောင်း စီးပွားရေးသမားများနှင့် စီးပွားရေး ပညာရှင်များက ပြောသည်။
စီးပွားရေး ပညာရှင် ဦးဇော်ဖေဝင်းက “အခုက တတိုင်းပြည်လုံးလည်း ဆန့်ကျင်ဆန္ဒပြမှုတွေ ရှိတယ်၊ နောက်ပြီး အခု တပ်မတော် အစိုးရအပေါ်မှာ နိုင်ငံခြားစီးပွားရေး ပိတ်ဆို့မှုတွေ လုပ်လာမှာ ဖြစ်တဲ့အတွက်ကြောင့် အဆိုပြုထား၊ ခွင့်ပြုထားပြီးသား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေတောင် မဝင်လာနိုင်တော့ဘူး” ဟု ပြောသည်။
ဧရာဝတီ၏ သတင်းရင်းမြစ်များ အဆိုအရ ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရသက်တမ်းတလျှောက် ငွေကြေးရိုက်နှိပ်မှု မှန်သမျှမှာ ပြည်တွင်းတွင် မဟုတ်ဘဲ ပြည်ပတွင်သာ ဖြစ်သဖြင့် ပြည်တွင်းတွင် ငွေကြေးရိုက်နှိပ်ရန် ကုန်ကြမ်းပစ္စည်းမှာ လတ်တလော မဖြစ်နိုင်ဟု သိရသည်။
ဦးဇော်ဖေဝင်းသည် ပြီးခဲ့သည့် ပြည်ထောင်စုလွှတ်တော်၏ စီးပွားရေးအကြံပေး ပုဂ္ဂိုလ် တဦးလည်း ဖြစ်သည်။
တပ်မတော်အနေဖြင့် ပြည်တွင်းငွေ လိုအပ်ချက်ကို ငွေစက္ကူအသစ် ရိုက်ထုတ်ကာ ဖြေရှင်းနိုင်သော်လည်း နိုင်ငံခြား အရံငွေ လိုအပ်မှုကိုမူ ၎င်းတို့အနေဖြင့် ဖြေရှင်းရန် အခက်အခဲ ကြုံတွေ့နိုင်မည်ဖြစ်ကြောင်း၊ ထိုအခက်အခဲကို တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည်ပင် ထူးထူးခြားခြား ကူညီနိုင်မည် မဟုတ်ကြောင်းလည်း ၎င်းက မှတ်ချက်ပြုသည်။
ဧရာဝတီ၏ သတင်းရင်းမြစ်များ အဆိုအရ ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရသက်တမ်းတလျှောက် ငွေကြေးရိုက်နှိပ်မှု မှန်သမျှမှာ ပြည်တွင်းတွင် မဟုတ်ဘဲ ပြည်ပတွင်သာ ဖြစ်သဖြင့် ပြည်တွင်းတွင် ငွေကြေးရိုက်နှိပ်ရန် ကုန်ကြမ်းပစ္စည်းမှာ လတ်တလော မဖြစ်နိုင်ဟု သိရသည်။
နိုင်ငံတော်၏ ရသုံးမှန်းခြေစာရင်းမှာ ဟန်ချက်ညီအောင် ထိန်းထားနိုင်ခဲ့သောကြောင့် ငွေကြေးတန်ဖိုးမှာ အလှုပ်အရမ်း ကြီးမားစွာ မဖြစ်ခဲ့ချေ။ NLD အစိုးရလက်ထက် ကုန်သွယ်မှု လိုငွေသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံခန့်သာရှိပြီး နိုင်ငံခြား အရံငွေ ပမာဏသည်လည်း အစိုးရဘဏ်များနှင့် ပြည်တွင်းပုဂ္ဂလိကဘဏ်များ အားလုံးပေါင်းလျှင် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံခန့် အထိ ရှိမည်ဟု ခန့်မှန်းရသည်။
စီးပွားရေးပညာရှင်များက ထောက်ပြသည်မှာ ထိုင်းနိုင်ငံတွင် အာဏာသိမ်းမှုများ ဖြစ်သော်လည်း ဗဟိုဘဏ်၏ လွတ်လပ်စွာ ရပ်တည်နိုင်ကြောင်း၊ ယခု မြန်မာ စစ်အာဏာသိမ်းကောင်စီကမူ ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ ဦးဘိုဘိုငယ်ကို ဖမ်းဆီးထိန်းသိမ်းခြင်းအပါအဝင် ဘဏ်၏ လွတ်လပ်စွာ ဆောင်ရွက်နိုင်စွမ်းကို ထိန်းချုပ်လိုက်ခြင်းကြောင့် နိုင်ငံ၏ ငွေကြေးပေါ်လစီမှာ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု ပျောက်ဆုံးသွားမှာ စိုးရိမ်ကြောင်း ပြောကြသည်။
တချိန်တည်းတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းများအား ငွေကြေးထောက်ပံ့မှု မပြုလုပ်တော့ဘဲ ရပ်ဆိုင်းထားကြောင်း ကမာ္ဘ့ဘဏ်က ဖေဖော်ဝါရီ ၂၂ ရက်တွင် သတင်းထွက်ပေါ်လာခဲ့သည်။ ကမာ္ဘ့ဘဏ်၏ ဖွံ့ဖြိုးရေး စီမံကိန်းများ စာရင်းအရ မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော စီမံကိန်း အနည်းဆုံး၂၄ ခု ရှိပြီး ဒေါ်လာ ဘီလီယံ များစွာ တန်ဖိုးရှိကြောင်း သိရသည်။
ဦးဇော်ဖေဝင်းက “ဒီအခြေအနေအတိုင်း ဆက်သွားရင် ကျပ်ငွေဟာ တန်ဖိုး ပိုပြီးကျလိမ့်မယ်။ ပြည်တွင်းငွေတန်ဖိုး ပိုကျရင် တိုင်းပြည်အတွက် ရေရှည်မှာ မကောင်းနိုင်ဘူး။ နိုင်ငံခြားငွေ ရှားတဲ့ ပြဿနာကလည်း ပိုဆိုးနိုင်လာတဲ့အတွက် လုပ်ငန်း လည်ပတ်ဖို့ ပိုခက်လာမယ်” ဟု ပြောဆိုသည်။
အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်းအထိ ရှိသည့် တရုတ်ချေးငွေများမှလွဲ၍ မြန်မာ့စီးပွားရေးနှင့် နိုင်ငံတိုးတက်ရေး အတွက် အကူအညီပေးနေသော ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၊ ကမာ္ဘ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အတိုးနှုန်း သက်သာသည့် ချေးငွေများလည်း ရရှိနိုင်တော့မည် မဟုတ်ပေ။
ဦးဇော်ဖေဝင်းက “ဒီအခြေအနေအတိုင်း ဆက်သွားရင် ကျပ်ငွေဟာ တန်ဖိုး ပိုပြီးကျလိမ့်မယ်။ ပြည်တွင်းငွေတန်ဖိုး ပိုကျရင် တိုင်းပြည်အတွက် ရေရှည်မှာ မကောင်းနိုင်ဘူး။ နိုင်ငံခြားငွေ ရှားတဲ့ ပြဿနာကလည်း ပိုဆိုးနိုင်လာတဲ့အတွက် လုပ်ငန်း လည်ပတ်ဖို့ ပိုခက်လာမယ်” ဟု ပြောဆိုသည်။
နိုင်ငံခြားအရံငွေ ရှားပါးမှု မြင့်တက်လာပါက နိုင်ငံခြားမှ အဓိက တင်သွင်းနေရသော ပြည်တွင်းလုပ်ငန်းများအတွက် လို အပ်သော ကုန်ကြမ်းပစ္စည်းများ၊ ဆေးဝါးနှင့် လောင်စာဆီများ တင်သွင်းရာတွင် အခက်အခဲများ ဖြစ်လာမည်ဖြစ်သလို ကျပ်ငွေ တန်ဖိုးဆက်တိုက်ကျဆင်းပြီး ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်လာကာ ကုန်စည်နှင့် ဝန်ဆောင်မှု ဈေးနှုန်းများ တက်လာမည် ဖြစ်သည်။
ဘဏ်လုပ်ငန်း အကျပ်အတည်း
အကျဘက်သို့ ပြန်လည် ဦးတည်လာနေသော မြန်မာ့စီးပွားရေးသည် ထိုအခြေအနေများအတိုင်း ဆက်သွားနေမည် ဆိုပါက ငွေကြေး အကျပ်အတည်းအပြင် ဘဏ်လုပ်ငန်းကိုလည်း အကျပ်အတည်းသို့ တွန်းပို့လာနိုင်ကြောင်း ဝေဖန်သုံးသပ်မှုများ ရှိနေသည်။
ပြည်တွင်း စီးပွားရေး လုပ်ငန်းကဏ္ဍအားလုံး၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကမာ္ဘ့ကပ်ရောဂါ ကိုဗစ် ၁၉ ကြောင့် ဝင်ငွေ ရပ် ဆိုင်းသွားခြင်း၊ ဈေးကွက်ရောင်းအား လျော့ကျခြင်းနှင့် လုပ်ငန်းများ ရပ်ဆိုင်းခဲ့ကြရသည်။ လုပ်ငန်းအများစုမှာ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME)၊ ဟိုတယ်ခရီးလုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများနှင့် လက်ခစားလုပ်ငန်း များ (CMP) တို့ ဖြစ်ကြသည်။
ပြည်တွင်း စီးပွားရေး လုပ်ငန်းအများစုသည် ၎င်းတို့၏ အရင်းအနှီးကို ပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံတကာချေးငွေ (နှစ်ဆင့် ခံချေးငွေ) များကို ရယူထားကြရပြီး အများစုမှာ ကိုဗစ်ကြောင့် ဘဏ်ချေးငွေများ ပြန်ပေးဆပ်နိုင်ရန် ရုန်းကန်နေကြရသည်။
အထက်ပါ စီးပွားရေး မူဝါဒရေးရာ ပညာရှင်က “ဘဏ်အပ်ငွေ(Deposit) နဲ့ ချေးငွေ (Loan) ကြားမှာ ရှိရမယ့် အချိုးတွေ ပြောင်းလဲသွားနိုင်တယ်။ နိုင်ငံတခုရဲ့ စီးပွားရေးက Consumption(စားသုံးမှုပမာဏ) အပေါ် အများကြီး မူတည်နေတယ်။ ဝင်ငွေတွေ ရပ်ဆိုင်းသွားမယ်၊ လုပ်ငန်းတွေ ရပ်ဆိုင်းသွားတယ်၊ နှောင့်နှေးသွားမယ်၊ ပို့ကုန်သွင်းကုန်တွေ ထိုးကျကုန်မယ် ဒီလိုဆိုရင် ဘဏ်တွေမှာလည်း အကျပ်အတည်းတွေ ဖြစ်လာနိုင်တယ်။ ဘဏ်အတိုးနှုန်းလျှော့ခြင်း မလျှော့ခြင်းကိုလည်း ကြီးမားသည့် ဝိရောဓိတခု ဖြစ်လာနေတာ တွေ့ရတယ်” ဟု ပြောသည်။
လက်ရှိအချိန်တွင် ကိုဗစ်ရိုက်ခတ်မှုကြောင့် ပြည်တွင်းဘဏ်အချို့၏ အရင်းအတိုး ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိသော ချေးငွေ (NPL- Non Performance Loan) အချိုးသည် ၅ ရာခိုင်နှုန်းအထက်ကို ရောက်နေနှင့်ပြီဖြစ်ကာ စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေးလုပ်ငန်းများ သေချာမလည်ပတ်နိုင်ပါက ထို ချေးငွေအချိုးသည် ယခုထက် ပိုမြင့်တက်လာလျှင် ပုဂ္ဂလိဘဏ် အများစု အကျပ်အတည်းနှင့် ရင်ဆိုင်ရနိုင်ခြေရှိကြောင်း သုံးသပ်ကြသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ စီးပွားရေးကဏ္ဍ လုပ်ဆောင်ရန် ပထမဆုံးခြေလှမ်းအနေဖြင့် မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (UMFCCI) မှ အသင်းပေါင်းစုံ လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။ ထို့ပြင် ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင်များ တွေ့ဆုံကာ ဘဏ်များ ပုံမှန် ပြန်လည်ဖွင့်လှစ်ရန် ပြောဆိုခဲ့သော်လည်း လက်ရှိအချိန်အထိ ပုဂ္ဂလိကဘဏ်များမှာ ပြန်လည် ဖွင့်လှစ်နိုင်ခြင်း မရှိသေးပေ။
စီးပွားရေး ပညာရှင် ဦးဇော်ဖေဝင်းက “ကိုဗစ်မှာက စီးပွားရေး လုပ်ငန်းအကုန်ထိ၊ ရပ်ကြရတာပေါ့။ စစ်အာဏာသိမ်းမှု ကျတော့ စီးပွားရေး လုပ်ငန်းရှင်ကြီးကြီးတွေကတော့ သူတို့အကျိုးစီးပွားအတွက် တက်လာတဲ့ အစိုးရ ကိုယ့်အစိုးရပဲ။ သူတို့က တည့်အောင် ပေါင်းမှာပဲ။ သူတို့ကိုလည်း စစ်အစိုးရတုန်းကလို မတရားသဖြင့် အခွင့်အရေးတွေ ပေးကောင်းပေးလာနိုင်တယ်။ တိုင်းပြည်စီးပွားရေးကတော့ ကောင်းဖို့တော့ သိပ်မမြင်ဘူး” ဟု ပြောဆိုသည်။
You may also like these stories:
ကမ္ဘာ့ဘဏ်က မြန်မာကို ပေးရန်ရှိသည်များ ဆိုင်းငံ့ထား
တိုယိုတာ စက်ရုံသစ်ဖွင့်ရန် အစီအစဉ် ဆိုင်းငံ့
မြန်မာပြည်မှ “ကြီးမားသော ရန်ပုံငွေများ” မရှိဟု စင်ကာပူ ပြော
စစ်အာဏာသိမ်းမှုက စီးပွားရေးလုပ်ငန်းများအတွက် မိုင်းကွင်းတခုဖြစ်လာ
CDM ကြောင့် စက်သုံးဆီ တင်သွင်းမှု ရပ်ဆိုင်းသွား